← Chapters

ပန်းချီဆရာကောင်းမင်

Vol. 24 Ch. 359

ပန်းချီဆရာကောင်းမင်

Vol. 24 Ch. 359

"ကျွန်တော်က အဘွားရဲ့ ပစ်မှတ်ပဲ ၊သူက ခင်ဗျားတို့ကြောင့် လမ်းလွဲသွားမှာ မဟုတ်ဘူး"

ဆုတောင်းစာများ ဖုံးအုပ်နေသော ကောင်းမင်သည် သူ့အိတ်ကို ဆုပ်ကိုင်လိုက်သည်။

"ခင်ဗျားတို့ ဘေးမှာ သွားပုန်းနေကြ ၊ကျွန်တော် သူ့ကို အခန်းထဲ ဆွဲဆောင်လိုက်မယ် ၊ အဲဒီအခါကျ ခင်ဗျားတို့ ပြေးကြ"

လျိုယီသည် ပြတင်းပေါက်ကို ဖွင့်၍ အိပ်ရာခင်းစကို ပြတင်းပေါက်ဘောင်တွင် ချည်နှောင်လိုက်သည်။

"ကျွန်မ တခြားနည်းလမ်းတွေ သုံးပြီး အခြားအခန်းတွေထဲ ဝင်နိုင်မလား ကြည့်လိုက်ဦးမယ်"

ကောင်းမင်နှစ်ယောက်စလုံး လျိုယီ၏ တီထွင်ဖန်တီးနိုင်စွမ်းကို အံ့အားသင့်သွားကြသည်။ သူတို့ မတုံ့ပြန်နိုင်ခင်ပင် လျိုယီက အိပ်ရာခင်းစကို ကိုင်လျက် ပြတင်းပေါက်မှ ခုန်ချလိုက်သည်။ သူမသည် အောက်ထပ်နေသူ၏ ပြတင်းပေါက်ကို ကန်လိုက်သည်။

"ပွင့်လာမယ် မထင်ဘူးနော်"

"ကောင်းမင်! အဘွားနဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါ!"

အဘွားက အော်ဟစ်လိုက်သည်။ သူမ၏အသံသည် တစ်စုံတစ်ယောက်က သူမ၏နှလုံးသားကို ဓားဖြင့် လှီးဖြတ်နေသည့်အလား ထွက်ပေါ်နေလေသည်။ တံခါးကို ဆောင့်ရိုက်နေသောအသံသည် မည်သည့်အချိန်မဆို ကျိုးပျက်သွားတော့မည့်အလား တစ်သမတ်တည်း ရှိနေလေသည်။ အခန်းအတွင်းရှိ လူများ စိုးရိမ်ပူပန်နေကြတော့သည်။ ကော်ရစ်ဒါသည် အလွန်တိတ်ဆိတ်နေ၏။ အခြားအခန်းများရှိ ကောင်းမင်များသည် ဘာဖြစ်လာမလဲကို စောင့်ကြည့်နေကြသည်။

"အဲဒီဘွားတော်ကြီး အာရုံပျံ့သွားပြီပဲ ၊ နောက်ဆုံးအခန်းက အခုဆိုရင် လွတ်နေလောက်ပြီ"

နောက်ဆုံးအခန်းနှင့် ကပ်လျက်ရှိသော အခန်းတစ်ခုမှ အသံသေးသေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ တံခါးသည် တိတ်တဆိတ် ပွင့်လာ၏။ ဤအခန်း ၀၇၁၅ မှ ဆေးသားနံ့ ခပ်ပြင်းပြင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျောင်းဝတ်စုံဝတ်ထားသော ကောင်းမင်သည် တံခါးဝတွင် ရပ်လျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့အိတ်ထဲတွင် ဆေးသားများနှင့် စုတ်တံများ ပြည့်နှက်နေသည်။ သူ့ယူနီဖောင်းပေါ်တွင် အရောင်များနှင့် အဓိပ္ပာယ်မရှိသော ပန်းချီပုံများကို ရေးဆွဲထားလေသည်။ နွေးထွေးသော အပြုံးတစ်ခုဖြင့် ကောင်းမင်သည် မျက်လုံးများကို မှေးစင်းလိုက်သည်။ သူသည် ဝမ်းသာလွန်း၍ သူ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသည်ကိုပင် မရပ်တန့်နိုင်ဘဲ အလွန်ပျော်ရွှင်နေလေသည်။

"ငါတို့ တကယ်ပေါင်းစည်းသွားပြီပဲ ! ငါက ကောင်းမင်လား ဒါမှမဟုတ် ရှရန်လား ၊ ဟားဟား!"

ပန်းချီဆရာကောင်းမင်က တံခါးကို တွန်းဖွင့်လိုက်သည်။ သူ၏အခန်းသည် အခြားအခန်းများနှင့် အနှစ်သာရအားဖြင့် ကွာခြားပေသည်။ မတူညီသော အလှဆင်ယင်မှုပုံစံများသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်နေကြသည်။ နံရံများ ၊ ကြမ်းပြင်နှင့် မျက်နှာကျက်တို့တွင် ထူးဆန်းသောပန်းချီများဖြင့် ဖုံးအုပ်ထား၏။

"ရွှံ့ရုပ်တုက ကောင်းမင်ရဲ့ အတိတ်နဲ့ မှတ်ဉာဏ်တွေကို ဖြတ်ထုတ်လိုက်ပြီ ၊ ငါက သူတို့ထဲက တစ်ယောက်ပဲ ၊ ဒီလို ရှားပါးအခွင့်အရေးကို ငါဘယ်လိုလက်လွှတ်ခံနိုင်မလဲ ၊ ဒါက ကောင်းမင်အစစ်ကို အစားထိုးဖို့ ငါရနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်လိမ့်မယ်!"

ပန်းချီဆရာကောင်းမင်သည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ နောက်ဆုံးအခန်းဘက်သို့ လှည့်လိုက်သည်။

"ရွှံ့ရုပ်တုက တစ်ခုခုကို ဖိနှိပ်ထားတာ ၊ အဲဒီအခန်းထဲမှာ တခြားဘာလျှို့ဝှက်ချက်တွေ ပုန်းကွယ်နေသေးလဲ"

ပန်းချီဆရာကောင်းမင်သည် သူ့အိတ်ကို သယ်ဆောင်၍ နောက်ဆုံးအခန်းထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားသည်။ သူသည် စိတ်လွတ်ပြီဖြစ်သောကြောင့် သတ္တိရှိမရှိ စဉ်းစားစရာပင် မလိုတော့ချေ။ ပန်းချီဆရာကောင်းမင်သည် စုတ်ပြဲနေသော အဆောင်စာရွက်များကြားမှ ဖြတ်ကျော်၍ ဧည့်ခန်းထဲသို့ အလျင်စလို ဝင်ရောက်သွားတော့သည်။ သူသည် ပတ်ပတ်လည်ကို ကြည့်ရှုလိုက်ပြီး အိပ်ခန်းကို ပစ်မှတ်ထားလိုက်သည်။ သူ၏ ခြေရာများက ဆန်ဖြူများပေါ်တွင် ကျန်ရစ်ခဲ့ပြီး သူ့ခေါင်းပေါ်မှ ခေါင်းလောင်းများသည် သူလျှောက်သွားသောအခါ တချွင်ချွင်မြည်သည်။ သို့သော်လည်း သူက မဆိုင်းမတွပင် အိပ်ခန်းဘက်သို့ အလျင်အမြန် ပြေးသွားခဲ့သည်။

"မင်း ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ကြည့်ရအောင်!"

အိပ်ခန်းနှစ်ခုလုံး၏ တံခါးများကို သူတွန်းဖွင့်လိုက်သည်။ ကောင်းမင်၏အိပ်ခန်းသည် ဧရာမ နားများ ၊ မျက်လုံးများ၏ လွှမ်းမိုးခြင်း ခံထားရသည်။ သွေးထွက်နေသော အသားနှလုံးသည် ကြမ်းပြင်ပေါ်တွင် ရှိနေခဲ့သည်။

"သူ့နှလုံးနှစ်ခုလုံး ချိတ်ပိတ်ခံထားရတယ် ၊ သားစားကြူးနတ်ဘုရားတောင် သူ့ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ခံထားရတာပဲ ၊ ဒါဆိုရင် ငါ့မှာသားစားကြူးနတ်ဘုရားကို ဆက်ခံဖို့ အခွင့်အရေးရှိတယ်လို့ ဆိုလိုတာမဟုတ်လား"

ပန်းချီဆရာကောင်းမင်၏ မျက်လုံးများ နီရဲသွားသည်။ ထို့နောက် သူသည် အဘွား၏အိပ်ခန်းထဲသို့ လှည့်ဝင်လိုက်သည်။ ကုလားထိုင်သည် မှောက်လျက်လဲကျနေ၏။ ပြတ်တောက်နေသော ကြိုးစများ ပတ်ပတ်လည်တွင် ပြန့်ကျဲနေသည်။ ပန်းချီဆရာကောင်းမင်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် ယဇ်စားပွဲပေါ်သို့ မျက်လုံးများ ရောက်ရှိသွားသည်။

"အဲဒါ ရွှံ့ရုပ်တုပဲ! အဲဒါက ကောင်းမင်ကို ဖိနှိပ်ထားပြီး နေ့တိုင်းနေ့တိုင်း သူ့ကိုအစေခံခိုင်းပြီး ကိုးကွယ်ခိုင်းနေတာပေါ့!"

ပန်းချီဆရာကောင်းမင်သည် စားပွဲဆီသို့ ပြေးသွားကာ ရွှံ့ရုပ်ကို ကောက်ယူလိုက်သည်။ အံ့သြစရာကောင်းသည်မှာ ရွှံ့ရုပ်ထဲမှ သွေးကြောမျှင်အများအပြား စိမ့်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုသွေးကြောမျှင်များသည် နံရံများထဲသို့ စိမ့်ဝင်ကာ အဆောက်အအုံတစ်ခုလုံးနှင့် ချိတ်ဆက်လက်ရှိနေသည်။

"ယုံကြည်မှုရဲ့ အနီရောင်ချည်မျှင်တွေလား ၊ ယုံကြည်မှုအတွက် တိုက်ပွဲမှာ မင်းကအများကြီး သတ်ဖြတ်ခဲ့ပုံရတယ်"

ပန်းချီဆရာကောင်းမင်သည် အဘွား၏ဒေါသတကြီး ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။ သူ မျက်မှောင်ကြုတ်လိုက်၏။ သူ ရွှံ့ရုပ်တုကို ထိတွေ့လိုက်သည်နှင့် အဘွားသည် ခံစားသိရှိသွားလိမ့်မည်ဖြစ်သည်။

"မကောင်းတော့ဘူး!"

ပန်းချီဆရာကောင်းမင်က စုတ်တံကို မြှောက်လိုက်ပြီး 'ဆေး' ဖြင့်ပွတ်ဆွဲလိုက်သည်။ သူသည် စုတ်တံအား ဓားကဲ့သို့ အသုံးပြု၍ ထိုစေးကပ်နေသော ချည်မျှင်များကို ဖြတ်တောက်လိုက်သည်။

"ငါ့ရဲ့ စွမ်းအားတောင် သက်ရောက်ခံနေရတယ် ၊ ဒီနတ်ဘုရားက ဘာလဲ"

ပန်းချီဆရာ ကောင်းမင်သည် ရွှံ့ရုပ်တုကို သယ်ဆောင်၍ ဧည့်ခန်းဘက်သို့ ပြေးသွားသည်။ကော်ရစ်ဒါရှိ အဘွားသည် စိတ်လွတ်သွားပြီဖြစ်သည်။ သူမသည် အနီရောင်ဝတ်စုံဖြင့် ဧရာမသားရဲကြီးတစ်ကောင်ကဲ့သို့ ကော်ရစ်ဒါတစ်လျှောက် တဟုန်ထိုးပြေးဝင်လာတော့သည်။ ပန်းချီဆရာကောင်းမင် အခန်းထဲမှ ထွက်လာသောအခါ အဘွားသည် သူနှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည်။

"စိတ်ပျက်စရာပဲကွာ!"

ပန်းချီဆရာကောင်းမင်သည် ရွှံ့ရုပ်တုကို သူ့အိတ်ထဲ ထိုးထည့်လိုက်ပြီး လှေကားမှ ပြေးဆင်းသွားသည်။ အထပ်များသည် စတင်ပြောင်းလဲလာတော့သည်။ အရိပ်သည် ကျုံ့ဝင်လာလိုက်၊ ပျံ့နှံ့သွားလိုက် ဖြစ်နေလေသည်။ ရွှံ့ရုပ်တုသည် သူ့အား အဆောက်အအုံအတွင်းရှိ စည်းမျဉ်းများကို ချိုးဖောက်ရာတွင် ကူညီနေပုံရသည်။

အဘွား၏ ဒေါသတကြီး အော်ဟစ်သံများသည် ဟောင်းနွမ်းနေသော ကော်ရစ်ဒါများတစ်လျှောက် ပျံ့နှံ့သွားသည်။ အခြား ခြောက်ခြားဂိမ်းကစားသမားများနှင့် စုံစမ်းရေးမှူးများ အံ့အားသင့်သွားကြသည်။

ပန်းချီဆရာကောင်းမင်နှင့် သူ့အဘွားတို့ ဆဋ္ဌမထပ်ကို ဖြတ်ကျော်သွားသည့်အခါ သတ်မှတ်ထားသော ဇုန်တစ်ခု၏ စည်းမျဉ်းများသည် လုံးဝပြိုကွဲသွားတော့သည်။ နံရံများနှင့်ကော်ရစ်ဒါများမှာ ဖြည်းညှင်းစွာဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်လာလေသည်။ လုံခြုံရေး ယူနီဖောင်းဝတ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တံခါးကို ဖွင့်လိုက်သည်။ သူ၏မျက်လုံးများသည် နဂါးငွေ့တန်းကဲ့သို့ နက်ရှိုင်းနေသည်။

"ကောင်းမင်လား"

ဝမ်ကျားသည် ကိုယ်ပိုင်အခန်းများမှ ထွက်ခွာလာသော ပထမဆုံးလုံခြုံရေးအဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။ သူသည် သူတို့နှင့်အတူ သူ့မှတ်ဉာဏ်များ မှေးမှိန်လာသည်ကို ခံစားနေရသည်။ထိုအတိုင်း ဆက်ဖြစ်နေပါက သူသည် အရာအားလုံးကို မေ့လျော့သွားပြီး မူမမှန်ဖြစ်ရပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထိုထို့ဖြစ်ခြင်းကို ကာကွယ်ရန် သူသည် သူ၏ 'လက်ဆောင်'အား ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့သည်။ သူသည် စည်းမျဉ်းများနှင့် သဲလွန်စများကို စတင်ခွဲခြမ်းစိတ်ဖြာခဲ့သည်။ သို့သော်လည်း ပန်းချီဆရာကောင်းမင်က ရုတ်တရက် သူ့ရှေ့တွင် ပေါ်လာခဲ့လေသည်။

"ထာဝရဘဝအိမ်ရာကို စည်းမျဉ်းတစ်မျိုးနဲ့ လွှမ်းခြုံထားတယ် ၊ အဆုံးမရှိတဲ့ ပတ်လမ်းတွေနဲ့ အခန်းတွေရဲ့ ကျပန်းရွေ့လျားမှုတွေက ဒီနေရာကို ဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားစေတယ်..."

ဝမ်ကျား၏ မျက်လုံးများတွင် စာလုံးများထွက်ပေါ်လာသည်။

"သူက ဘာလို့ လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်ရတာလဲ ၊ သူက ဘယ်လိုလုပ်ပြီး အမြဲတမ်း မှန်ကန်တဲ့ လမ်းကြောင်းကို ရှာတွေ့နိုင်ရတာလဲ"

ဝမ်ကျားသည် သူ့ငယ်သားများကို ရှာဖွေရန် အလျင်လိုနေခြင်း မရှိပေ။ သူသည် အဘွားနောက်သို့ ဂရုတစိုက်လိုက်ပါလာခဲ့သည်။ အဆောက်အအုံထဲသို့ လူများပိုမို ဝင်ရောက်လာသည်နှင့်အမျှ အန္တရာယ်နှင့် ရှုပ်ထွေးမှုများလည်း ပို၍များပြားလာ၏။ အခန်း ၀၇၁၅ တွင် အသားကောင်းမင်နှင့် ပုန်ကန်တတ်သူ ကောင်းမင်တို့သည် တံခါးကို ဖွင့်လိုက်ကြသည်။ အဘွား ထွက်ခွာသွားသည်ကို မြင်ပြီးနောက် သူတို့ သက်ပြင်းချလိုက်ကြသည်။

"အရမ်း ကြောက်စရာကောင်းတာပဲ ၊ မင်း သူနဲ့ ဘယ်လိုများ နေထိုင်ခဲ့တာလဲ"

ပုန်ကန်တတ်သူ ကောင်းမင်က သူ့အိတ်ကို ဆွဲယူလိုက်သည်။

"တခြားကောင်းမင်တစ်ယောက်က သူ့ကို ငါတို့အတွက် ဆွဲဆောင်ပေးသွားခဲ့ပြီ"

အသားကောင်းမင်သည် သူ့နောက်မှ လျိုယီနှင့် ဖန်လီတို့ကို ကြည့်လိုက်သည်။

"သူ့ဘဝနဲ့ ဖန်တီးပေးခဲ့တဲ့ ဒီအခွင့်အရေးကို ငါတို့ အလဟဿ မဖြုန်းတီးသင့်ဘူး ၊ ခင်ဗျားတို့ ဘတ်စ်ကားမှတ်တိုင်ကို ရောက်အောင် သွားရမယ်!"

"မင်း ငါတို့နဲ့အတူ လိုက်မှာ မဟုတ်ဘူးလား"

ဖန်လီ မေးလိုက်သည်။

"ကျွန်တော့်အဘွားက ကျွန်တော့်တည်နေရာကို အာရုံခံနိုင်တယ် ၊ သူက ဟိုကောင်းမင်ကို သတ်ပြီးရင် ပြန်ရောက်လာလိမ့်မယ်"

အသားကောင်းမင် စဉ်းစားလိုက်သည်။

"ကျွန်တော် သူအာရုံပြောင်းသွားအောင် တခြားလမ်းကနေ သွားလိုက်မယ်"

All Chapters