လောကကြီး ပြောင်းလဲသွားသောနေ့
Vol. 79 Ch. 1215
ရွှေရောင်နယ်မြေ။
တံခါး တည်ရှိသော လွင်ပြင်ပေါ်တွင် လူသား မဟာမိတ်စစ်တပ်၏ တပ်ဖွဲ့များ အားလုံး အသင့်အနေအထား ရပ်နေ၏။
ရွှေရောင် နယ်မြေ၏ ကြီးမား၍ ကျယ်ပြန့်သော လွင်ပြင်က ချပ်ကာယန္တရားတပ် တိုက်ပွဲများအတွက် အသင့်တော်ဆုံးပင်။ သို့သော် ယခု တစ်ကြိမ်တွင် လူသား မဟာမိတ် စစ်တပ်က ချပ်ကာယန္တရားတပ် တိုက်ခိုက်မှုများအတွက် အသင့်တော်ဆုံး ဖြစ်သော မြှားပုံစံကို ဖွဲ့စည်းနေခြင်း မဟုတ်ဘဲ ကြီးမားသော တပ်စုများစွာဖြင့် ငန်းရိုင်းပုံစံကို ဖွဲ့စည်းနေကြသည်။
ထိုအရာမှာ အလျားလိုက် ဖြန့်ကျက်၍ ထားသော တိုက်ပွဲပုံစံတစ်ခု ဖြစ်သည်။ ဘယ်ဘက်နှင့် ညာဘက်တောင်ပံများ၏ ပုံစံများကို ဗွီစကားလုံးကဲ့သို့ စီစဉ်ထား၏။ ချပ်ကာယန္တရားတပ်များကို တောင်ပံ နှစ်ဖက်တွင် နေရာချထား၏။ ထိုသို့ပုံစံက တောင်ပံ နှစ်ဖက် ချပ်ကာယန္တရားတပ်များ၏ စွမ်းအားကို ထုတ်ဖော်နိုင်ရုံမက တောင်ပံ နှစ်ဖက်နှင့် အတော် အားနည်းသော နောက်တန်းကို ထိရောက်စွာ ကာကွယ်နိုင်သည်။ သို့သော် ထိုအားနည်းချက်မှာ ငန်းပုံစံနှင့် နှိုင်းယှဉ် မှသာဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ထိုနေရာက လူသား မဟာမိတ်စစ်တပ်၏ အိမ်ကွင်း ရွှေရောင်နယ်မြေ ဖြစ်သည်။ နောက်တန်းတွင် လောက်လေးများနှင့် မှော်သလင်းကျောက် အမြောက်များ ကဲ့သို့သော စစ်လက်နက် ပစ္စည်း အမျိုးမျိုး ရှိနေရုံသာမက အချိန်မရွေး စေလွှတ်ရန် အသင့်ဖြစ်နေသော ပိုမို၍ ဝှက်ထားသော အရန်တပ်များ ရှိနေ၏။ အားနည်းချက်က ထောင်ချောက်များဖြင့် ပြည့်နှက်နေသော အားသာချက်တစ်ခု ဖြစ်လာခဲ့သည်။
ယခုတစ်ကြိမ် တိုက်ပွဲတွင် ပါဝင်သော တပ်ဖွဲ့များ၏ အရေအတွက်မှာ ၈သိန်းခန့် ဖြစ်သည်။ အရေအတွက်အရဆိုလျှင် ၎င်းမှာ လူသား မဟာမိတ်စစ်တပ်၏ စုစုပေါင်းအင်အား၏ အစိတ်အပိုင်းငယ် တစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းမှာ ထိုလွင်ပြင်က လက်ခံနိုင်သော အသင့်တော်ဆုံး တိုက်ခိုက်ရေး အင်အား ဖြစ်နေပြီ ဖြစ်သည်။ ထို့အပြင် ထိုလူ ၈သိန်းမှာ မဟာမိတ်စစ်တပ် လက်ရွေးစင် တပ်ဖွဲ့များ ဖြစ်ကြပြီး အကောင်းဆုံး လက်နက်များလည်း ဆင်ထားကြသည်။
တောင်ပံနှစ်ဖက်ကို ချပ်ကာ အပြည့် တပ်ဆင်ထားသော ချပ်ကာယန္တရားတပ်များဖြင့် ဖွဲ့စည်းထား၏။ ဘယ်ဘက်တောင်ပံတွင် မြင်းစီးစစ်သည်များနှင့် မြင်းများအားလုံး ခိုင်မာသော ချပ်ကာများ တပ်ထားသည်။ မြင်းစီးစစ်သည်၏ ချပ်ကာတွင် ပေါ့ပါးပြီး မာကျောသော အဝတ် ချပ်ကာလည်း ရှိနေပြီး ၎င်းမှာ ခုခံကာကွယ်မှုကို ပိုမို၍ မြှင့်တင်ပေးနိုင်သည်။ ဓားရှည်အပြင် ချပ်ကာယန္တရားတပ်သားတိုင်း ၅မီတာ ရှည်သော လှံတံဖြင့် ကိုင်ဆောင်၍ ထားကြသည်။ ထိုဧရာမလှံတံ၏ ထိပ်ဖျားမှာ အထူး ချပ်ကာဖောက် ဓားသွား ဖြစ်ပြီး ၎င်းမှာ ထူထဲသော ချပ်ကာကို အလွယ်တကူ ထိုးဖောက်နိုင်၏။ လှံတံက သတ္တုဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ အထူး သစ်မာဖြင့် ပြုလုပ်ထားသည်။ ၎င်းမှာ ကုန်ကျစရိတ်ကို ချွေတာရန် မဟုတ်ဘဲ ထိုသို့သော လှံတံမျိုးမှာ အလွန်ပင် အားကောင်း၍ပင်။ ထိုသို့ ကောင်းမွန်စွာ လေ့ကျင့်ထားသော မြင်းစီးစစ်သည်များက အားကောင်းသော မြင်းကောင်ရေအားဖြင့် ထူထဲသော နံရံတစ်ခုကို အလွယ်တကူ ထိုးဖောက် နိုင်သော်လည်း ၎င်းတွင် အားနည်းချက် တစ်ခုလည်း ရှိသည်။ လှံတံက ရန်သူကို ထိုးဖောက်ပြီးနောက် ပြန်လည်ရုပ်သိမ်း၍ မရပေ။ ၎င်းက မြင်းမစီးစစ်သည်၏ လက်ကောက်ဝတ်နှင့် လက်မောင်းကို လည်သွားရုံ သို့မဟုတ် ကျိုးသွားစေရုံ သာမက နောက်ဆက်တွဲ တပ်များ၏ တိုက်စစ်ကိုလည်း သက်ရောက်မှု ရှိပေလိမ့်မည်။ ထို့ကြောင့် စစ်သည်၏ လှံတံက ကုန်ဆုံးသွားသော လက်နက် တစ်ခု ဖြစ်သော်လည်း ထိုကုန်သွားသော လက်နက်မှ ဖြစ်ပေါ်လာသော ပျက်စီးမှုမှာ ထိုလွင်ပြင် မြေပြင် အပေါ်မှ ကြောက်စရာ အကောင်းဆုံး လက်နက်လည်း ဖြစ်သည်။ ချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသော ချပ်ကာယန္တရားတပ် တစ်တပ်၏ မျက်နှာချင်းဆိုင် တိုက်စစ်ကို ရပ်တန့်နိုင်သည့် အရာ လုံးဝနီးပါး မရှိပေ။
ချပ်ကာအပြည့်အစုံ ဝတ်ဆင်ထားသော ချပ်ကာယန္တရားတပ်များ၏ အဓိက စစ်တပ်မှာ နဂါးလင်းလက်အင်ပါယာ၏ လက်ရွေးစင် နဂါးလက်သည်း ဗိုလ်ခြေ ဖြစ်သည်။ တပ်မှူးမှာ ဗိုလ်ခြေမှူး ထရစ်စတန် ဖြစ်သည်။ အစွမ်းထက်ဆုံး ရှေ့တန်းတစ်ခု အနေဖြင့် ထရစ်စတန်က စစ်မြေပြင်တွင် ပုံမှန် စိတ်တိုလွယ်မှုနှင့် လုံးဝကွဲပြားသော တည်ငြိမ်မှုကို ပြသနေခဲ့သည်။
ညာဘက် တောင်ပံမှ ချပ်ကာ အပြည့်အစုံ ဆင်ထားသော ချပ်ကာ ယန္တရားတပ်မှာ လူပုမျိုးနွယ်စု၏ ဝက်ဝံ ချပ်ကာ ယန္တရားတပ်များ ဖြစ်သည်။ မွေးမြူထားသော စစ်ဝက်ဝံများမှာ ပို၍ပင် ကြမ်းတမ်းပြီး အင်အားကြီးမားသည်။ သူတို့၏ အရှိန်အဝါသည် သာမန် စီးစရာများ၏ တိုက်ခိုက်လိုစိတ်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ ဝက်ဝံ ချပ်ကာယန္တရားတပ်များက တောင်တန်းများတွင် တိုက်ခိုက်ရာတွင် အကောင်းဆုံး ဖြစ်ပြီး လွင်ပြင်များ အပေါ်တွင် သာမန် ချပ်ကာယန္တရား တပ်များထက် ပိုအားကောင်းသည်။ ဝက်ဝံ ချပ်ကာ ယန္တရားတပ်များအပြင် လူပု၏ တပ်မှူးမှာ တောင်နေလူပုဘုရင် အိုဗ်ဂီ ဖြစ်သည်။ ချပ်ကာယန္တရားတပ်များအပြင် ကြီးမားသော ခြေလျင်ဗိုလ်ခြေ နှစ်ခု ဖြစ်သည့် ဒိုင်းကြီး စစ်သည်များနှင့် ပုဆိန်ကြီး စစ်သည်များလည်း ရှိသေး၏။ လူပုများက ရဲရင့်ပြီး တိုက်ခိုက်ရာတွင် ကောင်းမွန်ကာ သူတို့တွင် မှော်ပညာကို ခုခံနိုင်စွမ်း အတော်အတန် ရှိလေသည်။ ပန်းပဲစွမ်းရည်များ လက်နက်များနှင့် စက်ပစ္စည်းများနှင့် ပေါင်းလျှင် သူတို့ကို စစ်မြေပြင် တစ်ခုလုံးပေါ်မှ အစွမ်း အထက်ဆုံး ခြေလျင်တပ် တစ်ခုအဖြစ် ခေါ်ဆိုနိုင်သည်။
၎င်းကို တစ်ခု အဖြစ် ခေါ်ဆိုရခြင်း၏ အကြောင်းရင်းမှာ သူတို့ ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော သို့မဟုတ် သာလွန်သော တိုက်ခိုက်ရေး စွမ်းရည် ရှိနေသည့် အခြားမျိုးနွယ်စုတစ်ခုဖြစ်သည့် အော့ခ်များ ရှိနေသောကြောင့်ပင်။
အော့ခ်များက စစ်တိုက်လိုပြီး အားကောင်းကြောင်း လူသိများသည်။ အစပိုင်းတွင် အော့ခ်အင်ပါယာက လူသားနိုင်ငံအားလုံး စည်းလုံးညီညွတ်၍ တိုက်ခိုက်ရမည့် အားကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။ သို့သော် ပြည်တွင်း ပဋိပက္ခအပြီးတွင် အော့ခ်များ သာယာဝပြောမှုနှင့် ကျဆင်းမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးမှ တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့လေသည်။ သူတို့သည် ကြမ်းတမ်းသော အခြေအနေများအောက် ရှိနေသော အိပ်မက်ဆိုး တောနက်ထဲတွင် ဆုတ်ခွာပြီး နေထိုင်ခဲ့ကြသည်။ သူတို့ လွန်ခဲ့သော နှစ်အနည်းငယ်က သိဒ္ဓိကျောင်းတော်မှ လုံးဝနီးပါး ရှင်းလင်းခြင်း ခံခဲ့ရသည်။ ယခုတစ်ကြိမ် သူတို့က လူသား မဟာမိတ်စစ်တပ်သို့ ပူးပေါင်းရန် မမျှော်လင့်ဘဲ စေတနာ့ဝန် ထမ်းခဲ့ကြသည်။ ထိုအော့ခ်များအနက် ဧရာမနဂါးနှင့် တူညီသော စွမ်းအားရှိသော ဘီးရားမွန် ဧရာမသားရဲအဖြစ်သို့ အသွင် ပြောင်းနိုင်သည့် အစွမ်းထက်ဆုံးသော ဘီးရားမွန် စစ်သည်များလည်း ရှိနေသည်။
ထိုအော့ခ်အုပ်စု၏ လက်နက်များသည် အတိတ်နှင့် ကွဲပြားသည်။ သူတို့သည် သာမန် သစ်သားတုတ်များ သို့မဟုတ် သားရေချပ်ကာများဖြင့် တပ်ဆင်ထားခြင်း မရှိတော့ဘဲ သံမဏိကျိုင်းဒုံးများ၊ တူများနှင့် အခြား လေးလံသော လက်နက်များ ကိုင်ဆောင်ထားကြသည်။ သူတို့က ငွေရောင် သံကြိုးချပ်ဝတ်ကို ဝတ်ဆင်ထားကြပြီး ၎င်းမှာ အဝေးပစ် ထိခိုက်မှုကို ထိရောက်စွာ လျှော့ချနိုင်၏။ ထိုအဆင်တန်ဆာများကို ဧကရာဇ် လက်ဇ်မှ ခွဲဝေချထားပေးခဲ့သော်လည်း ထိုအကျိုးကျေးဇူးမှာ အလကားရခြင်း မဟုတ်ပေ။ ယနေ့တိုက်ပွဲတွင် အော့ခ်များ တိုက်စစ်ဆင်ရန် ပထမဆုံး ကွန်မန်ဒိုများ ဖြစ်ကြလိမ့်မည် ဖြစ်ရာ သူတို့က သေဆုံးရန် ပထမဆုံး အမြောက်စာလည်း ဖြစ်နိုင်သည်။
အကယ်၍ ထိုတိုက်ပွဲသာ အလွန် အရေးမကြီးခဲ့ပါက အော့ခ်များသည် ထိုသို့ အဆင်တန်ဆာများကို လုံးဝရရှိနိုင်မည် မဟုတ်ပေ။
လူပုနှင့် အော့ခ်များကဲ့သို့ ကြီးမားပြီး ကြမ်းတမ်းသော အရိုင်းအစိုင်းများနှင့် ယှဉ်လျှင် နတ်သူငယ် မျိုးနွယ်စုက လှပပြီး တင့်တယ်နေသော်လည်း ချောမောသော ယောက်ျားများနှင့် အလှပဂေးများကို မည်သူမျှ လျှော့တွက်ရဲခြင်း မရှိပေ။ သူတို့က စစ်မြေပြင်ပေါ်မှ ကြောက်စရာ အကောင်းဆုံး အဝေးပစ် တိုက်ခိုက်သူများ အဖြစ် အသိအမှတ်ပြု ခံထားရသည်။
ထူးချွန်သော အဝေးပစ် ပစ်ခတ် ကျွမ်းကျင်မှုအပြင် နတ်သူငယ်များတွင် အားကောင်းသော မှော်ပညာရှင်အဖွဲ့ တစ်ဖွဲ့နှင့် အလွန် အစွမ်းထက်သော ဓားအစောင့် ဗိုလ်ခြေ တစ်ခုလည်း ရှိသေးသည်။
နတ်သူငယ် မျိုးနွယ်စု၏ တပ်မှူးမှာ မင်းသမီး ဖီလီ ဖြစ်သည်။ မင်းသမီးလေး မီရှဲလ်ပင်လျှင် စစ်ပွဲတွင် ပါဝင်ခဲ့သည်။ အကယ်၍ မတော်တဆမှု တစ်ခုခု မရှိခဲ့ပါက နတ်သူငယ် ဧကရီအရှင်မ လစ်ဗ်၏ သမီး နှစ်ယောက် ဖြစ်ပြီး သူတို့ထဲမှ တစ်ဦးက နောက်နတ်သူငယ် ဧကရီအရှင်မ ဖြစ်လာပေလိမ့်မည်။ ထိုစစ်ပွဲသည် အနာဂတ် ဧကရီ အရှင်မအတွက် အရေးကြီးသော အကဲဖြတ်မှုနှင့် လေ့ကျင့်မှု ဖြစ်နိုင်ခြေ အများဆုံးဖြစ်ရာ ယခု တစ်ကြိမ်တွင် နတ်သူငယ် မျိုးနွယ်စုသည် အတိတ်က တိုက်ပွဲကို စောင့်ကြည့်သည့် သဘောထား ပြောင်းလဲခဲ့ပြီး ဗိုလ်ခြေ လေးခု အပြည့်အစုံဖြင့် ကြီးမားသော စစ်တပ် တစ်ခုကို စေလွှတ်ခဲ့၏။ မှော်လေးသမား ဗိုလ်ခြေ၊ မှော်လှံဗိုလ်ခြေ၊ မှော်ပညာရှင် ဗိုလ်ခြေ၊ ဓားအစောင့်ဗိုလ်ခြေ။
နဂါးလင်းလက်အင်ပါယာ၏ မဟာမိတ်ဟောင်းများဖြစ်သော နဂါးများလည်း လက်ရွေးစင် တပ်ဖွဲ့များကို စေလွှတ်ခဲ့ကြသည်။ နဂါးလင်းလက်အင်ပါယာ၏ နဂါးစစ်သည်တော်ဗိုလ်ခြေအပြင် အားကောင်းသော နဂါးအုပ်စုတစ်စုလည်း ရှိသေးသည်။ လက်ရှိတွင် ထိုနဂါးများ ချုံခိုတိုက်ခိုက်မှုအတွက် ဘယ်နေရာတွင် ပုန်းအောင်းနေကြသည်၊ လူသားပုံစံအဖြစ် အသွင်ပြောင်းပြီး သာမန်စစ်သည်များ အကြား ရောနှောနေကြသည်ကို မည်သူမျှ မသိပေ။ ထိုအရာသည် ဝှက်ထားသော အဆုံးသတ် အကွက်တစ်ခု ဖြစ်လိမ့်မည်။
အဓိကမျိုးနွယ်စု ၄ခု၏ အပြင်ဘက် အကူအညီ မရှိလျှင်ပင် မူလအတိုင်း လူသား လောက၏ စစ်အင်အားမှာ တန်းတူညီမျှ အားကောင်းသေးသည်။ အမြင့်ဆုံးတပ်မှူး ဧကရာဇ် လက်ဇ်က ဗွီပုံစံ၏ အောက်ခြေတွင် တည်ရှိနေရာ တောင်ပံ နှစ်ဖက်၏ ပြောင်းလဲမှုများကို သူက အလွယ်တကူ ကွပ်ကဲနိုင်သည်။ နောက်တွင် အစွမ်းထက်ဆုံး ပူးပေါင်း ဂရစ်ဖွန် ဗိုလ်ခြေလည်း ရှိသေးသည်။ သူတို့၏ စွမ်းအားမှာ နဂါးစစ်သည်တော် ဗိုလ်ခြေထက် နိမ့်ကျသော်လည်း သူတို့၏ အရေအတွက်မှာ နဂါးစစ်သည်တော် ဗိုလ်ခြေထက် များစွာကျော်လွန်နေသည်။ သူတို့က လေထဲတွင် အရေးအကြီးဆုံး တိုက်ခိုက်ရေးစွမ်းအား ဖြစ်လာလိမ့်မည်။
မကြာသေးခင် ဧကရာဇ် လက်ဇ်က စစ်မတိုင်မီ စည်းရုံးမှုတစ်ခုကို ပြုခဲ့သည်။ လှုံ့ဆော်သော မိန့်ခွန်းက လူတိုင်း၏ သွေးများကို ဆူပွက်သွားစေခဲ့သည်။ တိုက်ခိုက်လိုစိတ်နှင့် စိတ်ဓာတ်တို့က ထူးထူးခြားခြား မြင့်မားနေခဲ့ပြီး စစ်ပွဲ စတင်ရန်သာ စောင့်ဆိုင်းနေခဲ့သည်။
စောင့်ဆိုင်း နေစဉ်မှာပင် ရန်သူက နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
တံခါး အလင်းရောင် လင်းလက်သွားပြီး ပုံရိပ်အုပ်စုများက လူသား မဟာမိတ် စစ်တပ်၏ အမြင်တွင် ပေါ်လာခဲ့သည်။
ချပ်ကာယန္တရားတပ်များ။
အနက်ရောင် ချပ်ကာယန္တရားတပ်များ။
အနက်ရောင် နတ်ဆိုးမြင်းများ၊ အနက်ရောင် ချပ်ကာနှင့် အနက်ရောင် မြင်းစီးစစ်သည်များသည် မျက်နှာချင်းဆိုင် တောင်ပံများပေါ်မှ ချပ်ကာယန္တရား တပ်များနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသည်။
သို့သော် ထိုအနက်ရောင် မြင်းစီး စစ်သည်များ ချပ်ကာမှာ အတော်အတန် အားနည်းပုံရပြီး သူတို့တွင် တိုက်စစ် ဆင်ရန် လှံတံများ မရှိနေပေ။ သူတို့က နောက်ကျောတွင် လေးများ လွယ်ထားပြီး လက်ထဲ ဓားကွေးများကို ကိုင်ထားရုံသာ ဖြစ်သည်။
ဧကရာဇ် လက်ဇ်နှင့် တပ်မှူးများစွာ မှင်တက်သွားကြ၏။
ထောက်လှမ်းရေး သတင်းအရ ချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသော သားရဲ ချပ်ကာ ယန္တရားတပ်များ မဟုတ်ဘဲ... ချပ်ကာယန္တရားတပ် အပေါ့စားများ....
ပြေးလွှား တိုက်ခိုက်ဖို့ နေရာတွေ များများစားစား မရှိနေတဲ့ ဒီလိုမျိုး မြေပြင်မျိုးတွင် သူတို့က ဘယ်လိုလုပ် ချပ်ကာ ယန္တရားတပ် အပေါ့စားတွေ ဒီလောက်အများကြီး စေလွှတ်ရတာလဲ။
ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှု တစ်ခုမှာ ချပ်ကာ ယန္တရားတပ် အပေါ့စားများနှင့် ချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ ချပ်ကာယန္တရားတပ်တွေက အဆင့် လုံးဝ မတူနေဘူး။ နတ်ဆိုးတွေရဲ့ ဦးနှောက်က တစ်ခုခု လွဲနေတာလား။ ဒါမှမဟုတ် သူတို့က ရွှေရောင်နယ်မြေရဲ့ အခြေခံ အကျဆုံး သတင်းတောင် မသိတာလား။
လူသား မဟာမိတ် စစ်တပ်၏ ဘယ်တောင်ပံမှ ချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသော ချပ်ကာယန္တရားတပ် တပ်မှူးတစ်ဦးအနေဖြင့် ထရစ်စတန်က ရှေ့မှ အနက်ရောင်မြင်းပေါ်မှ တပ်မှူးမှာ ထိုနေ့က နတ်ဆိုးသံတမန် ဖရန်စစ် ဖြစ်ကြောင်း အသေအချာပင် မြင်တွေ့ လိုက်ရသည်။ ဧကရာဇ် လက်ဇ်က သူ့အား ပြိုင်ဘက်၏ ခေါင်းကို သူ့လက်ဖြင့် ဖြတ်ရန် အားပေးခဲ့သည်ကို တွေးမိရာ ထရစ်စတန်က သူ၏လက်ထဲမှ ဓားကို ဆုပ်ကိုင်လိုက်မိသည်။
အကယ်၍ လူသား မဟာမိတ်စစ်တပ် ယခုတွင် တိုက်ခိုက်ခဲ့ပါက သူတို့သည် ထိုချပ်ကာယန္တရားတပ် အပေါ့စားများကို အလွယ်တကူ ကြိတ်ချေနိုင်သော်လည်း ဧကရာဇ် လက်ဇ်က တိုက်ခိုက်ရန် အမိန့် မပေးခဲ့ပေ။ မည်သူမျှ မဆင်မခြင် မလှုပ်ရှားခဲ့ကြ။ အကြောင်းမှာ လူတိုင်းက ထိုအရာမှာ နတ်ဆိုး စစ်တပ်၏ ရေခဲတောင် ထိပ်ဖျားမျှသာ ဖြစ်ကြောင်း သိရှိကြ၍ပင်။
ပို၍များသော အနက်ရောင် အပေါ့စား ချပ်ကာယန္တရားတပ်များက ရွှေရောင် နယ်မြေသို့ ရောက်လာပြီး အနက်ရောင် မြှားပုံစံတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ နတ်ဆိုးများက ထိုချပ်ကာယန္တရားတပ် အပေါ့စားများကို ရှေ့မှ တိုက်စစ်ဆင်ရန် အမှန်တကယ် စီစဉ်ထားပုံရသည်။
ချပ်ကာ ယန္တရားတပ် အပေါ့စားများ အနောက်တွင် တပ်ဖွဲ့ အမျိုးအစားများ နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့သည်။ မြှားပုံစံ၏ တောင်ပံ နှစ်ဖက်မှာ ဧရာမ လေးထောင့်ဒိုင်းများ ဖြစ်ပြီး ၎င်းတို့မှာ ၄မီတာမြင့်ပြီး အလွန် လေးလံပုံရသည်။ ၎င်းတို့ကို လည်ပတ်ရန် အနည်းဆုံး စစ်သည် ၃ဦး လိုအပ်သည်။ ဧရာမ ဒိုင်းများ၏ အလွှာများက အမြင်အာရုံကို ကွယ်နေရာ မည်သူမျှ နောက်ကွယ်တွင် ဝှက်ထားသည့်အရာကို မသိပေ။
နောက်ထပ် အဓိကပုံစံမှာ ခြေလျင်တပ် ယူနစ်ဖြစ်သည်။ အထင်ရှားဆုံးမှာ ချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားပြီး သူတို့၏ လက်ထဲတွင် ဧရာမ စစ်ပုဆိန်များကို ကိုင်ဆောင်ထားသော ပြိဿများပင်။ ပြိဿများက နတ်ဆိုးဘုံမှ အကောင်းဆုံး ပန်းပဲဆရာများ ဖြစ်ကြပြီး သူတို့သည် အလွန် အားကောင်းသော စစ်သည်လည်း ဖြစ်ကြသည်။ သူတို့၏ ပန်းပဲစွမ်းရည်နှင့် တိုက်ခိုက်ရေး စွမ်းအားတို့မှာ လူသား လောကမှ လူပုထက် မနိမ့်ကျပေ။
ပြိဿများဘေးမှ ပုံစံမှာ မယ်ဒူဆာနှင့် အမှောင် နတ်သူငယ်များ ဖြစ်သည်။ လူသား လောကတွင် မယ်ဒူဆာများ အလွန် နည်းပါး၏။ သူတို့ အမည်များက ကျောက်ဖြစ်စေခြင်း၊ မြွေနတ်ဆိုးနှင့် မိစ္ဆာ ကဲ့သို့သော စကားလုံးများနှင့် မကြာခဏ ဆက်စပ်နေသည်။ ထိုအရာမှာ သူတို့ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော မယ်ဒူဆာများစွာကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်းပင်။ မယ်ဒူဆာများ၏ လေးပညာမှာ အံ့ဩဖွယ်ကောင်းသည်။ နတ်သူငယ်များကို မယှဉ်နိုင်လျှင်ပင် သူတို့က သာမန် လေးသမားများထက် များစွာ သာလွန်ပေသည်။ အမှောင် နတ်သူငယ်များကို သက်ကြွေ နတ်သူငယ်များဟု ခေါ်သည်။ သူတို့၏ ပေါ်ပေါက်လာခြင်းက ငွေလကောင်းကင် မြို့တော်မှ နတ်သူငယ်စစ်သည်များ၏ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နတ်သူငယ်များ၏ တိုက်ခိုက်လိုစိတ်ကို ပို၍ လောင်ကျွမ်း စေသည်မှာ ထိုနတ်သူငယ်များ သူတို့နှင့် တူညီသော မှော်ရိုင်ဖယ်များ ကိုင်ဆောင် ထားခြင်းပင်။
ပိုများသော တပ်စုများ ပေါ်လာခဲ့ပြီး မြှားပုံစံကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ နတ်ဆိုး စစ်တပ် တစ်ခုလုံးက ဧရာမမြှားတစ်စင်း ဖြစ်ပြီး တိုက်ခိုက်... တိုက်ခိုက်.... ပြီးတော့ တိုက်ခိုက်....ဟု ပြောနေခြင်းပင်။
နောက်ဆုံးတန်းမှ ဧရာမပုံရိပ်များက လူသား မဟာမိတ် စစ်တပ်ကို အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည်။
၎င်းတို့မှာ ၉မီတာခန့် မြင့်မားသော ဧရာမ လူပုံရိပ်များ ဖြစ်သည်။ သူတို့၏ ကိုယ်တစ်ခုလုံးကို အမှောင်ရွှေ သတ္တုဖြင့် ပြုလုပ်ထား၏။ မျက်လုံးများသည် အပြာရောင်အလင်း ထွန်းလင်းနေသည်။ အချို့လူများက လွှတ်ခနဲ ပြောလိုက်၏။ “စုစည်း ရုပ်သေးရုပ်တွေ...”
အဆုံးမဲ့စစ်သည်တော်အွန်လိုင်း ဆိုတဲ့ မှော်ဂိမ်းက စစ်တပ်ပဲ။ နတ်ဆိုးတွေက ဒီလို စစ်လက်နက်မျိုးကို တကယ်ပဲ လုပ်ခဲ့တယ်။ ပြီးတော့ အနည်းဆုံး တစ်ထောင်လောက် ရှိနေတယ်။
တကယ်လို့ ဒီလိုကောင်ကြီးမျိုးမှာ ဂိမ်းထဲက စွမ်းအား တကယ်ပဲ ရှိခဲ့ရင် ဒါက ဧရာမနဂါး တစ်ထောင်နဲ့ လုံးဝနီးပါးကို ညီမျှတယ်....
နှစ်ဖက်လုံးမှ ပုံစံများ တည်ဆောက်ပြီး ဖြစ်သည်။ လွင်ပြင်တွင် တောင်ပံ နှစ်ဖက်နှင့် ငန်းပုံစံနှင့် မြှားပုံစံတို့က အဝေးမှ တစ်ယောက်ကို တစ်ယောက် ရင်ဆိုင်နေကြသည်။ ထိုအရာမှာ လောက နှစ်ခု စောင့်နေခဲ့သော အစွမ်းထက်ဆုံး ရင်ဆိုင်တိုက်ခိုက်မှုပင်။
ယနေ့က လောက နှစ်ခုကို ပြောင်းလဲ သွားစေမည့် အရေးကြီးသော နေ့တစ်နေ့ ဖြစ်လာနိုင်သည်။
ထိုကြီးမားသော စစ်ပွဲနှင့် နှိုင်းယှဉ်လျှင် အိပ်မက်ဆိုးမီးတောင်၏ တစ်ပြိုင်တည်း ပေါက်ကွဲထွက်မှုမှာ အရေးမပါနေခဲ့သော အဖြစ်အပျက်လေး တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ထိုအရာက လောကကြီးကို အမှန်တကယ်ပင် ပြောင်းလဲသွားစေမည့် တည်ရှိမှု ဖြစ်ကြောင်း အားလုံးနီးပါးက မသိခဲ့ကြပေ။
ပေါက်ကွဲထွက်နေသော မီးတောင်ဝက ဟိန်းနေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ရေတွက်၍ မရနိုင်သော ပြင်းထန်သည့် သွေးနီရောင် ပန်းထုတ် နေသည်။ ထူထဲသော မီးခိုးငွေ့များင အနီရောင်ကောင်းကင်နှင့် ချိတ်ဆက်ပြီး ကောင်းကင်သို့ တက်သွားခဲ့သည်။ မွန်းကြပ်စေသော လေက ပျက်စီးခြင်း၏ လောင်ကျွမ်းနေသော အပူဖြင့် ပြည့်နေပြီး မရေမတွက်နိုင်သော ချော်ရည်များမှာ ပြင်းထန်စွာ တုန်ခါနေသော မြေပေါ်တွင် အလျင်အမြန် စီးဆင်းနေသည်။
အနီရောင် ကောင်းကင်တွင် စိန်ပုံစံ ပုံစံကွက် တစ်ခုသည် ပွင့်တော့မည့် မျက်လုံးသဖွယ် ခပ်ရေးရေး ပေါ်လာပြီး နေရာတိုင်း ပျံ့နှံ့နေသော ပျက်စီးခြင်းကို အထင်သေးချက် ကြည့်ရှုနေ၏။
၎င်းက တောင်ဝှေးဖြင့် မနည်းမနော ထရပ်နေသော ဝတ်ရုံနှင့် ပုံရိပ်ကိုလည်း အထင်သေးစွာ ကြည့်ရှုနေခဲ့သည်။
ဝတ်ရုံနှင့် ပုံရိပ်၏ မူလ အဖြူရောင် လက်များက တွန့်နေပြီ ဖြစ်သည်။ သူက အက်ကွဲနေသော သစ်သားခြောက် တောင်ဝှေးကို တုန်ရီလျက် ကိုင်ဆောင် ထားသည်။ ထိုသစ်သားတောင်ဝှေးက သူ၏ ခန္ဓာတစ်ခုလုံးကဲ့သို့ပင် အချိန်မရွေး ကျိုးပဲ့သွားစေနိုင်၏။
ဝတ်ရုံနှင့် ယောက်ျားက သူ၏ခေါင်းကို ငုံ့လိုက်ပြီး အသက်ရှူမဝ ဖြစ်နေကာ ကောင်းကင်ကို မော့မကြည့်ခဲ့သော်လည်း ဝိညာဉ် အာရုံတွင် စိန်ပုံစံ မျက်လုံးက နိမိတ်ပုံရိပ်မှ လက်တွေ့သို့ တဖြည်းဖြည်း ထင်ရှား၍ လာခဲ့သည်။ မျက်လုံးက တဖြည်းဖြည်း ပွင့်လာ၏။ ထိုအရာမှာ မီးတောက်များဖြင့် လောင်ကျွမ်းနေသော မျက်ဆံပင်။ အမြင်အာရုံက အကြွင်းမဲ့ ပျက်စီးခြင်းနှင့် အမုန်းတရားတို့ဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ရှိ စိန်ပုံစံ အနီးတွင် အနီရောင်လျှပ်စီး လင်းလက်လာခဲ့သည်။ ဝတ်ရုံနှင့် ယောက်ျားက မျက်မှောင် ကြုတ်လိုက်ပြီး လောင်ကျွမ်းနေသော မီးတောင်ဝကို ကြည့်လိုက်မိလေသည်။ အရှိန်မြင့်မြင့် ပေါက်ကွဲထွက်နေသော ချော်ရည်၏ အလယ်တွင် မီးတောက် တစ်ခု တဖြည်းဖြည်း တက်လာနေသည်။ ထိုမီးတောက်က ပန်းတစ်ပွင့်ကဲ့သို့ ဖြစ်ပြီး တစ်လွှာပြီးတစ်လွှာ တဖြည်းဖြည်းနှင့် ပွင့်လန်းနေသည်။ မီးတောက် ဗဟိုတွင် သွေးအရောင်က ပို၍ပို၍ ထူထဲလာပြီး ၎င်းမှာ လူသားပုံရိပ် တစ်ခုအဖြစ်သို့ စုစည်း၍ သွားခဲ့သည်။
အမျိုးသမီးတစ်ဦး၏ အဝတ်ဗလာကျင်း ခန္ဓာကိုယ်ပင်။
ပထမအကြည့်တွင် ကြမ်းတမ်းသော ပုံရိပ်က အလွန်ပင် ဆွဲဆောင်မှု ရှိနေသော်လည်း အနီးကပ် ကြည့်ရာတွင် ကြောက်မက်ဖွယ်ကောင်းနေ၏။
ဆံပင်ရှည်အနီက မီးတောက်များတွင် လွင့်နေပြီး အနီရောင်ရင့် အရေပြားကို ပင့်ကူအိမ်သဖွယ် ပုံစံကွက်များဖြင့် ဖုံးအုပ်ထားသည်။ ပုံစံကွက်များမှ အက်ကြောင်းများက လောင်ကျွမ်းသော ရွှေရောင်ကို ပြသနေလေသည်။ သူ၏ လက်များပေါ်မှ လက်သည်းများ အလွန် ရှည်လျားပြီး အနည်းငယ် ကွေးနေသော အခုံးများက ယှဉ်မရသော ချွန်ထက်သည့် အစွန်းဖျားကို ပြသနေသည်။ နူးညံ့သော မျက်နှာပေါ်တွင် ထူးဆန်းသော မျက်လုံး တစ်စုံ ရှိနေ၏။ မျက်လုံးများက ဝတ်ရုံနှင့် ယောက်ျား၏ စိတ်ထဲမှ မျက်လုံးကဲ့သို့ပင် ပွင့်လာခဲ့သည်။