← Chapters

လက်ဆောင်

Vol. 24 Ch. 349

လက်ဆောင်

Vol. 24 Ch. 349

“မင်း သူတို့ကို မတွေ့တာလား ဒါမှမဟုတ် သတင်းမပို့ချင်တာလား “

ကျင်းထောင်ရှန်းသည် ထိုလူထက် အတော်လေးငယ်ပုံရသော်လည်း သူအသံမှာ တိုက်ရိုက်ကျပြီး ရိုင်းစိုင်းနေသည်။

ဌာနခွဲအကြီးအကဲက စိတ်ထဲထားပုံမရချေ။သူက ပြန်ပြောရုံသာ ပြောလိုက်သည်။

“ကျုပ်တို့ သော့တွေကို လာယူတဲ့လူမှန်သမျှကို မှတ်တမ်းတင်ထားတယ် ၊ အချက်အလက်တွေကို ခင်ဗျားဆီ ပို့ပေးရမလား”

“ဒီလူရွေးပွဲကို ဌာနချုပ်က စီစဉ်ထားတာပဲ ၊ မင်းလုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါလို့ပဲ ငါအကြံပေးချင်တယ်၊ မြောက်ဘက်ဆိပ်ကမ်းမြို့မှာ မင်းဘာပဲလုပ်ခဲ့လုပ်ခဲ့ ငါဂရုမစိုက်ဘူး ၊ ဒါပေမယ့် ဒီညမှာ ဘယ်လိုအမှားမျိုးမှ ငါဖြစ်ခွင့်ပေးမှာမဟုတ်ဘူး “

ကျင်းထောင်ရှန်းက ဆက်သွယ်ရေးချန်နယ်ကို ပြန်ချိန်ညှိလိုက်ပြီး သူမျိုးစေ့ချထားခဲ့သော သူလျှိုများနှင့် ချိတ်ဆက်လိုက်သည်။

လူချမ်းသာရပ်ကွက်သည် မြို့တော်၏ အနာဂတ်နည်းပညာပန်းခြံမှဌာန၁၃ ခုတို့နှင့် မြောက်ပိုင်းဆိပ်ကမ်းမြို့တို့မှ ပူးပေါင်းစီမံခန့်ခွဲကြခြင်းဖြစ်သည်။ ထိုနေရာတွင် စုံစမ်းရေးမှူးများနှင့် လုံခြုံရေးအဖွဲ့ဝင်များ အများအပြားရှိသော်လည်း လမ်းမများကိုတော့ ထိန်းချုပ်နိုင်ခြင်းမရှိပေ။ အကြောင်းမှာ နိုင်ငံသားများနှင့် စီတုချန်ဦးဆောင်သည့် ခြောက်ခြားဂိမ်းကစားသမားတို့က ရပ်ကွက်ကို သိမ်းပိုက်ထားသည့်အတွက် ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးဌာနမှ လူများသည် စီတုချန်ကို မကြောက်ပေ။ သူတို့သည် ဌာန၏ ပုံရိပ်မကောင်းမည်စိုး၍ သူတို့ကို မတိုက်ခိုက်ဘဲ သူတို့၏စွမ်းအားကို ထိန်းသိမ်းထားလိုခြင်းပင်။ သူတို့သည် နိုင်ငံသားများထဲတွင် သရဲနှင့် ရာဇ၀တ်သားများ ရောနှောလျက်ရှိသည်ကိုလည်း သိကြသည်။ အမှန်စင်စစ်တွင်မူ အခန်း ၁၃ မှ အလိုရှိရာဇ၀တ်သားတို့သည် ယင်းတွင် ရှိနေကြသော်လည်း ရှာဖွေရန် ပျင်းရိနေကြသည်။

မူမမှန်မှုထဲ ဝင်ရောက်ခြင်းသည် အလွန်အန္တရာယ်ရှိသည်။ထိုလူများသည် သူတို့သေဖို့ ဆန္ဒအလျောက် လာကြသည်ဆိုပါက စုံစမ်းစစ်ဆေးရေးဌာနသည် အဘယ်ကြောင့် သူတို့ကို တားဆီးရမည်နည်း။

ကျင်းထောင်ရှန်းသည် သူ၏သူလျှိုများ ပေးပို့သည့် ဗီဒီယိုများကို စစ်ဆေးကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။လူအုပ်ထဲတွင် ကျောင်းသားကောင်စီတံဆိပ်ပါသည့် နိုင်ငံသားများနှင့် သန္ဓေပြောင်းနေသည့် လူအနည်းငယ်ကို သူမြင်တွေ့ရသည်။ ပိုဆိုးသည်မှာ အခန်း ၁၃မှ ဝမ်ကျားနှင့် စီဆန်းတို့သည် ဌာနခွဲအကြီးအကဲနှင့် မလှမ်းမကမ်းတွင် ရပ်နေကြခြင်းဖြစ်သည်။

သူတို့သည် အမြင့်ဆုံးခွင့်ပြုချက်လက်မှတ်ရ စုံစမ်းရေးမှူးများကိုသာပေးသည့် ကိရိယာတို့ကို ဝတ်ဆင်ထားကြသည်။ သူတို့၏ မျက်နှာတစ်ဝက်သည် ဖုံးကွယ်ထားပြီး အခြားကျွမ်းကျင်စုံစမ်းရေးမှူးများက သူတို့အား အကာအကွယ်ပေးထားသည်။

လူရွေးပွဲစတင်လိုက်သည်နှင့် လူချမ်းသာရပ်ကွက်မှ နိုင်ငံသားတို့သည် ရှေ့တိုး၍ စတင်လှုပ်ရှားလိုက်ကြသည်။ ဌာန၁၃ ခုမှ လက်ရွေးစင်များက လူတိုင်းကို သော့နှင့် အခန်းကတ်များကို ပေးလိုက်ကြသည်။ လူချမ်းသာရပ်ကွက်ရှိ အခန်းအများစုသည် ဒစ်ဂျစ်တယ်စကားဝှက်ကုဒ်ပါသည့် တံခါးများကို အသုံးပြုထားသည့်အတွက် ပါဝင်သူတို့အချို့အား စကားဝှက်များပါ ပေးရသည်။

မြို့တော်အရှေ့ပိုင်းသည် တစ်ဝက်တစ်ပျက်ပြိုကျနေသည့် အခြေအနေတွင် ရှိ၏။ မူမမှန်မှုထဲ ဝင်လာသည့် လူတို့သည် လူတန်းစားပေါင်းစုံမှ လာကြခြင်းဖြစ်သည်။ ဌာနသည် သူတို့၏ နောက်ခံအားလုံးကို စစ်ဆေးနိုင်ခြင်းမရှိပေ။ အပူချိန် ကျဆင်းသွားပြီး အရိပ်သည် ဆာလောင်နေသည့် သားရဲကြီးတစ်ကောင်ပမာ လူချမ်းသာရပ်ကွက်ဝန်းကျင်မှ လမ်းမများကို ဖုံးလွှမ်းသွားသည်အထိ ကျယ်ပြန့်လာတော့သည်။ ထို့နောက် ဆက်သွယ်ရေးသည်လည်း ပြတ်တောက်သွားတော့သည်။

“ကောင်းမင်က လူချမ်းသာရပ်ကွက်ထဲ ရောက်နှင့်နေလောက်ပြီ ၊ မကြာပါဘူး သူ့မှတ်ဉာဏ်ကို ရပ်ကွက်ထဲက သရဲတွေကစားသောက်ပြီးရင် သူ့ရဲ့ အားနည်းပြီးအသုံးမကျတဲ့မူလပုံစံကို ပြန်ရောက်သွားလိမ့်မယ်…”

ကျင်းထောင်ရှန်းသည် သူကိုင်ထားသည့် ဖိုင်များကို စစ်ဆေးလိုက်သည်။ဖိုင်ထဲတွင် ဟန်ရှန်းအကျဉ်းထောင်မှ စစ်ဆေးမှုရလဒ်များ၊ ဟန်ဟိုင်း အထက်တန်းကျောင်းပထမနှစ်မှ ရီပို့ကတ်များ စသဖြင့်ပါဝင်သည်။ ၎င်းတို့အားလုံးတွင် ကောင်းမင်ဟူသည့် နာမည်တစ်ခုတည်းသာ ပါဝင်ပေသည်။

“သူက စီတုအန်းရဲ့အမွေကို သိမ်းပိုက်ခဲ့ရင် စီတုအန်းရဲ့ ကံကြမ္မာကိုလည်း အမွေဆက်ခံရမယ်”

ကျင်းထောင်ရှန်းသည် မူမမှန်မှုထဲ ဝင်မသွားဘဲ ဘေးကင်းဇုန်ထဲတွင် နေ၍ အသက်ရှင်လျက် ထွက်လာနိုင်မည့် ပထမဆုံးလူသားကို စောင့်ရင်းရပ်ကွက်ဂိတ်ပေါက်တံခါးကို စောင့်ကြည့်နေလိုက်သည်။

…

ပိုင်ရှောင်သည် ထာဝရဘဝအိမ်ရာပတ်လည်တွင် ပြေးလွှားနေ၏။ သူ၏ ခေါင်းပေါ်မှ မီးသီးများ မှိန်ဖျော့လာခဲ့သည်။ သူကား သူ၏ အဖွဲ့သားများနှင့် အဖွဲ့ကွဲခဲ့ပြီဖြစ်သည်။ အဆောက်အအုံထဲသို့ လူအများအပြား ဝင်လာကြသော်လည်း သူ၏ပတ်ဝန်းကျင်တွင်တော့ လူတစ်ဦးတစ်ယောက်ကိုမျှ သူမမြင်ခဲ့ပေ။ အမှောင်ထဲရှိ တစ်စုံတစ်ရာက သူ့နောက် လိုက်ပါနေသည်နှယ်ထင်နေရသည်။သူ၏ လက်ထဲမှ ဓားသည်ပင် သူ့အားလုံခြုံမှုမပေးနိုင်တော့ပေ။

“၄၃၄၃”

သူ့ဦးနှောက်ထဲတွင် လွန်စွာရှုပ်ထွေးနေ၏။ သော့ပေါ်မှ နံပါတ်ကိုသာ သူမှတ်မိတော့သည်။ ထိုမှလွဲ၍ အရာများစွာကို သူမေ့သွားပုံရသည်။ တစ်စုံတစ်ယောက်၏စွဲလမ်းမှုသည် ပိုအားကောင်းလေ တခြားအရာတို့က မှတ်ဉာဏ်ထဲမှ ပိုပျောက်ကွယ်သွားရန် လွယ်ကူလေဖြစ်သည်။ မေ့ပျောက်သွားသည့် မှတ်ဉာဏ်တို့ကို သယ်ဆောင်၍ အချိန်များ ကုန်လွန်သွားလေသည်။

အခန်းနံပါတ်တို့သည် ပိုင်ရှောင့်စိတ်ထဲတွင် တဖျတ်ဖျတ် ဖြတ်ပြေးသွားသည်။သူ၏ ဦးနှောက်သည် နံပါတ်များနှင့် ပြည့်နှက်နေပြီး သူ့မျက်လုံးများမှာ သွေးများဖြင့် နီရဲနေခဲ့နေသည်။ စွဲလမ်းမှုက တွန်းအားပေးနေပြီး အမည်မသိအရာက ပြေးလိုက်နေသည့်အတွက် သူ့နှလုံးသည် စိုးရိမ်မှုဖြင့် ခုန်ပေါက်နေတော့သည်။

“တွေ့ပြီ!”

သူမေ့သွားသည့် အရာများကို ဆင်ခြင်သုံးသပ်ရန်အချိန်ပင် မရှိလိုက်ဘဲ သူ့မျက်လုံးများက မလှမ်းမကမ်းရှိ အခန်းနံပါတ်ဆီသို့ဆွဲခေါ်ခံလိုက်ရသည်။ ၄၃၄၃ သည် သူနောက်ဆုံးမှတ်မိသည့်အရာ ဖြစ်သည်။ ပိုင်ရှောင်သည် တံခါးလက်ကိုင်ကို ဆုပ်ကိုင်၍ သော့ကို ထည့်လိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ သော့ပွင့်သံမြည်သွားသောအခါ ကမ္ဘာကြီးသည်လည်း ချာချာလည်သွားတော့သည်။ ပိုင်ရှောင်သည် သူ့နောက်မှ အားတစ်ခုက တွန်းလိုက်သည်ကို ခံစားလိုက်ရပြီး အခန်းထဲ လဲကျသွားသည်။ ဤနေရာတွင် တံခါးများသည် မတူညီသည့် အဓိပ္ပာယ်တစ်ခုရှိပုံရသည်။

တံခါးပိတ်သွားသည်နှင့် နောက်ဆုံးအဆင့်အိမ်မွေ့ချခြင်းပြီးဆုံးသွားသည်။ ပိုင်ရှောင် ကြမ်းပြင်မှ ကုန်းထလိုက်သည်။ သူ၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုနှင့် အနည်းငယ်သော ဆိုးယုတ်မှုစိတ်သာ ကျန်ရှိတော့သည်။

“ဓားတစ်လက်လား”

ပိုင်ရှောင်သည် သူ့လက်များကို စူးစမ်းလိုက်သည်။ သူသည် အနံ့ဆိုးထွက်နေသည့် ဓားတစ်ချောင်းကို ကိုင်ထားခြင်းဖြစ်သည်။ သူက သူရှိနေသည့် အခန်းကို တိတ်ဆိတ်စွာ စူးစမ်းလိုက်သည်။ အရာအားလုံးသည် သူအား အိမ်ရောက်နေသကဲ့သို့ ရင်းနှီးသည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။

“ခေါင်းကိုက်လိုက်တာ… ငါသောက်တာ အရမ်းများသွားတာလား ၊ငါ ဘာမှ မမှတ်မိတော့ဘူး…

“နေပါဦး…”

ပိုင်ရှောင် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။

“ဘာလို့ ဒီအခန်းထဲမှာ ဓာတ်ပုံတစ်ပုံတောင် မရှိတာလဲ”

ပိုင်ရှောင်က ဧည့်ခန်းပတ်လည်ကို ကြည့်လိုက်ပြီးနောက် သစ်သားစားပွဲဆီ လျှောက်သွားလိုက်သည်။ စားပွဲပေါ်တွင် ဆယ်စုနှစ်တစ်ခုခန့် သက်တမ်းရှိပြီဖြစ်သည့် လက်ဆောင်တစ်ခု ရှိနေလေသည်။ သွေးသေတ္တာပတ်လည်တွင် အနက်ရောင်နှင့်အဖြူရောင် ဖဲကြိုးနှစ်ခုဖြင့် ချည်နှောင်ထားသည်။ ၎င်းသည် ထူးခြား၏။ နှလုံးခုန်နေသည့် နှလုံးထဲမှ အဖြူအနက်မျက်လုံးတစ်စုံ ပေါက်နေသကဲ့သို့ ဖြစ်သည်။

“ဒါက ဘာလဲ”

ဤသေတ္တာသည် အခန်း၏ကျန်သည့်အရာများနှင့် မကိုက်ညီပေ။ ၎င်းသည် လူများ၏ အာရုံကို အလွယ်တကူ ဖမ်းစားနိုင်သည်။ ပိုင်ရှောင်က သေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာအတွင်းတွင် လှပသည့် လက်ကောက်တစ်ကွင်း ရှိနေ၏။လက်ကောက်ကို သူမြင်လိုက်သောအခါ သူ့စိတ်ထဲတွင် ပိုင်ချောင်းဟူသည့် နာမည်ပေါ်လာလေသည်၊

“ဒါက ငါ့ညီမရဲ့ လက်ကောက်ပဲ ၊ ဒါက ငါ့အတွက် လက်ဆောင်လား ၊ ဒါက ငါ့အတွက် အရေးအကြီးဆုံးအရာလား”

…

လူချမ်းသာရပ်ကွက်ရှိ အသေးဆုံးအခန်းအတွင်းတွင် စီဆန်းသည် မှန်ရှေ့တွင် ထိုင်နေရင်း စိတ်ရှုပ်ထွေးနေ၏။

“ငါ ဘာလို့ ဒီလိုဝတ်စားထားတာလဲ ၊ ဒါက ငါ့အိမ်လား ၊ ငါ့မိဘတွေကော ဘယ်မှာလဲ”

သူ့စိတ်ကား ဟာလာဟင်းလင်းဖြစ်နေလေသည်။စီဆန်း ဗိုက်ဆာလာသည်ကို ခံစားလိုက်ရသည်။ ဘာမှ စဉ်းစားမနေတော့ဘဲ မီးဖိုချောင်ဆီသို့ သူလျှောက်သွားလိုက်သည်။

“ဗိုက်ဖြည့်တာက ပိုအရေးကြီးတယ်”

သူတို့ ရေခဲသေတ္တာနား ရောက်ခါနီးတွင် ထမင်းစားပွဲပေါ်မှ အနီရောင် လက်ဆောင်သေတ္တာကို သတိထားမိလိုက်သည်။ ၎င်းသည် သူတို့ကို ဆွဲဆောင်နေလေသည်။

“ဒါက ငါ့အတွက် လက်ဆောင်လား”

စီဆန်းသည် နှစ်ရောင်ခြယ်ဖဲကြိုးကို ဖြည်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် လက်ဆောင်ထုပ်ကို ဖွင့်လိုက်သည်။ အတွင်းတွင် L - size အရွယ်အစားရှိသည့် ခရမ်းရောင်အမျိုးသမီးအတွင်းခံတစ်ထည် ရှိနေလေသည်။

စီဆန်းကား တုန်လှုပ်စွာဖြင့် ရပ်နေမိသည်။ ဤလက်ဆောင်နှင့်ပတ်သက်သည့် မှတ်ဉာဏ်တို့သည် သူ့စိတ်ထဲသို့ တဝေါဝေါဝင်ရောက်လာတော့သည်။

“ဒါက အပေါ်ထပ်က အိမ်နီးနားချင်းမိန်းမဆီက မဟုတ်လား ၊ သူ့သေဆုံးမှုက ငါ့အပေါ် အများကြီး သက်ရောက်ခဲ့ပြီး ငါ့အတွေးအခေါ်နဲ့ ကမ္ဘာကြီးအပေါ် ငါ့အမြင်တွေကို အများကြီး ပြောင်းလဲစေခဲ့တာကို ငါမှတ်မိတယ်”

အခန်းများအတွင်းမှ လူများသည် သူတို့အတွက် ကိုယ်ပိုင်ပြုလုပ်ထားသည့် လက်ဆောင်များကို ရရှိခဲ့ကြသည်။ လက်ဆောင်တစ်ခုစီသည် မတူညီကြသလို ဘယ်သူ ပြင်ဆင်ပေးထားသည်ကိုလည်း တစ်ယောက်မှ မသိကြပေ။

All Chapters