မျိုးနွယ်စု သုံးစု၏ စစ်ပွဲ စတင်သည်
Vol. 13 Ch. 185
မြေကြီး တုံ့ခါသွားချေသည်။
မိုးကောင်းကင် မြည်ဟီးသွားပေ၏
တင်းကြပ်နေသောလေထုသည် ယခု စစ်ရေးအဓိပ္ပါယ်နဲ့ မီးတောက်သွားသည်။
နေရာတိုင်းတွင် ကျင့်ကြံသူများ တိုက်ခိုက်နေကြပြီး ဝိညာဉ်အရောင်များ ပျံ့လွင့်နေကြသည်။ ဓားများသည် စွမ်းအားများနဲ့ တွေ့ဆုံပြီး အဆောင်များသည် ကြယ်များလို တောက်ပ နေကြသည်။
တပည့်များ၊ ကျင့်ကြံသူများ၊ ဂိုဏ်းခေါင်းဆောင်များ၊ မျိုးဆက်အကြီးအကဲများ စသည်ဖြင့် ကြည့်ရှုသူများသည် စစ်မြေပြင်မှဝေးနိုင်သမျှ ဝေးဝေးကနေ ကြည့်နေကြသည်။
သို့ရာတွင် အဲ့ဒီကနေတောင် သူတို့မြင်နေရသောအရာကို မယုံကြည်နိုင်ပေ
“…တကယ်ဖြစ်လာပြီပေါ့” တစ်ဦးသည် စကားတိုးတိုးပြောလိုက်ပြီ။ “ပိုင်၊ လီနဲ့ ကျောက်မျိုးရိုးတွေက တကယ့် စစ်ပွဲစကြပြီ။”
“ကောင်းကင်အင်ပါယာရဲ့ အင်းအားအကြီးဆုံး မျိုးနွယ်စုသုံးခုရဲ့ တိုက်ပွဲ…” တစ်ဦးက ပြောသည်။
“ဒီလို စတင်လိုက်တာနဲ့ ပြန်ဆုတ်လို့ မရတော့ဘူး။”
“နောက်နေတာ မဟုတ်ဘူး။ ကြည့်လိုက် ! လီမျိူးနွယ် အကြီးအကဲ တစ်ဦးက ကောင်းကင်အဆင့် လက်နက် သုံးလိုက်တာမလား၊ အဲ့တာကို ငါ့မိဘတွေဆီကပဲ ကြားဖူးတာ”
“ပိုင်မျိုးနွယ်ကလည်း နောက်မဆုတ်ဘူး —အရိပ်ကိုးပါး စီးဆင်းနေတဲ့ အလင်းဓား နည်းစနစ်ကို တစ်ခါ သုံးလိုက်တာနဲ့ ကျောက် မျိုးနွယ် ငါးယောက် တစ်ပြိုင်နက် သေသွားတယ်”
စစ်မြေပြင်တစ်လုံးလုံးကို တုန်လှုပ်သွားစေသော စွမ်းအင်လှိုင်း တစ်ခု ပေါ်လွင်လာသည်။
ပိုင်မျိုးနွယ် အကြီးအကဲတစ်ဦးသည် ဓားကို မြင့်တင်လိုက်ရာ ဝိညာဉ်အလင်းသည် မုန်တိုင်းလို လေထဲ ပျံသွားချေသည်။
၎င်းသည် မုန်တိုင်းတစ်ခုကဲ့သို့ အော်ဟစ်လိုက်ပြီး ရှေ့သို့ လွင့်ပျံသွားသည်နှင့်အမျှ လေထုကိုပင် တုန်ခါစေခဲ့သော်လည်း ခဏအကြာတွင် ကျောက်ဘက်မှ ပစ်လွှတ်လိုက်သော မိုးကြိုးလှံငါးချောင်းကြောင့် ကွဲကြေသွားခဲ့သည်။
“ဒီလူတွေက သူတို့မျိုးနွယ်ရဲ့ သာမန်အဖွဲ့ဝင်တချို့ပဲ မဟုတ်ဘူးလား”
ငယ်ရွယ်သော ကျင့်ကြံသူတစ်ဦးသည် မျက်နှာ ဖြူဖျော့ကာ မေးသည်။
ဘေးကရောက်နေသူတစ်ဦးသည် အော်လိုက်သည်။
“သာမန် ? သူတို့စံနှုန်းနဲ့က…ဒီလိုသာမန်ဆိုလိုက်တဲ့သူတွေက ငါတို့မျိုးန္ယ်မှာ မဟာအကြီးအကဲအဆင့်တွေလေ”
ငယ်ရွယ်သော ကျင့်ကြံသူသည် တံတွေးမျိုချလိုက်သည်။
“ဒါပေမဲ့ ပိုင်၊ ကျောက် လီတို့အတွက်တော့” ထိုသူက ဆက်ပြောသည်။ “အဲဒါတွေက အသေခံအဆင့်တွေလောက်ပဲ။”
ဘုန်း!!
မြေကြီးတစ်ခုလုံး တုန်လှုပ်သွားသော ပေါက်ကွဲသံတစ်ခါ ထွက်လာကာ ကျောက်တုံးတွေ ခုန်ပြန်ပြီး သစ်ပင်အမြစ်အထိ လှန်သွားချေသည်။
မြေကမ္ဘာအဆင့်လက်နက်များကို ဘာမှ မဖြစ်သလို သုံးနေကြသည်။
အမှန်တကယ် ပြောရလျှင် တိုက်ခိုက်မှုတစ်ခုချင်းသည် မျိုးနွယ်သေးတစ်ခုလုံးကို ဖယ်ရှားနိုင်လောက်အောင် စွမ်းအားရှိ၏
ဒါပေမဲ့ ဒီမှာတော့— စတင်မှုလိုသာ
“ရူးချက်ပဲ” တစ်ယောက်က ပြော၏
“ဒါက မျိုးနွယ်စုတွေကြားက တိုက်ပွဲမဟုတ်ဘူး… ဧကရာဇ်တွေ တိုက်တဲ့ပွဲ”
“ပြီးတော့ နှစ်ဖက်လုံးက ထိန်းထားတုံးပဲ ။မဟာ အကြီးအကဲတွေ မပါသေးတာကို စဉ်းစားကြည့်ပါဦး— မဟာအကြီးအကဲနဲ့ ဘိုးဘေးတွေ တစ်ခါတည်း ဝင်လာမယ်ဆိုရင် အင်ပါယာ တစ်ဝက်လောက် နေ့တစ်ရက်အတွင်း ပျောက်သွားနိုင်တယ်။”
နှစ်ဖက်စလုံးသည် မဟာအကြီးအကဲများကို ဝင်မပါခိုင်းကြပေ။ သူတို့ပါလျှင် ကိစ္စ ပြန်လည် မဖြေရှင်းနိုင်တော့မည့်အထိ ဖြစ်ကုန်ကြမည်။
မဟာအကြီးအကဲများသည် တကယ့်ပျက်စီးမှုကြီးကြီးမားမား ဖြစ်လာသည့်အချိန်မှာပဲ မလွဲမသွယ် ပါကြသည်။
ထို့အပြင် ထိုကဲ့သို့ စစ်ပွဲတောင် မဟာအကြီးအကဲများ မပါဝင်ဖို့ သဘောတူကြသည်။
သို့ရာတွင် စစ်ပွဲ တိုးလာပါ မဟာအကြီးအကဲများလည်း ပါဝင်လာရမည်။
ဒါပေမဲ့— စတင်ပြီးသားပင်
လီဖန်းသည် နောက်ဆုံးတော့ လှုပ်ရှားရင်း
ပြုံးလိုက်သည်။
သူ့ခန္ဓာကိုယ်မှ နက်မှောင်သော အနီရောင် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး စစ်မြေပြင်ကိုဖြတ်ကာ ပိုင်ကျီဟန်ဆီကို တည့်တည့်ပြေးသွားချေသည်။
သူ့နောက်တွင် လူအတော်များများ နီးကပ်စွာ လိုက်ပါလာကြသည် ။ ငယ်ရွယ်သော ကျင့်ကြံသူများ .. တစ်ယောက်ချင်းစီတွင် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ဖြာထွက်နေ၏
သူတို့သည် သာမန်တပည့်များ မဟုတ်ပေ။၎င်းတို့သည် လီနဲ့ ကျောက်မျိုးနွယ်စုများ၏ အထက်တန်းစား ပါရမီရှင်များသာ ။ အသက်ကြီးပြီးအတွေ့အကြုံပိုများ၏ တစ်ယောက်ချင်းစီသည် သူတို့၏ ရှင်သန်မှုအခြေအနေများကို ကျော်လွှားနိုင်ခဲ့ကြသည်။
သူတို့သည် ဘုန်းကျက်သရေအတွက် ထိုနေရာတွင် ရှိနေကြတာ မဟုတ်ပေ။
သူတို့အနေနဲ့ သတ်ဖို့ ဒီမှာရှိနေကြတာပင်
"ပစ်မှတ်ကို မြင်ရပြီ”
သူတို့ထဲက တစ်ယောက်က အေးစက်စွာ ပြောလိုက်၏ -သူမကတော့ ငွေရောင်ဓားသွားနဲ့ လင်းယုန်လို မျက်လုံးတွေရှိသည် အရပ်ရှည်ရှည်နဲ့ အမျိုးသမီးတစ်ယောက်ပင်။
အနက်ရောင်လှံကိုင်ထားသော ဝဝနဲ့ အမျိုးသားတစ်ယောက်က တိုးတိုးလေး ရယ်လိုက်သည်။
"အဲဒီ မသန်စွမ်းသူက အသက်ရှူသံတစ်ဝက်တောင် မတန်ဘူး။ ဒါပေမယ့် အမိန့်တွေက အမိန့်တွေပဲ။"
သူတို့၏ ချီများသည် တစ်ပြိုင်နက်တည်း မြင့်တက်လာပြီး ပိုင်ကျီဟန်ဆီ ရောက်လာ၏
တိုက်ပွဲ၏ ရှုပ်ထွေးမှုများ ကြားမှာတောင် ကျင့်ကြံသူအတော်များများသည် သူ့အပေါ် ပုံမှန်မဟုတ်သော အာရုံစိုက်မှုကို သတိပြုမိကြသည်။
"ခဏနေဦး... သူတို့လုပ်တော့မယ်—"
"သူတို့က ပိုင်ကျီဟန်ကို ပစ်မှတ်ထားနေတယ်”
"ကောင်းပြီ၊ အခု သူ အားနည်းနေပြီဆိုတော့ သူ့ကို မောင်းထုတ်ဖို့ အခွင့်အရေးကောင်းပဲ။ ဒါပေမယ့် သူ့ရဲ့ ကျင့်ကြံမှုအားလုံး ဆုံးရှုံးသွားပြီဆိုတော့ တန်တယ်လို့တောင် မထင်ဘူး။"
သဘောပေါက်မှုသည် မီးလို ပျံ့နှံ့သွားသည်။
ပိုင်ထျန်းဟမ်သည် ချက်ချင်း ခံစားလိုက်ရသည်။
သူ့၏ ဝိညာဉ်ရေးရာ အသိစိတ် တောက်ပလာသည်နဲ့အမျှ မျက်နှာ မှောင်မိုက်သွားသည်။ သူ့အကြည့်သည် နောက်ဘက်တွင် ခြေထောက်ပေါ် ရပ်တည်ဖို့ ရုန်းကန်နေသော သူ့သားဆီကို ရောက်သွားခဲ့သည်။
"မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”
ဒါပေမယ့် သူ ရှေ့ကို ခြေလှမ်းလိုက်သည့် အချိန်မှာပဲ
ဘုန်း
ရွှေရောင် ချီတစ်ခုသည် သူ့ရှေ့တွင် ပေါက်ကွဲသွားချေသည်။
လီကျန်းဟုန်။
သူ့ဘေးမှာက ကျောက်ဝူထျန်း
"မင်း ငါတို့ကို အရင်ကျော်ဖြတ်ရမယ် ပိုင်ထျန်းဟမ် " ကျောက်ဝူထျန်းသည် လှောင်ပြောင်လိုက်ပေသည်။
"ဒါက စစ်ပွဲပဲ" လီကျန်းဟုန်က အေးစက်ပြီး တရားမျှတသော အသံနဲ့ ထပ်ပြောလိုက်သည်။”မင်းက အရှက်ရစရာ ဖြစ်နေတဲ့လူကို ကယ်တင်ဖို့ မျိုးနွယ်စုခေါင်းဆောင်အဖြစ် ရာထူးကနေ စွန့်လွှတ်မယ်လို့တော့ငါ့ကို မပြောနဲ့။"
"မင်းရဲ့လူတွေ ရာနဲ့ချီပြီး သေနေချိန်မှာ သူ့ကို ကာကွယ်ချင်တာလား။"
ကျောက်ဝူထျန်းအပြုံးက ဓားတစ်ချောင်းလို ထက်မြက်နေ၏
ပိုင်ထျန်းဟမ် လက်သီးတွေကို ဆုပ်လိုက်သည်။
သူသည် သူတို့ကို ကျော်ပြီး ပိုင်ကျီဟန်ကို ကြည့်လိုက်သည်။
ဒါပေမယ့် သူ မလှုပ်ရှားပေ
လီကျန်းဟုန်နဲ့ ကျောက်ဝူထျန်း ရှိနေတော့ သူ မလှုပ်နိုင်ပေ
သူ သွားကို ကြိတ်လိုက်သည်။
"ကျီဟန်အာ..."
(ငါ သုံးသင့်လား။)
သူသည် သူတောင်စင်အဆင့် လက်နက်ကို ရည်ညွှန်းနေတာပင် ။ မျိုးနွယ်စုထဲ၌ ဝှက်ထားသော လျှို့ဝှက်ကတ်တစ်ခု။
ဒါပေမယ့် လူအများရှေ့ သုံးပြခြင်းသည် နောက်ပိုင်းတွင် ပိုကြီးသော ပြဿနာတွေ ဖြစ်လာနိုင်ပြီး ၎င်းက တန်မှာမဟုတ်ပေ
သူတို့ ဒီနေ့ အသက်ရှင်နိုင်၏… မနက်ဖြန်တွင် အမဲလိုက်ခံရလိမ့်မည်။
ဒါပေမယ့် ပိုင်ကျီဟန်အသက်ကို မစွန့်စားနိုင်ပေ ။ လီကျန်းဟုန်နဲ့ ကျောက်ဝူထျန်းတို့ကို တိုက်ခိုက်နေချိန်တွင် တခြားသူများသာ သူ့ကို ကာကွယ်ပေးနိုင်မည်ဟု မျှော်လင့်မိ၏
သို့တိုင် သူတို့ မအောင်မြင်လျှင်
ထုတ်ဖော်ဖို့ပဲ ရှိ၏
တစ်ချိန်တည်းမှာပဲ—
မိုးကြိုးတစ်ချက်သည် လေထဲတွင် ဖြတ်သွားပေးသည်။
ချူကျီယန်သည် ပိုင်ကျီဟန်နဲ့ ဝင်လာသူတွေကြားတွင် မိုးကြိုးပစ်သလို ကျရောက်သွားသည်။
သူမဓားသည် သူ့ရှေ့တွင် ကာကွယ်ရင်း ဒေါသတကြီးနဲ့ တောက်ပနေ၏
"ငါ နင်တိုါကို စိန်ခေါ်တယ်" သူမက အော်ဟစ်လိုက်၏ "သူ့ကို ထိကြည့်စမ်း၊ နင်တို့ ဘာဖြစ်သွားမလဲ ကြည့်လိုက်စမ်းပါ”
သူ့၏စေ့စပ်ထားသူအနေနဲ့ သူမ ဘယ်လိုလုပ် ဘာမှမလုပ်ဘဲ နေနိုင်မည်နည်း
ခဏအကြာမှာတော့ ပိုင်ရွှယ်ချင်းသည် သူ့ဘေးတွင် ပေါ်လာပြီး သူမ၏ရေခဲဓားဟာ အရိုးထဲထိ အေးစက်စက် ဖြာထွက်နေ၏
လီဖန်းအပေါ် သူမအကြည့်က အေးခဲသွားသည်။
"နင်တို့ကောင်တွေ တစ်ယောက်ယောက် လဲကျနေချိန်မှာ ကန်ဖို့ မစောင့်နိုင်ဘူးဆိုတာ ငါသိတယ်။"
ပြီးတော့-
ရွှေရောင်လေတစ်ချက် ထွက်လာ၏
ပိုင်ရှင်းယွဲ့သည် သူတို့နောက်ကနေ ဆင်းလာချေသည်။
ခဏတာတော့ သူမ ဘာမှ မပြောပေ ။ သူမသည် ပိုင်ကျီဟန်ကို ကြည့်နေ၏ သွေးစွန်းနေပြီး အသက်ရှူမဝသေးဘဲ ရပ်နေတုန်း
သူမ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး ကြောက်စရာကောင်းသော အင်အားနဲ့ မြင့်တက်လာသည်
"သူ့ကို ထိကြည့်လိုက်" သူမက တိုးတိုးလေး ပြောလိုက်၏ "ငါ နင်တို့ကို သူနဲ့အတူ မြှုပ်နှံပေးမယ်။"
ထိုစကားက လူအတော်များများကို အေးခဲသွားစေသည်။
တာအိုအရိုးကို ပြန်ရသည့်တိုင် ပိုင်ရှင်းယွဲ့တွင် မကျေနပ်မှုများ ရှိနေလိမ့်မည်ဟု အများစုက ယုံကြည်နေကြဆဲသာ- မုန်းတီးမှုတွေတောင် ရှိနေသေးနိုင်၏
သို့တိုင် ပိုင်ကျီဟန်ကို ကာကွယ်ဖို့ သူမ ရှေ့ကို ခြေလှမ်းလာတာကနေ သိသာလာ၏
အဲဒါက မဟုတ်ခဲ့ပေ
ဒါပေမယ့်—လီဖန်းက မရပ်တန့်ခဲ့ပေ
သူသည် တခြားသူတွေကို အရင်ကိုင်တွယ်ဖို့လည်း မစီစဉ်ခဲ့ပေ
သူတစ်ယောက်တည်း မဟုတ်ချေ
ဘေးတစ်ဖက်မှ အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော အရပ်ရှည်ရှည်လူတစ်ယောက်သည် လက်မောင်းများကို ပျင်းရိစွာ ပုတ်ကာ ရှေ့သို့တိုးလာသည်။
"ချူကျီယန်... မတွေ့ရတာကြာပြီ”
ချူကျီယန်၏ မျက်လုံးများ ဘေးသို့ လှည့်သွားသည်။
"လီရွှမ်”
လီမျိုးနွယ် ဂိုဏ်းခွဲ၏ အဓိကတပည့် လီရွှမ်။
သူတို့ တစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ချူကျီယန်
သည် ကောင်းကင်ဓားဂိုဏ်းကို ကိုယ်စားပြုခဲ့သည်။
ချူကျီယန်သည် ငါးနှစ်ငယ်ပြီး တစ်ချိန်က လီရွှမ်ထက် နယ်ပယ်တစ်ခု နိမ့်သောကြောင့် နောက်ဆုံးတွင် သူမသည် လီရွှမ်အား သွေးထွက်အောင် လုပ်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့သည်။
ထိုအချိန်က လီရွှမ်သည် လီမျိုးနွယ်၏ ထိပ်တန်းပါရမီရှင်များထဲတွင် ပါဝင်ခဲ့ပြီး နှစ်ပေါင်းများစွာကြာပြီးနောက် သူ၏ခွန်အားမှာ သိသိသာသာ တိုးလာခဲ့သည်။
သူ့ဘေးတွင် နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည် ။ ရွှေချည်ဖြင့် ပန်းထိုးထားသော ကျောက်မျိုးနွယ်ဝတ်ရုံ ဝတ်ဆင်ထားသော တည်ငြိမ်သည့် မိန်းကလေးတစ်ဦး။
ကျောက်ယွဲ့
လီရွှမ်ကဲ့သို့ပင် သူမသည် ထိပ်တန်းပါရမီရှင်တစ်ဦးလည်း ဖြစ်သည် ။ ပိုင်ရွှယ်ချင်းထက် မျိုးဆက်တစ်ခု ပိုကြီးသည်။
သို့သော် လီရွှမ်နှင့်မတူတာက ကျောက်ယွဲ့သည် မျိုးဆက်သစ် ပိုင်ရွှယ်ချင်းကို ရှုံးနိမ့်ခဲ့သည်။
သူမဘယ်တော့မှ မမေ့နိုင်သော အရှက်ရစရာတစ်ခု။
"ပိုင်ရွှယ်ချင်း" ကျောက်ယွဲ့က အေးစက်စွာပြောလိုက်သည်။ "ဒီနေ့ ငါအဲဒီဆုံးရှုံးမှုကို ပြန်ဆပ်မယ်။ အရင်ကလို မထင်နဲ့။"
"..."
ပိုင်ရွှယ်ချင်းက ပြန်မပြောပေ
သူမသည် သူမဓားကို မြှောက်ပြီး အသင့်ပြင်လိုက်သည်။
နောက်ထပ်ခြေသံတွေ ပဲ့တင်ထပ်လာသည်။
လီနှင့် ကျောက်မျိုးနွယ်စုများ၏ မျိုးဆက်ဟောင်း ပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာသည်။
ပိုင်ရှင်းယွဲ့သည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာရေးနယ်ပယ်တွင် ရှိနေကြောင်း သိရှိတာကြောင့် နေရာတွင် ထိန်းထားရန် လူငါးဦးကို တာဝန်ပေးအပ်ထားသည်။
သူတို့ထဲက မည်သူမှ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာရေးနယ်ပယ်ကို မရောက်ဖူးသော်လည်း ငါးယောက်စလုံးသည် ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်တွင် ရှိနေကြသည်။
ဝိညာဉ်ခွဲခြမ်းစိတ်ဖြာရေးနယ်ပယ်ရှိတစ်စုံတစ်ယောက်
အတွက်ပင် ဝိညာဉ်ဖွဲ့စည်းမှု ကျင့်ကြံသူများစွာထံမှ လွတ်မြောက်ရန် မလွယ်ကူပေ ။ အထူးသဖြင့် ၎င်းတို့သည် လီနှင့် ကျောက်မျိုးနွယ်စုဝင်များ ဖြစ်နေသောအခါတွင်ပင်
အရေအတွက် နည်းပါးသည်။
ပြီးတော့ ဝန်းရံ ခံရသည်။
သို့တိုင် သူတို့ ခံစားလိုက်ရသည်။
ဒါက တရားမျှတသောတိုက်ပွဲ မဟုတ်ပေ
ဒါက ယှဉ်ပြိုင်ပွဲ မဟုတ်ပေ
ဒါက... အမဲလိုက်ပွဲသာ
ပြီးတော့ သူတို့သည် မတ်တပ်မရပ်နိုင်သော လူတစ်ယောက်ကို ကာကွယ်နေကြသည်။
"လက်လျှော့လိုက်စမ်း၊ မင်းတို့အားလုံး သူ့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။"
လီဖန်းက ပြောလေ၏
သူပြောသလိုပင် ပိုင်ကျီဟန်ကို ကာကွယ်ဖို့ဆိုတာ လွယ်ကူသောအလုပ် မဟုတ်ပေ။ ၎င်းသည် သူတို့အသက်တွေကို ဆုံးရှုံးစေနိုင်သည် ၊ အနည်းဆုံးတော့ ဒဏ်ရာတွေ ပြင်းထန်စွာ ရစေနိုင်သည်။
လီဖန်းအနေဲ့ သူတို့ကို မပြောပြတောင် သူတို့သုံးယောက် မသိဘဲ မနေပေ
လီဖန်အပြုံးသည် မှေးမှိန်သွားပြီး သူ့မျက်လုံးတွေက ကျဉ်းမြောင်းသွားသည်။
သူ ရှုံးနိမ့်ပြီးနောက် ကြုံတွေ့ခဲ့ရသလိုမျိုး ၊ ကျင့်ကြံမှု ဆုံးရှုံးပြီးနောက် စွန့်ပစ်ခံရသော ခံစားချက်မျိုးကို ပိုင်ကျီဟန်အား ခံစားစေချင်မိသည်။
သို့တိုင် သူနဲ့မတူတာက ပိုင်ကျီဟန်ကို ကာကွယ်ပေးနေသော လူများ၊ အထူးသဖြင့် သူခိုးယူခဲ့သော တာအိုအရိုး ပိုင်ရှင်တစ်ယောက်တောင် ရှိနေသေးသည်။
ကမ္ဘာကြီးသည် ဘယ်လောက် မတရားပြီးရင်းမတရားလိုက်သလဲ။ သူ မခံစားရဘဲ မနေနိုင်ပေ
ပြီးတော့ ၎င်းက သူ့ကို ပိုဒေါသထွက်စေသည်။
"ငါ့အကြံဉာဏ်ကို နားမထောင်ချင်ရင်တော့ မင်းတို့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်။"