အပြစ်၏ အရိုး
Vol. 13 Ch. 182
လှိုင်းလုံးကြီးများက ကျောက်တောင်ကို ရိုက်ခတ်သလိုပင် ဟိန်းဟောက်သံများသည် သူ့အပေါ် စီးကျလာခဲ့သည်။
ထို့နောက် သူက ထပ်ပြောလေ၏
သူ့နှုတ်ခမ်းထောင့်မှာတော့ ကခုန်နေသော အပြုံးတစ်ခုနဲ့ပင်
"မင်းတို့အားလုံး သူတော်စင်တွေလို မဟန်ဆောင်နဲ့။"
သူ့စကားတွေသည် ဒေါသကို ဓားတစ်ချောင်းလို ဖြတ်တောက်လိုက်ပေသည်။
"ဒီမှာရပ်နေတဲ့ လူတိုင်း—ဂိုဏ်းခေါင်းဆောင်တိုင်း၊ မျိုးနွယ်စုအမွေ ဆက်ခံသူတိုင်း၊ ဖြောင့်မတ်တယ်လို့ ခေါ်တဲ့ ကျင့်ကြံသူတိုင်း—သူတို့ ဝန်မခံချင်တဲ့အရာတွေ လုပ်ခဲ့ကြတာပဲဟာ”
သူသည် စုဝေးနေသော တပ်ဖွဲ့များကို ဝေ့ကြည့်လိုက်ပြီး ရန်လိုမှုတွေ မြင့်တက်လာသည်ကိုတောင် မတုန်လှုပ်ပေ
"မင်းတို့ သိပါတယ်။ ကျင့်ကြံမှုလမ်းကြောင်းမှာ... အားနည်းသူတွေ သေဆုံးကြပြီး သန်မာသူတွေက အလောင်းတွေကို ကျော်တက်ပြီး ထိပ်ဆုံးကို ရောက်အောင် တက်ကြတယ်။ မင်းတို့ရဲ့လက်တွေ သွေးစွန်းနေချိန်မှာ ငါ့ကို ကိုယ်ကျင့်တရားအကြောင်းတော့ တရား မဟောလောက်ဘူးမလား”
လူအုပ်သည် ခဏလောက် ငြိမ်သက်သွားချေ၏
တချို့က အံ့အားသင့်သွားကြပေသည်။
တချို့က တုန်လှုပ်သွားကြကာ သူတို့အပြစ်တွေကိုပင် ပြန်သတိရသွားကြသည်။
သို့ပေမဲ့ မကြာခင်မှာပဲ တုံ့ပြန်မှုသည် ဒီရေလှိုင်းလို မြင့်တက်လာပြန်၏
"အရှက်မရှိ”
"မင်းလုပ်ခဲ့တာတွေအတွက် အကြောင်းပြချက်မရှိဘူး”
"မင်းရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ငါတို့ရဲ့ စွန့်လွှတ်မှုတွေနဲ့ နှိုင်းယှဉ်လို့မရပါဘူး”
"စည်းတစ်ခုရှိတယ်—ပြီးတော့ မင်းက အဲ့တာကို ဖြတ်ကျော်သွားတာ”
"ငါတို့အားလုံး လမ်းကြောင်းပေါ်မှာ ရုန်းကန်ခဲ့ကြတယ်—ဒါပေမယ့် မင်းက ဝမ်းကွဲရဲ့ တာအိုအရိုးကို လုယူလိုက်တာ။ အဲဒါ ရည်မှန်းချက်မဟုတ်ဘူး။ အဲဒါ ရက်စက်မှုပဲ”
"ဆိုးသွမ်းတဲ့ ကျင့်ကြံသူတွေလည်း မင်းလိုပဲ ပြောကြတာပဲ။ ရိုးသားတာက ယုတ်မာမှုနည်းစေတယ်လို့ မင်းထင်နေတာလား?"
"မင်းက ရဲရင့်တယ်လို့ ထင်နေတာလား။ မင်းက အရှက်မရှိတဲ့ လူတစ်ယောက်ပဲ”
ကျိန်စာတွေ ပျံဝဲလာ၏။
စွပ်စွဲချက်တွေ မြင့်တက်လာချေသည်။
ဒီတစ်ခါတော့ သူတို့ထဲမှ အများစုသည် ပိုင်မျိုးနွယ်စုတစ်ခုလုံးကို ရည်ရွယ်တာမဟုတ်ပေ။
၎င်းသည် ပိုင်ကျီဟန်ကိုသာ ရည်ရွယ်နေကြတာပင်
"သူ့ရဲ့ အဆင့်အတန်းနဲ့ ကျင့်ကြံမှုကို စွန့်လွှတ်သင့်တယ်”
"သူ့ကိုသတ်ပြီး တာအိုအရိုးကို တရားဝင်ပိုင်ရှင်ဆီ ပြန်ပေးလိုက်”
တစ်ချိန်က သူ၏ ပြောတတ်ဆိုတတ်ပုံကိုသဘောကျခဲ့သော ကြားနေပရိသတ်တချို့တောင် ယခု သူ့ကို မထီမဲ့မြင်ပြုကာ မျက်မှောင်ကြုတ်ပြီး ကြည့်နေကြချေပြီ
ဇာတ်လမ်းက ပြောင်းလဲသွားချေပြီ။
ယခင်ကတော့ သူသည် ဆန့်ကျင်မှုတွေကြားကနေ ရပ်တည်ဖို့ ကြိုးစားနေသော ပါရမီရှင်တစ်ယောက်သာ
အခုကတော့
လူတွေ မုန်းသည့် ဇာတ်လမ်းထဲက ဗီလိန်တစ်ယောက်သာ။
သို့တိုင်
ပိုင်ကျီဟန်က တွန့်ဆုတ်မနေပေ
နောက်မဆုတ်ချေ။
သူသည် အေးစက်ပြီး မာနကြီးသော အမူအရာနဲ့ အကြည့်တိုင်းကို ရင်ဆိုင်နေ၏
"မင်းတို့ ကြိုက်သလို ငါ့ကိုခေါ်ပါ" သူက တည်ငြိမ်စွာပြောလေသည်။
"ဒါပေမယ့် မင်းတို့ကိုယ်မင်းတို့ ပိုကောင်းတယ်လို့တော့ ဟန်ဆောင်ပြီး မလိမ်ပါနဲ့။"
သူ့စကားများသည် အားလုံးကို ပိုပြီး ဒေါသဖြစ်စေ၊ အဆိပ်သင့်စေခဲ့သည်။ သို့တိုင် ၎င်းက အရေးမကြီးပေ
အဘယ်ကြောင့်ဆိုသော် လီကျန်းဟုန်က ပြုံးနေတာကြောင့်ပင်။
ကျောက်ဝူထျန်းသည်လည်း လက်ပိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်ချေ၏
လူအုပ်က သူ့ကို ဝိုင်းအုံနေကြချေပြီ
သူ့ဝန်ခံချက်သည် ဓားတစ်ထောင်ထက် ပိုပြီး ပျက်စီးစေသည်။
ယခုချိန်ထိ တိတ်ဆိတ်နေသော ကျောက်ဝူထျန်းသည် နောက်ဆုံးတော့ သူ့လက်မောင်းများကိုဆန့်လိုက်လေ၏
သူ့အသံသည် ကျယ်လောင်ပြီး ရန်လိုသော ပုံ မပေါ်ပေ။ သို့တိုင် နှလုံးသားကို မည်ကိုင်တွယ်ရမည်ကို သိသည့်သူတစ်ယောက်၏ တည်ငြိမ်ပြီး လေ့ကျင့်ထားသော ဖိအားနဲ့သာ
"ရဲရင့်တဲ့ ဝန်ခံချက်ပဲ..."
သူသည် ပြုံးပြီး တည်ငြိမ်နေပေသည်။
"ဒါပေမယ့် ငါ ဝန်ခံရမယ်—မင်းရဲ့ ရိုးသားမှုကို ငါလေးစားတယ် ပိုင်ကျီဟန်။ တကယ်ကိုပဲ”
သူ့အကြည့်သည် ဒေါသထွက်နေသော လူအုပ်ကို ဖြတ်ပြီး တိတ်ဆိတ်မှုကို လုံလောက်အောင် ကြာရှည်စေခဲ့သည်။
ထို့နောက် သူ့အသံက ပိုအေးစက်လာချေ၏ ပိုထက်မြက် လာပေသည်။ စကားလုံးတိုင်းသည် ဖြောင့်မတ်မှုကနေ ထွင်းထုထားသော ဓားတစ်ချောင်းလိုသာ။
"ဒါပေမယ့် ရိုးသားမှုက ရက်စက်ကြမ်းကြုတ်မှုကို ခွင့်လွှတ်လို့မရဘူး။"
သူသည် ပိုင်ကျီဟန်နဲ့ ပိုင်မျိုးနွယ်စုဘက်ကို ပြန်လှည့်လိုက်ပေ၏
"ကိုယ့်သွေးထဲက တာအိုအရိုးကို ခိုးယူတာ... အယုတ်မာဆုံး နတ်ဆိုးဂိုဏ်းတွေတောင် ကျူးလွန်ဖို့ တွန့်ဆုတ်နေမဲ့ ရာဇဝတ်မှုပဲ။"
"ပြီးတော့ ဒီမှာရပ်ပြီး ရှက်ရွံ့ခြင်းမရှိဘဲ ဝန်ခံတယ်.. အပြစ်ကို သံချပ်ကာလို ဝတ်ဆင်ထားရင်တောင် မင်းက ပြိုင်ဘက်ကင်းမယ်လို့ထင်နေလား”
သူသည် တိတ်ဆိတ်ငြိမ်သက်စွာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဟန်ဆောင်စိတ်ပျက်မှုတွေနဲ့ ပြည့်နှက်နေ၏
"ပိုင်မျိုးနွယ်စု ဘယ်လောက်ထိ ကျဆုံးသွားပြီလဲ..."
ထိုစကားက ပြင်းထန်စွာ ထိမှန်သွားပေသည်။
တီးတိုးပြောဆိုသံများသည် လူအုပ်ကြားထဲတွင် ထပ်ပြီး ပျံ့နှံ့သွားချေသည်။
ကြားနေခဲ့သော ဂိုဏ်းခေါင်းဆောင်အနည်းငယ်တောင် မျက်ခုံးတွန့်သွားကြသည်။
ကျောက်ဝူထျန်း၏ အသံက ပိုပျော့ပျောင်းလာချေသည်။ ပိုပြီး လျှို့ဝှက်ဆန်းကြယ်လာပေသည်။
"သူ့လိုလူတစ်ယောက်က ပိုင်မျိုးနွယ်စုကို ကိုယ်စားပြုနိုင်ရင်... သူတို့ရဲ့တန်ဖိုးတွေက။ အမှန်တရားကိုသိပေမယ့် တိတ်ဆိတ်နေတဲ့ သူတို့ရဲ့မျိုးနွယ်စုတစ်ခုလုံးကရော”
ထို့နောက် ပတ်ဝန်းကျင်ဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေဆီ လှည့်ပြီး တိုက်ရိုက်ပြောလေ၏
"ငါ့မိတ်ဆွေတို့၊ ငါတို့က ဘာမှမလုပ်ဘဲ ဒါကို လက်ခံနိုင်စရာလို့ ဟန်ဆောင်ရမှာလား။ စံနမူနာတစ်ခု ချမှတ်ဖို့ ကိုယ်ရေးကိုယ်တာရည်မှန်းချက်နဲ့ အပြစ်တွေကို တရားမျှတစေမှာလား။"
"ဒီနေ့ ပိုင်မျိုးနွယ်ကို ခွင့်လွှတ်ရင် ။ မနက်ဖြန်... နောက်တစ်ယောက်က ဘယ်သူ့ကိုထပ်လုပ်နေမလဲ?"
ထိုမေးခွန်းက မိုးကြိုးပစ်သလို ပဲ့တင်ထပ်သွားပေ၏။
စိတ်လှုပ်ရှားသွားကြသည်။
ဂိုဏ်းခေါင်းဆောင်တချို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ တပည့်တချို့က လက်သီးဆုပ်ထားကြ၏
မိဘတွေ..ဆရာသမားတွေ..ပြိုင်ဘက်တွေ။ ပိုင်ကျီဟန်လို တစ်ယောက်ယောက်သည် သူတို့အနာဂတ်ကို ခိုးယူသွားလိမ့်မည်ဟု အားလုံးက စိတ်ကူးယဉ်လာကြသည်။
ကျောက်ဝူထျန်းသည် ဆက်မတောင်းဆိုတော့ပေ
သူ မလိုအပ်ပေ
ပြုံးပြီး နောက်ဆုတ်လိုက်ချေ၏မီးတောက်ကို သူ့ဘာသာသူ လောင်ကျွမ်းစေလိုက်ချေပြီ
ဘာကြောင့်လဲဆိုတော့ အကြံအစည်က အမြစ်တွယ်နေလို့သာ
ပိုင်ကျီဟန်သည် သာမန်လူဆိုးတစ်ယောက် မဟုတ်ပေ
ခြိမ်းခြောက်မှုတစ်ခုပင်
အာဏာကို မထိန်းချုပ်နိုင်ပါက ဘာတွေဖြစ်လာနိုင်သည်ဟူသော သင်္ကေတတစ်ခု။
၎င်းက မည်သူ့အတွက်မဆို အန္တရာယ်အရှိဆုံး ရန်သူမျိုးပင်
လူအုပ်၏ စိတ်သည် အသက်ရှူသံကြောင့် မှောင်မိုက်သွားချေသည်။
အမွေဆက်ခံမှုအတွက် ရင်ဆိုင်မှုအဖြစ် စတင်ခဲ့ရာမှ အများပြည်သူ့ရုံးတင် စစ်ဆေးမှုအဖြစ် ပြောင်းလဲသွားသည်။
ပိုင်ကျီဟန်သည် မုန်တိုင်းအလယ်ဗဟိုတွင် တစ်ယောက်တည်း ရပ်နေခဲ့သည်။ ဘုန်းသရေနဲ့ မဟုတ်ဘဲ နာမည်ဆိုးနဲ့ ကျော်ကြားမှုတွေနဲ့သာ
ကျိန်စာများသည် အရပ်မျက်နှာအားလုံးမှ ပဲ့တင်ထပ်နေသည်။
"သူက အဲဒီတာအိုအရိုးနဲ့ မထိုက်တန်ဘူး”
"ပိုင်ရှင်းယွဲ့ဆီ ပြန်ပေးလိုက်..ဒါက သူမရဲ့အရိုးပဲ”
"သူ့ဆီကနေ ထုတ်ယူလိုက်! တရားမျှတမှုရအောင် လုပ်လိုက်”
"သူမကိုယ်တိုင် ပြန်ယူသွားပါစေ”
ပိုင်ထျန်းဟမ် မျက်နှာအမူအရာသည် တင်းမာနေပြီး နှုတ်ခမ်းတွေကို တင်းတင်းစေ့ထား၏
အရာအားလုံးသည် သူအကြောက်ဆုံးအရာအဖြစ် ပြောင်းလဲသွားချေပြီ
ကမ္ဘာကြီးက ရှင်းပြချက်တွေ မတောင်းဆိုတော့ပေ
၎င်းက အပြစ်ပေးမှုကို တောင်းဆိုနေသည်။
ဒါတွေအားလုံးကြားမှာတော့
ပိုင်ရှင်းယွဲ့ သည် ဘာမှ မပြောပေ
သူမ စကားမပြောပေ
သူမ လှုပ်တောင် မလှုပ်ပေ
ကောင်းကင်ဓားဂိုဏ်းကို ပထမဆုံးဝင်ရောက်ခဲ့စဉ်က သူမ၏ တာအိုအရိုးကို ပြန်ရဖို့သည် ရည်မှန်းချက်တစ်ခု ဖြစ်ခဲ့သည်။
ဒါပေမယ့် အခုတော့ မလိုတော့ပေ
သူမသည် အကူအညီ မလိုအပ်တော့ပေ။ ယခုအချိန်တွင် လုံးဝ မလိုတော့ပေ
ထို့အပြင် သူမသည် မသေမျိုး ဧကရာဇ်၏အမွေအနှစ်ကို ပြန်လည်ပေးဆပ်မှုပုံစံတစ်ခုအဖြစ် လက်ခံခဲ့တာ ကြာချေပြီ
မဟုတ်ဘူး—သူမ သူ့ကို ခွင့်မလွှတ်ခဲ့ပေ
ဒါပေမယ့် သူမသည် တာအိုအရိုးကို မလိုချင်တော့ပေ
သို့တိုင်... ကမ္ဘာကြီးက သူမကို ယူဖို့ အော်ဟစ်နေကြသည်။
ပြီးတော့ ပိုင်ကျီဟန်
အရာအားလုံး၏ အလယ်ဗဟိုမှာတော့ သူသည် မတ်မတ်ရပ်နေရင်း ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်၏
သူသည် သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်
သည်။
သူတို့ မျက်နှာတွေကို ကြည့်လိုက်သည်။
သူတို့ အမုန်းတရားကို ကြည့်လိုက်သည်။
နောက်ဆုံးတော့ ပိုင်ရှင်းယွဲ့ကို ကြည့်လိုက်သည်။
တိတ်ဆိတ်နေဆဲသာ
သူမက ခန့်မှန်းမရပေ
ပြီးတော့ သူ တိုးတိုးလေး ရယ်လိုက်သည်။
"မင်းတို့အားလုံးက လိုချင်တာ အတူတူပဲမလား"
သူသည် အသံတိုးတိုးနဲ့ ပြောလိုက်ပေသည်။
သူ့အကြည့်က စစ်သင်္ဘောတွေပေါ် ဖြတ်သွားချေ၏
ပရိသတ်တွေ၊ ရန်သူတွေနဲ့ ကွပ်မျက်မည့်သူတွေ ပြည့်နေတဲ့ ကောင်းကင်ယံပေါ်
"ကောင်းပြီ.. ဒါဆိုရင် ငါနဲ့မင်းတို့ရဲ့ခြားနားချက်ကို ပြမယ်။ ငါ့အပြစ်တွေကိုဝန်ခံပြီး အရာရာကိုပြုပြင်ဖို့ ဘာမဆိုလုပ်ဖို့ ငါက အသင့်ပဲ။"
သူ ခြေတစ်လှမ်း တိုးလိုက်ချေသည်။
ပြီးတော့ နောက်တစ်လှမ်းတိုးလိုက်ပေ၏
တစ်လှမ်းချင်းစီက လေးလံနေသည်။
သူ့ခန္ဓာကိုယ်သည် သွေးစွန်းနေသောကောင်းကင်နဲ့ပိုင်မျိုးနွယ်၏ အဓိကခြံဝင်းအလယ်တွင် ရပ်နေသည်။
သူက ကောင်းကင်ကို မော့ကြည့်လိုက်ပေ၏
ပြီးတော့ သူ့လက်ကို ရင်ဘတ်ထဲ ထိုးထည့်
လိုက်သည်။
ချက်ချင်းပဲ အံ့ဩသွားကြလေသည်။
သွေးတွေပက်ဖျန်းကုန်၏
ဝိညာဉ်ချီသည် ပြင်းထန်စွာလှိုင်းထသွားပေ၏
သူ့ဝတ်ရုံတွေ စုတ်ပြဲသွားချေပြီ
ပြီးတော့ သူပိုနက်အောင်တွန်းလိုက်လေသည်
အော်ဟစ်သံမရှိ။
တွန့်ဆုတ်ခြင်းမရှိပေ
ထိုအထိ—
သူဆွဲထုတ်လိုက်ပေပြီ
၎င်းကတော့ တာအိုအရိုးပင်