← Chapters

ကြာရှည်ဟန်ဆောင်စရာမလိုတော့ဘူး

Vol. 13 Ch. 184

ကြာရှည်ဟန်ဆောင်စရာမလိုတော့ဘူး

Vol. 13 Ch. 184

လေညင်းလေးဖြတ်သွားကာ သွေးနှံ့များ ပျံ့နှံ့သွားသည်

ပိုင်ကျီဟန်လက်ထဲမှ တာအိုအရိုးသည် တောက်ပသွားပြီး ထွက်ပေါ်လာခဲ့ရသော နာကျင်မှု လွှမ်းမိုးခံလိုက်သလိုပင်

မိန်ဖျော့သွားချေသည်။

တစ်ယောက်မှ စကား မပြောကြသေးပေ

လီမိသားစု၊ ကျောက်မိသားစုတောင်အသံမထွက်နိုင်ပေ

ထိုအခြေအနေတွင် သူတို့ ပြောစရာမရှိပေ။

မထင်တာတစ်ခုက

ပိုင်ကျီဟန် ရှေ့တက်လာ၏

သူ့ခြေထောက်တွေ တုန်နေချေသည်။

သူ့ရင်ဘတ်က ပွင့်နေပြီး သွေးများ စီးကျနေသည်။

ဒါပေမဲ့…မရပ်မနား လျှောက်နေသည်။

ပိုင်ရှင်းယွဲ့ဆီကိုပင်

အနောက်ဖက်မှာတော့ ပိုက်ထျန်းဟမ်သည် ခြေလှမ်းပြင်ပြီး တားချင်သည့်တိုင် မတားခဲ့ပေ ။

သူနားလည်ပေ၏

ဒီအရာက ပိုင်ကျီဟန်တစ်ယောက်တည်း လုပ်သင့်သည့်အရာပင်။

သူမဆီ ရောက်လာချိန် သူမ မျက်လုံးတွေကို မ မကြည့်ပေ

လက်ကိုသာ တိတ်တိတ်ချလိုက်ပေသည်။

တာအိုအရိုးသည် သူတို့နှစ်ယောက်ကြား လေထဲမှာပင်

သူမလက်ထဲကို အတင်းမထည့်ပေ

ကျေးဇူးတင်ခွင့်လည်း မတောင်းပေ

သူ့အနေနဲ့ ပြန်အပ်ရုံသာ

တစ်ခါက သူမ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးခဲ့သော အရာ

သူတို့နှစ်ဦး၏ အသက်ကိုသတ်မှတ်ပေးခဲ့သည့်အရာ—

တောင်းပန်ခြင်းမဟုတ်ဘဲ တကယ်ပိုင်ရှင်ဆီ ပြန်သွားပေးခြင်းသာ

“…ယူပါ” သူက ပြောလေ၏ “ မင်း ငါ့ကို ခွင့်လွှတ်ချင်တာ မလွှတ်ချင်တာဖြစ်ဖြစ်၊ ထပ် မတွေ့ချင်တာ ၊ တွေ့ချင်တာဖြစ်ဖြစ်..ဒါက မင်းပိုင်တာပါပဲ”

ပိုင်ရှင်းယွဲ့သည် တာအိုအရိုးကို ကြည့်လေ၏ ထို့နောက် သူ့ကို ကြည့်လိုက်ပြန်သည်။

သူ့မျက်နှာသည် ဖျော့တော့ပြီး နှုတ်ခမ်းတွင် သွေးအရောင်တောင် မရှိတော့ပေ။ မျက်လုံးများက ပင်ပန်းခြင်းအပြည့်နဲ့သာ

မကြာခင်သေတော့မည့် လူတစ်ယောက်လိုသာ

အသက်ဆက်မရှင်တော့မည့်အတိုင်းပင်

“ဘာလို့လဲ?”

သူမ တိတ်တိတ်လေး မေးလိုက်၏

ဒါပေမဲ့ သူ ကြား၏

အချိန်အတော် အကြာမှ သူ့၏ တကယ့်ပြုံးတစ်ချက် ပွင့်လာချေသည်။

ဝံ့ကြွားတာမရှိ။ မာနမရှိ။

အမုန်းအမျက်မပါပေ

ပင်ပန်းနေပုံသာ။

“မသိဘူး,” သူက ပြောလေ၏ “ အရေးမပါတဲ့အရာမျိုးကို ဟန်ဆောင်နေရတာ ပင်ပန်းလို့ ဖြစ်မယ်။”

သူသည် တာအိုအရိုးကို သူမလက်ထဲတွင် တိတ်တိတ်လေး ချထားလိုက်ပြီး ရွှေရောင်အလင်းသည် သူမ လက်ပေါ် သွေးစက်လက်နဲ့သာ

ပြီးတော့ သူ လှည့်ပြန်သွားလေ၏

ခြေလှမ်း ဖြေးဖြေးနဲ့ပင်

ပိုင်ရှင်းယွဲ့အနေနဲ့ မည်သို့တွေးရမည်ကို မသိတော့ပေ

၎င်းသည် သူမ၏ရည်မှန်းချက်ပင်။

ပိုင်ကျီဟန်ဆီကနေ တာအိုအရိုးကို ပြန်ယူဖို့သာ

ဒါမရှိရင်တောင် သူမသည် သူ့ထက် ပိုအားကောင်းသည်ကို သက်သေပြနိုင်နေချေပြီ

သို့တိုင် သူမ လက်ထဲတွင် တာအိုအရိုးနဲ့ ရပ်နေရပြီး တိုက်ခိုက်ရတာတောင် မရှိပေ။

သူမ ပြန်ရယူမည့်အစီအစဉ်ကိုပင် လက်လျှော့တော့မလို ဖြစ်နေချေပြီ

မသေမျိုး ဧကရာဇ် အမွေအနှစ်ကို ရရှိပြီးနောက် သူမကိုယ်သူမ လုံလောက်ပြီဟု ထင်မိသည် ။ ၎င်းက တရားမျှတသော လျော်ကြေးပင်

အဲဒါက လျော်ကြေးဆိုရင်... ဒါက ဘာလဲ။

တာအိုအရိုးသည် သူမလက်ထဲ ရောက်သည်နှင့် ခုန်ပေါက်သွားပေ၏

ညင်သာစွာ မဟုတ်ပေ

လေထုကို တုန်လှုပ်စေသော ရောင်ခြည်တန်းတစ်ခုနဲ့ပင်

ရွှေရောင်အလင်းတန်းသည် အရပ်မျက်နှာတိုင်း ပေါက်ကွဲသွားပြီး ခြံဝင်းတစ်ခုလုံးကို သန့်ရှင်းသော အလင်းရောင်နဲ့ သန့်စင်နေသည်။

လှပ၏

နတ်ဘုရားလိုပင်

အံ့မခန်း အဖြစ်အပျက်သာ

အသက်ရှူသံတွေ ထပ်ထွက်လာပြန်၏ ဒီတစ်ခါတော့ ကြောက်ရွံ့မှု မဟုတ်ဘဲ အံ့ဩမှုသာ

တာအိုအရိုး၏ စွမ်းအားကြောင့်ပင်

ကောင်းကင်ဘုံကို စိန်ခေါ်ပြီး ကံကြမ္မာကို လှည့်စားနိုင်သည့် ပြိုင်ဘက်ကင်း ရတနာတစ်ပါး။

တစ်သန်းမှာ တစ်ခုသာရှိသော ရတနာမျိုး။

အလင်းရောင်များ ပိုလင်းလက်လာပြီး တောက်ပလာသည်နှင့်အမျှ ငြူစူမှုများက ကြည့်ရှုနေသူများ၏ နှလုံးသားထဲကို တိုးဝင်လာခဲ့သည်။

"သူ ဒီလောက်မြန်မြန် နိုးထလာတာ အံ့သြစရာမရှိပါဘူး။ တာအိုအရိုးကြောင့် ဖြစ်ရမယ်။"

"အဲဒီ တာအိုအရိုးက သူ့ရဲ့ ခွန်အားအားလုံးရဲ့ အရင်းအမြစ်ပဲ။"

" အဲဒီ မာနတွေအားလုံး—ခိုးယူထားတဲ့ စွမ်းအားပေါ်မှာ တည်ဆောက်ထားတာ။ ငါမှာသာ တာအိုအရိုးရှိရင် ငါလည်း ပါရမီရှင်တစ်ယောက် ဖြစ်မှာပဲ”

"ဒီမှာလည်း အတူတူပဲ။ အဲဒီလို လိမ်လည်မှုမျိုးနဲ့ဆိုရင် ဝက်တစ်ကောင်တောင် ဆယ့်ခြောက်နှစ်နဲ့ ဝိညာဉ် အခြေတည်ကာစ အဆင့်ကို ရောက်နိုင်တယ်။"

လူအများသည် ပိုင်ကျီဟန်အား တာအိုအရိုးကြောင့် ထိုသို့ဖြစ်လာသည်ဟု ယုံကြည်ကြပြီး နှစ်ပေါင်းများစွာ သူ့၏ကျင့်ကြံမှု မတိုးတက်ခဲ့သည်ကို သတိမထားမိကြပေ

သူ့အောင်မြင်မှုနဲ့ ကျော်ကြားမှု အများစုသည် အရင်းခံစွမ်းအားကြောင့် မဟုတ်ဘဲ သူ့၏ အကြံအစည်တွေကြောင့်သာ

ဒါပေမယ့် မည်သူက ဂရုစိုက်မည်နည်း

"တာအိုအရိုးကို လက်ညှိုးထိုးပြတာက အမှန်တရားကို ရင်ဆိုင်တာထက် ပိုလွယ်ပါတယ်။"

အချက်ပြမှုတစ်ခုလိုပင်.. ကျင့်ကြံသူ အတော်များများ၏ မျက်လုံးများသည် တာအိုအရိုးကို ကျဉ်းမြောင်းစွာ ကြည့်နေကြ၏

သားရဲတွေ ခုန်မချခင် အကြည့်မျိုးလိုပင်

မည်သူမှ မလှုပ်ပေ

မလှုပ်သေးတာပင်

ဒါပေမယ့် အတွေးထဲ၌ ရှိနေသည်။

ငါ ယူလိုက်ရင်ကော။

သူတို့သည် ပိုင်ကျီဟန်ကို ခိုးယူမှုအတွက် ရှုတ်ချခဲ့ကြသည်။

သူ့ကို နတ်ဆိုးဟု ခေါ်ခဲ့ကြသည်။ ၎င်းက ရှက်စရာပင်

တာအိုအရိုးသည် သူတို့ရှေ့၌ ရှိနေသည်လော

ထိုဖြောင့်မတ်မှုအားလုံး ပျောက်ကွယ်သွားခဲ့ချေပြီ

လောဘသည် ပိုများပြား ၊ ပိုအားကောင်းလာသည်။

တချို့ကတောင် တွက်ချက်လာကြချေပြီ

ပိုင်ကျီဟန် ပျက်စီးသွားချေပြီ။

ပိုင်မျိုးနွယ်စုသည် လီနဲ့ ကျောက်မျိုးနွယ်စုမှ ပစ်မှတ်ထားခံရတာကြောင့် အားနည်းနေချေသည်။

အချိန်ကိုက်ရင် ကျွန်တော်တို့ ယူလို့ရနိုင်တယ်

လက်ချောင်းများ လှုပ်ခါနေသည့်အခိုက်တွင် အရှိန်အဝါ၏ ဖြည်းဖြည်းချင်း မြင့်တက်လာမှုလည်း ရှိနေ၏

သို့တိုင်

သူတို့ထဲက မည်သူမှ မလှုပ်ရှားနိုင်ခင်မှာပဲ…

တာအို အရိုး ရွေ့လျားသွားချေသည်။

တာအို အရိုးသည် ပြန်လည် လှုပ်ရှားလာချေပြီ ဒီတစ်ခါတော့ အရေးတကြီးနဲ့သာ

ထို့အပြင် အလင်းတန်းတွေ ထွက်ပေါ်လာပြီး ပိုင်ရှင်းယွဲ့ကို ရွှေရောင်ဖဲကြိုးတွေလို ပတ်ပတ်လည် ရစ်ပတ်လိုက်သည်။

တာအို အရိုး ပြိုကွဲသွားတာမဟုတ်ဘဲ ပေါင်းစည်းသွားတာကို မြင်တော့ သူမမျက်လုံးတွေ ပြူးကျယ်သွားပေသည်။

အားစိုက်ထုတ်မှုမရှိဘဲ။

သူမထဲကို။

ဝုန်း

နတ်ဘုရားအလင်းတန်းတစ်ခုသည် သူမခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာပြီး အနီးဆုံးသူတွေကို ဝိညာဉ်ရေးရာ ဖိအား၏ တုန်လှုပ်မှုလှိုင်းတစ်ခုနဲ့ ပြန်တွန်းထုတ်လိုက်ချေသည်။

ခုန်ဖို့ ပြင်ဆင်နေသော ကျင့်ကြံသူများသည်လှုပ်ရှားမှုအလယ်တွင် ရပ်တန့်သွားကြသည်။

တာအို အရိုးကို လုယူရန် အတွေးတွေအားလုံး ပျောက်ကွယ်သွားချေသည်။

အဘယ်ကြောင့်ဆိုသော် နောက်ကျသွားချေပြီ။

တာအို အရိုးသည် သူ့၏ မှန်ကန်သော နေရာကို ပြန်ရောက်သွားချေပြီ။ ထိုအချိန်ကို တစ်ချိန်လုံး စောင့်မျှော်နေခဲ့သလိုပင်

သူဘယ်နေရာမှာရှိနေသည်ကို အမြဲသိနေသလိုပင် ..နှစ်ပေါင်းများစွာ ကွဲကွာနေပြီးနောက် နောက်ဆုံးတော့ အိမ်ပြန်ရောက်လာခဲ့ချေပြီ။

အလင်းရောင်တွေ မှေးမှိန်သွားပေ၏

ပြီးတော့ ပိုင်ရှင်းယွဲ့က မတ်တပ်ရပ်လိုက်သည်။

သူမသည် မသေမျိုး ဧကရာဇ်၏အမွေအနှစ်ကြောင့် အင်အားကြီးမားလာခဲ့သည်။

ဒါပေမယ့် အခုကော?

အခုတော့ ပိုပြီး တစ်ခုခုကို ဖြာထွက်စေခဲ့သည်။

လုံးဝကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု။

"ဟီးဟီး... ဒါဆို မင်းတို့ရဲ့မျိုးနွယ်စုတွေမှာ အခု ဘာအကြောင်းပြချက်တွေရှိသေးလဲ။"

ပိုင်ကျီဟန်သည် နောက်ကနေ ကြမ်းတမ်းစွာ အော်ဟစ်လိုက်ပြီး ပြိုကွဲတော့မည့် အစွန်းတွင် ဟန်ဆောင်နေတုန်းသာ

သူက စနောက်သော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

"မင်းတို့ အိမ်ပြန်ရမယ့်အချိန်ရောက်ပြီလားလို့”

လီကျန်းဟုန်နဲ့ ကျောက်ဝူထျန်းတို့နှစ်ယောက် မျက်မှောင် ကြုတ်လိုက်ကြသည်

ဒါက... သူတို့မျှော်လင့်ထားတာ မဟုတ်ပေ

ပိုင်မျိုးနွယ်စုကို ခြိမ်းခြောက်ဖို့—ဒါမှမဟုတ် မအောင်မြင်လျှင် သူတို့ကျူးကျော်မှုကို တရားမျှတအောင်လုပ်ဖို့နဲ့ ကိုယ်ကျင့်တရားမြင့်မားသောနေရာကို ရဖို့သာ.. အခုတော့ သူတို့ အစီအစဉ်က လုံးဝပျက်စီးသွားချေပြီ။

သူတို့ အခုတိုက်ခိုက်ပါက လူအများက သံသယဝင်ပြီးသားအရာကို အတည်ပြုပေးသလို ဖြစ်မည်သာ ။ သူတို့၏ စစ်မှန်တဲ့ရည်မှန်းချက်က ပိုင်ရှင်းယွဲ့သာ

ပြီးတော့ ထိုအမှန်တရားက လျှို့ဝှက်ချက်မဟုတ်တော့ပေ

သူတို့သည် လူထုကို လှည့်စားဖို့ မျှော်လင့်ခဲ့ကြသည်။ ဇာတ်လမ်းကို လှည့်စားဖို့သာ

ဒါပေမယ့် ၎င်းသည်လည်း မအောင်မြင်ခဲ့ပေ

သို့တိုင် အခု သူတို့ နောက်မဆုတ်နိုင်တော့ပေ

ပိုင်ရှင်းယွဲ့သည် တာအိုအရိုးပြန်ရမှုနဲ့အတူ ပိုပြီး ခြိမ်းခြောက်မှု ဖြစ်လာသည်။

တစ်ခုခုဆို သူတို့ကို ပိုလောဘကြီးစေသည်။

ပိုင်ရှင်းယွဲ့ကို သိမ်းပိုက်ခြင်းသည် မသေမျိုး အမွေအနှစ်ကိုသာမက တာအိုအရိုးကိုပါ ရနိုင်သည်ဟု ဆိုလိုတာပင်

သူတို့သည် တာအိုအရိုး မည်မျှ အစွမ်းထက်သည်ကို ပိုင်ကျီဟန်အားကြည့်ရုံနဲ့ မြင်တွေ့ပြီးသားပင်

တစ်ချိန်က ချီသန့်စင်ခြင်းအဆင့်ကိုတောင် မဖောက်ထွက်နိုင်သော အလကားလူတစ်ယောက်အဖြစ် လှောင်ပြောင်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်။

တာအိုအရိုးနဲ့ သူသည် နတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့၏

လီကျန်းဟုန် မျက်လုံးတွေ မှောင်မိုက်သွားချေသည်။

သူသည် ကျောက်ဝူထျန်းကို လှမ်းကြည့်လိုက်ပေသည်။

သူတို့ အကြည့်ချင်း ဆုံမိကြလေပြီ

ထိုတိတ်ဆိတ်နေသော အခိုက်အတန့်တွင် အရာနှစ်ခုသည် ရှင်းရှင်းလင်းလင်း ဖြစ်လာသည်။

ပထမအချက်ကတော့ သူတို့ အစီအစဉ် မအောင်မြင်ခဲ့တာပင်

ဒုတိယအချက်ကတော့ ပိုင်ရှင်းယွဲ့ကို အသက်ရှင်လျက် ထွက်သွားခွင့် မပေးနိုင်ပေ

သူတို့သည် သူမကို အခု လွှတ်ပေးလိုက်ပါက သူမသည် ထိလို့မရတော့သောသူ ဖြစ်လာလိမ့်မည်။ သူမ၏ကြီးထွားမှုက အဆမတန် မြန်ဆန်လာပေမည်။

နှစ်အနည်းငယ်အတွင်းမှာပဲ ဘယ်မျိုးနွယ်စုမှ—လီ ဒါမှမဟုတ် ကျောက်မျိူးနွယ်တောင်—သူမကို ဆန့်ကျင်နိုင်မည် မဟုတ်ပေ

သူမ အခု သေရမည်။

လီကျန်းဟုန်သည် သူ့လက်ကို လေထဲသို့ ဖြည်းဖြည်းချင်း မြှောက်လိုက်လေ၏

သူ့နောက်မှ အကြီးအကဲများသည် တောင့်တင်းပြီး စောင့်နေကြသည်။

ပိုင်ထျန်းဟမ် မျက်လုံးတွေ ကျဉ်းမြောင်းသွားကြ၏

"လီကျန်းဟုန်... မင်း မလုပ်ရဘူး”

"တိုက်ခိုက်”

အမိန့်က အေးစက်စက် ထွက်ပေါ်လာ၏

သေချာ၏

အသေအချာပင်

တစ်စက္ကန့်အကြာမှာ— ဘုန်း

ကောင်းကင်၌ရှိသော ရွှေရောင် စစ်သင်္ဘော ဆယ်စီးသည် စာလုံးတွေနဲ့ တောက်ပနေပြီး လက်နက်တွေ တစ်ပြိုင်နက်တည်း အသက်ဝင်နေ၏

ပိုင်မျိုးနွယ်စုမှာတော့ အဆင့် ၅ ကာကွယ်ရေးပုံစံ ရှိသည့်တိုင် ထိုကဲ့ ကြီးမားသော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိရန် အများဆုံး စက္ကန့်အနည်းငယ်ပဲ ကြာပေမည်

လီနဲ့ ကျောက်မျိုးနွယ်စုသည်လည်း ပိုင်မျိုးနွယ်စုလိုပဲ သိကြ၏

ဂျွတ်

မျှော်လင့်ထားသည့်အတိုင်း ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်အနည်းငယ် အပြီးတွင် ဖွဲ့စည်းပုံသည် ဖိအားအောက်တွင် ပြိုကွဲသွားခဲ့သည်။

ထိုအချိန်တွင် လီနဲ့ ကျောက်မျိုးနွယ်စုဝင်များသည် ပိုင်မျိုးနွယ်စု၏ အိမ်ယာထဲကို စုရုံးဝင်ရောက်လာကြသည်။ သူတို့ ရည်မှန်းချက်က ရှင်း၏

ပိုင်ရှင်းယွဲ့ကို ဖမ်းဖို့သာ

လီနဲ့ ကျောက်မျိုးနွယ်စု နှစ်ခုလုံးမှ ကျင့်ကြံသရာပေါင်းများစွာသည်ဓားများ၊ မှော်ပညာများ၊ ဒေါသများနဲ့အတူ လှိုင်းလုံးကြီးလို ရှေ့ကို ပြေးလွှားလာကြသည်။

"သွားကြစို့”

"ပိုင်မျိုးနွယ်စုက ငါတို့ဘယ်သူလဲဆိုတာ သိရမယ့်အချိန်ရောက်ပြီ”

ပိုင်မျိုးနွယ်စုသည် သူတို့ကို ထိုသို့လွယ်လွယ်နဲ့ ခွင့်ပြုမည် မဟုတ်ပေ။ သူတို့ကို တောက်လျှောက် တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြသည်။

ကလန် ကလန်

နှစ်ဖက်စလုံးကြားတွင် ပထမဆုံး တိုက်ရိုက် ရင်ဆိုင်မှု ပေါ်ပေါက်လာခဲ့သည်။ ကျင့်ကြံသူအများစုသည်

ရွှေအမြုတေနယ်ပယ်မှ ဝိညာဉ် ဖွဲ့စည်းမှုနယ်ပယ်အထိ ပါဝင်သည်။

ကြည့်ရှုသူများသည် သူတို့အားလုံး မျှော်လင့်ထားသော တိုက်ပွဲ နောက်ဆုံးတော့ ဖြစ်ပျက်သွားသည်ကို ကြည့်နေကြသည်။

ရှုပ်ထွေးမှုများအကြား ပုံရိပ်တစ်ခုသည် သူ့ကိုယ်သူ ဆက်ပြီး မထိန်းထားနိုင်တော့ပေ

သူကတော့ လီဖန်းသာ

သူ့၏တစ်ဦးတည်းသောပစ်မှတ်က ပိုင်ကျီဟန်ပင်

"မင်း ဘာလုပ်ရမလဲဆိုတာ သိပါတယ်" ကျောက်ချန်က အေးစက်စွာ ပြောလိုက်သည်။

"ပိုင်ကျီဟန်က တာအိုအရိုးကို ဖယ်ရှားခံရတော့ ဒဏ်ရာရပြီး ကျင့်ကြံမှုအားလုံး ကင်းမဲ့နေတယ်။ ဒါပေမယ့် သူ့ကို မသတ်ပါနဲ့။ ငါတို့ သူ့ကို အသုံးပြုနိုင်တယ်”

ကျောက်ချန်လေသံက တည်ငြိမ်နေသည့်တိုင် သူ့မျက်လုံးထဲမှ အမုန်းတရားသည် သူ့၏စစ်မှန်သော ခံစားချက်တွေကို ဖော်ထုတ်နေသည်။

လီဖန်းသည်လည်း ပိုင်ကျီဟန်ကို သူလိုပင် သတ်ချင်တာ သိပေ၏ သို့တိုင် အခုအချိန်တွင် ပိုင်ကျီဟန်သည် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။ သူသည် အသက်ရှင်နေထိုင်ရတာထက် အများကြီးပိုတန်ဖိုးရှိသည် —ဈေးဆစ်စရာတစ်ခုအနေနဲ့ပင်

သူ့တွင် အနာဂတ်မရှိတော့ရင်တောင်မှ မှန်းဆလို့မရသော အချက်တစ်ခုတော့ ရှိသေးသည်။ အဲဒါကတော့ ပိုင်ထျန်းဟမ်ပင်

ပိုင်မျိုးနွယ်စု အကြီးအကဲသည် သူ့သားကို တကယ်စွန့်လွှတ်မည်လား။

ကျောက်ချန်အဖို့ မသေချာပေ။ သို့တိုင် အမြတ်ထုတ်ရကျိုးနပ်သော အခွင့်အရေးတစ်ခုသာ။

"ဟုတ်တယ်" လီဖန်းသည် ရက်စက်စွာပြုံးလိုက်သည်။

"သူ့ကို လွယ်လွယ်နဲ့သေစေချင်တာမဟုတ်ဘူး။ သူ့ကို ဘယ်တော့မှ မမွေးဖွားလာပါစေနဲ့လို့ ဆုတောင်းရအောင် ငါလုပ်မယ်။ သေဖို့တောင်းပန်ရုံနဲ့ မလုံလောက်တဲ့အထိ နှိပ်စက်ညှဉ်းပန်းရမယ်။ ဟားဟား..."

All Chapters