← Chapters

ကောင်းမင်ရဲ့ စာရင်း

Vol. 24 Ch. 346

ကောင်းမင်ရဲ့ စာရင်း

Vol. 24 Ch. 346

ညစ်ညမ်းနေသောယုံကြည်မှု၏ရင်းမြစ်အောက်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့်အရာတစ်ခု အိပ်ပျော်လျက်ရှိသည်။ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် သွေးနီရောင်မြို့တော်၏ လူသေဓာတ်ပုံအတွက် အသက်လုတိုက်ခိုက်ကြချိန်တွင် ထိုအရာ၏တည်ရှိမှုကို နီးနီးကပ်ကပ် ခံစားခဲ့ကြရသည်။ ၎င်းနှင့်နှိုင်းယှဉ်လျှင် သားရဲဘုရားနှင့် မျက်နှာမဲ့နတ်ဘုရားတို့သည် အရာမရောက်တော့ပေ။

“ရွှံ့ရုပ်တိုင်းမှာ ထူးခြားတဲ့ကိုယ်ပိုင်စွမ်းအားတွေရှိတယ် ၊ သူတို့ရဲ့နောက်လိုက်တွေ များလာတာနဲ့အမျှ သူတို့ရဲ့စွမ်းအားတွေ တိုးတက်လာလိမ့်မယ် ၊ စုံစမ်းစစ်ဆေးရေးဌာနက ဘာလို့ ခြိမ်းခြောက်မှုကို ခံစားနေရလဲဆိုတာ အံဩစရာမရှိဘူး”

ကောင်းမင် အားဖန်ကို စူးစမ်းလိုက်သည်။ ထိုကောင်လေးသည် သူ့ကို လိမ်ညာလိမ့်မည်ဟု မထင်ပေ။ ရွှံ့ရုပ်နှစ်ခုနှင့် ပဋိပက္ခဖြစ်ရန် အလွန်စောလွန်းသေးသည်ဟု သူချိန်ဆလိုက်သည်။

ကောင်းမင်၏ တွန့်ဆုတ်မှုကိုကြည့်နေရင်း ကောင်လေးက အမျိုးသားဆရာဝန်၏ ပခုံးပေါ်မှီလိုက်သည်။ သူ့မိဘများသည် ကောင်းမင်ကို အဘယ်ကြောင့်အလွန်ကြောက်ရွံ့နေပြီး သူ့ဘေးမှ မခွာရဲသည်ကို သူနားမလည်ပါပေ။ လူကြီးလောကသည် အားဖန်အတွက် ရှုပ်ထွေးလွန်းလှသည်။ သူသည် သူ့ညအိပ်ဝတ်အင်္ကျီထဲသို့ လက်လှမ်းလိုက်ပြီး လူသေဓာတ်ပုံတစ်ခုကို ထုတ်ယူလိုက်သည်။

“ဒါကို ဦးဦးကို ပေးပါ့မယ် ၊ သားမိဘတွေအားလုံးကို လွှတ်ပေးလို့ရမလား”

အားဖန်က အပြစ်ကင်းစင်စွာ မေးလိုက်သည်။ သူ့သရဲမိဘများထဲမှ မည်သူသည် အစစ်အမှန်ဖြစ်သည်ကို မသိသောကြောင့် 'အားလုံး' ဟု သူပြောခဲ့ခြင်းဖြစ်သည်။ အားဖန်သည် သရဲအားလုံးကို မိသားစုအဖြစ် သဘောထားသည်။ သူသည် မည်သည့်သရဲမကိုမဆို 'အမေ' ဟု ခေါ်လေ့ရှိသည်။

ကောင်းမင်သည် အားဖန်ထံ လျှောက်သွားလိုက်ပြီး ဓာတ်ပုံကို လက်ခံလိုက်သည်။ ထိုဓာတ်ပုံတွင် အားဖန်သည် သရဲခြောက်သည့်အိမ်ရှေ့၌ အိပ်ပျော်နေလေသည်။၎င်းသည် ရိုးရှင်းသည့် အခြေအနေတစ်ခုဖြစ်သော်လည်း အခြားရှုထောင့်မှကြည့်ပါက သရဲခြောက်သည့်အိမ်သည် သွေးတံခါးများဖြင့် ပြည့်နှက်နေသည်။ အားဖန်သည် သွေးနီရောင်အခန်းများဖြင့် ဝန်းရံခံထားရသည်။ အားဖန်ကား အမှန်တကယ်ပင် အရိပ်ကမ္ဘာ၏ ချစ်မြတ်နိုးခြင်းခံရသူဖြစ်သည်။ သူ့တွင် ရှရန်နှင့် စီတုအန်းတို့ထက် သူ့အား အထင်ကရဖြစ်စေသည့် လူသေဓာတ်ပုံများ ပိုများလေသည်။

“ဒါက သားရဲ့အိမ်သော့ပါ ၊ ဦးဦးမှာ ဒါရှိနေရင် သားအိမ်ထဲကို လိုတဲ့အချိန်တိုင်း လာကစားလို့ရတယ်”

အားဖန်က ကောင်းမင်အား နောက်ထပ်သတင်းအချက်အလက် တစ်စိတ်တစ်ပိုင်း ထုတ်ပြောလိုက်သည်။ အားဖန်သည် ငယ်ရွယ်ကောင်း ငယ်ရွယ်နိုင်သော်လည်း စီတုအန်းကဲ့သို့ ကိုယ်ပိုင် 'အိမ်' ရှိသည်။ သူသည် အရိပ်ကမ္ဘာက ရွေးချယ်ထားသော 'မိဘ' တစ်ဦးဖြစ်သည်။

“မင်းရဲ့အိမ်လား”

“သားအိမ်တွေကို ဘလောက်တုံးတွေနဲ့ ဆောက်ထားတာလေ ၊ အဲဒါတွေက သားအိမ်ပဲ”

အားဖန်ဆောက်ထားသော အိမ်များသည် သရဲခြောက်သည့်အိမ်များဖြစ်သည်။ သူ့အိမ်သည် စီတုအန်း၏အိမ်ထက် ပိုကြောက်မက်ဖွယ်ကောင်းလိမ့်မည် ဖြစ်သည်။

အားဖန်၏ ကြင်နာမှုကို ခံစားမိသော ကောင်းမင်သည်လည်း သူ့အိတ်ကပ်ထဲ လက်နှိုက်လိုက်သည်။ အားဖန်ပတ်လည်ရှိ သရဲများက သတိထားလိုက်ကြပြီး လေထုမှာ အေးခဲသွားသည်။ ကောင်းမင်က လျှာထိုးသကြားလုံးကို ထုတ်ယူလိုက်ပြီး အားဖန်ကို ကမ်းပေးလိုက်သည်။

“ဟန်ဟိုင်းမှာ မင်းကို ဒုက္ခပေးချင်နေတဲ့ လူတွေအများကြီးရှိတယ် ၊ မင်း ပြဿနာတစ်ခုခုကြုံလာရင် ငါ့ကို လာရှာလို့ရတယ်”

သွေးနီရောင်မြို့တော်ကို အမွေဆက်ခံမည့်သူများသည် စီတုအန်းနှင့် ကျင်းထောင်ရှန်းတို့ကဲ့သို့ ရည်မှန်းချက်ကြီးသူများဖြစ်ကြသည်။ ရှရန်ကဲ့သို့ အနုပညာရှင်တစ်ဦးသည်ပင် အန္တရာယ်အဆင့်သတ်မှတ်ချက်တွင် အတော်လေးနိမ့်ကျနေပြီဖြစ်သည်။ ကောင်းမင်တစ်ဦးတည်းဖြင့် သူတို့အားရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း အားဖန်၏အကူအညီကို ရရှိပါက အခြေအနေများ ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။

“ကောင်းပြီ”

အားဖန်က ခေါင်းညိတ်လိုက်သည်။

“သားကတိပေးတယ်”

ကောင်းမင် ဆက်မနေတော့ဘဲ ခွေးကြီးနှင့်အတူ ကျန်းတင်း၏ စူပါမားကတ်သို့ ပြန်လာခဲ့သည်။

“မင်း ဒီကလေးကို ယုံကြည်စိတ်ချလို့ရမယ် ထင်လား ၊ သူက အမွေဆက်ခံမယ့်သူတွေထဲက တစ်ယောက်ပဲ ၊ အရေးကြီးတဲ့အချိန်မှာ မင်းကို ဓားနဲ့ထိုးနိုင်တယ်နော်”

“သူ အဲလိုလုပ်မှာမဟုတ်ပါဘူး ၊ စီတုအန်းက သူ့ကို အကြောင်းရင်းတစ်ခုကြောင့် မွေးမြူထားတာပဲ”

ကောင်းမင်သည် အားဖန်ပေးခဲ့သော ဓာတ်ပုံကို စူးစမ်းကြည့်ရှုလိုက်သည်။ ပုံထဲရှိ သွေးတံခါးတစ်ခုစီတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော သရဲတစ်ကောင်ကို ဖုံးကွယ်ထားပုံရသည်။

“သူ ငါ့ကို တစ်ခုခုပြောပြချင်နေတယ်လို့ ငါ ခံစားနေရတယ်”

နောက်ထပ်ညတစ်ည ကုန်လွန်သွားခဲ့သည်။ မင်လောင်လမ်းနှင့် လီစန်းတို့သည် ခြောက်ခြားဂိမ်းကစားသမားများအတွက် အခြေစိုက်စခန်းအဖြစ် အပြည့်အဝပြောင်းလဲသွားခဲ့သည်။ လမ်းဘေးဈေးဆိုင်များတွင်ပင် ကျိန်စာသင့်ပစ္စည်းများ ရောင်းချနေကြလေသည်။ သေချာတာပေါ့၊ သူတို့က ကျန်းတင်းဆီမှာ 'ကာကွယ်ကြေး' ပေးထားပြီးသားပဲ။

“စည်းမျဉ်းအသစ်တွေ စတင်နေပြီပဲ ၊ လူသားတွေက လိုက်လျောညီထွေဖြစ်အောင် မြန်မြန်ဆန်ဆန် လုပ်နိုင်ကြတယ်”

ကောင်းမင် စူပါမားကတ်ဝန်ထမ်းများကို နှုတ်ဆက်လိုက်သည်။ 'ဝန်ထမ်းများအတွက်သာ' ဟု ရေးထားသော ဆိုင်းဘုတ်ကို သူဆွဲဖွင့်လိုက်ပြီး ဂိုဒေါင်ထဲသို့ ဝင်လိုက်သည်။

“ပြဿနာကြုံခဲ့ရလို့လား ၊ ရှင် ဘာလို့နောက်ကျနေတာလဲ”

ရွှမ်ဝမ်က ကောင်းမင်ကို မြင်သောအခါ စိုးရိမ်တကြီး မေးလိုက်သည်။

“ငါ ဖန်လီကို အထောက်အပံ့ပေးဖို့ သွားရှာခဲ့တာ ဒါပေမယ့် နောက်ထပ် အလားအလာကောင်းတဲ့ လူတစ်ယောက်နဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့ရတယ် ၊ ဒါကြောင့် နောက်ကျသွားတာ”

ကောင်းမင်က အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။ ကျန်းတင်း၊ အဖွားရှန်းနှင့် ဝေတယိုတို့အားလုံး ထိုနေရာတွင် ရှိနေကြသည်။

“ရှင့်ရဲ့ သတင်းအချက်အလက်တွေပေါ်မူတည်ပြီး ရေသေဖိုရမ်ကနေ မစ်ရှင်တွေ အများကြီး ထုတ်ပြန်လိုက်တယ် ၊ အလားအလာရှိတဲ့ ကစားသမားအများအပြားကိုလည်း ရှာတွေ့ခဲ့တယ်”

ရွှမ်ဝမ်က စာရင်းတစ်ခုကို ထုတ်လိုက်သည်။

“ဟန်ဟိုင်းက ရတနာသိုက်တစ်ခုပဲ ၊ သာမန်အရပ်သားတွေတောင် ဒီလောက်ထိ အလားအလာကောင်းတွေ ရှိနေတယ် ၊ သူတို့ ဒီလိုအရာမျိုးကို အရင်တုန်းက ကြုံတွေ့ခဲ့ဖူးတဲ့အတိုင်းပဲ”

“ဖြစ်နိုင်ပါတယ် ၊ ပြီးတော့ သူတို့ မေ့နေခဲ့ကြတာဖြစ်မှာပေါ”

ကောင်းမင် စာရင်းကို အမြန်ဖတ်လိုက်သည်။ ရေသေဖိုရမ် ဖွင့်လှစ်သည်မှာ မကြာသေးသော်လည်း ကစားသမားအချို့သည် အဆင့်တစ်ဆယ်ကို ကျော်ဖြတ်ပြီးကြပြီဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် မူမမှန်ဖြစ်ရပ် ဆယ်ခုထက်မနည်းရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။

“လူသားတွေဟာ သူတို့ကိုယ်သူတို့ ဦးစားပေးလိုက်တဲ့အခါ သူတို့ရဲ့အလားအလာအပြည့်အဝကို ထုတ်ဖော်နိုင်ကြတယ်”

စုံစမ်းစစ်ဆေးရေးဌာနနှင့်မတူဘဲ ခြောက်ခြားဂိမ်းကစားသမားများသည် စည်းမျဉ်းစည်းကမ်းများဖြင့် ကန့်သတ်မထားပေ။ ဖိုရမ်သည် သူတို့၏ စိတ်အခြေအနေ သို့မဟုတ် မူမမှန်ဖြစ်ရပ်ထဲရှိ သူတို့၏ရလဒ်များကို စစ်ဆေးမည်မဟုတ်ပေ။ ဖိုရမ်သည် ဖိုရမ်တွင် အရောင်းအဝယ်ပြုလုပ်သည့်အခါမှသာ အနည်းငယ်သော ငွေလွှဲခကို ယူလေ့ရှိသည်။

“ငါတို့က လူသားတွေကို လျှော့တွက်ခဲ့ကြတာပဲ ၊ စိတ်ပျက်အားငယ်မှုထဲမှာ သူတို့ရဲ့ ရှင်သန်လိုစိတ်က အံ့ဩစရာကောင်းတယ်”

ဝေတယိုသည် သူ့စီးကရက်ကို လက်ကြားညှပ်လိုက်သည်။ သူက သူ့စာရင်းကို ကောင်းမင်ထံ ကမ်းပေးလိုက်သည်။

“ဟန်ဟိုင်းရဲ့ ခြောက်ခြားဂိမ်းကစားသမားတွေက သဘာဝအတိုင်း အဖွဲ့ကြီးတွေ အများကြီးကွဲထွက်သွားတယ် ၊ မြို့တော်အရှေ့ပိုင်းဘေးကပ်ဆိုးတုံ့ပြန်ရေးသမဂ္ဂမှာ အဖွဲ့ဝင် ၅၀၀ ကျော်ရှိတယ် ၊ သူတို့က အရမ်းစည်းလုံးပြီး အလုံးစုံခွန်အားက အမြင့်ဆုံးမှာ ရှိတယ်”

ဝေတယိုသည် မြေပြင်ပေါ်ရှိ ပြာများကို ငုံ့ကြည့်လိုက်သည်။

“တည်ထောင်တဲ့သူက စီတုချန်လို့ခေါ်တဲ့ တစ်ယောက်ပဲ ၊ သူက စီတုအန်းရဲ့ ဆွေမျိုးလို့ ကြားတယ် ၊ ပြီးတော့ သူက သရဲနီတွေကို ထိန်းချုပ်နိုင်တယ်တဲ့”

“လူ ၅၀၀ တောင်ရှိနေပြီလား ၊အရမ်းမြန်တာပဲ”

ကောင်းမင်သည် ခေါင်းညိတ်ရုံသာ ညိတ်လိုက်သည်။

“မတတ်နိုင်ဘူးလေ ၊ မြို့တော်အရှေ့ပိုင်းမှာ မူမမှန်မှုတွေက နေရာအနှံ့ပဲ ၊ သူတို့ အတူတူ မပူးပေါင်းရင် တစ်ကိုယ်တည်း သေဆုံးသွားလိမ့်မယ်”

ဝေတယိုက ဆက်ပြောသည်။

“မြို့ဟောင်းက ပိုပြီး ရှုပ်ထွေးတယ်၊ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်က ခြောက်ခြားဂိမ်းကစားသမားဖြစ်လာတယ်တဲ့ ၊ သူက ကပ်ဆိုးကို သူ့ဂိုဏ်းချဲ့ထွင်နိုင်မယ့် အခွင့်အရေးလို့ မြင်နေတာ ၊ သာမန်အရပ်သားတွေကိုတောင် သူ့ဂိုဏ်းအတွက် အလုပ်လုပ်ခိုင်းတယ်တဲ့”

“မင်းပြောနေတာ ငါးခူဂိုဏ်းကိုလား”

ကောင်းမင်သည် ယွီရွှေလုံကို သတိရလိုက်သည်။

“အဲဒါက ဘာကြီးလဲ”

ဝေတယိုက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး ၊ သူတို့က သူတို့ကိုယ်သူတို့ တရားမျှတမှုဂိုဏ်း ဒါမှမဟုတ် ဟန်ဟိုင်း ကိုယ်တိုင်ကယ်ဆယ်ရေးကော်မတီလို့ ခေါ်ကြတယ် ၊ မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့ နာမည်က ရှန်ထျန်းတဲ့”

ကောင်းမင်သည် ရှန်ထျန်းအကြောင်းကို အရင်က ကြားဖူးသည်။ အနာဂတ်တစ်ခုတွင် ရှရန်သည် ရှန်ထျန်းနှင့် ကောင်းမင်ကို သတ်ဖြတ်ပြီးနောက် ကစားသမားအားလုံးကို အုပ်ချုပ်ခဲ့သည်။ လူတိုင်းက သူတို့စာရင်းများကို ကောင်းမင်ဆီ ပေးလိုက်ကြသည်။ ကစားသမားများအကြောင်းကို အခြေခံအားဖြင့် သူနားလည်လာခဲ့သည်။

ရက်အနည်းငယ်အတွင်း ကစားသမားဦးရေ လေးဆတိုးလာခဲ့သည်။ စည်းမျဉ်းဟောင်းများ ပျက်စီးသွားချိန်တွင် လူတိုင်းသည် သူတို့ကိုယ်သူတို့ ကယ်တင်လိုကြသည်။

ကောင်းမင်က စာရင်းများကို စုဆောင်းလိုက်သည်။ စုံစမ်းစစ်ဆေးရေးဌာန၏ အစီအစဉ်မတိုင်မီ သားစားကြူးနတ်ဘုရားအား အိပ်မက်သရဲတစ်ကောင် ဖြစ်လာစေရန် ထိုထိပ်တန်းကစားသမားများထံမှ စိတ်ဆန္ဒကို သူရယူလိုသည်။

All Chapters