အကိုချီက တစ်ကယ် လူကောင်းပဲနော်
Vol. 1 Ch. 5
ချင်းယွမ် မြို့ပြင်တွင်…
“ ရောက်ပြီ”
လူသူခြောက်ကပ်သော တောင်ဝင်ပေါက်သို့ ခေါ်လာပြီးနောက်မှာ ချီယွမ် ရပ်လိုက်သည်။ နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ပြီးသည်နှင့် အနောက်ဘက်သို့ ခံစားချက်မဲ့စွာ လှမ်းကြည့်လိုက်၏။
(စောက်ကျိုးနည်း ဦးနှောက်မပါတဲ့ စနစ်ကြီးပါကွာ..)
ကျားနက်ဂိုဏ်းခေါင်းဆောင် လီဟူကို သတ်ရမည့် အရန်တာဝန်အပြင် အဓိကတာဝန်တွင် အကြောင်းအရာနှစ်ခု ပါချေ၏။ ပထမအချက်.. ချင်းယွမ်မြို့မှ ချီယောင်နှင့်အတူ ထွက်ပြေးခြင်း။ ဒုတိယအချက်.. ကျားနက်ဂိုဏ်းသားများရန်မှ လွတ်အောင်ပြေးခြင်း။
ထို့ကြောင့် ကျားနက်ဂိုဏ်းသားတွေသာ အနောက်ကမလိုက်လျှင် တာဝန်အောင်မြင်မည် မဟုတ်ချေ။ ကျားနက်ဂိုဏ်းခေါင်းဆောင် ချီသန့်စင်ခြင်း အဆင့်ငါး လီဟူက တုံးအလွန်းပြီးတော့… သူ့လို ရွှေအမြူတေ ကျင့်ကြံသူနောက်ကို မလိုက်နိုင်ဘူး။ ထိုအတွက်ကြောင့် ချီယွမ်အတွက် ရန်သူကို လှည့်စားရန်အပြင် ရွေးစရာမရှိတော့ချေ။
ပြောင်မြောက်သော သရုပ်ဆောင်စကေးများနှင့် တစ်ကယ်ပဲ ရန်သူကိုအောင်မြင်စွာ လှည့်ဖျားနိုင်ခဲ့လေ၏။ အရာအားလုံး ပြည့်စုံသွားစေရန် ချီယွမ်တစ်ယောက် အလယ်အဆင့်မှော်လက်နက်ကိုပါ ထုတ်ပြခဲ့လိုက်သည်။ လောဘတရားက လူတိုင်းကို ရူးအောင်လုပ်လိမ့်မည်။ ထို့အတူ ကျားနက်ဂိုဏ်းခေါင်းဆောင်လည်း မကင်းလွတ်နိုင်ခဲ့ပါချေ။
ဒါပေမဲ့ ရွှေအမြူတေနယ်ပယ်ထိ ရောက်လာပြီးမှ သေမျိုးတွေအနောက်က လိုက်တာခံရမယ်လို့တော့ ချီယွမ် တစ်ခါမှ မတွေးခဲ့ဖူးဘူး။
ဆရာသခင်သာ သိသွားလို့ကတော့ ချက်ချင်းပဲ ဂိုဏ်းကိုပြန်လာပြီး အကုန်လုံးကို ရှင်းပစ်သွားလောက်သည်။
ချီယွမ်တစ်ယောက် ကြက်သီးမွှေးညှင်းများ ထသွားလေရဲ့။
“ ကျက်သတုံးစနစ် ငါ့ကိုဒီလို အရှက်ခွဲထားတာ။ မင်းဘက်က ကျေနပ်လောက်စရာ အကျိုးမပြလို့ကတော့ တွေ့မယ်သာမှတ်”
ချီယွမ်၏ ထူးဆန်းသော မျက်နှာပေးကြောင့် ချီယောင်ပင် စိုးရိမ်လာခဲ့သည်။
“ အကိုချီ..အကို အဆင်ပြေရဲ့လား”
ချီယွမ် ချက်ချင်း သတိဝင်လာကာ ရယ်လိုက်တော့သည်။
“ ဘာမှမဖြစ်ပါဘူး။ အကိုတို့ဒီမှာ ခဏစောင့်ကြမယ်..မကြာခင် အဲ့ငတုံးတွေ အလိုလိုရောက်လာလိမ့်မယ်”
ကျားနက်ဂိုဏ်းသားတွေ မျက်ခြေပျက်သွားမှာ စိုးသဖြင့် ချီယွမ်တစ်ယောက် လမ်းတစ်လျှောက်တွင် သဲလွန်စများစွာ ချထားပေးခဲ့လေရာ.. အရူးတစ်ယောက်ဆိုလျှင်တောင်မှ သေချာပေါက် ရှာတွေ့နိုင်လိမ့်မည်။
“ဟမ်”
ချီယောင်အတွက်တော့ လက်ရှိအခြေအနေက နားမလည်နိုင်စရာပေ။ သူမ ရှုတ်ထွေးလာတော့သည်။
သူမတို့ ထွက်ပြေးလာတာ မဟုတ်ဘူးလား.. ဘာလို့ ရန်သူကို ရပ်စောင့်နေရမှာလဲ…
“ တွေ့ပြီဟေ့။ ဟဟ မင်းတို့ဘယ်ပြေးမလဲ”
သူမ၏ အတွေးမဆုံးခင်မှာပဲ တောနက်အတွင်းမှ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ၁၂ယောက်ကျော်လောက်မည့် ယောက်ျားသားများသည် ဓားရှည်တွေ ကိုင်ဆွဲရင်း ပြေးထွက်လာကြသည်။ သူမတို့ကို ဝိုင်းပြီးသည်နှင့် ခေါင်းဆောင်လီဟူက ကျယ်လောင်စွာ ရယ်မောနေသည်။
လီဟူတစ်ယောက် ဗီလိန်စကားလုံးများကို ရွေးချယ်ပြောဆိုဖို့ ကြိုးစားလိုက်သည်။ သို့ပေမဲ့ တစ်လုံးတောင် မပြောရသေးခင်မှာပဲ မျက်စိရှေ့က ကောင်လေးအနီးတွင် မှော်စွမ်းအင်များဝန်းရံလာကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ ထိုစွမ်းအင်က အလွန်အင်အားကြီးပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
“ဒါ..ဒါက”
ရုတ်တရက် ကြောင်အသွားခဲ့ပြီး လီဟူ၏ မောက်မာသော မျက်နှာထားသည် နေရာတွင် အေးခဲရချေပြီ။ သူ့မျက်နှာက အချိန်နှင့်အမျှ ရုပ်ဆိုးလာတော့၏။
နောက်တစ်စက္ကန့်မှာပဲ…
ဘုန်း
ကျယ်လောင်သော အသံအပြီးမှာပင် ကြမ်းတမ်းသည့် စွမ်းအင်ဖိအား၏ သက်ရောက်မှုကြောင့် ကျားနက်ဂိုဏ်းသားများခဗျာ အော်ချိန်ပင် မရခဲ့ချေ။ သွေးဗုံးများလို ကွဲထွက်သွားသော ခန္ဓာကိုယ်များစွာကြောင့် မြေပြင်တွင် သွေးများ ပတ်ဖျန်းခံလိုက်ရသည်။
“တင်.. တာဝန်ပြီးမြှောက်တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဆုလာဘ်.. အမှတ်တစ်ရာ၊ အဆင့်မြင့်ချီစုပ်ယူခြင်းဆေးလုံး ငါးလုံး၊ အဆင့်နိမ့်ဝိညာဥ်ကျောက်တုံး နှစ်ရာ”
“ အလင်းပွင့်ချင်း လုပ်ဆောင်ချက်ကို အသက်သွင်းနိုင်ပါပြီ။ အမှတ်တစ်ချို့ အသုံးပြုရင် ကျင့်စဥ်များအပေါ် အလင်းပွင့်တဲ့လုပ်ဆောင်ချက်ကို ရယူနိုင်မှာဖြစ်ပြီး ဒါဆိုရင် ကျင့်ကြံမှုပိုင်း တိုးတက်ပါလိမ့်မယ်”
“ ဒါ့အပြင် အရန်တာဝန်ဖြစ်တဲ့ ကျားနက်ဂိုဏ်းခေါင်းဆောင် လီဟူကိုလည်း ရှင်းလင်းနိုင်တဲ့အတွက် ဆုလာဘ်အဖြစ် ဝိညာဥ်သွေးကြောကို သန်မာစေဖို့ အခွင့်အရေးတစ်ခု ပေးပါမယ်”
“ (ယုန်တစ်ကောင်လို ဟန်ဆောင်ခြင်း) စွမ်းရည်ကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်။ ပိုင်ရှင်က တစ်ဖက်လူရဲ့ ကျင့်ကြံဆင့်နဲ့ ဝိညာဥ်သွေးကြောစွမ်းရည်ကို သိရှိနိုင်ပြီး ပိုင်ရှင့်ရဲ့ စွမ်းရည်အစစ်ကို ဖုံးကွယ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပိုင်ရှင့်ထက် ကျင့်ကြံမှုနယ်ပယ် သုံးခုမက မြင့်နေရင်တော့ အလုပ်မဖြစ်ပါဘူး”
စနစ်၏ အသံပျောက်ကွယ်သွားသည်နှင့် နဂိုကတည်းက ထိန်းချုပ်ရခက်နေသော စိတ်ဝိညာဥ်စွမ်းအင်များက ပိုပြီးပေါက်ကွဲလွယ်လာတာကို သတိပြုမိလိုက်သည်။ ကမ္ဘာသစ်တစ်ခု ဖွင့်လှစ်ခံလိုက်ရသည့်နှယ်… ကိုယ်တွင်းရှိ စွမ်းအင်အဆီအနှစ်သည် ပိုမိုသန့်စင်ကာ လိုက်လျောညီထွေ တုံ့ပြန်နိုင်သွား၏။
အလင်းပွင့်သော ခံစားချက်က လူကို တစ်ကယ်ပဲ လန်းဆန်းစေပါ၏။ ခန္ဓာကိုယ်အတွင်းရှိ အဆင့်မြင့် ရွှေအမြုတေသည် ပိုမိုကြည်ရှင်းတောက်ပကာ တာအိုအရှိန်အဝါတို့ ထွန်းလင်းနေခဲ့သည်။
အဟောင်းတွေကို အသစ်ဖြင့်အစားထိုးဖယ်ထုတ်ရင်း သဘာဝနှင့်ပါ လိုက်လျောညီထွေ တုံ့ပြန်ခြင်းကြောင့် အချိန်မရွေး အဆင့်တက်ကာ ပြန်လည်မွေးဖွားနိုင်တော့မလို ခံစားနေရ၏။
“ ဒီဆုက တော်တော်မိုက်တာပဲဟ”
အသိပြန်ဝင်လာသည်နှင့် ထိထိရောက်ရောက် ခံစားမိလိုက်သော အကျိုးတရားများကြောင့် ချီယွမ်၏မျက်နှာထက်တွင် ပျော်ရွှင်မှုများ ဖြတ်ပြေးသွားသည်။
နဂိုတည်းက အကောင်းဆုံးဝိညာဥ်သွေးကြော ဖြစ်သည့် ကောင်းကင်ဝိညာဥ်သွေးကြောသည် စနစ်၏ပံ့ပိုးမှုကြောင့် ပိုမိုမြင့်တက်ခဲ့သည်။ ဒဏ္ဍာရီလာ နတ်ဝိညာဥ်သွေးကြောကို မယှဥ်နိုင်သော်ငြား သိပ်မဝေးတော့သော အနေအထားဟု ဆိုလိုရနေပြီပင်။
ကောင်းကင်ဘုံကိုဆန့်ကျင်နိုင်သော အကျိုးတရားပါပေ..
ဝိညာဥ်သွေးကြော မြင့်တင်ပေးမှုသည် ချီယွမ်အတွက် နှိုင်းယှဥ်၍ မရနိုင်သော အခွင့်အရေးတစ်ခုပင်။
တာအိုကျင့်ကြံမှုတွင် ဝိညာဥ်သွေးကြောက အခြေခံဖြစ်သဖြင့် အခုလို အဆင့်မြင့်ပေခြင်းကို ဘယ်သူမှ ငြင်းဆိုလိမ့်မည် မထင်ပါချေ။
ဤမျှတင်မက.. စနစ်၏ (ယုန်တစ်ကောင်လိုဟန်ဆောင်ခြင်း) စွမ်းရည်သည်လည်း အလွန်အသုံးဝင်သည်။ ရန်သူကို ကြွားလုံးထုတ်ပြီး စောက်ရှက်ခွဲခြင်း အနုပညာအတွက် ပင်မအထောက်အပံ့တစ်ခု ဖြစ်လာနိုင်သည့်အပြင်… သူတိို့ကို အားနည်းသလိုထင်လာအောင်အထိ သိမ်းသွင်းပြောဆိုနိုင်ပါက သတိလျော့စေပြီး အခွင့်သာတာနှင့် ထိရောက်အောင် တိုက်ခိုက်နိုင်ပေလိမ့်မည်။
ဤအခြေအနေအထိ ရောက်လာပြီးမှတော့ စနစ်က တစ်ကယ်ပဲ တုံးအနေလျှင်တောင် ချီယွမ် ဂရုမစိုက်တော့ပါချေ။ ဤဆုလာဘ်တွေနှင့်တင် နောက်တာဝန်ကို စောင့်မျှော်ဖို့ လုံလောက်နေပြီ…။
(ဒီစနစ်က ငါရှင်းတာ နားမထောင်ဘဲ အကန်းလို တာဝန်တွေ ဆက်တိုက်ပေးနေတော့ စောက်ရူးထင်နေတာ.. ဒါပေမဲ့ ဒီကောင်ပေးလာတဲ့ ဆုတွေကတော့ ဘယ်ဆိုးလို့လဲကွ)
ချီယွမ် ပျော်ရွှင်စွာ တွေးနေရင်း ဝိညာဥ်သွေးကြော၏ ပြောင်းလဲမှုတွေကို ခံစားလို့မပြီးခင်မှာပဲ.. စနစ်၏ မျက်နှာပြင် ထပ်မံပေါ်ပေါက်လာကာ တာဝန်အသစ် ပေးလာခဲ့သည်။
“တာဝန်,..အဆင့်နိမ့်တပည့်အဖြစ် လမ်းကြောင်းသစ် စတင်ပါ”
ချီယွမ်… “အိတ်စကူ့စ်မီ.. ဘာရယ်..ဘာရယ်..”
ချီယွမ်၏ နှုတ်ခမ်းထောင့်က အရုပ်ဆိုးစွာ တွန့်လိမ်သွားရင်း အစောပိုင်းက ချီးကျူးမှုများအားလုံးကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်တော့သည်။
ချီယွမ်၏ မျက်နှာက တစ်ဖြည်းဖြည်း မည်းမှောင်နေသော်ငြား အံ့သြမှုကြောင့် ပတ်ဝန်းကျင်ကို သတိမထားမိသော ချီယောင်က လေးစားစွာ လှည့်ကြည့်လာရင်း နူးညံ့စွာပြောလိုက်၏။
“ အကိုချီက တစ်ကယ်ကို လူကောင်းပဲ”
“ အကိုက သိုင်းကျွမ်းတဲ့အပြင် ကြင်နာတတ်တဲ့နှလုံးသားလည်းရှိတယ်”
ချီယွမ်၏ လုပ်ရပ်ကို သူမ အတော်အသင့် ရှုတ်ထွေးနေခဲ့သော်ငြား သေချာစဥ်းစားပြီးချိန်မှာ ထိုသူ၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို သဘောပေါက်ခဲ့သည်။
အကိုချီက ကျွမ်းကျင်ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး သူမကို ကယ်တင်ပေးခဲ့သည်။ ထိုမျှမက.. သူမအကိုအတွက် ကျားနက်ဂိုဏ်းတစ်ခုလုံးကို ရှင်းလင်းပေးခဲ့၏။ ထိုသူက သူမအတွက် အကြီးမားဆုံး ကျေးဇူးရှင်တစ်ယောက်ပဲ..။
လေးစားဖွယ်အကောင်းဆုံးမှာ ထိုကြင်နာသော ပုဂ္ဂိုလ်သည် အပြစ်မဲ့သူများမထိခိုက်စေရန် ရန်သူတွေကို မြို့ပြင်ထိ မြှားခေါ်ပြီးမှ ရှင်းလင်းခဲ့ချေသည်။ ဘယ်လိုတောင် လေးစားဖွယ် နှလုံးသားပိုင်ရှင်လည်း....။
ထိုအင်အားကြီးတိုက်ကွက်ကြောင့် မြို့ထဲမှာသာဆိုလျှင် မြို့သားတွေ သေချာပေါက် အနည်းနှင့်အမျှ ထိခိုက်လိမ့်မည်။ ဒီလိုမျိုး လူသူခြောက်ကပ်သော တိုက်ကွဲကွင်းပြင်းကို ရွေးချယ်ခြင်းကသာ ကြင်နာမှုမဟုတ်လျှင် လောက က ဘယ်အရာကို ကြင်နာခြင်းလို့ ခေါ်ရမည်နည်း…
(နေပါအုံး..ဘာရယ်..
ငါက..
ငါကလေ.. လူကောင်းဟုတ်လား..)
ရုတ်တရက်ကြီး လူကောင်းတစ်ယောက်အဖြစ် ခေါင်းစဥ်ပေးခံလိုက်ရသော ချီယွမ်တစ်ယောင် ပြန်လည်ငြင်းချက်ထုတ်ဖို့ အစီအစဥ်မရှိပါချေ။ ထိုအစား သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ အဲ့လောက်မဟုတ်ပါဘူး။ ငါအဲ့ကောင်တွေကို ကြည့်မရလို့”
စကားပြောနေစဥ်တွင် ချီယွမ်၏ မျက်နှာက အတွေးများသွားဟန် ရှိသော်ငြား ချက်ချင်းပဲ ပုံမှန်ပြန်ဖြစ်သွားသည်။
စနစ်၏ မဖြစ်နိုင်စရာ တာဝန်အကြောင်းအရာကို မလိုအပ်လျှင် စဥ်းတောင် မစဥ်းစားချင်မိဘူး။
မလိုအပ်သော အာရုံစိုက်မှုကို ရှောင်ရှားနိုင်ရန်အတွက် ချီယွမ်တစ်ယောက် သူ့၏ကျင့်ကြံမှုကို အနည်းငယ် ပိတ်သိမ်းလိုက်သည်။
ဂုဏ်သတင်းကို အလေးထားဆုံး ဆရာသခင် ဂိုဏ်းခေါင်းဆောင်သာ သူ့၏အရင်းနီးဆုံးတပည့်က ဝေးခေါင်တဲ့ မြို့တစ်မြို့လာပြီး သေမျိုးတွေဆီက ထွက်ပြေးနေရမှန်း သိလို့ကတော့….. ဂိုဏ်းကိုပြန်ရောက်တာနဲ့ ကြုံရမဲ့အကျိုးဆက်က မတွေးရဲစရာပေ။
ချီယွမ်၏ အလွန်ချောမောသော ရုပ်သွင်က ဘေးကလိုက်ပါလာတဲ့ ချီယောင်အတွက် အချိန်တစ်ခုကြာတိုင်း မကြည့်ရမနေနိုင်အောင် လုပ်နေသည်။ ချီယောင်သည် ကျင့်ကြံသူမိသားစုမှ မွေးဖွားခဲ့သော်ငြား နိမ့်ကျသောအရည်အချင်းကြောင့် လျစ်လျူရှုခံခဲ့ရသည်။ သို့ပေမဲ့ ကျင့်ကြံရေးလောကအပေါ်တွင် အခြေခံနားလည်မှုတော့ ရှိပါသေး၏။
ကျင့်ကြံသူအများစုသည် အရှိန်အဝါနှင့် ရုပ်ရည်ကို ပြောင်းလဲနိုင်ကြသဖြင့် ရုတ်တရက် ပြောင်းလဲသွားသော ချီယွမ်ကို သူမ မအံ့သြခဲ့ပါချေ။
ထိုအချိန်မှာပဲ အဝေးရှိကောင်းကင်ပေါ်သို့ တိမ်စိုင်များရှေ့ပြေးအဖြစ် ပြေးလာသည်။ နောက်တစ်စက္ကန့်မှာပဲ အလင်းဖြာထွက်နေသော ခမ်းနားသည့် လေသင်္ဘောတစ်ခုကို မြင်လိုက်ရသည်။