← Chapters

တပိုင်၏ မိဘများနှင့် တွေ့ဆုံခြင်း

Vol. 11(A) Ch. 139

တပိုင်၏ မိဘများနှင့် တွေ့ဆုံခြင်း

Vol. 11(A) Ch. 139

တပိုင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏အမြီးအား လှုပ်ယမ်းနေလေသည်။ ချင်ဟွာ၏ ချစ်မေတ္တာအား တားဆီးရန် မလိုအပ်တော့သည့် အစီအစဉ်ကြောင့် အလွန်ကျေနပ်နေမိသည်။ ချက်ချင်းဆိုသလိုပင် မေးလိုက်သည်။ "အဲဒီတော့ ကျွန်တော်အခု ဘာလုပ်သင့်လဲ။"

ချစ်မှုရေးရာ ကျွမ်းကျင်သူ တစ်ဦးအသွင်ဖြင့် အန်လင်းသည် သူ၏မေးအား ပွတ်ကာဖြင့် "ပထမဦးဆုံး မင်းတို့ရဲ့ ဆက်ဆံရေးကို ရှင်းလင်းအောင် လုပ်ရမယ်။"

တပိုင်သည် လျှာထုတ်လိုက်ပြီးနောက် နားရွက်များကို ထောင်လိုက်သည်။ အန်လင်း ပြောသမျှအား လွတ်ထွက်သွားမည်ကို စိုးရိမ်နေမိသည်။

"အရင်တုန်းက မင်းအနေနဲ့ သူမကို ညီမလေး တစ်ယောက်လိုမျိုး မြင်တယ်လို့ မပြောခဲ့ဖူးဘူး မလား။"

တပိုင် ခေါင်းညိတ်လိုက်သည်။

"အဲဒါဆိုရင် အရင်ဆုံး မင်းက သူမကို ညီမလေးတစ်ယောက်လို မမြင်တော့တဲ့အကြောင်း ပြောရမယ်။ အဲဒီအပြင် သူမနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့အကြောင်း ပြောရမယ်။ သူမက မင်းဆိုလိုတာကို နားလည်လိမ့်မယ်လို့ ငါယုံတယ်။"

တပိုင်သည် ခေါင်းညိတ်လိုက်ပြီးနောက် လေထိသို့ ပျံတက် သွားလိုက်သည်။ "သခင်ရေ ကျွန်တော်ကို ဒီမှာစောင့်နေပေးနော်။"

တပိုင်သည် ထိုမျှလောက် စိတ်မရှည်ဖြစ်လိမ့်မည်ဟု အန်လင်းမမျှော်လင့်ထားပေ။ သူ့အနေဖြင့် ချင်ဟွာထံသို့ မသွားမီ အော်ဟစ်သတိပေးခြင်းသာ ပြုလုပ်လိုက်နိုင်သည်။

ထိုသို့ဖြင့် အန်လင်းနှင့် ရှောင်ချိုးတို့သည် ထိုင်လိုက်ပြီး အနားယူရန် ပြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရှောင်းဟုန်အား ထုတ်ယူလိုက်သည်။ သူမအနေဖြင့် ကောင်းမွန်စွာ နေရောင်ခြည်စုပ်ယူခြင်းအား ပြုလုပ်နိုင်ပေမည်။

တပိုင်သည် ဒဏ္ဍာရီသားရဲဂိုဏ်းတွင် သူ၏အမွေအနှစ် လက်ခံယူခြင် ပြီးဆုံးသွားပြီ ဖြစ်သည်။ သူ့မျိုးနွယ်စု ကျင့်ကြံသည့် အမွေအနှစ်မှာ ကောင်းကင်ဝံပုလွေထံမှ ဖြစ်ပြီး အမွေအနှစ်၏ စွမ်းအားမှာ လေဒြပ်စင် လက်သည်းများနှင့် သက်ဆိုင်ပေသည်။

သူ၏မိသားစု ပြဿနာများအပြင် ချင်ဟွာနှင့် ပတ်သက်သည့် ပြဿနာများအား ရင်ဆိုင်ပြီးနောက်တွင် တပိုင်သည် အန်လင်း၏ သားရဲအဖြစ် ချုပ်ဆိုနိုင်မည် ဖြစ်သည်။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် တပိုင်သည် လေဟုန်စီးကာဖြင့် ပြန်လာသည်။

"ပြီးသွားပြီလား။" အန်လင်းသည် သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

တပိုင်သည် စိတ်ရှုပ်ထွေးဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ "ဘယ်သူက ထင်မိမှာလဲ။ သူမနဲ့ မောင်နှမတွေထက် သူငယ်ချင်းဖြစ်ချင်တယ်လို့လည်း ပြောလိုက်ရော မင်းနဲ့အတူသွားဖို့ကို သဘောတူလိုက်တယ်လေ။ ခွေးမတွေရဲ့စိတ်က အရမ်းကို နားလည်ဖို့ ခက်ခဲတာပဲ။"

"သူမနဲ့ အမြဲဆောင်ထားတဲ့ ဆန်းကြယ်နဂါးရိုးကိုတောင် ပေးလိုက်သေးတယ်လေ။"

"သူမအကြောင်းကို တွေးမိတိုင်း ဒီအရိုးလေးကို ထုတ်ပြီး ယက်လိုက်လို့လည်း ပြောလိုက် သေးတယ်"

ထိုသို့ပြောရင်း တပိုင်သည် သူ၏ပါးစပ်တွင် အရိုးဖြူတစ်ခု ကိုက်ထားသည်။

'ဒီအရိုးလေ' ဟု အန်လင်းအား ပြောနေသယောင်ပင် ဖြစ်သည်။

အန်လင်းမှာ အတော်လေး အံ့အားသင့်မိသွားသည်။

ချင်ဟွာသည် တပိုင်၏ ခွဲခွာခြင်းအား သဘောတူလိုက်သည့် အချက်အား သူ့အနေဖြင့် အံ့ဩခြင်း မရှိပေ။ သူအံ့ဩမိရခြင်းမှာ သူမ၏ ချစ်မေတ္တာ သင်္ကေတအဖြစ် အရိုးတစ်ခု လက်ဆောင်ပေးလိုက်ခြင်းကိုပင်။

သွယ်ဝိုက်တဲ့အနမ်းလား။

အန်လင်းသည် ခေါင်းညိတ်မိလိုက်သည်။

ဝန်ခံရမည်မှာ ယခုအခါတွင် ခွေးများသည်ပင်လျှင် သူတို့၏ အကြံအစည်များအတွက် ပို၍ ပို၍ ဉာဏ်များလာကြလေပြီ။

တပိုင်သည် ပျော်ရွှင်စွာဖြင့် "ချင်ဟွာကိစ္စ ပြီးသွားပြီဆိုတော့ ငါတို့အနေနဲ့ မိဘတွေဆီကနေ သဘောတူညီချက်ယူဖို့ပဲ လိုတော့တယ်။"

အန်လင်းသည် အနည်းငယ် စိုးရိမ်စိတ် ဝင်မိသည်။ "ငါ့အနေနဲ့ အဆင်ပြေပါ့မလား။"

တပိုင်သည် ခေါင်းစောင်းကာဖြင့် တွေးတောလိုက်ပြီးနောက် "အကောင်းဆုံး လုပ်နိုင်မှာပါ" ဟု ပြန်ဖြေလိုက်သည်။ "အရင်ကတည်းက မင်းကို တွေ့ချင်တယ်လို့ ငါ့မိဘတွေက ပြောထား ကြတာလေ။"

တပိုင်၏ စကားအား ကြားလိုက်သည့်အခါတွင် အန်လင်းသည် ပို၍ပင် ဂနာမငြိမ် ဖြစ်လာသည်။

တပိုင်၏ မိဘများနှင့် တွေ့ဆုံလျှင် ဘာများဖြစ်မည်နည်း။ သူ့အား ရုတ်တရက်ကြီး ကိုင်ပေါက်ကြမည်လား။

"ရှောင်ချိုးရေ မူလပုံစံ ပြန်ပြောင်းပြီး ငါ့ကို အထောက်အပံ့လေး ပေးပါဦး။" အန်လင်းသည် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြောသည်။

ဘန်း

ရှောင်ချိုးသည် မဟူရာဖန်သံချပ်ကာကို ဝတ်ဆင်ထားသော စွမ်းအားကြီး ကြောက်မက်ဖွယ် မျောက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်ပြီးနောက် ငွေသံတုတ်အား ဝှေ့ယမ်းနေလေသည်။

ရှောင်ချိုး၏ သွင်ပြင်အား မြင်လိုက်သည့်အခါတွင် တပိုင်၏ မျက်လုံးများ ပြူးကျယ်လာသည်။ "ဒီလို ရုပ်ဆိုး.. ဖွီ မဟုတ်ဘူး။ ဒီလိုကြောက်ဖို့ကောင်းတဲ့ မျောက်။"

အန်လင်းသည် တပိုင်၏ တုံ့ပြန်မှုအား မြင်လိုက်သည့်အခါတွင် ရယ်မောလိုက်သည်။ "သူ့ကို ရှောင်ချိုးလို့ ခေါ်တယ်လေ။ ငါနဲ့အတူ အခက်အခဲတွေကို ဖြတ်ကျော်ခဲ့တဲ့ ညီအကိုပေါ့။"


"ကောင်းမွန်တဲ့ နေ့ရက်လေးတွေပေါ့ကွာ။ ကန့်သတ်မဲ့တိုက်ပွဲတုန်းက ကြီးကျယ်ခန့်ညားတဲ့ လူနှင့်ခွေးအတွဲ ဆိုတဲ့ နာမည်က ကောင်းကင်ဘုံပိုင်နက်မှာ ရှိတဲ့ ကျောင်းသားတွေကို ကြောက်ရွံ့တုန်လှုပ်စေခဲ့တာပေါ့။ ငါတို့ရဲ့ နာမည်ကို လူတိုင်း သိကြတယ်။ လူတစ်ယောက်ချင်းစီတိုင်းပေါ့..။"

သွားနေရင်းနှင့် တပိုင်သည် သူ၏ ဂုဏ်ယူဖွယ် အပြုအမူများအား ပြောကြားနေလေသည်။

ရှောင်ချိုးသည်လည်း သိချင်စိတ် ပြည့်နေပြီး အန်လင်းသည် တပိုင်၏ ပြောကြားမှုများအား ဝမ်းမြောက်လျက် ရှိသည်။ ထိုသည်က သူ၏ စိုးရိမ်ပူပန်မှုများအား လျော့ပါးစေနိုင်သည့် နည်းလမ်းဖြစ်သည်။

တပိုင်သည် အန်လင်းအား သူ၏မိဘများအကြောင်းလည်း ပြောကြားသေးသည်။

ဥပမာဆိုရလျှင် တပိုင်၏ မိခင်သည် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ အဖြူရောင်အမွေးများနှင့် ခွေးတစ်ကောင် ဖြစ်သည်။ ဖခင်မှာ ပျက်ပြယ်ခြင်းအဆင့်ရှိ အင်မော်တယ်သားရဲတစ်ကောင် ဖြစ်သည်။ ဟုတ်သည်။ တပိုင်၏ ဖခင်သည် နယ်မြေအုပ်ချုပ်သူ အင်မော်တယ် သားရဲ သုံးကောင်မှ တစ်ကောင် ဖြစ်သည်။

အန်လင်းမှာ ပို၍ ကြားသိလာရသဖြင့် များစွာ မသက်မသာ ဖြစ်ရသည်။

လခွမ်းဟေ့.. တပိုင်ရဲ့ နောက်ခံက ဘာလို့များ ဒီလောက်တောင် ကြီးကျယ်နေရတာတုန်း။

တပိုင်ကို ငါ့ရဲ့ သားရဲတကယ်ကြီး ဖြစ်ခိုင်းရမှာလား။

သူ့အဖေက အင်မော်တယ်သားရဲ ဖြစ်ပြီးတော့ အမေက ဝိညာဉ်သားရဲ။ ဒီလိုမျိုး ကြီးမားတဲ့ ပုံရိပ်တွေနဲ့။

သူ့တို့ရဲ့သားကို စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ပဲ ရှိသေးတဲ့ ကျင့်ကြံသူလေးရဲ့ သားရဲဖြစ်လာဖို့ ခွင့်ပြုပါ့မလား။

တပိုင်၏ မိဘများသည် သဘောတူလိမ့်မည်ဟု အန်လင်းကိုယ်တိုင်ပင်လျှင် မထင်မိချေ။

ယခုအခါတွင် သူစဉ်းစားနေမိသည့်အရာမှာ အကယ်၍ တပိုင်၏ မိဘများအား သူ့အနေဖြင့် စိတ်ကျေနပ်စေနိုင်ခြင်း မရှိလျှင် သူတို့သည် သူ့အား တစ်ကိုက်တည်းဖြင့် မြိုချလိုက်မည် ဆိုလျှင် မည်ကဲ့သို့ လုပ်ရမည်နည်း ဟူ၍ဖြစ်သည်။

ထိုအချိန်တွင် ရှောင်ချိုး၏ အင်အားသည်လည်း အဓိပ္ပါယ်မဲ့နေပေလိမ့်မည်။ တပိုင်၏ မိဘများအား သူ၏သွင်ပြင်ဖြင့် ကြောက်ရွံ့စေနိုင်ရုံမှအပ ရှောင်ချိုးသည် တပိုင်အမေ၏ ရိုက်ချက်တစ်ချက်ကိုပင် ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

အား.. ဝမ်းနည်းဖို့ ကောင်းလိုက်တာ

အန်လင်းသည် သေမင်းထောင်ချောက်ထဲသို့ တည့်တည့်သွားနေမိသည်ဟု ခံစားနေရသည်။

တပိုင်မိဘများ နေရာသို့ ရောက်ရှိသည့်အခါတွင် အိမ်ထိန်းတစ်ဦး ထွက်လာကာ ဆီးကြိုနှုတ်ဆက်လေသည်။

ထိုအိမ်ထိန်းမှာ နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်လမ်းလျှောက်နေသော ဝက်တစ်ကောင် ရှိသည်။ သူ၏ခန္ဓာကိုယ်တွင် ကြွက်သားများ ဖုထနေပြီး ပေါက်ကွယ်နိုင်သည့် စွမ်းအားများ ပြည့်ဝနေသည်ဟုပင် ထင်ရစေသည်။ ထိုဝက်၏ မျက်နှာသည် အေးစက်သည့် အမူအရာဖြင့် ရှိနေပြီး အခြားသူများအား မနှစ်မြို့ဟန်လည်း ရှိသည်။

အန်လင်းသည် အလွန် အံ့အားသင့်မိပြီး ထိုဝက်အား စိတ်ထဲမှနေ 'ကာယဗလ ဝက်' ဟု အမည် ပေးထားမိသည်။

ထိုကာယဗလ ဝက်မှာလည်း ရှောင်ချိုးအား မြင်လိုက်သည့်အခါတွင် အလွန်အံ့အားသင့် နေမိသည်။ သို့သော်လည်း တပိုင်သည် သူ၏မိဘများထံ လာရောက်လည်ပတ်ကြောင်း သိလိုက်ရသဖြင့် များများစားစား မပြောတော့ဘဲနှင့် သူတို့အား ဦးဆောင်လမ်းပြကာ ခေါ်ဆောင် သွားလေသည်။

ကြီးမားလှသည့် ခြံဝန်းထဲတွင် ခွေးဖြူနှစ်ကောင်သည် နူးညံ့သည့် ထိုင်ဖုံပေါ်တွင် ပျင်းရိစွာဖြင့် လဲလျောင်းလျက် ရှိနေသည်။

"အမေနဲ့ အဖေရေ သားလာလည်တယ်ဗျ။ ဝုတ်" တပိုင်သည် ဦးစွာဝင်သွားပြီးနောက် နှုတ်ဆက်လိုက်သည်။

အန်လင်းသည် ရင်တထိတ်ထိတ်ခုန်လျက် နောက်မှ လိုက်ပါဝင်ရောက်လေသည်။

ထို့နောက်တွင် အန်လင်းသည် နှစ်လိုဖွယ်ကောင်းသည့် အမွေးဖြူ ခွေးကြီးတစ်ကောင်နှင့် သွယ်လျလှပသည့် အမွေးဖြူခွေးကြီးတစ်ကောင်အား တွေ့မြင်လိုက်ရသည်။

ငလူး.. ဒီနှစ်ကောင်က ဘာလို့များ တပိုင်နဲ့ ချင်ဟွာ အကြီးစားတွေနဲ့ တူနေရတာတုန်း။

နယ်မြေအုပ်ချုပ်သူ အင်မော်တယ်သားရဲဟူသည့် ခွေးသည် အရာရာကို အထင်သေးစွာနှင့် ကြည့်ရှုတတ်သည့် ဧရာမခွေးကြီးတစ်ကောင် ဖြစ်လိမ့်မည်ဟု အန်လင်းအနေနှင့် ကနဦးတွင် ထင်မိခဲ့သည်။

သို့သော်လည်း တပိုင်နှင့် သူ၏ဖခင်အား အပြန်ပြန် အလှန်လှန် ကြည့်ပြီးသည့်နောက်တွင် အန်လင်းမှာ အတော်လေး အံ့အားသင့်နေမိသည်။

တပိုင်၏ ဖခင်သည် ပြေးလာကာ သူ့အား သခင်ဟု လာခေါ်မည်ဆိုလျှင် အန်လင်းသည် အရူးတစ်ယောက်ကဲ့သို့ တပိုင်ဟုပင် ထင်မိမှာ အသေအချာပင် ဖြစ်သည်။

ဤအချိန်တွင် အန်လင်းသည် ရှောင်ချိုး၏ အခြားသူများအား ခွဲခြား၍ မမြင်ရခြင်းကို နားလည်သွားခဲ့ပြီဖြစ်သည်။ မတူညီသည့် မျိုးစိတ်များ၏ မျက်နှာများအား ခွဲခြားရခြင်းသည် အမှန်တကယ်ကို ခက်ခဲသည့် အလုပ်ဖြစ်သည်။ ရှောင်ချိုးကဲ့သို့သော အကျည်းတန် လှသူများသာလျှင် လွယ်ကူစွာ ခွဲခြားသိရှိနိုင်လိမ့်မည် ဖြစ်သည်။

"စီနီယာ ပိုင်ရှန်နဲ့ စီနီယာ ချွမ်တို့ကို နှုတ်ဆက်ပါတယ်ခင်ဗျာ။ ကျွန်တော်က အန်လင်းပါ။" အန်လင်းသည် လေးစားစွာဖြင့် အရိုအသေပေးလိုက်သည်။

ပိုင်ရှန်နှင့် ချွမ်တို့သည် တပိုင်မိဘများ၏ အမည်များ ဖြစ်ကြသည်။ အန်လင်း၏ နှုတ်ဆက်စကားအား ကြားလိုက်သည့်အခါတွင် သူတို့သည် လှုပ်ရှားလာကြသည်။ မျက်လုံးများ ဖွင့်ကာဖြင့် အန်လင်းအား သေသေချာချာ စေ့စေ့စပ်စပ် ကြည့်လေသည်။

သူတို့၏ အကြည့်များသည် ရှောင်ချိုးထံသို့ ရောက်ရှိသွားကြသည့် အခါတွင် မျက်လုံးများမှာ သိသိသာသာပင် ပြူးကျယ်လာကြပြီး အသက်ရှူပြင်းလာကြသည်။

"အမေကြီးရေ မင်းဘယ်လိုထင်တုန်း" ပိုင်ရှန် မေးလိုက်သည်။

"လူသားကျင့်ကြံသူကတော့ အတော်လေး ချောမောခန့်ညားပေပြီး မျက်စိပသာဒ ဖြစ်လှတယ်။" ချွမ်သည် နူးညံ့သိမ်မှုသည့် အသံဖြင့် ပြန်ဖြေသည်။ "ဒါပေမဲ့လည်း ဒီမျောက်က အရမ်းကို အကျည်းတန်လှတယ်။ တပိုင်လေးက သူ့ကို နေ့တိုင်းလိုလို သည်းခံပြီး ကြည့်နေနိုင်ပါ့မလား။"

"အကိုမျောက်က သာမန်ပါပဲ အမေတို့ရဲ့" တပိုင်သည် ပြန်ပြောလိုက်ပြီး "ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် အကိုမျောက်က ကျွန်တော့်အပေါ် သက်ရောက်မှု မရှိပါဘူးနော်။ ဝုတ်"

တပိုင်၏ စကားအား ကြားလိုက်သည့်အခါတွင် ချွမ်၏ အမူအရာများသည် ပို၍ပင် လေးနက်တည်ငြိမ်လာသည်။ "အဖေကြီး ရှင်တွေ့တယ်မလား။ နာရီအနည်းငယ်ပဲ ရှိသေးတာတောင် တပိုင်လေးရဲ့ အမြင်အာရုံတွေ အမှောင်ကျနေပြီ။ ဒါက အတော်‌လေး အန္တရာယ်များလွန်းတယ်။"

အန်လင်း : “…”

ရှောင်ချိုး : “…”

"ရှောင်ချိုး ပုံစံပြောင်းလိုက်။" အန်လင်း ရုတ်တရက် ပြောလိုက်သည်။

ရှောင်ချိုးသည် အန်လင်း၏ ဆိုလိုရင်းအား ချက်ချင်းနားလည်လိုက်သည်။ တစ်ချက်တည်းဖြင့် ချစ်စဖွယ် မျောက်ရုပ်ဆိုးလေးပုံသို့ ပြောင်းလိုက်ကာ အန်လင်း၏ ပခုံးပေါ်တွင် ထိုင်နေလိုက်သည်။

ဤအခြင်းအရာအား မြင်သည့်အခါတွင် ချွမ်၏ မျက်လုံးများသည် တလက်လက် တောက်လာပြီး "အင်း အင်း" ခေါင်းညိတ်ကာဖြင့် "အဆင်ပြေသွားပြီ။ အရုပ်ဆိုးနေတုန်းပဲ ဆိုပေမဲ့ ချစ်ဖို့တော့ ကောင်းပါတယ်။"

ပိုင်ရှန်သည် သန်းဝေလိုက်ပြီးနောက် သူ၏ အမြီးဖြူဖြူကြီးအား ဝှေ့ယမ်းကာဖြင့် "အမေကြီးက အဆင်ပြေတယ်ဆိုရင် ကျုပ်ကလည်း အဆင်ပြေပါ့ဗျား။ တပိုင် မင်းအနေနဲ့ အပြင်မှာ စွန့်စားခန်းထွက်နေတဲ့အချိန် မိန်းမတွေနဲ့ အပျော်အပါး လိုက်စားခွင့် မရှိဘူး။ ပြီးတော့ အန်လင်း.. တပိုင်ရဲ့ အမွေးတစ်မွေး ကျွတ်သွားရင်တောင် မင်းအနေနဲ့ ဖြေရှင်းချက် ကောင်းကောင်း ပေးဖို့ပြင်ထား။ ဝုတ်"

ပိုင်ရှန်နှင့် ချွမ်တို့၏ စကားများကို ကြားလိုက်သည့်အခါတွင် တပိုင်နှင့် အန်လင်းတို့သည် အလွန်ပျော်ရွှင်သွားကြသည်။ တပိုင်၏ မိဘများထံမှ ခွင့်ပြုချက် ရရှိလိုက်ပြီ ဖြစ်သည်။

တပိုင်မိဘများ၏ ခွင့်ပြုချက်ရရန် ထိုမျှလောက် လွယ်ကူလိမ့်မည်ဟု အန်လင်းအနေဖြင့် မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် သူ၏ သွင်ပြင်ကိုသာလျှင် ဝေဖန်ခြင်း ပြုခဲ့ကြသည်။

"ဟတ်ချိုး" တပိုင်သည် အလွန်စိတ်လှုပ်ရှားသဖြင့် နှာချေမိလိုက်သည်။

အမွေးတစ်ပင်သည် ကြမ်းပြင်သို့ ဖြည်းညင်းစွာ ကျလာလေသည်။

အန်လင်း : “…”

တပိုင် : “…”

ပိုင်ရှန်သည် လေတစ်ချက် မှုတ်လိုက်ပြီး ထိုအမွေးသည် ချက်ချင်းပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက်တွင် သူ့မျက်နှာ၌ ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာသည်။ "အန်လင်း.. ဒါကတော့ အိမ်မှာမို့လို့ ထည့်မတွက်ဘူး။"

ထို ရင်းနှီးနေသည့် အပြုံးအား မြင်လိုက်ရသည့်အခါတွင် အန်လင်းသည် ရှုံ့မဲ့သွားတော့သည်။

သို့သော်လည်း အန်လင်းသည် ကျေးဇူးတင်စွာဖြင့် အရိုအသေပြုပြီးနောက် တပိုင်နှင့်အတူ ခြံဝန်းအတွင်းမှ ထွက်ခွာလာခဲ့သည်။

အန်လင်းတို့ ထွက်ခွာသွားပြီးသည့်နောက်တွင် ပိုင်ရှန်နှင့် ချွမ်တို့သည် ထိုင်ဖုံများပေါ်တွင် ပျင်းရိစွာဖြင့် ပြန်လည်လဲလျောင်းလိုက်ကြသည်။

ချွမ်သည် မျက်လုံးများကို မှေးကျဉ်းကာဖြင့် မေးလာသည်။ "အဖေကြီးရေ အဲဒီ အန်လင်းက တကယ်ကို ဘာပြဿနာမှ မရှိတာလား။"

ပိုင်ရှန်သည် ဝမ်းဗိုက်အား ကုတ်လိုက်ပြီးနောက် "အဲဒီ လူသား ကျင့်ကြံသူကို ကိုယ်ထွင်းဖောက်ပြီး မမြင်နိုင်ဘူးကွ။ ပြောရခက်တဲ့ အငွေ့အသက်တစ်မျိုး ရှိနေတယ်။ တပိုင်က သူ့နောက်ကို လိုက်မယ်ဆိုရင် ကြီးမားတဲ့ အခွင့်အရေးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်။"

ချွမ်သည် မျက်လုံးများကို ပိတ်လိုက်ပြီးနောက် "သူက အန္တရာယ်တွေ အများကြီးနဲ့လည်း ရင်ဆိုင်ရမယ်လေ။"

ပိုင်ရှန်သည်လည်း မျက်လုံးများအား ပိတ်လိုက်ပြီးနောက် "အဲဒါက ပုံမှန်မဟုတ်ဘူးလား။ စွမ်းအားကြီးတဲ့ သားရဲတွေက အခက်အခဲတွေ ကြမ်းတမ်းမှုတွေကနေ အတွေ့အကြုံ ယူခဲ့ရတာပဲလေ။ ဘယ်သူကများ အိမ်မှာတစ်နေ့လုံး ပျင်းရိနေပြီး အောင်မြင်မှုကို ရရှိနိုင်မှာလဲ။ ကောင်းပြီနော်။ ကိုယ်အခု အိပ်တော့မယ်။"

ချွမ်သည် မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ သူမသည် အသက်မှန်မှန်ရှုလျက်နှင့် အိပ်ပျော်သွားပုံရသည်။

သက်တောင့်သက်တာ ရှိလှသော နေ့လယ်ခင်းနေရောင်အောက်တွင် ပိုင်ရှန်သည်လည်း အိပ်မော ကျသွားတော့သည်။

***

All Chapters