← Chapters

နတ်ဘုရားဟောကိန်းကိုကျော်လွန်သွားသော ဖရိုဖရဲများ

Vol. 24 Ch. 360

နတ်ဘုရားဟောကိန်းကိုကျော်လွန်သွားသော ဖရိုဖရဲများ

Vol. 24 Ch. 360

"ခင်ဗျား ဒီမှာ ဆက်နေချင်သေးတာလား"

အသားကောင်းမင်က ဖန်လီဘက်သို့ လှည့်လိုက်သည်။

"ခင်ဗျားကို ဘာက ဒီကိုဆွဲခေါ်လာလဲဆိုတာတော့ ကျွန်တော် မသိဘူး ၊ ခင်ဗျား ရှာနေတဲ့ ကောင်းမင်တွေက တခြားအခန်းတွေမှာ ရှိနေနိုင်ပေမယ့် သူတို့ဘယ်အချိန် ထွက်လာမလဲဆိုတာတော့ ကျွန်တော် မသိဘူးနော်"

အဘွားသည် ပန်းချီဆရာကောင်းမင်ကြောင့် အာရုံပြောင်းနေသဖြင့် သူတို့သည် အခြားအခန်းများကို စမ်းကြည့်ခဲ့သော်လည်း မည်သည့်တံခါးမှ ပွင့်မလာခဲ့ပေ။

"အခန်းတိုင်းက ရွေးချယ်မှုတစ်ခုကို ကိုယ်စားပြုတယ် ၊ တခြား ကောင်းမင်တွေမှာလည်း သူတို့ရဲ့ အခက်အခဲတွေ ရှိနေနိုင်တယ်"

ဖန်လီသည် အတင်းအကြပ် မတိုက်တွန်းတော့ပေ။ သူ အသက်ပြင်းပြင်း ရှူသွင်းပြီး ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်သည်။

"ငါ မင်းနောက် လိုက်ခဲ့မယ် ၊ ငါတို့ရဲ့ တခြားအသင်းဖော်တွေနဲ့ ပြန်ဆုံပြီး ထွက်ပြေးဖို့ နည်းလမ်းရှာကြမယ်"

ဖန်လီသည် အသားကောင်းမင်နား ချဉ်းကပ်လိုက်သောအခါ သူ့နှလုံးသားထဲမှ ဆင့်ခေါ်သံသည် ပို၍အားကောင်းလာလေသည်။ ၎င်းသည် ပုန်ကန်တတ်သူ ကောင်းမင်နှင့် တွေ့ဆုံစဉ်က သူမခံစားခဲ့ရသော အရာဖြစ်သည်။

"အဘွား ပြန်မလာသေးဘူး ၊ ဒါကြောင့် ငါတို့မှာ အချိန်ရှိသေးတယ် ၊ အန္တရာယ်ရှိလာမှ လူခွဲသွားကြမယ်"

လျိုယီ၏ အကြည့်သည် အသားကောင်းမင်ပေါ်တွင် ရှိနေခဲ့သည်။ သူမက ထိုလူသည် သူတို့ထံမှ တစ်ခုခုကို ဖုံးကွယ်ထားဆဲဟု ခံစားမိသည်။

"ငါတို့က မှန်ကန်တဲ့ကောင်းမင်ကို ရှာဖို့ မလိုတော့ဘူးလား"

ပုန်ကန်တတ်သူကောင်းမင်က သူ၏ယူနီဖောင်းဇစ်ကို ဆွဲတင်လိုက်သည်။

"ငါတို့ အခုထွက်သွားလို့ ရတာ သေချာရဲ့လား"

"ကံကြမ္မာက အမြဲပြောင်းလဲနေတာပဲ ၊ နင် အခုကစပြီး မှန်ကန်တဲ့ ရွေးချယ်မှုတွေ စလုပ်မယ်ဆိုရင် နင်က မှန်ကန်တဲ့ကောင်းမင် ဖြစ်လာနိုင်တယ်"

လျိုယီသည် သူမ၏လက်ဆောင်ကို ကိုင်လျက် အခန်းထဲမှ ထွက်လာခဲ့သည်။

"လာကြ ၊ ငါတို့ ဒီနေရာကနေ ထွက်ပေါက်ကို အရင်ရှာကြစို့!"

"ကျွန်တော့်အသားထဲက မှတ်ဉာဏ်အပိုင်းအစတွေအရ ထာဝရဘဝအိမ်ရာရဲ့ ရွှံ့ရုပ်တုတွေက ကျွန်တော့်ကို ဒီမှာချိတ်ပိတ်ထားတာ ၊ ကျွန်တော့်ရဲ့ လှောင်အိမ်ထဲကနေ လွတ်မြောက်လာတာက ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ"

အသားကောင်းမင်သည် လျိုယီကိုင်ထားသော လက်ဆောင်ကို ကြည့်လိုက်သည်။

"ဒါနဲ့ ၊ ခင်ဗျားရဲ့ လက်ဆောင်ကို ကြည့်လို့ရမလား ၊ လက်ဆောင်ဆိုတာ ဘာလဲဆိုတာ အတိအကျ သိချင်လို့ပါ"

"မရဘူး ၊ လက်ဆောင်ဆိုတာ လူတစ်ယောက်ရဲ့ ဖျက်ဆီးမရတဲ့ မှတ်ဉာဏ်နဲ့ လူတစ်ယောက်ရဲ့ အဖုံးကွယ်ချင်ဆုံး လျှို့ဝှက်ချက်ပဲ"

လျိုယီက သူ့ကို တိုက်ရိုက်ငြင်းပယ်လိုက်သည်။

"နင်က ငါ မှတ်မိတဲ့အတိုင်းပဲနော် ၊ အမြဲတမ်းပဲ အေးတိအေးစက် နေတတ်တယ်"

ပုန်ကန်တတ်သူ ကောင်းမင်က မေးလိုက်သည်။

"လျိုယီ၊ နင် လက်ထပ်ပြီးပြီလား"

အခြားသူများ၏ အကြည့်များကို ခံစားမိသောအခါ ပုန်ကန်တတ်သူ ကောင်းမင်က ထပ်ဖြည့်ပြောသည်။

"ငါ ဘာကိုမှ ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး ၊ နင် အရင်တုန်းက ငါ့ကို ကြိုက်ခဲ့ဖူးတာဆိုတော့..."

"ငါတို့ အခု လူခွဲမယ်"

လျိုယီသည် ကျောင်းသားကောင်စီ တံဆိပ်ကို ပြန်တပ်လိုက်ပြီး သူမ၏မျက်လုံးများကို မှိတ်လိုက်သည်။

"ငါ့နောက် လိုက်ခဲ့"

သူတို့ လျိုယီ၏ပခုံးပေါ် လက်တင်လိုက်ကြသည်။ သူမ၏ လက်မောင်းပေါ်ရှိ တံဆိပ်မှ သွေးများ ယိုစီးထွက်လာတော့သည်။

"လာကြ"

အဖွဲ့သည် လှေကားများဆီ အလျင်အမြန် ပြေးဆင်းသွားသည်။

...

ပန်းချီဆရာကောင်းမင်တစ်ယောက် ရွှံ့ရုပ်တုကို သယ်ဆောင်၍ အိမ်ရာတစ်လျှောက် ပြေးလွှားနေသည်။ သူ ကိုင်ထားသော ရွှံ့ရုပ်တုတွင် အဆောက်အအုံအတွင်းရှိ စည်းမျဉ်းများကို တစ်စိတ်တစ်ဒေသပျက်စီးစေနိုင်သော စွမ်းအားရှိလေသည်။ များစွာသောအပြင်လူများသည် ထိုစွမ်းအားကြောင့် အဆုံးမရှိသောပတ်လမ်းများမှ လွတ်မြောက်နိုင်ခဲ့ကြသည်။ သို့သော် ပန်းချီဆရာ ကောင်းမင်အတွက်တော့ အခြေအနေ မကောင်းလှပေ။ အဘွားသည် သူ့နောက်မှ မနားမနေ လိုက်ပါနေလေသည်။ သူမသည် သက်ကြီးရွယ်အိုတစ်ဦးထက် အမဲလိုက်သမားတစ်ဦးနှင့် ပိုတူနေတော့သည်။

အဆောက်အအုံအတွင်းရှိ စည်းမျဉ်းများ ပြိုလဲသွားသည်နှင့်အမျှ များစွာသောအပြင်လူများ သတိပြန်လည်လာကြသည်။

"မင်း ငါ့နောက် ဆက်လိုက်နေမယ်ဆိုရင် ငါဒါကို ရိုက်ချိုးပစ်လိုက်မယ်!"

ပန်းချီဆရာ ကောင်းမင်သည် အချိန်အကြာကြီး ထွက်ပြေးခဲ့သော်လည်း ထွက်ပေါက်ကို ရှာမတွေ့သေးပေ။ ကော်ရစ်ဒါများက တစ်ခုနှင့်တစ်ခု အဆုံးမရှိချိတ်ဆက်နေလေသည်။ ပန်းချီဆရာ ကောင်းမင်သည် သူ၏စွမ်းအားများစွာကို ဆုံးရှုံးခဲ့ရပြီး အသက်ရှူကျပ်လာတော့သည်။ သူ အသက်ထွက်လုနီးပါး ဖြစ်နေချေပြီ။ သူ လှည့်ကြည့်လိုက်ပြီး ရှူးရှူးရှဲရှဲဖြင့် နှာမှုတ်လိုက်သည်။

အဘွား၏ အလောင်းသည် မတ်တပ်ထရပ်လိုက်၏။ သူမ၏ မျက်နှာသည်ကား ကြောက်မက်ဖွယ်ကောင်းနေလေသည်။

"ငါ့ကို အဲ့ဒါပြန်ပေးစမ်း! ငါနဲ့အတူ အိမ်ပြန်လိုက်ခဲ့!"

သူမ၏ အော်ဟစ်သံများသည် လူသားနှင့် လုံးဝမတူပေ။ အနီရောင်အဝတ်အစားများက သူမ၏ အရေပြားနှင့် ကပ်နေပြီး သူမ၏ပါးစပ်သည် ကွဲအက်၍ တွန့်လိမ်လျက်ရှိနေသည်။ လှေကားထောင့်တွင် ဝမ်ကျားသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေသည်။ သူသည် သူ၏ အသက်ရှူခြင်းကို ထိန်းချုပ်ရန် ကြိုးစားနေရသည်။

"ထာဝရဘဝအိမ်ရာနဲ့ လူချမ်းသာရပ်ကွက်က ခြောက်ခြားဂိမ်းစည်းမျဉ်းတွေ ပြောင်းလဲသွားပြီ ၊ အိမ်ရာထဲ ဝင်လာတဲ့သူတိုင်း သူတို့ရဲ့ မှတ်ဉာဏ်တွေနဲ့ စွမ်းအားတွေ ဆုံးရှုံးသွားလိမ့်မယ်!"

လီစန်း ဆေးရုံ၏ ရေကန်အောက်နက်နက်တွင် ဖုံးကွယ်ထားသော ရွှံ့ရုပ်တုနှစ်ခုကို ဝမ်ကျားသိပေသည်။ သူသည် ထိုရုပ်တုများကို လွှတ်ပေးခဲ့သူဖြစ်သည်။ နတ်ဘုရားများ၏ စွမ်းအားသည် ဤမျှလောက် ဖိနှိပ်မှုကြီးမားလိမ့်မည်ဟု သူမထင်မှတ်ခဲ့ပေ။ သူ၏အထူးမျက်လုံးနှစ်စုံသာ မရှိခဲ့ပါက သူသည် ထာဝရဘဝအိမ်ရာအတွင်း လမ်းပျောက်နေလိမ့်မည်ဖြစ်သည်။

"ငါ့ရဲ့ တခြားအဖွဲ့ဝင်တွေကို နှိုးပြီး ငါတို့ရဲ့ သရဲတက်တူးတွေထဲက စွမ်းအားကို ပြန်အသက်သွင်းဖို့ နည်းလမ်းရှာဖို့ လိုတယ် ၊ ဒါပေမယ့် ပစ်မှတ်က ငါ့ရှေ့မှာပဲ ရှိနေပြီ..."

ဝမ်ကျားသည် ကောင်းမင်အား စိုက်ကြည့်နေ၏။ ဝမ်ကျားတွန့်ဆုတ်နေစဉ် ပန်းချီဆရာကောင်းမင်နှင့် နီးကပ်လျက်ရှိသော အခန်းထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တံခါးမှ သွေးများ ယိုစိမ့်ထွက်လာသည်။ တံခါးမှာ ကန်ဖွင့်ခံလိုက်ရသည်။ ခန္ဓာကိုယ်ကြီးမားသော ကျိုကျွင်းသည် သစ်သီးလှီးဓားကို ကိုင်ဆောင်ထားပြီး သူ၏ဘယ်ဘက်လက်မောင်းပေါ်တွင် ကြီးမားသော ဒဏ်ရာတစ်ခု ရှိနေခဲ့သည်။ ထိုထဲတွင် လူသေဓာတ်ပုံတစ်ပုံ စိုက်ဝင်နေလေသည်။

"ငါ မှတ်မိပြီ၊ ကောင်းမင် ! ကောင်းမင်! စုံစမ်းစစ်ဆေးရေးဌာနရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုက ဒီရောက်နေပြီကွ!"

ပန်းချီဆရာကောင်းမင်၏ ချဉ်းကပ်မှုကြောင့် ကျိုးကျွင်းလက်မောင်းရှိ လူသေဓာတ်ပုံသည် တီကောင်တစ်ကောင်ကဲ့သို့ တလှုပ်လှုပ်ခါယမ်းနေလေသည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်တစ်လျှောက် နာကျင်မှုလှိုင်းများ ပို့ဆောင်ပေးနေသည်။ ၎င်းသည် ကျင်းထောင်ရှန်းမှ မြို့တော်အရှေ့ပိုင်း လုံခြုံရေးအဖွဲ့အား ပြုလုပ်ပေးခဲ့သည့်အရာဖြစ်သည်။ ဌာနချုပ်သည် မကြာသေးမီက ရှာဖွေမှုများတွင် ကောင်းမင်နှင့် ပတ်သက်သည့် လူသေဓာတ်ပုံတစ်ခုကို တွေ့ရှိခဲ့ကြသည်။ ဌာနချုပ်သည် ဓာတ်ပုံအား အထူးနည်းလမ်းတစ်ခုဖြင့် ပြုပြင်၍ အပိုင်းအစများကို အဖွဲ့ဝင်များ၏အသားထဲသို့ ချုပ်ထည့်ခဲ့သည်။ ကောင်းမင် သူတို့ပတ်ဝန်းကျင်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဓာတ်ပုံအပိုင်းအစများသည် အနာကျင်ဆုံး နည်းလမ်းဖြင့် သူတို့ကို နိုးထလာစေမည်ဖြစ်သည်။ သူသည် သရဲတက်တူးကို အသုံးမပြုနိုင်သော်လည်း ကျိုကျွင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် တိုက်ခိုက်ရေးစွမ်းရည်များသည် ထိပ်တန်းဖြစ်သည်။ သူ၏ ဦးနှောက်သည် အင်အားနှစ်ခုကြောင့် ဆုတ်ဖြဲခံနေရသည့်အလား ဝေဝါးနေဆဲဖြစ်သည်။ အဆောက်အအုံအတွင်းရှိ ကိန်းရှင်များမှာ ပိုမိုကြီးထွားလာတော့သည်။

ပန်းချီဆရာကောင်းမင်က သူ့အိတ်ထဲ လက်လှမ်းလိုက်ပြီး ရွှံ့ရုပ်တုပေါ်တွင် ပန်းချီဆွဲလိုက်သည်။ သူသည် ပထမတွင် ၎င်းကို ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း ရွှံ့ရုပ်တုသည် သူ ထင်ထားသည်ထက် ပိုမိုမာကျောနေခဲ့သည်။ သူ မဖျက်ဆီးနိုင်သောကြောင့် ၎င်းအား အခြားသူများကိုလည်း မရစေချင်ပေ။ ထိုအရူးသည် ကျိန်စာများနှင့် အပြစ်များအားလုံးကို ရွှံ့ရုပ်တုပေါ်တွင် ရေးဆွဲလိုက်သည်။ သူသည် ကောင်းမင်ဖြစ်လာမည့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် သူ၏ရည်မှန်းချက်ကို ပြောင်းလဲပစ်လိုက်သည်။ အကယ်၍ သူသည်ဤရွှံ့ရုပ်ကို မျိုချနိုင်ပါက ဤရပ်ကွက်နှစ်ခု၏ ပိုင်ရှင်အသစ် ဖြစ်လာပေလိမ့်မည်။

"ကောင်းမင်!"

ကျိုကျွင်းသည် သွေးထွက်နေသော လက်မောင်းဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။ သူ့မျက်နှာကား နာကျင်မှုကြောင့် ပုံပျက်နေချေသည်။

"ငါ မင်းကို သတ်လိုက်တာနဲ့ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်!"

ပန်းချီဆရာ ကောင်းမင်သည် သူ့မျက်လုံးများကို မှေးစင်းလိုက်သည်။ ဘာကြောင့်ရယ်မသိ ဤအဆောက်အအုံရှိ လူတိုင်းသည် ကောင်းမင်အား သေစေလိုကြသည်။

ပန်းချီဆရာကောင်းမင်က ကျိုကျွင်းအား ဖြတ်တိုက်ပစ်လိုက်သည်။ ထိုလူအား ပြန်လည်နာလန်ထူလာရန် အချိန်များစွာ ပေးဝံ့ခြင်း မရှိပေ။

"မင်း ပြေးမလွတ်နိုင်ဘူးကွ!"

ကျိုကျွင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် ကောင်းမင်၏ လည်ပင်းကို ဓားဖြင့် ထိုးလိုက်သည်။

ပန်းချီဆရာကောင်းမင်သည် နောက်ဆုတ်ခြင်း မရှိပေ။ သူက ရွှံ့ရုပ်တုကို လက်နက်အဖြစ် အသုံးပြု၍ ထိုးလာသည့်ဓားကို ပိတ်ဆို့လိုက်သည်။ ပန်းချီဆရာကောင်းမင်၏ လက်ချောင်းများမှာ နာကျင်မှုကြောင့် ထုံကျင်သွားသည်။ သူသည် ခွန်အားသက်သက်ဖြင့် ကျိုကျွင်းကို မနိုင်ကြောင်း သိလိုက်သည်။ သူ လှည့်ပြီး ထွက်ပြေးလိုက်သည်။

ရွှံ့ရုပ်တုပေါ်တွင် ကျိန်စာများ ပိုမိုရေးဆွဲလေလေ အဘွား၏ အခြေအနေသည် ပိုရူးသွပ်လာလေလေ ဖြစ်သည်။ သူမသည် သူတို့အားလုံးထံသို့ ခုန်အုပ်လိုက်သည်။ ကျိုကျွင်းသည် သူမအား ဤအချိန်မှသာ တွေ့လိုက်ရသည်။ ကျိုကျွင်း၏ ခြေထောက်များ တုန်ယင်သွားတော့သည်။ မဆိုင်းမတွပင် သူသည်လည်း စတင်ထွက်ပြေးလိုက်လေသည်။

All Chapters