ဆွဲဆောင်သိမ်းသွင်းခြင်း
Vol. 17 Ch. 269
"ဝိညာဉ်သံချပ်ကာ သန့်စင်တဲ့နည်းလမ်း ဟုတ်လား" ချီဧကရာဇ်သားတော်၏မျက်နှာတွင် အံ့ဩသော အရိပ်အယောင်များ ပေါ်လာပြီး၊ ချက်ချင်း ခေါင်းခါလျက် ပြောလိုက်သည်၊ "ဒါကတော့ သေချာပေါက် မရှိပါဘူး။ ဝိညာဉ်သံချပ်ကာအတွက် လိုအပ်တဲ့ ဝိညာဉ်ရွှေ က အရမ်း များလွန်းတယ်။ ပြီးတော့ ဖွဲ့စည်းပုံကလည်း ရှုပ်ထွေးတော့ ဝိညာဉ်လက်နက်အများကြီးကို တစ်ကြိမ်တည်း သန့်စင်ရသလိုပဲ၊ ဝိညာဉ်စွမ်းအင်အပေါ် ကုန်ဆုံးမှုက အရမ်းကြောက်ဖို့ ကောင်းတယ်"
ဝိညာဉ်လက်နက် တစ်ခုတည်းကို သီးသန့် သန့်စင်ရန်မှာပင် သူကဲ့သို့သော တာအိုသားတော်အတွက်၊ ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသည်။ သူ့နောက်ခံအင်အား ကောင်းမွန်သဖြင့်သာ တတ်နိုင်ခဲ့ခြင်းဖြစ်၏။ အကယ်၍ ဝိညာဉ်သံချပ်ကာ ကဲ့သို့သော အစုံလိုက် သဘောသဘာဝရှိသည့် ကာကွယ်ရေး ဝိညာဉ်လက်နက်မျိုးနှင့်သာ လဲလှယ်လိုက်ပါက စိတ်ကူးပင် မယဉ်ဝံ့တော့ပေ။
လီချန်သည် ကြားပြီးနောက်၊ အောက်ဘုံတွင် ဝိညာဉ်သံချပ်ကာ သန့်စင်လိုပါက အဆင်မပြေနိုင်တော့ကြောင်း ချက်ချင်း နားလည်လိုက်၏။
သို့သော် ၎င်းမှာ ပုံမှန်ပင် ဖြစ်သည်။ ဗလာသို့ပြန်ခြင်း အခြေအနေတွင် ပြန်လည်ယူဆောင်လာနိုင်သော ဝိညာဉ်စွမ်းအင်မှာ အလွန်ကန့်သတ်ချက်ရှိပြီး ဝိညာဉ်သံချပ်ကာ သန့်စင်ရန် လိုအပ်သော ဝိညာဉ်စွမ်းအင် မှာမူ အလွန် များပြားလှရာ မည်သူမျှ ပံ့ပိုးနိုင်စွမ်း မရှိပေ။
သူသည် တာအိုလက်နက်အချိန်ခေါင်းလောင်း အလင်းမဲ့အဆင့်ကို ပိုင်ဆိုင်ထား၍သာ... အကယ်၍ အချိန်ခေါင်းလောင်း သည် ဝိညာဉ်လက်နက်အဖြစ်သာ ရှိနေသေးပါက သူလည်း သေချာပေါက် ပံ့ပိုးနိုင်မည် မဟုတ်ပေ။
"ကြည့်ရတာ အထက်ဘုံမှာပဲ ဝိညာဉ်သံချပ်ကာ သန့်စင်ဖို့ နည်းလမ်း ရှာရတော့မယ်ထင်တယ်" လီချန် မိမိဘာသာ ရေရွတ်လိုက်၏။
သို့သော် သူသည် ယခု တက်ရောက်နိုင်သေးခြင်း မရှိဘဲ ဗလာသို့ပြန်ခြင်း အခြေအနေဖြင့် အထက်ဘုံတွင် ဝိညာဉ်သံချပ်ကာ သန့်စင်လိုပါက၊ အခက်အခဲ မည်မျှကြီးမားမည်ကို တွေးကြည့်နိုင်၏။ ဒါပေါ့၊ သူသည် အထက်ဘုံတွင် ဝိညာဉ်သံချပ်ကာ သန့်စ်သည့် နည်းလမ်းကို ရှာဖွေနိုင်သေး၏။ လီဟော့နန်းတော်ကဲ့သို့သော အင်အားစုတွင် ဝိညာဉ်သံချပ်ကာ သန့်စင်သည့် နည်းပညာရှိသင့်ပေသည်။
သို့သော်၊ သူ၏ ဗလာသို့ပြန်ခြင်းအခြေအနေရှိသူ တစ်ဦး၏ အထောက်အထားဖြင့်၊ ဝိညာဉ်သံချပ်ကာ သန့်စင်သည့် နည်းလမ်းကို ရရှိလိုပါက၊ သေချာပေါက် အလွန် ခက်ခဲပေလိမ့်မည်။ တစ်လှမ်းချင်းစီ လျှောက်လှမ်းသွားရုံသာ ရှိတော့၏။
ကံဆိုးသည်မှာ ယခင်တစ်ကြိမ် ထျန်းလန်နတ်ဘုရားစံအိမ် အတွင်း၌၊ မည်သည့် ဝိညာဉ်သံချပ်ကာ သန့်စင်သည့် နည်းလမ်းကိုမျှ မရရှိခဲ့ခြင်း ဖြစ်၏။ ထို ထျန်းလန်နတ်ဘုရားအရှင်သခင်၏ အမြင်တွင်၊ အောက်ဘုံ၌ မည်သူမျှ ဝိညာဉ်သံချပ်ကာ သန့်စင်နိုင်စွမ်း မရှိသဖြင့် ဝိညာဉ်သံချပ်ကာ သန့်စင်သည့်နည်းလမ်းကို ချန်ထားခဲ့ရန်လည်း မလိုအပ်တော့ဟု ခန့်မှန်းရ၏။
"ဒါဆို မင်း အရင်ဆုံး ဝိညာဉ်ရွှေ နည်းနည်း ပို့ပေးလိုက်ပါ" လီချန်က ပြောလိုက်၏။
ဝိညာဉ်ရွှေကို အရင်ပြင်ဆင်ထားပြီးမှ ဆက်ပြောရမည်။ ထိုအချိန်တွင် ဝိညာဉ်သံချပ်ကာ သန့်စင်သည့် နည်းလမ်းကို ရရှိပါက အချိန်မရွေး သန့်စင်နိုင်ပေပြီ။
"ကောင်းပါပြီ၊ ကျွန်တော် ချက်ချင်း သွားလုပ်လိုက်ပါ့မယ်" ချီဧကရာဇ်သားတော်က အလျင်အမြန် ခေါင်းညိတ်ရင်း ပြောလိုက်၏။
ချီဧကရာဇ်သားတော် ထွက်ခွာသွားပြီးနောက်၊ လီချန်သည် သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ ဤ ထာဝရဧကရာဇ်မျိုးနွယ်၏ သဘောထားမှာ အနည်းငယ် ပူးပေါင်းဆောင်ရွက်မှု လွန်ကဲနေသည် မဟုတ်လား။ ချီဧကရာဇ်သားတော် သူ့သမီးကိုပင် ပို့ဆောင်လာပြီး၊ သူ့ထံ၌ တပည့်ခံစေခြင်းနှင့် ပေါင်းစပ်လိုက်လျှင်...
လီချန်သည် ထာဝရဧကရာဇ်မျိုးနွယ် ၏ အတွေးအကြံကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်၏။ သူတို့ ခန့်မှန်းသည်မှာ သူသည် နောင်အနာဂတ်တွင် အထက်ဘုံ သို့ သေချာပေါက် တက်ရောက်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ဤ နတ်ဆိုးနတ်ဘုရားအမိန့်ပြားကို ချန်ထားခဲ့ပါက... ရှင်းကျွေး၏ လက်ထဲသို့ ကျရောက်နိုင်ခြေအများဆုံး ဖြစ်သည်ဟု တွက်ဆထားခြင်း ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေ ရှင်းကျွေး၏ ပါရမီမှာ အမြင့်မားဆုံး ဖြစ်ပြီး၊ အရောင်ငါးမျိုး အလင်းမဲ့အဆင့်သို့ ရောက်ရှိနေသည်... သူ့ဂိုဏ်းသား တပည့်အားလုံးထဲတွင် မည်သူမျှ မယှဉ်နိုင်ဘဲ နောင်အနာဂတ် အောင်မြင်မှုသည်လည်း သဘာဝကျကျ မည်သူမျှ မယှဉ်နိုင်ပေ။
"ဟဟ၊ ဒီ တွက်ကိန်းတွက်ထားတာကတော့ တော်တော်လေး ပါးနပ်တာပဲ" လီချန် အနည်းငယ် ပြုံးလိုက်၏။
သူ တက်ရောက်သည့် အချိန်ကျမှ၊ နတ်ဆိုးနတ်ဘုရားအမိန့်ပြားကို မည်သို့ စီမံခန့်ခွဲမည်မှာ အနာဂတ်၏ ကိစ္စရပ် ဖြစ်၏။ ထို့အပြင်... သူ အမှန်တကယ် တက်ရောက်နိုင်လျှင်ပင်၊ လွယ်လွယ်ကူကူ တက်ရောက်မည် မဟုတ်ပေ။
အထက်ဘုံ ကို အပြီးတိုင် နားမလည်မီ၊ သူသည် အောက်ဘုံတွင် နေထိုင်ခြင်းက အလုံခြုံဆုံး ဖြစ်သည်ဟု တွေးထင်မိ၏။
..........
နောက်ထပ် ဆယ်နှစ်ကျော် ကြာမြင့်သွားပြန်၏။
လီချန် အကြိမ်များစွာ ဗလာသို့ပြန်ခြင်း အခြေအနေသို့ ဝင်ရောက်ခဲ့ပြီး၊ တိုးတက်မှုမှာ ထင်ရှားလှ၏။ ကံဆိုးသည်မှာ၊ သူ၏အထက်ဘုံအပေါ် နားလည်မှုမှာ ယခင်အတိုင်း များစွာတိုးပွားလာခြင်း မရှိသေးပေ။
ဗလာသို့ပြန်ခြင်းအခြေအနေရှိသူ အားလုံးသည် မိမိတို့၏ မျှော်စင်အဆောက်အအုံအတွင်း၌သာ ကျင့်ကြံရန် သတ်မှတ်ထားခြင်း ခံရ၏... မျှော်စင် အဆောက်အအုံမှ ထွက်ခွာလိုပါက... တာဝန်ရှိသည့် အချိန်မှလွဲ၍ ဖြစ်၏။
တစ်နည်းဆိုရလျှင်၊ လီချန်အပါအဝင် ဤစုဆောင်းတာဝန်ပေးခြင်းခံထားရသော ဗလာသို့ပြန်ခြင်းအခြေအနေရှိသူများသည် အကျဉ်းချခြင်းခံထားရသကဲ့သို့ပင် ဖြစ်၏။
ဒါပေါ့၊ အခြား ဗလာသို့ပြန်ခြင်းအခြေအနေရှိသူများအဖို့ ဤ မျှော်စင် အဆောက်အအုံထဲမှ ကျင့်ကြံမှု အခြေအနေများမှာ အလွန်ကောင်းမွန်ပြီး၊ အပြင်ဘက်ထက် များစွာသာလွန်သည်။ လွတ်လပ်ခွင့်ကန့်သတ်ခြင်းခံရသည် ဆိုခြင်းမှာမူ အခြေခံအားဖြင့် မည်သည့်သက်ရောက်မှုမျှ မရှိပေ။
တာဝန်ထမ်းဆောင်သည့်အချိန်၌သာလျှင် ကြီးမားသော အန္တရာယ်ရှိ၏။ တစ်ကြိမ် သေဆုံးခြင်း၏ ဘေးထွက်ဆိုးကျိုးမှာ အတော်လေး ကြီးမားလှ၏။
ခြုံငုံ၍ဆိုရလျှင်၊ မျှော်စင် အဆောက်အအုံတစ်ခုချင်းစီတိုင်း၏အတွင်း၌၊ အလွန်တိတ်ဆိတ်ငြိမ်သက်လှ၏။ မည်သို့ပင်ဖြစ်စေ ဗလာသို့ပြန်ခြင်းအခြေအနေရှိသူများအဖို့၊ ဗလာသို့ပြန်ခြင်း အခြေအနေသို့ ဝင်ရောက်သည့် အကြိမ်တိုင်း နေထိုင်ရသော အချိန်မှာ နှစ်ရက်၊ သုံးရက်မျှသာ ဖြစ်သဖြင့် အနည်းငယ်မျှ သက်ရောက်မှု မရှိပေ။
သို့သော် လီချန်မှာမူ အနည်းငယ် စိတ်ညစ်ရလေသည်။ မည်သို့ပင်ဆိုစေ သူသည် အပြင်ဘက်မှ အခြေအနေများကို များများသိရှိလိုသေး၏။ သူသည် မျှော်စင်အဆောက်အအုံအတွင်းမှ အခြားသူများနှင့် စကားပြောဆိုရန် ကြိုးစားခဲ့ဖူးသော်လည်း... အများစုမှာ အလွန်သတိကြီးကြပြီး၊ ဆက်ဆံရေး ပြုလုပ်ရန် သိပ်မလွယ်ကူပေ။ ထို့အပြင် ၎င်းတို့ သိရှိထားသော အချက်အလက်များမှာလည်း အလွန်ကန့်သတ်ချက် ရှိ၏။
သို့သော် သူသည် အထပ်ကိုးဆယ့်ကိုးထပ်တွင် နေထိုင်သော လူသားမျိုးနွယ်ဗလာသို့ပြန်ခြင်းအခြေအနေရှိသူတစ်ဦး၏ နှုတ်မှ၊ အရေးကြီးသော သတင်းတစ်ခုကို ရရှိခဲ့၏။ ၎င်းမှာ အထပ် တစ်ရာသို့ ဝင်ရောက် နေထိုင်နိုင်သော ပြည့်စုံသောဗလာသို့ပြန်ခြင်း ရှိသူများသည် မျှော်စင် အဆောက်အအုံမှ ထွက်ခွာနိုင်မည့် အခွင့်အရေးရှိသည်ဟု ပြောလိုက်၏...
မည်သည့်နေရာသို့ သွားရသည်ကိုမူ... မသိရှိရပေ။ ပြည့်စုံသောဗလာသို့ပြန်ခြင်းသို့ ရောက်ရှိပြီး၊ အထပ် တစ်ရာသို့တက်ရောက်နိုင်မှသာလျှင် သိရှိနိုင်မည် ဖြစ်၏... ဤဗလာသို့ပြန်ခြင်းအခြေအနေရှိသူသည် အဆုံးစွန်ဗလာသို့ပြန်ခြင်းသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ တစ်လှမ်း လိုနေသေးသဖြင့် ဤအချက်အလက်များကိုသာ သိရှိရုံမျှသာ ဖြစ်၏။
"ပြည့်စုံသောဗလာသို့ပြန်ခြင်းကို ရောက်သွားရင် လီဟော့နန်းတော်က တရားဝင်အဖွဲ့ဝင်အဖြစ် စုဆောင်းခံရမယ့် အခွင့်အရေး ရှိတာလား" လီချန် စိတ်ထဲမှတွေးလိုက်၏။
ကံဆိုးသည်မှာ ပိုမိုများပြားသော အချက်အလက်များ မရှိသဖြင့် တိကျသော သုံးသပ်ချက်ကို မပြုလုပ်နိုင်ပေ။ သို့သော် ကိစ္စမရှိပေ၊ သူ ပြည့်စုံသောဗလာသို့ပြန်ခြင်းသို့ ရောက်ရှိသွားလျှင် သိရှိနိုင်ပေလိမ့်မည်။ သူ၏ ယခု အရှိန်အဟုန်အရ... နှစ်တစ်ရာအတွင်း၊ ပြည့်စုံသောဗလာသို့ပြန်ခြင်းသို့ ရောက်ရှိရန်မှာ မည်သည့် ပြဿနာမျှ မရှိနိုင်ပေ။
ဤနေ့တွင် လီချန်သည် ဗလာသို့ပြန်ခြင်း အခြေအနေသို့ နောက်တစ်ကြိမ် ဝင်ရောက်ခဲ့ပြီး၊ မျှော်စင် အဆောက်အအုံ ကိုးဆယ့်တစ်ထပ်ရှိ ကျင့်ကြံရာအခန်းထဲတွင် ပေါ်ထွက်လာ၏။
လီချန်သည် အကျင့်ပါနေသည့်အတိုင်း ဆေးပုလင်းကို ကောက်ယူလိုက်ပြီး၊ ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံး တစ်လုံးကို ထုတ်ယူကာ၊ မျိုချလိုက်ပြီးနောက်၊ ကျင့်ကြံလေသည်။
အချိန် မည်မျှ ကြာမြင့်သွားသည် မသိ၊ ရုတ်တရက် အသံတစ်သံသည် ကျင့်ကြံရာအခန်းထဲတွင် ထွက်ပေါ်လာ၏။ "လီချန်၊ မျှော်စင် အဆောက်အအုံဝင်ပေါက်ကိုလာခဲ့"
လီချန် အလွန် ကြောင်သွား၏။ ဘာ အခြေအနေလဲ။
သူ မျှော်စင်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ပြီးနောက်၊ ယခင်တစ်ကြိမ် တာဝန် ထမ်းဆောင်သည်မှလွဲ၍ ဤအခန်းထဲမှအသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခြင်း မရှိခဲ့ဖူးပေ။ ထို့အပြင် ဤတစ်ကြိမ် အသံသည်၊ တာဝန် ထမ်းဆောင်ရန် ဖြစ်ပုံမပေါ်ပေ။ နာမည်ကိုပင် တိုက်ရိုက် ခေါ်ဆိုသေး၏။
ဤသည်မှာ သူ့ကို အနည်းငယ် စိတ်မတည်မငြိမ် ဖြစ်သွားစေ၏။ မည်သို့ပင်ဆိုစေ သူ့ယခု အစွမ်းမှာ အလွန်အားနည်းလှသေးပြီး၊ မည်သည့် အန္တရာယ်ကိုမျှ ခုခံနိုင်စွမ်း မရှိပေ။
သူ အသက် ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး၊ ကျင့်ကြံရာအခန်းမှ ထွက်ခွာကာ လှေကားအတိုင်း ဆင်းသွားလေသည်။ မျှော်စင် အဆောက်အအုံ ဝင်ပေါက်သို့ ရောက်ရှိသောအခါ၊ လီချန်သည် အနက်ရောင်သံချပ်ကာစစ်သည်တော်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရ၏။
"လူကြီးမင်း၊ ဘာကိစ္စ ရှိလို့လဲ မသိဘူး" လီချန် အရိုအသေပေးပြီးနောက် အလျင်အမြန် မေးလိုက်၏။
"ငါ့နောက် လိုက်ခဲ့" အနက်ရောင်သံချပ်ကာစစ်သည်တော်သည် မျက်နှာအမူအရာမဲ့နေ၏။ ဤသည်မှာ လီချန်ကို ပို၍ပင် စိတ်မတည်မငြိမ် ဖြစ်သွားစေ၏။
ဤသည်မှာ လီချန် မျှော်စင်အဆောက်အအုံမှ ဒုတိယအကြိမ် ထွက်ခွာခြင်းဖြစ်၏။ အပြင်ဘက်တွင် ဟာလာဟင်းလင်းဖြစ်နေပြီး၊ လူတစ်ယောက်မျှ မရှိပေ။ သူသည် ဘေးဘယ်ညာ အရပ်လေးမျက်နှာကို ဝေ့ဝဲ ကြည့်ရှုလိုက်ရာ၊ မျှော်စင်အဆောက်အအုံများမှာ ထူထပ်လှပြီး မည်မျှ ရှိသည် မသိ...
အနက်ရောင်သံချပ်ကာစစ်သည်တော်က လက်ဝှေ့ယမ်းလိုက်ရာ နှစ်မီတာခန့် ရှိသော ပျဉ်ပြားတစ်ချပ် ပေါ်ထွက်လာပြီး၊ မြေပြင်မှ သုံးပေအကွာတွင် လွင့်မျောနေ၏။ အနက်ရောင်သံချပ်ကာစစ်သည်တော်သည် တိုက်ရိုက် ခုန်တက်လိုက်၏။ ဤပျဉ်ပြားသည် အံ့ဩစရာကောင်းစွာ အနည်းငယ်မျှ လှုပ်ခါသွားခြင်း မရှိပေ။
"ပျံသန်းတဲ့ ပျဉ်ပြားဟုတ်လား" လီချန်သည် ဤ ပျဉ်ပြားပေါ်တွင် လင်းလက်နေသော ထူးဆန်းသည့် ဝိညာဉ်အလင်းရောင် လှိုင်းများကို ကြည့်လိုက်သည်။ ၎င်းမှာ ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်မှာ ထင်ရှား၏။ သို့ဖြစ်၍ လီချန်သည်လည်း ခုန်တက်လိုက်၏။
"မြဲမြဲ ရပ်နေ" အနက်ရောင်သံချပ်ကာစစ်သည်တော်က တစ်ခွန်းဆိုလိုက်ပြီး၊ နောက်တစ်ခဏတွင် ပျံသန်းသည့် ပျဉ်ပြားသည် ပြင်းထန်စွာ တုန်ခါသွားကာ လျင်မြန်စွာ ပျံသန်း ထွက်ခွာသွားသည်။ ရုတ်တရက် အရှိန်မြှင့်လိုက်မှုကြောင့် လီချန် လွင့်စင် မကျသွားရုံတမယ်ပင်။
လီချန်၏ကျင့်ကြံမှုအဆင့် မနိမ့်ကျလှသဖြင့် ကံကောင်းသွားသည်။ အကြိမ်အနည်းငယ် ယိမ်းထိုးသွားပြီးနောက် တည်ငြိမ်စွာ ရပ်နိုင်ခဲ့၏။ ပျံသန်းသည့် ပျဉ်ပြား ပျံသန်းသွားရာ နေရာတိုင်းတွင် မျှော်စင်အဆောက်အအုံ ဧရိယာများသာ ဖြစ်ပြီး၊ ရာပေါင်း ထောင်ပေါင်းများစွာ... ဤ မျှော်စင် အဆောက်အအုံဧရိယာတွင် ဗလာသို့ပြန်ခြင်းအခြေအနေရှိသူများ မည်မျှ နေထိုင်သည်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှ၏။
ကြည့်ရသည်မှာ ယခင်တစ်ကြိမ် တာဝန် ထမ်းဆောင်စဉ်က တွေ့မြင်ခဲ့ရသော ဗလာသို့ပြန်ခြင်းအခြေအနေရှိသူများသည် အလွန်သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်လောက်၏။ ထို့အပြင်၊ လီချန်သည် မျှော်စင် အဆောက်အအုံများကြားတွင် ပျံသန်းသည့် ပျဉ်ပြားများကို စီးနင်းနေသော အနက်ရောင်သံချပ်ကာစစ်သည်တော်များ နေရာအနှံ့သွားလာနေကြသည်ကိုလည်း တွေ့မြင်ရသည်...
မျှော်စင်အဆောက်အအုံဧရိယာ၏ အပြင်ဘက်တွင် ကြီးမားလှသော နံရံတစ်ခုရှိပြီး၊ မျှော်စင် အဆောက်အအုံဧရိယာတစ်ခုလုံးကို ပိတ်ဆို့ထား၏။
ပျံသန်းသည့် ပျဉ်ပြားသည် ကြီးမားသောနံရံ၏ အပေါက်တစ်ခု၏ရှေ့သို့ရောက်ရှိလာပြီး၊ ထို့နောက် အောက်သို့ ဆင်းသက်သွား၏။ ဤသည်မှာ အပေါက်တစ်ခုဟု ထင်ရသော်လည်း၊ အတွင်းပိုင်း နေရာမှာ အတော်အတန် ကြီးမားပြီး၊ မျှော်စင်အဆောက်အအုံအတွင်းမှ ကျင့်ကြံရာ အခန်းထက် များစွာ ကျယ်ဝန်းလှ၏။
အနီရောင်သံချပ်ကာနှင့်အမျိုးသမီးတစ်ဦး ရပ်နေ၏။
"သခင်မလေး" အနက်ရောင်သံချပ်ကာစစ်သည်တော် က အနီရောင်သံချပ်ကာနှင့်အမျိုးသမီးထံသို့ အလျင်အမြန် အရိုအသေပေးကာ ရိုသေစွာ ပြောလိုက်သည်။ "သခင်မလေး လိုချင်တဲ့လူကို ခေါ်လာခဲ့ပါပြီ"
အနီရောင်သံချပ်ကာနှင့်အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး၊ လီချန်ကို ကြည့်လိုက်၏။ လီချန်သည် ဤအနီရောင်သံချပ်ကာနှင့်အမျိုးသမီးကို အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရသည်။ ဤသည်မှာ ယခင်တစ်ကြိမ် တာဝန် ထမ်းဆောင်စဉ်က နောက်ဆုံး တွေ့ဆုံခဲ့ရသော အနီရောင်သံချပ်ကာနှင့်အမျိုးသမီး မဟုတ်လား။
"မင်း တော်တော်လေး အရည်အချင်းရှိတယ်" အနီရောင်သံချပ်ကာနှင့် အမျိုးသမီးက ပြောလိုက်သည်၊ "မင်းသာ ငါ့အတွက် အစွမ်းကုန် ကြိုးစားပေးဖို့ ဆန္ဒရှိမယ်ဆိုရင်၊ ငါ မင်းကို သင်ကြားပေးနိုင်တယ်" သူမ၏အသံသည် အနည်းငယ် ယောက်ျားဆန်သော်လည်း အလွန် ကြည်လင်လှရာ၊ လူကို ကြားပြီးနောက်၊ မှတ်ဉာဏ်ထဲတွင် အလွန် စွဲထင်စေ၏။
"လူကြီးမင်း၊ ဒါက အရင်ကနဲ့ ဘာကွာခြားလို့လဲ" လီချန်က မေးလိုက်၏။ ဤအနီရောင်သံချပ်ကာနှင့်အမျိုးသမီး အလွန် အစွမ်းထက်သော်လည်း၊ လီချန်ထံတွင် အလွန်အမင်း ကြောက်ရွံ့ ရိုသေသော စိတ်မရှိပေ။ မည်သို့ပင်ဆိုစေ ဗလာသို့ပြန်ခြင်းအခြေအနေရှိသူတစ်ဦးအနေဖြင့် အစကတည်းက မသေနိုင်ပေ။
"ကွာခြားချက်က အကြီးကြီးပဲ" အနီရောင်သံချပ်ကာနှင့်အမျိုးသမီးက အနည်းငယ် ပြုံးလိုက်ပြီး၊ "အရင်တုန်းက မင်းက၊ စတေးခံအမြောက်စာတစ်ယောက် အနေနဲ့ပဲ။ ဒါပေမဲ့ ငါ့နောက် လိုက်ရင်၊ နောင်အနာဂတ်မှာ မင်း ပြည့်စုံသောဗလာသို့ပြန်ခြင်းကိုရောက်တဲ့အခါ လီဟော့နန်းတော် ရဲ့ တရားဝင် အထောက်အထားကို ရရှိနိုင်လိမ့်မယ်"
"လူကြီးမင်း၊ ဒီ တရားဝင် အထောက်အထားက နတ်ဘုရားအထောက်အထား (အမတအထောက်အထား) လား" လီချန်က စူးစမ်းစွာ မေးလိုက်၏။
" နတ်ဘုရားအထောက်အထား ဟုတ်လား" အနီရောင်သံချပ်ကာနှင့်အမျိုးသမီးသည် ကြားပြီးနောက် ဦးစွာ အံ့ဩသွားပြီး ချက်ချင်း တခစ်ခစ် ရယ်မောလိုက်သည်၊ "မင်းက တကယ်ကို တွေးတတ်တာပဲ... ငါတို့ လီဟော့နန်းတော်မှာ နတ်ဘုရားအထောက်အထားကိုရရှိဖို့ အရည်အချင်း ရှိတဲ့သူ တစ်ယောက်မှ မရှိဘူး"
လီချန် အလွန်အမင်း တုန်လှုပ်သွား၏။ လီဟော့နန်းတော်တစ်ခုလုံးတွင် နတ်ဘုရားအထောက်အထားရှိသူ တစ်ယောက်မျှ မရှိဘူးလား။ လီဟော့နန်းတော်သည် အထက်ဘုံတွင် တရားမဝင် အဖွဲ့အစည်းတစ်ခုများ ဖြစ်နေတာလား။
"လူကြီးမင်း၊ ကျွန်တော်က အောက်ဘုံမှာ အထက်ဘုံက နတ်ဘုရားအထောက်အထားကိစ္စနဲ့ ပတ်သက်ပြီး ကြားဖူးလို့။ ဒါကြောင့် ဒီ မေးခွန်းကို မေးမိတာပါ" လီချန်က ပြောလိုက်၏။
"ငါတို့ လီဟော့နန်းတော်ရဲ့ တရားဝင်အထောက်အထားက နတ်ဘုရားအထောက်အထားတော့ မဟုတ်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ငါတို့ လီဟော့နန်းတော်ရဲ့ ပိုင်နက်အတွင်းမှာ တော်တော်လေး အသုံးဝင်တယ်... ပုံမှန်အခြေအနေအရ၊ မင်း ပြည့်စုံသောဗလာသို့ပြန်ခြင်းကို ရောက်သွားရင်တောင် မျှော်စင်အဆောက်အအုံဧရိယာကနေလွတ်မြောက်ပြီး၊ တရားဝင် အထောက်အထားကို ရရှိဖို့ အခက်အခဲက အရမ်းကြီးမားတယ်။ ကြီးမားတဲ့ကုသိုလ်တော် တစ်ခုခုလုပ်ဆောင်နိုင်ခဲ့ရင်တော့ တစ်မျိုးပေါ့" အနီရောင်သံချပ်ကာနှင့်အမျိုးသမီးက ညင်သာစွာ ရယ်မောလိုက်ပြီး၊ "ဒါပေမဲ့ မင်းသာ ငါ့အတွက် အစွမ်းကုန် ကြိုးစားပေးမယ်ဆိုရင် ဒီအခက်အခဲကို အများကြီးလျှော့ချနိုင်တယ်။ ဘာလို့လဲဆိုတော့ ငါ့မှာ မင်းရဲ့ အဆင့်အတန်း အထောက်အထားကို မြှင့်တင်ပေးနိုင်တဲ့ အခွင့်အာဏာရှိလို့ပဲ"
"လူကြီးမင်း၊ ဒါဆို ကျွန်တော် ဘာကို ပေးဆပ်ရမလဲ" လီချန်သည် ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။
"သေချာပေါက် မင်းရဲ့ သစ္စာစောင့်သိမှုပေါ့... ဒါပေါ့၊ မင်း ပြည့်စုံသောဗလာသို့ပြန်ခြင်း မရောက်ခင်မှာ မင်း ဘာမှလုပ်စရာမလိုဘူး၊ ကျင့်ကြံနေရုံပဲ။ ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးကို အကန့်အသတ်မရှိ ပံ့ပိုးပေးမယ်။ မင်းကို နတ်ဘုရားတစ်ပိုင်းအဆင့် ဓားသိုင်းပညာတစ်ခု၊ အဆင့်နိမ့် ဝိညာဉ်ရွှေ သံချပ်ကာအကြမ်းတစ်စုံနဲ့ အဆင့်သုံး ဝိညာဉ်သံချပ်ကာ သန့်စင်နည်းတစ်ခု ပေးမယ်" အနီရောင်သံချပ်ကာနှင့် အမျိုးသမီးက ပြုံးလျက်ပြောလိုက်၏။ သူမသည် လီချန် ဤသို့သော အခြေအနေများကို ငြင်းပယ်နိုင်လိမ့်မည်ဟု မထင်ပေ။
လီချန် လုံးဝ မှင်တက်သွား၏။ အခြေအနေများ... အနည်းငယ် ကောင်းလွန်းနေသည် မဟုတ်လား။
သူ မတည်ငြိမ်ခြင်း မဟုတ်ဘဲ အနီရောင်သံချပ်ကာနှင့်အမျိုးသမီး ပေးသော အရာများမှာ အလွန် များပြားလွန်းနေ၏။ သူသည် ယခင်က ဝိညာဉ်သံချပ်ကာ သန့်စင်သည့် နည်းလမ်းကို မည်သို့ ရရှိရမည်ကို တွေးတောနေခဲ့သော်လည်း၊ ယခု တစ်ဖက်လူသည် ဝိညာဉ်သံချပ်ကာ သန့်စင်သည့် နည်းလမ်းကို ပေးနိုင်ရုံသာမက ဝိညာဉ်ရွှေ သံချပ်ကာအကြမ်း တစ်စုံကိုပင် ပေးအပ်နိုင်သေးသည်...
ဤသည်မှာ လီချန်ကို မျှော်လင့်မထားသော မျက်နှာသာပေးမှုကို ခံစားလိုက်ရသကဲ့သို့ ဖြစ်စေ၏။
"လူကြီးမင်း၊ ကျွန်တော်က သာမန် ဗလာသို့ပြန်ခြင်းအခြေအနေရှိသူတစ်ယောက်ပါ။ ဘယ်လို အရည်အချင်းမျိုး ရှိလို့ ခင်ဗျားက ဒီလောက် အလေးထားရတာလဲ"
"မင်း လောဘသားရဲရဲ့ မျိုချမှုအောက်ကနေ အသက်ရှင် လွတ်မြောက်လာနိုင်တာနဲ့တင် မင်းရဲ့ အရည်အချင်းကို သက်သေပြဖို့ လုံလောက်နေပါပြီ" အနီရောင်သံချပ်ကာနှင့်အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။ "ထပ်ပြောရရင်၊ မင်းက ဓားတာအိုအငွေ့အသက်ကိုတောင် နားလည် သဘောပေါက်ထားပြီး၊ ဝိညာဉ်ဓားနှစ်လက်ကို သန့်စင်ထားသေးတယ်။ ဒါက ဗလာသို့ပြန်ခြင်းအခြေအနေရှိသူတွေထဲမှာ တော်တော်လေး ရှားပါးတယ်"
"နောင်အနာဂတ်မှာ မင်း ဒီနေရာမှာပဲ ကျင့်ကြံ၊ ဒီကြီးမားတဲ့နံရံရဲ့ အပြင်ဘက်ကို မထွက်သွားသရွေ့ မင်း လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်တယ်။ ဒါပေမဲ့ မင်း မှတ်ထားရမှာက၊ ဒီနေရာမှာ အနက်ရောင်သံချပ်ကာနဲ့ မီးခိုးရောင် သံချပ်ကာ နှစ်မျိုးကလွဲလို့ တခြားသံချပ်ကာဝတ်ထားတဲ့ စစ်သည်တော်တွေနဲ့ တွေ့ရင် လုံးဝ သွားမစော်ကားမိစေနဲ့။ မဟုတ်ရင် ငါလည်း မင်းကို အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူး" အနီရောင်သံချပ်ကာနှင့်အမျိုးသမီးက သတိပေး ပြောလိုက်သည်၊ "သခင်မလေး စိတ်ချပါ၊ ကျွန်တော် မှတ်ထားလိုက်ပါ့မယ်"
လီချန်က အလျင်အမြန် ပြောလိုက်၏။ အနီရောင်သံချပ်ကာနှင့်အမျိုးသမီးက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ကာ လှုပ်ရှားလိုက်သည်။ နောက်ဘက်မှ နံရံတစ်ခု အတွင်းသို့ နစ်မြုပ်သွားပြီး ပျောက်ကွယ်သွားလေသည်။
ဘေးတွင် ရပ်နေသော ထိုအနက်ရောင်သံချပ်ကာစစ်သည်တော်သည် အနီရောင်သံချပ်ကာနှင့် အမျိုးသမီး ထွက်ခွာသွားပြီးနောက် လီချန်ကို ပြောလိုက်သည်၊ "ဒါက သခင်မလေး ချီးမြှင့်တဲ့ ပစ္စည်းတွေပဲ။ အားလုံး ဒီထဲမှာ... နောက်ပြီး၊ မင်း နောင်အနာဂတ်မှာ လိုအပ်တဲ့ ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးတွေ အားလုံးကို ငါ့ဆီမှာ လာတောင်းလို့ရတယ်"
ဤသို့ ပြောရင်း သူသည် အဝတ်အိတ်တစ်လုံး(သိုလှောင်အိတ်)ကို လီချန်ထံသို့ ပစ်ပေးလိုက်၏။
"လူကြီးမင်းကို ကျေးဇူးတင်ပါတယ်" လီချန်က အလျင်အမြန် ပြောလိုက်၏။
အနက်ရောင်သံချပ်ကာစစ်သည်တော် သည် ထွက်ခွာရန် ပြင်လိုက်စဉ် လီချန်က မေးလိုက်သည်၊ "လူကြီးမင်းကို ဘယ်လို ခေါ်ဝေါ်ရမလဲ မသိသေးဘူး"
"မင်း ငါ့ကို အသင်းခေါင်းဆောင် ကျန်းလို့ ခေါ်ရင် ရပြီ" အနက်ရောင်သံချပ်ကာစစ်သည်တော် သည် စကားဆုံးသည်နှင့် ပျံသန်းသည့် ပျဉ်ပြားကို နင်းစီးကာ ထွက်ခွာသွား၏။
သို့ဖြစ်၍၊ ဤအပေါက်နေရာအတွင်း၌ လီချန် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။ သူသည် ရှေ့မှောက်ရှိ အဝတ်အိတ်ကို ကိုင်လိုက်ပြီး၊ ချက်ချင်း ဝိညာဉ်အာရုံဖြင့် စူးစမ်းလိုက်ရာ၊အတွင်း၌ နေရာလွတ်တစ်ခု ရှိပြီး ပစ္စည်း အနည်းငယ် ထည့်ထား၏။
အနက်ရောင် ဝိညာဉ်သံ သံချပ်ကာအကြမ်းတစ်စုံ။ သံချပ်ကာအကြမ်း ဆိုသည်မှာ သံချပ်ကာ ပုံစံအဖြစ်သို့ထုလုပ်ပြီးဖြစ်သော်လည်း၊ ဝိညာဉ်သံချပ်ကာ သန့်စင်သည့် နည်းလမ်းဖြင့် သန့်စင် ခြင်း မပြုရသေး... သီးသန့် သံချပ်ကာအကြမ်းမျှသာ ဖြစ်၏။ သို့သော် သံချပ်ကာအကြမ်းသာ ဖြစ်လျှင်ပင် လိုအပ်သော ဝိညာဉ်သံပမာဏမှာ အလွန် ကြီးမားလှ၏။
"ကြည့်ရတာ ဟို အနက်ရောင်သံချပ်ကာစစ်သည်တော်တွေ... ဝတ်ထားတဲ့ အနက်ရောင်သံချပ်ကာက ဒီလို ပုံစံတူ ဝိညာဉ်သံချပ်ကာပဲ ဖြစ်လောက်တယ်" လီချန် စိတ်ထဲမှ တွေးလိုက်၏။
သူသည် ကျောက်စိမ်းပြားတစ်ချပ်ကို ထပ်မံကောက်ယူလိုက်ပြီး၊ ဝိညာဉ်အာရုံဖြင့် အာရုံခံလိုက်ရာ၊ အတွင်းမှ အချက်အလက်များကို ရရှိလိုက်၏။ ၎င်းမှာ အဆင့်သုံး ဝိညာဉ်သံချပ်ကာ သန့်စင်ပညာတစ်ခု ဖြစ်နေသည်။ ဟေးရှား ဝိညာဉ်သံချပ်ကာ ဟု အမည်ရ၏။
ဝိညာဉ်နတ်ဘုရား သုံးပါးကို ထည့်သွင်း သန့်စင်နိုင်ပြီး၊ ဤ ဝိညာဉ်နတ်ဘုရား သုံးပါးမှာ၊ တိရှားဝိညာဉ်နတ်ဘုရား၊ ထျန်းရှား ဝိညာဉ်နတ်ဘုရားနှင့် ရှင်းရှားဝိညာဉ်နတ်ဘုရားတို့ ဖြစ်ကြသည်။ လှုံ့ဆော်လိုက်သည်နှင့် ရှားကန်သုံးထပ်ကို တည်ဆောက်နိုင်ပြီး ကာကွယ်ရေး စွမ်းအား အလွန်အစွမ်းထက်၏။
ဝိညာဉ်သံချပ်ကာသန့်စင်သည့် နည်းလမ်းသည် လီဟော့နန်းတော်တွင် အဆင့်အတန်း မမြင့်မားသော အမျိုးအစား ဖြစ်လောက်သော်လည်း... ယခု လီချန်အတွက်တော့ အလွန်အမင်း ရခဲလှသည်ဟု သတ်မှတ်နိုင်၏။
သူသည် ဒုတိယ ကျောက်စိမ်းပြားတစ်ချပ်ကို ထပ်မံ ကောက်ယူလိုက်ရာ အံ့ဩစရာကောင်းလောက်အောင်ပင် နတ်ဘုရားတစ်ပိုင်းအဆင့် ဓားသိုင်းပညာတစ်ခု ဖြစ်နေ၏။ နတ်ဘုရားတစ်ပိုင်း အဆင့်သည် ပြည့်စုံသောဗလာသို့ပြန်ခြင်း၏အထက်မှနယ်ပယ် ဖြစ်၏။ တစ်နည်းဆိုရလျှင် ဤဓားသိုင်းပညာသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားလျှင်ပင် အသုံးပြုနိုင်၏။
"ဒီဓားသိုင်းပညာက ငါ့ရဲ့ ကောင်းကင်ဘုံကိုးလွှာဓားနဲ့ လုံးဝ နှိုင်းယှဉ်လို့ မရဘူး။ ကောင်းကင်ဘုံကိုးလွှာဓားက ဘယ်အဆင့်ဓားသိုင်းပညာလဲ မသိဘူး" လီချန်စိတ်ထဲမှ တွေးလိုက်၏။
ယခုအချိန်အထိ၊ သူ၏ ကောင်းကင်ဘုံကိုးလွှာဓားသည် ဆဋ္ဌမဓားအထိ လေ့ကျင့်ပြီး ဖြစ်၏။ သတ္တမဓားမှာမူ၊ အမြဲတမ်း ကျင့်ကြံ၍ မရနိုင်သေးပေ။ သူ ခန့်မှန်းသည်မှာ ဗလာသို့ပြန်ခြင်း ၏ အထက်မှ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိမှသာလျှင် ကျင့်ကြံနိုင်မည် ဖြစ်၏။ ထို့ထက်ပင် သူ သံသယ ဝင်မိသည်မှာ... ဆဋ္ဌမဓားမျှသာလျှင် နတ်ဘုရားတစ်ပိုင်းအဆင့် ဓားသိုင်းပညာတစ်ကွက် ဖြစ်နိုင်၏။
မည်သို့ပင်ဆိုစေ သူသည် တာအိုအငွေ့အသက်ကို နားလည် သဘောပေါက်သည့် အခြေအနေအောက်တွင်မှ ဆဋ္ဌမဓားကို အခြေခံရရှိခဲ့ခြင်း ဖြစ်၏။ အလားတူပင်၊ တာအိုအငွေ့အသက်... သည်လည်း နတ်ဘုရားတစ်ပိုင်း အဆင့်မှသာလျှင် ကျင့်ကြံနိုင်ဖွယ်ရှိ၏။ မည်သို့ပင်ဆိုစေ ဗလာသို့ပြန်ခြင်း ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ်တွင် တာအိုအငွေ့အသက်ကို နားလည် သဘောပေါက်နိုင်သူမှာ ရှားပါးလှသည်ဟု ဆိုနိုင်၏။ လီချန်သည်လည်း ဉာဏ်အလင်းပွင့်ခြင်း အခြေအနေအောက်တွင်မှ ဓားတာအိုအငွေ့အသက်ကို နားလည် သဘောပေါက်ခဲ့ခြင်း ဖြစ်၏။
သို့သော်၊ လီချန်သည် ဤနတ်ဘုရားတစ်ပိုင်းအဆင့် ဓားသိုင်းပညာကို ကျင့်ကြံလိုသေး၏။ ပညာများလို့ပိသေတာမျိုး မရှိပေ။ ကောင်းကင်ဘုံကိုးလွှာဓားမှာ အဆင့် မြင့်မားလွန်းသဖြင့် တတ်နိုင်သမျှ မသုံးခြင်းက ပိုကောင်း၏။
ဆက်လက်၍ လီချန်သည် အမိန့်ပြားတစ်ချပ်ကို ထပ်မံကောက်ယူလိုက်၏။ တစ်ဖက်တွင် လီဟော့နန်းတော်၏ အမှတ်တံဆိပ် ရှိပြီး၊ အခြားတစ်ဖက်တွင်မူ အနက်ရောင် (ချီ (齐)) ဟု ထွင်းထုထား၏။ အနက်ရောင် စာလုံးကို လီချန် နားလည်နိုင်သည်။ ၎င်းမှာ အနက်ရောင်သံချပ်ကာစစ်သည်တော်ကဲ့သို့သော အခွင့်အာဏာကို ကိုယ်စားပြုလောက်၏။ သို့သော် ဤ 'ချီ' စာလုံးက ဘာကိုကိုယ်စားပြုတာလဲ။ ထို အနီရောင်သံချပ်ကာနှင့်အမျိုးသမီး၏ မျိုးရိုးအမည်ကိုများလား။
လီချန်သည် အမိန့်ပြားကို သိမ်းဆည်းလိုက်၏။ သူသည် သိုလှောင်အိတ်ထဲမှ ပျံသန်းသည့် ပျဉ်ပြားတစ်ချပ်ကို ထပ်မံထုတ်ယူလိုက်ရာ ယခင် အနက်ရောင်သံချပ်ကာစစ်သည်တော် အသင်းခေါင်းဆောင် ကျန်း၏ ပျဉ်ပြားနှင့်၊ တစ်ပုံစံတည်း ဖြစ်၏။ ကြည့်ရသည်မှာ ဒါဟာလည်း အခြေခံ ပစ္စည်းဖြစ်ပုံပင်။ ပျံသန်းနိုင်စွမ်း မရှိသော စစ်သည်တော်များအဖို့ ပျံသန်းသည့် ပျဉ်ပြားသည် ပျံသန်းမှု ပြဿနာကို ဖြေရှင်းပေးနိုင်၏။ တကယ်ကို ပစ္စည်းကောင်းတစ်ခုပင်။ သူကဲ့သို့သော ဗလာသို့ပြန်ခြင်းအခြေအနေရှိသူများသည် အထက်ဘုံတွင် မပျံသန်းနိုင်ခြင်းမှာ တကယ်ကို အလွန် အဆင်မပြေဖြစ်ပြီး ကျင့်သားမရလှပေ။
"အရင်ဆုံး ဟေးရှား ဝိညာဉ်သံချပ်ကာကိုပဲ သန့်စင်လိုက်တော့မယ်" လီချန်သည် ရှေ့တွင် ချထားသော ဝိညာဉ်သံချပ်ကာ အစိတ်အပိုင်းတစ်ခုချင်းစီကို ကြည့်လိုက်ရာ၊ အကြီး အသေး စုစုပေါင်း တစ်ဆယ့်ကိုးခု ရှိ၏။ သူ ခန့်မှန်းသည်မှာ ဤသည်မှာ အတော်လေး နည်းပါးသည်ဟု သတ်မှတ်နိုင်၏။
ထို အနီရောင်သံချပ်ကာနှင့် အမျိုးသမီး၏ကိုယ်ပေါ်မှ သံချပ်ကာ... မှာ ကြည့်ရသည်မှာ ပို၍ပင် ရှုပ်ထွေးပြီး၊ ဝိညာဉ်သံချပ်ကာ အစိတ်အပိုင်းများ ဒါဇင်ပေါင်းများစွာ ရှိနိုင်ဖွယ် ရှိ၏။ အောက်ဘုံ တွင် ထာဝရဧကရာဇ်မျိုးနွယ်ကဲ့သို့သော သာလွန်သည့် အင်အားစုများပင်လျှင် ဝိညာဉ်သံချပ်ကာ သန့်စင်သည့် နည်းလမ်း မရှိကြသည်မှာ အံ့ဩစရာ မရှိပေ။ ပါရမီ မည်မျှပင်ကောင်းမွန်သော လူ ဖြစ်စေကာမူ ဝိညာဉ်သံချပ်ကာတစ်စုံကို အောင်မြင်စွာ သန့်စင်နိုင်ရန် စိတ်ကူးပင် မယဉ်နိုင်ပေ။
***