← Chapters

ဆောင်းဦးလေပြင်းက ရွက်ကြွေတွေအားလုံးကို လွင့်သွားစေတယ်

Vol. 1 Ch. 140

ဆောင်းဦးလေပြင်းက ရွက်ကြွေတွေအားလုံးကို လွင့်သွားစေတယ်

Vol. 1 Ch. 140

"အန်းနီ ... မင်းရဲ့ ခုခံအားကို ဒီသခင်လေး ကြည့်ကြည့်မယ်"

ကျန်းရီသည် အကြောက်အလန့်မရှိ ရှေ့သို့ ပြေးသွားခဲ့သည်။ သူသည် အနက်ရောင် အတွင်းအား အမျှင် ငါးဆယ်ခန့်ကို သုံးကာ အန်းနီ၏ ကိုယ်ကြီးအား အတွင်းအား ပေါက်ကွဲ လက်ဝါးဖြင့် ရိုက်ချ လိုက်သည်။

"ဝှစ်"

ကျန်းရီ၏ လက်ဝါးမှ အင်အားများကို ခံစားမိသည်နှင့် သခင်လေး ရှန်းယင်၏ မျက်နှာသည် ပျက်ယွင်း သွားခဲ့သည်။ သူသည် ဓားပျော့အား သုံး၍ မြေပြင်ပေါ်သို့ ထောက်ကာ ကျန်းရီ၏ တိုက်ခိုက်မှုအား ငှက်မွေးအလား ပေါ့ပါးစွာ ရှောင်တိမ်း ခဲ့လိုက်သည်။ သို့သော် အန်းနီသည် ရှေ့သို့သာ ဆက်တိုး လာခဲ့သည်။

"ဗုန်း"

အနက်ရောင် အတွင်းအားများစွာ သုံးစွဲထားသော အတွင်းအား ပေါက်ကွဲ လက်ဝါးသည် ခရမ်းရောင် နန်းတော်ရှင် သတ္တမအဆင့်၊ အဋ္ဌမအဆင့်လောက်၏ တိုက်ခိုက်မှုနှင့် ညီမျှလေသည်။ ပေါက်ကွဲအားသည် မိုးကြိုးမုန်တိုင်း ကျဆင်းလာသည့် အလား အန်းနီအား လွင့်ထွက် သွားစေသည်။ သူ့ထံ ပြေးလာနေသော အနီးရှိ ဆရာ နှစ်ယောက်သည်ပင် လွင့်ထွက် သွားခဲ့လေသည်။

သို့သော် ကျန်းရီသည် ဆရာ နှစ်ယောက်၏ ပါးစပ်မှ သွေးများပင် စီးကျ လာသော်လည်း အန်းနီသည် နောက်သို့ ဆုတ်ရုံသာ ဆုတ်ရသည့် အချက်အား အံ့အား သင့်သွားခဲ့သည်။ သူ့ဝတ်ရုံသည် စုတ်ပြဲ နေခဲ့ပြီ ဖြစ်ပြီး သူ့ကြွက်သားများမှ သွေးများလည်း စိမ့်ထွက် နေခဲ့သည်။ ဒီလိုခုခံအား

"ဝူး ... ဝူး"

အန်းနီသည် အော်ဟစ်လိုက်ကာ လက်သီးဆုပ်ကြီးများဖြင့် ရင်ဘတ်အား ထုလိုက်ပြန်သည်။ သူသည် ကျန်းရီထံ ပို၍ ကြမ်းတမ်းစွာပင် တိုးဝင်လာခဲ့သည်။

သခင်လေးရှန်းယင်သည် လေထဲမှ ဆင်းသက်လာခဲ့ပြီး သူ၏ ဓားပျော့အား စိုက်ချလာခဲ့သည်။ သူမြေပြင်ပေါ်သို့ မရောက်ခင်တွင် သူ၏ အေးစက်သော လူသတ်ချင်စိတ် အရှိန်အဝါများသည် ကျန်းရီထံ ကျဆင်း သွားခဲ့သည်။

"ဟိုင်းယား"

ပုဆိန်ကြီး ကိုင်ထားသော ဆရာသည်လည်း ကျန်းရီထံ ပြေးဝင်လာခဲ့သည်။ သူသည် လေထဲသို့ ခုန်တက်လိုက်ကာ ပုဆိန်ကြီးဖြင့် ကျန်းရီအား ပိုင်းချလာခဲ့သည်။

"လာစမ်း"

ကျန်းရီ အော်ဟစ်လိုက်ပြီး လက်တွင်းမှ အနီရောင် ပုလဲသည်လည်း ထပ်မံ ပေါ်ထွက် လာခဲ့လေသည်။ ဤတစ်ကြိမ်တွင်တော့ ခြိမ်းခြောက် ရုံမျှသာ မဟုတ်တော့ပေ။ အလင်း တစ်ချက် နှင့်အတူ ငွေရောင် ဓားတစ်ချောင်း ထွက်ပေါ်လာခဲ့လေသည်။ အတွင်းအားများ ထည့်သွင်း လိုက်သည်နှင့် ငွေရောင်ဓားသည် အေးစက်သော အလင်းများ ဖြာထွက် လာခဲ့သည်။ ကျန်းရီသည် ဓားရှည်အား လွှဲယမ်းလိုက်ရာ ကောင်းကင်ထက်တွင် ဓားအရိပ်များ ဖြစ်ပေါ်လာခဲ့သည်။ သူအော်ဟစ် လိုက်သည်။

"နွေမိုးစက် ကျဆင်း"

သူ၏ မိုးစက်ဓားသိုင်းသည် သဘာဝလွန် အဆင့်သို့ ရောက်ရှိနေခဲ့ပေပြီ ... သခင်လေးရှန်းယင်၏ အရှိန်သည် ဖိနှိပ်ခံလိုက်ရပြီး လှုပ်ရှားမှု များသည်လည်း နှေးကွေး လာခဲ့သည်။

"ခလွမ် ... ခလွမ်"

ငွေရောင်ဓားရှည်နှင့် သခင်လေး ရှန်းယင်၏ ဓားပျော့တို့ ထိခတ် သွားခဲ့သည်။ ဓားပျော့သည် ကျိုးသွား ခဲ့သော်လည်း ကျန်းရီ၏ ဓားရှည်သည် ရပ်တန့်မသွားလည်း ဆက်လက် တိုးဝင်သွားခဲ့သည်။

"အား"

သခင်လေး ရှန်းယင်၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်လိုက်သော်လည်း သူ့ဝတ်ရုံ နောက်ကျောသည် စုတ်ပြတ်နေခဲ့ပြီး သွေးများပါ ထွက်နေလေသည်။ သူ၏ ချောမောသော မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့ပြီး ခြေလှမ်း အနည်းငယ် ဆုတ်ကာ နောက်ဆုံး၌ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ငွေရောင်ဓားရှည်သည် ရပ်တန့်မနေဘဲ ကျန်းရီထံ ပြေးလာနေသော အန်းနီဆီသို့ တိုးဝင်သွားခဲ့သည်။ သံမဏိကဲ့သို့ မာကျောသော အန်းနီ၏ ကြွက်သားစိုင်ကြီးများသည် အတွင်းအား ပေါက်ကွဲ လက်ဝါးကြောင့် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။ သို့သော် ငွေရောင်ဓားရှည်နှင့် ထိတွေ့သွားသောအခါ ထိုကြွက်သားစိုင်တို့သည် တို့ဖူးအလား ပြတ်တောက် သွားခဲ့ပြီး သွေးများ ပန်းထွက် လာခဲ့သည်။

ကျန်းရီသာ ညှတာခြင်း မရှိလျှင် အန်းနီမှာ အလောင်းကောင် ဖြစ်နေလောက်ပေပြီ။

"ဘန်း"

ကျန်းရီသည် သွေးများ လွှမ်းနေသော အန်းနီ၏ ကိုယ်ကြီးအား ကန်ထုတ်လိုက်သည်။ ထို့နောက် သူသည် သူ့အား ပုဆိန်ကြီးနှင့် ပိုင်းချလာသော ဆရာဘက်သို့ တိုက်ခိုက်ရန် လှည့်လိုက်သည်။

"ခရက်"

ငွေရောင်ဓားသည် ပုဆိန်ကြီးအားလည်း တို့ဖူးအလား ဖြတ်တောက် သွားခဲ့သည်။ ဆရာသည် မှင်သက်နေသော မျက်လုံးများနှင့် အလျင်အမြန် နောက်ဆုတ်လိုက်သည်။  ဆောင်းဦးလေပြင်းက ရွက်ကြွေတွေအားလုံးကို လွင့်သွားစေတယ်။

ကျန်းရီ၏ တိုက်ခိုက်မှုသည် သိုးတစ်အုပ်အား အမဲလိုက်နေသော ခြင်္သေ့တစ်ကောင်နှင့် တူလေသည်။ အဆင့်တူများ အကြားရှိ တိုက်ပွဲဟုပင် ထင်ချင်စရာ မရှိပေ။ သူ့ဆံပင်များသည် လေထဲတွင် ကခုန်နေကြပြီး သွေးနီရောင် မျက်လုံးတစ်စုံနှင့် ပေါင်းစပ်လိုက်သော အခါ သူသညခ ပြိုင်ဘက်ကင်း နတ်ဆိုး ဘုရင်အလားပင် ... ။

"ဝိုး"

လူတိုင်းသည် ကျန်းရီ၏ လက်တွင်းမှ ငွေရောင် ဓားရှည်ကို ကြည့်ရင်း အံ့အား သင့်ကြရသည်။ အဲဒီဓားက ကောင်းကင်အဆင့် လက်နက်များလား ... မဟုတ်ရင် ဒီလောက် ထက်မြနေစရာ အကြောင်း မရှိဘူး။

ဘာတွေ ဖြစ်ကုန်တာလဲ ... ဒီလို စွမ်းရည်နဲ့ ပြိုင်ဘက်ကင်း လက်နက်က ဘယ်လိုလုပ်ပြီး ကျန်းရီလက်ထဲ ရောက်နေတာလဲ ... ဒါမှမဟုတ် သူသုံးထားတဲ့ အတွင်းအားကြောင့် များလား။

စုလောရွှယ်၏ မျက်လုံးများတွင် သံသယများ ဖုံးလွှမ်းသွားခဲ့သည်။ ထိုငွေရောင် ဓားရှည်သည် ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်း အတွင်း ရှိစဉ်က ကျန်းရီသူမကို လက်ဆောင် ပေးခဲ့သောဓား ဖြစ်လေသည်။ ကျောင်းအုပ်ချီသည် ပြိုင်ပွဲ၏ စည်းမျဉ်းများကို ပြောင်းလဲရန် ပြုလုပ်နေသည်ကို သူမသိသောအခါ ကျန်းရီထံ ချက်ချင်း သွားရောက်၍ ဓားအား အသုံးပြုရန် ပေးခဲ့သည်။ သို့သော် ဤဆန်းကြယ်သော လက်နက်သည် ကောင်းကင်အဆင့် လက်နက်နှင် စွမ်းရည် တူသည်ဟု သူမ သိမထားခဲ့ပေ။

အံ့သြစရာ မရှိတော့ဘူး ...။

မင်းသမီး ယွင်ဖေး၏ မျက်ဝန်းထဲမှ သံသယများ ပျောက်ကွယ် သွားခဲ့သည်။ ကျန်းရီတွင် ဤသို့သော လက်နက်ရှိနေလျှင် အဝါရောင် နွယ်ပင်များကို သူဖျက်ဆီး နိုင်သည်မှာ အဆန်း မဟုတ်တော့ပေ။ သို့သော် သူမ၏ မျက်လုံးများသည် လင်းလက် သွားခဲ့ပြီး ရေရွတ် လိုက်သည်။

"ကျန်းရီ ... ရှင်က ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲမှာ ရတနာတွေ နည်းနည်း ရခဲ့တယ်နဲ့ တူတယ် ... ရှင်က ပစ္စည်းသိမ်းတဲ့ ရတနာ တစ်ခုတောင် ရှိနေသေးတယ်"

မင်းသမီး ယွင်ဖေးသာမက လူအများစုသည်လည်း ခန့်မှန်း မိလိုက်ကြသည်။ ငွေရောင် ဓားရှည်သည် မည်သည့် ပြင်ပနေရာကမှ ရောက်လာခဲ့ခြင်း မဟုတ်ဘဲ ကျန်းရီ၏ ကိုယ်ပေါ်၌သာ ရှိနေခဲ့ခြင်း ဖြစ်သည်။ ဖြေရှင်းချက် တစ်ခုသည်ကား ကျန်းရီတွင် ရှေးဟောင်း နတ်ဘုရား လက်စွပ်ကဲ့သို့ ပစ္စည်းသိမ်း ရတနာတစ်ခု ပိုင်ဆိုင်ထား၍ ဖြစ်ရပေမည်။

"ဝှစ်"

လူတိုင်းသည် မှင်သက် နေကြသော်လည်း ကျန်းရီသည် ကြာကြာ ရပ်မနေပေ။ သူသည် ငွေရောင် ဓားရှည်ကို ကိုင်ဆွဲ၍ ရှေ့သို့ တိုးလာခဲ့သည်။ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် ငွေရောင် ဓားရှည်ထံမှ အေးစက်စက် အငွေ့အသက်တို့ ပေါင်းစပ်လိုက်သော အခါ ဆရာများနှင့် ကျောင်းသားများ အားလုံးတို့သည် ထိတ်လန့်လွန်း၍ မျက်နှာများမှာ နှင်းကဲ့သို့ ဖြူဆုတ် နေကြပြီ ဖြစ်လေသည်။

"အားလုံး ... ရပ်လိုက်ကြ ... ဒီအရည်အချင်းစစ် စိန်ခေါ်ပွဲမှာ ကျန်းရီအနိုင်ရတယ်"

အိုမင်းနေသော လေသံတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး လူတိုင်း ထိတ်လန့်ကြရသည်။ အမြဲ ထူးခြား ဆန်းကြယ်၍ ဆယ်နှစ်ကျော် ကြာအောင် ပေါ်မလာခဲ့သော ကျူးကော့ချင်ယွမ်က တကယ်ကြီး အမိန့်စကား ပါးလိုက်တယ် ... သူသည်လည်း ဤအရည်အချင်း စစ်ဆေးမှု စိန်ခေါ်ပွဲအား အာရုံ စိုက်နေခဲ့ဟန် တူလေသည်။

ပြိုင်ပွဲဝင် ဆရာများနှင့် ကျောင်းသားများသည် စိတ်သက်သာရာ ရသွား၍ သက်ပြင်း ချလိုက်ကြသည်။ ကျန့်ဝူရွှမ်း၊ စုလောရွှယ်နှင့် ကျန်လူများသည်လည်း စိတ်ချလက်ချ ဖြစ်သွားကြသည်။ အခြေအနေသည် ရှင်းနေပေပြီ ... ပြိုင်ပွဲသယ ဆက်လက် ဖြစ်ပွားပါက အပျက်အစီးများရုံမှ လွဲ၍ ဘာမှ အကျိုး ရှိလာမည် မဟုတ်ပေ။

အနည်းငယ် လှုပ်ရှား လိုက်ရုံနှင့် ဆရာများနှင့် ကျောင်းသားများ အပါအဝင် ပါရမီရှင် အဆင့်မှ ထူးခြားသည့် ကျောင်းသား နှစ်ယောက်သည်လည်း ဒဏ်ရာ အပြင်းအထန် ရသွားခဲ့သည်။

ကျန်းရီသည်လည်း ကျူးကော့ချင်ယွမ်၏ အမှာစကားကို ကြားလိုက်ပေသည်။ သို့သော် သူသည် သတ်ဖြတ်ခြင်း အရှိန်အဝါကို အပြည့်အဝ မထိန်းချုပ် နိုင်တော့ပေ။ သူ့မျက်လုံးမှ အနီရောင် အလင်းများ ဖြာထွက် နေခဲ့ပြီး ကျောင်းသားများထံ ဆက်တိုး သွားခဲ့သည်။

"ဝှစ်"

ကျောင်းအုပ်ချီသည် ကျန်းရီဘေးသို့ ချက်ချင်း ရောက်ရှိ သွားခဲ့သည်။ ကျန်းရီ၏ သွေးနီရောင် မျက်လုံးများသည် သူမထံ ကျရောက် သွားခဲ့သည်။ ကံကောင်း၍ သူသည် သတိ အနည်းငယ် ဝင်သွားခဲ့ပြီး သူ့ကိုယ်သူ ပြန်ထိန်း နိုင်လိုက်ကာ ဘာမှ မလုပ်လိုက်မိပေ။

ကျောင်းအုပ်ချီသည် လက်ဝါးစောင်းဖြင့် ကျန်းရီ၏ နောက်စေ့အား အလင်းအလျင်နှင့် ရိုက်ချ လိုက်သည်။ ကျန်းရီ၏ ကိုယ်သည် ပျော့ခွေသွားကာ မေ့မျော၍ မြေပြင်ပေါ် လဲကျသွားခဲ့သည်။ ကျောင်းအုပ်ချီသည် အစောင့်အချို့အား ညွှန်ကြားလိုက်သည်။

"သူ့ကို ပြန်ခေါ်သွား ... စုလောရွှယ် ... နောက်မှ သူ့ကို ဝိညာဉ် သားရဲတွေကို လေ့ကျင့်ပေးတဲ့ ကျင့်စဉ်ကို သင်ပေးလိုက် ... ဝိညာဉ်သားရဲ အဆောင်တစ်ခုလည်း ချီးမြှင့်လိုက်"

ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် အမြန်လျှောက်လာကာ ကျန်းရီအား သယ်လိုက်ကြသည်။ အစောင့်များသည်လည်း ဒဏ်ရာရနေသော ဆရာများနှင့် ကျောင်းသားများအား ကုသပေးရန် ခေါ်ဆောင် သွားကြသည်။ ပွဲကြည့်ကြသူများသည်လည်း လူမခွဲချင် ခွဲချင်နှင့် အုပ်စုခွဲလိုက်ကြရသည်။

အများစုသည် ကျန်းရီသည် အင်အားအရာတွင် နံပါတ်တစ် ဟူသော ကောလာဟလကို ဤတစ်ပွဲဖြင့် သက်သေ ပြသွားခဲ့သည်အား လက်မခံချင် ခံချင်နှင့် လက်ခံလိုက်ကြရသည်။

***

သင်တန်းကျောင်း၏ အတွင်းဆောင်ရှိ ခမ်းနားလှပသော အခန်းငယ် တစ်ခု အတွင်းသို့ ကျောင်းအုပ်ချီ လျင်မြန်စွာ လျှောက်သွားခဲ့သည်။ သူမသည် ဘီးတပ် ကုလားထိုင် တစ်ခုထက် ထိုင်နေခဲ့သော လူအိုကြီး တစ်ယောက်ရှေ့ ရောက်သွားခဲ့လေသည်။ သူမ ရိုသေစွာ နှုတ်ဆက် လိုက်သည်။

"ကျောင်းအုပ်"

ဘီးတပ် ကုလားထိုင် ထက်တွင် ထိုင်နေခဲ့သော သူသည် ဝိညာဉ် သားရဲတောင် သင်တန်းကျောင်း၏ ကျောင်းအုပ် ကျူးကော့ချမ်ယွမ် ဖြစ်လေသည်။

ကျူးကော့ချမ်ယွမ်သည် နယ်မြေ၏ အတော်ဆုံး စစ်သည်တော် ဆယ်ယောက်ထဲမှ တစ်ယောက်လည်း ဖြစ်လေသည်။ သို့သော် ကျူးကော့ချမ်ယွမ်သည် ခြေထောက်များ ကျိုးသွား၍ ဘီးတပ် ကုလားထိုင်တွင် ထိုင်နေရသည်မှာ ဆယ့်ငါးနှစ် ကျော်နေပြီ ဖြစ်ကြောင်း လူအနည်းငယ်သာ သိလေသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်တည်းက ကျူးကော့ချမ်ယွမ်သည် သူ၏ ကျိုးနေသော ခြေထောက်များကြောင့် လူရှေ့တွင် ဘယ်နည်းနှင့်မျှ ထွက်ပေါ်ခဲ့ခြင်း မရှိခဲ့ပေ။

ကျူးကော့ချမ်ယွမ်သည် အိုမင်းနေပုံပေါ်၍ တစ်ခေါင်းလုံး ဆွတ်ဆွတ် ဖြူနေခဲ့သည်။ သူ့အသားအရေ သည်လည်း တောက်ပခြင်း ကင်းမဲ့ကာ သစ်ခေါက်များအလား ချိုင့်ဝင် ကျူံလှီ နေလေသည်။ သူ့မျက်ခွံများသည် တွဲကျ နေခဲ့ပြီး အိပ်ပျော် နေသယောင် ထင်ရလေသည်။

သူသည် ကျောင်းအုပ်ချီ၏ ခေါ်သံ ကြားသောအခါ သူ၏ မျက်ခုံးများ လှုပ်ရှားသွားခဲ့ပြီး မျက်လုံးများ ပွင့်သွားကာ ကြည်လင်နေသော မျက်လုံးအစုံ ထွက်ပေါ် လာခဲ့လေသည်။ သူသည် ခေါင်းညိတ် လိုက်ပြီး ဘာမှ ပြောမလာခဲ့ဘဲ ထပ်မံ ငိုက်မြည်း သွားခဲ့ပြန်သည်။

"ကျောင်းအုပ်"

ကျောင်းအုပ်ချီသည် ကျူးကော့ချမ်ယွမ်၏ တုန်တုန်ရီရီ အမူအရာများကို အသားကျနေပြီ ဖြစ်သည်။ သူမ၏ မျက်လုံးများ တောက်ပသွားကာ အသံကို နှိမ့်၍ မေးလိုက်သည်။

"စောစောက တိုက်ပွဲ တစ်ခုလုံးကို ကြည့်နေခဲ့တာလား ... တစ်ခုခုကို သတိထားမိ လိုက်လား"

ကျူးကော့ချမ်ယွမ်သည် မျက်လုံးများ မှိတ်လိုက်ပြီး ခေါင်းကို အသာယမ်းကာ ခပ်တိုးတိုး ပြန်ပြောလာခဲ့သည်။

"ငါအသေးစိတ် မစစ်ဆေးရဲဘူး ... ငါရဲ့ စိတ်စွမ်းအင်ကို ထုတ်ပြီး အာရုံခံကြည့်ရုံပဲ တတ်နိုင်တယ် ... ဒီကလေးက တကယ်လည်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်မှာပဲ ... သူဒီလောက် အားကောင်းနေရတဲ့ အကြောင်းအရင်းက သူ့ကိုယ်ထဲက အနက်ရောင် စွမ်းအား ကြောင့်ပဲ ... အဲဒီဓားရှည်က ထူးခြားတယ် ဆိုတာထက် မပိုဘူး ... စွမ်းအားတွေ တိုးလာတာက အနက်ရောင် စွမ်းအားကြောင့်ပဲ"

"အနက်ရောင် စွမ်းအား"

ကျောင်းအုပ်ချီသည် ကျန်းရီအတွင်းအား ပေါက်ကွဲလက်ဝါး သုံးလိုက်သော အခါက သူ့လက်မှ အနက်ရောင် အလင်းများ တောက်ပ နေသည်ကို တွေးမိသွားခဲ့သည်။ သူမသည် မျက်မှောင်ကြုတ်ကာ သံသယနှင့် မေးလာခဲ့သည်။

"သူ့ကိုယ်မှာ အပြာရောင် အတွင်းအား ရှိနေသေးတယ် မဟုတ်ဘူးလား ... သူက ဒန်တျန်းမှာ နောက်ထပ် စွမ်းအင်တွေ သိုလှောင်ထားလို့ ရတဲ့ ထူးခြားတဲ့ စိတ်နယ်လွန် ခန္ဓာ ရှိနေတာများလား"

"ကျောင်းအုပ် ... သူ့အမေက ဆန်းကြယ်တဲ့ နောက်ခံရှိတယ်လို့ တစ်ခါပြောဖူးတယ် မဟုတ်လား ... အဲဒါ သူ့အမေဆီက ဆက်ခံရတာများ ဖြစ်နေမလား"

"မသေချာဘူး"

ကျူးကော့ချင်ယွမ်သည် ခေါင်းယမ်းကာ ပြန်ဖြေလာခဲ့သည်။

"ရီဖျောင်ဖျောင်မှာ ဆန်းကြယ်တဲ့ နောက်ခံရှိတယ် ... ဒါပေမဲ့ အခုထိ သူမ ဘယ်က လာတယ် ဆိုတာ ဘယ်သူမှ မသိကြဘူး ... သူမက အသက် ဆယ့်ရှစ်နှစ်နဲ့ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်ကို ရောက်ခဲ့တယ် ... ငါ ဗာဂျရာအဆင့်ကို ရောက်တဲ့နှစ်က သူမ သတ်တာခံရလုနီး ဖြစ်သွားခဲ့တယ် ... စိတ်မကောင်းစရာက ကျန်းပိုင်လီကြောင့် သူမ အသည်းကွဲ သွားခဲ့တာပဲ ... သူမသာ စောစော သေမသွားခဲ့ရင် ဒီနယ်မြေမှာ ပြိုင်ဘက် ကင်းတဲ့သူ ဖြစ်လာမှာ ..."

***

အမှန်တကယ် အားကောင်းတဲ့သူ လာရင် ကျန်တဲ့သူတွေ အကုန်လုံး ဘေးဖယ် ပေးရတယ်လို့ ပြောချင်တာပါ။

***

All Chapters