← Chapters

နတ်ဆိုးနတ်ဘုရားအမိန့်ပြား

Vol. 17 Ch. 265

နတ်ဆိုးနတ်ဘုရားအမိန့်ပြား

Vol. 17 Ch. 265

ဧည့်သည်ဆောင်ထဲတွင်။

လီပေါ်ကျစ်အစရှိသော နတ်ဘုရားဓားဂိုဏ်း၏ အကြီးအကဲများသည် ထာဝရဧကရာဇ်မျိုးနွယ်မှ အကြွင်းမဲ့သူတော်စင်အဆင့် သိုင်းပညာရှင်သံတမန် နှစ်ဦးကို ဧည့်ခံတွေ့ဆုံလျက် ရှိ၏။

ဤအကြွင်းမဲ့သူတော်စင်အဆင့် သိုင်းကျွမ်းကျင်သူ နှစ်ဦးမှာ အလွန်အမင်း မောက်မာပြီး၊ ထောင်လွှားလှ၏။ နတ်ဘုရားဓားဂိုဏ်းကဲ့သို့သော အင်အားစုငယ်လေးကို သဘာအတိုင်းအထင်မြင်သေးကြပေသည်။

"ငါတို့က အမတနယ်မြေ၊ ထာဝရမင်းဆက်ကနေလာတာ။ ဧကရာဇ်သားတော် အရှင်မင်းသားရဲ့ အမိန့်အရ၊ မင်းတို့ နတ်ဘုရားဓားဂိုဏ်းကို အသိပေးဖို့ လာခဲ့တာ။ ငါတို့ ထာဝရမင်းဆက်က အလိုရှိနေတဲ့ တရားခံပြေးတစ်ယောက် မင်းတို့ နတ်ဘုရားဓားဂိုဏ်းထဲမှာ ဝင်ပုန်းနေတယ်။ မင်းတို့ နတ်ဘုရားဓားဂိုဏ်းက ငါတို့ ထာဝရမင်းဆက်ကို တရားခံပြေး ဖမ်းဆီးရာမှာ မဖြစ်မနေ ပူးပေါင်း ကူညီရမယ်" အကြွင်းမဲ့သူတော်စင်အဆင့် သံတမန်များထဲမှတစ်ဦးက ပြောလိုက်ပြီး စကားလုံးများထဲတွင် အထက်စီးဆန်မှုများဖြင့် ပြည့်နှက်နေ၏။

"နတ်ဘုရားဓားဂိုဏ်းကို ဘယ်လို ပူးပေါင်း ကူညီပေးရမလဲ မသိဘူး" လီပေါ်ကျစ် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ချက်ချင်း မေးလိုက်သည်။

"သေချာပေါက် တောင်တံခါး မဟာအစီအရင်ကြီးကို ပိတ်ပစ်၊ ကောင်းချီးမြေ ကမ္ဘာငယ်ကို ဖွင့်ပေးပြီး၊ ငါတို့ ထာဝရမင်းဆက်က ကျွမ်းကျင်သူတွေကို တရားခံပြေး ရှာဖွေဖို့ အတားအဆီးမရှိ ဝင်ထွက်ခွင့် ပြုရမှာပေါ့" ထိုအကြွင်းမဲ့သူတော်စင်အဆင့် သံတမန်က ချက်ချင်း ပြောလိုက်၏။

ထိုနေရာတွင်ရှိနေသော အကြီးအကဲအများအပြားသည် ကြားပြီးနောက်၊ အားလုံး ဒေါသထွက်သော အရိပ်အယောင်များ ပေါ်လာကြ၏။ မည်သို့ပင်ဆိုစေ တစ်ဖက်လူ၏လေသံမှာ အလွန်အမင်း မောက်မာရိုင်းစိုင်းလှသည်။ ဒါဟာ နတ်ဘုရားဓားဂိုဏ်းကို ပူးပေါင်း ကူညီခိုင်းခြင်း ဘယ်လိုလုပ်ဟုတ်မှာလဲ။ ဒီအတိုင်း၊ လုံးဝ လက်မြှောက်အရှုံးပေးပြီး၊ ဒူးထောက် အသနားခံခိုင်းခြင်းပင်ဖြစ်သည်။

"ငါတို့ နတ်ဘုရားဓားဂိုဏ်းက ပူးပေါင်း ကူညီပေးဖို့ သေချာပေါက် ဆန္ဒ ရှိပါတယ်။ မင်းတို့ ထာဝရမင်းဆက်က လူတွေ မဝင်ရဲမှာကိုပဲ စိုးရိမ်တာ" လီပေါ်ကျစ်သည် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

"ဒါကတော့ မင်းတို့ စိတ်ပူပေးစရာ မလိုပါဘူး" ထိုအကြွင်းမဲ့သူတော်စင်အဆင့် သံတမန်က ပြောလိုက်၏။

"ကောင်းပြီ" လီပေါ်ကျစ် ခေါင်းညိတ်လိုက်သည်။

ဒါပေါ့၊ ဤဆုံးဖြတ်ချက်ကို သူ ချမှတ်ခဲ့ခြင်း မဟုတ်ပေ။ သူသည် ယွင်လုံကိုယ်ပွား၏ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်နေခြင်းသာ ဖြစ်၏။

"အကြီးအကဲ လီ..." အခြားအကြီးအကဲများကြားပြီးနောက် တားဆီးချင်စိတ်ကို မထိန်းနိုင်ကြပေ။

သို့သော် လီပေါ်ကျစ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "တော်ပြီ၊ ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ။ ဒီအတိုင်းပဲ လုပ်ကြတာပေါ့"

ထို့နောက်၊ ထာဝရမင်းဆက်၏ အကြွင်းမဲ့သူတော်စင်အဆင့် သံတမန်၏ စောင့်ကြည့်မှုအောက်တွင် နတ်ဘုရားဓားဂိုဏ်း၏ မဟာအစီအရင် ကျွမ်းကျင်သူသည် တောင်တံခါး မဟာအစီအရင်ကြီးတစ်ခုလုံးကို ပိတ်လိုက်ပြီး၊ ထိုအချိန်တွင် ယွင်လုံကိုယ်ပွားသည်လည်း အချိန်ခေါင်းလောင်းလှိုင်ဂူကောင်းကင်ဘုံကို အလုံးစုံဖွင့်လှစ်ပေးလိုက်၏။

ဒါပေါ့၊ အချိန်ခေါင်းလောင်းလှိုင်ဂူကောင်းကင်ဘုံကို ဖွင့်လှစ်ပေးလိုက်ခြင်းသာသည်။ အချိန်ခေါင်းလောင်းလှိုင်ဂူကောင်းကင်ဘုံ မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။ ဝင်ထွက်သွားလာသူများအပေါ် မည်သည့် ကန့်သတ်ချက်မျှ မရှိတော့ခြင်းမျှသာ ဖြစ်၏။

.......

ဤအခိုက်တွင် အချိန်ခေါင်းလောင်းလှိုင်ဂူကောင်းကင်ဘုံ၏ အပြင်ဘက်၌။

ချီဧကရာဇ်သားတော်နှင့် တော်ဝင်မျိုးနွယ်ကျွမ်းကျင်သူ အနည်းငယ် အတူတကွ စုရုံးနေကြ၏။ ဤလူများသည် ခြွင်းချက်မရှိ၊ အားလုံး တော်ဝင်မျိုးနွယ်၏ အဓိက အဖွဲ့ဝင်များ ဖြစ်ကြသည်။

"ပိုင်ရှောင်၊ မင်း အရင် ဝင်သွား" ချီဧကရာဇ်သားတော်က အပြာရောင် သံချပ်ကာနှင့် အမျိုးသားတစ်ဦးကို ပြောလိုက်၏။ ဤသူသည် ဗလာသို့ပြန်ခြင်း အဆင့် နှစ်ဆယ်ကျော်မှ ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူ့အာရုံခံမှုထဲတွင်၊ ထိုအတားအဆီးပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သူသည် ကိုယ်တိုင် အန္တရာယ်ကို စွန့်စားရန် မဝံ့ရဲသေးပေ။

"ဟုတ်ကဲ့ပါ၊ အရှင်မင်းသား" အပြာရောင်သံချပ်ကာနှင့် အမျိုးသားက ခေါင်းညိတ်လိုက်၏။

ချက်ချင်းပင် သူသည် ထာဝရဧကရာဇ်မျိုးနွယ်မှ အကြွင်းမဲ့သူတော်စင်အဆင့် တစ်ဖွဲ့ကို ဦးဆောင်ကာ နတ်ဘုရားဓားဂိုဏ်း အတွင်းသို့ ဝင်ရောက်သွားပြီး၊ မထီမဲ့မြင်ဖြင့် စတင်ရှာဖွေလေတော့၏။

လီပေါ်ကျစ်ဟူသော ပထမ အကြီးအကဲ၏ အမိန့်အောက်တွင်၊ နတ်ဘုရားဓားဂိုဏ်း အပေါ်အောက် အားလုံး မည်သူမျှ တားဆီးခြင်း မရှိခဲ့ပေ။ သို့သော်၊ လူအများအပြားသည် သေချာပေါက် မကျေမနပ် ဖြစ်နေကြလေသည်။

ဤထာဝရမင်းဆက်မှလူများသည် နတ်ဘုရားဓားဂိုဏ်းကို အောက်ခြေလန်အောင် မွှေနှောက် ရှာဖွေခဲ့ကြသော်လည်း မည်သည့် ထူးခြားမှုမျှ မတွေ့ရှိခဲ့ပေ။

"အရှင်မင်းသား၊ ချယ်တန့်ရဲ့ သဲလွန်စကို ရှာမတွေ့ခဲ့ပါဘူး" အပြာရောင် သံချပ်ကာနှင့် အမျိုးသား ပိုင်ရှောင်သည် ထွက်လာပြီးနောက် ချီဧကရာဇ်သားတော်ထံသို့ ပြောလိုက်၏။

"မရှိဘူး ဟုတ်လား" ချီဧကရာဇ်သားတော် မျက်မှောင်အနည်းငယ် ကြုတ်သွား၏။

သူသည် ထူးဆန်းသော မှန်တစ်ချပ်ကို ထုတ်ယူလိုက်ရာ အပေါ်တွင် မှိန်ဖျော့သော အလင်းစက်တစ်ခု ပေါ်ထွက်နေပြီး သူ၏ဤတစ်ကြိမ်ပစ်မှတ် ချယ်တန့်သည် အနီးအနားတွင် ရှိနေသည်ကို ကိုယ်စားပြုနေ၏။

"နေရာတိုင်းကို ရှာပြီးပြီလား" ချီဧကရာဇ်သားတော်က လေးနက်စွာ မေးလိုက်၏။

"အားလုံး ရှာပြီးပါပြီ။ နတ်ဘုရားဓားဂိုဏ်းရဲ့လျှို့ဝှက်နေရာတချို့ အပါအဝင်ပေါ့" အပြာရောင် သံချပ်ကာနှင့် အမျိုးသား ပိုင်ရှောင်က ခေါင်းညိတ်ရင်း ပြောလိုက်၏။

နတ်ဘုရားဓားဂိုဏ်းသည် ဤမျှသာ ကျယ်ဝန်းပြီး၊ မဟာအစီအရင်ကိုလည်း ပိတ်ထားသဖြင့် သူ ကဲ့သို့သော ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးအဖို့၊ သူ့အာရုံခံမှုကို ကျော်လွန်၍ ဖုံးကွယ်ထားနိုင်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

ချီဧကရာဇ်သားတော်သည် သူ့လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး တွေးတော စဉ်းစားနေ၏။

သူသည် ကောင်းချီးမြေ၏ သဘောသဘာဝကို အလွန် နားလည်ပြီး၊ ၎င်းသည် သီးခြားလွတ်လပ်သောနေရာတစ်ခုဟု သတ်မှတ်နိုင်သော်လည်း၊ ဖွင့်လှစ်လိုက်ပြီးနောက်တွင် အခြေခံအားဖြင့် မည်သည့် ဖုံးကွယ်မှုမျှ မရှိနိုင်တော့ပေ။

ထိုချယ်တန့် ဘယ်နေရာကို ပုန်းရှောင်သွားပြန်တာလဲ။

ဤသည်မှာ သာမန်ကောင်းချီးမြေ မဟုတ်ဘဲ၊ ပိုမို အဆင့်မြင့်သော လှိုင်ဂူကောင်းကင်ဘုံ ဖြစ်နေခြင်း မဟုတ်လျှင်...။ မဟုတ်သေးဘူး... မဖြစ်နိုင်ပေ။

လှိုင်ဂူကောင်းကင်ဘုံ နှင့် ပတ်သက်၍၊ အမတနယ်မြေတစ်ခုလုံးတွင် တစ်ပိုင်းမျှသာ ရှိပြီး၊ ၎င်းမှာ ကူလွန်လှိုင်ဂူကောင်းကင်ဘုံ ဖြစ်၏။ တစ်ပိုင်းဟု ဆိုရခြင်းမှာ၊ ကူလွန်လှိုင်ဂူကောင်းကင်ဘုံ ဟူသော လှိုင်ဂူကောင်းကင်ဘုံသည် ပြည့်စုံမှု မရှိဘဲ၊ ယခင်က ပြင်းထန်သော ဖျက်ဆီးခြင်းကို ကြုံတွေ့ခဲ့ရဖူးသဖြင့် လုပ်ဆောင်နိုင်စွမ်းတွင် ကောင်းချီးမြေထက် အနည်းငယ်သာ သာလွန်သောကြောင့် ဖြစ်သည်။ အမတနယ်မြေတွင်ပင် လှိုင်ဂူကောင်းကင်ဘုံ တစ်ပိုင်းသာ ရှိရာ၊ အရင်းအမြစ် ပိုမို ရှားပါးသော သေမျိုးနယ်မြေတွင် လှိုင်ဂူကောင်းကင်ဘုံ ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ။

ထို့အပြင်... နတ်ဘုရားဓားဂိုဏ်း တည်ရှိသော နေရာသည်လည်း လှိုင်ဂူကောင်းကင်ဘုံနှင့် မတူပေ။ လှိုင်ဂူကောင်းကင်ဘုံသည် အမှန်တကယ် ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခု ဖြစ်ပေါ်စေပြီး သီးခြား လွတ်လပ်သော ကောင်းကင်မြေကြီး စည်းမျဉ်းများကို ပိုင်ဆိုင်သည်ဟု ဆိုကြသည်။ အကယ်၍ လှိုင်ဂူကောင်းကင်ဘုံသာ အမှန်ဖြစ်ပါက အပြင်ဘက်မှ အတွင်းပိုင်းမြင်ကွင်းများကို ဘယ်လိုလုပ်တွေ့နိုင်ပါ့မလဲ။ ကောင်းချီးမြေများသာ ဤသို့ မြင်ရခြင်းဖြစ်သည်။

သို့သော် ချယ်တန့်သည် အတွင်းထဲတွင် ရှိနေသည်မှာ ထင်ရှားပါလျက် ဘာကြောင့် ရှာလို့မတွေ့ရတာလဲ။

ချယ်တန့်သည် နတ်ဘုရားဓားဂိုဏ်းမှ လူတစ်ဦးအဖြစ် ဟန်ဆောင်ထားပြီး ဒါကြောင့်ပဲ ရှာမတွေ့တာမှ မဟုတ်ရင်ပေါ့။

ချီဧကရာဇ်သားတော်၏အမူအရာ အနည်းငယ် အေးစက်သွားပြီး ချက်ချင်း ပြောလိုက်သည်၊ "ငါ ကိုယ်တိုင် ဝင်မယ်"

"အရှင်မင်းသား..." ဘေးမှ ဝတ်ရုံနက်နှင့်အမျိုးသားတစ်ဦးက တားဆီးရန်ပြင်လိုက်လေသည်။

"ဝမ်ရယ် ၅ စိတ်ချပါ၊ ဒီနေရာက သေမျိုးနယ်မြေလေး တစ်ခုပါပဲ။ ဒီကောင်းချီးမြေက ဘယ်လောက်ပဲ ထူးခြားနေပါစေ ဘာလုပ်နိုင်မှာလဲ။ ဒီနတ်ဘုရားဓားဂိုဏ်းကသာ ပရိယာယ် သုံးရဲရင် ချေမှုန်းပစ်လိုက်ရုံပဲ" ချီဧကရာဇ်သားတော်က လက်ကာပြရင်း ပြောလိုက်၏။

သူသည် ယခင်က မိမိကိုယ်တိုင် အနည်းငယ် အလွန်အမင်း သတိထားနေမိသည်ဟု တွေးထင်လိုက်၏။ ဤ နတ်ဘုရားဓားဂိုဏ်းတွင် ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူ ရှိလျှင်ပင် သေချာပေါက် အလွန်အစွမ်းထက်မည် မဟုတ်ဘဲ အများဆုံး ကောင်းချီးမြေက အနည်းငယ် ထူးခြားရုံသာ ဖြစ်ပေမည်။

ထို့အပြင်၊ ချယ်တန့်ကို စောနိုင်သမျှစောစောဖမ်းဆီးရမည် ဖြစ်သည်။ မဟုတ်ပါက အချိန်ကြာမြင့်သွားလျှင် သတင်း ပေါက်ကြားသွားပြီး အခြားအင်အားစုများ သတင်းရရှိသွားစေနိုင်သည်။ ၎င်းမှာ ကောင်းသော ကိစ္စ မဟုတ်ပေ။

သို့ဖြစ်၍ ချီဧကရာဇ်သားတော်သည် ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူတစ်ဖွဲ့ကို ဦးဆောင်ကာ နတ်ဘုရားဓားဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားလေသည်။ သို့သော် သူသည် နောက်မှ လက်တစ်လုံး ချန်ထားခဲ့ပြီး၊ အခြားထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူ အနည်းငယ်ကို အပြင်ဘက်တွင် ထားရစ်ခဲ့သည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ဗလာသို့ပြန်ခြင်း အဆင့် ခုနစ်ဆယ်အထက်သို့ပင် ရောက်ရှိနေ၏။

သူသည် ဤနတ်ဘုရားဓားဂိုဏ်းက သူ့ကို ရင်ဆိုင်ရဲလိမ့်မည်ဟုလည်း မယုံကြည်ပေ။ အကယ်၍ အမှန်တကယ် ပြုလုပ်ရဲလာပါက၊ ထာဝရဧကရာဇ်မျိုးနွယ်သည် ဤအခွင့်အရေးကို အသုံးချပြီး ကောင်းချီးမြေကို သိမ်းပိုက်လိုက်ရုံပင် ဖြစ်၏။

.........

အချိန်ခေါင်းလောင်းလှိုင်ဂူကောင်းကင်ဘုံ၏ ကောင်းကင်ယံထက်တွင်။

ယွင်လုံကိုယ်ပွားသည် ထို ချီဧကရာဇ်သားတော် ထာဝရမင်းဆက်မှ ကျွမ်းကျင်သူတစ်ဖွဲ့ကို ဦးဆောင်ကာ လှိုင်ဂူကောင်းကင်ဘုံအတွင်းသို့ ဝင်ရောက်လာသည်ကို အာရုံခံလိုက်မိ၏။

"ဟဟ၊ မင်း နောက်ဆုံးတော့ ဝင်လာခဲ့ပြီကိုး" ယွင်လုံကိုယ်ပွားသည် ခပ်ပြုံးပြုံးဖြစ်သွားသည်။

သူသည် ချီဧကရာဇ်သားတော်၏ ထာဝရမင်းဆက်အတွင်းမှ အထောက်အထားကို သိရှိသည်။ ၎င်းမှာ အလွန် မြင့်မြတ်ပြီး၊ တာအိုသားတော်အဆင့် ပုဂ္ဂိုလ် ဖြစ်၏။ ချယ်တန့်ဟူသော မျိုးနွယ်ခြား သတ္တဝါကို နတ်ဘုရားဓားဂိုဏ်းအတွင်းသို့ ဝင်ရောက်ပုန်းရှောင်ရသည်အထိ လိုက်လံသတ်ဖြတ်နိုင်သည်ကို ကြည့်လျှင် ချီဧကရာဇ်သားတော်၏အစွမ်း မည်မျှအစွမ်းထက်သည်ကို တွေးကြည့်နိုင်၏။

"တာအိုရောင်းရင်းချယ်တန့်၊ ဟိုထာဝရမင်းဆက်က ချီဧကရာဇ်သားတော် ဝင်လာပြီ။ ငါ ဘယ်လို ဖြေရှင်းသင့်လဲ မင်း ပြောကြည့်ပါလား" ယွင်လုံကိုယ်ပွားက ညင်သာစွာ ရယ်မောလိုက်ပြီး၊ "မင်းကို သူတို့လက်ထဲ ထိုးအပ်ပြီး၊ သူတို့ကို ထွက်သွားခိုင်းလိုက်ရမလား"

"ဟဟ၊ ငါ့ကို ထိုးအပ်လိုက်ရင်တောင် သူတို့က နတ်ဘုရားဓားဂိုဏ်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ မင်းကိုလည်း အလွတ်ပေးမှာ မဟုတ်ဘူး..." ချယ်တန့်က အေးစက်စွာ ရယ်မောလိုက်၏။

အခြားမျက်လုံးတစ်လုံး၏နေရာသည် ယခုအခါ အပေါက်ကြီးတစ်ခု ဖြစ်နေခဲ့ပြီ။ ထိုအနက်ရောင် ပုတီးလုံးကိုမူ ယွင်လုံ၏ လက်သည်းများက ဆုပ်ကိုင်ထားပြီး၊ လှိုင်ဂူကောင်းကင်ဘုံ၏ စွမ်းအားကို အသုံးပြု၍ ချေဖျက်ရန် ကြိုးစားနေ၏။ ဤအနက်ရောင်ပုတီးလုံးထဲတွင် အစွမ်းထက်သော တားမြစ်ချက်များ ပါဝင်နေပြီး အတင်းအကျပ် ချိုးဖျက်ရန်မှာ အမှန်တကယ် မလွယ်ကူလှပေ။

"မင်း ပြောတာလည်း ဟုတ်တာပဲ။ ဘာပဲဖြစ်ဖြစ် ငါကလည်း ဒီလျှို့ဝှက်ချက်ကို တော်တော် စိတ်ဝင်စားနေတာ။၊ ဒီအတိုင်း သူတို့လက်ထဲ ပေးလိုက်ရတာက နည်းနည်း မတန်ဘူးလို့ ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကလည်း ငါ့ကို ကျေးဇူးတင်မှာ မဟုတ်ဘူး" ယွင်လုံကိုယ်ပွား က ခေါင်းညိတ်လိုက်ပြီး၊ "မင်း ပြောကြည့်လေ၊ ငါသာ အမတနယ်မြေမှာ ထာဝရမင်းဆက်က မင်းဆီက လျှို့ဝှက်ချက်ကို ရသွားပြီလို့ သတင်း လွှင့်လိုက်ရင် အမတနယ်မြေက ဘယ်လို ဖြစ်သွားမယ် ထင်လဲ"

"ပစ္စည်းက မင်းလက်ထဲမှာ ရှိနေတာ။ နောက်ဆုံး ကံဆိုးမယ့်သူက မင်းပဲ ဖြစ်လိမ့်မယ်" ချယ်တန့်က ပြောလိုက်၏။

"ထားလိုက်ပါတော့၊ ဒီနည်းလမ်းကလည်း အဆင်မပြေဘူးပဲ။ ဒါမှမဟုတ် ငါ မင်းနဲ့ ဒီ ပုတီးလုံးကို တခါတည်း အမတနယ်မြေထဲကို ပစ်ထည့်လိုက်ပြီး၊ ပြီးမှ အမတနယ်မြေမှာ သတင်းလွှင့်လိုက်ရင် ငါ ကံဆိုးတော့မှာ မဟုတ်ဘူးမလား" ယွင်လုံကိုယ်ပွားက ထပ်မံ ပြောလိုက်၏။

"တာအိုရောင်းရင်း၊ မင်း ဒီလို လုပ်မှာ မဟုတ်တာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို အလွယ်တကူ မရနိုင်တဲ့ လျှို့ဝှက်ချက်ကို မင်းစိတ်ဝင်စားနေမှာ သေချာတယ်" ချယ်တန့်က ခေါင်းခါလိုက်၏။

"ဟုတ်တယ်... ဒါမှမဟုတ် မင်းက တိုက်ရိုက်ပဲ ဘာလျှို့ဝှက်ချက်လဲဆိုတာ ပြောလိုက်ပါလား" ယွင်လုံကိုယ်ပွားသည် ခဏတွေးတောပြီးနောက် ပြောလိုက်သည်။ "ဒီလိုဆိုရင်၊ မင်း နည်းနည်း အသုံးဝင်တန်ဖိုး ရှိသေးတယ်။ မဟုတ်လို့ ငါသာ ဒီပုတီးလုံးပေါ်က တားမြစ်ချက်ကို ဖျက်ဆီးပြီးသွားရင် မင်း တကယ်ပဲ တန်ဖိုး မရှိတော့ဘူး"

"ဟမ့်၊ မင်း ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး... ဒီပုတီးလုံးက ငါ့ရဲ့ကိုယ်ပိုင်မျက်လုံးကိုသုံးပြီး သန့်စင်ထားတာ။ ငါ့ အသက်နဲ့ ဆက်စပ်နေတယ်။ ငါ သေသွားရင် ဒီ ပုတီးလုံးကလည်း ကြေမွသွားလိမ့်မယ်။ ပုန်းကွယ်နေတဲ့လျှို့ဝှက်ချက်က လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါကြောင့်မို့လို့လည်း ထာဝရမင်းဆက်လို အင်အားစုတွေက ငါ့ကို လုံးဝ မသတ်ရဲကြတာ..." ချယ်တန့်က အလွန် ယုံကြည်မှု ရှိစွာ ပြောလိုက်၏။

သူသည် တစ်ဖက်လူ ပုတီးလုံးပေါ်မှ တားမြစ်ချက်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု မယုံကြည်ပေ။

"အရမ်း ခက်ခဲလို့လား" ယွင်လုံကိုယ်ပွားက ပြောလိုက်၏။

နောက်တစ်ခဏတွင်၊ အနက်ရောင်ပုတီးလုံးသည် အနည်းငယ် တုန်ခါသွားပြီး၊ မှိန်ဖျော့သော အလင်းရောင်များ ထုတ်လွှတ်ကာ ထူးဆန်းသော တားမြစ်ချက်အလွှာတစ်လွှာသည် ခပ်ရေးရေး ပျောက်ကွယ်သွား၏။

ချယ်တန့်သည် ဤမြင်ကွင်းကို မြင်သောအခါ၊ တစ်ခုတည်းကျန်သော မျက်လုံးသည် လျင်မြန်စွာ အရောင်လဲ့သွား၏။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်း ဘယ်လိုလုပ် ပထမအလွှာ တားမြစ်ချက်ကို ဖျက်ဆီးနိုင်ရတာလဲ" သူ့မျက်နှာတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာ၏။

ဤသည်မှာ ပထမအလွှာ တားမြစ်ချက်သာ ဖြစ်သော်လည်း၊ မည်သို့ အဓိပ္ပာယ် သက်ရောက်သည်ကို သူ့စိတ်ထဲတွင် ရှင်းလင်းစွာ သိ၏။ တစ်ဖက်လူ ပုတီးလုံးပေါ်မှ တားမြစ်ချက်ကို ဖျက်ဆီးနိုင်ရန် အချိန်အနည်းငယ် ကြာရုံမျှသာ ဖြစ်၏။

"မင်းက မဟာအစီအရင် ကျွမ်းကျင်သူတစ်ယောက်ပဲ ဖြစ်ရမယ်မလား" ယွင်လုံကိုယ်ပွားက ရုတ်တရက် ပြောလိုက်သည်။ "ဒီ ပုတီးလုံးပေါ်မှာ ခင်းကျင်းထားတဲ့ တားမြစ်ချက်က ဆယ့်နှစ်ရှန်ရှား ဖြစ်လောက်တယ်။ စုစုပေါင်း ဆယ့်နှစ်လွှာ၊ ဒါကြောင့် ဆယ့်နှစ်အခြေခံ မဟာအစီအရင်တစ်ခုကို ဖွဲ့စည်းထားတာ။ သေးငယ်တဲ့ ပုတီးလုံးတစ်လုံးပေါ်မှာ ဆယ့်နှစ်အခြေခံ မဟာအစီအရင်တစ်ခုကို ခင်းကျင်းနိုင်တယ်။ ဒီလို မဟာအစီအရင် ကျွမ်းကျင်မှုက အနည်းဆုံးတော့ ဆယ့်လေးအခြေခံ မဟာအစီအရင် ကျွမ်းကျင်မှုရှိမှပဲ လုပ်ဆောင်နိုင်မှာ မဟုတ်လား"

သူ့ပင်မခန္ဓာကိုယ် သည် 'ဆယ့်လေးအခြေခံ' မဟာအစီအရင် ကျွမ်းကျင်သူ ဖြစ်သော်လည်း၊ ဤမျှ သေးငယ်သော ပုတီးလုံးပေါ်တွင် ဆယ့်နှစ်ရှန်ရှား တားမြစ်ချက်ကို ခင်းကျင်းပြီး၊ နောက်ဆုံးတွင် ဆယ့်နှစ်အခြေခံ မဟာအစီအရင်တစ်ခု ဖွဲ့စည်းရန်မှာ အခက်အခဲ အလွန်မြင့်မားလှ၏။

ထင်ရှားသည်မှာ၊ ချယ်တန့်၏ မဟာအစီအရင် ကျွမ်းကျင်မှုသည် 'ဆယ့်လေးအခြေခံ' ထက် လုံးဝ မနိမ့်ကျပေ။

"ဆယ့်နှစ်ရှန်ရှား ဆိုတာ တုထျန်းအစီအရင်ဂိုဏ်းထဲက ထူးခြားတဲ့ တားမြစ်ချက်နည်းလမ်းပဲ။ ဒါကို ကြည့်ရရင်၊ မင်း အရင်တုန်းက တုထျန်းအစီအရင်ဂိုဏ်းမှာ မဟာအစီအရင် ပညာရပ်ကို သင်ယူ ကျင့်ကြံခဲ့ဖူးလောက်တယ်။ ပြီးတော့ ဆယ့်လေးအခြေခံ မဟာအစီအရင် ကျွမ်းကျင်သူ အဆင့်ကို ရောက်နိုင်တဲ့အထိ သေချာပေါက် နာမည်အရမ်းကြီးလိမ့်မယ်" ယွင်လုံကိုယ်ပွားက ပြောလိုက်သည်။ "ထူးဆန်းတယ်။ ငါ တုထျန်းအစီအရင်ဂိုဏ်းရဲ့ တန်ခိုးရှင်သခင်စာရင်းမှာ၊ ဆယ့်လေးအခြေခံ မဟာအစီအရင်ကျွမ်းကျင်သူ အဆင့်ကို ရောက်ရှိသမျှ နာမည် အားလုံးကို တွေ့ခဲ့ရတယ်။ မင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တော့ မရှိဘူးထင်တယ်"

"မင်း တုထျန်းအစီအရင်ဂိုဏ်းထဲ ဝင်ဖူးတာလား" ချယ်တန့‌ေသည် အလွန် အံ့အားသင့်သွားပြီး၊ "ဒါ့အပြင် မင်းဆယ့်နှစ်ရှန်ရှား ကို သိနေနိုင်တယ်။ ပြီးတော့ ချေဖျက်နိုင်သေးတယ်။ ကြည့်ရတာ မင်းလည်း တုထျန်းအစီအရင်ဂိုဏ်းထဲဝင်ပြီး မဟာအစီအရင် ပညာရပ်ကို လေ့လာခဲ့ဖူးတယ်။ မဟုတ်သေးဘူး... မင်းသာ တန်ခိုးရှင်သခင်စာရင်းကို တွေ့တယ်ဆိုရင် တန်ခိုးရှင်သခင်အဆင့်ကိုရောက်မှပဲ ဒီအရည်အချင်း ရှိတာ..." သူသည် ယွင်လုံကိုယ်ပွားကို စူးစိုက် ကြည့်နေ၏။

"ဟဟ၊ မပြောပလောက်ပါဘူး။ မကြာသေးခင်ကမှ ဆယ့်လေးအခြေခံ မဟာအစီအရင်ကျွမ်းကျင်သူအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး၊ တုထျန်းအစီအရင်ဂိုဏ်းက ရှီးရှန်းတန်ခိုးရှင်သခင်ဆီမှာ တပည့်ခံခဲ့တာ။ ပြီးတော့ တုထျန်းတန်ခိုးရှင်ဘိုးဘေးရဲ့ တုထျန်းတန်ခိုးရှင်သားတော်အဖြစ် သတ်မှတ် ချီးမြှင့်ခြင်း ခံခဲ့ရတယ်" ယွင်လုံကိုယ်ပွားက ညင်သာစွာ ရယ်မောလိုက်၏။

"တုထျန်းတန်ခိုးရှင်သားတော်..." ချယ်တန့်သည် သူ့ဘာသာရေရွတ်နေမိပြီး တစ်စုံတစ်ခုကို ပြန်လည် သတိရသွားသကဲ့သို့ ဖြစ်သည်၊ "အခု တုထျန်းတန်ခိုးရှင်ဘိုးဘေးက ကျန်ရှန်းလား" သူသည် ယွင်လုံကိုယ်ပွားကို ကြည့်လိုက်၏။

"တန်ခိုးရှင်သခင်စာရင်းအရ ကြည့်ရရင်၊ အခု တုထျန်းတန်ခိုးရှင်ဘိုးဘေးက တကယ်ပဲ ကျန်ရှန်းလို့ ခေါ်တယ်" ယွင်လုံကိုယ်ပွားက ခေါင်းညိတ်လိုက်၏။

"ဟားဟားဟား... တကယ်ပဲ သူကိုး။ အဲ့ဒီတုန်းကသာ မတော်တဆမှု မဖြစ်ခဲ့ရင် ဒီ တုထျန်းတန်ခိုးရှင်ဘိုးဘေးနေရာက၊ ငါ ချယ်တန့်ရဲ့နေရာ ဖြစ်သင့်တာ" ချယ်တန့်က ရုတ်တရက် ရယ်မောလိုက်၏။

"ဒီလို ပြောရရင်၊ တာအိုရောင်းရင်းချယ်တန့်က တကယ်ပဲ တုထျန်းအစီအရင်ဂိုဏ်းက တန်ခိုးရှင်သခင်တစ်ပါးပေါ့" လီချန် (လီချန်၏ ယွင်လုံကိုယ်ပွား) က အံ့ဩစွာ ပြောလိုက်၏။

သူသည် ပုတီးလုံးပေါ်မှ ဆယ့်နှစ်ရှန်ရှား တားမြစ်ချက်ကို ကြည့်ပြီး အချို့အရာများကို မြင်နိုင်သော်လည်း၊ ချယ်တန့်သည် တုထျန်းအစီအရင်ဂိုဏ်းမှ မဟာအစီအရင် ကျွမ်းကျင်သူ ဟုတ်၊ မဟုတ်ကိုမူ အတိအကျ မပြောနိုင်ခဲ့ပေ။ မည်သို့ပင်ဆိုစေ ပုတီးလုံးပေါ်မှ ဆယ့်နှစ်ရှန်ရှား တားမြစ်ချက်သည် ချယ်တန့် ခင်းကျင်းထားခြင်း ဟုတ်၊ မဟုတ်ကို မသေချာပေ။

"လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်တုန်းက ငါနဲ့ ကျန်ရှန်းကို တုထျန်းအစီအရင်ဂိုဏ်းရဲ့ အမွှာညီနောင်လို့ ခေါ်ဝေါ်သမုတ်ခဲ့ကြတယ်။ ဒါပေမဲ့ မဟာအစီအရင်နယ်ပယ်မှာ ငါက ကျန်ရှန်းကို အမြဲတမ်း တစ်ပန်း သာခဲ့တယ်။ ကံဆိုးတာက အဲ့ဒီပစ္စည်းကြောင့် ငါက နောက်ထပ် လမ်းတစ်လမ်းကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့တယ်" ချယ်တန့်က ခါးသက်စွာ ပြုံးလိုက်၏။

ယွင်လုံကိုယ်ပွားသည် စကား မဆိုဘဲ ငြိမ်ငြိမ်လေး နားထောင်နေ၏။

"မင်း အမတနယ်မြေမှာ ကျဲယွီမျိုးနွယ်ဆိုတာ ကြားဖူးလား" ချယ်တန့်က ရုတ်တရက် မေးလိုက်၏။

"ကျဲယွီမျိုးနွယ် ဟုတ်လား" ယွင်လုံကိုယ်ပွားက ခေါင်းခါလိုက်ပြီး၊ "မကြားဖူးဘူး"

"ဒါဆို တန့်ကွေ့မျိုးနွယ်ရော" ချယ်တန့်က ထပ်မံ မေးလိုက်၏။

"တန့်ကွေ့မျိုးနွယ်တော့ ကြားဖူးတယ်။ အရင်တုန်းက အမတနယ်မြေမှာ အစွမ်းထက်တဲ့ မျိုးနွယ်စုတစ်ခုလို့ ပြောကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပျောက်ကွယ်သွားခဲ့တယ်" ယွင်လုံကိုယ်ပွားသည် မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေရင်း နောက်ဆုံးတွင် သဲလွန်စ အနည်းငယ်ကို ရှာဖွေ တွေ့ရှိသွားည်။

မည်သို့ပင်ဆိုစေ ပင်မခန္ဓာကိုယ်သည် အမတနယ်မြေကို နားလည် သဘောပေါက်ရန်အလို့ငှာ ဤနှစ်များအတွင်း ကျမ်းစာအများအပြားကို ဖတ်ရှုခဲ့၏။ မြေခွေးဖြူကိုယ်ပွားသည် တုထျန်းအစီအရင်ဂိုဏ်ေတွင် ဖတ်ရှုခဲ့သော ကျမ်းစာများမှာ ပို၍ပင် များပြားလှသည်။

"တန့်ကွေ့မျိုးနွယ်နဲ့ ကျဲယွီမျိုးနွယ်ဆိုတာ၊ မျိုးနွယ်စု တစ်ခုတည်းကိုပဲ ရည်ညွှန်းတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သိန်းပေါင်းများစွာတုန်းက အမတနယ်မြေရဲ့ နံပါတ်တစ် အစွမ်းအထက်ဆုံး မျိုးနွယ်စုလို့တောင် ခေါ်ဆိုနိုင်တယ်။ လူသားမျိုးနွယ်ပဲ ဖြစ်ဖြစ်၊ မိစ္ဆာမျိုးနွယ်ပဲ ဖြစ်ဖြစ်၊ လမျိုးနွယ် ဒါမှမဟုတ် လူရိုင်းမျိုးနွယ်ပဲ ဖြစ်ဖြစ် အားလုံးက ကျဲယွီမျိုးနွယ်ကို မှီခိုခဲ့ကြရတယ်။ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ နတ်ဆိုးကပ်ဘေးတစ်ခုမှာ ကျဲယွီမျိုးနွယ်က မျိုးတုံးလုနီးပါး ဖြစ်သွားခဲ့တယ်။ တခြားမျိုးနွယ်စုတွေက စတင်ပြီး ထွန်းကားလာခဲ့ကြတာ။ ငါကတော့ ကျဲယွီမျိုးနွယ်ရဲ့မျိုးဆက်တစ်ယောက်ပဲ" ချယ်တန့်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်၏။

"ဒါဆို မင်း ရခဲ့တဲ့ပစ္စည်းက ကျဲယွီမျိုးနွယ်နဲ့ ပတ်သက်နေတာလား" ယွင်လုံကိုယ်ပွား စိတ်လှုပ်ရှားသွားပြီး ချက်ချင်း မေးလိုက်၏။

"ဟုတ်တယ်၊ ကျဲယွီမျိုးနွယ်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ အရင်ကတည်းက ငါ ကျဲယွီမျိုးနွယ် ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် မြှင့်တင်ချင်ခဲ့တာ။ အဲ့ဒီ ပစ္စည်းကိုရပြီးတဲ့ အချိန်ကျမှ နောက်ဆုံးတော့ မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရတယ်" ချယ်တန့်က ပြောလိုက်သည်။

"ဒါဆို တကယ်ပဲ ဘာပစ္စည်းလဲ" ယွင်လုံကိုယ်ပွားသည် အလွန်စူးစမ်းလိုစိတ် ပြင်းပြနေ၏။

သူသည် အချိန်ခေါင်းလောင်းလှိုင်ဂူကောင်းကင်ဘုံ၏ စွမ်းအားကို အသုံးပြုပြီး၊ ဆယ့်နှစ်ရှန်ရှား ကို တဖြည်းဖြည်း ချေဖျက်နိုင်သော်လည်း နောက်ပိုင်းအရှိန်အဟုန်သည် ပိုမို နှေးကွေးလာမည် ဖြစ်ပြီး လုံးဝ ချေဖျက်နိုင်ရန် သုံးလ၊ ငါးလ အချိန်ယူရဖွယ်ရှိသည်ဟု ခန့်မှန်းရ၏။

"အမိန့်ပြားတစ်ချပ်ပဲ" ချယ်တန့်က ပြောလိုက်၏။

"အမိန့်ပြား ဟုတ်လား" ယွင်လုံကိုယ်ပွားသည် ပို၍ပင် အံ့အားသင့်သွားသည်။ အမိန့်ပြားတစ်ချပ်က ဘာကြီးမားတဲ့ လျှို့ဝှက်ချက်မို့လို့လဲ။

"ဟဟ၊ ဒါက သာမန်အမိန့်ပြား မဟုတ်ဘူး။ နတ်ဆိုးနတ်ဘုရားအမိန့်ပြားလို့ ခေါ်တယ်။ အဲ့ဒါကိုသာ ကျင့်ကြံသန့်စင်နိုင်ခဲ့ရင် နတ်ဆိုးနတ်ဘုရားတွေကို အမိန့်ပေးခိုင်းစေနိုင်တဲ့ စွမ်းရည်ကို ရလိမ့်မယ်" ချယ်တန့်က ပြောလိုက်၏။

"နတ်ဆိုးနတ်ဘုရား ဟုတ်လား" ယွင်လုံကိုယ်ပွားက ပြောလိုက်သည်။ "ဒီပစ္စည်းက ဒီလောက် အစွမ်းထက်နေရင် ဘယ်လိုလုပ် မင်းလက်ထဲ ရောက်လာရတာလဲ။ ပြီးတော့၊ မင်းလည်း ကောင်းကင်နဲ့မြေကြီးမှာ နေစရာမရှိအောင် လိုက်သတ်တာခံရမှာ မဟုတ်ဘူးမလား"

"ငါ ပြောပြီးပြီလေ၊ အရင်ဆုံး အဲ့ဒါကို ကျင့်ကြံသန့်စင်နိုင်မှ ဖြစ်မှာလို့" ချယ်တန့်က ပြောလိုက်သည်။ "အရင်တုန်းက ငါ့ရဲ့ကျဲယွီမျိုးနွယ်က အမတနယ်မြေတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့တာက။ ဒီ နတ်ဆိုးနတ်ဘုရားအမိန့်ပြားကို အားကိုးခဲ့လို့ပဲ"

"ဒါဆို ပိုတောင် ထူးဆန်းသွားပြီ။ ကျဲယွီမျိုးနွယ်က နတ်ဆိုးနတ်ဘုရားအမိန့်ပြားကို ပိုင်ဆိုင်ထားလျက်နဲ့ ဘယ်လိုလုပ် မျိုးတုံးသတ်ဖြတ်ခြင်း ခံလိုက်ရသေးတာလဲ" ယွင်လုံကိုယ်ပွားက ပြောလိုက်ပြန်သည်။

"ပြောစကားတွေအရတော့ ငါ့ရဲ့ ကျဲယွီမျိုးနွယ်က ဘိုးဘေးတစ်ပါးက၊ မဖြစ်နိုင်တာကို တွေးတော ကြံစည်ပြီး၊ သူ ထိန်းချုပ်ထားတဲ့ နတ်ဆိုးကို ကျင့်ကြံသန့်စင်ဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒီကနေတစ်ဆင့် ကိုယ်တိုင်က စစ်မှန်တဲ့ နတ်ဆိုးနတ်ဘုရားဖြစ်လာပြီး ထာဝရ အသက်ရှင်ပြီး၊ လောကမှာ အမြဲ တည်ရှိနေဖို့ပေါ့၊ ကံဆိုးတာက သန့်စင်မှု မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာ ထိန်းချုပ်ထားတဲ့ နတ်ဆိုးက ထိန်းချုပ်မှု လွတ်သွားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးကပ်ဘေးတစ်ခုကို ဖြစ်ပွားစေခဲ့တယ်။ ကျဲယွီမျိုးနွယ်တစ်ခုလုံးက နောက်ပြန်ဆောင့်ကန်လိုက်တဲ့ နတ်ဆိုးရဲ့ သတ်ဖြတ်မှုကြောင့် မျိုးတုံးလုနီးပါး ဖြစ်သွားခဲ့ရတာ" ချယ်တန့်က သက်ပြင်းတစ်ချက် ချလိုက်ပြီး၊ "တာအိုရောင်းရင်း၊ မင်း အမတနယ်မြေကို သွားဖူးတယ်ဆိုတော့။ ဟေးကျွယ်နန်းတော်ကို သိလောက်တယ်မလား။ အခု အဲ့ဒီ နတ်ဆိုးက အတွင်းထဲမှာ ချုပ်နှောင်ခံထားရတုန်းပဲ။ နတ်ဆိုးဆိုတာ မသေနိုင် မပျောက်ကွယ်နိုင်ဘူး။ အရင်တုန်းက ထျန်းလန်နတ်ဘုရားအရှင်သခင်ကတောင် အပြီးတိုင် မသုတ်သင်နိုင်ခဲ့ဘဲ ချုပ်နှောင်ထားရုံပဲ တတ်နိုင်ခဲ့တယ်... ဒီ နတ်ဆိုး က တစ်နေ့နေ့မှာ ပေါ်ထွက်လာမှာပဲ။ ဒီ နတ်ဆိုးနတ်ဘုရားအမိန့်ပြား တစ်ခုတည်းကသာ နောက်ဆုံးမှာ ဒီနတ်ဆိုးကို ထိန်းချုပ်နိုင်မှာ"

***

All Chapters