← Chapters

အခန်း (၄၅၉)

Vol. 32 Ch. 459

အခန်း (၄၅၉)

Vol. 32 Ch. 459

သွေးလွန်ခြင်းဆိုသည်မှာ သွေးများများထွက်ခြင်းဖြစ်၏။ ဤသမားတော်ကြီးများသည့် သွေးစီးဆင်းခြင်းကို မရပ်တန့်နိုင်ခဲ့ချေ။ သူမက သေမှာသေချာလေ၏။

နင်ယွမ်ရှန်းက အက်ကွဲလျက်ရှိနေသည့် အသံကြီးဖြင့် အော်ဟစ်လိုက်သည်။ “မင်းတို့ ငါ့ရဲ့မိန်းမ မိဖုရားကြီးပျံ့ကိုတောင် မကယ်တင်နိုင်ဘူးဆို မင်းတို့သူနဲ့အတူ သေရလိမ့်မယ်”

သမားတော်ကြီးက ဦးတိုက်ကာ ပြောလိုက်၏။ “ကျုပ် အသက်ကြီးပါပြီ။ သေရမှာ မကြောက်ပါဘူး။ အရှင်မင်းမြတ် ကျုပ်ကို သတ်မယ်ဆိုရင်တောင်မှ မိဖုရားကြီးပျံ့ကို ကျုပ် မကယ်တင်နိုင်ပါဘူး”

ဤစကားက မိဖုရားကြီးပျံ့ကို သေဒဏ်ပေးလိုက်သကဲ့သို့ဖြစ်၏။ နင်ယွမ်ရှန်းက ခန္ဓာကိုယ်တစ်ခုလုံး ယိုင်နဲ့သွား၏။ မြေပြင်ပေါ် လဲကျလုမတတ်ပင်။ မတ်မတ်ပင် မရပ်နိုင်တော့ချေ။ မျက်ရည်များက တရဟော စီးကျလာခဲ့၏။ သူ လူသတ်ခြင်းများ အရမ်း များပြားနေပြီလား။ သူ၏အပြစ်က ဤမျှများပြားနေသည်လား။ ထို့ကြောင့် နတ်ဘုရားများက သူ့ကို ဒဏ်ခတ်နေလေသည်လား။

“နတ်ဘုရားတွေ ဘာကြောင့် မိဖုရားကြီးပျံ့ကို ရွေးချယ်ရတာလဲ။ ဘာကြောင့် မိဖုရားကြီးပျံ့ကို ရွေးချယ်ရတာလဲ” နင်ယွမ်ရှန်းက မျှော်လင့်ချက် ကင်းမဲ့သွားသကဲ့သို့ပင်။ လောကကြီးတစ်ခုလုံး အမှောင်ကျသွားသကဲ့သို့ သူက ခံစားနေမိသည်။

ထိုအချိန်မှာပဲ မိန်းမစိုးကြီးလီစွမ်းက ပြောလိုက်၏။ “အရှင်မင်းကြီး... ရှမ့်လန်ကို ခေါ်လိုက်ပါ။ သူ့မှာ အံ့ဩသင့်စရာ ကောင်းတဲ့ ဆေးပညာစွမ်းရည် ရှိတယ်။ သူက ကျန်းချုံးရဲ့ ကုမရတဲ့ အူရောင်ငန်းဖျား ရောဂါကိုတောင် ကုသပေးနိုင်တယ် မဟုတ်လား။”

“ဖြစ်နိုင်တယ်။ သူ ကုသနိုင်လောက်တယ်။ သူ မိဖုရားကြီးပျံ့ကို ကယ်တင်နိုင်မလား မသိဘူး”

.......

နင်ယွမ်ရှန်း၏ စိတ်အာရုံထဲတွင် မိဖုရားကြီးပျံ့ သူ့ကို အသာလှည့်ကြည့်ရှုသည့် ပုံရိပ်သည်သာ ထပ်တလဲလဲ ထင်ဟပ်နေသည်။ သူ၏ နှလုံးသားတစ်ခုလုံးက ကံကြမ္မာ၏ လှည့်ဖျားမှုကို ခံစားလိုက်ရသကဲ့သို့ပင်။ ဟိုးယခင် သူ၏ ပထမမိဖုရားကြီးကလည်း သူ့ကို ထိုကဲ့သို့ လှည့်ကြည့်ရင်း ပြုံးပြဖူး၏။

ဟုတ်ပေ၏။ ထိုသို့ လှည့်ကာ ပြုံးပြခြင်း ဆိုသည်မှာ နှစ်နှစ်ကာကာ မေတ္တာသက်ဝင်ခြင်း အရိပ်သင်္ကေတ ဖြစ်၏။ ချစ်ခင်နှစ်သက်မှု ရှိသော တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်နှစ်သက်မှုရှိသော ယောကျ်ားနှင့် မိန်းမတို့ ကြားတွင် စိတ်ချင်းဆက်သွယ်မှု ရှိနေသကဲ့သို့ပင်။

နောက်ကျောဆီမှ ယောကျ်ား၏ အကြည့်စူးစူးကို ခံစားသည့်အချိန်မျိုးတွင် အမှတ်မထင် မိန်းမက လှည့်ကြည့်ကာ ပြုံးပြခြင်း၊ ထိုကဲ့သို့ တုံ့ပြန်မှုမျိုးလောက် ချစ်မြတ်နိုးဖွယ်ကောင်းသည့်အရာ လောကတွင် မရှိနိုင်လောက်တော့ပေ။

ထို့အပြင် သူ၏ ပထမမိန်းမသည် အိမ်ရှေ့စံမိဖုရားဖြစ်စဉ် အချိန်ကာလတည်းက သူ့ကို နေ့စဉ်နေ့တိုင်း လိုလို ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးခဲ့၏။ ဤအရာက တမင်တကာ မြှောက်ပင့်ကာ ပြုလုပ်ပေးနေခြင်း မဟုတ်ချေ။ ခင်ပွန်းသည်အပေါ်တွင် အမှန်တကယ် ဂရုစိုက်ခဲ့ခြင်း ဖြစ်၏။ သူမ၏ ခင်ပွန်း ဘာကြိုက်တတ်သည်၊ ဘာစားသင့်သည်၊ မည်သို့ သမမျှတအောင် စားသုံးရမည် ဆိုသည်ကို သူမ က ကောင်းကောင်း သိရှိ၏။

မင်းသမီး နင်ဟန်နှင့် ကျန်းလီ၏ မမွေးသေးသော သားတို့၏ကြား စေ့စပ်မှုကြောင့် နင်ယွမ်ရှန်းက မိဖုရားကြီးကို နန်းချခဲ့ရပြီး သူ၏ မိဖုရားကြီးက ရင်ကွဲနာကျကာ သေဆုံးသွားခဲ့ရ၏။ သို့ပေမည့် နင်ယွမ်ရှန်းက ကောင်းကောင်းသိ၏။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ သူ၏ ပထမဇနီးသည်သည် အလွန်ဝမ်းနည်းခဲ့သည် ဆိုသော်လည်း သူ့ကို တစ်ခါတစ်ရံမှ အပြစ်တင်လိမ့်မည် မဟုတ်ချေ။

မကြာသေးခင်က မိဖုရားကြီးပျံ့ကလည်း သူ့ကို လှည့်ကြည့်ရင်း ပြုံးပြခဲ့၏။ ပြီးနောက် သွေးများ ရုတ်တရက် ကျဆင်းလာခဲ့၏။ မမွေးရသေးသည့် ရင်သွေးကို ဆုံးရှုံးခဲ့ရပြီး မိဖုရားကြီးပျံ့ကိုပင် ဆုံးရှုံးရတော့မည်လား။ ထိုအရာက ကံကြမ္မာ၏ လှည့်ဖျားမှုတစ်ခုဟု သတ်မှတ်နိုင်၏။ နင်ယွမ်ရှန်းအပေါ် ပြစ်ဒဏ်ခတ်ခြင်း သာ ဖြစ်ပေလိမ့်မည်။

သူ သတ်ဖြတ်ခဲ့သည့် လူမည်မျှ များသနည်း။ ထို့ပြင် သူ ကျူးလွန်ခဲ့သည့် အပြစ်များကလည်း ကောင်းကင်နှင့်အမျှ ပြည့်နှက်နေပြီ ဖြစ်၏။ ထို့ကြောင့် နတ်ဘုရားများက သူချစ်ရသည့် မိန်းမကို ဆွဲခေါ်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ပထမ သူ၏ မိဖုရားခေါင်ကြီးကို ခေါ်ဆောင်သွားခဲ့ပြီး ယခုတစ်ကြိမ် သူ၏ မိဖုရားကြီးပျံ့ကိုပါ ခေါ်ဆောင်သွားပေဦးမည်လား။

နင်ယွမ်ရှန်း မည်သူ့ကိုမှ ထပ်မံ မချစ်နိုင်စေရန် ကံကြမ္မာက စေခိုင်းခဲ့သည်လော။ မိန်းမတစ်ယောက်ကို ချစ်မိသည်နှင့် တပြိုင်နက် နတ်ဘုရားများက သူမကို ခေါ်ဆောင်သွားခဲ့၏။ နင်ယွမ်ရှန်းက တကယ့်ကို အထီးကျန်သည့် ကြယ်တစ်စင်း ဖြစ်ရမည်လား။

……….

“ရှမ့်လန်... ရှမ့်လန်”

ဤစကားကို ကြားပြီးသည့်နောက် ဘုရင်မင်းမြတ်၏ မျက်လုံးများက အရောင်တောက်ပသွားခဲ့၏။ “ဟုတ်တယ်၊ ဟုတ်တယ်။ ရှမ့်လန် ရှိနေသေးတယ်”

သူ စိုးရိမ်ပူပန်မှု လွန်ကဲနေသောကြောင့် သတိမထားမိခဲ့ချေ။

ရှမ့်လန်၌ အံ့ဩဖွယ်ရာ ဆေးပညာရှိကြောင်း ဘုရင်မင်းမြတ်က ကောင်းကောင်းသိ၏။ ရှမ့်လန်က ကျန်းချုံး၏ အူရောင်ငန်းဖျားရောဂါကိုပင် ပျောက်ကင်းအောင် ကုသနိုင်စွမ်း ရှိ၏။ ထိုရောဂါက ကုသ ပျောက်ကင်းနိုင်သည့် အရာမျိုး မဟုတ်ချေ။

ဘုရင်မင်းမြတ်က ထိုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းမပျံ့စေရန် အမိန့်ထုတ်ထားခဲ့၏။ အကြောင်းမှာ ထိုအရာက တကယ့်ကို အံ့ဖွယ်ကိစ္စဖြစ်သောကြောင့် ရှမ့်လန်ကို နတ်ဆေးသမားတော်ဟူသည့် တံဆိပ်တပ်ခြင်း မခံစေချင်သောကြောင့်ပင်။

ဟုတ်ပေ၏။ နတ်ဆေးသမားတော် တစ်ယောက်အဖြစ် တခြားသူများ၏ အသက်ကို ကယ်တင်ခြင်းဆိုသည်မှာ အားရဖွယ်ရာ ဖြစ်၏။ သို့ပေမည့် လောကကြီးတွင် တော်ရုံသမားတော်များက တန်ဖိုးမရှိဘဲ နတ်ဆေးသမားတော်ကသာလျှင် အလွန်အမင်းတန်ဖိုးရှိသည်ဟု လူတို့ စွဲမြဲ ယုံကြည်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။

လူတစ်ယောက်ကို တံဆိပ်ကပ်သည်မှာ လွယ်ကူ၏။ ထိုသို့ တံဆိပ်ကပ်လိုက်သည်နှင့် တပြိုင်နက် အခြေအနေတစ်ခုလုံးက ပြောင်းလဲသွားပေလိမ့်မည်။ ထိုအရာကို သူက သတိထားခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက အနာဂတ်တွင် လူများက ရှမ့်လန်၏အကြောင်း ပြောသည့်အချိန်တွင် နတ်ဆေးသမားတော် အဖြစ်သာ သတိရကြမှာ ဖြစ်ပြီး တခြားအရာများကို စဉ်းစားမိတော့မည် မဟုတ်ချေ။

ထိုသို့ဆိုလျှင် ရှမ့်လန်ကလည်း လူများကို ကုသကယ်တင်ခြင်းမှလွဲ၍ တခြားသော အရာများကို ပြုလုပ်နိုင်တော့မည် မဟုတ်ချေ။ ထိုအရာမှာ ဘုရင်မင်းမြတ်က ရှမ့်လန်ကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်၏။ ထို့အတူ အကာအကွယ် လွန်ခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။

ဘုရင်မင်းမြတ်က ရှမ့်လန်၌ ဤစွမ်းရည်ရှိသည်ကိုပင် မေ့သလောက် ဖြစ်သွားခဲ့၏။ သို့မဟုတ် သူက အလွန် စိုးရိမ်ပူပန်နေသောကြောင့် စိတ်ထဲတွင် ဗလာဟင်းလင်းဖြစ်လို့နေပြီး ဘာတစ်ခုကိုမှ မမှတ်မိတော့ခြင်း မျိုးလည်း ဖြစ်ပေလိမ့်မည်။

လီစွမ်း၏ သတိပေးမှုကြောင့် သူ၏နှလုံးသားထဲတွင် အဆုံးမရှိသည့် မျှော်လင့်ချက်များနှင့် ပြည့်နှက် လာခဲ့၏။ “မြန်မြန်၊ မြန်မြန်... ရှမ့်လန်ကို သွားခေါ်ခဲ့။ ပြီးတော့ နင်ကျဲ့ကိုလည်း ခေါ်ခဲ့”

အကြောင်းရင်းမှာ နင်ကျဲ့က ရှမ့်လန်နှင့်အတူ နင်ယန်ကို ကုသရာတွင် အတူတူ ပြုလုပ် လုပ်ဆောင်ခဲ့ဖူး၏။ ထို့ပြင် မိဖုရားကြီးပျံ့က အမျိုးသမီးတစ်ယောက် ဖြစ်သောကြောင့် နင်ကျဲ့ရှိနေခြင်းက လုပ်ရကိုင်ရ လွယ်ကူပေလိမ့်မည်။

မင်းကြီး၏ အမိန့်တော် ထွက်လာသည်နှင့် တပြိုင်နက် မိန်းမစိုးရှောင်လီက စစ်သည်များနှင့်အတူ ချက်ချင်း ပြေးထွက်သွားခဲ့၏။ အချိန်သည် သေမင်းနှင့် လုနေရသည့် အချိန်ဖြစ်၏။

“ရှမ့်လန်က နောက်ထပ် ကံကြမ္မာ အံ့ဖွယ်တစ်ခုကို ဖန်တီးပြီး ငါ့ရဲ့ မိဖုရားကြီးပျံ့ကို ကယ်တင်နိုင်ပါစေလို့ မျှော်လင့်မိတယ်”

ပဉ္စမမင်းသား နင်ကျန်း၏ အကျဉ်းထောင်ထဲမှာတော့ ရှမ့်လန်က ပဉ္စမမင်းသား နင်ကျန်းကို မည်သို့ ကယ်တင်ရမည်ကို ဦးနှောက်ခြောက်အောင် စဉ်းစားလျက် ရှိနေ၏။ သူ၏စိတ်ထဲတွင် အတွေးအခေါ်ပေါင်းများစွာ ဖြစ်တည်လာခဲ့သော်လည်း အရာအားလုံးမှာ မကောင်းမွန်ဘဲ အနည်းငယ် ဖိအားပေးသလို ဖြစ်လို့နေသည်။ ထိုအရာကို သူ မကြိုက်ပေ။

တကယ်ကောင်းသည့် အကြံအစည်က ပါးနပ်ရမှာ ဖြစ်ပြီး အကွက်ဆင်ထားသည့် အရာမျိုး မဖြစ်ရချေ။ ပိုမို၍ တိတိကျကျ ပြောရမည်ဆိုလျှင် ရှမ့်လန်က သူ့ကို ခြိမ်းခြောက်နေသည်ဟု အရှင်မင်းကြီး မခံစားစေရရန် အရေးကြီး၏။ အရှင်မင်းကြီး၏ နှလုံးသားကို မထိခိုက်စေရန်လည်း အရေးကြီး၏။ ထီးနန်းလုပွဲ၌ ပထမဦးဆုံး တိုက်ခိုက်ရမည့်အရာမှာ ထီးနန်းမဟုတ်ချေ။ ဘုရင်မင်းမြတ်၏ နှလုံးသားသာလျှင် ဖြစ်၏။

ထိုအချိန်မှာပဲ မိန်းမစိုးရှောင်လီက လျှပ်စီးကဲ့သို့ပင် ဝင်ရောက်လာခဲ့၏။ သူ၏အမြန်နှုန်းက သရဲတစ္ဆေတစ်ကောင်ကဲ့သို့ပင် လျင်မြန်လွန်းလှ၏။ ရှောင်လီ၏ သိုင်းပညာ အလွန်မြင့်မားကြောင်း ရှမ့်လန်က ပထမဦးဆုံးအကြိမ် သတိပြုလိုက်မိသည်။

“မိဖုရားကြီးပျံ့၊ မိဖုရားကြီးပျံ့.. ကိုယ်ဝန်ပျက်ကျပြီး သွေးတွေလွန်နေတယ်။ အရေးကြီးတယ်။ မြန်မြန်” မိန်းမစိုးလေး ရှောင်လီက ဝင်လာပြီး အဖြစ်အပျက်ကို နှစ်စက္ကန့်အတွင်း ရှင်းပြလိုက်၏။

ရှမ့်လန်က အံ့အားသင့်ချိန်ပင် မရလိုက်ချေ။ ချက်ချင်းပဲ အခန်းထဲမှ ပြေးထွက်သွားခဲ့ပြီး သူက ဆေးသေတ္တာကို ဆွဲယူ၍ အပြင်သို့ ပြေးထွက်လိုက်၏။ မိန်းမစိုးရှောင်လီက ထိုအရာကို နှေးသေးသည်ဟု ပင် ထင်၏။ ထို့ကြောင့် ရှမ့်လန်ကို ပွေ့ချီပြီး စစ်သည်နှစ်ယောက်နှင့်အတူ နန်းတွင်းဆီသို့ ပြေးလေသည်။

၁၅ မိနစ်အတွင်းမှာပဲ ရှမ့်လန်က နန်းတော်ထဲသို့ ရောက်ရှိလာခဲ့၏။ မိဖုရားကြီးပျံ့၏ အခန်းထဲသို့ ဝင်လိုက်သည်နှင့် မျက်စိထဲတွင် သွေးများနှင့်သာ ပြည့်နှက်နေ၏။ ကြမ်းပြင်ပေါ်၊ ကုတင်ပေါ်၊ နေရာတိုင်းတွင် အနီရောင် သွေးကွက်များနှင့် ပြည့်နှက်နေ၏။ မိဖုရားကြီးပျံ့၏ မျက်နှာက စက္ကူကဲ့သို့ ဖြူလျော်နေပြီး သူမ၏အသက်ရှုနှုန်းများကလည်း အားနည်းလျက် ရှိ၏။ သွေးအလွန်အကျွံ ဆုံးရှုံးမှု ကြောင့်ပင်။

ဟုတ်ပေ၏။ သူမ၏ ဦးနှောက်သို့ အောက်ဆီဂျင် လုံလောက်စွာ ရောက်ရှိရန် မနည်းကြိုးစားနေရပြီး သူမက အလွန် ခက်ခက်ခဲခဲနှင့် အသက်ရှုနေရ၏။ မင်းသမီးကြီး နင်ကျဲ့ကလည်း ဤနေရာသို့ ရောက်ရှိနေ၏။ ထိုအချိန်မှာတော့ မိဖုရားကြီးပျံ့က ဘုရင်မင်းမြတ်၏ လက်ကို ကိုင်ဆွဲထားပြီး သူမ၏ နောက်ဆုံးစကားများ ကို မှာကြားနေသည်။

ဘုရင်မင်းမြတ်၏ မျက်နှာပေါ်တွင် မျက်ရည်များနှင့် ပြည့်နှက်လျက် ရှိသည်။ ရှမ့်လန်ကို တွေ့သည့် အချိန်မှာတော့ ဘုရင်မင်းမြတ်၏ မျက်လုံးများက မကြုံစဖူး အရောင်များပင် ထွက်လာခဲ့၏။

သူက တုန်ယင်နေသည့်အသံဖြင့် လှမ်းကာ ပြောဆိုလိုက်သည်။ “ရှမ့်လန်.. မင်းသူ့ကို ကယ်တင်နိုင်တယ် မဟုတ်လား။ မင်းသူ့ကို ကယ်တင်နိုင်တယ် မဟုတ်လား”

ရှမ့်လန်က ဘုရင်မင်းမြတ်ကို လျစ်လျူရှုထား၏။ ဘေးမှာရှိသည့် သမားတော်ကြီးအား လှမ်းကာ မေးမြန်းလိုက်၏။ “ဘာလို့ သွေးမတိတ်သေးတာလဲ”

သမားတော်ကြီးက ပြောလိုက်သည်။ “မိဖုရားကြီးပျံ့က သန္ဓေသားကို အတင်းအကျပ် ကာကွယ်ခဲ့တယ်။ ပြီးတော့ ဆေးတွေ အများကြီး သောက်ခဲ့တယ်။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျမှုကလည်း တကယ့်ကို ကြမ်းတမ်းခဲ့တယ်။ ဒဏ်ရာက ဝမ်းဗိုက်ထဲမှာ ရှိနေပြီး ဒဏ်ရာကလည်း ကြီးမားတဲ့ပုံပဲ။ သွေးတိတ်အောင် လုပ်လို့မရဘူး ဖြစ်နေတယ်”

မိဖုရားကြီးပျံ့က ပိန်လှီပြီး အားနည်း၏။ သူမ၏ ကိုယ်အလေးချိန်က ၄၀ ကီလိုဂရမ်နီးပါးခန့်သာလျှင် ရှိ၏။ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးပမာဏက မီလီလီတာ ၃၀၀၀ ခန့်သာလျှင် ဖြစ်ပေလိမ့်မည်။ ဤအချိန် သွေးဆုံးရှုံးမှုမှာ မီလီလီတာ ၁၀၀၀ ခန့် ရှိနေ၏။

ထို့ကြောင့် အသက်ရှုရန်ပင် မနည်းကြိုးစားနေရပြီး သူမ၏ မျက်လုံးများကလည်း ပြာဝေလျက် ရှိနေ၏။ ဦးနှောက်ထဲသို့ သွေးလုံလောက်စွာ မရောက်ရှိတော့သည်မှာ ထင်ရှားလှ၏။ မကြာခင်တွင် လုံးဝ သတိလစ် မေ့မြောသွားပေလိမ့်မည်။

သူမက စိတ်ဓာတ်ခွန်အား တစ်ခုတည်းဖြင့် အားတင်းထားခြင်း ဖြစ်သည်။ “အရှင်မင်းကြီး.. အစ်ကိုကြီးကို ပြောပေးပါ။ ယန်ကျိုးက အရှင်မင်းကြီးရဲ့ ယန်ကျိုးဒေသပါ။ တခြားဘယ်သူရဲ့မှ ယန်ကျိုးဒေသ မဟုတ်ပါဘူးလို့”

ဤသည်က မိဖုရားကြီးပျံ့၏ နောက်ဆုံးမှာတမ်းစကားပင် ဖြစ်၏။

မင်းကြီးက စိတ်မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင်ပင် ငိုကြွေးမိ၏။ မသေဆုံးခင်အချိန်ထိ သူ့အတွက် တွေးပေးနေဆဲဖြစ်သော မိဖုရားကောင်းတစ်ပါးပင် ဖြစ်သည်။ သူမ၏ နောက်ဆုံးစကားမှာ သူမ၏ အစ်ကိုကြီးအား ယန်ကျိုးဒေသအာဏာကို လက်လွှတ်ရန်နှင့် ခွဲထွက်ခြင်း မလုပ်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်။ ဤအရာက မင်းကြီး၏ နှလုံးသားကို ဓားဖြင့် မွှေနှောက်လိုက်သကဲ့သို့ နာကျင်စေသည်။

နောက်ဆုံးစကားများကို ပြောပြီးနောက် မိဖုရားကြီးပျံ့က တောင့်ခံထားနိုင်ခြင်းမရှိဘဲ တစ်ခါတည်း သတိလစ် မေ့မျောသွားခဲ့သည်။ သူမ၏ အသက်ရှုသံပင်လျှင် ရပ်တန့်သွားသကဲ့သို့ပင်။

ခဏအတွင်းမှာပဲ နင်ယွမ်ရှန်းက နှလုံးသားတစ်ခုလုံး ကွဲအက်သွားသလို ခံစားမိ၏။ သူ၏ အမြင်အာရုံများကလည်း မှေးမှိန်သွားခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမစိုးလီ... မင်းကြီးကို ခေါ်ထုတ်သွားလိုက်တော့”

ဤအချိန်မှာတော့ ရှမ့်လန်၏ စကားက ဘုရင်မင်းမြတ်၏ အမိန့်ကဲ့သို့ပင်။

လီစွမ်းနှင့် လီအမ်းတို့သည် မဆိုင်းမတွ ဝင်ရောက်လာခဲ့ပြီး ဘုရင်မင်းမြတ် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အတင်း အပြင်သို့ ဆွဲခေါ်သွားခဲ့၏။

ရှမ့်လန်က အတွင်းသို့ ထိုးဖောက်မြင်နိုင်သည့် သူ၏ X-ray အမြင်ကို အသုံးပြုပြီး မိဖုရားကြီးပျံ့၏ ဝမ်းဗိုက်ကို စစ်ဆေးလိုက်၏။ သန္ဓေသားမှာ လျောကျသွားခဲ့ပြီ ဖြစ်ပြီး ဒဏ်ရာမှာ ကြီးမားသောကြောင့် သွေးများက ဆက်လက် ကျဆင်းနေပြီး ရပ်တန့်ရန် နည်းလမ်းလည်း မရှိချေ။ ပုံမှန်အားဖြင့် ကိုယ်ဝန် ပျက်ကျခြင်းက ဤမျှလောက် သွေးထွက်သည့် အရာမျိုး မဟုတ်ပေ။

ရှမ့်လန်က အချင်းကျန်နေခြင်းဖြစ်မည်ဟု ထင်မှတ်ခဲ့၏။ ဤအကြောင်းအရာမှာ ကိုယ်ဝန် ပျက်ကျခြင်းကြောင့် ဖြစ်လေဖြစ်ထရှိသော သွေးလွန်မှု၏ အကြီးမားဆုံး အကြောင်းအရင်းတစ်ခုလည်း ဖြစ်၏။ သို့ပေမည့် နန်းတွင်းသမားတော်ကြီးများသည် ထိုမျှလောက်တော့ စွမ်းဆောင်ရည် ရှိနေသေး၏။ ထို့ကြောင့် အချင်းကို အတွင်းမှ လုံးဝ ဖယ်ရှားပြီး ဖြစ်သည်။

ထိုသို့ဆိုလျှင် သွေးလွန်မှုက သွေးတိတ်ရန် ခက်ခဲသည့် ရောဂါတစ်ခု ဖြစ်နေသောကြောင့်လား။ သွေးတိတ်ရန် အမြန်ဆုံး လုပ်ဆောင်ရပေလိမ့်မည်။ ထိုသို့မဟုတ်ပါက မိဖုရားကြီးပျံ့က ၁၅ မိနစ်မကြာခင် သွေးထွက်လွန်၍ သေဆုံးသွားပေလိမ့်မည်။

ရှမ့်လန်က မိဖုရားကြီးပျံ့၏ အဝတ်များကို ဆုတ်ဖြဲ၍ သူမ၏ ဝမ်းဗိုက်အသားကို ဆွဲလှန်လိုက်၏။ ပြီးနောက် စုတ်တံတစ်ချောင်းကို ထုတ်ယူပြီး မိဖုရားကြီးပျံ့၏ ဝမ်းဗိုက်ပေါ်တွင် အစက်တစ်ခုကို ချ၏။ “ဒီနေရာ၊ ဒီနေရာ”

ပြီးနောက် မည်သည့်ထောင့်၊ မည်သည့်နေရာ၊ မည်သည့်အားနှင့် မည်သည့်အနက်ကို ပြောပြ၏။

ပြီးနောက် မင်းသမီးကြီး နင်ကျဲ့က ငွေအပ်များကို အသုံးပြုပြီး လျင်မြန်စွာ ထိုးစိုက်၏။ ငွေအပ်ပေါင်း တစ်ဒါဇင်ကျော် ထိုးစိုက်ပြီးနောက် မိဖုရားကြီးပျံ့၏ သွေးထွက်များနေသည့် သားအိမ်ရှိဒဏ်ရာကို ပိတ်ဆို့နိုင်လိုက်ပြီ ဖြစ်သည်။

နင်ကျဲ့က တကယ်ပင် အံ့အားသင့်စရာ ကောင်း၏။ လက်စလက်န က မှန်ကန်ပြီး မြန်ဆန်သည်။ အပ်စိုက်ပြီးနောက် ဒဏ်ရာရှိ သွေးကြောအများစုကို ပိတ်ဆို့နိုင်လိုက်၏။ သွေးစီးဆင်းမှုက တစ်ခဏအချင်း ရပ်တန့်သွားခဲ့၏။ သွေးထွက်နေဆဲဖြစ်သော်လည်း ယခင်ကဲ့သို့ တရဟော ထွက်နေခြင်း မဟုတ်တော့ချေ။

ရှမ့်လန်က သက်ပြင်းချလိုက်၏။

“မိဖုရားကြီးပျံ့က ဒဏ်ရာရဖူးတယ်။ သွေးတိတ်ဖို့ ခက်တဲ့ရောဂါ မဟုတ်လား” ရှမ့်လန်က မေးမြန်းလိုက်၏။

မင်းသမီးကြီး နင်ကျဲ့က ခေါင်းညိတ်လိုက်၏။ ဤအရာမှာ သွေးတိတ်ရန် ခက်ခဲသည့် ရောဂါဝေဒနာ ဖြစ်၏။ မိဖုရားကြီးပျံ့၏ ခန္ဓာကိုယ်က အားနည်းပြီး သူမ၏ ချီနှင့် သွေးဓာတ်နှစ်ခုလုံးက ချို့တဲ့သည်။

ခေတ်သစ် ဆေးပညာအရ ပြောရမည်ဆိုလျှင် သူမတွင် သွေးမွှားဥအားနည်းခြင်း သို့မဟုတ် ရိုးတွင်းခြင်ဆီ ချို့ယွင်းသည့် သွေးအားနည်းရောဂါ ရှိနေနိုင်၏။ ဤအခြေအနေနှစ်ခုလုံးက သွေးတိတ်ရန် ခက်ခဲသည့် ဝေဒနာပင် ဖြစ်၏။ ဤကဲ့သို့သော ရောဂါမျိုးရှိပါက ကိုယ်ဝန်ဆောင်ရန် လုံးဝ မဖြစ်နိုင်ချေ။ သန္ဓေသား ပုံမှန်ကြီးထွားနိုင်လျှင်ပင် အနာဂတ်၌ မွေးဖွားသည့်အခါ အလွန် အန္တရာယ်များ၏။

သို့ပေမည့် မိဖုရားကြီးပျံ့က သူမ ဝမ်းနှင့်လွယ်၍ မွေးထားရသည့် ကိုယ်ပိုင်ရင်သွေးလေးကို လိုချင်သည်။ ထို့ကြောင့် ကိုယ်ဝန်ရရှိရန် အစွမ်းကုန် ကြိုးစားခဲ့၏။ အဆုံးသတ်မှာတော့ သူမက ဤကဲ့သို့ သေရေးရှင်ရေး ကပ်ဘေးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

မင်းသမီးကြီး နင်ကျဲ့က မေးလိုက်၏။ “ပြီးတော့ ဘာဆက်လုပ်ရမှာလဲ”

ရှန်လန် စစ်ဆေးကြည့်လိုက်သည်။ သွေးခဲစနစ် ပျက်ယွင်းမှုကြောင့် သွေးအလွယ်တကူ မတိတ်နိုင်သော်လည်း ခွဲစိတ်ရန် မလိုအပ်တော့ကြောင်း တွေ့ရသည်။ သို့ပေမည့် သွေးဆက်လက် စိမ့်ထွက်နေပြီး သတိလစ်နေပြီ ဖြစ်သည်။ သွေးအလွန်အကျွံ ဆုံးရှုံးထားသောကြောင့် သူမ၏ ကိုယ်ခန္ဓာတွင်းသို့ ချက်ချင်း သွေးသွင်းရန် လိုအပ်နေပြီဖြစ်သည်။

“သူ့ခန္ဓာကိုယ်ထဲကို သွေးသွင်းရမယ်” ရှမ့်လန်က ပြောလိုက်၏။

နင်ကျဲ့က အံ့အားမသင့်ဘဲ မနေနိုင်ချေ။ သွေးသွင်းသည်ဆိုသည်မှာ ရှိသေးသည်လား။ မည်သို့ လုပ်ရမည်နည်း။

“ဘယ်သူ့ရဲ့ သွေးလဲ” နင်ကျဲ့က မေးမြန်းလိုက်၏။

ဤအရာက အဓိကပြဿနာဖြစ်၏။ သွေးသွင်းခြင်းဆိုသည်မှာ ကြုံရာကျပန်း လျှောက်၍ သွင်းမရချေ။ သွေးအမျိုးအစားက တူညီရပေလိမ့်မည်။ မဟုတ်ပါက သွေးမတည့်သည့် တုံ့ပြန်မှုဖြစ်ပေါ်ပြီး သွေးများခဲကာ သွေးကြောများကို လုံးဝ ပိတ်ဆို့သွားစေလိမ့်မည်။ ထိုသို့ဆိုလျှင် ပိုမိုလျင်မြန်စွာ သေဆုံးသွားမှာဖြစ်ပြီး ကယ်တင်ဖို့ အလုံးစုံ မဖြစ်နိုင်တော့ပေ။

All Chapters