← Chapters

သာမန်အဖြစ်ဆုံး ငါ

Vol. 24 Ch. 355

သာမန်အဖြစ်ဆုံး ငါ

Vol. 24 Ch. 355

ကောင်းမင်သည် ကော်ရစ်ဒါသို့ သွားချင်နေသော်လည်း ဖန်လီက သူ့ကို ပြန်ဆွဲလိုက်သည်။

“ငါတို့ အရင်ဆုံး ပြန်ဝင်ရမယ်!”

“အဲဒီအခန်းထဲက ကောင်းမင်က အကူအညီတောင်းနေတာလေ! သူ ထွက်လာချင်နေတာ!”

“အလျင်စလို မဆုံးဖြတ်နဲ့! အဲဒီအခန်းထဲမှာ ကောင်းမင်မဟုတ်ဘဲ သရဲဖြစ်နေရင်ရော”

လျိုယီက ကောင်းမင်၏ ပခုံးများကို ဖိထားလိုက်သည်။

“သရဲလား”

သုံးဦးသား အခန်းထဲ ပြန်ဝင်လာကြသည်သည်။ လျိုယီ တံခါးပြန်ပိတ်လိုက်သည်။ အပြင်ဘက်မှ အသံ ပျောက်ကွယ်သွားပြီးမှသာ သူမစကားပြောဝံ့တော့သည်။

“ကောင်းမင်တိုင်းဟာ ထူးခြားတယ် ၊ သူ့ဘဝက အဆုံးမဲ့ရွေးချယ်မှုတွေနဲ့ ဖွဲ့စည်းထားတာ ၊ အဲဒီ ရွေးချယ်မှုတွေကပဲ သူ့ရဲ့အစစ်အမှန် ပုံစံကို ဖြစ်စေတာ”

သူ့အိတ်ကို ကိုင်ထားရင်း ကောင်းမင်သည် လျိုယီပြောသည်များကို စဉ်းစားနေ၏။

“နင့်ကို ထိခိုက်စေချင်တဲ့သူက နင့်ရဲ့ မှတ်ဉာဏ်ကို ဇူလိုင်လ ၁၄ ရက်နေ့မှာ ခဲထားခဲ့တာကြောင့် နင်အခုလို ဖြစ်နေတာပဲ ၊ ဒီနေ့က နင့်ဘဝပြောင်းလဲသွားတဲ့နေ့ပဲ ၊ နင့်ကို ထိခိုက်စေလိုသူတွေအတွက် ဒါက အမှားအားလုံးကို ပြင်ဆင်ဖို့ အခွင့်အရေးပဲ”

လျိုယီသည် သူမ၏ ခွဲခြမ်းစိတ်ဖြာမှုကို မျှဝေခဲ့သည်။

“မတူညီတဲ့ ရွေးချယ်မှုတွေအရ နင်ဟာကျောင်းကနေ ထုတ်ပယ်ခံရနိုင်တယ် ဒါမှမဟုတ် ကိုယ့်ကိုကိုယ် သတ်သေနိုင်တယ်။ ဒါကြောင့် နင်သရဲ ဖြစ်သွားနိုင်တဲ့ ဖြစ်နိုင်ခြေလည်း ရှိတယ်”

ဖန်လီသည် ဤအဆောက်အအုံတွင် သရဲခြောက်နေသည်ဟု ပြောခဲ့သည်။ ကောင်းမင်လည်း သရဲကို အစောပိုင်းက မြင်ခဲ့ရသည်။ သရဲ၏ခန္ဓာကိုယ်မှ လက်ချောင်းများ ထွက်နေခြင်းမှာ ကြောက်စရာကောင်းလှသည်။

“သရဲဖြစ်နေရင်တောင် ငါပဲ မဟုတ်ဘူးလား ၊ ငါရဲ့ နောက်ထပ်ဗားရှင်းကို ငါသတ်နိုင်မလား”

ကောင်းမင် စိတ်လှုပ်ရှားလာခဲ့သည်။

“သူနဲ့ ပူးပေါင်းပြီး ကျန်တဲ့သရဲတွေကို တွန်းလှန်နိုင်မယ်ထင်တယ်!”

လျိုယီ သူမ၏နဖူးကို ဖိထားမိသည်။ ဒီကောင်းမင်က ဘာကိုမှ မကြောက်ပုံရသည်။ သူသည် အလျင်စလိုနိုင်ပြီး ဦးနှောက်ကို အသုံးပြုခြင်းမရှိပေ။

“သူက ဘယ်သူ့ကိုမှ မမှတ်မိဘဲ နင့်ကိုပါ သတ်လိုက်ရင်ရော”

“ဒါဆို ငါက နောက်ထပ် သရဲတစ်ကောင်ဖြစ်မသွားဘူးလား ၊ ငါသရဲကို ဘယ်တော့မှ မကြောက်တော့ဘူးလေ”

ကောင်းမင်သည် သေခြင်းကို ဂရုမစိုက်ပုံရပေ။ သရဲများ ရှိနေခြင်းကို သိလိုက်ရသောအခါ သူပို၍ စိတ်အားထက်သန်လာလေသည်။

“ကြွက်တစ်ကောင်လို ပုန်းနေမယ့်အစား သူတို့နဲ့ ဘာလို့မပူးပေါင်းရမှာလဲ”

ထိုသို့သောစကားမျိုးကို အထက်တန်းကျောင်းသားတစ်ဦးထံမှ ကြားရသောအခါ ဖန်လီ အံ့အားသင့်သွားသည်။

“နင်က နင်သေပြီးရင် သရဲဖြစ်နိုင်မယ်လို့ ထင်တယ် ၊ ဒါပေမယ့် နင်သေတာနဲ့ တခြားသရဲတွေရဲ့ စားတာခံရဖို့ အခွင့်အရေးအများဆုံးပဲ”

လျိုယီ မျက်မှောင်ကြုတ်လိုက်သည်။ သူမက အနီရောင်ကျောင်းသားကောင်စီ တံဆိပ်တစ်ခုကို ထုတ်လိုက်သည်။

“ဂါထာမန္တန်တွေရှိတဲ့ အခန်းက ဒီကနေတော်တော်ဝေးတယ် ၊ ငါတို့မှာ အချိန်သိပ်မရှိဘူး ၊ နင်တကယ် အဲဒီကိုသွားချင်နေတယ်ဆိုရင် ဒီတံဆိပ်ကို ဝတ်ထားပါ”

“ဒါက ဘာလဲ”

“ဒီတံဆိပ်ထဲမှာ သရဲတစ်ကောင်ပုန်းနေတယ်”

လျိုယီက ယင်းသည် ပုံမှန်အရာတစ်ခုလိုမျိုးကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“နင် ဒီတံဆိပ်ကို ဝတ်လိုက်တာနဲ့ သက်ရှိလူသားအဖြစ် အမြင်မခံရတော့ဘူး ၊သရဲတွေက နင့်နောက် လိုက်လာတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် နင်သူတို့ဆီ ချဉ်းကပ်ပြီး သူတို့ရဲ့ ပစ်မှတ်ဖြစ်သွားရင်တော့ နင်တိုက်ခိုက်ခံရဦးမှာပဲ”

“တံဆိပ်တစ်ခုပဲ ရှိတယ် ၊ မင်း ငါ့ကို ပေးဖို့ဆန္ဒရှိတာလား”

ကောင်းမင်၏မှတ်ဉာဏ်ထဲရှိ လျိုယီသည် သူ့ရှေ့က တစ်ဦးနှင့် အလွန်ကွာခြားပေသည်။

“နောက်ဆုံးအခန်းထဲမှာ ဘာရှိလဲ ငါမသိဘူး ၊ ဒါပေမယ့် ကောင်းမင်ရဲ့လက်ဆောင် ဘယ်မှာလဲဆိုတာတော့ ငါသိမှဖြစ်မယ် ၊ ဒါကြောင့် အဆုံးမှာ ငါအဲဒီအခန်းထဲ ဝင်ရမှာပဲ”

လျိုယီက တံဆိပ်ကို ပစ်ပေးလိုက်သည်။

“နင် ငါ့ကို ကူညီဖို့ဆန္ဒရှိရင် ကျေးဇူးတင်ပါတယ်”

“ကောင်းပြီလေ ၊ ငါ သွားကြည့်လိုက်မယ်”

ကောင်းမင် တံဆိပ်ကိုဝတ်ဆင်လိုက်သည်။ သူသည် ဖန်လီ၏ဖြောင်းဖျမှုကို လျစ်လျူရှု၍ အိတ်နှင့် လက်နက်ကို သယ်ဆောင်ကာ အခန်းမှ ထွက်လိုက်သည်။ ကော်ရစ်ဒါသည် ကောင်းမင်အား ယခင်က ခံစားရသည့်ခံစားချက် (ဟောင်းနွမ်းပြီး ညစ်ပတ်)ကိုပေးစွမ်းနေသည်။ နံရံပေါ်တွင် အမည်းစွန်းများ ကျန်ရှိနေသည်။ ကောင်းမင်သည် ချမ်းသာသည့် မိသားစုမှ မဟုတ်ပေ။ သူသည် မြို့ဟောင်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရခြင်းဖြစ်သည်။

မီးများ မှိန်ဖျော့နေ၏။ ကောင်းမင်သည် တံခါးများကို ဖြတ်လျှောက်လာခဲ့သည်။ ဂါထာမန္တန်များရှိသည့် တံခါးနားသို့ သူပိုမို နီးကပ်လာသည်နှင့်အမျှ သူ၏ နှလုံးခုန်နှုန်းမှာ ပိုမြန်လာခဲ့သည်။ သူ မိမိကိုယ်ကို တည်ငြိမ်အောင် အတင်းအကျပ်လုပ်နေသော်လည်း သူ၏နဖူးမှ ချွေးများ စီးကျလာလေသည်။

“ငါ ရောက်ပြီ…”

တစ်စုံတစ်ရာ ချဉ်းကပ်လာသည်ကို သူခံစားရသည်။ တံခါးခေါက်သံသည် ပို၍ ထင်ရှားလာခဲ့သည်။ ကောင်းမင်သည် ဂါထာမန္တန်များစွာကို ကြည့်လိုက်သည်။ ၎င်းသည် သူ့ကို ကြည့်နေသည့် မျက်လုံးများကဲ့သို့ ခံစားနေရသည်။

“မင်း ဘာရွေးချယ်မှု လုပ်ခဲ့တာလဲ ၊ ဘယ်လိုလုပ် ဒီလို ဖြစ်လာတာလဲ”

ကောင်းမင် တံခါးလက်ကိုင်ကို ကိုင်လိုက်သည်။ သူ တံခါးဖွင့်မရပေ။ သူ သူ၏သော့ကို ထုတ်လိုက်သော်လည်း အံမဝင်ခဲ့ပေ။ တုန်ယင်နေသော လက်ချောင်းများဖြင့် ကောင်းမင်သည် တံခါးပေါ်မှ အဆောင်မန္တန်တစ်ခုကို ခွာယူရန် သူ၏လက်ကို မြှောက်လိုက်သည်။ အဝါရောင် ဂါထာမန္တန်သည် အနီရောင်သင်္ကေတများဖြင့် ဖုံးအုပ်ထား၏။ ကောင်းမင်သည် ရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး ချောင်းကြည့်ပေါက်မှတဆင့် ကြည့်လိုက်သည်။

…

“Happy birthday to you. Happy birthday to you…”

သေးငယ်သည့် အခန်းအား သပ်ရပ်စွာ စီစဉ်ထားသည်။ ပရိဘောဂများသည် ဈေးမကြီးသော်လည်း အလွန်ပင် အိမ်ဆန်လှသည်။

ကျောင်းဝတ်စုံနှင့်ကောင်းမင် ပန်းကန်နှစ်ချပ်ကို မီးဖိုချောင်မှ ထုတ်ယူလာခဲ့သည်။ သူက ၎င်းတို့ကို ကိတ်မုန့်ဘေးတွင် ထားလိုက်သည်။ ထို့နောက် ရေခဲသေတ္တာမှ ကိုကာကိုလာပုလင်းတစ်လုံးကို သူထုတ်ယူလိုက်သည်။

“အမေနဲ့အဖေက အချိန်ပို ဆင်းနေကြတယ် ၊ ငါ တစ်ယောက်တည်း ထပ်ဖြစ်ပြန်ပြီ”

ကောင်းမင်က တယ်လီဗေးရှင်းကို ဖွင့်လိုက်သည်။ သူက ယင်းကို တကယ်မကြည့်ပေ။ ထိုသို့ဖွင့်ထားမှသာ ပိုအသက်ဝင်သည်ဟု သူခံစားရသောကြောင့်ဖြစ်သည်။

ကောင်းမင် ညစာကို တဖြည်းဖြည်စားသောက်လိုက်သည်။ သူ ကိတ်မုန့်တစ်ချပ်ကို လှီးယူလိုက်သည်။ ကိတ်မုန့်ကို ဝါးနေစဉ် ထမင်းစားပွဲ၏တစ်ဖက်ခြမ်းရှိ ကြီးမားသည့် အနီရောင်လက်ဆောင်သေတ္တာကို သူစိုက်ကြည့်လိုက်သည်။ သေတ္တာတွင် အနက်ရောင်နှင့်အဖြူရောင် ဖဲကြိုးများ ရှိလေသည်။

“ဒါက ငါ့အတွက် အမေနဲ့အဖေရဲ့လက်ဆောင်လား ၊ ဒါပေမယ့် ငါ့မွေးနေ့ မဟုတ်ဘူးလေ ၊ ဘာလို့ ကိတ်မုန့်နဲ့လက်ဆောင် ရှိနေရတာလဲ”

မျှော်လင့်ချက်၊ စိတ်ရှုပ်ထွေးမှုနှင့်အတူ ကောင်းမင်သည် သေတ္တာဆီသို့ ချဉ်းကပ်လိုက်သည်။ သူ သေတ္တာကို ဖွင့်တော့မည့်အချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

“ဒီလောက် ညဉ့်နက်ကြီးမှာ ဘယ်သူလာလည်တာလဲ”

သူချောင်းကြည့်ပေါက်မှတဆင့် ကြည့်လိုက်သည်။ ကော်ရစ်ဒါတွင် လူများလှုပ်ရှားနေလေသည်။ မီးရောင်မကောင်းသောကြောင့် သူရှင်းရှင်းလင်းလင်း မမြင်ရပေ။

“သုံးယောက်ရှိပုံရတယ် ၊ ကျောင်းသားက ငါတို့ကျောင်းဝတ်စုံ ဝတ်ထားတာပဲ ၊ နောက်ကျောကနေ ကြည့်ရင် ငါနဲ့တူလိုက်တာ… ထူးဆန်းတယ် ၊ ငါ့ကိုယ်ငါ နောက်ကျောကနေ ဘယ်လိုပုံပေါက်လဲဆိုတာ ငါဘယ်လို သိတာပါလိမ့်”

မကြာမီ စာရွက်တစ်ရွက်သည် တံခါးအောက်မှ ထိုးသွင်းလာသည်။

ကောင်းမင်သည် စာရွက်ကို ကောက်ယူရင်း သူ၏မျက်လုံးများ မှေးကျဉ်းသွားသည်။

“လက်ရေးက ငါ့လက်ရေးပဲ!”

ပါဝင်သည့် အကြောင်းအရာသည် ကောင်းမင်အား တုန်လှုပ်သွားစေသည်။ အပြင်က လူများ ရူးနေကြသည်ဟု သူသံသယရှိသွားသည်။

“ကော်ရစ်ဒါမှာ သရဲခြောက်နေတယ်တဲ့လား ၊ ငါ သူတို့ကို ယုံရမှာလား”

သူသည် ဘဝ၏လမ်းဆုံတစ်ခုသို့ ထပ်ရောက်လာခြင်းဖြစ်သည်။ မတူညီသည့် လမ်းကြောင်းများသည် မတူညီသည့် အနာဂတ်များကို ဦးတည်စေသည်။

“ငါ အမေနဲ့အဖေ ပြန်လာတာကို စောင့်ရင်း အိမ်မှာနေသင့်လား၊ ဒါမှမဟုတ် သူတို့နဲ့ စကားပြောသင့်လား”

ခဏတာ စဉ်းစားပြီးနောက် သူတံခါးကို အနည်းငယ် ဖွင့်လိုက်သည်။ သူ ထိုသို့လုပ်လိုက်သည့်အခိုက်တွင် ကော်ရစ်ဒါရှိ မီးများ ပိတ်သွားလေသည်။ အရုပ်ဆိုးပြီး လက်ချောင်းများစွာပါသည့် ဧရာမမကောင်းဆိုးဝါးတစ်ကောင်သည် ကော်ရစ်ဒါကို ကွေ့ပတ်ကာ သူ့ထံသို့ ဦးတည်ပြေးဝင်လာနေလေသည်။

ကောင်းမင်သည် သူ၏ဘဝတွင် ထိုသို့သော ထိတ်လန့်မှုကို မခံစားခဲ့ရဖူးပေ။ သူ အလွန် ကြောက်လန့်သွားသဖြင့် ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူ အလိုအလျောက် တံခါးကို ပိတ်ပစ်လိုက်သည်။

သူ၏ မျက်နှာမှာ ဖြူဖျော့နေခဲ့သည်။ သူသည် အလွန်ကြောက်လန့်နေသဖြင့် စကားပင် မပြောနိုင်ဖြစ်သွားရသည်။

သူသည် အနိုင်ကျင့်မခံရ၊ ကျောင်းမှ ထုတ်ပယ်မခံရ သို့မဟုတ် စိတ်ရောဂါ မခံစားရပေ။ သူသည် လက်ဆောင်ကို ရရှိခဲ့သည့် သာမန်အဖြစ်ဆုံး ကောင်းမင်ဖြစ်သည်။

All Chapters