စနေပြီ
Vol. 79 Ch. 1216
မီးတောက်များထဲမှ မိန်းကလေး၏ ညာမျက်လုံး၌ အပြာရောင် မျက်ဆံတစ်ခု ရှိနေသည်။ ၎င်းမှာ အသူရာချောက်နက် ကဲ့သို့ပင် နက်ရှိုင်းသော်လည်း လူများကို ဗလာနတ္ထိ ဟူသော ခံစားချက် တစ်ခုကို ပေးနေပြီး ဘယ်မျက်လုံး၏ မျက်ဆံမှာမူ လှိမ့်တက်လာသော အငွေ့အသက်များနှင့် သွေးနီရောင် ဖြစ်နေသည်။
ဝတ်ရုံနှင့်ယောက်ျား၏ မျက်လုံးတွင် ထိုမျက်လုံး၌ ပါဝင်သော အန္တရာယ်မှာ အိပ်မက်ဆိုး မီးတောင် တစ်ခုလုံး ပေါက်ကွဲထွက်မှုထက်ပင် အဆပေါင်း ကုဋေမက ပိုပြင်းထန်၏။
ထိုအမျိုးသမီးက မမြင်နိုင်သော လှေကားထစ်များပေါ် လှမ်းတက်နေသည့် အလား ဝတ်ရုံနှင့် ယောက်ျားထံသို့ တစ်လှမ်းချင်းစီ လျှောက်သွားခဲ့သည်။ ခြေလှမ်း တစ်လှမ်းတိုင်းတွင် သူ၏ ကိုယ်ပေါ်မှ ရွှေရောင်ပုံစံကွက်သည် ပို၍ပေါ့ တောက်ပလာခဲ့ပြီး ဝတ်ရုံနှင့် ယောက်ျား၏ ဘေးနားရှိ မြေပြင်ပေါ်မှ အက်ကြောင်းများ ပိုနက်ရှိုင်းလာခဲ့သည်။ ခြောက်သွေ့သော သစ်သားတောင်ဝှေးကို ကိုင်ထားသော လက်က အင်အားအချို့၏ ဖိအားကြောင့် ပို၍ပင် တင်းကျပ်လာပြီး သူ၏သွေးများက ထိုအက်ကြောင်းများထဲ အဆက်မပြတ် ကျဆင်းနေကာ ဆင့်ခေါ်မှု တစ်မျိုးမျိုးအောက်တွင် ရှိနေသည့်အလား ဖျက်ဆီးခြင်း အငွေ့အသက်ဖြင့် ပြည့်နှက် နေသော သွေးရောင်အလင်း ထုတ်လွှတ် နေခဲ့သည်။
သူ မျက်နှာချင်းဆိုင်သို့ လျှောက်လှမ်း သွားရာ သူ၏အရေပြား ကြည်လင်နေပုံ ရနေပြီး သာမန်လူများ၏ အရေပြားနှင့် တူညီနေပြီ ဖြစ်သည်။ လွင့်နေသော မီးကဲ့သို့ အနီရောင်ဆံပင်က တဖြည်းဖြည်း အပြာရောင်သို့ ပြန်လည် ရောက်ရှိသွားပြီး ဘယ်မျက်လုံးမှ လောင်ကျွမ်းနေသော မီးတောက်များမှာ မျက်ဆံထဲသို့ စုစည်း ဝင်ရောက်သွားခဲ့သည်။ သွေးအနည်းငယ် ထွက်နေခြင်းမှ လွဲလျှင် အပြာရောင် ညာမျက်ဆံသည် ပို၍ပို၍ အခေါင်းပေါက် ဖြစ်လာခဲ့သည်။
သူက ရွှေ-နီရောင် ချပ်ကာကို ဝတ်ဆင်ထားပြီး နောက်ကျောမှ ဝတ်ရုံက မီးတောက်များတွင် လွင့်မျောနေခဲ့သည်။ သူက အသူရာချောက်နက်မှ လျှောက်၍ ထွက်လာသော စုန်းမတစ်ဦး ကဲ့သို့ပင် စွဲမက်ဖွယ် အလှတရား ရှိသည်။
ဝတ်ရုံနှင့် ယောက်ျား၏ ခန္ဓာကိုယ် တစ်ခုလုံး အလွန်ပြင်းထန်စွာ တုန်ခါနေပြီး အရေပြားပေါ်တွင် သွေးအမှတ်များက ပေါ်လာခဲ့သော်လည်း ထိုမျက်လုံးများက ညကောင်းကင်ကဲ့သို့ တည်ငြိမ်နေဆဲပင်။
“မင်း တကယ်ပဲ...” ပတ်ပတ်လည်မှ လောင်ကျွမ်းနေသော အပူနှင့် မွန်းကြပ်မှု တို့နှင့် ယှဉ်လျှင် အမျိုးသမီး၏ အသံသည် ရေခဲ အကျဉ်းထောင်မှ အေးစက်သော လေကဲ့သို့ ဖြစ်နေပြီး ဝိညာဉ်ကို အေးခဲ၍ သွားစေသည့် အအေးဓာတ်ကို ထုတ်ဖော် ပြသနေသည်။ “ငါ့ကို နိုးထစေခဲ့တယ်။”
ထိုစကားများ ထွက်ပေါ်လာရာတွင် ဝတ်ရုံနှင့် ယောက်ျားက ပြုံးလိုက်သည်။ ထိုအပြုံးက သွေးစွန်းနေသော ပါးစပ်အား နှုတ်ခမ်းထောင့်တွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကွဲအက်၍ သွားစေသော်လည်း သူ ဂရုမစိုက်ပေ။ ရယ်သံက ပိုကျယ်လာပြီး ပုံမှန် ဉာဏ်ပညာနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်သော ရူးသွပ်မှု အရိပ်အယောင် တစ်ခုကို ထုတ်ဖော်ပြသနေ၏။
ချော်ရည်များ ပက်ဖျန်းပြီး လျှပ်စီးများ လင်းလက်၍ သွားခဲ့သည်။ ကောင်းကင်မှ သွေးရောင်တိမ်၏ အလယ်ဗဟိုတွင် စိန်ပုံစံက ဖျော့တော့သော တောက်ပမှုဖြင့် စတင်၍ ထွန်းလင်းလာခဲ့သည်။
အမှောင်လ နယ်မြေ အထက်မှ ကောင်းကင်က ထူထပ်သော တိမ်များဖြင့် ဖုံးအုပ်ထားပြီး လျှပ်စီးများက တခါတရံ လက်ခနဲ ဖြစ်နေခဲ့သည်။
ချန်လွေ့က ကောင်းကင်ကို ကြည့်လိုက်သည်။ အကြောင်း တစ်ခုခုကြောင့် စိတ်ထဲမှ မငြိမ်မသက် အာရုံမှာ ပို၍ ပြင်းထန်လာခဲ့သည်။
“ဝါး ဝါး ဝါး...”
ကလေးငိုသံကြောင့် သူ၏ အာရုံက ပြောင်းသွားခဲ့သည်။ ၎င်းမှာ သို့သို့လေး ဖြစ်သည်။
ထိုရက်များအတွင်း သို့သို့လေးသည် ခြံဝင်း တစ်ခုလုံး၏ အဓိကပုဂ္ဂိုလ် ဖြစ်သည်။ မူလ မင်းသမီးငယ်လေး သော်သော်၏ ဦးစားပေးမှုပင် အဆင့် တစ်ဆင့် ကျဆင်းသွားခဲ့ပြီး သို့သို့နောက်မှ အဆင့် သတ်မှတ်ခြင်း ခံခဲ့ရသည်။
သို့သော်လည်း ဉာဏ်ကောင်းသော အချစ်တော် သော်သော်က ၎င်းတို့ကို ဂရုမစိုက်ခဲ့ပေ။ ထိုအစား သူက သူ၏ မောင်လေးကို စောင့်ရှောက်ရန်နှင့် သူ ကြီးလာလျှင် ဒေါသအိုးငှက်ဂိမ်း ကစားရန် ကမ်းလှမ်းခဲ့သည်။ ခြံထဲမှ အဒေါ်များက သော်သော်အား နားလည်မှု ရှိသည့် အတွက် ထပ်ခါတလဲလဲ ချီးကျူးခဲ့ကြပြီး စကား၏ နောက်ဆုံး တစ်ဝက်ကို လျစ်လျူရှုခဲ့ကြ၏။ မသမာသော ဖခင်၏ ခါးပတ်လည်မှ အသားပျော့ပျော့မှာမူ တစ်ချိန်တည်းတွင် လက်များစွာ၏ ၃၆၀ ဒီဂရီ ဆွဲလိမ်ခြင်း ခံလိုက်ရသည်။
လပြည့်ပြီးနောက်တွင် သို့သို့သည် ပို၍ ပန်းရောင် သမ်းလာပြီးနောက် ချစ်စရာ ကောင်းလာသည်။ တစ်ခါတစ်ရံ သူသည် မသိစိတ်ဖြင့် အသံအချို့ကို ပြုလုပ် ပေလိမ့်မည်။ အခါအားလျော်စွာ မေမေ သို့မဟုတ် ဖေဖေကဲ့သို့ စကားများက ခြံဝင်းအား ရယ်မောသံများဖြင့် ပေါက်ကွဲ ထွက်သွားစေနိုင်ပြီး ၎င်းမှာ ချန်လွေ့၏ စိတ်ထဲမှ မြူခိုးများကိုလည်း များစွာ လျော့ပါးသွားစေခဲ့သည်။
“အသီနာ၊ ခီရာ...”
“ချန်လွေ့။ သို့သို့က အခုတလော ဘာဖြစ်နေတာလဲ မသိဘူး။ သူ မနေ့ညက တစ်ညလုံး ငိုပြီးတော့ အိပ်လည်း မအိပ်ဘူး။” အသီနာက ကလေးကို ပွေ့ချီထားသည်။ သူ၏ နွမ်းနယ်နေသော မျက်လုံးနီများက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ သို့သို့လေး ထိုရက်ပိုင်း အခြေအနေ သိပ်မကောင်းပုံ ရသည်။ ငိုချိန်က သိသိသာသာ တိုးလာခဲ့သည်။ ဘေးမှ ပထမဆုံး နို့ထိန်းဖြစ်သူ ခီရာလည်း စိုးရိမ်နေပုံရသည်။ သလင်းကျောက် မောင်းမဆောင် အမျိုးသမီးများအနက် ကတ်သရင်းနှင့် အသီနာတို့သာ မိခင် ဖြစ်လာခဲ့ကြသော်လည်း လူတိုင်းက သို့သို့နှင့် သော်သော်ကို တန်းတူညီမျှ ချစ်မြတ်နိုးကြလေသည်။
“ကိုယ် မသိဘူး။” ချန်လွေ့က သို့သို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ဂရုတစိုက် အာရုံခံ၍ ကြည့်လိုက်သော်လည်း သူသည် ပုံမှန်မဟုတ်သော လက္ခဏာ မတွေ့ခဲ့ပေ။
“ဖိုက်သွန်သာ ဒီမှာ ရှိနေသေးရင်...” ခီရာက တိုးတိုးလေး ပြောလိုက်သည်။
ဖိုက်သွန်က နောက်ဆုံးတစ်ခေါက် တံခါး ပေါ်လာစဉ်က ထွက်ခွာသွားခဲ့ပြီး ထိုအချိန်ကတည်းက ပျောက်နေခဲ့သည်။ ချန်လွေ့သာ မကဘဲ အခြားလူတိုင်းက တစ်စုံတစ်ခု ပျောက်ဆုံး၍ နေသကဲ့သို့ ခံစားမိသည်။
ကြောက်မက်ဖွယ် မိုးပျံနယ်မြေထဲတွင် အတူတကွ လေ့ကျင့်ခြင်း၊ လူတိုင်း၏ တိုးတက်လာမှုကို လမ်းညွှန်ခြင်းနှင့် မြှင့်ပေးခြင်း၊ ဆာရီရယ်ကို ကိုင်တွယ်ရန် ပူးပေါင်းခြင်း၊ သိဒ္ဓိအလင်းတောင်သို့ အတူတကွ သွားရောက်ခြင်း...
လူတိုင်း၏ စိတ်ထဲတွင် သူတို့က ယခင် ရန်သူမှ လက်ရှိမိတ်ဆွေသို့ ပြောင်းလဲ၍ သွားခြင်းကို ဟိုးအရင် ကတည်းက သဘောတူခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
သူကိုယ်တိုင် ၎င်းကို သိမသိ မည်သူမျှ မသိနိုင်ခဲ့ပေ။
နောက်ဆုံးတွင် အသီနာနှင့် ခီရာတို့က သို့သို့ကို အိပ်ပျော်အောင် ချော့သိပ် လိုက်ကြသည်။
“ဂီရန့်ရဲ့ စစ်တပ်က အခုလောက်ဆို ရွှေရောင်နယ်မြေဆီ ရောက်လောက်ပြီ...” ချန်လွေ့ သက်ပြင်းချလိုက်၏။
ထိုတိုက်ပွဲကို နတ်ဆိုးဘုံတွင် ဟိုးအရင် ကတည်းက သိရှိပြီးဖြစ်၏။ လူအားလုံးနှင့် မီဒီယာများက စစ်မြေပြင်ကို အာရုံစိုက် နေကြသည်။ စစ်မြေပြင် သတင်းထောက် တစ်ဦးပင်လျှင် ၎င်းကို တိုက်ရိုက်၍ ထုတ်လွှင့်နေခဲ့သည်။
ထိုတိုက်ပွဲအတွက် ပြင်ဆင်ရန်အတွက် နတ်ဆိုး စစ်တပ်က ထိုရက်များအတွင်း မှော်ပစ္စည်းများ၏ အကူအညီဖြင့် နည်းဗျူဟာများကို လေ့ကျင့်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့က အလင်းဒြပ်စင် ပတ်ဝန်းကျင်မှ တိုက်ခိုက်ရေး စွမ်းအားနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နေခဲ့ကြသည်။
အင်ပါယာ ၃ခု မဟာမိတ် အဖွဲ့တွင် အင်ပါယာ အကြီးအကဲ များစွာက ယခင်တစ်ခေါက် ကြယ်ကြွေတမန် အင်ပါယာ စစ်ရေးပြပွဲတွင် ပေါ်ပေါက် လာခဲ့သော ရှေးအစောင့်အရှောက် စစ်တပ်အား တိုက်ပွဲတွင် ပါဝင်စေရန် အဆိုပြုခဲ့ကြသည်။
ကံဆိုးသည်မှာ ထိုဧရာမအင်အားစုကို တာဝန်ယူထားသော အက်ဂ်ယောသည် ထိုသို့အရေးကြီးသော အခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့ခြင်းပင်။
အမှန်မှာ ချန်လွေ့က ကြယ်မြို့၏ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း စစ်တပ်ကို အမှန်တကယ် စေလွှတ်ခဲ့ပါက ဂူရာဒန်၏ မသေမျိုး စစ်တပ်နှင့် နတ်ဆိုးဘုံ၏ စစ်အင်အားနှင့် ဆိုလျှင် ထိုတိုက်ပွဲက လူသား မဟာမိတ် စစ်တပ်ကို အလွယ်ပင် ကြိတ်ချေပစ်နိုင်ကြောင်း ကောင်းကောင်း သိလေသည်။
သူ၏ လက်ရှိ စွမ်းအားဖြင့် သူသည် မည်သည့် ဘက်ကိုမဆို ပူးပေါင်းနိုင်ပြီး တိုက်ပွဲ အခြေအနေ တစ်ခုလုံးကို ပြောင်းလဲနိုင်၏။ သူက လောက နှစ်ခု၏ အင်အားနှင့် တန်းတူညီမျှ ရပ်တည်လျက် ကိုယ်ပိုင် အုပ်စုတစ်ခုပင် ဖွဲ့စည်းနိုင်သည်။ သို့သော် လောက နှစ်ခုအကြား စစ်ပွဲ၏ အမှန်တရားကို သိရှိနေသူ တစ်ဦးနှင့် နတ်ဆိုးဘုံ၏ လူသားတစ်ဦး အနေဖြင့် ချန်လွေ့သည် ၎င်း၏ အပြင်ဘက်တွင် နေရန်သာ ရွေးချယ်နိုင်ခဲ့သည်။
“ဟုတ်တယ်။” သူက အရင်ဦးစွာ ၎င်းကို ပြောသည်ကို ကြားရာ အသီနာ အဖြေပေးလိုက်သည်။
အမှန်မှာ လူတိုင်းက ချန်လွေ့၏ စိတ်အခြေအနေကို နားလည်ကြသည် ဖြစ်ရာ ထိုအကြောင်းကို တမင်တကာ ရှောင်ရှားခဲ့ကြသည်။
“စတေးခံရခြင်းရဲ့ အတွင်းဇာတ်လမ်း မရှိရင်တောင်မှ တကိုယ်ကောင်းဆန်တဲ့ သဘာဝရှိတဲ့ စစ်ပွဲကို ရှောင်လွှဲလို့ မရနိုင်သေးဘူး။” အစ်ဇဘယ်လာ၏ အသံ နောက်မှ တိုးတိုးလေး ထွက်ပေါ်လာ၏။ “ရှင်ကိုယ်တိုင် ငြိမ်းချမ်းရေးကို ခတ္တခဏ ရောက်ရှိ လာစေနိုင်ရင်တောင် စစ်ပွဲကို တကယ်တမ်း မဖယ်ရှားနိုင်ဘူး။”
“ကိုယ်က အဲဒီလောက် မြင့်မြတ်တာ မဟုတ်ပါဘူး။” ချန်လွေ့က ခေါင်းခါ လိုက်သည်။ “ဒါက...”
သူ၏စကား မဆုံးခင်မှာပင် သူသည် စူပါစနစ်မှ သဘာဝသစ်ပင်၏ အလင်း ရေးရေးလေးကို ရုတ်တရက် အာရုံ ခံမိလိုက်ပြီး အထူးစိတ်စွမ်းအား တစ်ခုက ပျံ့နှံ့သွားခဲ့သည်။
ချန်လွေ့သည် မူလက ၎င်းကို ဖိနှိပ်ရန် စွမ်းအားကို အသက်သွင်းလိုခဲ့သော်လည်း မကြာသေးခင်က စိတ်ထဲမှ မငြိမ်မသက် ခံစားချက်ကို တွေးမိသောအခါ ခဏတာ တွန့်ဆုတ်သွားခဲ့သည်။ သူက ဝိညာဉ်ကို ကာကွယ်ရန် ကြယ်စွမ်းအားကိုသာ စီးဆင်း စေလိုက်ပြီး ထိုစိတ်စွမ်းအားက ရစ်ပတ်ခွင့် ပြုလိုက်၏။
ချက်ချင်းဆိုသလို သူသည် အသီနာနှင့် အခြားသူများ၏ အရိပ်များ မှုန်ဝါး၍ သွားသည်ကိုသာ ခံစားမိလိုက်ရသည်။ နေရာလွတ် ပြောင်းသွားပြီး သွေးနီရောင် မြင်ကွင်းတစ်ခု ရှေ့တွင် ပေါ်လာခဲ့သည်။
ပတ်ပတ်လည်တွင် စီးဆင်းနေသော ချော်ရည်၊ ကြက်သွေးရောင် ကောင်းကင်၊ သွေးရောင်လျှပ်စီးတို့ပင်။ အမြင်အာရုံနှင့် အကြားအာရုံသာ ရှိနေသော ပရိသတ် တစ်ဦးပင်လျှင် ထိုမြင်ကွင်း၏ ဖိနှိပ်မှု ရှိသော မွန်းကြပ်မှုနှင့် လောင်ကျွမ်း နေသော အပူကို ခံစားနိုင်၏။
ဒါက ပုံရိပ်ယောင်တစ်ခု မဟုတ်ဘူး။ သဘာဝသစ်ပင်က ပို့လိုက်တဲ့ စစ်မှန်တဲ့ ပုံရိပ် တစ်မျိုးမျိုးပဲ။
ဒီလိုရင်းနှီးတဲ့ မြင်ကွင်း...
ချန်လွေ့က ကောင်းကင်မှ သွေးရောင် တိမ်ထဲတွင် မျက်လုံးကဲ့သို့ စိန်ပုံစံကို အံ့ဩစွာ ကြည့်လိုက်သည်။ သူက ၎င်းကို မော့ကြည့်လိုက်ရာာ သူ၏ အကြည့်သည် သွေးနီရောင် လောက၏ အလယ်ဗဟိုမှ ပုံရိပ် နှစ်ခုအပေါ်တွင် စူးစိုက်သွားခဲ့၏။
ဝတ်ရုံနှင့် သစ်သား တောင်ဝှေးကို ကိုင်ဆောင်ထားကာ လူသားမျက်နှာနှင့် ဘီလူးမျက်နှာ တစ်ဝက်စီ ဖြစ်နေသော ထိုယိုင်လဲနေသည့် ပုံရိပ်မှာ ပျောက်ကွယ် သွားသော နတ်သူငယ် မျိုးနွယ်စု၏ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာပင်။
အလူစီယာက ထွက်သွားနိုင်ခြင်း မရှိခဲ့သော စိတ်လှည့် တောအုပ်မှ ထွက်ခွာ၍ သွားခဲ့ပြီး သူ၏တည်နေရာကို မသိခဲ့ရပေ။ မမျှော်လင့်ဘဲ သူ ထိုနေရာ၌ ပေါ်လာခဲ့သည်။
ဒီနေရာက... ဘယ်နေရာလဲ။
အလူစီယာရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မီးတောက်ထဲက အဲဒီအမျိုးသမီး ပုံရိပ်...
ချန်လွေ့၏ မျက်ဆံများ ရုတ်တရက် ကျုံ့သွားခဲ့၏။
အဲဒီမျက်နှာ...
အပြာင်နဲ့ အနီရောင် မျက်ဆံတွေ../
ဒါ တကယ် သူပဲ...
သူ မသေသေးဘူး...
သူ ဘယ်လိုလုပ် အလူစီယာနဲ့ အတူ ရှိနေရတာလဲ။ ဘာလို့သူက အဲဒီလို ပုံစံမျိုး ဖြစ်နေရတာလဲ။
ဒါက တခြားနေရာလွတ် တစ်ခုလား။ ဒါမှမဟုတ်... ဒါက ဒီလောကထဲမှာလား။
“နိုးထခြင်း ဟုတ်တယ်။” အလူစီယာ၏ ဝတ်ရုံက အရေပြားမှ ကြောက်မက်ဖွယ် ကောင်းသော အမာရွတ်များကို ဖော်ပြ၍ နေသော်လည်း သူက ပြုံးနေခဲ့သည်။ “ပိုပြီးတော့ တိတိကျကျပြောရရင် ဒါကို စောပြီးမွေးတာလို့ ခေါ်သင့်တယ်...”
“မိုက်မဲတဲ့ ကံကြမ္မာရဲ့ အစေခံ။ ဒါက မလွှဲမရှောင်သာ ဆိုတာကို မင်း သိတယ်။ ဒါပေမဲ့ မင်းအသည်းအသန် ပြောင်းလဲချင် နေတုန်းပဲ။” အမျိုးသမီး၏ မျက်လုံးက အလူစီယာ၏ သွေးစွန်းသော မျက်နှာကို ဓားတစ်ချောင်းကဲ့သို့ ထပ်မံကြည့်လိုက်ပြီး မထီမဲ့မြင် ပြောလိုက်လေသည်။ “မင်းက ကျိန်စာရဲ့ ကျန်နေသေးတဲ့ စွမ်းအားကို အသုံးချပြီးတော့ အဓိကကုန်းမြေရဲ့ အခွင့်အာဏာ အစီအရင်ကို ဖွင့်လှစ်၊ ပျက်စီးခြင်းကို မပြည့်စုံတဲ့ ပုံစံနဲ့ ကြိုတင် ဆင်းသက်စေရုံနဲ့ ကံကြမ္မာလမ်းစဉ်ကို ပြောင်းလဲနိုင်မယ် ထင်နေတာလား။”
ချန်လွေ့က သူတို့ နှစ်ဦးအကြားမှ စကားစမြည် ပြောဆိုမှုကို ရှင်းလင်းစွာ ကြားနိုင်ခဲ့သည်။ အမျိုးသမီး၏ စကားက သူ့ကို မိုးကြိုးပစ်သကဲ့သို့ တုန်လှုပ်၍ သွားစေသည်။ အမျိုးသမီး၏ ပြန်လည် ရှင်သန်ခြင်းကို တုန်လှုပ်နေသည်ထက် ကျော်သွားခဲ့သည်။
နှစ် ၅၀၀တိုင်း ဖြစ်ပွားတဲ့ စတေးခံက ပုံမှန်ထက် နှစ်၁၀၀ကျော် စောပြီးတော့ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ဒါက လောက နှစ်ခုစလုံးမှာ ထိတ်လန့်မှုတွေ ဖြစ်စေခဲ့ပြီးတော့ မရေမတွက်နိုင်တဲ့ သက်ရှိတွေရဲ့ သေဆုံးမှုကို လိုအပ်တဲ့ ဒီစစ်ပွဲကိုလည်း ဖြစ်စေခဲ့တယ်။ ဒါက တကယ်တမ်း အလူစီယာ လုပ်ခဲ့တာ ဖြစ်နေတယ်။
ချန်လွေ့ကို အကြောက်ရွံ့ဆုံးမှာ အစီအရင်ကို ဖွင့်လှစ်၊ ပျက်စီးခြင်းကို ကြိုတင်ဆင်းသက် ဟူသော စကားပင်။
အသူရာချောက်နက်ကို ခုခံတွန်းလှန်ပြီး မသိနိုင်သော နှစ်ပေါင်း များစွာကြာအောင် အဓိက ကုန်းမြေကို ကာကွယ်ပေးခဲ့သော အစီအရင်ကို နတ်သူငယ် ရှေ့ဖြစ်ဟော အလူစီယာမှ အမှန်တကယ် ဖွင့်လှစ်ခဲ့သည်။
ဆိုလိုသည်မှာ...
အသူရာ ချောက်နက်က အဓိက ကုန်းမြေကို ရောက်ရှိလာခဲ့လေပြီ။
ချန်လွေ့က မယုံကြည်နိုင်ခဲ့ပေ။ သူ ထင်ထားခဲ့သော နှစ်ပေါင်းသောင်းနှင့်ချီ၊ သို့မဟုတ် အချိန်အကြာကြီး နေပြီးမှ ဖြစ်ပွားလိမ့်မည်ဟု ထင်ထားခဲ့သော ကြောက်မက်ဖွယ် အဖြစ်အပျက်က အမှန်တွင် ယခု ဖြစ်ပွားနေခဲ့သည်။
သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ အလူစီယာ ရူးသွားပြီ ဟူ၍ပင်။
“ကံဆိုးတာက ငါ ပြီးပြည့်စုံတဲ့ ပုံစံနဲ့ မဆင်းသက် ခဲ့ရင်တောင်မှ ရလဒ်က ဘယ်လိုနည်းနဲ့မှ ပြောင်းလဲမှာမဟုတ်ဘူး။ မင်းရဲ့အသက်ကို စွန့်စားပြီး ပြောင်းလဲ ခဲ့တာက အချိန်နဲ့ နည်းလမ်းပဲ။”
အမျိုးသမီးက အေးစက်စက်နှင့် ရက်စက်သော အပြုံးတစ်ခု ပြသခဲ့သည်။ အလူစီယာ၏ တုန်ခါမှုသည် ပို၍ပင် ပြင်းထန်လာပြီး သူ၏ ခြေဖဝါးအောက်မှ မြေကြီးက မမြင်နိုင်သော ကြောက်စရာ ကောင်းလှသည့် ဖိအားအောက်တွင် လုံးဝကွဲအက်သွားသည်။ “မင်း နေထိုင်တဲ့ လောက၊ မင်း မြတ်နိုးတဲ့ အရာအားလုံးက မင်းရဲ့ မိုက်မဲမှုကြောင့် ရှင်သန်ဖို့အတွက် နောက်ဆုံး အခွင့်အရေးကို ဆုံးရှုံး သွားလိမ့်မယ်။ သူတို့ လုံးဝပျက်စီးသွားပြီး အစောကြီး ဝါးမျိုခံရလိမ့်မယ်။”
အလူစီယာ၏ အပြုံးက ပုံမှန်အတိုင်း “ဟုတ်မှာပါ။”
“ဟုတ်မှာပါ ဟုတ်လား။ အဓိက ကုန်းမြေပေါ်မှာ ရှိနေတဲ့ ဒီအားနည်းတဲ့ ပုရွက်ဆိတ်တွေက ကံကြမ္မာ ခြေလှမ်းကို ရပ်တန့်နိုင်မယ်လို့ ထင်နေတာလား။” အမျိုးသမီး ထိုသို့ပြောလိုက်စဉ် သူက ညာဘက်လက်ကို တဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ မရေမတွက်နိုင်သော သွေးနီရောင် လျှပ်စီးက ချွန်ထက်သော လက်သည်းများ၏ ထိပ်ဖျားများပေါ်တွင် ပတ်ရစ်နေခဲ့၏။ လင်းလက်နေစဉ်အတွင်း နေရာလွတ်ထဲတွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ အရှိန်အဟုန် အစွန်းက အလူစီယာ၏ ဝတ်ရုံကို ဖြတ်သန်းသွားရာ ကြီးမားသော ဖြတ်တောက်မှု ဧရိယာ တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ဖြတ်တောက် ခံလိုက်ရသည်မှာ ဝတ်ရုံ သာမကဘဲ အသားနှင့် အရိုးများပါ ပါဝင်၏။
“ကံကြမ္မာကို ပြောင်းလဲလို့ မရနိုင်ဘူး။ ဒါက နောက်ကျတာ ဒါမှမဟုတ် စောပြီး ရောက်လာခြင်း ကြားမှာရှိတဲ့ အချိန် ကွာခြားချက် တစ်ခုပါပဲ။ သူတို့က အားနည်းနေနိုင်တယ်။ ဒါပေမဲ့ သူတို့မှာ အဆုံးမဲ့ ဖြစ်နိုင်ခြေတွေ ရှိတယ်။” အလူစီယာက ကိုယ်ပေါ်မှ ဒဏ်ရာများနှင့် နီးကပ်လာနေသော သေခြင်းတရားကို အာရုံမစိုက်ဘဲ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ရွှေရောင်နယ်မြေ၌ ဖြစ်သည်။
အခါအားလျော်စွာ အနီရောင်လျှပ်စီးက ကောင်းကင်၌ လင်းလက်သွားသော်လည်း မည်သူမျှ ၎င်းတို့ကို အာရုံမစိုက်ခဲ့ပေ။ ၎င်းမှာ ငန်းပုံစံဖြစ်စေ၊ မြှားပုံစံဖြစ်စေ သတ်ဖြတ်ချင်စိတ်နှင့် တိုက်ခိုက်ချင်စိတ်တို့ဖြင့် ပြည့်နေသော မျက်လုံးများက ရှေ့မှ ရန်သူများကိုသာ မြင်တွေ့နေသည်။
ငန်းရိုင်းပုံစံ၏ အောက်တွင် ဧကရာဇ် လက်ဇ်က တပ်မှူးစင်မြင့်ပေါ် ရပ်နေ၏။ သူက ပြိုင်ဘက်၏ မြှားပုံစံ အလယ်ဗဟိုမှ ဂီရန့်ကို ချက်ချင်း တွေ့လိုက်ရပြီး သူသည် ဂီရန့်၏ အကြည့်ချင်း ဆုံသွားခဲ့သည်။ သူတို့ နှစ်ဦးစလုံးက ထူးကဲသော ခွန်အား ရှိသော လူများဖြစ်သည်။ သူတို့၏ အာရုံခံစားမှုနှင့် အမြင်အာရုံမှာ လူသား နှိုင်းယှဉ်မှုထက် များစွာ ကျော်လွန်နေ၏။ ထိုအခိုက်အတန့်တွင် ထိပ်တန်းတပ်မှူး နှစ်ဦးစလုံးသည် လောင်ကျွမ်းနေသော တိုက်ခိုက်ချင်စိတ်ကို တစ်ယောက်နှင့် တစ်ယောက်၏ မျက်လုံးများထဲတွင် မြင်တွေ့ လိုက်ကြသည်။
မလိုအပ်သော ကြိမ်းမောင်းခြင်း၊ ရန်စခြင်း အတွက် မလိုအပ်တော့ပေ။ သူတို့က တိုက်ခိုက်ရန်အတွက် လုံးဝနီးပါး တညီတညွတ်တည်း အမိန့်ပေးလိုက်၏။