← Chapters

ဝင်ခဲ့

Vol. 24 Ch. 358

ဝင်ခဲ့

Vol. 24 Ch. 358

ထိုအခိုက်အတန့်၌ ကော်ရစ်ဒါအပြင်ဘက် ခြေသံများထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်က သူ့အခန်းတံခါးသို့ ရောက်လာပြီး တံခါးပေါ်ရှိ အဆောင်စာရွက်များကို စတင်ဆုတ်ဖြဲလေသည်။ ထိုအသံကို ကြားသောအခါ ကောင်းမင်သည် တံခါးကို ပို၍ပြင်းပြင်းဆောင့်လိုက်သည်။ သံကြိုးများထက် အဆောင်စာရွက်များက ကောင်းမင်အား ပို၍ပင် သက်ရောက်မှုရှိနေသည်။ အဆောင်စာရွက်များ ဆုတ်ဖြဲခံရသည်နှင့်အမျှ သော့သည် တုန်ခါလာပြီး ထိုအိုဟောင်းသောတံခါးသည်လည်း လျော့ရဲလာတော့သည်။

အပြင်လူ၏နှောင်ကြိုးတစ်ခုအရ သို့မဟုတ် အမှားတစ်ခုကြောင့်ပင်ဖြစ်ပါစေ ထိုသူသည် ဘတ်တံတုတ်ကို တံခါးအဟအကြားမှ ထိုးသွင်းလိုက်သည်။ သံချေးတက်နေသော ဘက်တံတုတ်ကို ဖမ်းဆွဲလိုက်ပြီးနောက် ကောင်းမင်သည် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ့အဘွား၏ အိပ်ခန်းတံခါးသည် ပွင့်လျက်ရှိနေပြီး အနီရောင်ဝတ်စုံဝတ် အလောင်းသည် သူမ၏ကုလားထိုင်မှ ထွက်ခွာသွားဟန်တူသည်။ မျက်နှာကျက်အား ဖုံးလွှမ်းနေသော အနီရောင်ကြိုးမျှင်များက လှုပ်ယမ်းနေခဲ့သည်။ ခေါင်းလောင်းငယ်များသည် တစ်ခုနှင့်တစ်ခု ရိုက်ခတ်လို့နေသည်။ ကောင်းမင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူသည် စူးရှရှအနံ့ဆိုးကို ရှူရှိုက်မိလိုက်ပြီး အိပ်ခန်းတံခါးဝတွင် သူ့အဘွား၏ ခရမ်းရောင်သန်း၍ ဖူးယောင်နေသော မျက်နှာကြီးကို သူမြင်လိုက်ရသည်။ ခေါင်းလောင်းသံများ ကျယ်လောင်စွာ မြည်ဟည်းလာတော့သည်။ ဆန်ဖြူများပေါ်တွင် စိုစွတ်သော ပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ခုသည် လေးဖက်ထောက်၍ သူ့ဆီသို့ တွားသွားလာနေခြင်းဖြစ်သည်။

မဆိုင်းမတွပင် ကောင်းမင်သည် ထိုဘက်တံတုတ်ကို သော့ပေါက်လောက်ထဲသို့ ထိုးသွင်းလိုက်၏။ အက်ကွဲသံတစ်ခုနှင့်အတူ တံခါးသည် နောက်ဆုံး၌ ပွင့်သွားတော့သည်။ အချိန်ဖြုန်းမနေဘဲ စာလုံးများ ဖုံးနေသော ကောင်းမင်သည် အပြင်သို့ အလျင်အမြန် ပြေးထွက်လိုက်သည်။ သူသည် တံခါးအပြင်ဘက်တွင် ရပ်နေသောသူနှင့် တိုက်မိသွားသည်။

"တံခါးပိတ်လိုက်!"

တံခါးပိတ်သွား၏။ ကောင်းမင်သည် ဘက်တံတုတ်ကို ကိုင်လျက် မော့ကြည့်လိုက်သည်။ မျက်နှာချင်းဆင်တူသော လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်နေကြလေသည်။

"ကောင်းမင်လား"

"ပြေး!"

စာလုံးများပါသော ကောင်းမင်သည် အပြင်ဘက်မှရောက်လာသော ကောင်းမင်ကို ဆွဲခေါ်လိုက်သည်။ ဖန်လီက သူတို့အား အဝေးမှ လက်ပြလိုက်သည်။ သူတို့ထဲမှ အချို့သည် ပထမဆုံးအခန်းထဲသို့ ပြန်ဝင်၍ ပုန်းအောင်းလိုက်ကြသည်။

"ဘာတွေ ဖြစ်နေတာလဲ"

အပြင်ထုတ်ခံခဲ့ရသော ကောင်းမင်က အခြားသူ့ကိုယ်သူအား မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေသည်။

"ငါ့ကိုယ်ငါ အဆိုးဆုံးပုန်ကန်တတ်တဲ့ကောင်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် မှားသွားပြီ၊ မင်းတစ်ကိုယ်လုံးမှာ ဆေးမင်ကြောင်တွေချည်းပဲ ၊ မင်းမိဘတွေက ဘာမှမပြောဘူးလားဟ"

"ငါ့မိဘတွေက ငါငယ်ငယ်လေးကတည်းက ပျောက်ဆုံးသွားတာ ၊ ငါ့ကို အဘွားက မွေးစားခဲ့တာ"

"အခန်း ၀၇၁၅ အားလုံးထဲမှာ နင်က အထူးခြားဆုံးပဲ"

လျိုယီသည် စာလုံးများပါသော ကောင်းမင်ရှေ့တွင် ရပ်လိုက်သည်။

"နင် ဘာလက်ဆောင် ရလိုက်လဲ"

"လက်ဆောင်"

"နင့်အခန်းထဲမှာ ဘာရှိလဲ"

လျိုယီက သံသယဖြစ်နေ၏။

"ကျွန်တော့်အဘွားရဲ့ အလောင်းရှိတယ် ၊ သူက အဲ့ဒီဆရာကြီးကို သူ့ဘဝနဲ့ရင်းပြီး ယုံကြည်ခဲ့တာ ၊ နောက်ဆုံးတော့ သူ့ဘဝကို ပေးအပ်ပြီး သရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့တာပဲ"

ကောင်းမင် ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ သူသည် တစ်ယောက်တည်း အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့သဖြင့် စကားပြောဆိုမှုများက သူ့အတွက် အသစ်အဆန်းလို ဖြစ်နေလေသည်။

"နင့်ရဲ့ အခြားဗားရှင်းတွေအားလုံးက တစ်ကိုယ်တည်းပဲ ၊ နင့်မှာ ဘာလို့ အဘွားရှိနေရတာလဲ"

လျိုယီသည် အချိန်မဖြုန်းတော့ဘဲ မတူညီသော ဒိုင်ယာရီစာအုပ်များကို ထုတ်၍ အခြေအနေကို ကောင်းမင်အား ပြောပြလိုက်သည်။ လျိုယီ၏ စကားများကို နားထောင်ပြီးနောက် စာလုံးများ ဖုံးအုပ်ထားသော ကောင်းမင်သည် ရှုပ်ထွေးသော အမူအရာ ဖြစ်ပေါ်လာခဲ့သည်။ သူသည် လူတိုင်းနှင့် အချက်အလက်များ ဖလှယ်ခဲ့ပြီး အားလုံးကိုနားလည်နိုင်စေရန် ငါးမိနစ် အချိန်ယူလိုက်ရသည်။

"အခြားအခန်းတွေထဲမှာ တခြားကောင်းမင်တွေပဲ ရှိကြတယ်၊ ဒါပေမယ့် ကျွန်တော့်အခန်းထဲမှာတော့ အဘွားတစ်ယောက် ရှိနေတယ်..."

မှတ်ဉာဏ်အပိုင်းအစများ သူ့ခန္ဓာကိုယ်ထဲ ပေါ်လာသည်နှင့်အမျှ ကောင်းမင်သည် သူ့ရင်ဘတ်ကို ဖိကိုင်လိုက်သည်။ သူ့တွင် ခန့်မှန်းချက်တစ်ခု ရှိလာခဲ့သည်။

"ကျွန်တော်က အနာဂတ်မှာ အင်မတန် ကြောက်စရာကောင်းလာပြီး အသန်မာဆုံး ခြောက်ခြားဂိမ်းကစားသမား ဖြစ်လိမ့်မယ်လို့ သူတို့ ပြောခဲ့ကြတယ် ၊ ဒါက ကျွန်တော့်မှာရှိတဲ့ မှတ်ဉာဏ်အပိုင်းအစတွေနဲ့ ကိုက်ညီနေတယ်"

"မင်းမှာ တခြားမှတ်ဉာဏ်တွေ ရှိသေးတာလား"

အပြင်ထုတ်ခံရသော ကောင်းမင်သည် မျက်လုံးပြူးသွားသည်။ သူတို့နှစ်ဦးလုံးက ကောင်းမင်တွေ ဖြစ်ကြပေမယ့် ဘာလို ဒီလောက် ကွဲပြားနေရတာတာလဲ။ ဆုတောင်းစာများ ဖုံးအုပ်နေသော ကောင်းမင်သည် ခေါင်းညိတ်ပြီး

"မှတ်ဉာဏ်အပိုင်းအစတွေက ကျွန်တော့်အသားထဲမှာ စိုက်ဝင်နေတဲ့ ဖန်ကွဲစတွေနဲ့တူတယ် ၊ အဲ့တာတွေက တစ်ခါတလေ ကျွန်တော့်ကို စူးစူးနေတယ်"

သူ စဉ်းစားပြီး ဆက်ပြောသည်။

"အဲဒီအပိုင်းအစတွေကို ဆက်စပ်ကြည့်ရင်တော့ ဒီလိုဖြစ်နေတယ်... ခြောက်ခြားဂိမ်းကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်က ထာဝရဘဝအိမ်ရာထဲကို ဝင်ခဲ့တယ်။ အဲဒီမှာ နတ်ဘုရားနှစ်ပါး ပုန်းကွယ်နေတယ် ၊ နတ်ဘုရားတစ်ပါးက ကျွန်တော့်အသားတွေကို အဆိုးဝါးဆုံး အနာဂတ်မှာချိတ်ပိတ်ခဲ့ပြီး နောက်တစ်ပါးကတော့ ကျွန်တော့်မှတ်ဉာဏ်နဲ့ စိတ်ဝိညာဉ်ကို ဆုတ်ဖြဲခဲ့လို့ အတိတ်မှာ ကျွန်တော်လမ်းပျောက်နေခဲ့ရတယ်"

"ကြောက်စရာပဲကွာ"

ဖန်လီသည် မူမမှန်ဖြစ်ရပ်များကို ကျော်ဖြတ်ခဲ့ဖူးသော်လည်း ဒီလောက်ဆိုးရွားစွာ ပစ်မှတ်ထားခြင်းတော့ မခံခဲ့ရဖူးပေ။

"ငါတို့ မင်းဘယ်လို ကူညီနိုင်မလဲ"

"ဘဝဆိုတာက အဆုံးမရှိတဲ့ ရွေးချယ်မှုတွေနဲ့ ဖွဲ့စည်းထားတာ ၊ ဒီကောင်းမင်နဲ့ ကျွန်တော်တို့က မှားယွင်းတဲ့ လမ်းကြောင်းတွေကို ရွေးချယ်မိခဲ့ပုံရတယ် ၊ ကျွန်တော်ဟာ ကိုယ့်ရဲ့ အသန်မာဆုံးဗားရှင်း ဖြစ်လာချင်တယ်ဆိုရင် ဒီအချိန်ကစပြီး မှန်ကန်တဲ့ ဇာတ်ညွှန်းအတိုင်း လိုက်နာရမယ် ၊ ဒါမှမဟုတ်ရင် အမြဲတမ်း မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်မယ့် ကောင်းမင်ရဲ့ ဗားရှင်းတစ်ယောက်ကို ရှာရလိမ့်မယ်!"

ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဆုတောင်းစာများသည် ကောင်းချီးမင်္ဂလာများနှင့်ကျိန်စာများကဲ့သို့ ဖြစ်နေ၏။ ကောင်းမင်ကို စိုက်ကြည့်ရင်း လျိုယီက တွေးဆလိုက်သည်။

"နောက်ဆုံးအခန်းမှာ အဘွားဆိုတဲ့ ဇာတ်ကောင်အသစ်တစ်ယောက် ရှိနေတယ် ၊သူကိုးကွယ်တဲ့ နတ်ဘုရားက အတိအကျဘာလဲကို နင်သိလား"

ကောင်းမင် ခေါင်းခါလိုက်သည်။

"သူတို့ကို 'ဆရာကြီး' နဲ့ 'သူ့နတ်ဘုရား' လို့ ခေါ်တာပဲ သိတယ်"

"နာမည်နှစ်ခုက မတူညီတဲ့ နတ်ဘုရားတွေကို ကိုယ်စားပြုတာလား"

လျိုယီက ကောင်းမင်မျက်နှာကို ကိုင်လိုက်သည်။ သူတို့သည် အလွန်နီးကပ်နေကြသည်။

"ငါ ထင်တာကတော့ အဘွားက နတ်ဘုရားနှစ်ပါးရဲ့ အသွင်သဏ္ဌာန်ဖြစ်ပြီး နင်က ကောင်းမင်ရဲ့ အသားဗားရှင်းပဲ ၊ နင့်အဘွားက နင့်ကိုကူညီတယ်ဆိုတဲ့ နာမည်နဲ့ ညှဉ်းပန်းနှိပ်စက်နေတာ၊ သူက နင့်ကို အိမ်ထဲမှာ ပိတ်ထားပြီး အပြင်မထွက်ဖို့ တားမြစ်ထားခဲ့တာ ၊ နင် တကယ်လို့ ခုနစ်ရက်ကြာအောင် အိမ်မှာနေခဲ့ရင် ဘယ်တော့မှ ပြန်ထွက်နိုင်တော့မှာ မဟုတ်ဘူး"

လျိုယီသည် နာရီကို လက်ညှိုးထိုးပြလိုက်သည်။

"နင် သတိထားမိလား ၊ အခန်းတိုင်းမှာ အလုပ်လုပ်နေတဲ့ နာရီတစ်လုံးစီ ရှိနေတယ် ၊ အချိန်က ဒီမူမမှန်ဖြစ်ရပ်အတွက် အရေးပါတဲ့ ကိရိယာပဲ!"

"အခန်း ၁၃က လူတစ်ယောက်ဆိုတော့ မဆန်းပါဘူး၊ မျှော်လင့်ထားတဲ့ အတိုင်းပဲ"

ဖန်လီသည်ပင် ထိုအခြင်းအရာကို သတိမထားမိခဲ့ပေ။

"အခု ကျုပ်တို့ ဘာလုပ်သင့်လဲ"

"ကောင်းမင်နဲ့ ကျွန်မက အတန်းဖော်တွေပဲ ၊ ဇူလိုင်လ ၁၄ ရက် ညမှာ သူ ဘာလုပ်နေလဲဆိုတာ ကျွန်မ မသိပေမယ့် ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၇ နာရီမှာ ကျောင်းမှာ စုရမယ်ဆိုတာကိုတော့ ကျွန်မသိတယ် ၊ ကျွန်မတို့က ပွဲတော်တစ်ခုမှာ ပါဝင်ဖို့ ဘတ်စ်ကားစီးရမှာ ၊ အဲဒီ အဖြစ်အပျက်က ကျွန်မတို့အခန်းထဲက လူတိုင်းရဲ့ ကံကြမ္မာကို ပြောင်းလဲစေခဲ့တာပဲ! အဲဒါက ကောင်းမင်ရဲ့ ဘဝအလှည့်အပြောင်းပဲ!"

"ဒါဆို မနက်၇ နာရီမတိုင်ခင် ဒီနေရာကနေ ကျုပ်တို့ထွက်သွားရမယ်ဆိုတဲ့ အဓိပ္ပာယ်လား ၊ ကျုပ်တို့ နာရီပိုင်းအတွင်းမှာ ဒီမူမမှန်ဖြစ်ရပ်ကနေ လွတ်မြောက်နိုင်ပါ့မလား"

ဖန်လီမှာ ယုံကြည်မှုရှိမနေခဲ့ပေ။

"ကျွန်မက ကောင်းမင်နဲ့ နီးနီးနားနား နေခဲ့ရတာဆိုတော့ ဇူလိုင်လ ၁၅ ရက်နေ့ မနက်၆နာရီ ၃၀မိနစ်မှာ ကျွန်မတို့ ရပ်ကွက်ရဲ့အပြင်ဘက် လမ်းကြောင်း ၂၇ ရဲ့ ဘတ်စ်ကားမှတ်တိုင်မှာ စောင့်ခဲ့ရတာကို သေသေချာချာ မှတ်မိတယ် ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ထာဝရဘဝအိမ်ရာ အပြင်ဘက်မှာ လမ်းကြောင်း ၂၇ အတွက် မှတ်တိုင်တစ်ခု ရှိနေတယ်"

လျိုယီကပြောသည်။

"ငါတို့ မှားယွင်းတဲ့ ရွေးချယ်မှုကို မလုပ်ချင်ဘူးဆိုရင် မနက် ၆ နာရီ ၃၀ မိနစ် မတိုင်ခင် မှန်ကန်တဲ့ ကောင်းမင်ကို အိမ်ရာအပြင်ဘက်က မှတ်တိုင်ဆီ ခေါ်သွားရမယ်"

လျိုယီ၏ ယုတ္တိဗေဒသည် ရှင်းလင်းသည်။ ကောင်းမင်နှစ်ဦးလုံး သဘောတူလက်ခံကြသည်။ စာလုံးများ ဖုံးအုပ်နေသော ကောင်းမင်က တစ်ခုခုပြောရန် ပြင်နေချိန်တွင် တစ်စုံတစ်ခုက တံခါးကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

"ဒီသရဲက အရင်က တစ်ခါမှ တံခါးမခေါက်ဖူးဘူး"

ဖန်လီ ထရပ်လိုက်စဉ် ကောင်းမင်၏ ဖုန်းသည် တုန်ခါလာခဲ့သည်။ သူ့အဘွားက ဖုန်းခေါ်နေခြင်းဖြစ်သည်။ သူ ဗီဒီယိုခေါ်ဆိုမှုကို ဖြေလိုက်သည်။ အခန်းအပြင်ဘက်တွင် ရပ်နေသော သူ့အဘွားကို သူမြင်လိုက်ရသည်။

"ကောင်းမင်! အဘွားနဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါ!"

တံခါးသည် တုန်ခါလာသဖြင့် သူတို့၏ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ အဘွား၏ အလောင်းသည် ကောင်းမင်၏ တည်နေရာကို အာရုံခံနိုင်နေလေသည်။ ဆိုလိုသည်မှာ သူတို့ လူခွဲသွားရတော့မည်ဖြစ်သည်။

"ဒီတံခါးက ကြာကြာခံနိုင်မှာ မဟုတ်ဘူး ၊ သူပိုဆူအောင်လုပ်နေရင် သရဲတွေ ပိုရောက်လာလိမ့်မယ်!"

ဖန်လီက အံကြိတ်ကာ သွားကြားမှလေသံဖြင့် ပြောသည်။

"ကျုပ်သူ့ကို လမ်းလွဲခေါ်သွားမယ် ၊ ခင်ဗျားတို့ကတော့ အိမ်ရာအဆောက်အအုံထဲကနေ ထွက်ပြေးကြတော့!"

All Chapters