တုန်လှုပ်ဖွယ် အမှန်တရား
Vol. 79 Ch. 1218
“နိမ့်ကျတဲ့ ပုရွက်ဆိတ်။ ငါ မင်းကို ငရဲမီးထဲ ထည့်ပြီးတော့ မင်းရဲ့ဝိညာဉ်ကို အဆက်မပြတ် ဝါးမျိုဖို့ ဖျက်ဆီးခြင်း မီးတောက်ကို ညှိပေးမယ်။ အဲဒီအချိန် လျင်မြန်တဲ့ သေဆုံးခြင်း တစ်ခုကတောင် မရနိုင်တဲ့ ဇိမ်ခံပစ္စည်းတစ်ခု ဆိုတာကို မင်း တွေ့သွားလိမ့်မယ်...” အမျိုးသမီးက အေးစက်စက်ဖြင့် ပြောလိုက်သည်။ အံကြိတ်သံတွင် နတ်ဘုရား-ယောင် အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးပင်လျှင် ပင်ကိုအသိစိတ်ဖြင့် ကြောက်ရွံ့သွားမည့် အထူး ဝိညာဉ်စွမ်းအား တစ်ခု ပါဝင် သော်လည်း အလူစီယာ တည်ငြိမ်နေဆဲ ဖြစ်သည်။
ပို၍ တိတိကျကျ ဆိုရလျှင် ထိုအရာမှာ လျစ်လျူရှုမှုတစ်မျိုးပင်။ ကြောက်ရွံ့မှုနှင့် သေခြင်းရှင်ခြင်းကိုပါ ကျော်လွန်သွားပုံ ရသော တည်ငြိမ်သည့် အကြည့်တစ်ခုပင်။
“ဝမ်းနည်းစရာပဲ...” အလူစီယာက သက်ပြင်းချလိုက်သည်။ “မတည်ရှိတဲ့ တည်ရှိမှု။ စိတ်ဆန္ဒက အမှန်တကယ် ပြန်လာတဲ့အခါမှာ တာဝန် ပြီးမြောက်ခဲ့တဲ့ မင်းက ပူဖောင်းတစ်ခုပဲ။ တကယ်လို့ မင်း နိမ့်ကျတယ်လို့ ပြောရင်တောင် မင်းနဲ့ငါ ပျောက်ကွယ် မသွားခင် ဘာမှကွာခြားမှာ မဟုတ်ဘူး။”
ထိုစကား ထွက်ပေါ် လာသည်နှင့် အမျိုးသမီး၏ မျက်လုံးများတွင် သတ်ဖြတ် ချင်စိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။ “မင်းက စစ်မှန်တဲ့ထာဝရဆိုတာ ဘာလဲ နားမလည်ဘူး။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က အဆုံးမဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရလိမ့်မယ်လို့ ငါ ဆုံးဖြတ်ပြီးသားပဲ။ ဒီလောက အဆုံးသတ်ကို ကြည့်ခွင့်ပေးဖို့ မင်းရဲ့ မျက်လုံးတွေကို ဒီမှာထားခဲ့မယ်။ အဲဒီအချိန် မင်းက မင်းရဲ့ရွေးချယ်မှုကို မုန်းတီးလိမ့်မယ်။ ဒီလိုမလွှဲမရှောင်သာတဲ့ ကံကြမ္မာကို မုန်းတီးလိမ့်မယ်။”
“ကံဆိုးချင်တော့ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က အဆုံးသတ်ကို ရောက်နေပြီ။” အလူစီယာက အမျိုးသမီးကို ထပ်မံ၍ မကြည့်တော့ဘဲ အမြင်အာရုံကို သူ၏ လက်ထဲမှ အက်ကွဲ ခြောက်သွေ့နေသော သစ်သားတောင်ဝှေးထံ လှည့်လိုက်သည်။ သေခြင်းတရား၏ အစွန်အဖျားပေါ်မှ အက်ကွဲကြောင်းထဲတွင် မျှော်လင့်ချက်ကို ဖော်ပြနေသည့် အညှောင့်လေးတစ်ခု ရှိနေပုံရသည်။ “ဒါပေမဲ့ ငါ ကြည့်နေမယ်။ ဆက်ပြီး ကြည့်နေမယ်။ ပြီးတော့ ငါ မုန်းတီးမှာ မဟုတ်ဘူး။ ခီလီယာနာ... မဟုတ်ဘူး။ ဘလန့်ချ်။ မင်းက မုန်းတီးဖို့ မလိုအပ်ဘူး၊ ဘာလို့လဲဆိုတော့ မင်းရဲ့ မျက်လုံးထဲမှာ မုန်းတီးမှုထက် ပိုတာတွေ ရှိနေလို့ပဲ...”
အလူစီယာ စကားများကို မဆုံးခင်ပင် သူ၏ခန္ဓာကိုယ် တုန်ခါသွားပြီး ချက်ချင်း ဆိုသလို အမှုန်များအဖြစ်သို့ ပြိုကွဲကာ ပျောက်ကွယ် သွားခဲ့သည်။ လျှပ်စီးကို ရင်ဆိုင်နေခဲ့သော အမျိုးသမီး၏ လက်က တဖြည်းဖြည်းနှင့် ဖြန့်ထားလိုက်သည်။ လက်ဖဝါးထဲ သွေးစွန်းနေသော မျက်လုံး နှစ်လုံး ရှိနေ၏။
နောက်ဆုံး စကားက အမျိုးသမီး၏ နားထဲတွင် ပဲ့တင်ထပ်နေပုံ ရနေသည်။ အမျိုးသမီး၏ မျက်လုံးများသည် ရန်လိုမှုများဖြင့် ပြည့်နှက်နေပြီး သူက မျက်လုံးများကို ကိုင်ထားသော လက်ကို ညှစ်လိုက်သည်။ မီးတောက်များထဲတွင် နောက်ဆုံး ပြာမှုန့် အနည်းငယ်က မွန်းကြပ်စေသော လေထဲ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
အမျိုးသမီးက ကောင်းကင်ကို မော့ကြည့်ပြီး လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
အနီရောင်တိမ်၏ အလယ်ဗဟိုတွင် စိန်ပုံသဏ္ဌာန် မျက်လုံးက တဖြည်းဖြည်း ပွင့်လာခဲ့၏။ သို့သော် ပေါ်လာခဲ့သည်မှာ မျက်ဆံများ မဟုတ်ဘဲ သန့်စင်သော သွေးအရောင်စ, ဖြစ်သည်။ သွေးနီရောင် အလင်းတန်း နှစ်ခုက ပုံသဏ္ဌာန်မှ ထွက်ပေါ်လာပြီး မြေပြင် အပေါ်မှ ချော်ရည်ပေါ်သို့ ကျရောက်သွားခဲ့သည်။ စမ်းရေ နှစ်ခုက ချော်ရည်မှ စတင်၍ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် နှစ်ခုက အတွင်းထဲ တဖြည်းဖြည်း ပုံဖော်လာခဲ့၏။
ပုံရိပ် နှစ်ခု ဖွဲ့စည်းသွားသောအခါတွင် ပို၍ပို၍ များသော အလင်းတန်းများက သွေးရောင်တိမ်မှ ထွက်ပေါ်လာခဲ့သည်။ နေရာလွတ် တစ်ခုလုံးက ပြင်းထန်စွာ စတင် ဆူပွက်လာခဲ့သည်။ အမျိုးသမီး၏ နားကွဲလုမတတ် ကျယ်လောင်သော ရယ်မောသံကြားတွင် မရေတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အရိပ်များ သွေးရောင်ထဲ ဖျော့တော့စွာ ပေါ်လာပြီး အဆုံးမရှိသော ပင်လယ် တစ်ခုကို ဖွဲ့စည်းလိုက်သည်။
---
မျက်လုံးများ ဖျက်ဆီးခံလိုက်ရသည့် အခိုက်တွင် ချန်လွေ့၏ အမြင်အာရုံသည် မှုန်ဝါးစ ပြုနေပြီ ဖြစ်သည်။ နောက်ပိုင်း ဖြစ်ပွားခဲ့သော မြင်ကွင်းများက ပို၍ပို၍ မှုန်ဝါးလာခဲ့သည်။ နောက်ဆုံးတွင် သူ၏ စိတ်က တုန်လှုပ်သွားပြီး အသိစိတ်သည် အမှောင်လ နေအိမ်သို့ ပြန်လည်၍ ရောက်ရှိသွားခဲ့သည်။
စူပါစနစ်ထဲမှ သဘာဝ သစ်ပင်၏ အလင်းကလည်း မှေးမှိန်သွားခဲ့သည်။ မူလ စိမ်းလန်းစိုပြေသော ဧရာမသစ်ပင်က အလျင်အမြန် ညှိုးနွမ်းသွားပြီး ဝိညာဉ် ထုတ်ယူခြင်း ခံလိုက်ရသည့် အလားပင် အသက်စွမ်းအားများမှာ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ ချန်လွေ့က အသက်စွမ်းအားနှင့် ကြယ်စင်စု၏ ယုံကြည်မှု စွမ်းအားကို ထိုအထဲသို့ ပင်ကို အသိစိတ်ဖြင့် သွင်းလိုက်ပြီး သူက နောက်ဆုံးတွင် ညှိုးနွမ်းခြင်း ဖြစ်စဉ်ကို ရပ်တန့်လိုက်၏။
ညှိုးနွမ်းနေသော ပင်စည်အပိုင်းများ ကွဲထွက်သွားပြီး အတွင်းမှ အညှောင့် ပေါက်စပြုလာခဲ့၏။ ၎င်းက မြင့်မားသော သစ်ပင်တစ်ပင်မှ ၂မီတာ အမြင့်ရှိသော သစ်ပင်ငယ်လေး တစ်ပင်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ မည်သို့ပင် ဖြစ်စေ ၎င်းက နောက်ဆုံး အသက်စွမ်းအားကို ပြန်လည် ရရှိသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အလှမ်းဝေးသော နေရာတစ်ခုတွင် ခီလန်ယာက သူ၏ လက်ထဲတွင် အစိမ်းရောင် အညှောင့်များ ထုတ်လွှတ်နေသော ဝိညာဉ် သစ်သား တောင်ဝှေးကို ငေးငိုင်နေရင်း စိုက်ကြည့် နေခဲ့သည်။ သူက လားရာတစ်ခုသို့ ဖြည်းဖြည်းချင်း ဒူးထောက်လိုက်သည်။ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့သော မျက်ရည်များက သူ၏ လှပသော မျက်လုံးထဲမှ ကျဆင်းနေခဲ့သည်။
---
ရွှေရောင် နယ်မြေ စစ်မြေပြင်တွင် လူသား မဟာမိတ်စစ်တပ်နှင့် နတ်ဆိုး မဟာမိတ် စစ်တပ်အကြား တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သည်။
ဧကရာဇ် လက်ဇ်က အလျင်အမြန် တုံ့ပြန်လိုက်ပြီး နတ်သူငယ် မျိုးနွယ်စု၏ မှော်လေးသမား ဗိုလ်ခြေနှင့် မှော်ရိုင်ဖယ် ဗိုလ်ခြေကို ရှေ့တန်းသို့ တွန်းပို့လျက် အနက်ရောင် ချပ်ကာယန္တရားတပ်အတွက် အစီအစဉ်များကို ချက်ချင်းပြုလုပ်ခဲ့သည်။ သူတို့က အကာအကွယ်အတွက် ချပ်ကာ အပြည့်အစုံ ခြေလျင်တပ် ဒေါင်လိုက် ဒိုင်းများဖြင့် ဝန်းရံထားခြင်း ခံခဲ့ရသည်။ အနက်ရောင် ချပ်ကာယန္တရားတပ်များက မြင်းစီးခြင်းနှင့် ပစ်ခတ်ခြင်း၊ လွတ်လပ်စွာ ရှေ့တက်ခြင်းနှင့် ဆုတ်ခွာခြင်းတို့တွင် ကောင်းမွန်သော်လည်း နတ်သူငယ်များ၏ လေးနှင့် ပစ်ခတ်မှု စွမ်းရည်မှာ လောက နှစခုတွင် ထိပ်တန်းဟု ခေါ်ဆိုနိုင်သည်။ နတ်သူငယ်များ၏ မြှားအကွာအဝေးနှင့် တိကျမှုမှာ အနက်ရောင် ချပ်ကာယန္တရားတပ် အထက်တွင် ရှိနေသည်။ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသည်မှာ မြှားတိုင်း နီးပါးတွင် ထိုကဲ့သို့သော စွမ်းအားမျိုး ရှိနေခြင်းပင်။ လေးစွမ်းရည်များ သာမက သူတို့၏ ပစ်ခတ်မှု စွမ်းရည်မှာလည်း အလွန်ပင် ထက်မြက်သည်။ အနက်ရောင် ချပ်ကာ ယန္တရားတပ်များနှင့် နတ်သူငယ်များ အချင်းချင်း ပစ်ခတ်လျှင်ပင် အနက်ရောင် ချပ်ကာ ယန္တရားတပ်များက မြင်းပေါ်မှ တိုက်ခိုက်ခြင်းကို ထားဦး၊ သေချာပေါက် ပြိုင်ဘက်များ မဟုတ်ကြပေ။ ထို့အပြင် နတ်သူငယ်များက ခြေလျင်တပ်မှ ကာကွယ်ခြင်းကို ခံထားရသည်။
တိုက်ခိုက်မှု အကြိမ်များစွာ အပြီးတွင် အနက်ရောင် ချပ်ကာယန္တရားတပ်များက အနားသို့ မကပ်နိုင်ဘဲ တပ်ဖွဲ့များစွာ ဆုံးရှုံးခဲ့သည်။ ထိုအစား နတ်သူငယ် ဗိုလ်ခြေက စစ်မြေပြင် အဓိကနေရာသို့ တစ်လှမ်းချင်းစီ ချဉ်းကပ်လာနေခဲ့သည်။ မှန်ပေသည်။ ဧကရာဇ် လက်ဇ်က နတ်သူငယ်များကို သူတို့သက်သက်သာ အနက်ရှိုင်းဆုံးအထိသို့ သွားခွင့်ပြုမည် မဟုတ်ပေ။ လူပု ဝက်ဝံ ချပ်ကာ ယန္တရားတပ်များနှင့် အော့ခ်များ အနီးကပ် လိုက်ပါသွားခဲ့ကြသည်။
သို့သော် အဝေးပစ် တပ်ဖွဲ့များကို ရှေ့တန်းသို့ တွန်းပို့ခြင်းက ပညာရှိသော လှုပ်ရပ်တစ်ခု မဟုတ်ပေ။ ထို့အပြင် ပြိုင်ဘက်တွင် လောက်လေးများ ရှိနေသေးသည်။ ထိုသို့ ချဉ်းကပ်မှုက ဖိအားကို ဖန်တီးခြင်းနှင့် မိမိကိုယ်ပိုင် စိတ်ဓာတ်ကို မြှင့်တင်ခြင်း အကြောင်း ပိုလေသည်။
ဂီရန့်က လျင်မြန်သော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပြီး ချပ်ကာယန္တရား တပ်များကို ပုံစံသို့ ပြန်စေလွှတ်ခဲ့သည်။ မြင်ကွင်းအရ နှစ်ဖက်လုံး သရေကျခဲ့၏။
ရန်သူ၏ ရှုပ်ထွေးသော အနက်ရောင် ချပ်ကာ ယန္တရားတပ်များ ပြန်သွားခြင်း ခံရသည်ကို မြင်ရာ လူသား မဟာမိတ် စစ်တပ်က အားပေးသံများဖြင့် ပေါက်ကွဲ ထွက်သွားသော်လည်း နတ်ဆိုး မဟာမိတ် စစ်တပ်နောက်မှ ဧရာမ ပုံရိပ်များက အတန်းလိုက် ရွေ့လျားလာသည်နှင့် အားပေးသံများ အမြန်ပင် တင်းမာသော တိတ်ဆိတ်မှုအဖြစ် ပြောင်းသွားခဲ့သည်။
စုစည်းရုပ်သေးရုပ်များပင်။
ဧရာမ စစ်ရုပ်သေး ထောင်နှင့်ချီက အမှောင်တိမ်တစ်ခုကဲ့သို့ ကောင်းကင်သို့ ဖြည်းဖြည်းချင်း တက်သွားပြီး လူသား မဟာမိတ် စစ်တပ်ထံသို့ တဖြည်းဖြည်း ရွေ့လျားသွားခဲ့သည်။
ထိုအရှိန်မှာ မမြန်သော်လည်း ၎င်းမှာ မြန်ဆန်ခြင်းထက် ပိုများသော ဖိအားကို ဖြစ်ပေါ်စေခဲ့သည်။ စစ်ရုပ်သေးရုပ်များ လေထဲတွင် ရွေ့လျားရာ ပြသခဲ့သော ပုံစံနှင့် အလွှာလိုက်မှာ အမှန်တကယ် ကောင်းမွန်စွာ လေ့ကျင့်ထားသော လက်ရွေးစင်များကဲ့သို့ပင်။ လူသား မဟာမိတ် စစ်တပ်တိုင်း၏ စိတ်ထဲ၌ မြူခိုးအလွှာတစ်ခု ဖုံးလွှမ်းသွားခဲ့သည်။
နတ်သူငယ် လေးသမားနှင့် သေနတ် သမားများက သူတို့၏ တိုက်ခိုက်မှုများဖြင့် စုစည်းရုပ်သေးများ အပေါ်တွင် အရာ တိမ်တိမ် အချို့သာ ချန်ထားနိုင်ခဲ့သည်။ သူတို့က ဧကရာဇ် လက်ဇ်၏ အမိန့် အောက်တွင် အရေးတကြီး ဆုတ်ခွာခဲ့၏။
ဧရာမပုံရိပ် ရာပေါင်းများစွာ လူသား မဟာမိတ်စစ်တပ်မှ ခုန်တက်သွားခဲ့သည်။ ၎င်းမှာ နဂါးချိုင့်ဝှမ်းမှ နဂါးများ ဖြစ်ကြပြီး ဂရစ်ဖွန် ဗိုလ်ခြေအများအပြားကလည်း တိုက်ခိုက်ရန် အသင့် ဖြစ်နေကြသည်။ နတ်ဆိုးဘက်ခြမ်းတွင် ဝိုင်ဗန် ဗိုလ်ခြေနှင့် ဂရစ်ဖင် ဗိုလ်ခြေတို့လည်း စေလွှတ်ရန် အသင့်ဖြစ်နေကြလေပြီ။
နောက်ဘက်အထဲတွင် နှစ်ဖက်စလုံးမှ မှော်သလင်းကျောက် အမြောက်များနှင့် လောက်လေးများက သူတို့၏ တိုက်ခိုက်မှု ရှုထောင့်များကို ပြန်လည်၍ ညှိနှိုင်းပြီး ဖြစ်သည်။ အစွမ်းထက်ဆုံး တိုက်ပွဲအဆင့် ရောက်ရှိလာပေတော့မည်။
ထိုမျှ စောစောစီးစီး အစွမ်းထက်ဆုံး ဝှက်ဖဲကို ထုတ်သုံးရန်မှာ ဧကရာဇ် လက်ဇ်၏ဆန္ဒ မဟုတ်သော်လည်း လက်ရှိ သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ နှစ်ဖက်စလုံးမှ တပ်မှူးများသည် တစ်ချိန်တည်းတွင် တိုက်ခိုက်ရန် အမိန့်များ ထုတ်ပြန်ခဲ့ကြသည်။
သေခြင်းတရားကို ကိုယ်စားပြုသည့် မရေမတွက်နိုင်သော မီးတောက်များသည် နှစ်ဖက်စလုံး၏ ပုံစံများမှ ပေါက်ကွဲထွက် သွားခဲ့သည်။ မှော်သလင်းကျောက် အမြောက်များ၏ အလင်းရောင်များ၊ လောက်လေးများ၏ အမြောက်ဆန်များ၊ လေးတင်စက်များ၏ ကျည်ဆန်များ၊ ဧရာမ နဂါးများ၏ နဂါးအာငွေ့များ၊ စုစည်း ရုပ်သေးများ၏ အဝေးပစ် ဒုံးကျည်များ၊ မှော်ဗိုလ်ခြေ၏ မှော်ပညာ၊ အမွေးတောင်မြှားများ၊ ကျည်ဆန်များ...
နှစ်ဖက်စလုံးမှ မီးတောက်များ ရောယှက်တော့မည့် အခိုက်အတန့်တွင် အရာအားလုံး ရပ်တန့်သွားခဲ့၏။
စစ်မြေပြင်မှာ ခုနက ဆူညံပြီး ပြင်းထန်နေသော်လည်း ၎င်းမှာ ချက်ချင်း ဆိုသလို တိတ်ဆိတ်၍ သွားခဲ့သည်။ တိုက်ခိုက်မှုအားလုံး လေထဲ ခဲသွားခဲ့ပြီး ၎င်းမှာ အလွန်ပင် ထူးဆန်းနေသည်။
လူတိုင်းက ထိုသို့သော တည်ငြိမ်မှုကို ခံစားနိုင်ခဲ့သည်။ ... အချိန်က ရုတ်တရက် ရပ်တန့်သွားသည့်အလားပင်။
ထိုအချိန် စစ်မြေပြင်ပေါ်တွင် လူ တစ်ဦး ရှိနေသည်။
လူတိုင်း ရပ်တန့်နေခဲ့ကြသော်လည်း သူတို့က ထိုပုဂ္ဂိုလ်၏ ရောက်ရှိလာမှုကို ခံစားမိကြသည်။
ထိုယောက်ျားက လက်ကို ဝှေ့ယမ်း လိုက်ပြီးနောက် အရာအားလုံး ပုံမှန်ပင် ပြန်ဖြစ်သွား၏။ ခုနက စစ်မြေပြင်ပေါ်မှ တိုက်ခိုက်မှုအားလုံး ပျောက်သွားခဲ့သည်။
လူ ၂သန်း နီးပါး၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို ထိုယောက်ျားမှ သူ၏ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် အမှန်တကယ်ပင် အလွယ်တကူ ငြိမ်းစေခဲ့သည်။
ထို့ပြင် နှစ်ဖက်စလုံးမှ တိုက်စစ် ဆင်နေသော စစ်တပ်များက အမှန်ပင် မမြင်နိုင်သော နံရံတစ်ခုနှင့် ကြုံတွေ့လိုက် ရပုံရပြီး ခြေတစ်လှမ်းမျှ မတိုးနိုင်တော့။
၎င်းမှာ ရိုးရှင်းစွာ မလွန်ဆန်နိုင်သော စွမ်းအား တစ်ခုပင်။
လူတိုင်းတွင် ထိုပုဂ္ဂိုလ်တစ်ဦးတည်းက ရှိနေသော တပ်ဖွဲ့အားလုံးကို ရှင်းလင်း၍ ပစ်နိုင်သည်ဟူသော ခံစားချက် တစ်ခု ရှိနေ၏။
သူက ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး ဖြစ်ရမယ်။ (သာမန်လူများက နတ်ဆိုးအရှင်သခင် အထက် အထူးအဆင့် စွမ်းအားများကို နတ်ဘုရားတစ်ပိုင်းအဆင့်အဖြစ် စုပေါင်း ရည်ညွှန်းကြသည်)
ထိုပုဂ္ဂိုလ်က မျက်နှာဖုံးနှင့် ဝတ်ရုံကို ဝတ်ထားပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ဖြင့် ပြည့်နှက်နေ၏။
လူသား မဟာမိတ်စစ်တပ်ကို ထားဦး၊ နတ်ဆိုးဘုံမှ စစ်သည်များ ထိုရင်းနှီးသော ဝတ်စုံကို မြင်ရာတွင် တိုးတိုးလေး ပြောနေသည်။
ထိုပုဂ္ဂိုလ် အပေါ်တွင် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့ပြီး သူ၏ဘေးတွင် လူ သုံးဦး ပိုလာခဲ့သည်။ အမျိုးသမီး ၃ ဦး။
သူတို့မှာ အလွန် ကျက်သရေရှိလှသော အမျိုးသမီး သုံးဦး ဖြစ်သည်။ ဘယ်ဘက်မှ တစ်ဦးမှာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ဆံပင်ရွှေရောင်နှင့် ခရမ်းရောင်မျက်လုံး ရှိနေကာ သူ၏လှပသော မျက်နှာက အေးစက်သော ရေခဲတောင် တစ်ခုလိုပင် နှင်းကဲ့သို့ ခန့်ညားမှုဖြင့် ဖုံးလွှမ်းထား၏။ အလယ်မှ တစ်ဦးမှာ အနက်ရောင်ဆံပင် ရှိသည်။ သူက မျက်နှာလွှားကို ဝတ်ဆင် ထားသော်လည်း လူကို မယှဉ်နိုင်သော အလှတရား ခံစားချက် တစ်ခု ပေးနေ၏။ ကြယ်တာရာ ညနက်ကဲ့သို့ နက်ရှိုင်းသော အနက်ရောင်မျက်လုံးက ဉာဏ်ပညာ၏ အလင်းရောင်များဖြင့် ထွန်းလင်းနေသည်။ ညာဘက်မှ ဆံပင်အပြာ အမျိုးသမီးမှာ အထီးကျန်ဆန်နေခဲ့ပြီး သာမန်ထက် ထူးကဲနေသည်။ သူ၏ မျက်လုံးများက ချွန်ထက်သော ဓားသွားများကဲ့သို့ သတ်ဖြတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်လုံးများက အခါအားလျော်စွာ လှည့်ပတ်သွားရာ ၎င်းမှာ လူများကို ဖော်ရွေသော ခံစားချက် ပေးနေ၏။ လုံးဝ ကွဲပြားသော စိတ်နေသဘောထား နှစ်ခု ပေါင်းစပ်မှုက နောက်ထပ် ဆွဲဆောင်မှုဖြင့် ပြည့်နှက်နေသည်။
အမျိုးသမီး သုံးဦး၏ ဆွဲဆောင်မှုနှင့် စိတ်နေ သဘောထားတွင် ကိုယ်ပိုင် အားသာချက်များ ရှိသော်လည်း သူတို့တွင် တူညီသော အထူးအရာတစ်ခု ရှိသည်။ ၎င်းမှာ သူတို့အားလုံး သူတို့၏ သရုပ်ကို ရှင်းလင်းစွာ ပြသနေသော သရဖူတစ်ခုကို ဆောင်းထားကြခြင်းပင်။
ဧကရာဇ် လက်ဇ်၏ အကြည့်မှာ ရုတ်တရက် မျက်မှောင် ကျုံ့သွားသည်။ အကြောင်းမှာ အလယ်မှ မျက်နှာလွှား ဝတ်ထားသော အမျိုးသမီးကို ယခင်က တွေ့ခဲ့ဖူး၍ပင်။
၎င်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်က နဂါးချိုမြို့တွင် ဖြစ်သည်။
အဲဒီအချိန်က ပေါ်လာခဲ့တာ ဒီမိန်းမ တစ်ဦးတည်းတင် မကဘူး။ နောက်ထပ် မိန်းကလေး တစ်ယောက်နဲ့...
ဒါကြောင့်ကိုး။ အဲဒီတုန်းက မျက်နှာလွှား ဝတ်ထားတဲ့ အမျိုးသမီးရဲ့ စိတ်နေသဘောထားက ငါနဲ့ အတူတူပဲလို့ ခံစားမိခဲ့တာ။
နတ်ဆိုးဘုံရဲ့ အုပ်စိုးသူ သုံးဦးထဲက တစ်ဦး ဖြစ်နေတာကိုး။
ဒါဆိုရင်...
ဧကရာဇ် လက်ဇ်၏ ဓားကိုင်ထားသော လက်က တုန်သွားပြီး သူ၏မျက်လုံးက မျက်နှာဖုံး တပ်ထားသော ဝတ်ရုံနှင့် ယောက်ျားအပေါ် ကျရောက်သွားသည်။
“အရှင်မ။ ကြင်ရာတော် မင်းသား။” နတ်ဆိုးဘုံ စစ်တပ်တွင် နောက်ထပ် သံသယများ မရှိတော့ပေ။ သူတို့က သူတို့၏ လက်နက်ကို တစ်ပြိုင်နက်တည်း ရုပ်သိမ်းလိုက်ပြီး ဦးညွှတ်လိုက်ကြသည်။
ထိုသို့ဖြင့် လူသား မဟာမိတ် စစ်တပ် ကလည်း ထိုအမျိုးသမီး သုံးဦးမှာ နတ်ဆိုးဘုံ အင်ပါယာ ၃ခု၏ ဧကရီ အရှင်မများဖြစ်ကြောင်း နားလည်သွား၏။
ပြီးတော့ စစ်မြေပြင် တစ်ခုလုံးရဲ့ အချိန်ကို အလွယ်တကူ ရပ်တန့်ပစ်ခဲ့သူက ထောက်လှမ်းရေး သတင်းထဲက ဧကရီ အရှင်မ သုံးပါးကို အောင်နိုင်ခဲ့တဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်၊ တစ်ဦးတည်းသော ကြင်ရာတော် အက်ဂ်ယောပဲ။
အက်ဂ်ယောမှာ ဒီလို ကြောက်စရာ ကောင်းတဲ့ ခွန်အား တကယ်ပဲ ရှိနေတယ်။ တကယ်လို့ သူသာ လူသား မဟာမိတ် စစ်တပ် တစ်ခုလုံးကို ဖျက်ဆီးပစ်ချင်ရင် လက်ကို လှုပ်လိုက်ရုံပဲ...
လူသား မဟာမိတ် စစ်တပ်က ထိတ်လန့်သော အမူအရာများကို ပြသ ခဲ့ကြသည်။ လူသားဘက်က နတ်ဘုရား တစ်ပိုင်း အစွမ်းထက် ပုဂ္ဂိုလ်တွေ ဘယ်ကို ရောက်သွားတာလဲ။ နတ်ဘုရားတစ်ပိုင်း အစွမ်းထက် ပုဂ္ဂိုလ်က သာမန်လူတွေရဲ့ လောကမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ပြီးတော့လည်း လောက နှစ်ခု အကြားမှာရှိတဲ့ စစ်ပွဲအတွင်းမှာ နတ်ဘုရားတစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ် တွေမှာလည်း သူတို့ကိုယ်ပိုင် စစ်မြေပြင် ရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေလည်း ရှိတယ်။ အခုဒီရန်သူ ပေါ်လာတော့ လူသားတွေရဲ့ နတ်ဘုရားတစ်ပိုင်း အစွမ်းထက် ပုဂ္ဂိုလ် အားလုံး ရှုံးနိမ့်သွားပြီလား။
“ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ စစ်ပွဲကို အဆုံးသတ်သင့်ပြီ...” ဝတ်ရုံနှင့် ယောက်ျားက ထူးဆန်းသောအရာ တစ်ခုကို ပြောလိုက်သည်။ ထို့နောက် ပို၍ မယုံနိုင်လောက်သော မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။ ဧကရီအရှင်မ ၃ပါးသည် နတ်ဆိုး မဟာမိတ် စစ်တပ်အား ဝှေ့ယမ်း ပြလိုက်သည်။ ဂီရန့်နှင့် နတ်ဆိုးများ၏ ဗိုလ်ချုပ်များအပါအဝင် စစ်သည်များမှာ မယုံနိုင်ဖြစ်နေပုံ ရသော်လည်း သူတို့က ဧကရီအရှင်မများ၏ အမိန့်ကို လိုက်နာဆဲ ဖြစ်ပြီး စစ်သည်အားလုံးက စတင်၍ ဆုတ်ခွာလာခဲ့သည်။
ဒါက စစ်ရပ်စဲရေး အတွက်လား။ ဒါမှမဟုတ် ငါတို့ကို ကိုင်တွယ်ဖို့ မင်းရဲ့ လူတွေကို အဝေးကို ပို့နေတာလား။ လူသား မဟာမိတ် စစ်တပ်က စိုးရိမ် ပူပန်နေခဲ့သည်။
ဝတ်ရုံနှင့် ယောက်ျားက ငန်းပုံစံဘက် တစ်လှမ်းချင်းစီ လျှောက်သွားခဲ့သည်။ လမ်းတလျှောက်မှ စစ်သည်များက တားဆီးချင်ခဲ့သော်လည်း သူတို့အားလုံး ဧရာမအင်အား တစ်ခုကြောင့် ခဲသွားခဲ့ပြီး မလှုပ်ရှားနိုင်ခဲ့ပေ။ သူတို့က ဝတ်ရုံနှင့် ယောက်ျား မဟာမိတ်စစ်တပ်၏ တပ်မှူး လက်ဇ်ထံသို့ လမ်းလျှောက်သွားသည်ကို အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ဝတ်ရုံနှင့် ယောက်ျား ရပ်တန့်လိုက်ပြီး စင်မြင့်ပေါ်မှ နဂါးလင်းလက်အင်ပါယာ၏ အုပ်စိုးသူကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။
“စစ်ပွဲကို ရပ်တန့်မှ ဖြစ်ပါမယ်။ ခမည်းတော်။”
ထိုစကား ထွက်လာရာ ပရိသတ်များ တုန်လှုပ်သွားခဲ့သည်။ ချက်ချင်းဆိုသလို တိတ်ဆိတ်ကုန်၏။