← Chapters

မှန်ကန်တဲ့ နေ့

Vol. 24 Ch. 354

မှန်ကန်တဲ့ နေ့

Vol. 24 Ch. 354

“ပထမဆုံးအချစ်(အချစ်ဦး)ဆိုတာ ဘာလဲ။ နှလုံးသားပေါ်က လတ်ဆတ်တဲ့ နှင်းစက်လေးလား။ ကြိုးမဲ့ စွန်တစ်ခုလား။ ဖြေရှင်းလို့မရတဲ့ သင်္ချာပုစ္ဆာလား။ ဒါမှမဟုတ် လက်ဆောင်ယူလာတဲ့ ဆွဲဆောင်မှုရှိပြီး ကြောက်စရာကောင်းတဲ့ သရဲမလား။”

ကောင်းမင်သည် သစ်သားစားပွဲကို မှီထား၏။ လျိုယီသည် တံခါးဝတွင် ရပ်နေလေသည်။ ဖန်လီသည် စိတ်ရှုပ်ထွေးစွာဖြင့် နှစ်ဦးကြားတွင် ရပ်နေရသည်။ သူသည် ဇာတ်ပို့တစ်ဦးလို ခံစားနေရသည်။

“လျိုယီ၊ မင်းက အရမ်း ရင့်ကျက်နေတာပဲ”

ကောင်းမင် စကားစပြောလိုက်ရာ ဖန်လီက သူ့ကို လက်သီးထိုးချင်သွားသည်။ ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်မျက်နှာကို တိုက်ရိုက်ကြီး ရင့်ကျက်တယ် (အသက်ကြီးတယ်)လို့ ဘယ်လိုပြောနိုင်ရတာလဲ။

တံခါးအား သော့ခတ်ထားသည်ကို အတည်ပြုပြီးနောက် လျိုယီသည်လက်ဆောင်သေတ္တာနှင့်အတူ အခန်းအတွင်းသို့ လျှောက်ဝင်လာလေသည်။ သူမ၏ အကြည့်သည် ကောင်းမင်အပေါ်တွင် အဆက်မပြတ် ရှိနေခဲ့သည်။

“ငါနင့်ကို ဖွင့်ပြောခဲ့ဖူးလား”

“မင်းက ကျောင်းပြင်ပက အနိုင်ကျင့်တဲ့သူတွေရဲ့ နှောင့်ယှက်ခြင်းကို ခံခဲ့ရတယ် ၊ ငါ မကြည့်ရက်နိုင်လို့ သူတို့ အနှောင့်အယှက်ပေးတာကို တားလိုက်တယ် ၊အဲဒီနောက်တော့ မင်းက ငါ့ကို ကျောင်းဆေးခန်းပို့ပေးတယ် ၊ မင်းက ငါ့အတွက် ပစ္စည်းတွေအများကြီး ဝယ်ပေးပြီး ငါ့ဘေးမှာ ရက်အနည်းငယ်ကြာအောင်နေဖို့ အတင်းအကျပ် တောင်းဆိုခဲ့တယ်”

ကောင်းမင် မျက်မှောင်ကြုတ်ပြီး

“ဒါပေမယ့် ငါ မင်းကို ပညာရေးကိုအာရုံစိုက်ဖို့နဲ့ ချစ်ကြိုက်တာမလုပ်ဖို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်”

လျိုယီသည် သည်းမခံနိုင်တော့ပေ။ သူမက စားပွဲပေါ်ရှိ ဒိုင်ယာရီနှစ်အုပ်ကို လှန်လှောကြည့်ပြီး စကားပြောခြင်းကို ရပ်လိုက်သည်။

“ဒါက ငါ့အတွက် လက်ဆောင်လား”

ကောင်းမင် အနီရောင်သေတ္တာကို ထိတော့မည့်အချိန်တွင် လျိုယီက သူ့ကို ရုတ်တရက် တားလိုက်သည်။

“ဘာလဲ”

“လက်ဆောင်က ငါ့ဟာပဲ”

လျိုယီသည် ရှေ့သို့လျှောက်လာပြီး ကောင်းမင်ရှေ့တွင် ရပ်လိုက်သည်။ သူမသည် မိတ်ကပ်ခပ်ပါးပါးလိမ်းခြယ်ထားပြီး သူမပတ်ဝန်းကျင်ရှိ အပူချိန်သည်နိမ့်နေ၏။ သူတို့နှစ်ဦးမှာ အလွန် နီးကပ်နေသဖြင့် ကောင်းမင်ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရသည်။ လျိုယီက သူ့နောက်လိုက်သည်။ သူမသည် သူ့မျက်နှာအား စိုက်ကြည့်လိုက်သည်။

“နင်က နင့်ကိုယ်ပိုင်လက်ဆောင် မရခဲ့ဘူးလား ၊ လူတိုင်းရဲ့ အခန်းတိုင်းမှာ သူ့ကိုယ်ပိုင်လက်ဆောင်တွေ ရှိသင့်တယ်”

“မင်း ဘာတွေ ပြောနေတာလဲ ၊ မင်းက ဆန်တာကလော့စ်လား”

ကောင်းမင်သည် ကျောင်းဝတ်စုံဝတ်ထားသော်လည်း ကျောင်းသားဆိုးတစ်ဦး ဖြစ်သည်။ သူသည် ရန်ပွဲများတွင် မကြာခဏ ပါဝင်တတ်သည်။ သို့သော်လည်း သူသည် လျိုယီကြောင့် အကြပ်အတည်းတွေ့နေရလေသည်။ ကောင်းမင်၏ နောက်ကျောသည် နံရံကို ထိသွားပြီး တစ်ခုခု သဘောပေါက်သွားသည်။

“မင်းက လျိုယီ မဟုတ်ဘူး ၊ မင်း ဘာလဲ”

“ငါ လျိုယီပဲ၊ ဒါပေမယ့် နင်က ငါရှာနေတဲ့ ကောင်းမင် မဟုတ်ဘူး”

လျိုယီ မျက်မှောင်ကြုတ်ပြီး ဖန်လီဘက်သို့ လှည့်သည်။

“ရှင်ဘာလို့ ဒီကိုရောက်နေတာလဲ”

ဖန်လီ ပါးစပ်ဟလိုက်သည်။ ကောင်းမင်က လျိုယီသည် သူ့အတန်းဖော်ဖြစ်ကြောင်း ပြောခဲ့သည်၊ ထို့ကြောင့် သူမသည် အခန်း ၁၃ ၏အဖွဲ့ဝင် ဖြစ်ပေရမည်။

“ကောင်းမင်က ကျုပ်ကို ဒီကိုလာဖို့ ပြောခဲ့တာ ၊ သူက ကျုပ်အသက်ကို ကယ်ခဲ့တယ် ၊ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သူ့ကိုကျုပ်ကူညီရမယ်”

“ဟန်ဟိုင်းမှာ ဒီလိုကြင်နာမှုမျိုး ရှိသေးတာလား”

လျိုယီသည် ဖန်လီကို စိုက်ကြည့်လိုက်သည်။

“ရှင့်ရဲ့ လက်ဆောင်က ဘယ်မှာလဲ”

“ဘာလက်ဆောင်လဲ”

ဖန်လီသည် အလွန်ပင်တိုင်ပျောက်နေသည်။

“ရှင့်သော့နဲ့ တံခါးကို ဖွင့်လိုက်ရင် အခန်းထဲမှာ လက်ဆောင်တစ်ခု တွေ့ရလိမ့်မယ် ၊ အဲဒါက ရှင့်ဘဝမှာ အရေးကြီးဆုံးအရာပဲ ၊ ရှင်သေရင်တောင် အဲ့တာကို မမေ့နိုင်ဘူး”

လျိုယီက သူမ၏သေတ္တာကို ကိုင်၍ကာကွယ်လိုက်သည်။

“ကျုပ်သော့ကို ကျုပ်အဖွဲ့သားတွေကို ပေးလိုက်တယ် ၊ ကျုပ် ကျုပ်အခန်းကိုတောင် မသွားရသေးဘူး”

ဖန်လီက ရိုးရိုးသားသား ပြောလိုက်သည်။

“ထွက်သွားပြီး ရှင့်ကိုယ်ပိုင်အခန်းကို ရှာပါ ၊ လက်ဆောင်နဲ့မှ ဒီထူးဆန်းတဲ့ ကမ္ဘာကနေ ကျွန်မတို့ ထွက်သွားနိုင်မယ်”

လျိုယီသည် အလေးအနက်ထား ပြောလိုက်သည်။

ခဏတာ စဉ်းစားပြီးနောက် ဖန်လီက ခေါင်းခါသည်။

“ကောင်းမင်က အခု ကျုပ်အကူအညီ လိုအပ်နေတယ် ၊ ကျုပ်ထွက်သွားဦးမှာ မဟုတ်ဘူး ၊ ကျုပ်လက်ဆောင်က တကယ်ပဲကျုပ်အခန်းထဲမှာရှိရင် ငါ့အဖွဲ့သားတွေက ကျုပ်အတွက် ဂရုစိုက်ပေးလိမ့်မယ်”

ဖန်လီ မည်မျှခေါင်းမာသည်ကို မြင်သောအခါ လျိုယီ တခြားဘာမှမပြောတော့ပေ။ သူမသည် ဒိုင်ယာရီနှစ်အုပ်ကို ကောင်းမင်၏အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။

“ဒီမူမမှန်မှုထဲကို ဝင်လာတဲ့လူတိုင်း သူတို့အခန်းထဲမှာ လက်ဆောင်တစ်ခုရလိမ့်မယ် ၊ ကောင်းမင်က လက်ဆောင် မရခဲ့ဘူး ၊ ဒါကြောင့် သူက မှန်ကန်တဲ့ ရွေးချယ်မှုမဟုတ်ဘူး ၊ သူက ကျွန်မတို့ ရှာနေတဲ့ နေ့မဟုတ်ဘူး။”

“ခင်ဗျား ဘာကို ဆိုလိုတာလဲ”

“ဒီမှာ အခန်းအားလုံးက နံပါတ် ၀၇၁၅တွေပဲ ၊ ဒိုင်ယာရီမှတ်တမ်းအရ ဒီနေ့က ဇူလိုင်လ ၁၄ ရက်ပဲ ၊ ညသန်းခေါင်ကျော်ရင် ၁၅ ရက် ဖြစ်လိမ့်မယ်”

လျိုယီနှင့် ကောင်းမင်သည် ဘတ်စ်ကားကို နှစ်ကြိမ်တိုင်တိုင် စီးနင်းခဲ့ပြီး ဖြစ်သည်။

“တရုတ်ပြက္ခဒိန်အရ အဲ့ဒီနေ့ဟာ ဆာလောင်တစ္ဆေပွဲတော်ပဲ”

“ဆာလောင်တစ္ဆေပွဲတော်လား”

“ကောင်းမင်ရဲ့ ဘဝမှာ အကြီးဆုံးပြောင်းလဲမှုက အဲဒီညမှာ ဖြစ်ခဲ့တာ ၊ သူ့ကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် သူ့ကိုအဲဒီရွေးချယ်မှုတွေကို ဆက်လုပ်ခိုင်းရမယ်”

လျိုယီသည် ဖန်လီကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။

“ကျွန်မတို့ အခန်းနှစ်ခန်းကို ဖယ်ရှားပြီးပြီ၊ ဒါပေမယ့် ဒါက မလုံလောက်သေးဘူး ၊ ကျွန်မတို့ အချိန် နည်းနေပြီ”

“မဟုတ်ဘူး ၊ မင်းဘာတွေ ပြောနေတာလဲ”

ကောင်းမင်သည် ၎င်းကို နားလည်ရန် ကြိုးစားသော်လည်း သူ စိတ်ရှုပ်ထွေးနေသည်။

“တစ်နည်းအားဖြင့် ငါတို့နှစ်ယောက်က အနာဂတ်ကလာတာပဲ ၊ တစ်ယောက်ယောက်က နင့်ကို ထိခိုက်စေချင်နေတယ် ၊ အခု နင် မှန်ကန်တဲ့ရွေးချယ်မှုတွေ လုပ်နိုင်အောင် ငါတို့ ကူညီမှဖြစ်မယ် ၊ ဒါမှ နင်က နင့်ရဲ့ မှန်ကန်တဲ့ပုံစံ ဖြစ်လာနိုင်မယ်”

လျိုယီသည် အေးစက်စွာ ပြောသည်။ သူမသည် ရွှမ်ဝမ်နှင့် မတူပေ။ သူမသည် သီးသန့်ဆန်၍ တိုက်ရိုက်ကျပြီး လူသားမဆန်သလောက် ဖြစ်သည်။

“အနာဂတ်က လာတာ…”

ကောင်းမင်၏ မျက်လုံးများတဖျတ်ဖျတ်ဖြစ်သွား၏။

“ဒါဆို မင်းက ဘာလို့အခုထိ ပြားချပ်ချပ်ဖြစ်နေသေးတာလဲ”

လျိုယီ၏ မျက်လုံးများ ဓားကဲ့သို့ ပြောင်းလဲသွားသည်ကို မြင်သောအခါ ဖန်လီသည် အမြန်ဆုံး အလယ်တွင် ဝင်ရပ်လိုက်သည်။

“သူက ခင်ဗျားရဲ့ နုပျိုမှုကို ချီးကျူးနေတာပါ ၊ ကျုပ်တို့ အရေးကြီးတဲ့ အရာတွေကိုပဲ အာရုံစိုက်သင့်တယ်”

ကော်ရစ်ဒါသည် တိတ်ဆိတ်နေ၏။ သုံးဦးသား တံခါးဝတွင် ကျပ်ညှပ်နေကြသည်။ ကောင်းမင်က မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။ သူသည် မတူညီသည့် စာမျက်နှာများတွင် မက်ဆေ့ချ်များ ရေးချလိုက်သည်။ ယေဘုယျမက်ဆေ့ချ်သည် ကျန်ကောင်းမင်များကို တံခါးများဖွင့်ရန်နှင့် သူတို့ အချင်းချင်း ကယ်ဆယ်နိုင်ရန် ဖြစ်သည်။

“ကျုပ်တို့ တစ်ချိန်တည်း ထွက်ကြမယ် ၊ ဒီစာရွက်တွေကို အခန်းတွေထဲ အတင်းထည့်ဖို့ ကြိုးစားပါ ၊ အချိန်ရရင် တံခါးတွေ ခေါက်လိုက်”

ဖန်လီက အချိန်ကို ရေတွက်၍တံခါးကို ဖွင့်လိုက်သည်။ မီးများ ပွင့်လာ၏။ သုံးဦးလုံး စာရွက်များကို တံခါးအောက်မှ ထိုးသွင်းပြီး တစ်မိနစ်ခန့်နီးပါးရှိသောအခါ အခန်းသို့ ပြန်လာကြသည်။ သူတို့သည် အခန်းအတွင်းတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းသော်လည်း ကော်ရစ်ဒါမှ အသံများ ထွက်မလာပေ။ ကျန်ကောင်းမင်များသည် စာရွက်ကို ဖတ်သော်လည်း တံခါးများကို ဖွင့်ရန်ငြင်းဆန်ကြပုံရသည်။

“ငါတိုင်းက ငါ့လိုမရဲရင့်ကြဘူးထင်တယ်”

ကောင်းမင်သည် သူ၏လက်လုပ်လက်နက်ကို ဆုပ်ကိုင်လိုက်သည်။

“သူတို့ တံခါးတွေမဖွင့်ရင် ကျွန်တော်တို့ တံခါးတွေကိုဖြိုချရင်ရော”

“နင်က နင်ကိုယ်တိုင်အပေါ် အရမ်း ရက်စက်တာပဲ”

လျိုယီသည် ရှေ့နေတစ်ဦး ဖြစ်သည်။ သူမသည် ထိုကဲ့သို့ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပေ။

“မှန်ကန်တဲ့ ရွေးချယ်မှုက ဘာလဲဆိုတာကို ငါမြင်ချင်ရုံပါပဲ”

ထို့နောက် သုံးဦးသား အခန်းမှ ထပ်မံထွက်လာကြသည်။ ဒီတစ်ကြိမ်တွင် ကောင်းမင်က လမ်းပြပေးသည်။ သူသည် အမှိုက်သိမ်းဌာနမှ ကောက်ယူလာသည့်ဘက်တံကို ကိုင်ဆောင်၍ သူ့ဘယ်ဘက်ရှိ တံခါးဆီသို့ ဦးတည်သွားလိုက်သည်။ သို့သော်လည်း သူမည်မျှပင် အားစိုက်ထုတ်သည်ဖြစ်စေ သာမန်ဖြစ်ပုံရသည့် သစ်သားတံခါးကို ဖွင့်မရပေ။

“ဒါက ဆိုးတာပဲ ၊ တံခါးတွေကို အတွင်းကနေမှ ဖွင့်လို့ရတာ!”

ကောင်းမင် အော်လိုက်သည်။

“ပိုင်ရှင်တွေမှပဲ တံခါးတွေကို ဖွင့်လို့ရတယ်!”

“ငါ စမ်းကြည့်မယ်!”

လျိုယီသည် ဘက်တံကို ဆွဲယူလိုက်သည်။ သူမ၏လက်မောင်းများမှာ ကြွက်သားများဖြင့် ဖောင်းကြွလာတော့သည်။ ဖန်လီနှင့် ကောင်းမင်သည် လျိုယီ ဘာတွေဖြတ်သန်းခဲ့ရလဲ မသိကြပေ။ သူမသည် သူတို့ထက် သန်မာပေသည်။ သူမသည် အင်အားအလွန်အကျွံသုံးလိုက်ရသဖြင့် ဘက်တံသည် ပုံသဏ္ဌာန်ပျက်လုနီးပါး ဖြစ်သွား၏။

“မရဘူး! ဒါက အလုပ်မဖြစ်ဘူး! သူတို့က သူတို့ဆန္ဒအလျောက် ထွက်လာမှ ဖြစ်မယ်!”

လျိုယီက ဘက်တံကို လွှတ်လိုက်သည်။

“မြန်မြန်! ပြန်သွားဖို့ အချိန်တန်ပြီ!”

ဖန်လီ တိုက်တွန်းသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ကော်ရစ်ဒါ၏အဆုံးပိုင်းမှ တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။

အသံသည် ရှင်းလင်းနေ၏။ ၎င်းသည် တံခါးအား ဦးခေါင်းဖြင့်တိုက်၍ တံခါးခေါက်နေသကဲ့သို့ ဖြစ်သည်။

“တံခါးခေါက်သံက အဲဒီက လာတာလား”

ဖန်လီသည် ကော်ရစ်ဒါကို ကြည့်ရင်း အံ့အားသင့်သွားသည်။ ဂါထာမန္တန်များ ဖုံးအုပ်ထားသည့် တံခါးသည် တုန်ခါနေလေသည်။

“အဲဒီအခန်းထဲက ကောင်းမင်က ထွက်လာချင်နေတာပဲ!”

All Chapters