← Chapters

အရမ်းအားကောင်းတယ် ဒါပေမဲ့ ထိခိုက်ပျက်စီးဖို့ လွယ်တယ်

Vol. 1 Ch. 141

အရမ်းအားကောင်းတယ် ဒါပေမဲ့ ထိခိုက်ပျက်စီးဖို့ လွယ်တယ်

Vol. 1 Ch. 141

"အသက် ဆယ့်ရှစ်နှစ် ... ဗာဂျရာအဆင့်ကို ယှဉ်နိုင်နေပြီ"

ကျောင်းအုပ်ချီ ဆွံ့အသွား ခဲ့လေသည်။ ကျန်းပိုင်လီသည် နှစ်တစ်ထောင်တွင် တစ်ကြိမ်သာ ပေါ်ထွက်သော ပါရမီရှင်ဟု ကျော်ကြား ခဲ့သော်လည်း သူအသက် ဆယ့်ရှစ်နှစ်က စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်နှင့် ယှဉ်နိုင်ရုံသာ ရှိသေးသည်။ ဤကဲ့သို့သော အရည်အချင်းနှင့် အလားအလာတို့အား ကြားပင် မကြားဖူးပေ။ ဤသတင်းများသာ လူသိရှင်ကြား ဖြစ်သွားပါက နယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်မှာ အသေအချာ ...

"အမှန်ပဲ ... "

ကျူးကော့ချမ်ယွမ်သည် သက်ပြင်းချကာ ပြောလာခဲ့သည်။

"ဒါပေမဲ့ ငါအရင်က သူနဲ့ အဆက်အဆံ လုပ်ခဲ့ဖူးတယ် ... သူ့မှာ အတွင်းအား တစ်မျိုးပဲ ရှိတယ် ... သူက သာမန် လူတစ်ယောက် အတိုင်းပဲ ... ဒါကြောင့် ကျန်းရီမှာ ဘာစိတ်နယ်လွန် ခန္ဓာမှ မရှိလောက်ဘူး ... ဘာပဲဖြစ်ဖြစ် ... ဒီကောင်လေးရဲ့ အနာဂတ် အောင်မြင်တွေကို စောင့်ကြည့်ဖို့ ထိုက်တန်မှာပါ ... ကောင်းကောင်းမွန်မွန် ထိန်းကျောင်း ပေးမယ်ဆိုရင် နောင်နှစ်တွေ အများကြီး ကြာတဲ့အခါ သူက သင်တန်းကျောင်းရဲ့ ဂုဏ်ကျက်သရေကို ယူဆောင် ပေးလိမ့်မယ်"

"ဟမ့်"

ကျောင်းအုပ်ချီသည် သူ၏ ထိုစကားများကို စိတ်ဆိုးသွားဟန် ရသည်။ သူမ မျက်နှာသည် မည်းခနဲ ဖြစ်သွားခဲ့ပြီး နှာခေါင်း ရှုံ့လိုက်သည်။

"သင်တန်းကျောင်းက သူ့ကို သိသိသာသာရော မသိမသာရော ကူညီနေတဲ့ ဟာကို ဒီခွေးစုတ်လေးက ကျွန်မ သူ့ကို ခက်ခဲအောင် လုပ်နေတယ်လို့ ထင်နေတယ် ... ကျွန်မတို့ သူ့အရည် အချင်းတွေကို ဂရုစိုက် အလေးပေးနေတယ် ဆိုတာကို သူမတွေးမိဘူးလား ... စည်းမျဉ်းတွေကို ကျွန်မတို့က ဘာလို့ ဒီလို သိသိသာသာ ပြောင်းလဲ လိုက်တာလဲ ... သူ့ဆီ အဲဒီ လက်ဆောင်တွေ အရောက်ပို့ချင်လို့ပဲ မဟုတ်ဘူးလား ... အဲဒီ ခွေးကောင်လေးက ကျွန်မကို သွေးတိုးအောင် လုပ်နေတာပဲ"

"ဟား … ဟား"

ကျူးကော့ချမ်ယွမ်သည် ပေါ့ပါးစွာ ရယ်မော လိုက်သည်။

"မင်း ဒီအသက်အရွယ် ရောက်နေပြီ ဘာလို့ ကလေးဆန် နေသေးတာလဲ ... ကျန်းရမ်ထူရဲ့ ပေါင်းသင်းဆက်ဆံရေး အကြောင်း မင်းလည်း သိတာပဲ ... ပြီးတော့ ကျန်းပိုင်လီက တောင်းပန်စာ တစ်စောင် ပို့ပေးပြီး သွားပြီလေ ... စိတ်လျှော့ ... စိတ်လျှော့"

ကျူးကော့ချမ်ယွမ် ပြောလိုက်သော အခါမှ ကျောင်းအုပ်ချီသည် ရှူးရှူးရှားရှား ဖြစ်နေရာမှ ငြိမ်ကျ သွားခဲ့သည်။ သူမသည် တစ်ခုခုကို တွေးမိသွားပြီး ပြောလာခဲ့သည်။

"မနေ့က ကျန်းရီ ... ဆရာလျောင်ကို သွားရှာခဲ့တယ် ...  သူက ဆရာလျောင်ကို သူ့ရဲ့အစေခံ မိန်းကလေးကို ကုသပေးဖို့ တောင်းဆိုခဲ့တယ်လို့ ကြားတယ် ... ရှင်သူ့ကို အခွင့်အရေး ပေးချင်လား ... ဆရာလျောင်ရဲ့ စိတ်နေစိတ်ထားကို ရှင်လည်း သိတာပဲ"

"မလိုဘူး"

ကျူးကော့ချမ်ယွမ်သည် လက်ကာ ပြလိုက်သည်။

"ဒီကလေးက ခေါင်းမာတယ် ... ငါတို့ သူ့ကို ရည်ရွယ်ချက်ရှိရှိ ကူညီနေတယ်ဆိုတာ သိသွားရင် ရလဒ်က ပိုဆိုးလာဖို့ပဲ ရှိတာ ... ပြီးတော့ ကျန်းပိုင်လီက စာထဲမှာ ငါတို့ သူ့ကို သိပ်ပြီး အာရုံမစိုက်ဖို့ ပြောထားတယ်လေ ... သူနာကျင်ပါစေ ... ဖျက်ဆီးပစ်လို့ မရတဲ့ အတားအဆီးတွေ ရင်ဆိုင်ရတဲ့ အခါမှ ပြန်သွားပြီး သူ့အဖေကို အသိအမှတ် ပြုလိမ့်မယ် ... "

"အဲဒါ ခက်ခဲမယ်လို့ ကျွန်မ ထင်တယ် ... "

ကျန်းရီ၏ မျက်နှာထက်မှ ခေါင်းမာမှုကို ကျောင်းအုပ်ချီ ပြန်တွေးမိသော အခါ အသာသက်ပြင်း ချလိုက်သည်။

"ဘာပဲ ဖြစ်ဖြစ် သင်တန်းကျောင်းက အဖိုးတန် ရတနာလေး တစ်ခုကို ကောက်ရ လိုက်တာပဲ ... ကျန်းရီသာ နောက်နှစ် နိုင်ငံအဆင့် စစ်ပွဲမှာ ဝင်ပြိုင်ရင် ကျွန်မတို့ သင်တန်းကျောင်းက တခြား သင်တန်းကျောင်း နှစ်ခုကို သေချာပေါက် ဖိနှိပ်ထားနိုင်မှာပဲ ... ကျွန်မတို့ သင်တန်းကျောင်းကို ကူညီပေးတဲ့ ရွှေယွဲ့လျန်မျှော်စင်နဲ့ ဇင်ဘုရားကျောင်းက ပါရမီရှင်တွေ ရှိတယ်ဆိုပေမဲ့ ရှုံးခဲ့တာပဲ ... ကျွန်မတို့ ကျောင်း ဖိနှိပ်ခံနေရတာ ရာစုနှစ်တစ်ခု စာလောက် ရှိပြီ"

"အဲဒီလို ဖြစ်ဖို့ မျှော်လင့်ရတာပဲ ... "

ကျူးကော့ချမ်ယွမ်သည် လေပူတစ်ချက် မှုတ်ထုတ် လိုက်သည်။ သူ၏ ကြည်လင်နေသော ဖန်သလင်းနှယ် မျက်လုံးများသည် အနည်းငယ် တောက်ပနေခဲ့သည်။ သူသည် ကောင်းကင်ကို မျှော်ကြည့်ကာ ရေရွတ်လိုက်သည်။

"ကျန်းရီက ခေါင်းမာလွန်းတာ တစ်ခုကလွဲလို့ အကုန် ကောင်းပါတယ် ... သူသတ်ဖြတ်ခြင်း အရှိန်အဝါကို နားလည်တဲ့ အချိန်တည်းက သူက အကာအကွယ် မရှိတဲ့ ဓားတစ်ချောင်း ဖြစ်လာတယ် ... အရမ်း အားကောင်းတယ် ... ဒါပေမဲ့ ထိခိုက်ပျက်စီးဖို့ လွယ်တယ် ... သူသာ ဒီလိုမျိုး လူတွေ ဆက်သတ် နေဦးမယ်ဆိုရင် စောစောစီးစီး အဆုံးသတ်သွားမှာ ငါစိုးရိမ်မိတယ် ... ဒီနယ်မြေက အပေါ်ယံ မြင်နေရသလို ငြိမ်းချမ်းတာ မဟုတ်ဘူး ... "

***

ကျန်းရီသည် နေ့လယ်ဘက်တွင် နိုးလာခဲ့သည်။ ဤတစ်ကြိမ်တွင် သူဒဏ်ရာ အများကြီး မရပေ။ သတ်ဖြတ်ခြင်း အရှိန်အဝါကို သုံးစွဲထား၍ အားနည်း နေရုံသာ ရှိသည်။

သူနိုးလာသောအခါ စုလောရွှယ် ထားပေးခဲ့သော ဝိညာဉ်သားရဲ ယဉ်ပါးအောင် လေ့ကျင့်ပေးသော ကျင့်စဉ်အား ချက်ချင်း စတင်လေ့လာ လိုက်သည်။ သူသည် နှစ်နာရီခန့် အချိန်ဖြုန်းပြီးမှ အခန်းထဲမှ ထွက်လာခဲ့သည်။

ဝိညာဉ်သားရဲ ယဉ်ပါးအောင် လေ့ကျင့်ပေးသော ကျင့်စဉ်သည် လွယ်ကူလွန်းသည်။ သို့သော် တစ်ယောက်ယောက်အား ကျင့်စဉ်ချီးမြှင့် လိုက်လျှင်တောင် အသုံးမဝင်ပေ။ အရေးအကြီးဆုံးသည် စုလောရွှယ် သူ့အား ကမ်းပေးလာသော ဝိညာဉ်သားရဲ အဆောင်သာ ဖြစ်သည်။

ဝိညာဉ်သားရဲ အဆောင်သည် ထူးခြားသော တံဆိပ်ပြား ပုံစံလေးသာ ဖြစ်သည်။ ၎င်းကို ဝိညာဉ်သားရဲ သင်တန်းကျောင်းကသာ ပြုလုပ်နိုင်ပြီး ပြုလုပ်သော နည်းလမ်းကိုလည်း သင်တန်းကျောင်း၏ လက်ရှိ ကျောင်းအုပ်ကသာ သိခွင့်ရှိလေသည်။ ၎င်းသည် သင်တန်းကျောင်း၏ အခြေခံ အုတ်မြစ်လည်း ဖြစ်လေသည်။

ဝိညာဉ်သားရဲများကို ယဉ်ပါးအောင် လေ့ကျင့်ပေးသော လျှို့ဝှက်ကျင့်စဉ်အား နားလည် သွားပြီးနောက် ကျန်းရီသည် နောက်တစ်နေ့တွင် တောင်ပေါ်သွားရန် ဆုံးဖြတ် လိုက်သည်။ သူသည် ယခု ပါရမီရှင်အဆင့် ကျောင်းသား ဖြစ်နေပြီဖြစ်ရာ သူဆန္ဒရှိတိုင်း တောင်ပေါ်တွင် စိတ်ကြိုက် သွားလာနိုင်ပေပြီ။ ထို့ပြင် သင်တန်းကျောင်းသည် တောင်၏ နယ်နိမိတ် အတွင်း၌ပင် ရှိရာ အန္တရာယ် အရမ်း မများနိုင်ပေ။

ကျန်းရီ အခန်းမှ ထွက်သောအခါ ချမ်ဝမ်ကွမ်သည် သွားနှင့်ပေပြီ။ ကျန်းရီ ခြံဝင်းထဲတွင် တစ်ခဏမျှ စောင့်လိုက်ပြီးနောက် ဖက်တီးသည် တပြုံးပြုံးနှင့် ရောက်ရှိလာခဲ့သည်။ သူ့လက်ထဲတွင် တံဆိပ်ပြား တစ်ခုရှိနေခဲ့ပြီး ခပ်လှမ်းလှမ်း ထဲကနေ၍ မျက်လုံးများ ပိတ်နေအောင် ပြုံးနေလေသည်။

"အစ်ကိုကြီး ... ဒါက ထိပ်ဆုံး အမျိုးအစား ဝိညာဉ်သားရဲ အဆောင်ပဲ ... ဒါနဲ့ဆိုရင် တတိယအဆင့် ဝိညာဉ်သားရဲ တွေကိုတောင် လေ့ကျင့်လို့ရတယ် ... တောင်ပေါ်မှာ ကျွန်တော့်အတွက် တစ်ကောင်လောက် ရအောင် ကူညီပေးမယ် မဟုတ်လား"

"သွားစမ်း ... "

ကျန်းရီသည် သူ့အား စောင်းကြည့်ကာ အော်လိုက်သည်။

"တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်က စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်နဲ့ ညီမျှတယ် ... သေချင်နေရင် မင်းဟာမင်းသွား ... ငါက ဒုတိယအဆင့် ကောင်လောက်နဲ့တင် ကျေနပ်တယ် ... အိုး … ဟုတ်သား ... မင်းအဲဒီ ဝိညာဉ်သားရဲ အဆောင်ကို ဘယ်လိုရခဲ့တာလဲ ... ဒီသင်တန်းကျောင်းက ဆရာတွေက တော်တော်လေး သတ္တိရှိတာပဲ ... သူတို့က ဝိညာဉ်သားရဲ အဆောင်တစ်ခုကို တိတ်တိတ်လေး ခိုးရောင်းရဲတယ် ... ကျောင်းအုပ် ကျူးကော့ရဲ့ အမျက်သင့်မှာကို သူတို့ မကြောက်ကြဘူးလား"

"ဟီး… ဟီး"

ချမ်ဝမ်ကွမ်သည် လူယုတ်မာ တစ်ယောက်ကဲ့သို့ ရယ်လိုက်သည်။

"ရေက ကြည်လွန်းနေရင် ငါးတွေ မရှိနိုင်ဘူးလေ ... တခြားနေရာ တွေမှာလည်း ဒီလိုပဲပေါ့ ... ဒီအကြောင်းကို ကျောင်းအုပ်ကျူးကော့ သိရင်တောင် မသိချင်ယောင် ဆောင်ထားပေးမှာပဲ"

"မနက်ဖြန် တောင်ပေါ်ကို သွားဖို့ ပြဿနာ ရှိလား"

ကျန်းရီသည် ပြောသင့်သော အကြောင်းအရာတို့ကို ဦးတည်လိုက်သည်။ ချမ်ဝမ်ကွမ်နှင့် ဆိုလျှင် သူ့ဒုက္ခ အနည်းငယ် အေးသွားမည် ဖြစ်သည်။ သူ့ဂိုဏ်းမှ လျှို့ဝှက် အစောင့်များ ပါနေလျှင် ခရီးတွင် ပို၍ ဘေးကင်းနိုင်ပေသည်။

"ကိစ္စမရှိဘူး ... ကျွန်တော် အခုသွားပြီး စီစဉ်လိုက်မယ်"

ချမ်ဝမ်ကွမ် ထိုသို့ ပြောလိုက်သော်လည်း ထိုကိစ္စက အသေးအဖွဲမျှသာ ဖြစ်သည်။ ချမ်ဝမ်ကွမ်သည် ထွက်ခွာ သွားတော့မည့် ဆဲဆဲတွင် တစ်ခုခုအား ရုတ်တရက် သတိရ သွားခဲ့သည်။

"ဟုတ်သား ... ကျန့်ဝူရွှမ်းက အစ်ကိုကြီး နတ်ဆိုး သားရဲတွေကို အမဲလိုက်ဖို့ တောင်ပေါ် သွားမယ်ဆိုတာ ကြားပြီး သူလည်းအတူ လိုက်ချင်တယ်လို့ ပြောလာတယ် ... သူလည်း သင့်တော်တဲ့ ဝိညာဉ်သားရဲ တစ်ကောင် မရှာရသေးဘူး ဆိုတော့ သူရှာဖို့ အချိန်ကောင်းပဲလေ ... "

"ကြားတယ် ... မင်းဆီက ကြားတာလို့ပဲ ငါထင်တယ် ... မင်း ... ပါးစပ် သရမ်းတဲ့ကောင်"

ကျန်းရီသည် ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်သည်။ ချမ်ဝမ်ကွမ်သည် ကျန့်ဝူရွှမ်းနှင့် ရင်းနှီးအောင် ကြိုးစားနေသည်မှာ အသိသာကြီးပင် ... ဘယ်သူမဆို ပျော်ပျော်ပါးပါး  အပြင်အတူ ထွက်နေလျှင် ဆက်ဆံရေး ပိုမိုကောင်းမွန် လာမည်မှာ အသေအချာ ...

ထိုည၌ ကျန်းရီသည် စုလောရွှယ်အား သွားရှာကာ ငွေရောင် ဓားရှည်အား ပြန်ပေးခဲ့သည်။ ထိုဓားသည် သူမအား ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်း၌ လက်ဆောင်အဖြစ် ပေးထားခဲ့ခြင်း ဖြစ်ရာ သူပြန်မယူ ထားနိုင်ပေ။ သူသည် နောက်တစ်နေ့၌ နတ်ဆိုးသားရဲများ အမဲလိုက်ရန် တောင်ပေါ် သွားတော့မည် ဖြစ်ကြောင်းလည်း အသိပေးလိုက်သည်။ စုလောရွှယ်သည် ကျန်းရီအား စကားအများကြီး မပြောဘဲ ဂရုစိုက်ရန်သာ မှာကြားခဲ့သည်။

နေ့တစ်နေ့တွင် နေမထွက်မီ အချိန်တည်းက ကျန်းရီ နိုးလာခဲ့သည်။ ချမ်ဝမ်ကွမ်၏ ဦးဆောင်မှုဖြင့် သူတို့နှစ်ယောက်သည် သင်တန်းကျောင်းမှ တိတ်တဆိတ် ထွက်ခွာလာ ခဲ့ကြသည်။ ကျန့်ဝူရွှမ်းသည် တောင်ဘက် ဂိတ်တံခါး၌ စောင့်နေခဲ့သည်။ သို့သော် ကျန့်ဝူရွှမ်းသည် ယနေ့တွင် ကျန့်လင်းအာအား အတူခေါ်ဆောင် လာခဲ့ခြင်း မရှိ၍ ကျန်းရီ အံ့အားသင့်ရသည်။

ကျန့်ဝူရွှမ်းအား ခေါင်းညိတ် ပြလိုက်ပြီးနောက် သုံးယောက်သားသည် မှိန်ပြပြအာရုဏ် အလင်းအောက်တွင် တောင်ပေါ်မှ ဆင်းခဲ့ကြသည်။ သူတို့တောင်ခြေသို့ ရောက်သောအခါ ချမ်ဂိုဏ်းမှ ဂိုဏ်သားတစ်စုသည် အနီးရှိ တောအုပ်ထဲမှ ထွက်လာ ခဲ့ကြသည်။ သူတို့သည် ချမ်ဝမ်ကွမ်တို့ သုံးယောက်အား အရိုအသေ ပေးလာခဲ့သည်။

ခေါင်းဆောင်ငယ် ... သခင်လေးရီ ... သခင်လေး ဝူရွှမ်း

ကျန်းရီသည် သခင်လေးဟု ရည်ညွှန်း ခံရသည်ကို သဘောမကျပေ။ ချမ်ဝမ်ကွမ်၏ လူများသည် သတိမထားမိဘဲ နှုတ်ဆက် လာကြသည်။ ထို့နောက် သူတို့သည် ချမ်ဝမ်ကွမ်အား ဦးညွှတ်ကာ ခပ်တိုးတိုး မေးလာခဲ့သည်။

"ကျွန်တော်တို့ ဘယ်ကို သွားကြမှာလဲ"

ချမ်ဝမ်ကွမ်သည် တောင်ဘက်ခြမ်းရှိ တောင်တစ်လုံးအား ညွှန်ပြကာ ပြန်ဖြေလိုက်သည်။

"ဟေးယွင်တောင်ကို ... ဟေးယွင်တောင်ရဲ့ မြောက်ဘက်မှာ သင်တန်းကျောင်းက ကင်းလှည့်အဖွဲ့ တစ်ဖွဲ့ရှိတယ် ... ငါတို့ အမဲလိုက်နေတဲ့ အချိန်မှာ အားကောင်းလွန်းတဲ့ နတ်ဆိုးသားရဲနဲ့ တွေ့ရင် တောင်ပေါ်က ချက်ချင်း ဆင်းလို့ရတယ် ... အဲဒီနတ်ဆိုး သားရဲကို ကင်းလှည့်အဖွဲ့ကို ကိုင်တွယ် ခိုင်းလို့ရတယ်"

"သွားကြစို့"

ကျန်းရီ လက်ယမ်းပြသည်နှင့် လူတစ်စုသည် တောင်ဘက်အရပ်သို့ ပြေးလွှားကာ အမှောင်ထဲ၌ တိုးဝင် ပျောက်ကွယ် သွားကြသည်။

***

သူတို့ ထွက်ခွာ သွားသည်နှင့် အနက်ရောင်ဝတ် လူနှစ်ယောက်သည် အနီးရှိ ခြုံထဲမှ ထွက်လာခဲ့သည်။ ထိုလူများသည် ထိပ်တန်းအဆင့် သူလျှိုများ ဖြစ်သည်မှာ သိသာသည်။ ချမ်ဂိုဏ်းသားများနှင့် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့် လျှို့ဝှက် အစောင့်များတောင် သူတို့အား သတိမပြုမိပေ။

သူတို့၏ မျက်နှာအား အနက်ရောင် အဝတ်များဖြင့် ဖုံးကာထားပြီး အေးစက်စက် မျက်ဝန်းများသာ ဖော်ပြထားလေသည်။ တစ်ယောက်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သံသယနှင့် မေးလာခဲ့သည်။

"ဆဋ္ဌမအစ်ကို ... ခေါင်းဆောင်ငယ်က ဘာလို့ ကျန်းရီကို စောင့်ကြည့်ခိုင်း ထားတာလဲ ... သူက ကျန်းရီကို လုပ်ကြံဖို့ ကြေးစား လူသတ်သမား လွှတ်တော့ မလို့လား ... ဒီကိစ္စသာ ပေါ်သွားရင် လော့ကဲအရှင်ကို ဒေါသထွက် သွားစေလိမ့်မယ် ... ငါတို့နှစ်ယောက်လည်း သေလိမ့်မယ်"

"အရူး"

အသက်ပိုကြီးသော တစ်ယောက်သည် ခပ်တိုးတိုး ဆဲရေးလိုက်ပြီး ရှင်းပြလာခဲ့သည်။

"ခေါင်းဆောင် ငယ်ကရော မကြောက်ဘူး ထင်လို့လား ... ကျန်းပိုင်လီသာ ဒေါသထွက်သွားရင် ခေါင်းဆောင်ငယ် နေရာတောင် မြဲမှာ မဟုတ်တော့ဘူး ... မစိုးရိမ်နဲ့ ... လုပ်မယ့်သူက ငါတို့ဂိုဏ်းက မဟုတ်ဘူး ... ရွှေယွဲ့လျန်မျှော်စင်က နတ်ဆိုးမယ်က မြောက်ဘက် လျန့်နိုင်ငံကနေ ရှန်ဝူနိုင်ငံတော်ကို လာတဲ့လမ်းမှာ ... သူမက လမ်းတစ်လျှောက်မှာ ပါရမီရှင်တွေနဲ့ တိုက်ခိုက်ခဲ့ပြီးတော့ ခုနှစ်ယောက်ကို မသန်မစွမ်း ဖြစ်သွားစေ ခဲ့တယ်လို့ ကြားတယ် ... သူမသာ ဝိညာဉ်သားရဲ သင်တန်းကျောင်းက နံပါတ်တစ် ပါရမီရှင် ကျောင်းက ထွက်သွားတယ်လို့ ကြားရင် ဘယ်လိုဖြစ်မလဲ ... သူမ ဒီသတင်းကို ရတာနဲ့ ချက်ချင်း သူ့ကို သွားရှာမှာ မဟုတ်ဘူးလား"

***

All Chapters