ပျက်စီးခြင်း ဆင်းသက်လာခြင်း
Vol. 79 Ch. 1220
အိပ်မက်ဆိုးတောနက်...
ကောင်းကင်မှ ထူထဲသော တိမ်များက စုတ်ပြဲသွားပုံရပြီး သွေးရောင် အလင်းတန်းများကို ထုတ်လွှတ်နေသည်။ ဧရာမလွင်ပြင်၌ မူလ တောင်ကုန်းများနှင့် တောအုပ်များ အားလုံးက ချော်ရည်များ စီးဆင်းနေသော မီးလောင်ပြင် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ချော်ရည်စီးကြောင်းထဲတွင် ရေတွက်၍ မရနိုင်သော အနီရောင် သလင်းကျောက် ပန်းများ လွင့်မျောနေသည်။ သွေးနီရောင် အစုအဝေးများလည်း ရေတွက်မရအောင် မတ်မတ်ရပ်နေသည်။
အကယ်၍ လူတစ်ဦးသာ ဂရုတစိုက် ကြည့်ရှုခဲ့ပါက တစ်စုံတစ်ခုဖြင့် ရစ်ပတ် ထားသော ပိုးအိမ်များ ရှိနေကြောင်းကို တွေ့မြင်နိုင်ပေသည်။ ပိုးအိမ်များ၏ အထူထပ်ဆုံး ပင်လယ်၏ အလယ်တွင် မသဲမကွဲ ပုံရိပ် နှစ်ခုကို ဝန်းရံထားသည်။ ကြောက်မက်ဖွယ် ပုံရိပ်များကို မသဲမကွဲ မြင်တွေ့နိုင်သော်လည်း ၎င်းတို့မှာ ယာယီ ဝေဝါးနေပြီး မရှင်းလင်းလှပေ။
ချော်ရည်က အိပ်မက်ဆိုးတောနက် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီဖြစ်ပြီး ၎င်းမှာ ပင်လယ်ဘက်သို့ ဆက်လက်၍ ဖြန့်ကျက် နေသည်။ ရေထဲတွင် နစ်မြုပ်သွားရာ ၎င်းက အလျင်အမြန် ခဲပြီး မာသွားကာ နောက်မှ ချော်ရည်များက အဆုံးမဲ့ ဖုံးအုပ်ကာ ပျံ့နှံ့လာခဲ့သည်။
၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် ပင်လယ်ရေက ဆူပွက်ပြီး လိမ့်တက်ကာ ပင်လယ်ထဲမှ သတ္တဝါများက သေဆုံးခြင်း သို့မဟုတ် ဗီဇပြောင်းလဲခြင်းတို့ ဖြစ်သွား ခဲ့ကြသည်။ အသက်ရှင် ကျန်ရစ်ခဲ့သူများ၊ နူးညံ့သိမ်မွေ့သော ငါးလေးတစ်ကောင်ပင် သွေးဆာနေသော အစွယ်များကို ပြသ ခဲ့ကြသည်။
အဆုံးမရှိသော ချော်ရည်က အဆုံးမဲ့ တံတားတစ်ခု ကဲ့သို့ပင် ပင်လယ်ဘက်သို့ အလျင်အမြန် ဆန့်ထွက်သွားခဲ့သည်။
မီးလောင်ပြင်အဖြစ် ပြောင်းသွားသော အိပ်မက်ဆိုး တောနက်သည် တစ်စုံတစ်ခု ပိုးအိမ်မှ ဖောက်ထွက်လာသည့် အလား ကျယ်ပြန့်ပြီး ကွဲအက်သော အသံကို ဖော်ပြနေ၏။
ရွှေရောင်နယ်မြေ...
မဟာမိတ် စစ်တပ် နှစ်ခုအကြားမှ တင်းမာနေသော အခြေအနေမှာ လုံးဝ ငြိမ်သက်သွားခဲ့သည်။ နတ်ဆိုးဘုံ ဧကရီ အရှင်မ ၃ပါး ပေါ်ပေါက်လာခြင်းနှင့် အက်ဂ်ယော၏ သရုပ်မှန် ဖော်ထုတ် ပြသခြင်းတို့မှာ တုန်လှုပ်ဖွယ် သတင်းများ ဖြစ်သည်။ စစ်တပ် နှစ်ခုသည် ၎င်းတွင် ပါဝင်သော ကြီးမားသည့် သတင်း အချက်အလက်ကို မချေဖျက်နိုင်မီမှာပင် ချန်လွေ့၏ ကောင်းကင်တမန် ၃ပါးနှင့် တိုက်ပွဲက ပရိသတ်ကို တုန်လှုပ်၍ သွားစေခဲ့သည်။
ထိုသို့သော စွမ်းအားနှင့် ထိုသို့ အထူး သရုပ်သည် လောက နှစ်ခုမှ လူတိုင်းကို တုန်လှုပ်သွားစေရန် လုံလောက်၏။
နတ်သူငယ် မျိုးနွယ်စုမှ ရှေ့ဖြစ်ဟော အသစ်က အလွန်ပင် အရေးကြီးသော သတင်းစကားတစ်ခု ဖြစ်နိုင်သည်နှင့်အတူ ပေါ်လာခဲ့ပြီး အစွမ်းထက်ဆုံး ကောင်းကင် တမန်တော် ၃ပါးအား တိုက်ခိုက်ခြင်းကို ရပ်တန့်သွားစေခဲ့သည်။
“အလူစီယာကို ကျဆုံးသွားစေနိုင်တဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်က တကယ် အဲဒီလို တည်ရှိမှုမျိုး ဖြစ်နိုင်တယ်။” ရာဖယ်ရယ် ရပ်တန့်သွားသော်လည်း သူက ခီလန်ယာ၏ စကားအပေါ် သံသယများ ဆက်လက်၍ ဖော်ပြနေခဲ့သည်။ “ဒါပေမဲ့ ပျက်စီးခြင်းက အဓိက ကုန်းမြေအပေါ်ကို ဆင်းသက်လာခဲ့ပြီ ဆိုတာ တကယ်ပဲ သေချာလို့လား။ မင်း သိပါတယ်။ တံခါးက အခုမှ စဖွင့်တာ။ အဲဒီလို ကျိန်စာသင့် တည်ရှိမှုတွေက အခွင့်အာဏာ စွမ်းအား ပါဝင်တဲ့ အစီအရင်ကို မဖောက်နိုင်ဘူး။”
“ကျွန်မလည်း ဘာလို့မှန်း မသိဘူး။” ခီလန်ယာက ထိုအကြောင်းကို အမှန်တကယ် မသိခဲ့ပေ။ အချို့သော တိုးမြှင့်မှု တစ်မျိုးမျိုးကို အလူစီယာမှ အမှန်ပင် ကြိုးကိုင် ခြယ်လှယ်ခဲ့သည်ကို ပို၍ပင် မသိပေ။ “ကျွန်မအဖေ ပို့ပေးခဲ့တဲ့ အသိစိတ်ကိုပဲ ဖြန့်ဝေခဲ့တာပါ။ ကျွန်မရဲ့ စွမ်းရည်နဲ့ အတွေ့အကြုံက အတော်လေး နိမ့်ပါးတယ်ဆိုတာ ကျွန် မဝန်ခံပါတယ်။ ဒါကြောင့် ရှင်တို့ ကျွန်မကို မေးခွန်း ထုတ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့အဖေကို မေးခွန်းထုတ်လို့ မရဘူး။”
“ဟွန့်။ အဲဒါက ဟုတ်မဟုတ်ဆိုတာ ငါ ဘယ်လိုလုပ် သိနိုင်မလဲ...”
“တော်ပြီ? ရာဖယ်ရယ်။” ရာဖယ်ရယ် စကားမဆုံးခင်ပင် မိုက်ကယ် ကြားဖြတ် ပြောလိုက်၏။ “အလူစီယာရဲ့ စွမ်းရည်ကို မေးခွန်းထုတ်စရာ မရှိဘူး။ ပိုပြီးတော့ အရေးကြီးတာက သူ ဒီအကြောင်းကို လိမ်လည်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဒီအချိန်အတွင်းမှာ မင်း စိတ်ထဲမှာလည်း ငါ့လိုပဲ မငြိမ်မသက် ခံစားချက် တစ်ခု ဖျော့တော့တော့ ရှိနေတယ် ဆိုတာကို ယုံကြည်တယ်။ ငါက ဒါကို အရင်က အာသာနဲ့ တိုက်ပွဲကြောင့်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု ဒါက ဒီတိုက်ပွဲကြောင့် မဟုတ်ဘဲ အသူရာချောက်နက်ကြောင့် ဖြစ်နေတဲ့ပုံပဲ။”
ဂေဘရီရယ်လည်း ခေါင်းညိတ်သည်။ ထိုအခါမှသာ ချန်လွေ့က သူတစ်ဦးတည်း မငြိမ်မသက်ဖြစ်နေသည် မဟုတ်ကြောင်း သိရှိသွားခဲ့သည်။
မိုက်ကယ်က ဆက်ပြောလိုက်သည်။ “မေးစရာရှိတာက အသူရာချောက်နက် ဆင်းသက်လာခဲ့တဲ့ နေရာက ဘယ်မှာလဲ။ နတ်ဆိုးဘုံလား။ ဒါမှမဟုတ် လူသား လောကလား။”
ခီလန်ယာ ခေါင်းခါသည်၊။ “ကျွန်မ မသိဘူး။ ကျွန်မက ရှေ့ဖြစ်ဟော အမွေ ဆက်ခံခြင်း စွမ်းအားကို အပြည့်အဝ မချေဖျက်ရသေးဘူး။ ဒါကြောင့် ကျွန်မက ကြိုမြင်နိုင်စွမ်း အရည်အချင်းကို အသက် မသွင်းနိုင်သေးဘူး။”
“အဲဒါက နေရာတိုင်း ချော်ရည်တွေ စီးဆင်းနေတဲ့ နေရာတစ်ခုပဲ။ ပြီးတော့ မြေပြင်က တုန်ခါနေတယ်။” ချန်လွေ့၏ စကားများက မိုက်ကယ်နှင့် အခြား သူများ၏ အာရုံစိုက်မှုကို ဖမ်းယူလိုက်၏။ “ဒါနဲ့ မီးခိုးတွေ အတော်လေး ထူတယ်။ မီးတောင်ပေါက်ကွဲတာ ဖြစ်နိုင်တယ်။”
ရာဖယ်ရယ် မျက်မှောင်ကြုတ်လိုက်၏။ “မင်း ဘယ်လိုသိတာလဲ။”
“သဘာဝသစ်ပင်ကြောင့်ပါ။” ချန်လွေ့က ရာဖယ်ရယ်ကို ခပ်ပေါ့ပေါ့ ကြည့်လိုက်သည်။ “ကျုပ်မှာ နောက်ထပ် သရုပ်တစ်ခု ရှိနေသေးတယ်။ သဘာဝ သစ်ပင်ရဲ့ အစောင့်အရှောက်၊ နတ်သူငယ် မျိုးနွယ်စုရဲ့ သူရဲကောင်းဘုရင်ပဲ။ ခင်ဗျား ကျုပ်ကို အရှင်မင်းကြီး နတ်သူငယ် ဘုရင်လို့လည်း ခေါ်လို့ရတယ်။”
ရာဖယ်ရယ်၏ မျက်လုံးထောင့်များ တွန့်သွား၏။ ဒီကောင်က နတ်သူငယ် မျိုးနွယ်စုရဲ့ လပြည့်ည ပွဲတော်မှာ ပါခဲ့တာ ဒါကြောင့်ကိုး။ သူက တကယ်တော့ နတ်သူငယ်ဘုရင် ဖြစ်နေတာပဲ။ ငါက မသိနားမလည်ဘဲနဲ့ သူ လှည့်ကွက်တွေနဲ့ ရောဝင်လာခဲ့တယ်လို့ ထင်ခဲ့တာ။
အမှန်မှာ ချန်လွေ့က တကယ်ပင် လိမ်လည် လှည့်ဖြားခဲ့သော်လည်း ၎င်းကို ရှင်းပြရန်မှာ အဓိပ္ပာယ် မရှိပေ။ မည်သို့ ဆိုစေကာမူ ၎င်းမှာ ရာဖယ်ရယ်၏ စိတ်ကို မငြိမ်မသက် ဖြစ်စေရန် လုံလောက်၏။
“ခီလန်ယာ ဘယ်လိုမျိုး အသိစိတ်ကို ရရှိခဲ့လဲဆိုတာကို ကျုပ် မသိဘူး။ သဘာဝ သစ်ပင်က အဲဒီမြင်ကွင်းကို ကျုပ်ဆီ အလိုလို ပို့လွှတ်ပေးခဲ့တာ။ အလူစီယာက ဘလန့်... ခီလီယာနာရဲ့ လက်ထဲမှာ ကျဆုံးသွားခဲ့တယ်။ ကောင်းကင်ထဲမှာ အဆုံးမဲ့ ထူထပ်နေတဲ့ မီးခိုးတိမ်တွေနဲ့ သွေးရောင်တိမ်များ ရှိနေခဲ့တာကို ကျုပ် အခုထိ မှတ်မိသေးတယ်။ သွေးရောင် တိမ်များရဲ့ အလယ်မှာ စိန်ပုံစံ အရာတစ်ခု ရှိနေပြီးတော့ အဲဒါက ပိတ်ထားတဲ့ မျက်လုံး တစ်လုံးနဲ့ တူတယ်။”
မျက်လုံးဟူသော စကားလုံးကို ကြားရာ ကောင်းကင်တမန် ၃ပါးက တပြိုင်တည်း လန့်သွားကြသည်။ မိုက်ကယ်က သူ၏ လက်သီးများကို ဆုပ်လိုက်သည်။ “အဲဒီ မျက်လုံးက... ပွင့်နေလား။”
“ကျုပ် သေချာ မမြင်ခဲ့ဘူး။ သွေးရောင် အလင်းတန်းတွေ အများကြီး ထွက်ပေါ် လာသလိုပဲ ခံစားမိလိုက်တယ်။ ပြီးတော့ ပုံရိပ်တွေ လုံးဝ ပျောက်ကွယ်သွားတယ်။” ချန်လွေ့ ခေါင်းခါသည်။ “ဘာပဲဖြစ်ဖြစ် အသူရာချောက်နက်က ရောက်လာခဲ့ပြီ။ အဲဒါကြောင့် လောက နှစ်ခုကြားက စစ်ပွဲ အဓိပ္ပာယ်ကို မရှိတော့ဘူး။ ကျုပ်တို့ အခုလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ဒီဘုံရန်သူကို ခုခံတွန်းလှန်ဖို့ လက်တွဲပြီး အသူရာချောက်နက်ရဲ့ စွမ်းအား အခုမှ ဆင်းသက်လာနေတုန်း သူတို့ကို ချက်ချင်း ကြိတ်ချေပစ်ဖို့ပဲ။”
ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစည်းမှ ကျန်ရစ်ခဲ့သော အချက်အလက်များ အရ အဂ္ဂိရတ် လောကသည် အစပိုင်းတွင် အသူရာချောက်နက်ကို လုံလောက်သော အာရုံစိုက်မှု မပေးခဲ့ဘဲ သူတို့လူများ အကြားတွင် စစ်ပွဲများ ရှိနေဆဲ ဖြစ်သည်။ အသူရာချောက်နက်၏ ကြောက်မက်ဖွယ် ကောင်းမှုကို သတိပြုမိသည့် အချိန်တွင် အလွန် နောက်ကျသွားခဲ့လေပြီ။ ရလဒ် အနေဖြင့် လောကတစ်ခုလုံး ပျက်စီး သွားခဲ့ရသည်။
ကောင်းကင်တမန် ၃ပါးက အကြည့်နှင့် လျှို့ဝှက် ဘာသာစကားဖြင့် အမြင်များကို အမြန် ဖလှယ်လိုက်သည်။ နောက်ဆုံးတွင် မိုက်ကယ် ခေါင်းညိတ်လိုက်ပြီး အတည်ပြု အဖြေတစ်ခု ပေးလိုက်၏။ “တကယ်တော့ ငါတို့ အရင်တစ်ခေါက်က စာချုပ်ရဲ့ သက်ဆိုင်ရာ စည်းကမ်းချက်တွေကို လက်မှတ်ထိုးခဲ့ပြီးပြီ။ ဒီလိုဆိုမှတော့ အသူရာချောက်နက်ကို မနှင်ထုတ်ခင်မှာ ငါတို့ရဲ့ အတိတ်က မကျေနပ်မှုတွေကို လွှတ်ချပြီး ယာယီ မဟာမိတ် ဖွဲ့လို့ရပြီ။”
သံတံခါးအင်ပါယာ...
ယခင်က သံတံခါး အင်ပါယာကို ဧရာမ အဖြစ် သတ်မှတ်ခဲ့သော်လည်း ၎င်းမှာ ယခုအခါ ကျက်သရေပြာ အင်ပါယာ၏ အလှမ်းဝေးဆုံး ပဏ္ဏာဆက်ပြည်နယ်များ အထဲမှ တစ်ခုသာ ဖြစ်နေသည်။
သံတံခါး အင်ပါယာသည် ယခင်က အော့ခ်အင်အားစုများကို ဆန့်ကျင်သည့် အစွမ်းထက်ဆုံး အတားအဆီး ဖြစ်ခဲ့သည်။ ၎င်းတွင် အစွမ်းထက်ဆုံး မိုးကြိုးတံတိုင်း ခံတပ်ရှိခဲ့သည်။ သို့သော် အော့ခ်မျိုးနွယ်စု အလျင်အမြန် ကျဆင်းလာသည်နှင့်အမျှ ခံတပ်ကလည်း တန်ဖိုး ဆုံးရှုံးသွားခဲ့သည်။ နှစ်များတလျှောက် သံတံခါး အင်ပါယာက ကျက်သရေပြာ အင်ပါယာနှင့် ချိတ်ဆက်မိ ကတည်းက အမြဲပင် အငြိမ်းချမ်းဆုံး တည်ရှိမှု ဖြစ်ခဲ့သည်။
တိုးတက်လိုစိတ်မရှိသော ဘုရင်တစ်ပါး အနေဖြင့် ဂရီဂိုရီက ရောင့်ရဲနေခဲ့ပြီး လက်ရှိ အခြေအနေကို ပျော်မွေ့နေကာ အသားကျရနေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ ဘာမှမလုပ်လေလေ၊ ကျက်သရေပြာ အင်ပါယာ ဧကရီအရှင်မက စိတ်ချလေ ဖြစ်ပြီး သူ၏ပလ္လင်က လုံခြုံလေလေပင်။
တစ်ခုတည်းသော မနှစ်မြို့အရာမှာ လွန်ခဲ့သော နှစ်အနည်းငယ်တွင် သဒ္ဓိ ကျောင်းတော်က အော့ခ်မျိုးနွယ်စုကို မျိုးသုဉ်းစေရန် အိပ်မက်ဆိုးကွင်းပြင်သို့ တိုက်ခိုက်ခဲ့စဉ် အိပ်မက်ဆိုး တောနက်သို့ ခရီးသွားလာသော ကုန်သည် များစွာ လျော့ကျသွားခဲ့သည်။ ၎င်းမှာ သံတံခါး အင်ပါယာ၏ အခွန်ဝင်ငွေကို များစွာ လျော့ကျသွားစေခဲ့သည်။ သို့သော်လည်း ကျက်သရေပြာ အင်ပါယာသည်ပင် သိဒ္ဓိကျောင်းတော် ကဲ့သို့သော ဧရာမ အဖွဲ့အစည်း တစ်ခုကို ခေါင်းငုံ့ခဲ့ရသည်။ သံတံခါး အင်ပါယာကမူ ပြောနေစရာပင် မလိုပေ။ ထို့ကြောင့် ဂရီဂိုရီတွင် အပို အတွေးများ ရှိလိမ့်မည် မဟုတ်ပေ။
လက်ရှိ လောက နှစ်ခု၏ စစ်ပွဲသည် မျက်စိကျစရာ ကောင်းနေပြီး သံတံခါး အင်ပါယာသည်လည်း ကိုယ်ပိုင်စစ်တပ်ကို စေလွှတ်ခဲ့သော်လည်း ရလဒ်၏ အဆုံးအဖြတ်မှာ ရှင်ဘုရင် ဂရီဂိုရီ၏ လက်ထဲတွင် မရှိခဲ့ပေ။ သူသည် ဘဝက တိုတောင်းတယ်၊ ဒါကြောင့် အပြည့်အဝ ပျော်မွေ့ပါ ဟူသော မူဝါဒကို အမြဲပင် ယုံကြည်ခဲ့ရာ ဂရီဂိုရီသည် ရဲတိုက်တွင် ကောင်းမွန်သော ဘဝတစ်ခု ပျော်မွေ့ရင်း အမြဲတမ်း ထိုနေရာတွင် ရှိနေဆဲပင်။
၎င်းမှာ အင်ပါယာကြီးများ၏ ပစ္စည်း အခြေအနေများ ကဲ့သို့ မကောင်းမွန် သော်လည်း မြို့တော်၏ နန်းတော်တွင် ဇိမ်ခံမှုများက မရှားပါးပေ။ ဂရီဂိုရီသည် ပျော့ပျောင်းသော ဆိုဖာ တစ်ခုပေါ်တွင် တစ်ဝက် ဗလာဖြစ်သော ကိုယ်လုပ်တော် အုပ်စုတစ်စုဖြင့် ဝန်းရံခြင်း ခံထားရပြီး ဆွဲဆောင်မှု ရှိကြသော ကချေသည်များ ညင်သာစွာ ကခုန်နေသည်ကို ကြည့်ရှုရင်း ဝိုင်ကို မြည်းကြည့်နေခဲ့သည်။ ဂရီဂိုရီတွင် ကိုယ်လုပ်တော် ရာပေါင်းများစွာ ရှိနှင့်ပြီး ဖြစ်သော်လည်း သူ၏ စံနှုန်းများအရ ၎င်းမှာ လုံလောက်ခြင်း မရှိသေးပေ။ အကကို ဦးဆောင်နေတဲ့ မိန်းကလေးက ကြည့်လို့ကောင်းတယ်။ ခါးက ရေမြွေ တစ်ကောင်လိုပဲ။ ပြီးတော့ သူ့ရဲ့ မျက်နှာကလည်း အဆင်ပြေတယ်။ ဒီည သူပဲ။ အိုး၊ ညာဘက် အစွန်ဆုံးက ရင်သား ကြီးကြီးနဲ့ မိန်းကလေးလည်း ပါတယ်။ ဆေးဝါးရဲ့ အထောက်အပံ့နဲ့ ဆိုရင်တော့ တစ်ညတည်းမှာ အတူတူ ပျော်ပါးဖို့ ပြဿနာ မရှိလောက်ဘူး။
ဂရီဂိုရီက ညနေခင်းပိုင်း အတွက် အနေအထားများကို စိတ်ကူး၍ ပုံဖော် နေစဉ်မှာပင် တစ်စုံတစ်ယောက် အဓိက ခန်းမ၏ တံခါးဝသို့ ပြေးဝင်လာပြီး အော်ပြောလိုက်သည်။ “အရှင်မင်းကြီး။ အရေးပေါ်ပါ။”
ဂရီဂိုရီ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု အမြင့်ဆုံးတွင် ရှိနေသည်။ လန့်သွားခဲ့ရာ သူက စိတ်မပါလုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏ ဆန္ဒများက ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။ “အတင့်ရဲလိုက်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ကို မနှောင့်ယှက်နဲ့လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ အစောင့်တွေ။ သူ့ကို ဆွဲထုတ်သွား။ ပြီးရင် ခေါင်းဖြတ်လိုက်။”
တံခါးဝကို စောင့်ကြပ်နေကြသော အင်ပါယာ အစောင့်များက ရောက်ရှိ လာသူကို ချက်ချင်းပင် ဖမ်းဆီးလိုက်ပြီး ခေါ်ဆောင်သွားမည် ပြင်လိုက်သည်။ ထိုပုဂ္ဂိုလ်က အော်ဟစ်လိုက်လေသည်။ “အရှင်မင်းကြီး။ ကျွန်တော် ပန်ခရက်စ်ပါ။ အရေးကြီးတဲ့ အရာတစ်ခု အစီအရင်ခံစရာ ရှိလို့ပါ။”
“ခဏနေဦး။” ဂရီဂိုရီက အင်ပါယာ အစောင့်များကို တားဆီးလိုက်ပြီး ကိုယ်လုပ်တော်နှင့် ကချေသည်များကို ဆင်းသွားခိုင်းလိုက်သည်။ ပန်ခရက်စ်က အယုံကြည်ရဆုံး လက်အောက်ငယ်သား ဖြစ်သည်။ သူပျော်ပါးနေစဉ် ပန်ခရက်စ်က အစိုးရရေးရာ ကိစ္စတိုင်း ဖြေရှင်းပေးသည်၊ ဖိနှိပ်ပေးသည်။ ယခု ပန်ခရက်စ်သည်ပင် ထိုနေရာတွင် ရှိနေရာ အမှန်တကယ်ပင် အရေးကြီးသော တစ်ခုခု ရှိနေပေသည်။
“အရှင်မင်းကြီး။ စစ်... စစ်ပွဲ ရောက်လာပြီ။” ပန်ခရက်စ်က ထိတ်လန့်တကြား ပြေးလာပြီး အသက် ရှူမဝ ဖြစ်နေကာ ခုနက သေခြင်းတရားမှ ကျဉ်းမြောင်းစွာ လွတ်မြောက်ခဲ့၍ ထစ်ငေါ့ နေခဲ့သည်။
“စစ်ပွဲ ရောက်လာပြီ ဟုတ်လား....” ဂရီဂိုရီက မျက်မှောင် ကြုတ်လိုက်သည်၊ “ဘယ်သူလဲ။ နတ်ဆိုးတွေလား။ မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဒီလောက် မြန်နိုင်ရမှာလဲ။”
“နတ်ဆိုးတွေ မဟုတ်ပါဘူး။ ဒါက ... အိပ်မက်ဆိုး တောနက် အထဲကနေ... လာတဲ့ပုံပဲ...”
“အိပ်မက်ဆိုး တောနက်က အော့ခ်တွေက သိဒ္ဓိကျောင်းတော်ကြောင့် ရှင်းလင်းခံလိုက်ရတာ ကြာခဲ့ပြီ။ မိုးကြိုးတံတိုင်း ခံတပ်နဲ့ဆိုရင် အော့ခ်တွေရဲ့ အကြွင်းအကျန်တောင်မှ မဖောက်ထွက်နိုင်လောက်ဘူး။”
“မိုးကြိုးတံတိုင်း ခံတပ် ကျဆုံးသွားပြီ။” ပန်ခရက်စ်က ဝမ်းနည်းသော မျက်နှာဖြင့် ပြောလိုက်သည်။ မူလက မိုးကြိုးတံတိုင်း ခံတပ် အရေးပေါ်အခြေအနေ ရှိနေစဉ် ပန်ခရက်စ်က ၎င်းကို လုံးဝအလေးအနက် မထားခဲ့ပေ။ သူတို့က လုပ်ကြံ ပြောဆို နေသည်ဟူ၍သာ ထင်မြင်ခဲ့သည်။ အရှင်မင်းကြီး၏ ပျော်ရွှင်မှုကို ထည့်သွင်း စဉ်းစားလျက် ပန်ခရက်စ်က ထိုကိစ္စကို အစီရင်ခံခြင်းမရှိခဲ့ပေ။ ထိုအစား သူက ခုခံကာကွယ်နေသော စစ်သည်များအား နောက်ဆုံးအထိ ခုခံကာကွယ်ရန်အတွက် တိုက်ရိုက် အမိန့်ပေးခဲ့သည်။ မည်သူ သိနိုင်မည်နည်း...
“မိုးကြိုးတံတိုင်း ခံတပ် ဖောက်ထွင်း ခံလိုက်ရပြီ ဟုတ်လား။” ဂရီဂိုရီ အမှန်ပင် လန့်သွားခဲ့သည်။ ၎င်းမှာ အစွမ်းထက်ဆုံး ခံတပ်ပင်။
“မိုးကြိုးတံတိုင်း ခံတပ်တင် မကဘူး။ သံဘီးမြို့နဲ့ သံဗဟိုမြို့လည်း ကျသွားပြီ။”
“ဘာပြောတယ်..” ဂရီဂိုရီ ဒေါသတကြီး ဖြစ်သွားပြီး ပန်ခရက်စ်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။ “မင်း ဘာလို့ ဒါကို ခုနက မပြောခဲ့တာလဲ။”
ပန်ခရက်စ် ငိုကြွေးလိုက်သည်။ “အရှင်မင်းကြီး။ မိုးကြိုးတံတိုင်း ခံတပ် ဖောက်ထွင်း ခံလိုက်ရတဲ့ သတင်းကို ကျွန်တော် အခုမှပဲ ရခဲ့တာပါ။ ပြီးတော့ ကျွန်တော် စစ်ကူတွေ ရွှေ့ပြောင်းနေတုန်း မြို့နှစ်မြို့ ကျသွားတဲ့ ထောက်လှမ်းရေး သတင်းက ရောက်လာခဲ့တာပါ။”
ဂရီဂိုရီသည် ပန်ခရက်စ်က ထိုကဲ့သို့ အရေးကြီးသော ကိစ္စအပေါ် လိမ်ရဲမည် မဟုတ်ကြောင်း သိရာ အသက် ပြင်းပြင်း ရှူလိုက်သည်။ “မြန်လိုက်တာ။ ဟူးဖို့ဒ်ကို စစ်ကူတွေ ချက်ချင်းဦးဆောင်ခိုင်းလိုက်။”
“ဗိုလ်ချုပ် ဟူးဖို့ဒ်ကို မိုးကြိုးတံတိုင်း ခံတပ် ဝိုင်းရံခံရတုန်းက စစ်ကူတွေအနေနဲ့ စေလွှတ်ခဲ့တာပါ။” ပန်ခရက်စ် တုန်လှုပ် သွားခဲ့သည်။ “ဒါပေမဲ့ ကျွန်တော် အခုမှ ရခဲ့တဲ့ ထောက်လှမ်းရေးသတင်းအရဆိုရင် ဗိုလ်ချုပ် ဟူးဖို့ဒ်နဲ့ လက်ရွေးစင် ခြေလျင် တပ်သား နှစ်သောင်းလုံး ကျသွားပါပြီ...”
“အော့ခ်တွေ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်ရတာလဲ။” ဂရီဂိုရီ မှင်တက် သွားခဲ့လေသည်။ ဟူးဖို့ဒ်က သံတံခါး အင်ပါယာ၏ အစွမ်းထက်ဆုံး ဗိုလ်ချုပ် ဖြစ်ပြီး သူက ရန်သူ၏ ရှင်းလင်းခြင်း ခံလိုက်ရသည်။
“ထောက်လှမ်းရေး သတင်းအရ ဆိုရင် ဒါက အော့ခ်တွေ မဟုတ်ပါဘူး။ ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ တခြား မကောင်းဆိုးဝါး တစ်မျိုးပါ။ သူတို့တွေက ရင်ဆိုင်ရတဲ့ သက်ရှိသတ္တဝါ အားလုံးကို သတ်ပစ်ပါလိမ့်မယ်။ မိုးကြိုးတံတိုင်း ခံတပ်၊ သံဘီးမြို့နဲ့ သံဗဟိုမြို့မှာ အသက် ရှင်ကျန်တဲ့သူ မရှိပါဘူး။ စေလွှတ်လိုက်တဲ့ ကင်းထောက်တွေထဲမှာ တစ်ယောက်မှ အသက်ရှင်ရက်နဲ့ ပြန်မလာခဲ့ပါဘူး။ ဒါပေမဲ့ မကောင်းဆိုးဝါးတွေကြောင့် မသတ်ခံရခင် ဖုန်းကနေ အတိုင်းအတာ တစ်ခုအထိ ထောက်လှမ်းရေး သတင်းကို သိရှိခဲ့ရပါတယ်။”
“အရှင်မင်းကြီး...” အင်ပါယာ အစောင့်က အစီရင်ခံရန် ရောက်လာခဲ့သည်။ “ဗိုလ်ချုပ် တွတ်ထ်မှာ အရေးပေါ် စစ်ရေး အစီရင်ခံစာ တစ်ခု ရှိပါတယ်။”
“သူ့ကို မြန်မြန် ဝင်ခိုင်းလိုက်။” ထိုသို့ အရေးကြီးသော အချိန်အခါတွင် ဂရီဂိုရီက သဘာဝ အတိုင်းပင် ယခင်ကကဲ့သို့ တွေ့ဆုံရန် ငြင်းပယ်ရဲမည် မဟုတ်ပေ။
“အရှင်မင်းကြီး...” ထွားကျိုင်းသော အမျိုးသားတစ်ဦး ဖြစ်သည့် ဗိုလ်ချုပ် တွတ်ထ်က ပြောလိုက်၏။ “မြို့ အစွန် အဖျားက ကင်းမျှော်စင်ကနေ အရေးပေါ် စစ်ရေး အစီရင်ခံစာ တစ်ခုကို အခုပဲ ရရှထားတယ်။ မြို့တော်ဘက်ကို ပြေးဝင် လာနေတဲ့ ကြီးမားတဲ့ မီးလောင်နေတဲ့ အနီရောင် အရာတစ်ခု ရှိနေပါတယ်။”
ဂရီဂိုရီ ထိတ်လန့်သွား၏။ “အနီရောင်။ ဘယ်လို မှော်ပညာမျိုးလဲ။ မီးလား။”
သတင်းတွင် ဖော်ပြထားသည်များကို တွေးမိရာ ပန်ခရက်စ် တုန်လှုပ်သွားပြီး အော်ပြောလိုက်သည်။ “မဟုတ်ဘူး။ ဒါက အရာအားလုံးကို ဖျက်ဆီးပစ်တဲ့ အဲဒီ မကောင်းဆိုးဝါးတွေပဲ။ အရှင်မင်းကြီး။ မကောင်းဆိုးဝါးတွေ ရောက်လာနေပြီ။”
“ဘာလုပ်ရမလဲ။” ဂရီဂိုရီက အမြဲတမ်း အရည်အချင်း မရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရာ ခဏတာ ကြောင်သွားခဲ့သည်။
ဗိုလ်ချုပ် တွတ်ထ်က ပြောလိုက်သည်။ “အရှင်မင်းကြီး။ တံခါးတွေကို ချက်ချင်း ပိတ်ရမယ်။ ခုခံကာကွယ်ဖို့ တပ်ဖွဲ့တွေ အားလုံးကို စေလွှတ်ရမယ်။ ပြီးတော့ ကျက်သရေပြာ အင်ပါယာက အကူအညီ တောင်းခံရမယ်။”
သံတံခါးဘုရင် မြို့တော်၏ အပြင်တွင် မရေမတွက်နိုင်သော အသူရာချောက်နက် သတ္တဝါများက သေခြင်းတရား သွေးဒီရေ တစ်ခုကဲ့သို့ ရူးသွပ်စွာ ပြေးဝင်လာခဲ့၏။
အလှမ်းဝေးသည့် အခြားသော နေရာ တစ်ခုတွင် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ဆံပင်အပြာနှင့် အမျိုးသမီးတစ်ဦးသည် အဝေးမှ ကောင်းကင်ကို ကြည့်နေသည်။ သူ၏ သွေးနီရောင် ညာမျက်လုံး၌ အဆုံးမဲ့ အမုန်းတရားများ ရှိနေ၏။ “ပျက်စီးခြင်း ဆင်းသက်လာတာကို လက်ခံလိုက်ကြ။ ဒီလောကက လူတွေအားလုံး...”