← Chapters

နစ်နာသူအဖြစ် သရုပ်ဆောင်ပြီး သူ့ဓားကိုဆွဲထုတ်သည်

Vol. 13 Ch. 186

နစ်နာသူအဖြစ် သရုပ်ဆောင်ပြီး သူ့ဓားကိုဆွဲထုတ်သည်

Vol. 13 Ch. 186

ဘုန်း

ချူကျီယန်ဓားသည် လီရွှမ်၏လှံနှင့် တိုက်ခတ်သွားချိန် လျှပ်စီးကြောင်းထွက်ပေါ်ပြီး မီးတောက်များသည် ကွင်းပြင်နေရာအနှံ့ ပျံဝင်နေ၏

ချူကျီယန်ဓားသည် ဝိညာဉ်စွမ်းအင်နဲ့ တုန်ခါသွားပြီး လျှပ်စီးကြောင်းများသည် နောက်မဆုတ်ဘဲ သူမနဲ့ တောက်လျှောက်လိုက်ပါလာ၏

“မင်း တိုးတက်လာပြီ” လီရွှမ်က ပြုံးပြီး သူမ နောက်ထပ်ထိုးနှက်ချက်ကို တားလိုက်

သည်။

“ဒါပေမယ့်… မလုံလောက်သေးဘူး”

ချူကျီယန်သည် ဘာမှမပြောဘဲ တိုက်ပွဲပဲ အာရုံစိုက်နေသည်။

အနီးနားမှာတော့ ပိုင်ရွှယ်ချင်းသည် တစ္တေသရဲလို ချောမွေ့စွာ လှုပ်ရှားပြီး တိုက်ခိုက်မည့် သူတိုင်းကို ခပ်အေးအေး ဖြတ်ကျော်နေသည်။

သူမ၏ အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓားနည်းစနစ်သည် ပိုင်ကျီဟန်နဲ့ အတူတူနီးပါး ဖြစ်နေချေသည်။

ကျောက်ယွဲ့၏ ယပ်တောင်သည် လေဓားတွေကို ထုတ်ပစ်သော်လည်း ပိုင်ရွှယ်ချင်း၏အေးမြသော သံဓားသည် စက္ကူလို ဖြတ်ကျော်ပစ်လိုက်သည်။

“နောက်ထပ်လား?”

ကျောက်ယွဲ့သည် ပါးစပ်က သွေးတစ်စက်စီးကျသွားပြီး မကျေနပ်စွာ ပြောလိုက်သည်။

“နင်ရှုံးသွားပြီ” ပိုင်ရွှယ်ချင်းက ပြန်ပြောသည်“ဒီတစ်ခေါက်လည်း နင်ရှုံးမှာ”

“ မာနကြီးလိုက်တာ”

ကလန်

လက်နက်များ တိုက်မိပြီး မြေကြီးတောင် တုန်ခါသွားသည်။

ဒီတစ်ချိန်မှာတော့ ပိုင်ရှင်းယွဲ့သည် တစ်ယောက်တည်း ရှေ့ဘက်မှာ ရပ်နေ၏

ဝိညာဉ်ဖွဲ့စည်းမှုအဆင့် ကျွမ်းကျင်သူငါးယောက်က ဝိုင်းထားချေသည်။

သို့တိုင် ပိုင်ရှင်းယွဲ့က နောက်ပြန်မဆုတ်ပေ ။ သူမသည် တာအိုအရိုး ပြန်ရလာပြီး စွမ်းအားသည် ပြိုင်ဘက်ကင်း ဖြစ်နေချေပြီ။

“တစ်ယောက်တည်းနဲ့ ငါတို့ ငါးယောက်ကို တားနိုင်မယ်ထင်လား?”

သူထဲက တစ်ယောက်က ကြီးကြီးကျယ်ကျယ် ပြောလေသည်။

ပိုင်ရှင်းယွဲ့သည် တစ်ကြိမ်တောင်ပြန်မကြည့်ဘဲ ပြောလိုက်သည်။

“စမ်းကြည့်လိုက်”

ပြောပြီးပြီးချင်း သူမ ပျောက်သွားသည်။

ဘုန်း

ပိုင်ရှင်းယွဲ့၏ လက်ဖဝါးသည် လျှပ်စီးလို တိုက်ခတ်သွားပြီး သူမ ရွှေရောင်ချီသည် ဝိညာဉ်ဖွဲ့စည်းမှုအဆင့်ထဲက တစ်ယောက်စီ ကျဆင်းလာသည်။

သူမကို အံ့ဩသွားစေတာက ထိုလူသည် လဲကျမသွားပေ။

သူ့ကာကွယ်ရေး ပျက်ယွင်းသွားသော်လည်း မဖျက်ဆီးနိုင်ပေ ။ သူသည် ချောင်းဆိုးရင်း သွေးပါသော်လည်း ရပ်တည်နေတုန်းသာ

“ဘာလဲ”

သူမ မျက်လုံး ကျဉ်းမြောင်းသွား၏

ကျန်တဲ့သူများသည် လျင်မြန်စွာပဲ သူမဘေးပတ်ပတ်လည် ဝန်းရံနေသည်၊

သူမ မြင်သွားချေပြီ

သူတို့ငါးယောက်အကြား ချီစီးဆင်းမှု သေးသေးလေးများ

ချိတ်ဆက်နေသည်။

တိုက်ခိုက်မှုကို ချင်းချင်းဝေမျှပြီး ဝိညာဉ်ရေးရာချီကို မျှဝေသော အခင်းအကျင်းတစ်ခု

ပိုင်ရှင်းယွဲ့သည် ထပ်မံတိုက်ခိုက်လိုက်ပြီး ဒီတစ်ခါက ပိုမြန်၊ ပိုအားကောင်းလာသည်။

ဂျွတ်

သူ၏ ထိုးနှက်မှု ကျရောက်လာရောက်သည့်တိုင် ပျက်စီးမှုကို စုပ်ယူသွား၏

အခွင့်အလမ်းရှိသည့်တိုင် သူတို့ငါးယောက်ထဲ မှ တစ်ယောက်သည် တိုက်ခိုက်မလာဘဲ ကာကွယ်ရေးကိုပဲ အာရုံစိုက်နေသည်။

ပိုင်ရှင်းယွဲ့ကို အနိုင်ယူဖို့ မဟုတ်ပေ

သူမကို အချိန်ဆွဲဖို့သာ

မိန်းကလေးသုံးယောက်သည် စွမ်းအားမြင့်မားသော်လည်း အထူးစွမ်းအားရှိသူများကို တိုက်နေရသည့်အခါ ၎င်းက မလုံလောက်ပေ

သူတို့ မည်မျှပင် သန်မာပါစေ

လီနဲ့ကျောက်မျိုးနွယ် နှစ်ခုလုံးသည် ပိုင်ကျီဟန်ကို ဖမ်းဖို့

လူအများအပြား လွှတ်ထားသည်။

သူတို့ မဟာဗျူဟာကတော့ ပိုင်ကျီဟန်ကို ကာကွယ်နေသူများအား တားထားပြီး တစ်ခါပြီး တစ်ခါ လူထပ်လွှတ်ဖို့သာ

ပိုင်ကျီဟန်ဆီ ရောက်ဖို့ အခွင့်အလမ်းတစ်ခု

အံ့သြစရာကောင်းတာက ပိုင်ကျီဟန်ကို ဖမ်းဆီးဖို့ စိတ်အားထက်သန်နေသော လီဖန်းသည် ဘာမှ မလှုပ်ရှားခဲ့ပေ - အခွင့်အရေးကို စောင့်နေတာ ဖြစ်နိုင်သည်။

ဝူး

လှုပ်ရှားမှုက ငြိမ်သက်နေ၏

မီးခိုးထဲကနေ အရိပ်တစ်ခု ရွေ့လျားနေသည်။ အတော်လေးသေးငယ်ပြီး မြန်ဆန်တာကြောင့် မည်သူမှ သတိမထားမိကြပေ

ဓားကိုင်ထားသော လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည် ပိုင်ကျီဟန်နဲ့ မီတာအနည်းငယ်အကွာကနေ ထွက်လာသည်။

သူသည် ဓားကို မြှောက်ပြီး ပိုင်ကျီဟန် လည်ပင်းနောက်ဘက်ကို ချိန်ရွယ်လိုက်သည်။

"ဘယ်သူမှ သတိမထားမိဘူး”

လုပ်ကြံသတ်ဖြတ်သူက ကျေနပ်အားရစွာ တွေးလိုက်သည်။

ဒါပေမယ့် -

ဂျွတ်

မျက်တောင်မခတ်ခင်မှာပဲ ဓားတစ်ခုသည် လုပ်ကြံသတ်ဖြတ်သူရင်ဘတ်ကို ပေါက်ကွဲသွားသည်။

ချူကျီယန် အသံသည် မိုးကြိုးပစ်သလို မြည်ဟီးသွားသည်။

"ငါ မကြည့်နေဘူးလို့ ထင်နေတာလား?"

သူမသည် တုန်လှုပ်သွားပြီး လီရွှမ်ကို စွမ်းအားအပြည့်နဲ့ တွနိးထုတ်ကာ လုပ်ကြံသတ်ဖြတ်သူကို ရပ်တန့်ဖို့ အချိန်မီ ထွက်လာခဲ့သည်။

ကလန့်! ကလန့်! ကလန့်!

စစ်မြေပြင်က ဆက်လက် ပြင်းထန်နေသည်။

ချူကျီယန်သည် လီရွှမ်နှင့် လုပ်ကြံသူ၏ ပြင်းထန်သော အပြန်အလှန်ဖလှယ်မှုတွင် ပိတ်မိနေပြီး သူမ၏ အသက်ရှူသံများ ကြမ်းတမ်းလာကာ လက်များ တုန်ရီနေသည်။

ပိုင်ရွှယ်ချင်း၏ တစ်ချိန်က သန့်ရှင်းသပ်ရပ်ခဲ့သော ဝတ်ရုံများသည် ကျောက်ယွဲ့ ခိုင်မာသော လေဓားမုန်တိုင်းကို ခုခံရင်း စုတ်ပြဲနေကာ သွေးများဖြင့် ပေကျံနေသည်။

တာအိုအရိုးပြန်ရလာခြင်းကြောင့် သူမအား ပြိုင်ဘက်ကင်းသူဟု ခံစားရစေသော ပိုင်ရှင်းယွဲ့ပင် ယခုအခါ နှေးကွေးလာသည်ကို တွေ့ရှိရသည်။

၎င်းတို့သည် သူမကို အနိုင်ယူနိုင်သည်ဟု မဆိုလိုသော်လည်း ဒါက ၎င်းတို့၏ ရည်ရွယ်ချက် မဟုတ်ပေ

၎င်းတို့၏ ရည်မှန်းချက်မှာ ပိုင်ရှင်းယွဲ့ကို ရပ်တန့်ရန်ဖြစ်ပြီး ၎င်းသည် အလွန်ကောင်းမွန်စွာ အလုပ်လုပ်နေသည်။

တဖြည်းဖြည်းချင်း။

မိနစ်တိုင်း

၎င်းသည် သူတို့ လိုအပ်သော အချိန်ဖြစ်သည်။

လီဖန်းသည် နောက်ဆုံးတွင် ရွေ့လျားသွားသည်။

သူသည် သူ၏နေရာမှ တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားပြီး သွေးနီရောင် ချီ၏ လည်ပတ်နေသော အမှတ်အသားကိုသာ ချန်ထားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူသည် စစ်မြေပြင်ကို တစ်ဝက်လောက် ဖြတ်ကျော်ပြီးသွားချေပြီ — သူ့၏ ကောက်ကွေးသော အပြုံးသည် ပြန်ပေါ်လာပြီး အမဲလိုက်ခြင်းကို အဆုံးသတ်တော့မည့် သားကောင်တစ်ကောင်လို ပိုင်ကျီဟန်ကို စိုက်ကြည့်နေသည်။

ပိုင်ကျီဟန်သည် သူ အမြဲရှိနေသော နေရာတွင် ရှိနေတုန်းသာ

လဲကျသွားပေသည်။

အသက်ရှူသံ အားနည်းနေသည်။

ခေါင်းငုံ့နေ၏

မလှုပ်မယှက်ပင်

ပြီးပြည့်စုံသော ပစ်မှတ်။

"ပိုင်ကျီဟန် ၊ မင်းက ငါ့အပိုင်ပဲ”

လီဖန်းသည် တိုးတိုးလေးပြောပြီး နောက်ဆုံးတော့ သူ့၏လက်စားချေမှုကို ခံစားနိုင်တော့မည်သာ

"မလုပ်နဲ့”

ပိုင်ရှင်းယွဲ့အော်သံသည် စစ်မြေပြင်တစ်ခုလုံးကို ပြင်းထန်စွာ ပျံ့နှံ့သွားချေသည်။

သူမ ဘာကြောင့် အော်လိုက်မိမှန်းတောင် မသိတော့ပေ

သူမနှလုံးသားက အဘယ်ကြောင့် တင်းမာနေရသနည်း

သူမစိတ်လိုက်မမီခင်မှာပဲ သူမ ခန္ဓာကိုယ်သည် အဘယ်ကြောင့် လှုပ်ရှားနေသနည်း။

မည်သို့ပင်ဖြစ်စေ ပိုင်ကျီဟန်သည် သူမရန်သူပင်

သူမဆီကနေ အရာအားလုံးကို ခိုးယူသွားသူ။

သူမအား မြှုပ်နှံဖို့ ကျိန်ဆိုထားသော နာမည်။

သို့တိုင် အခုအချိန်တွင် ၎င်းက အရေးမကြီးတော့ပေ။

သူမသိတာက သူမ အခုမလှုပ်လျှင် သူသေရတော့မည်သာ

ပြီးတော့ သူမ ဒါကို ခွင့်မပြုနိုင်ပေ

ဒီလိုတော့ မဟုတ်ပေ

ကံကြမ္မာ၏ ဓားတစ်ချောင်းလို အားနည်းသော ပိုင်ကျီဟန်ကို ချဉ်းကပ်ပြီး တိုက်ပွဲကွင်းတစ်လျှောက် လီဖန်း ပျောက်ကွယ်သွားသည်ကို သူမမျက်လုံးတွေက စိုက်ကြည့် နေသည်။

သူမ ချီတွေ ပေါက်ကွဲထွက်လာသည်။

ဘုန်း

ရွှေရောင်အလင်းတန်းများသည် သူမပတ်လည်တွင် ဖြာထွက်နေပြီး တိုက်ပွဲကွင်းကို တုန်ခါစေသည်။

သူမကို ဝန်းရံထားသော ဝိညာဉ်ဖွဲ့စည်းမှု ကျင့်ကြံသူ ငါးယောက် မျက်နှာအမူအရာသည် မှေးမှိန်သွားချေသည်။

"သူမက ဖောက်ထွက်ဖို့ ကြိုးစားနေတယ်”

"သူမကို တားလိုက်”

"သူမကို မလွှတ်ပေးနဲ့”

သို့တိုင် သူတို့နဲ့ ယှဉ်လျှင် အတော်လေး အားနည်းသည်။

ပိုင်ရှင်းယွဲ့စွမ်းအားသည် ပြင်းထန်စွာ မြင့်တက်နေပြီး သူမချီသည် ဒုတိယနေတစ်စင်းလို တောက်ပနေသည်။

ဖိအားတစ်ခုတည်းကပင် လေထဲတွင် အက်ကွဲကြောင်းတွေ ဖြစ်ပေါ်စေသည်။ သူမပတ်လည်မှ လေထုသည် လက်တွေ့ဘဝက သူမရှိနေခြင်းကို မထိန်းချုပ်နိုင်တော့သလို ကွေးညွှတ်သွားသည်။

ထို့နောက်

သူမ လှုပ်ရှားလိုက်သည်။

သူမလက်သည် လေထဲတွင် ခုတ်ထစ်လိုက်ပြီး ရွှေရောင်ချီစက်ဝိုင်းတစ်ခု ထွက်ပေါ်လာသည်။ နတ်ဘုရား ဖီးနစ်ငှက် လိုပင်။ ထိုနည်းစနစ်က စွမ်းအားနဲ့ လောင်ကျွမ်းနေသည်။

၎င်းသည် သူတို့ ယခင်က မြင်ဖူးသော အရာ မဟုတ်ပေ

ပိုင်မျိုးနွယ်စုကပင် မမြင်ဖူးပေ

ကောင်းကင်အင်ပါယာ၏ မရေမတွက်နိုင်သော မျိုးနွယ်စုများနဲ့ ဂိုဏ်းများတောင် မမြင်ဖူးပေ

မသေမျိုး ဧကရာဇ် အမွေအနှစ်။

ဒါမှမဟုတ်...

ဒုတိယစမ်းသပ်မှုအတွင်းတွင် သူမကိုယ်တိုင် နားလည်ခဲ့သော နည်းစနစ်တစ်ခုသာ

နည်းစနစ်သည် နတ်ဘုရား အမိန့်တော်လို ဟိန်းဟောက်ထွက်လာသည်။

ဂျွတ်

ဖွဲ့စည်းပုံ ပြိုကွဲသွားချေသည်။

သူတို့၏ ကာကွယ်ရေးသည် တူနဲ့ထုထားသော ကြွပ်ဆတ်သည့် ဖန်ခွက်လို ကွဲအက်သွားသည်။

ကျင့်ကြံသူနှစ်ယောက် လွင့်စင်သွားချေသည်။

နောက်တစ်ယောက်သည် ဒူးတစ်ဖက်ထောက်လဲကျသွားပြီး ပါးစပ်ကနေ သွေးတွေယိုစီးကျလာချေသည်။

"သူမက ဖွဲ့စည်းပုံကို ချိုးဖျက်လိုက်တယ်—

မဖြစ်နိုင်ဘူး”

သူမရွှေရောင်ပုံရိပ်သည် ကြယ်တံခွန်လို ကွင်းပြင်တစ်လျှောက် ပျံသန်းသွားချေသည်။ တောက်ပနေ၏ ရပ်တန့်လို့မရပေ .. နတ်

ဘုရားဆန်၏

သူမ တွန့်ဆုတ်မနေပေ

မေးခွန်းမထုတ်ပေ

ထိုခံစားချက်က ဘာလဲဆိုတာ သူမ မသိခဲ့ပေ —ဒါမှမဟုတ် သူမမုန်းတီးသည်ဟု ကျိန်ဆိုထားသူတစ်ယောက်ကို ကယ်တင်ဖို့ ဘာကြောင့် ဒီလောက်အပူတပြင်းဖြစ်နေသည်ကို သူမ မသိခဲ့ပေ

သို့တိုင်

သူမ နောက်ကျသွားပြီ။

ပိုင်ကျီဟန်သည် လီဖန်းလက်ထဲတွင် ရှိနှင့်ပြီးသားပင်

ချူကျီယန်နဲ့ ပိုင်ရွှယ်ချင်းတို့ နှစ်ယောက်စလုံးသည် ၎င်းကို ခံစားမိကြပေမဲ့ အသက်ရှူခွင့်မပေးသော ရန်သူတွေနဲ့အတူ အသက်အန္တရာယ်ရှိသော ထိပ်တိုက်တွေ့မှုတွင်

အတူတူ ပိတ်မိနေကြသည်။

ဖြစ်ပျက်ခဲ့ချေပြီ

သူတို့ ကျရှုံးတော့မည်

လီဖန်းက ပြုံးလိုက်ပေသည်။

"ဒါက အဆုံးသတ်ပဲ ပိုင်ကျီဟန်”

အားနည်းနေသော လူငယ်၏ နောက်ကွယ်တွင် သူပေါ်လာပြီး ဓားသည် ပိုင်ကျီဟန် လည်ပင်းနောက်ဘက်ကို ဝှေ့ယမ်းနေချေပြီ။

ကာကွယ်မှု မရှိပေ

ခုခံမှု မရှိပေ

သူ့လမ်းတွင် မည်သူမှ မရှိပေ

သူကလွဲလို့

ထိုအချိန်မှာပဲ...

ပိုင်ကျီဟန် လှုပ်ရှားသွားသည်။

အနည်းငယ်သာ

လုံလောက်ရုံသာ

ထို့နောက် လီဖန်းကို ကြည့်သော အကြည့်

ထိုအပြုံး!

ထိုအညစ်အကြေးဆန်သော ထောင်ချောက်ဆင်ထားသည့် အပြုံး။

၎င်းက လီဖန်းကို တွန့်ဆုတ်စေသည်

ခဏလေးပဲစောင့်

(ငါ အဲဒီအပြုံးကို အော်ဟစ်သံအဖြစ် ပြောင်းလဲပစ်မယ်။)

လီဖန်းသည် သတ်ဖြတ်လိုစိတ်နဲ့ မျက်လုံးတွေ တောက်လောင်နေပြီး ပိုင်ကျီဟန်ဆီကို အရှိန်မြှင့်လိုက်သည်။

"မင်းရဲ့ ခြေလက်တွေကို ငါဆွဲဖြဲပြီးရင် မင်းပြုံးနေနိုင်သေးလားဆိုတာ ကြည့်ရမယ်။"

ရှူးးးးးး!!

လီဖန်း အောင်မြင်တော့မည်ဟု ထင်ရမည့် အချိန်မှာပဲ

ဘုန်း

လီဖန်းခေါင်းသည် ပခုံးပေါ်ကနေ လွင့်စင်သွားပြီး သွေးများသည် စမ်းရေ စီးဆင်းနေသလို လေထဲတွင် လည်ပတ်နေသည်။

သူ့ခန္ဓာကိုယ်သည် ထိုနေရာတွင် ရပ်နေသည်။ အေးခဲနေ၏..ကြိုးတွေနဲ့ ဖြတ်တောက်ထားသော ရုပ်သေးရုပ်တစ်ရုပ်လို ပြိုလဲသွားပြီးနောက်။

လူတိုင်း ပိုင်ကျီဟန် သေပြီဟု ထင်ကြသည့်တိုင် သူတို့မြင်လိုက်ရတာက လီဖန်းခေါင်းကို သူ့ခန္ဓာကိုယ်ကနေ ဖြတ်တောက်ခံလိုက်ရတာပင်

စစ်မြေပြင်သည် ခဏတာ တိတ်ဆိတ်သွားချေသည်။

မျက်လုံးများသည် မတွေးဝံ့စရာကို လှည့်

ကြည့်လိုက်ရင်း တိုက်ပွဲတွေတောင် ရပ်တန့်သွားချေသည်။

ပြီးတော့—

ပိုင်ကျီဟန်သည် ထရပ်ပြီး ပြုံးလိုက်ကာ ထာဝရဝိညာဉ်ဓားကို လက်ထဲတွင် ကိုင်ထားသည်။

ယခင်က အကူအညီမဲ့မှုနဲ့ အားနည်းမှုပုံရိပ် ပျောက်ကွယ်သွားခဲ့သည်။ ယင်းအစား သူ့၏အမြဲတမ်းရှိခဲ့သော မာနထောင်လွှားမှုနဲ့ အစွမ်းထက်နေမှုသည် ချက်ချင်း အစားထိုးသွားခဲ့သည်။

"ဟူး ဒါက နီးနီးလေးပဲ။"

သူ့လက်မှ သွေးများကို ပေါ့ပေါ့ပါးပါး သုတ်

ရင်း ပြောလိုက်သည်။

"ငါ သရုပ်ဆောင်နေရသလိုပဲ”

သူ့အသံက အားနည်းတာ မဟုတ်ပေ။

သူ့အသက်ရှူသံသည် စုတ်ပြတ်နေတာ မဟုတ်ပေ။

ပြီးတော့ သူ့ရင်ဘတ်က ဒဏ်ရာကရော?

အများစုက အပေါ်ယံသာ။

လူအုပ်ကြီး တောင့်တင်းသွားကြသည်။

"ဘာ...?"

"ကျင့်စဉ် ပျက်စီးသွားပြီလို့ ထင်နေတာ?"

"သူ... သူ့ရဲ့ တာအိုအရိုးကို ထုတ်ယူလိုက်တာ မဟုတ်ဘူးလား”

ပြီးတော့—

ပိုင်ကျီဟန် အရှိန်အဝါတွေ မြင့်တက်လာချေသည်။

ဘာက ပျက်စီးသွားတာလဲ။

ပိုင်ကျီဟန်သည် ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်တွင် ရှိနေသည်။

"မဖြစ်နိုင်ဘူး”

"သူ့ရဲ့ ကျင့်စဉ် ပျောက်ကွယ်သွားပြီ..သူ—သူ ပျက်စီးသွားသင့်ပြီ

ပိုင်ကျီဟန်သည် ပျင်းရိသော အပြုံးနဲ့ ခေါင်းကို စောင်းလိုက်သည်။

"ငါ ဘာပြောရမလဲ? ငါက မြန်မြန်သက်သာသူလား။"

ပြီးတော့ သူသည် လီဖန်း အလောင်းကို ငုံ့ကြည့်ပြီး လှောင်ပြောင်လိုက်ချေသည်။

"ငါ့ရဲ့ ထောင်ချောက်ထဲ ကျသွားတဲ့သူတစ်ယောက် ထပ်ဖြစ်ပြန်ပြီ... လူတစ်ယောက်မှာ ဘယ်လောက်တောင် ကံဆိုးမိုးမှောင်ကျမှု ရှိနေနိုင်တာလဲ?"

တိုက်ပွဲသည် တစ်ဖန် ပြန်လည် ရှုပ်ထွေးသွားပြန်ပြီ ။ သို့တိုင် စွမ်းအင်က ပြောင်းလဲသွားချေသည်။

သိသိသာသာပင်

ပိုင်ကျီဟန်သည် လွယ်သည်ဟု မည်သူထင်မည်နည်း။

သူ့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာလား။

အကြီးအကဲများအဖို့ ပါဝင်ဖို့ မဖြစ်နိုင်သလောက်ပင်။

ပိုင်ရှင်းယွဲ့သည် မျက်လုံးပြူးကျယ်ပြီး သူ့ဘေးတွင် ဆင်းသက်လိုက်သည်။

"နင်... နင်သရုပ်ဆောင်နေတာလား?"

သူတစ်ခါခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ငါ့မှာ တာအိုအရိုးမရှိတော့ဘူး - ဒါပေမယ့် ငါက အကူအညီမဲ့တဲ့ အားနည်းသူတစ်ယောက်တော့ မဟုတ်ဘူး။"

ပိုင်ကျီဟန်သည် အထင်ရှားဆုံးအရာလို ပြန်ဖြေလိုက်သည်။

"ခွေးကောင်... ငါ့ကိုလှည့်စားခဲ့တယ်”

ပိုင်ကျီဟန်က ပြုံးလိုက်သည်။

"နင့်ရဲ့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အရမ်းစိတ်မဆိုးပါနဲ့”

All Chapters