← Chapters

နောက်ဆုံးတော့ သူမစိုက်ကြည့်ခဲ့သော မျက်လုံးများ

Vol. 13 Ch. 194

နောက်ဆုံးတော့ သူမစိုက်ကြည့်ခဲ့သော မျက်လုံးများ

Vol. 13 Ch. 194

အမိန့်ပေးသံတစ်ခုသည် စစ်မြေပြင်တစ်လျှောက် ထွက်ပေါ်လာသည်။

"ခဏစောင့်”

ရွှေရောင်နဲ့ အနက်ရောင် စပ်ထားသည့် ဝတ်ရုံများဝတ်ဆင်ထားသော တော်ဝင်ပုဂ္ဂိုလ်တစ်ဦး ရှေ့သို့တိုးလာသောအခါ လူအုပ်ကြီးသည် အလိုလို ခွဲထွက်သွားကြသည်။

သူ့ဆံပင်ကို သေချာစွာစည်းထားပြီး တော်ဝင်ကျောက်စိမ်း တံဆိပ်တစ်ခုသည် သူ့ခါးပတ်ပေါ်၌ တောက်ပနေသည်။

ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာ၏ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပြီး တော်ဝင်မိသားစုမှ ဤပဋိပက္ခကို လေ့လာရန် စေလွှတ်သူ အမတ် ယန်ထိုက်ဖုန်ပင်

သူ့မျက်နှာအမူအရာသည် တင်းမာနေပြီး မျက်ခုံးများက မကျေမနပ်ဖြင့် တွန့်ကွေးကာ ယွဲ့ဝူရွှမ်းကို ဦးစွာကြည့်လိုက်ပြီးနောက် ပိုင်ရှင်းယွဲ့ကို ကြည့်လိုက်သည်။

သူသည် ယဉ်ကျေးစွာ လက်ခုပ်တီးသော်လည်း ဦးညွှတ်ခြင်းမပြုပေ။

"မင်းသမီးယွဲ့” ဟု သူက စတင်ပြောဆိုပြီး ရိုသေလေးစားသော်လည်း မာထန်နေသည်။ "အနှောင့်အယှက် ပေးမှုအတွက် ခွင့်လွှတ်ပါ၊ ဒါပေမယ့် ဒီမှာ မင်းရဲ့လုပ်ရပ်တွေက ကန့်သတ်ချက်ကို ကျော်လွန်သွားပြီ"

သူ ခဏရပ်လိုက်သည်။

"မင်းက အင်ပါယာသဘောတူညီချက်ကို ကောင်းကောင်းသိပါတယ် - ဘုရင်မင်းမြတ်ရဲ့ တိကျတဲ့ခွင့်ပြုချက်မရှိဘဲ အင်ပါယာတစ်ခုနဲ့တစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်

စွက်ဖက်ခွင့်မရှိပါဘူး။"

သူ့လေသံတွင် ထက်မြက်သောအရိပ်အယောင်တစ်ခု ပေါ်လာသည်။

"မင်းရဲ့စကားတွေက လုပ်ဆောင်ချက်တစ်ခုအဖြစ် မယူဆနိုင်သေးပေမဲ့ ပိုင်ရှင်းယွဲ့ကို ခေါ်ဆောင်သွားဖို့ ကမ်းလှမ်းတာ... ဒီလိုရှားပါးတဲ့ အလားအလာရှိတဲ့ ပါရမီရှင်တစ်

ယောက်ကို တရားဝင်သံတမန်ရေးရာလုပ်ငန်းစဉ်မပါဘဲ ခေါ်တာ ငါတို့အင်ပါယာရဲ့ အနာဂတ်ကို ခိုးယူတာနဲ့ မကွာခြားပါဘူး။"

ထိုစကားလုံးတွေကြောင့် နောက်ရှိ အရာရှိများနဲ့ ကျင့်ကြံသူများဆီမှ တီးတိုးပြောဆိုမှုတွေ ထွက်ပေါ်လာသည်။

သို့တိုင် မည်သူမှ သူ့ကို ထောက်ခံတာ ဒါမှမဟုတ် ဆန့်ကျင်တာ မလုပ်ရဲကြပေ။

မည်သို့ပင်ဖြစ်စေ အမတ်ယန်သည် ကောင်းကင်အင်ပါယာ၏ အရေးပါသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ယွဲ့ဝူရွှမ်းကတော့ တိုက်ကြီးတစ်ခုလုံး၏ အရေးပါသည့် ပုဂ္ဂိုလ်တစ်ယောက်သာ

သို့တိုင် ဆိုရိုးစကားအတိုင်း ဒေသခံမြွေတစ်ကောင်သည် ဝေးလံသော အရပ်မှ နဂါးတစ်ကောင်ထက် ပိုအန္တရာယ်များ၏

- သူတို့အနေနဲ့ အမတ်ယန်ကိုလည်း မစော်ကားချင်ကြပေ

လူတိုင်းသည် ယွဲ့ဝူရွှမ်း စိတ်အနှောင့်အယှက်ဖြစ်ပြီး အမတ်ယန်ကို သင်ခန်းစာပေးဖို့ မျှော်လင့်ထားကြသည်။

ဒါပေမယ့် ယွဲ့ဝူရွှမ်းကတော့ ငြိမ်နေခဲ့သည်။

ပြီးတော့ သူမ တိုးတိုးလေး အသက်ရှူထုတ်လိုက်သည်။

သူမ၏ တည်ငြိမ်သောလေသံသည် ငြိမ်သက်နေသော ရေကန်ပေါ်ရှိ လရောင်လို လွင့်မျောနေသည်။

"မင်းရဲ့အင်ပါယာက သူ့ကို ကာကွယ်နိုင်ရင် ငါ ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူး။"

တိတ်ဆိတ်ကုန်၏

သူမသည် အမတ်ယန်ကို တည့်တည့်ကြည့်လိုက်သည်။

သူမ၏အကြည့်သည် တည်ငြိမ်နေပေသည်။

"မင်းက အင်ပါယာရဲ့အနာဂတ်အကြောင်းပြောပေမဲ့ မင်းသူ့ကိုတကယ်ဂရုမစိုက်ဘူး။ မင်းလုပ်ခဲ့ရင် ငါပေါ်မလာခင်ကတည်းက မင်းဝင်ရောက်စွက်ဖက်ပြီးသား ဖြစ်နေရမှာ။"

သူမပြောတာက အမှန်တရားသာ

ဧကရာဇ်မိသားစုသည် ပိုင်ရှင်းယွဲ့ကို သိပ်ဂရုမစိုက်ခဲ့ပေ။ သူတို့သည် လီနဲ့ ကျောက်မျိုးနွယ် နည်းတူပင် သူမအလားအလာကြောင့် ခြိမ်းခြောက်မှုရှိသလို ခံစားခဲ့ရသည်။

အမတ်ယန် ဝင်ရောက်စွက်ဖက်ခဲ့တာက သူတို့ ဖယ်ရှားခံရမည်ဟု မျှော်လင့်ထားသူသည် တခြားတစ်ယောက်လက်ထဲ ရောက်သွားလို့သာ။ ပိုဆိုးတာက တခြားအင်ပါယာက တစ်ယောက်ယောက်လက်ထဲပင်

၎င်းသည် သူတို့အတွက် ပိုကောင်းတာ မဟုတ်ပေ

ချိုမြိန်သော မုန့်တစ်ခု စားလို့မရသလိုပင် — သို့တိုင် တခြားတစ်ယောက် စားတာကို ကြည့်ရတာ မနာလိုဖြစ်စေ၏

အမတ်ယန် နှုတ်ခမ်းများ တွန့်သွားပေမဲ့ ဘာစကားမှ ထွက်မလာပေ

သူမသည် အမှန်တရားကို တိုက်ရိုက် ထောက်ပြခဲ့ချေ၏

သူတို့ စောင့်ကြည့်ခဲ့ကြသည်။ ဘာမှ မလုပ်ခဲ့ကြပေ

ဒါ့အပြင် သူတို့သည် လီကျောက်မဟာမိတ်

အဖွဲ့လက်ချက်နဲ့ ပိုင်ရှင်းယွဲ့ သေဆုံးသွားဖို့ မျှော်လင့်ခဲ့ကြသည်။

ပြီးတော့ လူတိုင်း သိကြလေသည်။

ယွဲ့ဝူရွှမ်းသည် တည်ငြိမ်သော အသံနဲ့ သူမအကြည့်ကို ဘေးသို့ လွှဲလိုက်၏

"ကျွန်မတို့ ဒီမှာ ကျူးကျော်ဖို့ မဟုတ်ဘူး။ စီးဆင်းနေတဲ့ လမင်း ဂိုဏ်းက သဘောတူညီချက်တွေကို လေးစားတယ်။"

သူမသည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူမ၏လက်ချောင်းတွေကြား၌ နူးညံ့သော လရောင်လို အလင်းရောင်ကို ပေါ်လာ၏

"ဒါပေမယ့် ကျွန်မရဲ့လုပ်ရပ်တွေကြောင့် အင်ပါယာက စော်ကားခံရတယ်လို့ ခံစားရရင် ကျွန်မတို့က လျော်ကြေးပေးဖို့ အသင့်ရှိပါတယ်။"

သူမနောက်ထပ်စကားများသည် တရားဝင်ကြေငြာချက်တစ်ခုလို ပဲ့တင်ထပ်သွားသည်။

"ကျွန်မတို့ရဲ့ ကိစ္စကို နောက်ရက်မှာ ဘုရင်မင်းမြတ်ထံ တင်ပြပြီး အသေးစိတ်အချက်အလက်အပြည့်အစုံကို ရှင်းပြပါမယ်။ ဒါပေမယ့် ပိုင်ရှင်းယွဲ့ရဲ့ အရည်အချင်းကို ဒီနယ်နိမိတ်အတွင်းမှာ မြှုပ်နှံထားလို့မရပါဘူး။"

သူမသည် အလင်းရောင်ကို ပျောက်ကွယ်သွားစေခဲ့ပေမဲ့ သူမ၏ရှိနေခြင်းကတော့ ပျော့ပျောင်းမသွားစေပေ။

"သူမက ကောင်းကင်အင်ပါယာက ထိန်းချုပ်နိုင်တဲ့သူ မဟုတ်ပါဘူး။"

တိတ်ဆိတ်မှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အမတ်ယန်သည် မေးရိုးကို တင်းလိုက်၏

သူမ စကား နောက်ကွယ်မှ ယုတ္တိဗေဒကို သူငြင်းလို့မရသလို စီးဆင်းနေသော လမင်းဂိုဏ်းနဲ့ တိုက်ရိုက်ပဋိပက္ခဖြစ်သည့် အထိလည်း မစွန့်စားရဲပေ။

ယွဲ့ဝူရွှမ်းသည် သူ့ကို ထွက်ပေါက်တစ်ခု ပေးခဲ့သည် ။ လျော်ကြေးနဲ့ တရားဝင်စကားပြောဆိုမှုပင်

ပြီးတော့... သိမ်မွေ့သော သတိပေးချက်တစ်ခု။

သူမ အလှအပနဲ့ တည်ငြိမ်မှု နောက်ကွယ်တွင် အင်ပါယာမျာရကို လှုပ်ခါနိုင်သည့် စွမ်းအားတွေရှိနေ၏

ထို့ကြောင့် သူသည် အကြည့်ကို နှိမ့်ချကာ လက်များကို တင်းတင်းဆုပ်ကိုင်ရင်း ပြောလိုက်သည်။

"ကောင်းပြီ။ မင်းရဲ့ဂိုဏ်းက အရှင်မင်းကြီးနဲ့ စကားပြောဖို့ ဆန္ဒရှိရင် ငါကန့်ကွက်စရာ မရှိဘူး။"

သူ ရှေ့တိုးချင်စိတ်တောင် မရှိခဲ့ပေ။ သို့တိုင်အရာအားလုံးကို လွှတ်ထားခဲ့လျှင် တခြားသူများသည် ဧကရာဇ်မိသားစု၏ အာဏာကို မေးခွန်းထုတ်လာနိုင်သည်။

တော်ဝင်မိသားစုကို ဂရုမစိုက်ဘဲ ကောင်းကင် အင်ပါယာကနေ တစ်ယောက်ယောက်ကို ခေါ်သွားနိုင်လားဟု မေးလာနိုင်သည်။

စီးဆင်းနေသော လမင်းဂိုဏ်း ရှေ့မှောက်တွင်ပင် အင်ပါယာ၏ ဧကရာဇ်မိသားစု ခွင့်ပြုချက်မရှိဘဲ အရာအားလုံးကို အလွယ်တကူ လုပ်ဆောင်လို့မရကြောင်း ပြသဖို့ လိုအပ်သည်။

ခွန်အားအရ သူတို့ ဘာမှ မလုပ်နိုင်ပေ။ သို့တိုင်င် အင်ပါယာများ အကြားက သဘောတူညီချက်နဲ့ နားလည်မှုတွေကြောင့် ယွဲ့ဝူရွှမ်းသည် အနည်းဆုံးတော့ တရားဝင်မှု ပြသဖို့ လိုအပ်သည်။

သူမ လုပ်ခဲ့သော အရာသည် ဧကရာဇ်မိသားစု မျက်နှာဖုံးကို ကယ်တင်ခဲ့ပြီး အပေါ်ကနေ လျော်ကြေးပေးခဲ့၏

တစ်ချိန်တည်းမှာပင် ပိုင်ရှင်းယွဲ့နဲ့ ပိုင်ကျီဟန်တို့ကတော့ အမတ်ယန် ရှိနေခြင်း ဒါမှမဟုတ် တခြားနေရာတွေ၌ ဖြစ်ပျက်နေသည့် မည်သည့်အရာမဆိုသက်ရောက်မှု မရှိသလိုပင်

အခုချိန်တွင် သူတို့နှစ်ယောက် ကိစ္စသာ အရေးကြီးသလိုပင်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြသည်။

"ကျီဟန်”

ပိုင်ရှင်းယွဲ့သည် သူမ၏ ပုံမှန် မုန်းတီးမှုလေသံနဲ့ မဟုတ်ဘဲ ပြောလိုက်သည်။

သူမသည် သူ့မျက်လုံးများကို တည့်တည့်ကြည့်လိုက်၏ ငယ်ငယ်တုန်းက သူမ မကြည့်နိုင်သော မျက်လုံးတွေနဲ့ အတူတူသာ

နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် သူနဲ့ အကြည့် ဆုံဖို့ တွန့်ဆုတ်နေတုန်းပင်

လူတွေပြောသလိုပဲ မျက်လုံးများသည် လူတစ်ယောက်ဝိညာဉ်၏ မှန်တစ်ချပ်ပင်

ပိုင်ရှင်းယွဲ့အနေနဲ့ သူမကို မည်သို့ ထင်လဲဆိုတာ အမြဲသိချင်ခဲ့သည့်တိုင် သိဖို့ ကြောက်နေခဲ့သည်။

သူမကို လိုက်တွယ်ကပ်ပြီး အသုံးမဝင်လို့ ဝန်ထုပ်ဝန်ပိုးဟု မြင်ခဲ့သည်လား။

သူမကို လိုအပ်နေလို့ မုန်းခဲ့သည်လား။

သူမတွင် မိဘမရှိတာကြောင့် တခြားသူတွေလိုပဲ သူမကို အထင်သေးခဲ့သည်လား။

မေးခွန်းတွေ အများကြီးပင်။ သို့တိုင် အခုချိန်ထိ သူမတွင် အဖြေရှာဖို့ သတ္တိမရှိခဲ့ပေ

ပိုင်ရှင်းယွဲ့သည် ထိုမျက်လုံးတွေထဲတွင် မြင်လိုက်ရမှုကြောင့် သူမ အသက်ရှူမှားသွားစေသည်။

မာနထောင်လွှားတာမျိုး မရှိပေ

အမုန်းတရား မရှိပေ

သနားတာမျိုး မရှိပေ

အထင်သေးခြင်း သို့မဟုတ် မထီမဲ့မြင်ပြုခြင်း၏ အမှုန်အမွှားလေးမျှပင် မရှိ။

ယင်းအစား သူမသည် သူမ သတ်မှတ်၍မရသော တည်ငြိမ်မှုကို မြင်တွေ့ခဲ့ရသည် ။ တည်ငြိမ် အေးမြပြီး ကြင်နာတတ်ခြင်း။

တိတ်ဆိတ်ငြိမ်သက်သော ကြင်နာမှုတစ်မျိုး။

သူမသည် စိတ်ကူးယဉ်နေခြင်း သို့မဟုတ် ထိုအရာကို သူမ ယုံကြည်လိုခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

သူမ မေးချင်ခဲ့သည်။

ငါ့ကို မုန်းလား။ ငါ့ကို မုန်းဖူးလား။

သို့ပေမဲ့ စကားလုံးတွေက ထွက်မလာပေ

ယခုအချိန်အထိ သူမသည် အဖြေကို ကြားရန် သတ္တိမရှိပေ။

ထို့ကြောင့် သူမသည် သူမ၏ လည်ချောင်းထဲတွင် တံတွေးကို မျိုချလိုက်သည်။

"တိုက်ကြရအောင်”

All Chapters