← Chapters

အင်ပါယာထက် ကျော်လွန်သော ဂိုဏ်း

Vol. 13 Ch. 191

အင်ပါယာထက် ကျော်လွန်သော ဂိုဏ်း

Vol. 13 Ch. 191

ကျောက်ယွဲ့၏ အသက်ရှူသံ တိတ်ဆိတ်သွားစဉ် ပိုင်ကျီဟန်၏ အရိပ်သည် ကျရောက်လာသည်။

တချိန်က မြင့်မားခဲ့သော သူမ၏ ဂုဏ်ကျက်သရေသည် ကျိုးပဲ့သွားခဲ့သည်။

လက်တွေ၊ ခြေတွေ တုန်လှုပ်နေပြီး အင်အားများ ကုန်ခမ်းကာ သူမ၏ ကျင့်ကြံမှု အားလုံးကို အစောက တိုက်ခိုက်မှုက ဖျက်စီးသွားခဲ့သည်။

သူမ တိုက်လို့မရတော့ပေ။

ပြေးလည်း မပြေးနိုင်တော့ပေ

တောင်းပန်ရရုံသာ

“မ… မလုပ်ပါနဲ့… ပိုင်ကျီဟန်… ကျေးဇူးပြုပြီး မလုပ်ပါနဲ့…”

အသံသည် တင်းကျပ်ပြီး

အားနည်းနေသည်။

“ကျွန်မ… မှားခဲ့ပါတယ်။ မ… မလုပ်ပါနဲ့…”

ပိုင်ကျီဟန်သည် သူမကို ငုံကြည့်နေသည်။ ထိုမျက်နှာပြင်တွင် ရက်စက်မှုတစ်စုံတစ်ရာ မရှိပေ။

သူသည် တရားစီရင်နေသလိုသာ

“ငါဂရုစိုက်သလိုပဲ ။ မင်းအဖေက မင်းကို ကာကွယ်နိုင်အောင် နောက်ထပ် ကြိုးစားကြည့်ခိုင်းသင့်တယ် ထင်တယ်”

သူသည် ခြေထောက်ကို ထပ်မြှောက်လိုက်သည်။

ကျောက်ယွဲ့သည် အော်လိုက်ကာ သူ့မျက်နှာကိုကာပြီး လူးလွန့်သွားချေသည်။

သို့သော် ရိုက်ချက်သည် ထပ်ထွက်မလာပေ။

ပိုင်ကျီဟန်၏ ခြေထောက်သည် အလယ်တွင် ရပ်နေ၏ သနားခြင်းကြောင့် မဟုတ်ပေ။

သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ထွက်ပေါ်လာမည့်အရာတစ်ခုကို ကြည့်နေတာပင်

ဘုန်း

ကောင်းကင်သည် တုန်လှုပ်သွားချေသည်။

လျှပ်စီး လှိုင်းတစ်ခုသည် စစ်ပွဲအပြင် လေထုကို ဖြတ်ကျော်သွားသည်။

အဖြစ်မှန်သည် ဖန်ခွက်လို ကွဲအက်သွားပြီး ငွေရောင်နဲ့ အပြာရောင်ဖျော့ဖျော့ ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်

ယောက်သည် ခြေလှမ်းကျဲကျဲနဲ့ ကြယ်ရောင်လို လွင့်မျောနေသော ဆံပင်ရှည်များနဲ့ လျှောက်လှမ်းလာခဲ့သည်။

သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် သူမ ခြေထောက်အောက်၌ တောက်ပနေသော ကြာပန်းများ ဝိုင်းရံထား၏

သူမ၏ တည်ရှိမှုသည် သိမ်မွေ့၏ နတ်ဘုရားလိုပင်

“စီးဆင်းနေသော လမင်းဂိုဏ်း…”

အကြီးအကဲပိုင်ဖန်းသည် တုန်ယင်နေပြီး တီးတိုးပြောလေ၏

“သူကိုယ်တိုင် …သူတို့ရဲ့ ရှေးဟောင်းအမှတ်အသားနဲ့”

“စီးဆင်းနေသော လမင်းဂိုဏ်းက ဒီနေရာကို ဘာကြောင့် လာတာလဲ”

သူတစ်ယောက်တည်းသာ မသိခဲ့သော အရာ မဟုတ်ပေ။

ကျောက်နှင့် လီမျိုးနွယ်စုများ၏ အကြီးအကဲများပင် ကြောက်ရွံ့မှုကြောင့် တောင့်တင်းသွားကြသည်။

၎င်းတို့၏ မာနထောင်လွှားမှု—မသေမျိုး ဧကရာဇ်၏ အမွေအနှစ်အပေါ် စွဲလမ်းမှု—သည် ရုတ်တရက် ကလေးဆန်သည်ဟု ခံစားရသည်။

အဘယ်ကြောင့်ဆိုသော် စီးဆင်းနေသော လမင်းဂိုဏ်းသည် ခိုင်မာသောဂိုဏ်းတစ်ခုမျှသာမဟုတ်ပေ

၎င်းသည် သူတို့၏နားလည်မှုထက် ကျော်လွန်သော စွမ်းအားတစ်ခုဖြစ်သည်။

စီးဆင်းနေသော လမင်းဂိုဏ်း

ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာတွင် လူသိများသောအမည်တစ်ခု—ထိပ်ဆုံးရှိသူများသာ ကြားဖူး သို့မဟုတ် သိဖူး၏

အင်ပါယာအတွင်းရှိ မည်သည့်ဂိုဏ်းနှင့်မျှ မသက်ဆိုင်သောအမည်တစ်ခု

ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာနှင့် လုံးဝမသက်ဆိုင်သောကြောင့် ဖြစ်သည်။

စီးဆင်းနေသော လမင်းဂိုဏ်းသည် ဗဟိုထွန်းလင်းတိုက်ကြီး တစ်လျှောက် ကျင့်ကြံမှုအထွတ်အထိပ်ကို အုပ်ချုပ်သော အထွတ်အထိပ်အင်ပါယာငါးခုအနက်မှ တစ်ခုမှ ဆင်းသက်လာသည်။

မသေမျိုး လမ်းကြောင်း၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ဂိုဏ်းတစ်ခု။

တိုက်ကြီး၏ အဆင့်အတန်းအတွင်း ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာသည် မည်မျှပင် အစွမ်းထက်ပြီး ကြောက်မက်

ဖွယ်ကောင်းပါစေ၊ အထက်နှင့် အလယ်အလတ်အဆင့် အင်ပါယာများရှိသေး၏

၎င်းသည် ၎င်း၏ပတ်ဝန်းကျင်ဒေသကို မေးခွန်းထုတ်စရာမလိုသော အာဏာဖြင့် အုပ်ချုပ်ခဲ့ပြီး အနီးနားရှိ အခြားနိုင်ငံအများစုကို လွှမ်းမိုးခဲ့သည်။

ဒါပေမယ့် အထက်မှာတော့

ကျင့်ကြံမှုလောက၏ စစ်မှန်သော အထွတ်အထိပ်မှာတော့

တိုက်ကြီး၏ အခိုင်မာဆုံး ကျင့်ကြံသူတွေရှိသော အထွတ်အထိပ် အင်ပါယာငါးခုရှိနေ၏

ထို့အပြင် စီးဆင်းနေသော လမင်းဂိုဏ်းသည် သူတို့ထဲက တစ်ခုဆီမှ လာတာပင်

စီးဆင်းနေသော လမင်းဂိုဏ်း သံတမန်တစ်ဦးသည် လီ၊ ကျောက်နဲ့ ပိုင် မျိုးနွယ်စုတွေ၏ ပေါင်းစပ်တပ်ဖွဲ့တွေထက် ပိုပြီး အာဏာရှိသည်။

ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာ၏ ဧကရာဇ်တရားရုံးတောင်မှ ထိုလူတစ်ယောက်ကို မစော်ကားရဲပေ။ ဖျက်ဆီးခြင်းကို ဖိတ်ခေါ်မိမည်စိုးလို့ပင်

ထိုလူတစ်ယောက်သည် ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာကို ရောက်လာချေပြီ။

စစ်မြေပြင်ရှိ တိတ်ဆိတ်မှုသည် ပိုပြင်းထန်လာသည်။

ခဏလေးအတွင်းမှာပဲ ပိုင်ကျီဟန်၏ ခြိမ်းခြောက်မှုကို လှောင်ပြောင်နေသော လီကျန်းဟုန်တောင်မှ လက်သီးကို ဆုပ်ထားလိုက်၏ အကူအညီမဲ့သွားချေသည်။

သူဘာမှ မတတ်နိုင်ပေ

စီးဆင်းနေသော လမင်းဂိုဏ်းကို စိန်ခေါ်ခြင်းသည် သူ့ကိုယ်သူတင် မကပေ

လီမျိုးနွယ်စုတစ်ခုလုံးကို ဖိတ်ခေါ်တာပင်။

အမျိုးသမီးသည် ဘယ်သူ့ကိုမှ မကြည့်ပေ သူမအကြည့်သည် တည်ငြိမ်ပြီး တည့်တည့်မတ်မတ်နဲ့ ထက်မြက်နေ၏

၎င်းသည် ပိုင်ရှင်းယွဲ့ဆီကို တည့်တည့်ကျသွားချေသည်။

စစ်မြေပြင်သည် သူမရှေ့တွင် အလိုလို ခွဲထွက်သွားသည်။ မျိုးနွယ်စုတိုင်းမှ ကျင့်ကြံသူများသည် သူတို့အကြည့်များကို ရိုသေလေးစားစွာ နှိမ့်ချလိုက်ကြသည်။

"ဘာ... စီးဆင်းနေသော လမင်းဂိုဏ်းက တစ်ယောက်ယောက် ဒီမှာ ဘာလုပ်နေတာလဲ"

"သူမအကြောင်း တစ်ခုခုသိကြလား"

"ရှူး..သူမကို မညွှန်ပြနဲ့! မင်းရဲ့မျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်”

ကြည့်ရှုသူများသည် အံ့သြတကြီးနဲ့ တီးတိုးပြောဆိုနေကြပြီး ထိုကောင်းကင်အမျိုးသမီးက မည်သူမှန်း မသိကြပေ

သို့တိုင် ပိုင်၊ လီနဲ့ ကျောက်မျိုးနွယ်စုများ၏ မျက်နှာအမူအရာကို ကြည့်လိုက်တော့...

သူမသည် သွားရှုပ်လို့ရသူ မဟုတ်ကြောင်း သူတို့သိကြသည်။

သူမအကြောင်း သိသူများသည် တခြားသူတွေကို ရှင်းပြပြီး သူမအကြောင်း မှတ်ချက်မပေးကြဖို့ သတိပေးကြသည်။

"သူမက အဲ့တစ်ယောက်လား"

အမျိုးသမီးသည် နောက်ဆုံးတော့ စကား ပြောလိုက်သည်။ သူမအသံက နူးညံ့သည့်တိုင် အမိန့်ပေးသလိုပင်

"ဟုတ်တယ်”

သူမနောက်မှ တစ်ယောက်ယောက်က ပြန်ဖြေ၏

ထိုအခါမှသာ အခြားသူများသည် သံတမန်၏နောက်တွင် ရပ်နေသောသူကို သတိပြုမိကြပြီး ၎င်းတို့အများစု မှတ်မိသောသူတစ်ဦးဖြစ်သည်။

တောင်ထိပ်သခင် ချင်းလန်ပင်

ပိုင်ကျီဟန်နှင့် ပိုင်ရွှယ်ချင်း၏ဆရာ။

ထို့ကြောင့် စီးဆင်းနေသောလမင်းဂိုဏ်းကို သတင်းပို့ခဲ့သူမှာ ချင်းလန် ဖြစ်ပေသည်။

ပိုင်ရှင်းယွဲ့အကြောင်း သူတို့သိခဲ့ကြသည်မှာ ဤသို့ဖြစ်ပေ၏

ကောင်းကင်ဓားဂိုဏ်း၏အကြီးအကဲတစ်ဦးသည် စီးဆင်းနေသော လမင်းဂိုဏ်းမှ ဤမျှလေးစားခံရသောပုဂ္ဂိုလ်အား မည်သို့သိသည်ကို သူတို့ တွေးနေကြဆဲဖြစ်သည်။

"ဒါဆို ယွဲ့၊ မင်းဘယ်လိုထင်လဲ။ သူမက စီးဆင်းနေတဲ့လမင်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းပြည့်မီလား"

ချင်းလန်က မေးလိုက်သည်။

ချင်းလန်သည် စီးဆင်းနေတဲ့လမင်းဂိုဏ်းမှ လူကို ပေါ့ပေါ့တန်တန်ပြောဆိုနေပုံကြောင့် ချင်းလန်သည် သူမနှင့် သူငယ်ချင်းဖြစ်ပုံရသည်။

"ဟမ်..."

အမျိုးသမီးသည် ရှင်းယွဲ့ကို အနီးကပ်လေ့လာလိုက်သည်။

"ဟုတ်တယ်။ ငါတောင် မသိနိုင်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ခံစားမိနိုင်တယ်။ အဲဒါက မသေမျိုး ဧကရာဇ်ရဲ့ အမွေအနှစ်နဲ့ ဆက်စပ်နေတယ်။ အဲဒါတစ်ခုတည်းနဲ့တင် သူမကို အဓိကတပည့်အဖြစ် သတ်မှတ်နိုင်လိမ့်မယ်..."

သူမမျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။

"...ဒါပေမယ့် ဒါတင်မကသေးဘူး။ တာအိုအရိုးနဲ့ ဖီးနစ်ခန္ဓာကိုယ်။"

သူမသည် ချင်းလန်ဘက်ကို အနည်းငယ်

လှည့်လိုက်ချေ၏။

"ချင်းလန်... သူမက မင်းထင်ထားတာထက် အများကြီးပိုတန်ဖိုးရှိပုံရတယ်။"

"ဘာလဲ?"

ချင်းလန် အံ့အားသင့်သွားသည်။

တာအိုအရိုးလား။

ဖီးနစ်ခန္ဓာကိုယ်လား။

သူမ ယခင်က ၎င်းကို မသိခဲ့ပေ

သူမသည် ပိုင်ရှင်းယွဲ့ဘက်ကို ပြန်လှည့်လိုက်ပြီး အခု သူမ ဘာကြောင့် မသေမျိုး ဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့သည်ကို နားလည်သွားချေပြီ။

ကံကောင်းတာ မဟုတ်ပေ

ကံကြမ္မာပင်။

သူတို့ဂိုဏ်းအဖို့ ပိုင်ရှင်းယွဲ့လိုလူတစ်ယောက်ကို ဆုံးရှုံးသွားမည်ကို သူမ နှမြောစိတ် အနည်းငယ် ခံစားရသည်။ သို့တိုင် ဒီထက်ပိုပြီး သူမကို မကာကွယ်နိုင်ဘူးဆိုတာ သူမ သေချာသိ၏

ပိုင်ရှင်းယွဲ့လိုလူတစ်ယောက်... သူတို့ရဲ့ဂိုဏ်း—ဖြစ်နိုင်ရင် ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာကိုယ်တိုင်တောင် သူမအဆင့်ရှိသော ပါရမီရှင် တစ်ယောက်အတွက် မလုံလောက်ပေ

"နတ်သမီး ယွဲ့ဝူရွှမ်း ဒီကို ဘာလို့လာတာလဲ”

ကျောက်ဝူထျန်းသည် လေးလေးစားစားမေးလိုက်ချေ၏ သူ့အသံက တည်ငြိမ်သည့်တိုင် သူ့ကိုယ်ဟန်သည် ရိုသေလေးစားသည့် ပုံပေါက်နေသည်။

သူတစ်ယောက်တည်း လုပ်ဆောင်တာမဟုတ်ပေ

ခဏလေးအတွင်းမှာပဲ ပိုင်၊ လီနဲ့ ကျောက်မျိုးနွယ်စုခေါင်းဆောင်များသည် ခါးသီးပြီး အသက်အန္တရာယ်ရှိသောတိုက်ပွဲတွင် ပိတ်မိနေခဲ့ကြသည်။ ဒါပေမယ့် အခုတော့

သူတို့သည် ပခုံးချင်းယှဉ်ရပ်နေကြသည်။

ပြီးတော့ အတူတကွ

ယွဲ့ဝူရွှမ်းကို ဦးညွှတ်ပြီး နှုတ်ဆက်ကြသည်

ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာ၏ အကြီးမားဆုံး အင်အားစုသုံးခုသည် အမျိုးသမီးတစ်ယောက်တည်းရှေ့တွင် သူတို့ အမုန်းတရားကို ဘေးဖယ်ထားဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။

ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးသည် သူမဘယ်သူလဲဆိုတာကို သိကြလို့သာ

နတ်သမီး ယွဲ့ဝူရွှမ်း

ဗဟို ထွန်းလင်းတိုက်ကြီး၏ အတောက်ပဆုံး ဒဏ္ဍာရီများထဲမှ တစ်ဦး။

အင်မော်တယ် ကောင်းကင်တက်ခြင်းအဆင့် ကျင့်ကြံသူ

အဘယ်ကြောင့်နည်း။

အဘယ်ကြောင့်ဆိုသော် သူမသည် အသက်တစ်ထောင် မပြည့်မီတွင်ပင် ထိုကျင့်ကြံမှုအဆင့်ကို ရောက်ရှိခဲ့သောကြောင့် ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် ကောင်းကင်အင်ပါယာအတွင်း အင်မော်တယ် ကောင်းကင်တက်ခြင်းအဆင့်သို့ ရောက်ရှိသူများကို တည်ထောင်သူဘိုးဘေးများအဖြစ် သတ်မှတ်ကြပြီး ဖြတ်ကျော်ဝင်ရောက်ရန် ထောင်စုနှစ်များစွာ လိုအပ်ခဲ့သည်။

သို့သော် ယွဲ့ဝူရွှမ်းသည် ထိုအချိန်၏ ဆယ်ပုံတစ်ပုံထက်နည်းသော အချိန်အတွင်း ထိုနယ်ပယ်သို့ ရောက်ရှိခဲ့သည်။

အလယ်အလတ်အဆင့် အင်ပါယာများမှ ဂိုဏ်းတစ်ခုလုံးသည် သူမ၏အမည်ကိုပင် ပေါ့ပေါ့ဆဆ မပြောရဲသည့်ထိ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီရှင်တစ်ဦးဖြစ်သည်။

"နတ်သမီး ယွဲ့ဝူရွှမ်း" ပိုင်ထျန်းဟမ်သည် သူ၏ ပုံမှန်အားဖြင့် အားကောင်းသော အသံကို နှိမ့်ချပြီး လေးစားစွာဖြင့် ပြောလိုက်သည်။ "မင်းလိုလူမျိုးကို ဒီနှိမ့်ချတဲ့ အင်ပါယာမှာ ကြိုဆိုရတာ ငါတို့အတွက် ဂုဏ်ယူစရာပါပဲ။"

လီကျန်းဟုန်လည်း နောက်မှ လိုက်ပြောသည်။ "မင်းလာမယ်ဆိုတာ ငါတို့သိရင်... မင်းရဲ့လမ်းကြောင်းအတွက် တိုက်ကြီးကို ငါတို့ ရှင်းလင်းပေးမှာပါ။"

ယွဲ့ဝူရွှမ်းသည် ချက်ချင်း မတုံ့ပြန်ခဲ့ပေ

သူမအကြည့်သည် ပိုင်ရှင်းယွဲ့ဆီမှာပဲ ရှိနေပြီး သူမဝိညာဉ်ရေးရာအာရုံသည် မိန်းကလေးဆီကို တိတ်တဆိတ် လှည့်ပတ်သွားပြန်သည်။ တစ်ခုခုကို အတည်ပြုနေသလိုသာ။

"ငါဒီမှာဘာလို့ရှိနေတာလဲ မင်းသိသင့်တယ်။"

စစ်မြေပြင်သည် လုံးဝတိတ်ဆိတ်နေ၏

မျိုးနွယ်စုခေါင်းဆောင်သုံးယောက်ဖြစ်သော ပိုင်ထျန်းဟမ်၊ လီကျန်းဟုန်နဲ့ ကျောက်ဝူထျန်းတို့အားလုံး တည်ကြည်စွာခေါင်းညိတ်ကြသည်။

ခန့်မှန်းစရာမလိုပေ

ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာတွင် နတ်သမီးယွဲ့ဝူရွှမ်း၏ အာရုံကိုဖမ်းစားနိုင်သောတစ်ခုခုရှိလျှင် ၎င်းသည် ပိုင်ရှင်းယွဲ့ပဲဖြစ်

နိုင်သည်။

အခုတော့ မသေမျိုး ဧကရာဇ်အမွေအနှစ်ကိုပိုင်ဆိုင်ထားပြီး တာအိုအရိုးကိုသယ်ဆောင်ထားကာ ဖီးနစ်ခန္ဓာကိုယ်ကို နိုးထစေသော မိန်းကလေးတစ်ယောက်...

သူမသည် ပိုင်မျိုးနွယ်စု၏ အနာဂတ်တစ်ခုမဟုတ်တော့ပေ

သူမသည် သူတို့ကောင်းကင်ထဲတွင် မထိန်းချုပ်နိုင်သော

တောက်လောင်နေသည့် နေတစ်စင်းသာ

ယွဲ့ဝူရွှမ်းသည် အနည်းငယ်လှည့်လိုက်ပြီး သူမအကြည့်တွေသည် ပိုင်ထျန်းဟမ်ဆီ ရောက်သွားသည်။

"မျိုးနွယ်စုခေါင်းဆောင် ပိုင်”

သူချက်ချင်းရှေ့ကိုတိုးလာပြီး လက်နှစ်ဖက်နဲ့ လက်သီးဆုပ်ကာ နက်ရှိုင်းစွာဦးညွှတ်လိုက်သည် ။

"နတ်သမီးယွဲ့" သူက လေးစားစွာပြောသည်၊ "ကျွန်တော်ဖြေဆိုရတာ ဂုဏ်ယူပါတယ်”

ယွဲ့ဝူရွှမ်းသည် ခေါင်းညိတ်ပြပြီးနောက် မေးသည်-

"သူမကို ခေါ်သွားလို့ရမလား?"

သူမ၏လေသံသည် နူးညံ့သော်လည်း စကားလုံးများ၏နောက်ကွယ်ရှိ အဓိပ္ပာယ်သည် နတ်ဘုရား၏ အမိန့်တော်ထက် မနည်းပေ

ခြိမ်းခြောက်မှုမဟုတ်ပေ

ညှိနှိုင်းမှုမဟုတ်ပေ

၎င်းသည် ယဉ်ကျေးသိမ်မွေ့မှုတစ်ခုဖြစ်သည် ။ ပိုင်ရှင်းယွဲ့ကို မခေါ်မီ ပိုင်မျိုးနွယ်စုအား လေးစားမှုပေးသည့် အခိုက်အတန့်တစ်ခုဖြစ်သည်။

ပိုင်ထျန်းဟမ်သည် ခဏတာ တိတ်ဆိတ်သွားသည်။

ပိုင်ရှင်းယွဲ့ကို ဆက်ထားမည်ဆိုပါက မျိုးနွယ်စုကို အမှန်တကယ်ပြောင်းလဲနိုင်သူဖြစ်လာမည်သာ

ပိုင်ကျီဟန်နှင့် သူမ၏ဆက်ဆံရေးသည်လည်း တိုးတက်ကောင်းမွန်လာပုံရသည် ။ အနည်းဆုံးတော့ သူမ သူ့ကို မသတ်တော့ပေ

သို့တိုင် သူတို့တကယ်ပဲ သူမကို ဆက်ထားနိုင်မည်လား။

သူမကြုံတွေ့ရမည့် မုန်တိုင်းမှ ၎င်းတို့သည် သူမကို ကာကွယ်နိုင်မည်လား။

ယွဲ့ဝူရွှမ်းကို ငြင်းဆန်ဖို့တော့ မပြောနဲ့။

ပိုင်ထျန်းဟမ်သည် ရှည်လျားသောအသက်ရှူသံဖြင့် ခေါင်းမော့ကာ ခါးသက်စွာပြုံးလိုက်သည်။

"ကျွန်တော်ကတော့ ဘာမှ မဖြစ်ဘူး ။ ဒါပေမယ့် အားလုံးက ပိုင်ရှင်းယွဲ့အပေါ်မှာပဲ မူတည်ပါတယ်။ သူမ ထွက်သွားချင်ရင်တော့ ထွက်သွားနိုင်ပါတယ်။"

ပိုင်ရှင်းယွဲ့ကို အပြစ်ရှိသလို ကြည့်လိုက်၏

"ဒါပေမယ့် သူမ မထွက်သွားချင်ရင်လည်း ကျွန်တော် သူ့ကို အတင်းအကျပ် လုပ်လို့မရပါဘူး။"

All Chapters