← Chapters

စစ်ပွဲဓားစားခံ

Vol. 13 Ch. 189

စစ်ပွဲဓားစားခံ

Vol. 13 Ch. 189

ပိုင်ကျီဟန်သည် တိုက်ပွဲအလယ်တွင် တန်းတန်းမတ်မတ် ရပ်တည်နေပြီး ပျက်စီးသွားသော သူအဝတ်အစားများသည် လေထဲ၌ လွင့်ကာ လက်တစ်ဖက်ဖြင့် ကျောက်ယွဲ့ကို အရုပ်တစ်ခုလို ကိုင်ဆွဲထားသည်။

သူ့အနောက်ဘက်တွင် လီရွှမ်သည် သွေးထွက်သံယိုနဲ့ နာကျင်စွာ လဲကျနေသည်။

သူသည် တိုက်ပွဲမြေပြင်ကို ကြည့်လိုက်၏

သူ့ဖခင်ဘက်က အားသာနေသော်လည်း အခြား အကြီးအကဲများကတော့ လီ–ကျောက် မိတ်ဖက်တို့၏ တိုက်ခိုက်မှုအောက်တွင် ကျရောက်နေကြသည်။

(ဒီလိုခြိမ်းခြောက်တာ အလုပ် ဖြစ်ပါ့မလား…?)

သေချာစဉ်းစားမည်ဆိုပါက လီရွှမ်နဲ့ ကျောက်ယွဲ့နှစ်ယောက်သည် မသေမျိုး ဧက္ကရာဇ် အမွေအနှစ်လို တန်ဖိုးကြီးသော အရာတစ်ခုအတွက် တိုက်ပွဲတစ်ခုကို ရပ်တန့်စေနိုင်မည့် အရာမဟုတ်ပေ

သို့သော် မျိုးနွယ်စုနှစ်ခုအတွက် လုံးဝ လျစ်လျူရှုလို့မရသော မျိုးဆက်တွေလည်း ဖြစ်သည်။

(စမ်းကြည့်ရင် ဆုံးရှုံးမှုမရှိပါဘူး)

ထက်မြက်ပြီးသန့်ရှင်းသော ချီသည် သူ့အသံကို လေထဲသို့သယ်ဆောင်လာသည်။

“လီကျန်းဟုန်..ကျောက်ဝူထျန်း”

သူသည် လေးစားမှုမပါသော အသံဖြင့် ခေါ်လိုက်သည်။

ထိုခေါ်သံကြောင့် ခေါင်းဆောင်နှစ်ဦးစလုံးသည် သူ့အား ပြန်လှည့်ကြည့်သည်။

“ချီးပဲ”

လီကျန်းဟုန်သည် ပိုင်ကျီဟန်အား ဖမ်းမည့် လီရွှမ်ကို ပိုင်ကျီဟန် ဖိနှိပ်ထားကြောင်း မြင်လိုက်ချိန်တွင် ပြောလေ၏

ကျောက်ဝူထျန်းကတော့ ထုံးစံအတိုင်း အခြေအနေကို လျင်မြန်စွာ သုံးသပ်ကာ ဘာဖြစ်နေသည်ကို သိလိုက်သည်။

ပိုင်ကျီဟန် လုပ်နေသော အကြံသည် သူတို့ဘက်က မူလ စီစဉ်ထားသည့် အကြံဖြစ်ကြောင်း သိလိုက်သည်

“တစ်ချက်တည်းပြောမယ်— တပ်တွေကို ပြန်ခေါ်။ အကြီးအကဲတွေကို တိုက်ပွဲရပ်စေ၊ ပိုင်နယ်မြေက ထွက်သွား ၊ ခြေတစ်လှမ်းမှ ထပ်မလှမ်းမလာစေနဲ့”

ပိုင်ကျီဟန်က ပြောလိုက်သည်။

ပြောရာတွင်လည်း ကျောက်ယွဲ့လက်ကို တင်းတင်းကျပ်ကျပ် ဖိလိုက်ရာ ခေါင်းဆောင်နှစ်ဦးသည် မရွှေ့မလျားပဲ ရပ်နေကြသည်။

ထိုအချိန်တွင် ပိုင်ထျန်းဟမ်သည်လည်း တိုက်ခိုက်တာ ရပ်ပြီး သူ့သား ဘာလုပ်ဖို့ ကြံစည်နေသည်ကို ကြည့်နေ၏

တခဏမျှ တိတ်ဆိတ်နေပြီး လီကျန်းဟုန်သည် ရယ်လိုက်၏

“ဂျူနီယာအနည်းငယ်ကို ဖမ်းထားတာကြောင့် ငါတို့ရပ်မယ်ထင်လား”

“ သူတို့တန်ဖိုးကို အများကြီးတွေးမနေနဲ့။မသေမျိုးအမွေအနှစ်နဲ့ဆို သူတို့ အသက်က ပိုးဖလံလေးကို စတေးသလိုပဲ။ သူတို့ကို ဖမ်းတာကမင်းအမှားပဲ”

လီကျန်းဟုန်သည် သူတို့စတင်ခဲ့သည်ကို ရပ်ဖို့ ရည်ရွယ်ချက်မရှိသလို ပြောလိုက်သည်။

ထိုစကားများကြားချိန်တွင် လီရွှမ်၏မျှော်လင့်ချက်အားလုံး ပျောက်ကွယ်သွားပြီး ဖြစ်သည်။

ဒါက မျှော်လင့်ပြီးသားပင်။ ပိုင်ကျီဟန် လီကျန်းဟုန်သားကို သတ်သည့်အချိန်တောင် ပိုင်ကျီဟန်ကို လှည့်မကြည့်ခဲ့သူပင်

ကျောက်ဝူထျန်းသည်လည်း သဘောတူသည့်အတိုင်း စကားမပြောဘဲ အေးအေးဆေးဆေးနဲ့ စောင့်ကြည့်နေသည်။

“ မလုပ်နဲ့”

ကျောက်မျိုးနွယ်ဘက်မှ တစ်ဦးသည် လှည့်ကာ အရုပ်ကျိုးပြတ်ဖြစ်နေသော ကျောက်ယွဲ့ကို ကြည့်လိုက်သည်။

“ယွဲ့အာ”

အသံသည် ကြောက်ရွံ့မှုနဲ့ အမျက်ဒေါသများ ပေါင်းစပ်ထားသလို တင်းကျပ်ထွက်လာသည်။

သူကတော့ ကျောက်မျိုးနွယ်၏ လွှမ်းမိုးမှုရှိသော အကြီးအကဲများထဲမှ ကျောက်ယွဲ့ဖခင် ကျောက်ကျန်းပင်။

သူလက်များတောင် တုန်လာ၏

“မျိုးနွယ်စု ခေါင်းဆောင်”

ကျောက်ကျန်းအသံသည် စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နက်နေသော အသံဖြင့် ခေါ်ဆိုလိုက်သည်။

“ အဲ့တာ ငါ့သမီး ယွဲ့အာပါ.. သူဖမ်းခံထားရတာ”

သူ့လေသံကို ထိန်းချုပ်ထားပေမဲ့ စိတ်ဓာတ်ကျနေသော အရိပ်အယောင်ကိုတော့ နားထောင်သူတိုင်း ရှင်းရှင်းလင်းလင်း မြင်

နိုင်၏

ကျောက်ဝူထျန်း ခန္ဓာကိုယ်သည် လေထဲတွင် တောင့်တင်းသွားပြီး ဖိအားတွေနဲ့ ပြင်းထန်စွာ အော်ဟစ်သံသည် စစ်မြေပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။

သူ လက်မလျှော့နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မသေမျိုး အမွေအနှစ်ကို စွန့်လွှတ်လိုက်ရသလို ဖြစ်မှာကြောင့်ပင်

ထို့ပြင် ပိုင်ရှင်းယွဲ့ကို ကြီးပြင်းခွင့်ပေးရင် ဘာဖြစ်မည်ကို မည်သူသိနိုင်မည်နည်း။

သူတို့ ကျောက်မျိုးနွယ် တစ်ခုလုံး အန္တရာယ်ကျရောက်နိုင်သည်။

ထို့အပြင် သူတို့ ဆုတ်ခွါသွားလျှင် သူတို့ဂုဏ်သတင်း ထိခိုက်မှာက ကြီးမားလွန်းသည်။

သို့တိုင် ကျောက်ယွဲ့ကို သူ လျစ်လျူရှုနိုင်မည်လော။

ကျောက်ကျန်း ဒီမှာ ရှိနေရုံနဲ့တော့ မဖြစ်နိုင်ပေ

သူသည် ကျောက်မျိုးနွယ် ဩဇာအရှိဆုံး အကြီးအကဲတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ကို ထောက်ခံသောသူတစ်ယောက်လည်း ဖြစ်၏

၎င်းကို ဆုံးရှုံးသွားလျှင် သူ့၏ နိုင်ငံရေးပြိုင်ဘက်တွေသည် အခွင့်ကောင်းယူသွားနိုင်သည်။ ပြီးတော့ သူ့ အယုံကြည်ရဆုံး အကြီးအကဲတစ်ယောက်ကိုတောင် ဆုံးရှုံးသွားကာ သူ့ကို ထောက်ခံသူတွေဆီက မယုံကြည်မှုကို ရသွားနိုင်ပေသည်။

ကျောက်ယွဲ့ အသက်အတွက် နောက်ဆုတ်ပြီး သူတို့ရည်မှန်းချက်ကို စွန့်လွှတ်ဖို့ ရွေးချယ်ခြင်းသည် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့စွမ်းရည်နှင့် ကျောက်မိသားစု၏ အကြီးမားဆုံး အခွင့်အရေး ဖြစနိုင်သော အခွင့်အရေးကို စွန့်လွှတ်သူအဖြစ် လှောင်ပြောင်မှုနဲ့ မေးခွန်းထုတ်မှုတွေကို ဖိတ်ခေါ်သလို ဖြစ်စေမည်။

သူ့ပတ်ဝန်းကျင်မှာတော့ တခြားကျောက်မျိုးနွယ် အကြီးအကဲများသည် သူ့ကို လှမ်းကြည့်နေကြသည်။

သူတို့လည်း စကားမပြောကြပေ - သို့တိုင်သူတို့အကြည့်များက ထက်မြက်ပြီး မေးခွန်းထုတ်နေကြသည်။

စောင့်နေကြသည်။

စွပ်စွဲတာ မဟုတ်ပေ

ကျောက်ဝူထျန်း လျစ်လျူရှုဖို့ ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည်ဖြစ်စေ... မေးခွန်းတွေ ပေါ်လာလိမ့်မည်သာ။ သံသယတွေ..တီးတိုးစကားတွေ။

မည်သို့ပင်ဖြစ်စေ သူ့အတွက် ကောင်းမှာ မဟုတ်ပေ

တစ်ချိန်တည်းမှာ လီမျိုးနွယ်ဘက်မှာတော့ တခြားအကြီးအကဲတစ်ယောက်သည် လီရွှမ်ကို ငုံ့ကြည့်ရင်း မြေကြီးပေါ်တွင် လှိမ့်ကာ ပတ်ကာ ညည်းတွားနေသည်။

"ရွှယ်အာ..."

အကြီးအကဲသည် သူ့ရဲ့ လှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး တိုးတိုးလေး ပြောလိုက်၏

သို့တိုင် ကျောက်ကျန်းနဲ့ မတူတာက သူသည် လီမျိုးနွယ်တွင် အရေးပါသော အကြီးအကဲ တစ်ယောက် မဟုတ်ပေ

ထို့အပြင် လီကျန်းဟုန်တွင် လီမျိုးနွယ်စု၌ သူ့ကိုစိန်ခေါ်သည့်ပြိုင်ဘက်များ မရှိပေ

ထို့ကြောင့် သူ၏ဆုံးဖြတ်ချက်သည် အခြားသူများ အလွယ်တကူပြောင်းလဲနိုင်သောအရာမဟုတ်ပေ

ပိုင်ကျီဟန်သည် လီရွှမ်၏အသက်ကို ခြိမ်းခြောက်နေသော်လည်း သူရပ်တန့်မည်မဟုတ်ဟု ကြေငြာထားပြီးဖြစ်သောကြောင့် သူတကယ်ပင် ထိုသို့လုပ်ဆောင်နေခြင်းဖြစ်သည်။

သူ၏ဆုံးဖြတ်ချက်သည်လည်း မှားယွင်းခြင်းမရှိပေ။

အဘယ်ကြောင့် ဆိုသော် ပိုင်ရှင်းယွဲ့ကို လွှတ်ပေးခြင်းသည် သူတို့၏မျိုးနွယ်စုအတွက် တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သောကြောင့်ဖြစ်သည်။

ထို့အပြင် လီကျန်းဟုန်သည် မပြသသော်လည်း ပိုင်ကျီဟန်သည် လီဖန်းကို သတ်လိုက်သည့်အတွက် လီကျန်းဟုန် ဒေါသထွက်နေပြီး လက်စားချေလိုမည်ကို သူသိသည်။

ကျောက်ဝူထျန်း၏မျက်လုံးများ တောက်ပသွားသည်။

သူသည် အကြီးအကဲ ကျောက်ကျန်းကို ချက်ချင်းမတုံ့ပြန်ပေ ။ သူ နောက်သို့ပင် လှည့်မကြည့်ပေ။

ယင်းအစား သူ၏အကြည့်သည် လီကျန်းဟုန်ဆီသို့ ရွေ့လျားသွားသည် - အေးစက်စက်နဲ့ တွက်ချက်နေ၏

(သူ နောက်မဆုတ်ဘူး)

ကျောက်ဝူထျန်းသည် လီကျန်းဟုန်ကို ကောင်းစွာသိ၏ မာနကြီးပြီး ရက်စက်ကြမ်းကြုတ်ကာ လှုပ်ရှားမှုတစ်ခုပြုလုပ်ပြီးသည်နှင့် ခိုင်မာသည်။

သူကိုယ်တိုင် ဆုတ်ခွာဖို့ ရွေးချယ်ရင်တောင် ဘာမှထူးခြားမည် မဟုတ်ပေ

တိုက်ခိုက်မှုသည် ဆက်လက်ဖြစ်ပွားနေမှာဖြစ်ပြီး စစ်ပွဲက ဆက်လက်ဖြစ်ပွါးနေမှာဖြစ်သည့်အပြက် မျက်နှာပျက်သွားမည်ကို သူတစ်ယောက်တည်း ခံရမှာပင်

သူ့အား ကြောက်တတ်သူဟု သတ်မှတ်ကြလိမ့်မည်သာ

လီကျန်းဟုန်ကလား။ သူ့အကျိုးအတွက် လှည့်စားပြီး ဘာမှမဖြစ်သလို ဆက်ချီတက်နေမှာပင်

(ငါတစ်ယောက်တည်း နောက်ဆုတ်ရင်... ငါပဲ ကျရှုံးမှုအတွက် အပြစ်တင်ခံရလိမ့်မယ်။)

ကျောက်ဝူထျန်းသည် တိတ်ဆိတ်စွာ လျှာကို ခါယမ်းပြီး အနည်းငယ် မြင့်တက်လာဆသာ လက်ကို နှိမ့်ချလိုက်၏

သူ ဆုံးဖြတ်ချက်ချလိုက်ချေပြီ

ဘာမှ မလုပ်တော့ပေ

အခြေအနေ ဆက်ဖြစ်လာပါစေ။ ကျောက်ယွဲ့ သေသွားလို့ အကြီးအကဲများဒေါသတကြီးနဲ့ တုံ့ပြန်လျှင်ပင် ဆုတ်ခွာဖို့ ငြင်းဆန်သူက လီ ကျန်းဟုန်သာ။

သူ့အပေါ် အပြစ်တင်လို့ရ၏

ထိုအဘိုးကြီးသည် သူ့မျဉ်းကို သဲထဲမှာ ရေးဆွဲပြီးသားပင်၊ ကျောက်ဝူထျန်းအဖို့ နောက်ကလိုက်လုပ်နေသလို ဟန်ဆောင်နေရမှာပင်။

လိုအပ်လျှင် နောက်ပိုင်းတွင် သူ ညှိနှိုင်းဖို့ ကြိုးစားခဲ့သည့်တိုင် လီကျန်းဟုန်က နားမထောင်ဘူးဟု ပြောနိုင်၏

All Chapters