သွေးနဲ့ပြန်ဆပ်ရမည့် အကြွေး
Vol. 13 Ch. 183
တီးတိုးသံများသည် မကြာခင်မှာပဲ တိတ်ဆိတ်သွားမှုနဲ့ အစားထိုးသွားချေသည်။
၎င်းက အံ့သြသံမျိုး မဟုတ်ပေ။ လူတွေ၏ ယုံကြည်မှုနဲ့ ခံယူချက်တွေ ပြတ်ကျိုးသွားသလို တိတ်ဆိတ်မှုမျိုးသာ
သူ့ရန်သူတွေပင် အမှန်တကယ် လုပ်မည်ဟု မထင်ထားပေ။
သူ လိမ်ညာနေသည်ဟု ထင်ကြသည်။
ဇာတ်လမ်းဆန်သော မိန့်ခွန်းတစ်ခု ဖြစ်နိုင်၏ ။ လမ်းကြောင်းပြောင်းသော စကားတစ်ခွန်း။ လူအုပ်ကို အာရုံလွှဲပြီး ဇာတ်လမ်းကို ပြန်လည်ထိန်းချုပ်ဖို့ တောက်ပြောင်သော အမူအရာတစ်ခုဟု ထင်ကြ၏
ဒါပေမဲ့
အခု သူလုပ်လိုက်ပုံက ရူးသွပ်စရာပင်
နောက်တစ်ယောက်က တီးတိုးပြောလေ၏
“သူ… အမှန်တကယ် လုပ်လိုက်တယ်…”
နောက်တစ်ယောက်က မယုံနိုင်စရာ လိုက်ပြောပေ၏
“ကိုယ့်လက်နဲ့ပဲ… ထုတ်လိုက်တာ…”
လူတွေအားလုံးသည် သူ့လက်ထဲက သွေးနီရဲရဲကိုကြည့်နေ၏
ရွှေရောင်တောက်ပ လင်းလက်နေသော တာအိုအရိုးကို သူ့လက်ထဲမှာ ကိုင်ထားလျက်ပင်.. လှပ သန့်စင်ပြီး ကြောက်စရာကောင်းပေ၏
သူ့သွေးတွေနဲ့ နစ်မြှပ်နေ၏
လေတောင် ငြိမ်သက်နေပေသည်။
တာအိုအရိုးကို ဖယ်ထုတ်ခြင်းသည် နာကျင်ရုံတင် မဟုတ်ပေ
ကပ်ဘေးတစ်ခုလိုသာ
ခန္ဓာကိုယ်ကို ခြိမ်းခြောက်ရုံသာမက ကျင့်ကြံမှုအခြေခံကိုပါ ပြန့်ကျဲစေသည်။
အနာဂတ် ဖြတ်ကျော်မှုတွေ မဖြစ်နိုင်တော့ပေ။ တစ်သက်လုံး စွမ်းအားမဲ့ တစ်ယောက်လို ဝိညာဉ်လမ်းကနေ လုံးဝ ကင်းကွာသွားတတ်ကြ၏
သူက အခု အရာအာလုံး ဆုံးရှုံးသွားချေပြီ
သေမျိုး ဖြစ်နေပေပြီ
အပေါ်က စစ်သင်္ဘောတွေလည်း အင်ဂျင်မြည်သံတွေ ငြိမ်သက်သွားပြီး မယုံနိုင်လောက်သော အရာတစ်ခုကို မြင်နေသလိုငြိမ်သက်နေပေသည်။
လီကျန်းဟုန်သည်လည်း ရပ်တန့်သွားသည်။
ဒါက သူတို့ ချမှတ်ထားသော အစီအစဉ် မဟုတ်ပေ။
သူတို့အနေနဲ့ ပိုင်ကျီဟန်က ငြင်းဆိုမည် ဒါမှမဟုတ် ဆင်ခြေပေးရင်း ဖိအားအောက်မှာ ပြိုလဲသွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။
သို့တိုင် ပိုင်ကျီဟန်သည် ထိုအရာတွေ မလုပ်ခဲ့ပေ
သူ မပုန်းခဲ့ပေ။ တောင်းပန်မှုလည်း မလုပ်ခဲ့ပေ ။ ထွက်ပြေးမှုလည်း မလုပ်ခဲ့ချေ။
သူ့အပြစ်ကို ဝန်ခံပြီး အင်ပါယာတစ်ခုလုံးရှေ့တွင် သူ့ရင်ဘတ်ကို ဆွဲဖြဲလိုက်
ပေသည်။
ယခုတော့ သူ နေရာ၌ရပ်နေ၏ ။ သွေးစွန်းနေသော ၊ ပျက်စီးနေသော သူတို့တောင်းဆိုနေသည့် တာအိုအရိုးအား ကိုင်ထားပေသည်။
"ဟား... ဟား..."
ပိုင်ကျီဟန် အသံက ကြမ်းတမ်းသည့်တိုင် တုန်ခါမှုမရှိပေ
သွေးများသည် သူ့ခန္ဓာကိုယ်ပေါ်ကို စီးကျလာပြီး ပိုင်မျိုးနွယ်၏ ခြံဝင်းအလယ်တွင် ရပ်နေ၏ ရင်ဘတ်ကို ဆွဲဖြဲထားပြီး တာအိုအရိုးကို လက်ထဲမှာ ကိုင်ထားပေ၏
တောက်ပနေဆဲသာ
နတ်ဘုရား ရောင်ခြည်တွေ မြူးထူးနေဆဲသာ
ပိုင်ကျီဟန်၏ သွေးစွန်းနေသော ဆုပ်ကိုင်မှုသည် တောက်ပနေချေသည်။ ထိုရက်စက်ကြမ်းကြုတ်ပြီး ဒုက္ခပေးနေသော ကမ္ဘာတွင် မပါဝင်သလို တောက်ပနေပေ၏
လူအုပ်ထဲမှ လူအတော်များများသည် ၎င်းတို့ ကံကြမ္မာကို ပြောင်းလဲနိုင်သော ရတနာတစ်ခုကို မြင်သည့်အခါ မျက်လုံးထဲတွင် လောဘများ တလက်လက် တောက်ပလာပေသည်။
(အဲဒါ လွန်လွန်းသွားလား?)
ပိုင်ကျီဟန် တွေးနေမိသည်။
သူ အလွန်အကျွံ လုပ်ခဲ့သည်လား။
တကယ်တော့ သူ့အနေနဲ့ ဆွဲထုတ်ဖို့ မလိုအပ်ပေ
တာအိုအရိုးကို စနစ်စျေးဆိုင်တွင် ကြာမြင့်စွာ သိမ်းဆည်းထားခဲ့သည်။ သူ့အနေနဲ့ အားစိုက်ထုတ်စရာ မလိုသည့်အပြင် ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ပြန်ယူနိုင်သည်။
သို့တိုင် ၎င်းက မလုံလောက်ပေ
သူ့အနေနဲ့ ၎င်းကို ဒီအတိုင်း ထုတ်ယူလို့ မရပေ
သူသည် မှားယွင်းသော အမြင်ကို တကယ်ဖြစ်လာအောင်၊ ယုံကြည်လာအောင် လုပ်ရမည်။ ပြီးတော့ ထိုသို့လုပ်ဖို့အတွက် ပြပွဲတစ်ခု လုပ်ရမည်။
ဇာတ်လမ်းတစ်ပုဒ်အတွက် သူ့ခန္ဓာကိုယ်ကို ကြိုးကွင်းပေါ် တင်ထားခဲ့ရသည်။
ဖျော်ဖြေမှုတစ်ခုလို
လီနဲ့ကျောက်မျိုးနွယ်စုမှ အမှန်တရားကို သိသွားသည့်အခါ လူသိရှင်ကြား ထွက်ပေါ်လာရန် အချိန်တစ်ခုသာ လိုသည်။
သူတို့သည် ပါးစပ်ပိတ်ထားပြီး ညှိနှိုင်းမည်ဟု ပြောကောင်းပြောနိုင်ပေမဲ့ မည်သူက ယုံကြည်နိုင်မည်နည်း။
သူကိုယ်တိုင်နဲ့ သူ့စည်းကမ်းချက်တွေအတိုင်း ကမ္ဘာကြီးကို ပြောပြတာ ပိုကောင်း၏
ထို့အပြင် ပိုင်မျိုးနွယ်စု ဂုဏ်သတင်းကို လျော့ကျစေမည့် အရာတစ်ခုအဖြစ် ပြောင်းလဲသွားတောင် ပိုကောင်း၏
သူ့အနေနဲ့ ဂုဏ်သတင်းကို သိပ်ဂရုမစိုက်တာကြောင့် ဘယ်သူ့ထက်မဆို သူပိုသိ၏
စစ်ပွဲဆိုသည်မှာ ဓားနဲ့တင် အောင်နိုင်သည် မဟုတ်ပေ
လူထု၏ထင်မြင်ယူဆချက်နဲ့ပင် အောင်နိုင်ပေ၏။
မြင့်မြတ်သော သဘောထားနဲ့အောင်နိုင်၏
လီနှင့် ကျောက်မျိုးနွယ်စုများသည် ပိုင်မျိုးနွယ်စုကို ၎င်းတို့၏ဆွေမျိုးများထံမှ ခိုးယူသော နတ်ဆိုးများအဖြစ် ပုံဖော်ပါက ပြင်ပလူများပင် ၎င်းတို့၏ကျူးကျော်မှုကို သိမ်းပိုက်ခြင်းမဟုတ်ဘဲ တရားမျှတမှုအဖြစ် မြင်ကြမည်ဖြစ်သည်။
ထိုသို့ဖြစ်လာစေမည်မဟုတ်ပေ
(ဒါပေမယ့်... ဒါက နာကျင်တာပဲ)
သူ အတွင်းပိုင်းတွင် တွန့်လိမ်သွားသည်။
သူ့ခန္ဓာကိုယ်သည် အလွန်အားကောင်းလာသဖြင့် ဒဏ်ရာရရန် မလွယ်ကူတော့ပေ။
သူသည် ပျက်စီးမှုကို တုပရန်ပင် အစစ်အမှန်
ခွန်အားကို အသုံးပြုခဲ့ရသည်။
စိတ်မပါသောကြိုးပမ်းမှုသည် ခြစ်ရာတစ်ခုမျှ မဖြစ်စေပေ
သို့သော် သူအောင်မြင်ခဲ့သည်။
အလွန်ယုံကြည်စိတ်ချရသော လုပ်ရပ်တစ်ခုဖြစ်၏
သူ့ပတ်ဝန်းကျင်ရှိ အံ့အားသင့်ဖွယ်တိတ်ဆိတ်မှုကြောင့်—၎င်းသည် အောင်မြင်ခဲ့သည်။
ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။
နှစ်ပေါင်းတစ်ထောင်အတွင်း—ဤကဲ့သို့ သူလုပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ
အင်ပါယာတစ်ခုလုံးရှေ့တွင် ဆွဲဖြဲပစ်မည့်သူဟု မဆိုထားနှင့်၊ သူမသည် သူ့အား ကြောက်တတ်သူ၊ လှည့်စားတတ်သူ၊ တာအိုအရိုးကို ခိုးယူကြောင်း ဘယ်တော့မှ ဝန်မခံမည့်သူမျိုးဟု ထင်ခဲ့သည်။
၎င်းသည် သူ့ဂုဏ်သတင်းကို ဖျက်ဆီးပစ်ရုံတင်မကပေ
သူ့ကျင့်ကြံမှုကိုပါ ဖျက်ဆီးပစ်နိုင်သည်။
သူကြိုးစားခဲ့သော အရာအားလုံး ပျောက်ကွယ်သွားချေပြီ။
ထိုကဲ့သို့ပင်
ပိုင်ရှင်းယွဲ့သည်လည်း အလားတူ အံ့အားသင့်နေခဲ့သည်။
အရာအားလုံးပြီးသည့်နောက်မှာတော့ သူမအတွက် မသေမျိုး ဧက္ကရာဇ် အမွေအနှစ်ကို စွန့်လွှတ်ပြီး သူဒီလောက်ထိ လုပ်နိုင်လိမ့်
မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ
သူမအနေနဲ့ ထိုလုပ်ရပ်သည် လျော်ကြေးပေးမှုပုံစံဟု ယူဆခဲ့သည်။
သို့တိုင် သူအမွေအနှစ်ကို စွန့်လွှတ်ပြီးပြီဆိုရင်…
ဘာလို့ဒီလိုလုပ်နေသေးသနည်း
သူ တုံ့ပြန်မှုကို ကြောက်နေတာလား။
သူမသည် ၎င်းကို သံသယဝင်ခဲ့သည်။ သူမမှတ်မိသော ပိုင်ကျီဟန်သည် တခြားသူတွေ မည်သို့ထင်ထင် ဘယ်တော့မှ ဂရုမစိုက်ခဲ့ပေ
ဒါဆို
"ပိုင်ကျီဟန်… ဘာတွေးနေတာလဲ။"
သူမသည် အခုရော နောက်ရော သူ့ကို မခန့်မှန်း
နိုင်ခဲ့ပေ
သူမသည် သူ့အကြောင်းကို နားလည်ဖို့ ကြိုးစားသလို သူဘာလိုချင်လဲ သိဖို့လည်း ကြိုးစားခဲ့ပေ၏ သူ့ကို ကူညီဖို့ ကြိုးစားခဲ့သည့်တိုင် တစ်ခါတစ်ရံလည်း ဘာမျှ မအောင်မြင်ပေ။
“ပိုင်ကျီဟန်… သူ ဒီအထိ လုပ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။”
“ဟုတ်တယ်! သူ စွမ်းအားတွေမဲ့သွားရင် ရန်သူတွေ ဘယ်လိုလုပ်မလဲ ဆိုတာကို မစဉ်းစားမိဘူးလား? သူ့နေရာကို ဆုံးရှုံးလိမ့်မယ်နော်။”
“တကယ်တော့… ငါ သူကို လေးစားမိတယ်။ ကိုယ့်အမှားကို လက်ခံပြီး ကိုယ့်လက်နဲ့ ပြန်ပြင်ဖို့ လုပ်တာ…”
ကြည့်ရှုနေသူများက တိတ်တိတ်လေး ပြောဆိုကြသည်။
သူ့ကို မုန်းတီးသူများလည်း သူ့၏ သတ္တိကိုတော့ ဝန်ခံရသည်
ဒါထက်ပိုတာက သူ့ကို ကြောက်နေကြတာပင်
ရိုင်းစိုင်းမှုမရှိ
သွေးအေးအေးလေးနဲ့ ဖြေရှင်းနိုင်၏
သူ့ကိုယ်သူ မဖျက်ဆီးခဲ့လျှင် သူဘာဖြစ်လာမည်နည်း။ ဘယ်လိုမိစ္ဆာမျိုး ဒါမှမဟုတ် ဒဏ္ဍာရီမျိုး ဖြစ်လာနိုင်မည်နည်းဟု တွေးနေကြသည်။
ကျောက်ဝူထျန်းတောင် ငြင်းလို့မရပေ
ရလဒ်က မမျှော်လင့်ထားသည့်တိုင် ထိုသို့လုပ်တာက ပိုကောင်းမည်သာ။
ပိုင်ကျီဟန်အနေနဲ့
မတိုးတက်ချင်တော့တာလား?
သူသည် သူတို့ရင်ဆိုင်နိုင်တာထက် အများကြီးပိုဆိုးသော အရာတစ်ခု ဖြစ်လာနိုင်၏။
"အန္တရာယ်များတဲ့လူ" ကျောက်ဝူထျန်းသည် ညည်းညူလိုက်၏
"သူအရင်ဆုံး သူ့ကိုယ်သူဖျက်ဆီးလိုက်တာ ကံကောင်းတာပဲ။"
တာအိုအရိုးကို ထုတ်ပစ်လိုက်သည့်အခါ ပိုင်ကျီဟန်အဖို့ အနာဂတ်မရှိတော့ဘူးဆိုတာ လူတိုင်းသိကြ၏
သူတို့တစ်ချိန်က သိခဲ့သော ပိုင်ကျီဟန် ပျောက်ကွယ်သွားချေပြီ။
"ဒါက ငါ့ဝမ်းကွဲ ပိုင်ရှင်းယွဲ့ဆီကနေ ငါခိုးယူခဲ့တဲ့ တာအိုအရိုးပဲ။ ဒီအတွက်ကြောင့် သူမ အရမ်းဒုက္ခရောက်ခဲ့တယ်... ပိုင်မျိုးနွယ်ကနေတောင် နှင်ထုတ်ခံခဲ့ရတယ်။"
ပိုင်ထျန်းဟမ်သည် သူ့လုပ်ရပ်တွေကြောင့် အံ့အားသင့်ပြီး သူ့သားကို ကြည့်လိုက်၏
ပြီးတော့ အခု ဒါက...
သူသည် ပိုင်ကျီဟန်တွင် အပြစ်မရှိဘူးဟု အမြဲယုံကြည်ခဲ့သည်။ အားလုံးသည် သူ့ဇနီး၏ မှားယွင်းသော ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်လာတာပင်
ပိုင်ကျီဟန်လည်း အဲဒါကို သိပေ၏
သို့တိုင် သူသည် အရာအားလုံးကို စီစဉ်သူဟု ထင်အောင် လုပ်ခဲ့ပြီး အပြစ်တင်စရာအားလုံးကို သူ့ပေါ် ပုံချစေခဲ့သည်။
(မိန်းမ... ငါတို့သားကို ယုံကြည်ခဲ့ရင်ကောင်းမှာပဲ။ ဒါဆို သူ့ရဲ့အနာဂတ်က ပိုပြီးတောက်ပလာနိုင်တယ်။)
"ကျွန်တော် သူ့အပေါ် မှားခဲ့မိတယ်ဆိုတာ ဝန်ခံပါတယ်" ပိုင်ကျီဟန်က ဆက်ပြောလေ၏ "ပြီးတော့ ကျွန်တော် သူ့ကို ပြန်ဆပ်နိုင်တာထက် ပိုပေးဆပ်ရမယ်။ ဒါက”
သူ့လက်ကနေ သွေးများ စီးကျနေသော တာအိုအရိုးကို မြှောက်လိုက်သည်။
"ဒါက သူမ ထိုက်တန်တဲ့ တရားမျှတမှုရဲ့ အစိတ်အပိုင်းလေးတစ်ခုပါပဲ။"