← Chapters

စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်

Vol. 11(A) Ch. 140

စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်

Vol. 11(A) Ch. 140

ဒဏ္ဍာရီ သားရဲဂိုဏ်းမှ မထွက်ခွာမီ အန်လင်းနှင့် တပိုင်တို့သည် ကျောက်ဟွိုင်ရင်ထံ သွားရောက် လည်ပတ်ကြသည်။

ကျောက်ဟွိုင်ရင်သည် ဒဏ္ဍာရီသားရဲဂိုဏ်းတွင် တပိုင်၏ ကိစ္စအရပ်ရပ်အာ ပြုလုပ်ပေးရန် ကျန်ရှိနေဦးမည် ဖြစ်ပြီး အတန်းအသစ်များ ပြန်လည်စတင်မှသာ သူတို့ ပြန်တွေ့ကြမည် ဖြစ်သည်။ ထို့ကြောင့် အတော်ကြာအောင် စကားပြောပြီးသည့်နောက်တွင် သူတို့သည် တစ်ဦးကိုတစ်ဦး ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်ကြသည်။

တပိုင်၏ နောက်ကျောပေါ်တွင် စီးနင်းလျက် အန်လင်းသည် တောင်ကုန်းငယ်တစ်ခု၏ ထိပ်သို့ ရောက်ရှိလာသည်။

ထိုနေရာတွင် နေရောင်ခြည်သည် တောက်ပစွာဖြင့် ဖြာကျလျက်ရှိပြီး လတ်ဆတ်သည့် လေပြည်ညင်းများသည် ညင်သာစွာ တိုက်ခတ်လျက် ရှိသည်။ အရေးပါသည့် ပြဿနာများအား ဖြေရှင်းရန်အတွက် ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်သည်။

အန်လင်းသည် လက်တံဆိပ်တော်များ ဖန်တီးလိုက်ပြီးနောက် မန္တန်များအား တီးတိုး ရေရွတ်လိုက်သည်။ သူ၏ ပတ်လည်ရှိ ချီစွမ်းအင်များသည် စုပြုံလာကြသည်။

သူ၏လက်ချောင်းဖြင့် လေကို ဆွဲယူလိုက်သည့်အခါ လက်ချောင်းထိပ်တွင် ရွှေရောင်သွေးစက် တစ်ခု ပေါ်လာသည်။ အချိန်တိုလေးအတွင်းမှာပင် ထိုရွှေရောင်သွေးစက်သည် တပိုင်၏ နဖူးအတွင်းသို့ နစ်ဝင်သွားတော့သည်။

ဟင်း

ထိုသို့ဖြင့် အန်လင်းနှင့် တပိုင်တို့အကြားတွင် အလွန်ခိုင်မာသည့် ဆက်နွှယ်မှုတစ်ခု ပေါ်လာခဲ့လေပြီ။

တပိုင်၏ မျက်လုံးများ အရောင်လက်သွားပြီးနောက် "အောင်မြင်ပြီ။" ထိုသို့ အော်ဟစ်လိုက်ပြီးနောက် လျှာထုတ်ကာဖြင့် "ငါတို့ကြားမှာ ဖျက်လို့မရတဲ့ ဆက်နွယ်မှုတစ်ခု ရှိနေတယ်လို့ ခံစားနေရတယ်။ ဒါက သားရဲတစ်ကောင်အဖြစ် ချုပ်ဆိုလိုက်ရင် ခံစားရတာမျိုးလား။ ပြီးတော့ အဲဒီ ဆက်နွယ်မှုကနေ မင်းရဲ့ တည်နေရာကိုပါ အာရုံခံနိုင်တယ်။"

အန်လင်းသည် ရယ်မောကာဖြင့် "ငါတို့ နှစ်ယောက်လုံးက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်တွေလ။ ငါတို့နှစ်ယောက်လုံး ၅ ကီလိုမီတာ ပတ်လည်အတွင်းမှာ ရှိနေသမျှကတော့ ငါတို့အချင်းချင်းရဲ့ တည်ရှိမှုကို အာရုံခံနိုင်တယ်။"

တပိုင်နှင့် အောင်မြင်စွာ ချုပ်ဆိုပြီးသည့်အခါတွင် အန်လင်းသည် ရှောင်ချိုးအား စတင်ပစ်မှတ် ထားလိုက်သည်။

ရှောင်းဟုန်အား ထုတ်ယူလိုက်ပြီးနောက် တပိုင်အား ပြောသည်။ "မင်းတို့ကို သေချာစဉ်ပေးရမယ်။ ဒီပန်းပွင့်လေးကို ရှောင်းဟုန်လို့ခေါ်တယ်။ သူက မင်းထက်အရင် ချုပ်ဆိုထားတာလေ။ အဲတော့ သူမကို အမကြီးအဖြစ် ထားလိုက်ရင်ကော.."

တပိုင်သည် အန်လင်းနှင့် ချုပ်ဆိုပြီးသွားကြောင်း ရှောင်းဟုန် သိလိုက်သည်။ သူမ၏ အစိမ်းရောင် အရွက်ကလေးများအား ဝှေ့ယမ်းကာဖြင့် နှုတ်ဆက်လိုက်သည်။

တပိုင်သည် ထိုသို့စဉ်ခြင်းအား လက်ခံပေသည်။ "ရှောင်ချိုးကကော။ သူက အကို ၂ လား" တပိုင်သည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

တပိုင်၏ အမေးကြောင့် ရှောင်ချိုးသည် ကိုးရို့ကားယားနိုင်စွာဖြင့် သူ၏ အမွေးများအား ဆွဲနေမိသည်။ "ငါက အကိုကြီးအန်ရဲ့ သားရဲမဟုတ်သေးဘူး။"

အန်လင်းသည် သူ၏ ပုခုံးပေါ်ရှိ မျောက်ကလေးအား ပုတ်လိုက်ပြီး "ငါတို့တွေက အရမ်းကို အလုပ်များနေခဲ့တာလေ။ အဲဒါကြောင့် ငါကော ရှောင်ချိုးကော နှစ်ယောက်စလုံးက အဲဒီကိစ္စကို မစဉ်းစားနိုင်ခဲ့သေးဘူး။"

တပိုင်သည် ဝမ်းမြောက်စွာဖြင့် "ဟားဟား အဲဒီတော့ ငါက အကို ၂ ပေါ့။ ရှောင်ချိုးရေ သခင်နဲ့ မြန်မြန်လေး ချုပ်ဆိုလိုက်စမ်းပါ။ အဲဒါမှ မင်းရဲ့ ကံကြမ္မာနဲ့ အနာဂါတ်က အကန့်အသတ်မဲ့တဲ့ အောင်မြင်မှုတွေနဲ့ ပြည့်ဝနေမှာ အသေအချာပဲ။ သခင်ရဲ့နောက်ကို မလိုက်ဘူးဆိုရင် မင်းတော့ သေချာပေါက် နောင်တရနေမိလိမ့်မယ်။"

အန်လင်းသည် တုန်လှုပ်ခြင်းမရှိဘဲ ပြုံးလျက်ရှိနေသည်။ သို့သော်လည်း သူ၏ စိတ်ထဲတွင် ပျော်ရွှင်မြူးတူးနေလေသည်။ တပိုင်ကတော့ လှလှပပလေး ပြောလိုက်တာပဲ။ ဒီကောင်လေး.. မင်းကို ဘယ်လိုတောင် ချီးကျူးသင့်သလဲ မသိတော့ပါဘူးကွာ..။

တပိုင်၏ အတွေးများမှာ ရိုးရှင်းလှသည်။ သူ့ထံတွင် ညီလေးတစ်ယောက်သာ ရှိလာမည်ဆိုလျှင် သူသည် အကိုကြီးဖြစ်လာလိမ့်မည်။

ရှောင်ချိုး၏ မျက်နှာတွင် တွန့်ဆုတ်မှုများ ရှိနေသည်။ အန်လင်းအား သူ၏ မျက်လုံးကြီးများဖြင့် ကြည့်လိုက်ပြီးနောက် မဝံ့မရဲဖြင့် မေးလေသည်။ "ငါ.. ငါက သင့်တော်ပါ့မလား။"

ဖြတ်ကျော်လာခဲ့သည့် အချိန်များတွင် ရှောင်ချိုးသည် အန်လင်း၏ အကြောင်းအား တဖြည်းဖြည်း သတိထားမိလာပြီ ဖြစ်သည်။

ထို့ကြောင့် အန်လင်းသည် သေချာပေါက် စွမ်းအားကြီးသည့် လူတစ်ဦး ဖြစ်လာကာ ကောင်းကင် အမြင့်တွင် ပျံသန်းနိုင်မည့်သူ ဖြစ်ကြောင်း သူနားလည်သည်။ ထိုကဲ့သို့သော လူတစ်ဦးသည့် သူ့သား သားရဲတစ်ကောင်အဖြစ် လက်ခံပါ့မည်လား။

ရှောင်ချိုး၏ သံသယနှင့် သူ့ကိုယ်သူ သိမ်ငယ်နေမှုအား မြင်ရသည့်အခါတွင် အန်လင်းသည် အနည်းငယ် ကြောင်အသွားမိသည်။ ထို့နောက်တွင် ရှောင်ချိုး စိုးရိမ်နေရသည့် အကြောင်းအား နားလည် သဘောပေါက်မိ လိုက်သည်။

ဘုရားရေ.. ငါလေးက မင်းကို ငါ့ရဲ့သားရဲဖြစ်လာဖို့ အရမ်းကို စိတ်အား ထက်သန်နေတာပါနော်။ မင်းက ဘာလို့များ သိမ်ငယ်နေရတာလဲကွာ..။

အန်လင်း၏ မျက်နှာတွင် နွေးထွေးသည့် အပြုံးတစ်ခု ပေါ်လာပြီးနောက် နူးညံ့စွာဖြင့် ပြောလိုက်သည်။ "ရှောင်ချိုးရေ.. မင်းက ငါ့ရဲ့ ညီလေးလေ။ သားရဲအဖြစ် ချုပ်ဆိုတယ်ဆိုတာ ငါတို့တွေကြားက ဆက်ဆံရေးကို ပိုပြီးတော့ ခိုင်မာလာစေရုံပါပဲ။"

ဒီလိုမျိူး နွေးထွေးပြီး ကြင်နာတဲ့ စကားလုံးတွေက...

ရှောင်ချိုးသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီးနောက် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ ကျေးဇူးတင်ပါတယ် အကိုကြီး အန်။ အခု ချုပ်ဆိုကြတာပေါ့။"

ထိုသို့ဖြင့် အန်လင်း၏ ရွှေရောင်သွေးအဆီအနှစ်သည် ရှောင်ချိုး၏ နဖူးအတွင်း ဝင်ရောက်သွားပြီးနောက် သူတို့နှစ်ဦးသည် အောင်မြင်စွာဖြင့် ချုပ်ဆိုလိုက်နိုင်သည်။

"တင်းတောင်.. စစ်ဆင်ရေး ပြီးဆုံးပါပြီ။"

သူ၏ စိတ်ထဲတွင် ကြားလိုက်ရသည့် စနစ်၏ အသံကြောင့် အန်လင်းမှာ အလွန်အမင်း ပျော်ရွှင်လာသည်။

အလယ်အလတ်အဆင့် စစ်နတ်ဘုရား ဓားနည်းစနစ်ဖြစ်သော စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်နှင့် ပတ်သက်သည့် အချက်အလက်များအားလုံးသည် သူ၏စိတ်အတွင်းသို့ ရောက်ရှိလာသည်။

နည်းစနစ်များ၊ မန္တန်များ၊ သဘောတရားများ၊ တာအို နားလည်မှုများ၊ အစစ်အမှန် အဓိပ္ပါယ်များ စသည်..။

ယခုအခါတွင် အန်လင်းအနေဖြင့် နားလည်သဘောပေါက်လိုက်ရသည်မှာ စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်၏ ကြီးကျယ်မြင့်မြတ်မှုနှင့် နက်နဲသိမ်မွေ့မှုတို့ ဖြစ်သည်။ သူမြင်ဖူးသမျှ ဓားနည်းစနစ်များထဲတွင် အလွန်သိမ်မွေ့သည့် ဓားနည်းစနစ် ဖြစ်သည့်အပြင် ထိုနည်းစနစ်ဖြင့် ဓားစိတ်ဆန္ဒအား မူလဓားမှနေ တိုက်ရိုက် ခွဲထုတ်နိုင်သည်။

"ရှောင်ချိုး.. ငါနဲ့အတူ နည်းနည်းလောက် လေ့ကျင့်ကြရအောင်"

အန်လင်း၏ဓားသည် တိုက်ပွဲဆာလောက်နေပြီ ဖြစ်သည်။

အန်လင်း၏ စကားကို ကြားလိုက်သည့်အခါတွင် ရှောင်ချိုးသည် မူလပုံစံသို့ ပြန်လည်ပြောင်းလိုက်သည်။ သူ၏ ငွေသံတုတ်အား ထုတ်ယူလိုက်ပြီးနောက် ခန္ဓာကိုယ်မှနေ စွမ်းအားကြီးသည့် အော်ရာများ ထွက်ပေါ်လာသည်။

အန်လည်းသည် မည်သည့်အတွက်ကြောင့် တိုက်ခိုက်ချင်မှန်း မသိသော်လည်း သူ့အနေဖြင့် တိုက်ခိုက်ရန် တောင်းဆိုချက်အား ငြင်းပယ်မည် မဟုတ်ပေ။ ထိုသို့ တိုက်ခိုက်ခြင်းသည် သူ၏ တိုက်ခိုက်စွမ်းရည်အား တိုးတက်လာစေနိုင်သည်။

"အရမ်းကောင်းတယ်။ ငါစပြီနော်။"

အန်လင်းသည် ရွှေဓားအား လက်ဖြင့်ကိုင်ကာဖြင့် ရှောင်ချိုးထံ ပြေးဝင်သွားသည်။ ဓားဖြင့် အရှေ့သို့ ထိုးသွင်း လိုက်သည့်အခါတွင် သူ၏ ဓားမှနေ ရွှေရောင်အလင်းများ ပေါက်ကွဲ ထွက်လာသည်။

အန်လင်း၏ တိုက်ခိုက်မှုများအား ရင်ဆိုင်ရာတွင် ရှောင်ချိုးသည် အလွန် အန္တရာယ် ရှိသည်ဟု ခံစားမိသဖြင့် အံ့အားသင့်နေမိသည်။

သိထားရမည်မှာ အန်လင်းသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်သာလျှင် ရှိနေသေးသူ ဖြစ်သည်။ အခြားတဖက်တွင် သူသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်။

သူတို့နှစ်ဦးကြားတွင် အဆင့်သေး ၂ ဆင့် ကွာခြားနေသော်လည်း အန်လင်းသည် သူ့အား ကြောက်ရွံ့သွားစေသည့် တိုက်ခိုက်မှုများ ထုတ်ဖော်နိုင်နေသည်။ သူ့အနေဖြင့် မည်သို့ဖြင့် မအံ့ဩဘဲ ရှိနိုင်မည်နည်း။

ရှောင်ချိုးသည် ထိုတိုက်ကွက်များအား ပေါ့ပေါ့တန်တန် ရင်မဆိုင်ရဲပေ။ သူ၏ ငွေသံတုတ်အား ဝှေ့ယမ်းကာဖြင့် အန်လင်းနှင့် တိုက်ခိုက်ရာတွင် စွမ်းအားအပြည့် အသုံးပြုလိုက်သည်။

ဘုန်း ဘုန်း ဘုန်း

သူတို့၏ တိုက်ခိုက်မှုကြောင့် ကြီးမားလှသည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။ မြေပြင် ပေတစ်ရာ ပတ်လည်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ဖုန်မှုန့်များ ကျောက်တုံးများ လွင့်ပျံလာသည်.

အန်လင်း၏ တိုက်ခိုက်မှုသည် မခန့်မှန်းနိုင်ဘဲ ရှိလာသည်။ ရှောင်ချိုးသည် တိုက်ခိုက်ချိန် ကြာလာသည်နှင့်အမျှ ပိုမို အံ့ဩမိလာသည်။

အမြန်နှုန်းနှင့် ခွန်အားတွင် ရှောင်ချိုးသည် အန်လင်းထက် သိသိသာသာ ကြီးမားလှသည်။

သို့သော်လည်း ထိုကွာခြားချက်သည် အန်လင်း၏ ကြောက်မက်ဖွယ် ဓားနည်းစနစ်ကြောင့် မသိသာတော့ပေ။

သည့်အပြင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် စိတ်ဝိညာဉ်သားရဲတစ်ကောင် ဖြစ်သည်ကြောင့် ရှောင်ချိုး၏ ချီစွမ်းအင်စုဆောင်းမှုသည် အန်လင်းထက် များပြားသည်မှာ သံသယဖြစ်ဖွယ်ရာ မလိုပေ။ ထို့ကြောင့် ရှောင်ချိုးသည် ထိုအချက်ဖြင့် အနည်းငယ် အသာရရှိနေလေသည်။

အန်လင်း တိုက်ခိုက်မှုများ ပိုမိုလာသည်နှင့်အမျှ သူ့အနေဖြင့် ထိန်းသိမ်းနိုင်စွမ်း မရှိတော့ချေ။ ပိုမိုတက်ကြွလာပြီး ကျေနပ်အားရလာသည်။

ဤသည်က သူအစစ်အမှန် ဖြစ်သည်။ ဓားအင်မော်တယ် အန်လင်း အစစ်ပင်။

"ရှောင်ချိုး ဂရုစိုက်"

အန်လင်း အော်ဟစ်လိုက်ပြီးနောက်တွင် လေပါးပါး တစ်လွှာသည် ရုတ်တရက်ဆိုသလို သူ၏ ရွေရောင်ဓားတွင် ရစ်ဝဲလာသည်။ လေစိတ်ဝိညာဉ်နည်းစနစ်၏ အသုံးပြုနည်းများကြောင့် လေအလွှာသည် ပိုမိုသန့်စင်ကာ တောက်ပလျက်ရှိသည်။

ပထမဆုံး နည်းစနစ်ဖြစ်သော ဝါယောဓား။

အန်လင်း၏ အော်ရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏ဓားသည် လေကို ပိုင်းဖြတ်လိုက်ပြီးနောက် အနောက်တွင် ပုံရိပ်ပွားများ အတန်းလိုက် ကျန်ခဲ့သည်။

အရမ်းမြန်တာပဲ

ရှောင်ချိုးသည် အလျင်အမြန် သတိကပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ ငွေသံတုတ်အား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီးနောက် သံတုတ်အား လှည့်ပတ်ကာဖြင့် ခုခံလိုက်သည်။

သို့သော်လည်း အန်လင်း၏ တိုက်ခိုက်မှုသည် အလွန်မြန်ဆန်သည့်အတွက် သာမာန်မျက်စိဖြင့် မမြင်နိုင်ချေ။

ချွမ် ချွမ် ချွမ်

ရွှေရောင်ဓား၏ ခုတ်ချက်များကြောင့် ရှောင်ချိုး၏ မဟူရာဖန်သံချပ်ကာမှ တောက်ပသည့် မီးပွားများ လွင့်စင်လာသည်။

လျှပ်တစ်ပြက် အတွင်းမှာပင် ရှောင်ချိုးသည် အချက်ပေါင်းများစွာ တိုက်ခိုက်ခံလိုက်ရသည်။

သူ၏ သံချပ်ကာကြောင့်သာ မဟုတ်ခဲ့လျှင် ရှောင်ချိုးသည် ပြင်းထန်သည့် ဒဏ်ရာများ ရရှိနေပေလိမ့်မည်။

"ကြောက်ဖို့ကောင်းလိုက်တဲ့ တိုက်ကွက်တွေ။ လာစမ်းပါ"

ရှောင်ချိုးသည် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရသည်။ အန်လင်းနှင့် တိုက်ပွဲအား သူ့အနေဖြင့် အလွန်သဘောကျနေမိခြင်း ဖြစ်သည်။ ယခုအခါတွင် သူ၏ တိုက်ပွဲစိတ်ဆန္ဒ များသည် တောက်လောင်နေပြီ ဖြစ်သည်ကြောင့် အန်လင်းထံသို့ သူ၏တုတ်အား မြှောက်ကာဖြင့် ပြေးဝင်သွားသည်။

"ဖြည်းဖြည်း ဖြည်းဖြည်း ရပ်.. ရပ်လိုက်တော့" အန်လင်း အော်ဟစ်လိုက်သည်။

အန်လင်းသည် ကိုယ်ကိုကိုင်းကာဖြင့် အသက်ပြင်းပြင်း ရှူနေလေသည်။

ရှောင်ချိုးသည် ခေတ္တမျှ ကြောင်အ သွားမိသည်။ အန်လင်း၏ မောပန်းနေသည့် အမူအရာအား မြင်လိုက်သည့်အခါတွင် မသေချာမှုများဖြင့် မေးလေသည်။ "မောလို့လား။"

အန်လင်းသည် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ဓားအား လွှတ်ချလိုက်သည်။ မြေပြင်ပေါ်တွင် လဲလျောင်းလိုက်ပြီး အသက်ရှူနေမိသည်။

မျှော်လင့်ထားသလိုပင် စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်သည် အလွန်စွမ်းအားကြီးလှသည်။ သာမန် ဓားခုတ်ချက်များအား အသုံးပြုကာဖြင့် ရှောင်ချိုးအား လက်ရည်တူ တိုက်ခိုက်နိုင်လေသည်။

အကယ်၍ နည်းစနစ် ၆ ခုလုံးအား အသုံးပြုလိုက်မည်ဆိုလျှင် တိုက်ပွဲ၏ အခြေအနေအား ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။

စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်၏ တစ်ခုတည်းသော ပြဿနာမှာ ချီစွမ်းအင် အများအပြား ကုန်ဆုံးခြင်း ဖြစ်သည်။ ပထမဆုံး နည်းစနစ်အား အသုံးပြုလိုက်သည့်အခါတွင် သူ၏ ကျောက်စိမ်းဂူအတွင်းရှိ ချီစွမ်းအင်ပင်လယ်သည် ကုန်ဆုံးလုနီးနီးအထိ ဖြစ်သည်။

ထို့အပြင် အမြဲစိမ်းနည်းစနစ်အား တတ်မြောက်ပြီးနောက်တွင် သူ၏ ချီစွမ်းအင် ပင်လယ်မှာ ပိုမိုကျယ်ပြန့်ခဲ့ပြီး ဖြစ်သည်။

ထိုအချိန်တွင် တပိုင်သည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာခဲ့ပြီး "မျှော်လင့်ထားသလိုမျိုးပါပဲ အကိုကြီးအန်ရေ.. ဓားကို အသုံးပြုတဲ့ အခါမှာ အရမ်းကို အင်အားကြီးပြီး ကြောက်ဖို့ ကောင်းလိုက်တာ။"

တပိုင်သည် အန်လင်းအား ရှောင်ချိုးကဲ့သို့ပင် အစ်ကိုကြီးအန်ဟု ခေါ်ဆိုလေသည်။ ထိုသို့ ခေါ်ဆိုခြင်းသည် အန်လင်း၏ ကြီးမြတ်သည့် သဘာဝကို ပြသရာ ရောက်သည်ဟု ခံစားမိခြင်းကြောင့် ဖြစ်သည်။

အန်လင်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုကသည်။ ခေတ္တမျှ ကြာပြီးသည့်အခါတွင် ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။

နောက်ဆုံးတွင် သူ၏ အိပ်မက်ဖြစ်သော ဓားအင်မော်တယ် တစ်ဦးအဖြစ် အသိအမှတ် ပြုခံရပြီ ဖြစ်သည်။

"သွားကြစို့။ အခု ဇာမဏီငှက်ဂိုဏ်းကို ခရီးဆက်ကြမယ်.."

***

All Chapters