← Chapters

မင်းသွားသင့်တယ်

Vol. 13 Ch. 193

မင်းသွားသင့်တယ်

Vol. 13 Ch. 193

အားလုံးသည် တိတ်ဆိတ်စွာနဲ့ ပိုင်ရှင်းယွဲ့ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြသည်။

သို့တိုင် နက်နက်ရှိုင်းရှိုင်းပြောရလျှင် လူတိုင်းသည် သူမလက်ခံလိမ့်မည်ဟု ယုံကြည်ပြီးသားပင်။

အနည်းဆုံးတော့ သူတို့သာ သူမနေရာမှာဆို နှလုံးခုန်သံတစ်ချက်ကြာသည့်အထိ တွန့်ဆုတ်နေမည် မဟုတ်ပေ

တချို့က "ဟုတ်ကဲ့ပါ” ဟု အော်ချင်ကြပေမဲ့ မည်သူမှ ပြောရဲသော သတ္တိမရှိကြပေ။

ယွဲ့ဝူရွှမ်းကိုယ်တိုင် ပိုင်ရှင်းယွဲ့အဖြေကို စောင့်နေတုန်းပင်

ထို့နောက်

အေးစက်သည့် အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြတ်သွားချေသည်။

"သွား”

သူကတော့ ပိုင်ကျီဟန်ပင်

သူသည် သူမကို ကြည့်လိုက်၏ သူ့မျက်နှာသည် ခန့်မှန်းရခက်ပြီး မျက်လုံးများက ရေခဲကန်လို တည်ငြိမ်နေ၏

"မင်း ဒီမှာ လိုချင်တာအားလုံးရပြီ" သူ့အသံက လှောင်ပြောင်နေသလိုပဲပင်

" မသေမျိုး ဧက္ကရာဇ် အမွေအနှစ်။ မင်းရဲ့ တာအိုအရိုး။ အခု...စီးဆင်းနေတဲ့ လမင်းဂိုဏ်းတောင် မင်းကို အဖိုးတန်တပည့်တစ်ယောက်လို လာခေါ်နေပြီ။"

သူ့အကြည့်သည် ယွဲ့ဝူရွှမ်းဆီကို ခဏတာ ရွေ့လျားသွားပြီး သူမရှိနေကြောင်း အတည်ပြုဖို့သာ ကြည့်နေခဲ့ပြီး လုံးဝစိတ်မဝင်စားသော ပုံစံနဲ့ ပြန်လှည့်သွားခဲ့သည်။

"ဒါကို မင်းဒီမှာ ဘာလုပ်နေမှာလဲ"

သူမေးလိုက်၏

"ဒါမှမဟုတ် မင်းက ငါ့ကို လက်စားချေချင်နေတုန်းပဲလား။ မင်းအနိုင်ရမယ်လို့ ငါသံယတော့ ဖြစ်မိတယ်”

ပိုင်ကျီဟန်သည် ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။

စစ်မြေပြင်၌ရှိသော လူအနည်းငယ် တုန်လှုပ်သွားကြသည်။

ပိုင်ရှင်းယွဲ့၏ စွမ်းအား မည်မျှ ကြီးမားသည်ကို လူတိုင်းမြင်တွေ့ခဲ့ရပြီးချေပြီ - သူမကျင့်ကြံမှုသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်ကို ရောက်ရှိခဲ့ပြီး ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ် ကျင့်ကြံသူ ငါးယောက်ကိုတောင် အနိုင်ယူနိုင်ခဲ့၏

ပိုင်ကျီဟန်သည် ကြောက်စရာကောင်းသည့်တိုင် ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်မှာ ရှိနေဆဲဖြစ်ပြီး ပိုင်ရှင်းယွဲ့ အဆင့်တွင် မရှိပေ။

လူအများအဖို့ သူသည် ရယ်စရာကောင်းလောက်အောင် မာနကြီးသည်ဟု ထင်ကြသည်။

တချို့ကတော့ အံ့အားသင့်သွားကြသည်။

တခြားသူတွေက တိတ်တိတ်ဆိတ်ဆိတ် လှောင်ပြောင်ကြသည်။

သို့တိုင် မည်သူမှ အသံထွက်ပြောရဲတာ မရှိပေ။

ပိုင်ရှင်းယွဲ့ကတော့ ငြိမ်နေလိုက်သည်။

သူမသည် သူ့ကို စိုက်ကြည့်နေသည်။

သူမမျက်လုံးထဲတွင် မုန်းတီးမှုတွေ မရှိတော့ဘူးပေ

"နင်က တကယ်ကို အတူတူပဲ" သူမ တိုးတိုးလေးပြောလိုက်သည် "မာနကြီးမြဲပဲ”

သူ့မာနသည် မကြာသေးခင်ကမှ ရရှိခဲ့သော ခွန်အားကြောင့်ဟု ထင်ကောင်းထင်နိုင်ပေမဲ့ ကမ္ဘာကြီးက သူ့ကို အလဟဿဟု ခေါ်သည့်အချိန်တုန်းကတောင် သူသည် အမြဲတမ်း ထိုသို့ဖြစ်နေခဲ့သည်။

သူ့ခွန်အားနဲ့ ဘယ်တုန်းကမှ မယှဉ်နိုင်သော မာနပင်

"ပြီးတော့ မင်း အဲဒီဂိုဏ်း - စီးဆင်းနေတဲ့ လမင်းဂိုဏ်းကို သွားရင်တောင် မင်းက ငါ့ထက် ပိုအားကောင်းမယ်လို့ ငါ မထင်ဘူး။"

ပိုင်ကျီဟန်က ပြတ်ပြတ်သားသား အဆုံးသတ်လိုက်သည်။

၎င်းက စည်းကျော်တာပင်

သူသည် ဗဟိုထွန်းလင်းတိုက်တွင် ရှိသော အင်အားအကြီးဆုံးဂိုဏ်းထဲမှ တစ်ခုကို နှိမ့်ချပြောဆိုနေတာပင်

ယွဲ့ဝူရွှမ်းနဖူးတွင် တုန်ခါမှုလေးတစ်ခု ဖြတ်သွားချေသည်။

၎င်းက သူမဂိုဏ်းကို စော်ကားတာ သိသာသည်။

ပိုင်ကျီဟန်သည် စီးဆင်းနေသော လမင်းဂိုဏ်းကို အထင်သေးတာ သိသာသည်။

ပိုင်ကျီဟန်အသံတွင် ကြောက်ရွံ့မှု အရိပ်အယောင် မရှိပေ။ သူသည် နှိုးဆွပေးဖို့ ကြိုးစားနေတာ မဟုတ်ပေ

အချက်အလက်တစ်ခုကို ပြောပြနေသလိုပဲ ပြောနေတာပင်

ယွဲ့ဝူရွှမ်းသည် သူ့စကားထဲတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို မတွေ့ရှိနိုင်ပေ

(လူမိုက်)

သူမ တွေးလိုက်သည်။

ကောင်းကင်အင်ပါယာအတွင်းတွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်လို ဆက်ဆံခံရပြီး ကမ္ဘာကြီးကို မမြင်ရသေးသူမို့သာ ယုံကြည်မှုရှိနေသည်ဟု သူမ ယူဆထားသည်။

သူမဂိုဏ်းကို သူမြင်ခဲ့လျှင် ထိုသို့ အဓိပ္ပာယ်မရှိသော စကားများကို မပြောရဲဘူးဟု သူမ ယုံကြည်သည်။

ချင်းလန်သည် စိတ်လှုပ်ရှားစွာ ရယ်မောပြီး အလျင်အမြန် ရှေ့တိုးလာသည်။

"ဟားဟား၊ သူ့ကို ဂရုမစိုက်ပါနဲ့၊ ယွဲ့”

သူမသည် ယွဲ့ဝူရွှမ်း လက်မောင်းကို သူငယ်ချင်းဟောင်း တစ်ယောက်လို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"အဲဒီကောင်လေးရဲ့ ပါးစပ်က တကယ်ကို လက်ရာမြောက်လွန်းတယ်။"

သူမသည် ယွဲ့ကို ဘေးတစ်စောင်းကြည့်လိုက်၏

"သူပြောသမျှကို အလေးအနက်ထားရင် မင်းဘဝရဲ့ နှစ်ပေါင်းများစွာ ဆုံးရှုံးသွားလိမ့်မယ်။"

ယွဲ့ဝူရွှမ်းသည် ပိုင်ကျီဟန်ကို ခဏလောက် စိုက်ကြည့်နေ၏ ပြီးတော့ သူမအကြည့်တွေက နူးညံ့သွားချေသည်။

(ဒီသေးငယ်တဲ့ အင်ပါယာကနေ ဘယ်တော့မှ မထွက်လာမဲ့ မသိနားမလည်တဲ့ ကောင်လေးတစ်ယောက်အတွက် ဒေါသထွက်စရာမလိုပါဘူး။)

"စိတ်ပူစရာမလိုပါဘူး။ ဂျူနီယာတစ်ယောက်ရဲ့ စကားတွေကို ငါ အလေးအနက်မထားဘူး။"

ယွဲ့ဝူရွှမ်း စိတ်အနှောင့်အယှက်မဖြစ်တာကြောင့် ချင်းလန်သည် စိတ်သက်သာရာရသွားပြီး ပိုင်ကျီဟန်ကို ကြည့်လိုက်၏

(မင်း လျှာကို တစ်ခါလေးတောင် မထိန်းထားနိုင်ဘူးလား။)

ထို့နောက် ယွဲ့ဝူရွှမ်းသည် ပေါ့ပေါ့ပါးပါး မေးလိုက်သည် "ချင်းလန်၊ သူက ဘယ်သူလဲဆိုတာ သိလား။ ပိုင်ရှင်းယွဲ့နဲ့ ဘယ်လို ဆက်စပ်နေလဲ။"

သူမသည် စော်ကားသော စကားကို ထည့်မစဉ်းစားသည့်တိုင် ပိုင်ကျီဟန်သည် သူမ အာရုံကို သေချာပေါက် ဖမ်းစားနိုင်ခဲ့သည်။

သူ့လို မာနကြီးသူများသည် နတ်ဆိုးဖြစ်လာတာ ဒါမှမဟုတ် ခါးသီးသောအဆုံးသတ်များနဲ့ ရင်ဆိုင်ရတာမျိုး ကြုံရတတ်သည်။

ပုံမှန်အားဖြင့် နောက်ပိုင်းမှသာ

ချင်းလန်သည် ပြုံးပြီး ပိုင်ကျီဟန်ဘက်ကို လှည့်ကြည့်လိုက်သည်။

ယွဲ့ဝူရွှမ်းမေးခွန်းကိုကြားတော့ သူမသည် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ရင်း ရှင်းပြလေ၏။

သူက ပိုင်ကျီဟန်ပင်။ တစ်ချိန်က မျိုးနွယ်စုမှ အမှိုက်အဖြစ် ဆက်ဆံခဲ့ပေမဲ့ အခုတော့ သူတို့၏ အတောက်ပဆုံးကြယ်ပွင့်တွေထဲက တစ်ယောက်ပင်

တကယ်တော့ သူမတပည့် ပင်။ ပိုင်ရွှယ်ချင်းနဲ့ ဂိုဏ်းခေါင်းဆောင် တောင်းဆိုချက်အရ လက်ခံခဲ့တာပင်

သို့တိုင် အမှန်တော့ ချင်းလန်သည် သူကို ဘာမှမသင်ပေးပေ။ နည်းစနစ်ရော သင်ခန်းစာရောပင် ။ အကြံဉာဏ်လည်း တစ်ခွန်းမှ မပေးခဲ့ပေ

သူမက သူ့ဆရာပင်။ သူက သူမအထွတ်အထိပ်ကို တက်ရောက်ခဲ့လို့ပင်

သို့တိုင် တရားဝင်အားဖြင့် သူသည် သူမတပည့်ပင်

၎င်းက အမှန်ပင်

ချင်းလန်သည် ပိုင်ကျီဟန် အောင်မြင်မှုအချို့ကို စာရင်းပြုစုခဲ့သည်။

ယွဲ့ဝူရွှမ်း တိတ်ဆိတ်စွာ နားထောင်နေပေမဲ့ သူမ မျက်နှာအမူအရာကတော့မပြောင်းလဲပေ။ ထိုအောင်မြင်မှုတွေထဲက တစ်ခုမှ သူမကို အထင်ကြီးစေခဲ့တာ မရှိပေ

တိုက်ကြီးတစ်ခုလုံးကို လှုပ်ခါနိုင်သော သူမ စွမ်းဆောင်ချက်များနဲ့ ယှဉ်ပါက ဘာမှမဟုတ်ပေ ၊

သူမအတွက် ပိုင်ကျီဟန် အောင်မြင်မှုတွေက အရေးမပါလှပေ

သို့တိုင် သူမ အာရုံကို ဖမ်းစားနိုင်ခဲ့တာက ချင်းလန်၏ နောက်ထပ်ပြောစကားပင် - မေးစရာမလိုပေ။

ပိုင်ကျီဟန်နဲ့ ပိုင်ရှင်းယွဲ့တို့သည် နက်ရှိုင်းပြီး ရှည်လျားသော ပဋိပက္ခတစ်ခု ရှိခဲ့ကြသည်။

ပိုင်ကျီဟန်သည် ငယ်စဉ်က ပိုင်ရှင်းယွဲ့ တာအိုအရိုးကို မည်သို့ခိုးယူခဲ့သည်နဲ့ သူမမျိုးနွယ်စုကနေ မည်သို့နှင်ထုတ် ခံခဲ့ရသည်ကို ချင်းလန်က ရှင်းပြခဲ့သည်။

"ဟင်... အဲဒါက ကျွန်မရတဲ့ ခံစားချက်မျိုး မဟုတ်ဘူး" ယွဲ့ဝူရွှမ်းက တိုးတိုးလေးပြောပါသည်။

သူတို့သည် တကယ်ပဲ တစ်ယောက်ကိုတစ်ယောက် မုန်းတီးခဲ့ပါက ဆက်ဆံရေးက ဒီလောက် တည်ငြိမ်မည် မဟုတ်ပေ - ထူးဆန်းစွာ ကိုယ်ရေးကိုယ်တာဆန်နေ၏

ပိုင်ရှင်းယွဲ့ ပိုင်ကျီဟန်ကို ကြည့်ပုံက ရန်သူတစ်ယောက်အကြည့်မျိုး မဟုတ်ပေ

"အဲဒါ... ပိုင်ကျီဟန်က မသေမျိုး ဧကရာဇ်ရဲ့ အမွေအနှစ်ကို ပိုင်ရှင်းယွဲ့ဆီ စွန့်လွှတ်ပေးလိုက်လို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူမမှာ မုန်းတီးမှုတွေ မရှိတော့ဘူးလို့ ထင်တယ်။"

"သူ ဘာလုပ်တာလဲ?"

ယွဲ့ဝူရွှမ်း အံ့အားသင့်သွား၏။

ချင်းလန်သည် စမ်းသပ်မှုနဲ့ ပိုင်ကျီဟန်အမွေအနှစ်ကို မည်သို့စွန့်လွှတ်ခဲ့သည်ကို အသေးစိတ်ရှင်းပြပြီး သူ့စကားများကို ပိုင်းရှင်ယွဲ့က တိတ်ဆိတ်စွာလက်ခံလိုက်တာကြောင့် အားလုံးက အတည်ပြုလိုက်သလိုပင်

"..."

ယွဲ့ဝူရွှမ်းသည် ပိုင်ကျီဟန်ကို စိတ်ဝင်စားမှုအသစ်နဲ့ ကြည့်လိုက်၏

မသေမျိုး ဧကရာဇ် အမွေအနှစ်သည် တိုက်ကြီး၏ အကြီးဆုံးဂိုဏ်းတစ်ခုကနေ ထိပ်တန်းပါရမီရှင် တစ်ယောက်ဖြစ်သော သူမတောင်မှ အသက်ကိုစွန့်ပြီး ရယူမည့် အရာပင်

သူမအနေနဲ့ ၎င်းကို စွန့်လွှတ်ဖို့ အကြောင်းပြချက်ကို နားမလည်နိုင်ပေ

သူမသာ သူ့နေရာမှာဆို ၎င်းကိုယူမည်သာ

တောင်းပန်မှုအတွက် ပေးခြင်းက အရမ်းတန်ဖိုးကြီးလွန်း၏

ပြီးတော့ ပိုင်ကျီဟန် အစောပိုင်းက ပြောခဲ့တာကို ပြန်စဉ်းစားမိခဲ့သည်။

သူ့စကားများသည် မာနကြီးတာ ဒါမှမဟုတ် မသိနားမလည်တာ သက်သက်တော့ မဟုတ်ပေ။ သူသည် ပိုင်ရှင်းယွဲ့ကို အနိုင်ယူပြီး မသေမျိုးဧက္ကရာဇ် အမွေအနှစ်ကို သိမ်းပိုက်နိုင်ခဲ့လျှင်...

သူသည် ဤနေရာတွင် မည်သူမဆို ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းပေမည်။

(ငါတို့ဂိုဏ်းက အမျိုးသမီးတွေကိုပဲ လက်ခံတာက နှမြောစရာပဲ)

ယွဲ့ဝူရွှမ်း တွေးလိုက်သည်။

မဟုတ်ပါက သူမသည် ပိုင်ကျီဟန်ကို ပိုင်ရှင်းယွဲ့နှင့်အတူ ခေါ်သွားသင့်သည်။

သူသည် ပိုင်ရှင်းယွဲ့ထက် ပိုမိုကြီးမားသော အလားအလာရှိသည်ဟု မယုံကြည်သော်လည်း အထူးသဖြင့် သူသည် သူမ၏ တာအိုအရိုးကို စွန့်လွှတ်ပြီး မသေမျိုးဧက္ကရာဇ်၏ အမွေအနှစ်ကို စွန့်လွှတ်ခဲ့သည်ကို ထည့်သွင်းစဉ်းစားလျှင်

ပို၍စိတ်ဝင်စားဖွယ်ကောင်းမည်ဟု သူမထင်ခဲ့သည်။

All Chapters