← Chapters

အဆုံးမဲ့ နတ်ဧကရာဇ်၏ ဆန်းကြယ်ပညာရပ်

Vol. 22 Ch. 320

အဆုံးမဲ့ နတ်ဧကရာဇ်၏ ဆန်းကြယ်ပညာရပ်

Vol. 22 Ch. 320

အခန်း  (၃၂၀)  :  အဆုံးမဲ့ နတ်ဧကရာဇ်၏ ဆန်းကြယ်ပညာရပ်

ချီရှောက်ရွမ်က ဝမ်ရှန်းယုအား စိုက်ကြည့်လိုက်သည်။ သူတို့က လက်နက်ကိုယ်စီ ဆွဲထုတ်နေကြလေပြီ။

ရှေးခေတ်အခါကတည်းက ပါရမီရှင်အားလုံးက ကိုယ့်မာနနှင့်ကို ရှိကြသည်။

ချီရှောက်ရွမ်က ရှန်ထျန်းထံ ယဉ်ကျေးရည်မွန်နေသည့် အကြောင်းအရင်းမှာ သူ့အင်အားကို အသိအမှတ်ပြုထား၍ ဖြစ်သည်။ သို့သော်လည်း ရှန်ထျန်းအပြင် တခြားဘယ်သူကိုမှ ချီရှောက်ရွမ်က အသိအမှတ် မပြုထားပေ။ ဗောဓိသတ္တဝကူသို့၊ ဖန်ချန်းတို့ပင် မပါပေ။

ဝမ်ရှန်းယုက စကားကြီး စကားကျယ်တွေ ပြောတာကို ညီအစ်ကိုရှန်က သူ့ဘက်က ကာပြောပေးနေတယ်တဲ့လား …

ထိုအရာကြောင့် ဝမ်ရှန်းယုအပေါ် ချီရှောက်ရွမ်၏ အကြည့်တို့က ပိုမို ခက်ထန်လာရသည်။

သူက  လက်ရည်တူတယ်လို့ ပြောရဲတယ်လား … ဟာသပဲ

ဂူတစ်ခုလုံးအတွင်း  သိပ်သည်းနေသော တိုက်ပွဲအငွေ့အသက်များ  ထွက်ပေါ်လာသည်။ ဝမ်ရှန်းယုက ချီရှောက်ရွမ်အား ကြည့်လိုက်ရင်း ဟန်ဆောင်ဖို့ ကြိုးစားလိုက်သော်လည်း စိတ်ထဲ၌ အားနည်းလာလေသည်။

“ ဘာလုပ်ချင်တာတုန်း … မင်းကို … မင်းကို ကြောက်တယ်လို့ ထင်မနေနဲ့။ ငါတို့တိုက်ပွဲက ဟိုအကောင်တွေကို ဆွဲဆောင်သွားသလို ဖြစ်မှာစိုးလို့သာ မဟုတ်ရင် မင်းကို သေချာပေါက် အနိုင်ယူပြတယ် ”

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်  “ ဟုတ်သား … ကျွန်တော် နဂါးကျွန်းပေါ် လျှောက်သွားရင်း ဆန်းကြယ်နယ်ပယ်တစ်ခု တွေ့ထားတယ်။ သီးခြားအာကာပြင်တစ်ခုလိုပဲ။ တကယ်လို့ ညီအစ်ကိုဝမ်က ညီအစ်ကိုချီနဲ့ လက်ရည်ချင်းယှဉ်ချင်ရင် အဲဒီနေရာကို သွားကြမယ်လေ ”

ဝမ်ရှန်းယု  “ … ”

လေထုက ရုတ်ချည်းဆိုသလို ထူးဆန်းလာသည်။

ခဏအကြာတွင် ဝမ်ရှန်းယုက ချောင်းအသာဟန့်လိုက်ပြီး   “ အဟမ်းဟမ်း … စောစောက ယာ့လုံတွေနဲ့ တိုက်တုန်းက အသက်ဓာတ်အများကြီး သုံးမိသွားပြီ။ ရက်အနည်းငယ်လောက် အားပြန်ဖြည့်ဖို့ လိုအပ်သေးတယ်။ ငါ အားပြန်ပြည့်လာမှ ဆက်ပြောကြတာပေါ့ ”

ထိုသို့ပြောပြီးနောက် ဝမ်ရှန်းယုက လှည့်ထွက်သွားဖို့ ပြင်လိုက်သော်လည်း ချီရှောက်ရွမ်က ရှေ့ကနေ တားဆီးထားလိုက်သည်။

ချီရှောက်ရွမ်က စနောက်လိုသည့် အပြုံးမျိုးဖြင့်   “ညီအစ်ကိုဝမ်က အားပြန်ဖြည့်ဖို့ ဘယ်နေရာများ သွားမလို့လဲ။ ကျုပ် လိုက်ပြီး စောင့်ကြပ်ပေးပါ့မယ် ”

ဝမ်ရှန်းယု တစ်ယောက် ဘာပြောရမှန်းမသိ ကြောင်အသွားတော့သည်။

…………....

ရှန်ထျန်းက မပြုံးဘဲ မနေနိုင်တော့ပေ  “ ကောင်းပြီလေ … ကျွန်တော်တို့အားလုံးက လူသားမျိုးနွယ်တွေဆိုတော့ ဆန်းကြယ်နယ်ပယ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးသင့်တယ်လေ။ ကိုယ်အချင်းချင်း မတိုက်ဘဲ နေကြစို့ ”

ရှန်ထျန်းက ပြောလိုက်ရင်း ဝမ်ရှန်းယု၏ ခေါင်းအထက်ကို ကြည့်လိုက်သည်  “ ညီအစ်ကိုဝမ်ရဲ့ အံ့ဖွယ်လေဟာနယ် ဖွဲ့စည်းပုံ ကျိန်စာအကြောင်း ကြားဖူးတယ်။  အရှင်းဆုံးပြောရရင် ကျွန်တော် တွေ့ထားတဲ့ အဲဒီဆန်းကြယ်နယ်ပယ်က ညီအစ်ကိုဝမ်အတွက် အများကြီး အကျိုးရှိလောက်တယ် ”

ငါ့အတွက် အကျိုးရှိတယ်တဲ့လား …

ဝမ်ရှန်းယုက ရှန်ထျန်းအား မယုံသင်္ကာကြည့်လိုက်ပြီး  “ ဘာအကျိုးရှိတာလဲ ”

ရှန်ထျန်းက ပြုံးကာ သူတို့နေ့စဉ် လိုအပ်သည့် အသုံးအဆောင်များကို ထုပ်ပိုးလိုက်သည်  “ ခဏနေရင် သိမှာပါ ”

သုံးယောက်သား ဒယ်အိုး၊ အိုး၊ စားပွဲနှင့် ထိုင်ခုံများကို သိမ်းဆည်းပြီးနောက် ရှန်ထျန်း၏ ဦးဆောက်မှုအောက်တွင် ဂူထဲမှ ထွက်လာလိုက်ကြသည်။ ချီရှောက်ရွမ်၊ ဝမ်ရှန်းယုနှင့် အောင်းဝူတို့က တည်ရှိမှုကို အပြည့်အဝ မဖုံးကွယ်ထားနိုင်ကြပေ။ သူတို့သာ အပြင်ဘက်မှာ ကြာကြာရှိနေပါက နဂါးများကို ဆွဲဆောင်သလို ဖြစ်သွားပေမည်။ ထို့ကြောင့် ရှန်ထျန်းက အချိန်မဖြုန်းနေတော့ပေ။

သူတို့က ဝမ်ရှန်းယု၏ ကံအပြောင်းအလဲ အခွင့်အရေး တည်ရှိရာအတိုင်း အနီးဆုံးနှင့် အမြန်ဆုံးလမ်းကြောင်းကို ရွေးကာ အမြန်ဆုံးနှုန်းဖြင့် သွားလိုက်ကြသည်။

ခဏအကြာတွင် ရှန်ထျန်းက အားလုံးကို ပန်းတိုင်သို့ ခေါ်ဆောင်လာနိုင်လိုက်သည်။

ဤသည်မှာ အနံ့ဆိုးဆိုးများ ထုတ်လွှင့်နေပြီး မည်းနက်နေသည့် ရွံ့ရေကန်တစ်ခု ဖြစ်၏။

ရွံ့ရေကန်၏ အနံ့ဆိုးဆိုးက အားလုံး၏ ကိုယ်နံ့များကို ဖုံးလွှမ်းသွားလေသည်။

ဒီလိုနေရာမှာ ဆန်းကြယ်နယ်ပယ် ရှိနေတာ ဟုတ်ရဲ့လား …

ဝမ်ရှန်းယု တစ်ယောက် မဲ့ရွဲ့သွားတော့သည်။

ဒီလိုနေရာမှာ ဆန်းကြယ်နယ်ပယ် ထားရအောင် အဲလူက ဘယ်လောက်တောင် ထူးဆန်းနေလိုက်မလဲ …

ဒီလိုနေရာမျိုးက ဆန်းကြယ်နယ်ပယ်ကို တွေ့သွားတဲ့လူက ဘယ်လောက်တောင် ကံဆိုးနေလို့လဲ … တွေးကြည့်ရုံနဲ့တင် မယုံနိုင်စရာပဲ

ရှန်ထျန်းက ဝမ်ရှန်းယု အတွေးများကို မသိပေ။ သူသာ သိခဲ့လျှင် ထိုကံဆိုးနေသူက ဝမ်ရှန်းယုသာ ဖြစ်ကြောင်း ပြောမိလောက်၏။

မူလ ကံအပြောင်းအလဲ အခွင့်အရေးမြင်ကွင်းတွင် နဂါးများက ဝမ်ရှန်းယုနောက် ဆက်တိုက်လိုက်လာသောကြောင့် သူ့အနေနှင့် ရွေးချယ်စရာမရှိဘဲ ဤအနံ့ဆိုးဆိုး ရွံ့ရေကန်ဆီ ပြေးလိုက်ရသည်။ သူက ရွံ့နံ့ဖြင့် သူ့ကိုယ်နံ့အား ဖုံးအုပ်ကာ ထွက်ပြေးဖို့ ကြံစည်ထားလေ၏။ သို့သော်လည်း ဝမ်ရှန်းယု မျှော်လင့်မထားမိသည်က ဤနေရာတွင် ဆန်းကြယ်နယ်ပယ် ရှိနေပြီး သူ့အတွက် ကံအပြောင်းအလဲ အခွင့်အရေးရလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အရှင်းဆုံးပြောရလျှင် ရှန်ထျန်း ထိုမြင်ကွင်းကို မြင်ခဲ့စဉ်အခါက မနေနိုင်ဘဲ ရေရွတ်မိလိုက်သေး၏  “ဒီလူ့ကို ဝမ်ရှန်းယုလို့ မခေါ်ဘဲ ဝမ်ဝူကျိလို့ ခေါ်ရမှာ ”

ဒါပေမဲ့ သူ့ကံအပြောင်းအလဲ အခွင့်အရေးကို မြင်ပြီးကတည်းက ငါ တွေ့သွားပြီလေ

အလကားတော့ အမြဲတမ်း ကြိုဆိုတယ် …

………....

“ဆန်းကြယ်နယ်ပယ်က ဒီရွံ့ရေကန်အောက်မှာ ရှိတယ်။ အားလုံး အကာအရံကို အသက်သွင်းပြီး နောက်ကနေ လိုက်ခဲ့ကြပါ ”

ထို့နောက် ရှန်ထျန်းက ရွှေရောင်အလင်းများ ထုတ်လွှင့်သည့်အခါ သူ့ဘေးပတ်လည်တွင် သုံးမီတာ အကာအရံအလွှာတစ်ခု ဖြစ်တည်လာပြီး သူ့အား လွှမ်းခြုံသွားလေသည်။ ဤသို့သော အကာအရံအလွှာမျိုးက ရွံ့အနံ့ဆိုးကို လုံးဝ ဖုံးထားပေးနိုင်ပြီး ရွံ့ရေကန်ထဲ ဝင်သည့်အခါ တိုက်ခိုက်ခံရခြင်းမှလည်း ကာကွယ်ပေးထားသည်။

ဝိညာဉ်ချီများ ပြည့်နှက်နေသည့် ဤအနံ့ဆိုးဆိုး ရွံ့ရေကန်ထဲ၌ ခက်ထန်ကြမ်းတမ်းသည့် သားရဲ ရှိနေမလား မည်သူမှ မသိကြပေ။

ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရှန်ထျန်းနောက်လိုက်ကာ သူတို့အကာအရံများ ကိုယ်စီ အသက်သွင်းလိုက်ကြသည်။ အောင်းဝူအတွက်မူ သတ္တိမွေးနေရသောကြောင့် နောက်တွင် ကျန်ခဲ့တော့မလို ဖြစ်သွားခဲ့ရသည်။

လေးယောက်သား ရွံ့ရေကန်ထဲ ဝင်လိုက်ပြီးနောက် သူတို့စွမ်းအား အမြန်အဆန် ကုန်လာသည်ကို ခံစားမိလိုက်ကြသည်။ ဤသည်မှာ ရိုးရိုးရှင်းရှင်း ရွံ့ရေကန် မဟုတ်မှန်း သိသာလှ၏။

ရွံ့ရေကန်က ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို တိုက်စားနိုင်သည့် အဆိပ်ပြင်းပြင်း စွမ်းအားတမျိုး ပါဝင်နေသည်။

အကယ်၍ သူတို့စွမ်းအား သန့်စင်မှုန်နှုန်းသာ မမြင့်ပါက ရွံ့ရေကန်၏ စွမ်းအားများက သူတို့ကို ခဏလေးအတွင်း တိုက်စားသွားလိမ့်မည်။ ထိုအခါ ရွံ့ရေကန်အတွင်း အရိုးခြောက် ထပ်တိုးလာရုံသာ ဖြစ်လိမ့်မည်။

ဂါး ...

ထိုစဉ် ရွံ့ရေကန်တစ်လျှောက် ဟိန်းဟောက်သံကြီး ပဲ့တင်ထွက်လာသည်။

ရွံအိုင်အနက်ပိုင်းမှ ဧရာမ ပုံရိပ်အမည်းကြီး ထွက်ပေါ်လာပြီး သူတို့ဆီ အမြန်ဆုံးနှုန်းဖြင့် ကူးခတ်လာနေသည်။ ထိုပုံရိပ်အမည်းကြီး ပေါ်လာသည်နှင့် လေးယောက်သား ပတ်ဝန်းကျင်ရှိ ရွံ့များက ပိုမို ထူထပ်လာကာ အဆိပ်ပြင်းလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ကြသည်။

သူတို့စွမ်းအား ကုန်ခမ်းနှုန်းကလည်း ရုတ်ချည်း အဆများစွာ တိုးပွားလာသည်။

ချီရှောက်ရွမ်က မျက်မှောင်ကြုတ်ကာ  “ မကောင်းတော့ဘူး … ဒီရွံ့ရေကန်က အမှောင်အဆိပ် နဂါးရဲ့ အသိုက်ပဲ ”

ကျွန်းပေါ်ရှိ နဂါးများက ဉာဏ်ရည်မမြင့်မားကြကာ အောင်းဝူလိုမျိုး လူသားအသွင် မပြောင်းလဲနိုင်ကြသလို ကျင့်စဉ်များကို မကျင့်ကြံနိုင်ကြသော်လည်း အားနည်းသည်ဟု မဆိုလိုပေ။

အချုပ်အားဖြင့် ထိုနဂါးများက သဘာဝဓာတ် စည်းမျဉ်းစွမ်းအားများကို ထိန်းချုပ်နိုင်ကြသောကြောင့် အင်မတန် အားကောင်းကြသည်။ အမှောင်အဆိပ် နဂါး ထိန်းချုပ်နိုင်သည့် စွမ်းရည်မှာ အဆိပ် ဖြစ်၏။

ဤအဆိပ်ရွံ့ရေကန်အတွင်း အမှောင်အဆိပ် နဂါး၏ တိုက်ခိုက်ရည်က အဆများစွာ တိုးမြင့်လာသည်။ ပြောရလျှင် ဤရွံ့ရေကန်က အမှောင်အဆိပ်နဂါး၏ ပိုင်နက် ဖြစ်နေပြီး ရန်သူများကို အားနည်းစေကာ ကန့်သတ်ထားနိုင်သည်။

................

ဂါး …

အမှောင်အဆိပ်နဂါးက တဖန် မာန်ဖီလိုက်ပြန်သည်။ ကြည့်ရသည်မှာ အစိမ်းပုတ် အဆိပ်ငွေ့များ ထုတ်လွှင့်နေသည့် အနက်ရောင် ဧရာမ ပုတ်သင်ညိုကြီးနှင့် တူသည်။ အတော်လေး အကျည်းတန်လှသည်။

သို့သော်လည်း ရှန်ထျန်းတို့ အဖွဲ့အား ဘက်ပေါင်းစုံမှ တိုက်ခိုက်နိုင်သောကြောင့် အတော်လေး အားကောင်းသည်ဟု ဆိုလို့ရသည်။

ဤရွံ့ရေကန်ကြီးက ပင်လယ်ကြီးသဖွယ် တဟုန်ထိုး ထွက်ပေါ်လာသည်။

အားအကောင်းဆုံး ကျင့်ကြံသူများဖြစ်ကြသည့် ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုတို့ပင် အကျပ်အတည်းကြား ရောက်နေကြသည်။ ကောင်းကင်အသျှင်အဆင့် အဆိပ်နဂါးတစ်ကောင်က သူ့ပိုင်နက်အတွင်း တိုက်ခိုက်လာသည့်အခါ တခြားရွေးချယ်စရာ မရှိတော့ပေ။ ပြောရလျှင် သူတို့က ကိုယ့်သေတွင်းကို တူးမိသလို ဖြစ်သွားသည်။

အဆိပ်နဂါး ပေါ်လာသည့်အခါ ရှန်ထျန်း၏ မျက်နှာကား ချက်ချင်း မည်းမှောင်သွားလေသည်။

ဘာဖြစ်တာတုန်း … ဝမ်ရှန်းယု လာတုန်းက အသိုက်မှာ မရှိဘဲနဲ့ ငါ အားလုံးကို ခေါ်လာတော့မှ ဘယ်လိုလုပ် အသိုက်ဆီ ပြန်ရောက်နေတာတုန်း …

ဘာလဲ ငါ့ကို အထင်သေးတာလား … ငါ့ကို တမင် ပစ်မှတ်ထားတာလား ဒါမှမဟုတ် ဝမ်ရှန်းယုထက် ငါက ပိုလွယ်တယ်များ ထင်နေတာလား

ဒီနေ့တော့ ကောင်းကင်ရှင်းလင်း တူရိုက်ချက်အကြောင်း ပြရသေးတာပေါ့ …

ထိုအတွေးဖြင့် ရှန်ထျန်းက နောက်မဆုတ်ဘဲ အမှောင်အဆိပ်နဂါးဆီ ပြေးဝင်သွားလိုက်သည်။

“ ညီအစ်ကိုရှန် အလျှင်စလို မလုပ်နဲ့။ မတိုက်ခင် အားလုံးရောက်အောင် စောင့်ပါဦး ”

ဝမ်ရှန်းယုက ကြောင်အမ်းသွားလေသည်။ သူက လေဟာနယ်စွမ်းအား အကာအရံကို လွှမ်းခြုံထားရင်း သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးကာ လေးနက်သည့် အမူအယာတို့ ဖြစ်ပေါ်နေသည်။

သက်တမ်းပဲလေ … သူ ကုန်ဆုံးသွားမှာက သက်တမ်းပဲလေ …

သို့သော်လည်း နောက်အဖြစ်အပျက်က ဝမ်ရှန်းယုအား ကြောင်အမ်းသွားစေသည်။ ရှန်ထျန်းဦးခေါင်းမှ  အနီ၊ အဖြူ၊ အဝါ၊ အစိမ်း စသည့် အံ့ဖွယ်အလင်းရောင်အမျိုးမျိုး ဖြာထွက်လာသည်ကို မြင်လိုက်ရသည်။

ရှန်ထျန်း၏ ဆံပင်များက တစ်မွေးပြီး တစ်မွေး ထောင်တက်လာကာ အင်မတန် အားကြီးပုံပေါ်လာသည်။

တစ်ချိန်တည်းတွင် ရှန်ထျန်း ခေါင်းအထက် တူတစ်လက် ပေါ်ထွက်လာသည်။ ထိုတူက‌ ရွှေရောင် ဓာတ်နှောနတ်မိုးကြိုးများဖြင့် ဝန်းရံထားသည့် ခရမ်းရောင်တူကြီး ဖြစ်သည်။

လက်ရှိ ရှန်ထျန်း ထုတ်လွှင့်နေသော အငွေ့အသက်များကြောင့် ဝမ်ရှန်းယုပင် နေရခက်လာသည်။ ဤသည်မှာ အင်အားဖိနှိပ်ခြင်း ဖြစ်၏။

ရှန်ထျန်း၏ လက်ရှိစွမ်းအား အရည်အသွေးက မြင့်လွန်းနေသည်။

……….....

ရှန်ထျန်း၏ တစ်ကိုယ်လုံးကို ရွှေရောင်မီးတောက်များ လွှမ်းခြုံသွားသည့်အခါ အမှောင်အဆိပ်နဂါးက အန္တရာယ်ကို ခံစားမိသွားပုံရသည်။ သူက အားမာန်အပြည့်ဖြင့် ဟိန်းဟောက်လိုက်ပြီးနောက် စိမ်းပုတ်ရောင် အဆိပ်ငွေ့များက အလုံးသဏ္ဌာန် ဖြစ်လာကာ အဆိပ်ဗုံးအဖြစ် စုစည်းသွားလေသည်။

ဝုန်း …

ဧရာမ အဆိပ်ငွေ့ဗုံးကြီးက ရှန်ထျန်းဆီ တည့်တည့် လွှင့်စင်လာသည်။

သို့သော်လည်း ရှန်ထျန်းက ကြောက်ရွံ့မှု မပြပေ။ သူ့အနောက်ဘက်မှ ငှက်မွေးထာဝရသတ္တုကို ရုတ်တရက် ဖြန့်ကားလိုက်ပြီး ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။

ရှန်ထျန်းက ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။ သူ ပြန်ပေါ်လာသည့်အခါ အမှောင်အဆိပ်နဂါးနှင့် ဆယ်ပေလောက်သာ ကွာဝေးတော့၏။

“ကောင်းကင်လွင်ပြင် တူရိုက်ချက် ၃၆ ချက်  - ကြယ်ခြေမွတူရိုက်ချက် ”

ခရမ်းမိုးကောင်းကင်တူတွင် မိုးကြိုးများ တလက်လက် ဖြစ်လာကာ တူက ချက်ချင်း ကြီးမားလာသည်။ ဧရာမတူကြီးက ကြယ်တာရာ ပြုတ်ကျလာသလိုမျိုး အရှိန်ပြင်းပြင်းဖြင့် ကျရောက်လာသည်။

ဝုန်း …

အမှောင်အဆိပ်နဂါး၏ ဧရာမကိုယ်ထည်ကြီးက ပေတစ်ထောင်အထိ လွှင့်စင်သွားပြီး သူ့မျက်နှာပင် ရွဲ့စောင်းသွားသည်။

ဂါး …

အဆိပ်အမှောင်နဂါးက အားပါးတရ ဟိန်းဟောက်ပြီး သူ့ခန္ဓာကိုယ်ကို အတင်းကျပ် ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်။ အဆိပ်များစွာ ပျံ့နှံ့လာပြီး ထုံထိုင်းထိုင်း ဖြစ်စေသည့် မိုးကြိုးချက်ကို ပယ်ဖျက်ဖို့ ကြိုးစားနေသည်။

အဆိပ်များက မိုးကြိုးအနည်းငယ်ကို ဖယ်ရှားလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်လာခါနီးတွင် ရှန်ထျန်းက အနီးသို့ ထပ်မံ ရောက်လာပြန်သည်။

“ ကောင်းကင်လွင်ပြင် တူရိုက်ချက် ၃၆ ချက် - လဝန်းပင့်တင်ခြင်း တူရိုက်ချက် ”

ခရမ်းမိုးကောင်းကင်တူကြီးက ကျဆင်းလာသည်။ ရှန်ထျန်း၏ ခန္ဓာကိုယ်မှာလည်း ကြီးမားလာပြီး ပေရာချီ မြင့်မားသည့် ဧရာမလူသားအသွင် ပြောင်းလဲသွားသည်။ သူက အားကုန်ဝေ့ယမ်းလိုက်ပြီး အမှောင်အဆိပ်နဂါးအား တူဖြင့် ရိုက်ချလိုက်သည်။

ထိုစဉ် အဆုံးမဲ့ ဓာတ်နှောနတ်မိုးကြိုးတို့ ထွက်ပေါ်လာကာ အမှောင်အဆိပ်နဂါးကိုယ်ထဲ စီးဆင်းသွားပြီး ထုံထိုင်းသွားစေသည်။

တစ်ချိန်တည်းတွင် သူ့ပါးစပ်မှ အဆိပ်စွယ်တချို့ ထွက်လာသည်။

မှန်ပေသည်။ သွားတချို့ ကျွတ်ထွက်သွားခြင်း ဖြစ်ပေသည်။

ဂျွတ် …

ဝုန်း …

ဘုန်း …

ရွံ့ရေကန်၏ ရွံ့များက လှိုင်းများသဖွယ် ဆက်တိုက် လှုပ်ရှားနေသည်။ ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုတို့က တစ်ယောက်နှင့် တစ်ယောက် တအံ့တဩ ကြည့်လိုက်ကြသည်။ သူတို့က သူတို့၏ ပါးစပ်များပင် စောင်းရွဲ့သွားသလို ခံစားနေရ၏။

ရက်စက်လိုက်တာ …

ညီအစ်ကိုရှန်က ငါတို့ဘက်က ဖြစ်နေတာ ကံကောင်းသွားတာပဲ …  မဟုတ်ရင် ရန်သူဆိုရင်တော့ အိပ်မက်ဆိုးကြီး ဖြစ်နေတော့မှာပဲ

ဝမ်ရှန်းယုက ချီရှောက်ရွမ်အား ကြည့်လိုက်ကာ  “ ငါ မမှားရင် သူက အခုမှရွှေရောင်ကိုယ်ထည်အဆင့်ပဲ ရှိသေးတာမလား ”

ချီရှောက်ရွမ်ကလည်း ခေါင်းညိတ်ကာ  “ ဟုတ်တယ်။ အဲဒီတူက ညီအစ်ကိုရှန်ရဲ့ အားအကောင်းဆုံး တိုက်ကွက် မဟုတ်လောက်သေးဘူး ”

ဝမ်ရှန်းယုက အသက်ပြင်းပြင်းရှုလိုက်မိသည်။ သူက ထိုစွမ်းအားမျိုး ထုတ်သုံးဖို့ရာ အနည်းဆုံး နှစ်ငါးဆယ်လောက် ပေးဆပ်ရပေမည်။

ငါ့သက်တမ်းတွေနဲ့ ပေးဆပ်ရမဲ့ တိုက်ကွက်မျိုးကို မင်းက သာမန်တိုက်ကွက်လိုမျိုး ထုတ်သုံးလိုက်တာလား …

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က လူသားရော ဟုတ်ရဲ့လား …

ညီအစ်ကိုရှန်ကို နှစ်ငါးဆယ် သက်တမ်းနဲ့ လဲလှယ်ထားတဲ့ ဓားနဲ့ မခုတ်မိတာ ကံကောင်းသွားတာပဲ … နတ်ဒေဝါအပေါင်းကို ကျေးဇူးတင်ပါတယ်ဗျာ

..................

တစ်နာရီကြာပြီးနောက် အမှောင်အဆိပ် နဂါးက ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားတော့သည်။ ထိုနဂါးက ဒဏ်ရာအပြည့် ဖြစ်နေပြီး အခြေအနေ ဆိုးရွားနေလေသည်။

ဤသည်မှာ ရှန်ထျန်းတစ်ယောက် ထိန်းချုပ်ပြီး တိုက်ခိုက်လိုက်သည့် ရလဒ် ဖြစ်ပေသည်။ မဟုတ်ပါက ထိုအကောင် ခေါင်းပြုတ်သွားလောက်လေပြီ။

ပြောရလျှင် ကောင်းကင်အသျှင်ပင် ခံနိုင်ရည်မရှိသည့် အဆိပ်မျိုးက ရှန်ထျန်းထံ အလုပ်မဖြစ်သည့်အတွက် အမှောင်အဆိပ်နဂါး အရေးနိမ့်သွားခြင်း ဖြစ်၏။

ပြန်လည်ဝင်စားခြင်း သန့်စင်မြေက အဆိပ်အားလုံးကို ပယ်ဖျက်နိုင်သောကြောင့် အမှောင်အဆိပ်နဂါး၏ တိုက်ခိုက်စွမ်းရည်က အားပျော့သွားပြီးသား ဖြစ်သွားလေသည်။ ထို့အပြင် ရှန်ထျန်းတွင် ရွံ့ရေကန်၏ ကန့်သတ်ချက်များကို လျစ်လျူရှုထားနိုင်သည့် အံ့ဖွယ်ဝါးမျိုနွယ်ပင်နှင့် ပြန့်ဟွားပန်းတို့ ရှိနေသေး၏။

ရှန်ထျန်းအတွက် ရွံ့ရေကန်အတွင်း တိုက်ခိုက်ရခြင်းက အပြင်ဘက်တွင် တိုက်ခိုက်ရခြင်းနှင့် သိပ်မခြားနားပေ။ ထို့ကြောင့် သူက ယုံကြည်ချက် ရှိပေသည်။

“ အခု ဘာအနှောင့်အယှက်မှ မရှိတော့ဘူး” ရှန်ထျန်းက ခရမ်းမိုးကောင်းကင်တူကို ဘေးချလိုက်ရင်း အားလုံးကို ပြုံးပြကာ  “ လာလာ … နောက်က လိုက်ခဲ့ကြ ”

ရှန်ထျန်းက ဦးဆောင်ခေါ်သွားလိုက်သည်။ လူသားနှစ်ယောက်နှင့် နဂါးတစ်ကောင်က တံတွေးမျိုချကာ ရှန်ထျန်းနောက်မှ အလျှင်အမြန် လိုက်ပါသွားကြသည်။

အမှောင်အဆိပ်နဂါး၏ အနှောင့်အယှက် မရှိတော့သောကြောင့် အားလုံးက ရွံ့ရေကန် အနက်ပိုင်းသို့ မြန်မြန်ဆန်ဆန် သွားလိုက်နိုင်ပြီး ရည်ရွယ်ချက်ဆီ တန်းရောက်သွားသည်။  ဤသည်မှာ ပေထောင်ချီရှည်လျားသည့် လိပ်နက်ရုပ်တုကြီးတစ်ခု ဖြစ်နေသည်။ ထိုခန္ဓာကိုယ်က အဆိပ်ရွံ့ရေကန်အတွင်း နှစ်မြှပ်နေပြီး ခေါင်းလေးသာ ဖော်ထားသည်။

ဦးခေါင်းက အနက်ရောင်အလင်းများ တောက်ပနေပြီး ပါးစပ်ပေါက်က တခြားလေဟာနယ်တစ်ခုနှင့် ဆက်သွယ်ထားသလိုမျိုး ဖွင့်ဟထားသည်။ ထိုလိပ်နက်ရုပ်တုကို ကြည့်ကာ ရှန်ထျန်းက ကျေကျေနပ်နပ် ပြုံးလိုက်မိတော့သည်။

ဟိုနဂါးစုတ်ကို ဖြေရှင်းလိုက်ရတဲ့ ငါ့အချိန်နဲ့ အားစိုက်မှုတွေက အလကား ဖြစ်မသွားဘူးပဲ … နောက်ဆုံးတော့ ဆန်းကြယ်နယ်ပယ်ဆီ ရောက်ခဲ့ပြီ

“ အားလုံး နောက်က လိုက်ခဲ့ကြပါ ”

ရှန်ထျန်းက ခရမ်းမိုးကောင်းကင်တူကို လက်မှာဆွဲကိုင်ရင်း အားလုံးကို လိပ်နက်ပါးစပ်ပေါက်မှ ပေရာချီ ရှည်လျားသော လမ်းကြောင်းကို လျှောက်လှမ်းလိုက်သည်။

သူတို့မျက်လုံးရှေ့ အလင်းစူးစူးတစ်ခု ထွက်ပေါ်လာသည်။

သူတို့အမြင်အာရုံ ပုံမှန်ပြန်ဖြစ်သွားသည့်အခါ အားလုံး အာကာပြင်အသစ်တစ်ခုထဲ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

………………....

ဤအာကာပြင်က ကန့်သတ်ချက် မရှိသလို မြင်ကွင်းမှာလည်း အဆုံးမရှိပေ။ ထိုနေရာအလယ်၌ စင်မြင့်ကြီးတစ်ခု မျှောလွင့်လျက် တည်ရှိနေသည်။ အားလုံးက ထိုစင်မြင့်၏ အလယ်သို့ ရောက်ရှိနေကြ၏။ ဤနေရာတွင် အင်မတန် မည်းနက်နေသည့် ကျောက်ပြားတစ်ခု ရှိနေသည်။

ဤကျောက်ပြားချပ်က ပေတစ်ထောင် မြင့်မားပြီး ပေရာချီ ကျယ်ဝန်းပေသည်။ ထိုအပေါ်တွင် အံ့ဖွယ်သင်္ကေတမြောက်များစွာ ရေးထွင်းထားပြီး လိပ်နက်တစ်ကောင်၏ ပုံရိပ်လည်း ပါရှိနေသေးသည်။

အားလုံးက ထိုကျောက်ပြားကို ကြည့်လိုက်မိသည့်အခါ သူတို့ဆီ အသိဉာဏ်ဗဟုသုတ အမြောက်အများ စီးဝင်လာသလို ခံစားလိုက်ကြရသည်။ ဤသည်မှာ အတော်လေး ဆန်းကြယ်လှ၏။

ကျောက်ပြားအလယ်တွင် “ အဆုံးမဲ့ ”ဟု ရှေးဟောင်းစာလုံးဖြင့် ရေးထွင်းထားလေသည်။

ခွန်ပန်တာအိုထက် အားမနည်းသည့် အမွေအနှစ် ဖြစ်ကြောင်း သိသာလှသည်။

ချီရှောက်ရွမ်နှင့် အောင်းဝူတို့က တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ဝမ်ရှန်းယုက တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လာလေသည်။ သူက ကိုယ်လုံးတီး အလှလေးကို မြင်လိုက်ရသည့်အလား ကျောက်ပြားကြီးကို စိတ်အားထက်သန်သော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သူ့အသက်ရှုနှုန်းတို့ပင် မြန်ဆန်လာလေသည်။

“ ဒီဟာပဲ … ဒီဟာပဲ ဖြစ်ရမယ် ”

ဝမ်ရှန်းယုက ရေရွတ်ကာ  “ လိပ်နက်က ကိုယ်ထည်အစစ်လိုမျိုး … အဆုံးမဲ့ ထာဝရက သူ့ဂုဏ်ပုဒ်လိုမျိုး … ဟုတ်တယ် ဒါက အဆုံးမဲ့ နတ်ဧကရာဇ်ရဲ့ အမွေအနှစ်ပဲ … ဒါက ထာဝရအသက်ကျမ်းပဲ ”

ဝမ်ရှန်းယုက ကျောက်ပြားကြီးသည် နောက်စက္ကန့်ပိုင်းလေး၌ ပျောက်ကွယ်သွားမည်ကို စိုးထိတ်နေသည့်အလား မျက်တောင်မခတ်ဘဲ ကြည့်နေသည်။

ရှန်ထျန်းက ဝမ်ရှန်းယုတစ်ယောက် မည်မျှ စိတ်လှုပ်ရှားနေသည်ကို ကြည့်ကာ ပြုံးလိုက်မိသည်။ သူက ဝမ်ရှန်းယု၏ ခံစားချက်ကို အပြည့်အဝ နားလည်ပေးနိုင်သည်။ သူသည်လည်း ကံကြမ္မာ တိုးတက်ပြောင်းလဲနိုင်ကြောင်း ရှာဖွေတွေ့ရှိသွားစဉ်အခါက အတူတူပဲ မဟုတ်ပါလော။

ရှန်ထျန်းက ကူးပြောင်းလာစဉ် ကံအဆိုးလူသား ဖြစ်နေကြောင်း သိလိုက်ရသည်။ သူက တိုက်ခိုက်လျှင် သက်တမ်းတိုလာသည့် ဝမ်ရှန်းယုထက်ပင် အခြေအနေ ပိုမို ဆိုးရွားခဲ့သည်။

ဝမ်ရှန်းယုက တိုက်ခိုက်ဖို့ သူ့သက်တမ်းကို မည်မျှသုံးစေကာမူ အနည်းဆုံး ဆယ်စုနှစ်မျှသာ ဖြစ်၏။ အကယ်၍ ရှန်ထျန်းသာ ကံကြမ္မာ မတိုးတက်လာလျှင် သူ့အသက် ၁၈ နှစ် ကျော်လွန်ပြီး အရွယ်ရောက်သည့်အထိ အသက်ရှင်ဖို့ပင် ခက်ခဲပေမည်။

ထို့ကြောင့် ရှန်ထျန်းအနေနှင့် ဝမ်ရှန်းယု၏ ခံစားချက်များကို အပြည့်အဝ နားလည်ပေးနိုင်သည်။

……….....

မှန်ပေသည်။ ဝမ်ရှန်းယု၏ ကံအပြောင်းအလဲ အခွင့်အရေးက အဆုံးမဲ့ နတ်ဧကရာဇ် ချန်ထားခဲ့သော သီးသန့် အမွေအနှစ်ဖြစ်သည့် အဆုံးမဲ့အသက်ကျမ်း ဖြစ်၏။ ပြောကြသည်ကား ထိုပြိုင်ဖက်ကင်း ဆန်းကြယ်ပညာရပ်က လူတစ်ယောက်၏ ကုန်ဆုံးသွားပြီးသော သက်တမ်းကို ပြန်လည် ကောင်းမွန်လာစေလိမ့်မည်ဟူ၍ ဖြစ်သည်။

All Chapters