← Chapters

အဖေ၏ ဒေါသ၊ သား၏ ပရိယာယ်

Vol. 13 Ch. 188

အဖေ၏ ဒေါသ၊ သား၏ ပရိယာယ်

Vol. 13 Ch. 188

ပိုင်ကျီဟန်ကို ကာကွယ်ပေးနေချိန်တွင် တစ်ဖက်မှာတော့ ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခု ဖြစ်ပျက်နေသည်။

တိုက်ပွဲတွင် ပါဝင်သူတွေကတော့ ကောင်းကင် အင်ပါယာ၏ ထိပ်တန်းခေါင်းဆောင်သုံးယောက်

ပိုင်ထျန်းဟမ်နှင့် လီကျန်းဟုန်၊ ကျောက်ဝူထျန်း

အဖြေကသိသာ၏

ပိုင်ထျန်းဟမ်မည်မျှသန်မာပါစေ ၊ အသန်မာဆုံးကျင့်ကြံသူ နှစ်ယောက်နှင့်တိုက်ခိုက်ရတာကြောင့် နိုင်ဖို့ မဖြစ်နိုင်ပေ

သို့တိုင် ပိုင်ထျန်းဟမ်သည် နောက်မဆုတ်ပေ

ကလန်

ပိုင်ထျန်းဟမ်၏ ဓားသည် ကျောက်ဝူထျန်း၏ ဓားမြှောင်ကို တိုက်ခတ်ရာက မီးပွင့်သွားချေ၏

တိုက်ခိုက်မှုနောက်ကွယ်မှ အင်အားကြောင့် အရပ်မျက်နှာအားလုံးသို့ တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်စေပြီး အရိုးများ တုန်ခါကာ စစ်မြေပြင်တွင် ချိုင့်ခွက်များ ကွဲအက်သွားခဲ့သည်။

ကျောက်ဝူထျန်းသည် မျက်နှာရှုံ့မဲ့သွားပြီး သူ့လက်များသည် ထိခိုက်မှုကြောင့် တုန်ခါနေသည်။

“အခုထိ ခေါင်းမာတုန်း”

သူကရေရွတ်လေ၏

ထိုအချိန်တွင် လီကျန်းဟုန်သည် လှံရှည်ကို လေပွေလို လှည့်ပတ်နေ၏

“ငါတို့နှစ်ယောက်ကို အနိုင်မရနိုင်ဘူး ထျမ်းဟမ်”

ဘုန်း

ပိုင်ထျန်းဟမ်သည် တားလိုက်ပေမဲ့ လွယ်ကူသည့် အလုပ်မဟုတ်ပေ

ပါးစပ်ထောင့်က သွေးများ စီးကျလာသည်။

ကျောက်ဝူထျန်းသည် အံ့ကြိတ်လိုက်သည်။

“ မြင်လား။ ကြီးကျယ်တဲ့ ပိုင်ထျန်းဟမ်တောင်မှ ပညာရှင်နှစ်ယောက်ကို တစ်ယောက်တည်း ယှဉ်နိုင်မှာ မဟုတ်ဘူး။"

သို့တိုင် ထျန်းဟမ်သည် ဘာမှ ပြန်မပြောပေ

သူ့အာရုံစိုက်ချက်သည် သူတို့နှစ်ယောက်ထဲက ဘယ်သူပေါ်မှာမှ မဟုတ်ဘဲ သူ့သား ပိုင်ကျီဟန်နှင့် အခြေအနေပေါ်မှာပဲ ရောက်နေ၏

သူ့ကိုယ်တိုင်အတွက်လည်း အံ့အားသင့်ဖို့ကောင်းပြီး သက်သာရာရစေသည့် အချက်က မိန်းကလေးသုံးယောက်သည် ပိုင်ကျီဟန်ကိုကာကွယ်ဖို့ ရောက်လာခဲ့တာပင် ၊အထူးသဖြင့် ပိုင်ရှင်းယွဲ့လည်း ပါဝင်နေ၏

ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်အမဖြစ်သော်လည်း ပိုင်ကျီဟန်လုပ်ရပ်များကိုသိသောအခါ မုန်းတီးခဲ့၏

သူမသည် ပိုင်ကျီဟန်ကို မယုံဘဲ သူမ မသိသူတွေကို ပိုယုံကြည်ကာ အားကိုးခဲ့၏ ဒါကလည်း သူမအပြစ်မဟုတ်ပေ

ဒါပေမဲ့ သွေးက စကားပြော၏

အချိန်ကျလာသောအခါ သူမအသက်ကိုပင် စွန့်စားကာ ကာကွယ်ပေးနေသည်။

သူ့၏ စေ့စပ်ထားသူဖြစ်သည့်တိုင် နာမည်ဆိုးနဲ့ကျော်ကြားမှုကြောင့် ပိုင်ကျီဟန်ကို မကြိုက်ဘူးဟု သူထင်မိသော ချုကျီယန်ကိုလည်း အံ့ဩသွားသည်

စေ့စပ်ထားသူတစ်ယောက်အနေနဲ့ ကောင်းကင်အင်ပါယာ၏ တခြားထိပ်တန်းမျိုးနွယ်စုနှစ်ခုကို ယှဉ်ပြိုင်ရတောင် အနည်းဆုံးတော့ သူ့ကိုကာကွယ်ပေးဖို့ ဆန္ဒရှိပုံရသည်။

ဒါပေမယ့် အံ့သြစရာအကောင်းဆုံးကတော့ ပိုင်ရှင်းယွဲ့သာ ၊ ပိုင်ရှင်းယွဲ့အပေါ် ပိုင်ကျီဟန်လုပ်ခဲ့တာတွေကြောင့် သူ့ကိုသေလောက်အောင်မုန်းမည်ဟု သူထင်ခဲ့သည်။

အခွင့်အရေးရလျှင် သူ့နှလုံးသားထဲ ဓားထိုးစိုက်မည့်သူသည် သူမပဲဖြစ်ပြီး ယခု သူမက သူ့ကိုကာကွယ်ပေးနေသည်လား။

ပိုင်ရှင်းယွဲ့သည် ပိုင်ကျီဟန်အပေါ် အမြင်မကြည်သည့်တိုင် သူတို့ငယ်ငယ်တုန်းကတော့ ပိုင်ကျီဟန်နောက်ကို လိုက်ခဲ့သည်ကို သူသိပေ၏

ဒါပေမယ့် အဖြစ်အပျက်တွေ ဖြစ်ပြီးနောက်မှာတော့ သူတို့ဆက်ဆံရေးသည် အခိုင်မာဆုံးဖြစ်ခဲ့ရင်တောင် သစ္စာဖောက်မှုမှ အမုန်းတရားတွေဖြစ်လာချေသည်။

သူမ တာအိုအရိုးကို ပိုင်ကျီဟန် ပြန်ပေးခဲ့ရင်တောင် ကာကွယ်ပေးဖို့ အာမခံချက်မပေးနိုင်ပေ - အများဆုံးအနေနဲ့ကတော့ သူ့ကို မနာလိုတာ မဖြစ်တာက အံ့ဩစရာင်။

မည်သို့ပင် ဖြစ်စေ သူတို့သည် ပိုင်ကျီဟန်ကို ကာကွယ်ပေးနေတာကြောင့် အခြေအနေက အနည်းငယ်အဆင်ပြေနေပုံရပေမဲ့ ရန်သူများသည် သူတို့ထက် ပိုများပြီး ပိုင်ကျီဟန် ပြင်းထန်စွာဒဏ်ရာရနေသည်ကို မြင်တော့ သူစိုးရိမ်နေဆဲသာ

သို့တိုင် သူလည်း သူတို့ကို စိတ်ပူပြီး အာရုံစိုက်နေလို့မရပေ။ ဒါက သူ့ကို ရှုံးနိမ့်စေမည်သာ

သူ့၏အစောပိုင်းဒဏ်ရာသည် တိုက်ပွဲကို အာရုံမစိုက်မိဘဲ ပိုင်ကျီဟန်အခြေအနေအပေါ် အာရုံလွဲသွားတာကြောင့် ရလာတာပင်

(အာရုံစိုက်ကြရအောင်!)

ပိုင်ထျန်းဟမ်က တွေးလိုက်သည်။

"ဟွန်း..မင်းတို့နှစ်ယောက်ရဲ့ ပါးစပ်တွေက အတော်လေး ကျယ်နေတယ်။ ငါ ဒီကိစ္စကို အလေးအနက်ထားသင့်တယ်”

ချီသိသိသာသာ မြင့်တက်လာရင်း ပိုင်ကျီဟန် ပြောလိုက်မိသည်။

ဘုန်း

လီ ကျန်းဟုန်နဲ့ ကျောက်ဝူထျန်း၏ မျက်နှာအမူအရာတွေ ချက်ချင်းပြောင်းလဲသွားသည်။

"ဘာ...?"

"မင်း—“

"မင်း ဖြတ်ကျော်သွားပြီ”

ကျောက်ဝူထျန်းသည် မယုံနိုင်စွာ အော်လိုက်တယ်။

ပိုင်ထျန်းဟမ် ထုတ်လွှတ်လိုက်သော အရောင်အဝါသည် မဟာကောင်းကင်ဘုံတက်ခြင်း နောက်ဆုံးအဆင့်၏

အရောင်အဝါမှန်း မှားယွင်းစရာ မရှိပေ

သူတို့သုံးယောက်သည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အလယ်အလတ်အဆင့်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပေမဲ့ ပိုင်ထျန်းဟမ်ကတော့ သူတို့ကို ကျော်တက်သွားခဲ့သည်။

ပိုင်ထျန်းဟမ်သည် ပြန်မဖြေဘဲ ပြုံးလိုက်ပေမဲ့သူ့ အရောင်အဝါသည် လိုအပ်သော အဖြေအားလုံးကို ပေးခဲ့သည်။

သူ ဖြတ်ကျော်သွားချေပြီ

အားလုံးသည် ပိုင်ကျီဟန် သူ့ကိုပေးသော ကောင်းကင်အဆင့် ကျင့်ကြံမှုနည်းစနစ်ကြောင့်သာ ။ ၎င်းကြောင့် သူ့ အတားအဆီးကို ဖြတ်ကျော်ပြီး ဖောက်ထွက်နိုင်ခဲ့သည်။

ဝှူးရှ်

ပိုင်ထျန်းဟမ်သည် လျှပ်စီးလို ရွေ့လျားသွားသည်။

ဂျွတ်!!!

သူ့ဓားသည် ကျောက်ဝူထျန်းဓားကို အလယ်တွင် ထိမိသွားပြီး ဓားကလည်း ကွေးသွားချေ၏

ဒါက မဖြစ်သင့်ပေ

ကျောက်ဝူထျန်းသည် အရုပ်တစ်ရုပ်လို လွင့်ပျံသွားပြီး လေထဲမှာ သွေးချောင်းဆိုးနေ၏

"မဟာ ကောင်းကင်ဘုံတက်ခြင်း နောက်ဆုံးအဆင့် ..." လီကျန်းဟုန်သည် မျက်နှာတင်းတင်းနဲ့ တိုးတိုးပြောလိုက်သည် "မင်းတကယ် ဖြတ်ကျော်နိုင်ခဲ့တာ..."

"မင်းတစ်ယောက်တည်း တိုက်ရဲတာ အံ့သြစရာမရှိပါဘူး" ကျောက်ဝူထျန်းသည် တံတွေးထွေးပြီး မတ်တပ်ရပ်ဖို့ ယိုင်ထိုးနေ၏ "မင်းအစွမ်းသတ္တိကို ဒီအချိန်မှာ တစ်လျှောက်လုံး ဖုံးကွယ်ထားခဲ့တာ"

"မှားတယ်" ပိုင်ထျန်းဟမ်က အေးစက်စွာ ပြောလိုက်၏ "ငါ ဖုံးကွယ်ထားတာ မဟုတ်ဘူး။ အခုချိန်ထိ ငါ ပြသဖို့ မလိုအပ်ခဲ့တာ”

ခြေလှမ်းတစ်လှမ်း ရှေ့တိုးလိုက်ရုံနဲ့ တိုက်ပွဲတစ်ခုလုံး တုန်ခါသွားသည်။

အဝေးမှာတော့ ပရိသတ်များသည် တကယ့်တိုက်ပွဲကွင်းနဲ့ အကွာအဝေးမှာ ရှိနေသည့်တိုင် ခံစားလိုက်ရသည်။

"ဒါ... ပိုင်ထျန်းဟမ် မလား?"

"သူက... ကျောက်ဝူထျန်းကို ဓားတစ်ချက်နဲ့ ပြန်လဲကျစေလိုက်တာပဲ”

"ဘာကြီး..? ပိုင်မျိုးနွယ်စုခေါင်းဆောင်က ဖြတ်ကျော်သွားပြီလား?"

"သူ့မျိုးဆက်ရဲ့ အကောင်းဆုံးပါရမီရှင်လို့ အမြဲတမ်း သတ်မှတ်ခံရတာ အံ့သြစရာမရှိပါဘူး။"

"ဒါပေမယ့် မဟာ ကောင်းကင်ဘုံ တက်ခြင်း အလယ်အလတ်အဆင့် နယ်ပယ် ကျင့်ကြံသူနှစ်ယောက်ကို သူတစ်ယောက်တည်း ရင်ဆိုင်ဖို့ မလွယ်ကူပါဘူး။"

ဘေးနားကလူတွေ၏ သဘောပေါက်မှု ပျံ့နှံ့သွားသည့်အခါ ပိုင်ထျန်းဟမ်သည် ဓားရည်ရွယ်ချက်နဲ့ ပြည့်နေသော သူ့ဓားကို မြှောက်လိုက်ချေသည်။

သူ့အနေနဲ့ လီကျန်းဟုန်နဲ့ ကျောက်ဝူထျန်း နှစ်ယောက်လုံးကို ချိန်လိုက်သည်။

"တစ်ခါပဲ ရမယ်" သူက ပြောလေ၏ "ဘေးဖယ်လိုက် - မဟုတ်ရင် ကြေမွသွားလိမ့်မယ်။"

လီကျန်းဟုန် မျက်လုံးတွေ ကျဉ်းမြောင်းသွားချေသည်။

"မင်းလုပ်နိုင်တယ်ထင်လား?"

"ငါ မင်းကို တစ်ခါသတိပေးခဲ့တယ်၊ ငါ မင်းကို နှစ်ခါမပြောဘူး”

“လာစမ်း”

ထို့နောက်

ပိုင်ထျန်းဟမ်သည် တိုက်ခိုက်လိုက်သည်။

စကားမပြောပေ။ နှောင့်နှေးမှုမရှိပေ။

လျှပ်တပြတ် လေထဲတွငိ မြည်ဟီးနေသော ဓားခုတ်ချက်။

လီကျန်းဟုန်သည် သူ့ဓားနှစ်ချောင်းနဲ့ တားဆီးလိုက်ပြီး ဝိညာဉ်ဒိုင်းတွေကို တစ်ခုပြီးတစ်ခု အလွှာလိုက် စီထား၏

ဒါပေမယ့် ဘာမှ အရေးမပါပေ

ဂျွတ်

ပထမဒိုင်း ကွဲသွား၏

ဂျွတ်!!

ဒုတိယဒိုင်း။

ဘုန်း

တတိယဒိုင်းမှာတော့ သူ့ကို လွင့်ပျံစေပြီး တိုက်ပွဲကွင်းပြင်မှ တောင်ပေါ်ကို ပြုတ်ကျစေခဲ့သည်။

ကျောက်ဝူထျန်းကတော့ ဘေးချင်းကပ် လှုပ်ရှားလာသည်။ သို့တိုင် ကျောက်ဝူထျန်း၏ လွတ်နေတဲ့လက်သည် အလယ်ကို လှည့်ပြီး ကောင်းကင်ကနေ ပြန်ထုတ်လိုက်၏ မိုးကြိုးများသည် သူ့လက်ချောင်းများ၌ ကခုန်နေသည်။

သွေးများ လွင့်ပျံပြီး ကျောက်ဝူထျန်းသည် လေထဲတွင် လွင့်စင်သွားသော စွန်တစ်ကောင်လို လွင့်ထွက်သွားချေသည်။

"ဒါ မဖြစ်နိုင်ဘူး”

သူတို့ကြားမှ နယ်မြေကွာခြားချက်သည် သေးငယ်သည့်တိုင် ကျင့်ကြံမှု မြင့်မားသည့်အခါ ကွာခြားချက်သည် အတော်လေး ကြီးမားလေ့ရှိကြသည်။

၎င်းကို လီကျန်းဟုန်နဲ့ ကျောက်ဝူထျန်းတို့ခံစားနေရပြီး သေးငယ်သည့် နယ်ပယ်ကွာခြားချက်တစ်ခုကြောင့် ပိုင်ထျန်းဟမ် လက်ထဲ၌ ဒုက္ခရောက်နေရသည်။

( သူ့ကို ရပ်တန့်ထားရုံပဲ တတ်နိုင်တယ်။ ကျောက်ယွဲ့နဲ့ တခြားသူတွေက ပိုင်ကျီဟန်ကို အမြန်ဆုံးဖမ်းသင့်တယ်။)

အခု ပိုင်ထျန်းဟမ်ကို အနိုင်ယူဖို့သည် မဖြစ်နိုင်သလောက်ပဲဆိုတာ သူတို့သိလာသည့်အခါ ပိုင်ကျီဟန်ကို ဖမ်းဆီးဖို့ စေလွှတ်လိုက်သည့် အဖွဲ့အပေါ် မျှော်လင့်ချက်ထားလိုက်ရသည်။

ထို့အပြင် ပိုင်ထျန်းဟမ်သည် ပိုင်ကျီဟန်အား စိုးရိမ်တကြီး ပြန်ကြည့်နေသည်ကို မြင်

လိုက်ရ၏ ပိုင်ကျီဟန် မသန်မစွမ်းဖြစ်နေပေမဲ့ ပိုင်ထျန်းဟမ် နှလုံးသားထဲမှာ သူသည် အလွန်အရေးပါနေဆဲဆိုတာကို ပြသနေသညိ။

ကလန်! ကလန်!

"ဘာလို့ ဒီလောက်စိုးရိမ်နေတာလဲ။ မင်းရဲ့သား သေသွားမှာကို စိုးရိမ်နေတာလား"

လီကျန်းဟုန်သည် နှိုးဆွလိုက်၏

"ဟွန်း ပိုင်မျိုးနွယ်ကို လျှော့မတွက်နဲ့”

လီကျန်းဟုန်အနေနဲ့ သူတို့တိုက်ပွဲကနေ သူ့ကို အာရုံလွှဲဖို့ ကြိုးစားနေသည်ကို ပိုင်ထျန်းဟမ် ငြင်းချင်ပေမဲ့ မတတ်နိုင်ပေ

မသန်မစွမ်းဖြစ်ဖြစ် ပိုင်ကျီဟန်သည် သူ့သားပင်။ သူ့ရန်သူသည် ၎င်းကို အခွင့်ကောင်းယူဖို့ ကြိုးစားနေသည်ကို သိသည့်တိုင် ဘာမှမတတ်နိုင်ပေ

သူတို့တိုက်ခိုက်နေတုန်းမှာပဲ လီဖန်းသည် သူ့လှုပ်ရှားမှုများကို လုပ်ဆောင်လိုက်သည်။

(နောက်ဆုံးတော့)

လီကျန်းဟုန်နှင့် ကျောက်ဝူထျန်းတို့ တွေးလိုက်ကြသည်။

ပိုင်ထျန်းဟမ်နှင့် တိုက်ခိုက်ပြီးနောက် ၎င်းတို့သည် အားနည်းချက် ရှိနေသော်လည်း နောက်ဆုံးတွင် ခြိမ်းခြောက်နိုင်သောကြောင့် ကြာရှည်စွာ ခံနိုင်ရည်ရှိရန် မလိုအပ်ကြောင်း သူတို့သိကြသည်။

သို့သော် ဖြစ်ပျက်ခဲ့သည်မှာ

ရွှမ်!

ပိုင်ကျီဟန်ကို ဖမ်းဆီးနိုင်လိမ့်မည်ဟု သူတို့ထင်မြင်ယူဆသော လီဖန်းသည် သူ့ခေါင်းကို သူ့ခန္ဓာကိုယ်မှ ဖြတ်ပစ်ခံလိုက်ရသည်။

ထို့နောက် ပိုင်ကျီဟန်သည် ရယ်မောပြီး လူတိုင်းကို လှောင်ပြောင်ကာ သူ၏သရုပ်ဆောင်ချက်ထဲ သူတို့ကျရောက်သွားကြောင်း ထပ်ပြောလိုက်သည်။

ပိုင်ထျန်းဟမ်အပါအဝင် လူတိုင်းက ထိုအချက်ကြောင့် အံ့အားသင့်သွားကြသည်။

"ဟားဟား... အဲဒါ ငါ့သားပဲ”

ပိုင်ထျမ်းဟမ်က ပြောသည်။

(ဒီကောင်က သူ့အဖေကိုတောင် လှည့်စားနေတာ)

ပိုင်ထျန်းဟမ်သည် တွေးလိုက်မိသည်။

ပိုင်ကျီဟန် မသန်မစွမ်းဖြစ်သွားသည်ဟု ထင်ပြီး သူပင် သူ့သရုပ်ဆောင်ချက်ထဲ မျောပါသွားသည်။

သို့တိုင် မည်သူ့ကိုမှ အပြစ်တင်လို့မရပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက ၎င်းကို အစ်အမှန်ဟု ထင်ကြသည် ။ ဒုတိယအချက်ကတော့ လူတစ်ယောက် တာအိုအရိုး ခိုးယူခံရသည့်အခါ ထိုသို့ဖြစ်တတ်ကြောင်း သိထားလို့ပင်

"ဘာ... ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

လီကျန်းဟုန်သည် အံ့သဩတကြီးပြောလိုက်သည်။

"ပိုင်ကျီဟန်က ဟန်ဆောင်နေတာလား။ ငါတို့ရဲ့ ပါရမီရှင်တွေကို ဆွဲဆောင်ဖို့လား။"

ကျောက်ဝူထျန်းသည် တိုးတိုးလေးပြောလိုက်ချေသည်။

ပိုင်ကျီဟန် ထောင်ချောက်ထဲ ရောက်သွားကြောင်း အခုသိပြီဆိုတော့ ၎င်းကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှာရတော့မည်။

သူတို့အနေနဲ့ ပိုင်ထျန်းဟမ်နဲ့ ဆက်တိုက်ခိုက်လို့ မရပေ ။ ၎င်းက သူတို့ ရှုံးနိမ့်သွားစေလိမ့်မည်။

ပိုင်ကျီဟန်နဲ့ သူ့ကို ခြိမ်းခြောက်သော အစီအစဉ်သည် မအောင်မြင်ခဲ့ပေ။

သို့တိုင် ဆုတ်ခွာတာက ရွေးချယ်စရာတစ်ခု မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဂုဏ်သတင်း ဆုံးရှုံးသွားစေနိုင်သည်။

လီ ကျောက်နဲ့ ပေါင်းစပ်တပ်ဖွဲ့များသည် ပိုင်မျိုးနွယ်ကို အနိုင်ယူဖို့ မလုံလောက်ဘူးလား။

၎င်းသည် မဟာမိတ်တွေ၏ သူတို့အပေါ် ယုံကြည်မှု လျော့ကျစေပြီး ပိုင်ကျီဟန်၏ ဂုဏ်သတင်းနဲ့အတူ သူတို့အောက်မှာ အလုပ်လုပ်ဖို့ ဆန္ဒရှိသူတွေ တိုးလာစေမှာပင်

သို့တိုင် အလုံးစုံပြောရလျှင် သူတို့အကြီးအကဲများသည် အင်အားနည်းသော ပိုင်မျိုးနွယ် အကြီးအကဲများကို တွန်းလှန်ရာတွင် အသာစီးရနေတုန်းပင်။

နောက်ထပ် မိနစ်အနည်းငယ် ခံနိုင်ရည်ရှိသရွေ့ နောက်ဆုံးတွင် အောင်ပွဲခံကြလိမ့်မည်သာ

All Chapters