← Chapters

မုဆိုးမှ သားကောင်အဖြစ်

Vol. 13 Ch. 187

မုဆိုးမှ သားကောင်အဖြစ်

Vol. 13 Ch. 187

ပိုင်ရှင်းယွဲ့သည် သွားကိုကြိတ်ပြီး လက်ကို ဆုပ်ထားသည်။

သူ့ကို အော်လိုက်ချင်သည်။ ရိုက်လိုက်ချင်သည် ။ သူ့မျက်နှာကို ထိုးချလိုက်ချင်သည်။

ဒါပေမဲ့…တကယ်တော့ သူမ စိတ်မဆိုးပေ

သူမသည် သက်သာရာရပြီး စိတ်ရှုပ်ထွေးသွားသည်။

ပုံမှန်ဆို တာအိုအရိုးကို ဖယ်ထုတ်ခံရသူတစ်ယောက်သည် အမြဲတမ်း တစ်သက်တာ ချို့ယွင်းသွားတတ်သည်ကို အများစု သိကြပြီးသားပင်

သူမလည်း ထိုသို့ဖြစ်သင့်သည်။ သို့တိုင် သူမ ခန္ဓာကိုယ်အင်အားကြီးမှုနဲ့ အလွန်မြန်ဆန်သော ပြန်လည်ကုသနိုင်စွမ်းကြောင့် ထိုကံကြမ္မာကနေ ပြန်လည်ထွက်နိုင်ခဲ့သည်။

တကယ်တော့ ပထမလအနည်းငယ်တွင် သူမသည် အပြည့်အဝ ချို့ယွင်းနေခဲ့သည်။ ကျင့်ကြံလို့ပင်မရပေ

ဒါပေမဲ့ ပိုင်ကျီဟန်ကတော့?

ကျင့်ကြံမှု ဆုံးရှုံးသွားခြင်းမှ မည်သို့ တားဆီးနိုင်ခဲ့သနည်း?

ပြင်းထန်သင့်သော သူ့ဒဏ်ရာသည်လည်း လုံးဝမရှိသလို ဖြစ်နေ၏

အရင်က ပြခဲ့သည်က ဒရာမာလား?

ဒါပေမဲ့… တာအိုအရိုး ဖယ်ထုတ်ခံရသည့်အရာကို မည်သို့ ဟန်ဆောင်နိုင်သည်နည်း?

ဒါပေမဲ့ ဒါက ပိုင်ကျီဟန်ပင်

ဒဏ်ရာရပြီး အန္တရာယ် အလွန်ရှိသည်ဟု သူမကိုယ်တိုင် ရူးလို့သာတွေးခဲ့မိသည်။

“နောက်တစ်ခါ…” သူမက နည်းနည်း တုန်ခါလာသော စကားသံနဲ့ ပြောသည် “နောက်တစ်ခါ ဒီလိုလုပ်ရင်တော့… မကယ်ဘူးလေ”

ပိုင်ကျီဟန်သည် မျက်ခုံးတစ်ဖက် ပင့်ပြီး ပြုံးနေသည်။

“အိုး? မင်းက ဂရုစိုက်တယ်လို့ မထင်ခဲ့ဘူးလေ”

သူမသည် မြေပြင်ပေါ် လဲကျသည့်အထိ ရိုက်ချမည့် အကြည့်နဲ့ ကြည့်လိုက်သည်။

“ငါမလုပ်ဖူး”

“မဟုတ်ဖူးလား ..မင်းအော်သံကတော့ တခြားတစ်ခုခုကို ပြောနေသလိုပဲ” သူက ပြောလိုက်သည်။

“နင်… သေချင်နေလား?”

ပိုင်ရှင်းယွဲ့သည် သူမအရှက်ကွဲမှုကို ဖုံးကွယ်ဖို့ သူ့ကို ရိုက်ချလိုက်သည်။

နောက်မှာတော့ ကျောက်ယွဲ့သည် နှုတ်ခမ်းတွင် သွေးစက်လက်နဲ့ လျှောက်လာသည်။

မိနစ်အနည်းငယ်တုန်းကတော့ သူတို့သည် အသားစီးရနေသူတွေသာ

အခုလား?

အရာအားလုံး ပျက်စီးနေပြီ။

သူတို့၏ ပြည့်စုံသော စီမံကိန်းက ပျက်သွားချေပြီ။

အခုတော့ မိမိတို့သည် အမဲလိုက်ခံနေရသူသာ။

ပိုင်ကျီဟန်ကို ဖမ်းဖို့ စီမံထားသော စီမံကိန်းကို ဆက်လုပ်သင့်သေးသလား?

ဖြစ်နိုင်သေးသည်လော?

ယခင်က ပိုင်ကျီဟန် သရုပ်ဆောင်နေတာပင်

ဒါသာ အမှန်ဆိုရင်…

ကုံးယောင်၏ အရန်တိုက်ခိုက်မှုကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်သည်ဟု ပြောကြသည်။

အဲဒါကို သူတို့လက်နဲ့လုပ်နိုင်မည်လား?

ဖြစ်နိုင်၏

ဒါပေမဲ့ သူ့ဘေးက အခြား ကူညီပေးသူ သုံးယောက်နဲ့ဆို—မဖြစ်နိုင်ပေ။

အခုသည် ထွက်ခွါရမည့် အချိန်သာ

ပိုင်ကျီဟန်ကို မဖမ်းနိုင်ခဲ့ရင်တောင် လီနဲ့ကျောက်မိသားစုသည် အားသာနေဆဲပင်

နောက်ဆုံးတော့ ပိုင်မိသားစုသည် တစ်နေရာတည်း ပြိုကျသွားမည်သာ

ဤနေရာတွင် သူတို့အသက်ကို မစွန့်စားနိုင်ပေ

“ပြန်ဆုတ်”

ကျောက်ယွဲ့က အမိန့်ပေးလိုက်သည်။

လီရွှမ်သည် ချူကျီယန်ကို မုန်းတီးစွာ ကြည့်သည့်တိုင် ငြင်းခုံခြင်း မပြုပေ

ပိုင်ကျီဟန်အတွက် ချူကျီယန် စိုးရိမ်နေတုန်း အခွင့်အရေးကို ယူကာ လီရွှမ်သည် ထွက်သွားလိုက်သည်။

ပိုင်ကျီဟန်အဆင်ပြေလား ။ သရုပ်ဆောင်နေလား မသိတာကြောင့် ချူကျီယန်သည် သူ့နောက်ကို မလိုက်တော့ပေ

ရန်သူတွေ ဆုတ်ခွါနေတာကြောင့် သူတို့ကို လိုက်ဖမ်းဖို့ မလိုဘူးဟု သူမ ထင်သည်။

ကျောက်ယွဲ့ကို လွတ်မြောက်အောင် လွှတ်လိုက်သော ပိုင်ရွှယ်ချင်းလည်း ထိုနည်းလည်းကောင်းပင်

လီရွှမ်နဲ့ ကျောက်ယွဲ့တို့သည် စိတ်သက်သာရာ ရသွားပြီး ထိုနေရာတွင် ဆက်နေလို့မရကြောင်း သိပေ၏

မဟုတ်ပါက နောက်မှ ထွက်ပြေးလို့ မရတော့ပေ

ပိုင်ကျီဟန်သည် သူတို့ ဆုတ်ခွာဖို့ ပြင်ဆင်နေသည်ကို မြင်လိုက်သည်။

သူ ပြုံးလိုက်လေ၏

သူ့နယ်မြေထဲကို ဝင်လာကြချေပြီ၊ အခု သူတို့ကို ဧည့်ဝတ်ကျေပွန်မှု ပြသရန် အချိန်ရောက်ပြီ။

"ဘယ်ကို သွားမလို့လဲ?"

ပိုင်ကျီဟန်သည် ပြောပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားကာ လီရွှမ်ရှေ့တွင် ပေါ်လာသည်။

“ ပိုင်ကျီဟန်”

လီရွှမ်သည် ပိုင်ကျီဟန်၏ ရဲရင့်သော လှုပ်ရှားမှုကြောင့် အံ့အားသင့်သွားသည်။

"ဘာလိုချင်လို့လဲ”

သူ ယုံကြည်မှုရှိရှိ ပြောရန် ကြိုးစားသည်။ ပိုင်ကျီဟန်ကို ချက်ချင်းတိုက်ရန်ပင် ပြင်ဆင်ထားသည်။

သူ တွေးလိုက်သည် ..ဤသည်မှာ ဘုရားသခင်ပေးသော အခွင့်အရေးတစ်ခု ဖြစ်ရမည်။

ပိုင်ကျီဟန်သည် ခေါင်းကို စောင်းပြီး အေးစက်စက် ပြောလိုက်သည်။

"ကြိုးတောင် မကြိုးစားနဲ့။"

ထို့နောက် သူ တိုက်ခိုက်လိုက်သည်။

"အု”

လီရွှမ်သည် သွားများကို ကြိတ်ကာ လက်နက်ကို မြှောက်လိုက်သည်။

တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

ကလန့်

၎င်းတို့၏ လက်နက်များ တိုက်မိကြသည်။

လီရွှမ်သည် တိုက်ခိုက်မှု ရပ်တန့်သွားပြီဟု ထင်လိုက်သည်

သို့သော် မဟုတ်ပေ

သူ ရပ်တန့်လိုက်သည်။

အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား

ဓားချက်များစွာ တစ်ပြိုင်နက်တည်း ကျရောက်လာသည်။

လီရွှမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ပထမတစ်ခုကို သူ ပိတ်ဆို့ရန်ပင် မတတ်နိုင်ပေ။

သူ့အနေနဲ့ အခြားဓားချက်များကို မည်သို့ ပိတ်ဆို့ရမည်နည်း။

အဖြေ ကတော့ သူ မပိတ်ဆို့နိုင်ပေ

ဘုန်း

သူ့ခန္ဓာကိုယ်မှ သွေးတွေ ထွက်လာပြီး အကြိမ်ပေါင်းများစွာ ထိုးနှက်ခံရသည်။

ပိုင်ကျီဟန်သည် သူ့ကို သတ်ဖို့ ရည်ရွယ်တာ မဟုတ်ပေ

မသတ်သေးပေ

သူ့ခြေထောက်တွေကို အတိအကျ ပစ်မှတ်ထား တိုက်ခိုက်နေ၏

သူ့ကို မသန်မစွမ်းဖြစ်စေသည်။

လီရွှမ် လဲကျသွားပြီး လှုပ်ရှားဖို့တောင် မနည်းကြိုးစားနေရသည်။

မင်း..."

သူက မယုံကြည်နိုင်စွာနှင့် မုန်းတီးစွာဖြင့်မော့ကြည့်လိုက်သည်။

"တစ်ယောက်ကျသွားပြီ။ နောက်တစ်ယောက်.."

သူ့မျက်လုံးများသည် ကျောက်ယွဲ့ဆီရောက်သွားတာ သိသာသည်။

ဝှူးရှ်!

ကြိုးစားတိုက်ခိုက်ပြီး သူတို့၏ ချီအများစုကို အသုံးပြုပြီးသည့်နောက် သူတို့အမြန်နှုန်းသည် ပိုင်ကျီဟန် အမြန်နှုန်းနဲ့ မယှဉ်နိုင်ပေ

ကျောက်ယွဲ့သည် အတော်လေးပြေးခဲ့ပြီး လီရွှမ်လဲကျသွားသည်ကို မြင်သည့်အခါ ပိုပြေးခဲ့သည်။

သူမကိုယ်တိုင်လွတ်မြောက်ဖို့ ရုန်းကန်နေရချိန်တွင် လီရွှမ်ကိုကယ်တင်နိုင်မည်ဟု ထင်ရလောက်အောင်အထိ သူမ မမိုက်မဲပေ

(ကျေးဇူးပြုပြီး တခြားတစ်ယောက်ယောက်ကို လိုက်ရှာပါ)

ကျောက်ယွဲ့က တွေးလိုက်သည်။

အစပိုင်းမှာတော့ သူမသည် ပိုင်ကျီဟန်ကို လျှော့တွက်ခဲ့သည်။

သူ့ဂုဏ်သတင်း ကြီးထွားနေသည့်တိုင် ကောလာဟလတွေလိုပဲ အများစုဟာ ချဲ့ကားပြောဆိုမှုဟု သူမယူဆခဲ့သည်။

ကျောက်မျိုးနွယ်အဖွဲ့ဝင်များသည် သူမကို အစီရင်ခံစာတွေပေးပြီး ပိုင်ကျီဟန် အကြောင်း သတိပေးသည့်အခါမှာတောင် သူမက သူတို့ကို အလေးအနက်မထားခဲ့ပေ

သူမရဲ့အမြင်မှာတော့ သူမဂျူနီယာတွေ - ကျောက်ချန် အပါအဝင် ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ကမ္ဘာကြီး မည်မျှကျယ်ပြန့်သည်ကို နားမလည်သော ကလေးတွေသာ

ပိုင်ကျီဟန် အကြံအစည်တွေ အောင်မြင်ခဲ့ရသည့် တစ်ခုတည်းသော အကြောင်းရင်းသည် သူလှည့်စားခဲ့သောလူများက အရူးတွေဖြစ်တာကြောင့်ဟု သူမ ယုံကြည်ခဲ့သည်။

သူမအနေနဲ့ထိုသို့သောအရာမျိုး ဘယ်တော့မှ မဖြစ်နိုင်ဟု ယုံကြည်ခဲ့သည်။

ဒါပေမယ့် အခုလား

ပိုင်ကျီဟန်၏ ထောင်ချောက်ထဲသို့ သူမ ကျရောက်ခဲ့ရုံသာမက သူသည် အမှန်တကယ် မည်မျှ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သည်ကို သူမ သဘောပေါက်ခဲ့သည်။

လီရွှမ်သည် သူမနှင့် ခွန်အားတူညီလုနီးပါးဖြစ်သော်လည်း သူသည် ချက်ချင်းနီးပါး ရှုံးနိမ့်ခဲ့သည်။

ရလဒ်သည် သူမအတွက် ကွဲပြားလိမ့်မည်ဟု ထင်ရလောက်အောင် သူမ မိုက်မဲခြင်းမရှိပေ။

ယခု ပိုင်ကျီဟန်သည် လီရွှမ်ကို တိုက်ခိုက်ပြီးဖြစ်သည်...

သူသည် နောက်တစ်ယောက်နောက်သို့ လိုက်လာမည်ကို သူမ သိသည်။

သူမသည် အလွန်အမင်း မျှော်လင့်ခဲ့သည်

သူမ မဖြစ်ဖို့

သို့သော် ကံတရားက သူမဘက်တွင် မရှိပေ

လီရွှမ်ကို အနိုင်ယူပြီးပြီးချင်း ပိုင်ကျီဟန်သည် သူမကို မျက်စိကျပြီး လိုက်လာခဲ့သည်။

"သေတာပဲ”

ကျောက်ယွဲ့ သည် ကျိန်ဆဲလိုက်သည်။

သူမ အရှိန်မြှင့်လိုက်သော်လည်း အသုံးမဝင်တော့ပေ။

ပိုင်ကျီဟန်သည် သူမဆီသို့ ချက်ချင်းနီးပါး လိုက်လာခဲ့သည်။

" ကောင်မလေး ၊ ဘာလို့ ဒီလောက်အလျင်လိုနေတာလဲ။ ဒီသခင်လေးနဲ့ ဘာလို့ စကားနည်းနည်း မပြောတာလဲ?"

ပိုင်ကျီဟန်သည် စနောက်လိုက်သည်။

"ထွီ ပိုင်ကျီဟန်၊ ငါ့ကို လျှော့မတွက်နဲ့။ လီရွှမ်ကို အနိုင်ယူပြီး လိုက်မီဖို့ ချီတွေ အများကြီးသုံးခဲ့ပုံပဲ။"

ကျောက်ယွဲ့ သည် ဒေါသတကြီး အော်လိုက်သည်။

သူမ ရုတ်တရက် လေထဲတွင် လှည့်ပတ်သွားပြီး ယပ်တောင် တစ်ခု ပွင့်ထွက်သွားသည်။ ကျန်ရှိနေသော ချီတွေ အားလုံးနီးပါးကို လောင်းထည့်လိုက်သည်။

"မုန်တိုင်းဓား”

ဝှူးးးးး

လေဓားမုန်တိုင်းတစ်ခုသည် ကောင်းကင်ကိုဖြတ်ပြီး ကျယ်လောင်သော လေဝဲကြီးတစ်ခုအဖြစ် လည်ပတ်နေသည်။ ဓားသွားလို ပါးလွှာသော ဓားအများကြီးသည် မျက်စိနဲ့ မမြင်ရအောင် မြန်ဆန်စွာ ရွေ့လျားနေသည်။

လိုက်လံရှာဖွေသူများကို အပိုင်းပိုင်း ဖြတ်တောက်ဖို့ ရည်ရွယ်သော နည်းစနစ်။ ဝိညာဉ်ဖွဲ့စည်းမှု ကျင့်ကြံသူတစ်ယောက်တောင် တွန့်ဆုတ်နေပေမည်။

ဒါက သူမနောက်ဆုံးကတ်ပင်

၎င်းသည် ပိုင်ကျီဟန်ကို အနိုင်မယူနိုင်ရင်တောင် နှေးအောင် လုပ်နိုင်

သရွေ့ သူမ လွတ်မြောက်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်သေးသည်။

မုန်တိုင်းသည် အော်ဟစ်ပြီး ပိုင်ကျီဟန်တစ်ကိုယ်လုံးကို မျိုချလိုက်သည်။

သေစမ်း

လေဓားများစွာသည် လေထဲတွင် ဖြတ်ပြေးကာ သူ့အား ထိမှန်သွားသည်။

ပိုင်ကျီဟန်သည် သူမ နည်းစနစ်အလယ်ဗဟိုသို့ ခုခံကာကွယ်မှု မရှိဘဲ တည့်တည့်ဝင်သွားသည်ကို မြင်သောအခါ မျက်လုံးများသည် ယုံကြည်မှုဖြင့် တောက်ပလာသည်။

အတားအဆီး တစ်စုံတစ်ရာ မရှိ။ ခုခံကာကွယ်မှု အတတ်ပညာ မရှိပေ

သူ ရှောင်တိမ်းရန်ပင် မကြိုးစားဘူးလား။

"ဟား မာနကြီးတဲ့ အရူးပဲ" သူမသည် တိုးတိုးလေး ပြောလိုက်ပြီး နှုတ်ခမ်းမှ ရယ်သံများ ထွက်လာသည်။ " နင် ကိုယ်တိုင် ဒါကို လုပ်ခဲ့တာ”

သူ့၏စုတ်ပြဲနေသော ခန္ဓာကိုယ်သည် မြေပြင်ပေါ် ပြုတ်ကျသွားသည်ကို သူမ မြင်ယောင်နိုင်ပြီ။

ဒါပေမဲ့

မုန်တိုင်း ပျောက်ကွယ်သွားချေ၏

ပြီးတော့ သေလုမျောပါး လေပွေထဲကနေ

သူ ထွက်လာသည်။

ဘာမှ မထိခိုက်ပေ

သူ့ပခုံးပေါ်က စုတ်ပြဲနေသော အဝတ်ကို ပေါ့ပေါ့တန်တန် ပွတ်သပ်နေ၏

သူ့အပေါ်ဝတ်ရုံသည် စုတ်ပြဲနေသည့်တိုင် သူ့အရေပြားက?

ခြစ်ရာတောင် မရှိပေ

ကျောက်ယွဲ့၏ နှလုံးခုန်နှုန်း ရပ်တန့်လုနီးပါးပင်။

"ဘာ..."

သူမ မျက်လုံးကို မယုံနိုင်ပေ

သူမ၏ အပြင်းထန်ဆုံး နည်းစနစ်တွေထဲက တစ်ခုကို ဘာမှ မဟုတ်သလို ဖြတ်လျှောက်လာသည်။

"ကျေးဇူးပဲ။ ဘာပဲဖြစ်ဖြစ် မကြာသေးခင်က ပူနေတာ”

ပိုင်ကျီဟန်သည် သူ့ရင်ဘတ်ပေါ်က ဖုန်တွေကို သုတ်ရင်း ပြောလိုက်၏

ကျောက်ယွဲ့ မေးရိုး ကားသွားသည်။

"နင်...နတ်ဆိုး..ထူးဆန်းတဲ့ကောင်”

သူမ ပိုမြန်မြန်ပျံဖို့ ကြိုးစားရင်း သူမအသံသည် အက်ကွဲသွားသည် ။ သို့တိုင် မျှော်လင့်ချက်မရှိတော့ပေ

ချက်ချင်းပဲ—

ပိုင်ကျီဟန်သည် သူမနောက်တွင် ရောက်နေချေပြီ။

သူမသည် လှည့်ပြီး နောက်ထပ်နည်းစနစ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

နောက်ကျသွားချေပြီ

တစ်ချက်တည်းနဲ့သူသည် သူမလက်ကောက်ဝတ်ကို ဆွဲလိမ်ကာ ဘာမှမရှိသလို ပုံစံနဲ့ မြေပြင်ပေါ် ကျောကိုဖိချလိုက်

သည်။

သူမသညါ တုန်ခါပြီး မြေကြီးထဲ ထိုးကျသွးသည်။ လေတိုက်သံသည် သူမအဆုတ်ကနေ ထွက်သွား၏

"ကျောက်ယွဲ့—ဖမ်းမိပြီ။"

သူက ပေါ့ပေါ့တန်တန်ပြောလိုက်သည်။

"ငါ့ကိုလွှတ်စမ်း၊ ကောင်စုတ်”

သူမသည် အော်ဟစ်လိုက်ပြီး သူ့ဆုပ်ကိုင်မှုအောက်တွင် ရုန်းကန်နေ၏

ပိုင်ကျီဟန်သည် ပျင်းရိသောအပြုံးနဲ့ ကိုင်းညွှတ်လိုက်သည်။

"ရုန်းကန်တာ ရပ်လိုက်၊ မဟုတ်ရင် ငါမင်းကို လုပ်လိုက်မယ်။"

ကျောက်ယွဲ့သည် ခြေလက်တွေကျိုးနေသော လီရွှမ်ကို ကြည့်လိုက်သည်။ သူမကို ခြိမ်းခြောက်ခြင်းသည် ပိုင်ကျီဟန် နောက်နေတာမဟုတ်ကြောင်း သူမသိသည်။

ပိုင်ကျီဟန်၏ ဂုဏ်သတင်းအကြောင်း သူမကြားဖူးသည်။ လူတွေသည် သူ့ခြိမ်းခြောက်မှုတွေကို ရယ်ခဲ့ကြပေမဲ့ တကယ် ဖြစ်လာခဲ့သည်။

ထိုကြောင့် ပိုင်ကျီဟန်ကို မဆန့်ကျင်တာ ပိုကောင်းကြောင်း သူမသိ၏

ပိုင်ကျီဟန်သည် မြေပြင်ပေါ်တွင် ညည်းတွားနေဆဲ လီရွှမ်ကို ပြန်ကြည့်လိုက်၏

"နှစ်ယောက်ကျသွားပြီ။"

သူသည် တိုးတိုးလေးပြောပြီး စစ်မြေပြင်ကို ကြည့်နေလိုက်သည်။

သူ့ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့သည့် ကျန်တဲ့သူတွေကော။

သူတို့ အဝေးကြီး ထွက်ပြေးသွားကြချေပြီ။

ပိုင်ရှင်းယွဲ့ကို တိုက်ခိုက်ခဲ့သည့် ဝိညာဉ်ဖွဲ့စည်းမှု ကျင့်ကြံသူ ငါးယောက်ကို သူ ဖမ်းဆီးချင်ခဲ့သည်။

ဒါပေမယ့် အခုတော့ ခက်ခဲပုံရ၏

ထိုအပြင် တခြားသူတွေတန်ဖိုးသည် လီရွှမ်နဲ့ ကျောက်ယွဲ့လောက် မမြင့်ပေ

သူတို့ကို ဖမ်းဆီးရုံနဲ့ ကျေနပ်သင့်သည်ဟု သူထင်သည်။

All Chapters