← Chapters

အဆုံးမဲ့ နတ်ဧကရာဇ်က ငါ့ခေါင်းကို ပုတ်သွားတယ်ဆိုတော့ ငါလည်း ထာဝရရှင်သန်သူ ဖြစ်လာလိမ့်မယ်

Vol. 22 Ch. 321

အဆုံးမဲ့ နတ်ဧကရာဇ်က ငါ့ခေါင်းကို ပုတ်သွားတယ်ဆိုတော့ ငါလည်း ထာဝရရှင်သန်သူ ဖြစ်လာလိမ့်မယ်

Vol. 22 Ch. 321

အခန်း  (၃၂၁) : အဆုံးမဲ့ နတ်ဧကရာဇ်က ငါ့ခေါင်းကို ပုတ်သွားတယ်ဆိုတော့ ငါလည်း ထာဝရရှင်သန်သူ ဖြစ်လာလိမ့်မယ်

အဆုံးမဲ့ နတ်ဧကရာဇ်က လွန်ခဲ့သော နှစ်တစ်သိန်းခန့်က တည်ရှိမှုမျိုး ဖြစ်၏။ သူက လိပ်နက်မျိုးနွယ်မှ ဖြစ်ပေသည်။ နယ်မြေငါးခု၏ နတ်ဧကရာဇ်များကြား အဆုံးမဲ့ နတ်ဧကရာဇ်က အသိုသိပ်ဆုံး နေခဲ့သူတစ်ဦး ဖြစ်ပြီး သူ့တည်ရှိမှုကို သတိထားမိဖို့ ခက်ခဲလှသည်။

ဘယ်လောက်တောင် သိုသိုသိပ်သိပ်နေခဲ့တာလဲ …

သူ တရားဝင် နတ်ဧကရာဇ် တစ်ပါး ဖြစ်လာစဉ် နယ်မြေငါးခုမှ မည်သူကိုမှ မပြောပြခဲ့သလို သူကိုယ်တိုင်လည်း ပွဲအခမ်းအနား မကျင်းပခဲ့ပေ။ သူက မြောက်ပင်လယ်၏ ကျွန်းတစ်ခုကို ကျပန်းရွေးကာ နှစ်ငါးရာ အိပ်စက်ခဲ့၏။ ဤနည်းလမ်းက သူ့အောင်ပွဲခံသည့် နည်းလမ်းမျိုး ဖြစ်ပေသည်။ မြောက်ပင်လယ်၏ နတ်ဆိုးများနှင့် သားရဲများပင် အကုန်အံ့ဩသွားကြရသည်။

သူတို့က ကပ်ဖားဖို့ ပြင်ဆင်ထားခဲ့သော်လည်း သူက နောက်ဆုံးအထိ ပေါ်မလာခဲ့ပေ။

သူတို့က ဘာများ ပြောနိုင်ဦးမည်နည်း။

သို့သော်လည်း အဆုံးမဲ့ နတ်ဧကရာဇ်က အားနည်းသည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။ တကယ်တော့ သူက မယုံလောက်အောင် အားကြီးပေသည်။ သူက အကောင်းဆုံး လိပ်နက် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး သူ့ထက် ခုခံရည်အား ကောင်းသည့်သူဟူ၍ မရှိပေ။ အခြားသော နတ်ဧကရာဇ်များပင် သူ့အကာအကွယ်ကို ချိုးဖောက်ပြီး သူ့အား ထိခိုက်စေဖို့ ခက်ခဲပေမည်။

သူ့တွင် ကာကွယ်ရေးသာ ရှိနေလျှင် ဤမျှလောက် အားကောင်းမည် မဟုတ်ဘဲ ခံနိုင်ရည်အားကောင်းသည့် အရူးတစ်ယောက်မျှသာ ဖြစ်လိမ့်မည်။ တကယ်တမ်း အဆုံးမဲ့ နတ်ဧကရာဇ်က အားကောင်းသော တိုက်ကွက်များလည်း ပိုင်ဆိုင်ထားသေး၏။ သူ့အဆုံးမဲ့ဓားချက်က သူ့မျိုးဆက်အတွင်းရှိ နတ်ဧကရာဇ်များ အပါအဝင် အများအပြားကို ကြောက်လန့်သွားစေသည်။

အကြောင်းမှာ သူက သက်တမ်းစည်းမျဉ်းများ ပါဝင်နေသည့် ဆန်းကြယ်ပညာရပ်ကို ဖန်တီးနိုင်သောကြောင့် ဖြစ်၏။ သူက ပစ်မှတ်၏ အသက်ကို သူ့သက်တမ်းအား  တစ်ဝက်စတေးပစ်ခြင်းဖြင့် လျော့ချပစ်နိုင်သည်။

ဆိုလိုသည်မှာ သူ့သက်တမ်း နှစ်တစ်သောင်းကို စတေးလိုက်မည်ဆိုလျှင် ပြိုင်ဖက်များ၏ သက်တမ်း နှစ်နှစ်သောင်းလောက်ကို လောင်ကျွမ်းပစ်စေနိုင်သည်။

အဆုံးမဲ့ နတ်ဧကရာဇ်က လိပ်နက် မဟုတ်ပါလော။ လိပ်နက်များ သက်တမ်းရှည်ပုံကို နတ်ဧကရာဇ်များပင် လိုက်မယှဉ်နိုင်ပေ။

အဆုံးမဲ့ နတ်ဧကရာဇ်က မြောက်ပင်လယ်မှ သိပ်မထွက်သွားသော်လည်း သူသာ စိတ်တိုလာပါက နောက်နတ်ဧကရာဇ်တစ်ပါးဆီ အသည်းအသန် လိုက်ပေလိမ့်မည်။

ရှေးဟောင်းမှတ်တမ်းများအရ အဆုံးမဲ့ နတ်ဧကရာဇ်သည် နှစ်တစ်သိန်းနီးပါး ရောက်ရှိပြီးနောက်  သူ့သက်တမ်း အဆုံးသတ်လာတော့မည်ကို သတိပြုမိလိုက်သည်။ သူက ငယ်ရွယ်စဉ်အခါက သက်တမ်းများစွာ ဖြုန်းတီးပစ်ခဲ့သည်ကို နောင်တရလာမိ၏။

ထို့ကြောင့် သူက နှစ်ထောင်ချီ သီးသန့်ကျင့်ကြံကာ မယုံနိုင်လောက်ဖွယ် ဆန်းကြယ်ပညာရပ် ဖြစ်သည့် အဆုံးမဲ့အသက်ကျမ်းကို ဖန်တီးခဲ့သည်။

ထိုပညာရပ်က ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်စွမ်းရည်ကို တိုးမြင့်ပေးနိုင်ရုံသာမက သဘာဝမကျဘဲ ကုန်ဆုံးသွားသည့် သက်တမ်းကို ပြန်လည် ဖြည့်ဆည်းပေးနိုင်သည့် အလွန်အသုံးဝင်သောအချက်လည်း ပါရှိသည်။

သဘာဝမကျတဲ့ သက်တမ်းကုန်ဆုံးမှုဆိုတာ ဘာကို ပြောတာလဲ

လူတစ်ယောက်က အသက်ရှစ်ဆယ်အထိ နေထိုင်နိုင်ရင် အသက် ၈၀ မှာ သေဆုံးမယ် .. ဒါက သဘာဝကျတဲ့ သေခြင်းတရားမျိုးပဲ

ဒါပေမဲ့ သက်တမ်း တစ်ထောင်လောက်အထိ နေနိုင်သော အစောပိုင်း ကနဦးဝိညာဉ် ကျင့်ကြံသူတစ်ဦးက တုံးတုံးအအ ဆုံးဖြတ်ချက်မျိုးကို မချမိသရွေ့ ထိုသက်တမ်းအပြည့် နေနိုင်လိမ့်မည်။

ရွှေအမြုတေ ကျင့်ကြံဆင့်အထိပဲ ရောက်နိုင်တဲ့  ကျင့်ကြံသူတစ်ဦးကို နမူနာအဖြစ် ယူဆလိုက် … ကျင့်ကြံသူက သက်တမ်း ၂၀၀ နဲ့ လဲလှယ်ပြီး လျို့ဝှက်ကျင့်စဉ်တစ်ခုကို ကျင့်ပြီး ကနဦးဝိညာဉ်အဆင့် ရောက်နိုင်ခဲ့မယ်ဆိုရင် သူတို့က သက်တမ်း ၈၀၀ ပဲ နေရတော့မယ်။

နောက်ထပ် နမူနာတစ်ခုက ဝမ်ရှန်းယု ဖြစ်၏။ သူက တိုက်ပွဲစွမ်းအား တိုးတက်လာဖို့ သက်တမ်းကို စတေးရလေ့ရှိသည်။

အကယ်၍ သူသာ အထွတ်အထိပ်အဆင့် ဆေးလုံးနှင့် ဆေးရည်များ မှီဝဲလျှင် လျော့ကျသွားသော သက်တမ်းကို ပြန်လည် ဖြည့်တင်းနိုင်သည်။ သို့သော်လည်း ခန္ဓာကိုယ်က ဆေးအမျိုးမျိုးကို ခံနိုင်ရည်ရှိလာသည့်အခါ ဆေးအာနိသင်များက သက်ရောက်မှု အလျှင်အမြန် လျော့ကျသွားတော့သည်။

ဝမ်ရှန်းယုက မဟာလေဟာနယ် အထွတ်အမြတ်မြေမှ ဖြစ်သော်လည်း သူ့ဆန်းကြယ် ပညာရပ်ကို ထုတ်မသုံးရဲသည့် အကြောင်းအရင်း ဖြစ်ပေသည်။

အကယ်၍ သူသာ မဟာလေဟာနယ် ကျမ်းကို ခဏတိုင်း ထုတ်သုံးနေလျှင် အဆင့်မြင့် ဆေးလုံးက သူ့သက်တမ်းကို နှစ်ပိုင်းအနည်းငယ်သာ ပြန်လည် ဖြည့်တင်းပေးလိမ့်မည်။ ထိုအခါ သူ့အနေနှင့် အရှက်ရပေမည်။

…………....

သို့သော်လည်း အဆုံးမဲ့အသက်ကျမ်းက ကွဲပြားပေသည်။ အဆုံးမဲ့နတ်ဧကရာဇ်က ထိုအကြောင်းအရင်းအတွက် တမင် ဖန်တီးခဲ့ခြင်း ဖြစ်၏။ ထိုအရာက သာမန်ချီများကို အသက်စွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်ပြီး ကျင့်ကြံသူထံ ပြန်လည် လွဲပြောင်းပေးနိုင်သည်။

ထိုအရာက သဘာဝအတိုင်း မဟုတ်သည့် ကုန်ခမ်းသွားသည့် အသက်ဓာတ်များကို ပြန်လည် ဖြည့်တင်းပေးလိမ့်မည်။ သို့သော်လည်း ထိုဆန်းကြယ်ပညာရပ်က ကုန်ခမ်းသွားသော အသက်ဓာတ်ကို ပြန်လည် ကောင်းမွန်လာစေသော်လည်း ကန့်သတ်ချက်တော့ ကျော်လွန်၍ မရပေ။

နမူနာအားဖြင့် သက်တမ်း နှစ်တစ်ထောင် ရှိသည့် ရွှေအမြုတေ ကျင့်ကြံသူက ထိုပညာရပ်ကို မည်မျှပင် လေ့ကျင့်စေကာမူ သူတို့သက်တမ်းကို နှစ်တစ်ထောင်ထက် ပိုတိုးမြင့်နိုင်မည် မဟုတ်ပေ။

အချုပ်အားဖြင့် ဤပညာရပ်က ဝမ်ရှန်းယုအတွက် သီးသန့်လုပ်ထားသလို ဖြစ်နေသည်။

အဆုံးမဲ့ နတ်ဧကရာဇ်၏ သက်တမ်းစည်းမျည်းနှင့် တူညီစွာ သူ့အံ့ဖွယ်လေဟာနယ် ဖွဲ့စည်းပုံနှင့် မဟာလေဟာနယ်ကျမ်းသည် တစ်ဖက်လူ၏ သက်တမ်းကို လျော့ကျသွားစေနိုင်သည်။

အဆုံးမဲ့ အသက်ကျမ်းက ငါ စတေးခဲ့တဲ့ သက်တမ်းတွေ ပြန်ရအောင် ကူညီပေးနိုင်တာပေါ့ …

ငါ အိပ်မက် မက်နေတာလား … အဆုံးမဲ့အသက်ကျမ်းကို ရှာတွေ့သွားပြီ … ဒါတွေအားလုံးက ညီအစ်ကိုရှန်ကြောင့်ပဲ …

ဝမ်ရှန်းယုက အလွန်စိတ်လှုပ်ရှားမိသွားသည်။ သူ့မျက်ဝန်း၌ မျက်ရည်အပြည့် ဖြစ်နေကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်  “ ညီအစ်ကိုရှန် ကျေးဇူးပါ … တကယ်လို့ နောင်ကျ ကျုပ် အကူအညီကို လိုရင် ပြောသာပြောလိုက် အားလုံးကို ပြန်ကူညီပေးပါ့မယ် ”

ဝမ်ရှန်းယု စကားမဆုံးခင် သူ့ရောင်ဝါတို့က ပိုတောက်ပလာသည်။ ခရမ်းရောင် အစက်အပြောက်များ ပိုများလာလေ၏။

ချီရှောက်ရွမ်နှင့် အောင်းဝူတို့၏ ရောင်ဝါသည်လည်း ပိုမို တောက်ပလာကြသော်လည်း ဝမ်ရှန်းယုလောက်တော့ မသိသာပေ။

“ကိစ္စမရှိပါဘူး … ကျွန်တော်တို့အားလုံးက အရှေ့ပိုင်းလွင်ပြင်က သူတော်စင်တွေပဲလေ။ တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးပြီး အရှေ့ပိုင်းလွင်ပြင် ပိုကောင်းမွန်လာအောင် လုပ်ပေးရမှာပေါ့ ”

ရှန်ထျန်းက တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူ့ရောင်ဝါတွင် ယခု ရွှေရောင်စက်ဝန်းများ ပိုများလာကြောင်း သိလိုက်၏။

သူက ဝမ်ရှန်းယုထံ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် နှစ်ခုကို ထုတ်ပေးလိုက်ရင်း   “ ညီအစ်ကိုဝမ်က ကနဦးဝိညာဉ်အဆင့် ရောက်ခါစဆိုတော့ ဒါကို အသုံးမပြုရလောက်သေးဘူး။ ဒီပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်တွေက အသုံးဝင်မှာပါ ”

ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်လား …

ဝမ်ရှန်းယုက ကြောင်အမ်းသွားမိသည်။

သူက မဟာလေဟာနယ် သူတော်စင် ဖြစ်၍ ထိုအရာက မည်မျှကောင်းမွန်ကြောင်း သိပေသည်။ အကယ်၍ နိဗာနတော်ဝင်ရေစင်သည် ကျင့်ကြံသူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပြန်လည် ကောင်းမွန်စေသည်ဆိုလျှင် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က ဝိညာဉ်စွမ်းအားကို အားဖြည့်ပေးနိုင်သော ရတနာ ဖြစ်လိမ့်မည်။

မြောက်ပင်လယ်တစ်ခုလုံးတွင် ဈေးကွက်၌ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို ရှာတွေ့ဖို့ ခက်ခဲလှသည်။

ညီအစ်ကိုရှန်က ငါ့ကို နှစ်ခုတောင် ပေးတာလား …

ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က ဝိညာဉ် အသုံးအဆောင်ပစ္စည်းထက်ပင် အဖိုးတန်ပေသည်။

ညီအစ်ကိုရှန်က ငါ့ကို တွေ့တွေ့ချင်း တော်ဝင်ကျမ်းနဲ့ ပင်လယ်နတ်ဘုရားရဲ့ကြယ်မျက်ရည်စက် နှစ်ခုတောင် ပေးလိုက်တာလား …

သူက ရက်ရောလိုက်တာ … ဒီလိုလက်ဆောင်တွေကို လက်ခံရအောင်  ငါ ဘာများ လုပ်ခဲ့မိလို့လဲ

ဝမ်ရှန်းယုက ပြောလိုက်သည်   “ ညီအစ်ကိုရှန် … ဒါတွေကို လက်မခံနိုင်ဘူး။ ကျုပ်သာ မမှားရင် ညီအစ်ကိုရှန်က ရွှေအမြုတေအဆင့်ပဲ ရှိသေးတာမလား။ ဒီရတနာတွေကို ကိုယ့်အတွက်ကို သိမ်းထားလိုက်ပါဗျာ ”

ရှန်ထျန်းက ပြုံးကာ  “ ကိစ္စမရှိပါဘူး … ကျွန်တော်ဆီမှာ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် အခုနှစ်ရာ ရှိပါသေးတယ်။ ဒါတွေကို သိမ်းထားလိုက်ပါ … တကယ်လို့ ထပ်လိုရင်လည်း ပြောနော် ”

ဝမ်ရှန်းယု   “ …. ”

ဘာလဲ … အခု နှစ်ရာတောင်တဲ့လား …

ငါ ရတနာငါးသွယ် လက်ဖက်ရည်ကြမ်းကို မသောက်မိလို့ ထင်ယောင်ထင်မှားတွေ ဖြစ်နေမိတာလား …

ချီရှောက်ရွမ်က ဝမ်ရှန်းယုကို လှောင်လိုက်သည်  “ နှစ်ခုလောက်နဲ့ တအံ့ဩ ဖြစ်နေရတယ်လို့ …ဗဟုသုတနည်းချက် ”

အောင်းဝူလည်း ပြုံးလိုက်သည်  “အစ်ကိုရှန်းယု … အစ်ကိုရှန်က ကံကြမ္မာသားတော်အစစ်လေ။ သူက ပင်လယ်နတ်ဘုရား ကြယ်မျက်ရည်စက်တွေ အများကြီးရှိတဲ့ ကျွန်းဆီ ဦးဆောင်ခေါ်သွားပေးလို့ ကျွန်တော်တို့တွေ အများကြီး ရလိုက်ကြတယ် ”

ချီရှောက်ရွမ်  “… ”

ရှန်ထျန်းက ကံကြမ္မာသားတော်အစစ်ဆိုတာ ဘာပြောတာတုန်း … ဘယ်သူက အတုမလို့လဲ

ဝမ်ရှန်းယု  “ … ”

မင်းတို့ဆီမှာ အများကြီး ရှိတယ်တဲ့လား ….

လခွမ်းပဲ …

ဝမ်ရှန်းယုက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို လက်ခံလိုက်ပြီး တစ်ခုကို ဂရုတစိုက် မျိုချလိုက်သည်။ သူ့ကျင့်စဉ်ကို အသုံးပြုကာ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို သန့်စင်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အပြာရောင် အလင်းတန်း ရုတ်ချည်း ထွက်ပေါ်လာသည်။

“ ဒီအချိန်ကို အသုံးချပြီး ဆန်းကြယ်ပညာရပ်ကို သင်ယူရမယ် ”

ရှန်ထျန်းက ပြုံးကာ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို သုံးစွဲလိုက်သည်။

ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က အမြောက်အများ စားသုံးပြီးနောက် စိတ်ဝိညာဉ်စွမ်းအား တိုးပွားလာဖို့ အထောက်အကူ မပြုတော့သော်လည်း ဆန်းကြယ်ပညာရပ် သင်ယူရာ၌ အသုံးဝင်သော အထောက်အပံ့ ဖြစ်နေဆဲ ဖြစ်၏။

သင်ယူခြင်း ဖြစ်စဉ်က ကြယ်မျက်ရည်စက် စားသုံးပြီးနောက် ပိုမို မြန်ဆန်လာသည်။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းအတွင်း အရွေးချယ်ခံတချို့သာ အခြားသော ကျင့်စဉ်များ သင်ယူဖို့ ဤသို့သော ရတနာကို အထောက်အပံ့အဖြစ် သုံးကြလိမ့်မည်။ သို့သော်လည်း အဆုံးမဲ့ အသက်ကျမ်းကို သင်ယူရာ၌ ခြွေတာနိုင်ခဲ့သည့် အချိန်က ပိုအရေးကြီးပေသည်။

တော်ဝင်ကျမ်း၏ အခြေခံကို သင်ယူဖို့အတွက် လများစွာ သို့မဟုတ် နှစ်အထိ ကြာမြင့်သွားနိုင်သည်။

သို့သော်လည်း ရှန်ထျန်းနှင့် သူ့မိတ်ဆွေများက အချိန်လုနေကြရသည်။ သူတို့က နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေးအသစ်များကို ရှာတွေ့ဖို့အတွက် စောစောစီးစီး ပြီးစီးလိုကြ၏။

ချီရှောက်ရွမ်နှင့် အောင်းဝူတို့က အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သူတို့သိုလှောင်လက်စွပ်ထဲမှ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို အသီးသီး ထုတ်ယူလိုက်ကြသည်။ ဝမ်ရှန်းယုက ထိုသုံးယောက် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်များကို သကြားလုံးလိုမျိုး အလွယ်တကူ ဝါးစားနေသည်ကို ကြည့်ပြီး အံ့ဩတကြီး ဖြစ်နေသည်။

ဒီကောင်တွေ တကယ်ပဲလား ….

ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်လို ရတနာမျိုးက ဘယ်အချိန်က ပေါများလာတာတုန်း …

ထင်ယောင်ထင်မှား ဖြစ်နေတာပဲ နေမယ် …

………………....

ဝမ်ရှန်းယုက အဆုံးမဲ့ကျောကျောက်ပြားရှေ့ရှိ နေရာလွတ်တွင် ထိုင်လိုက်သည်။ သူက သူ့ဘာသာ တည်ငြိမ်အောင် စိတ်ထိန်းလိုက်ပြီး ကျောက်ပြားအပေါ် အာရုံအပြည့်အဝ စိုက်ထားလိုက်ကာ ဆန်းကြယ်ပညာရပ်ကို စတင်လေ့ကျင့်တော့သည်။

ကျမ်းက အဆုံးမဲ့အသက်ကျမ်း၏ တပိုင်းမျှသာ ဖြစ်သော်လည်း အလွန်ဆန်းကြယ်လှသည်။

အဆုံးမဲ့နတ်ဧကရာဇ်က သူ့အသက်ဓာတ် ကုန်ခမ်းခါနီးတွင် စဉ်းစားမိလာသောအရာ ဖြစ်သောကြောင့် တခြားသော တားမြစ်အခန်းဆက်များကဲ့သို့ အဖိုးတန်သည်။ ပါရမီနည်းသူတို့က မသင်ယူနိုင်ကြပေ။

ဝမ်ရှန်းယုကား ပါရမီ အပြည့်အဝ ရှိပေသည်။

ပို၍ အရေးကြီးသည်က သူ့ခန္ဓာကိုယ်က ကျိုးပဲ့လွယ်နေသောကြောင့် ဤဆန်းကြယ်ပညာရပ်ကို အရူးအမူး သင်ယူတတ်မြောက်လိုနေသည်။ ဝမ်ရှန်းယုက ထာဝရကျောက်ပြားပေါ်တွင်သာ အာရုံစိုက်ထားလေ၏။

ကျောက်ပြားပေါ်ရှိ စကားလုံးများနှင့် ပုံရိပ်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ဧရာမ လိပ်နက်ကြီးတစ်ကောင်ပုံ ပေါ်လာသည်။ ထိုအရာက ဝမ်ရှန်းယုရှေ့တွင် ထူးဆန်းသော ပုံစံမျိုးဖြင့် အသက်ရှုနေလေ၏။

လေမှုတ်ထုတ်သံ..

လေရှုသွင်းသံ …

လေမှုတ်ထုတ်သံ..

လေရှုသွင်းသံ …

လေမှုတ်ထုတ်သံ..

လေရှုသွင်းသံ …

ဝမ်ရှန်းယုက လိပ်နက်ခန္ဓာကိုယ်ဆီ ဝိညာဉ်ချီများ အမြောက်အများ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။ လိပ်နက်ကြီး၏ ခန္ဓာကိုယ်က ကြည်လင်နေသောကြောင့် အထဲရှိ ဝိညာဉ်ချီများ မည်မျှ ရွေ့လျားနေသည်ကို ကောင်းကောင်း မြင်နိုင်ပေသည်။ ဝိညာဉ်ချီ များများ ဝင်သွားလေလေ ဝမ်ရှန်းယုက လိပ်နက်ကြီး၏ မူလမှာ ပို၍ အားကောင်းလာလေလေ ဖြစ်ကြောင်း ခံစားမိလိုက်သည်။

ဝမ်ရှန်းယုက မူလဇစ်မြစ်ကို တိုးမြင့်ဖို့အတွက် အရမ်းအကဲဆတ်လွန်းနေသည်။ အကြောင်းမှာ ထိုအရာက သက်ရှိ၏ သက်တမ်းနှင့် တိုက်ရိုက်ဆက်နွယ်ထားသောကြောင့် ဖြစ်၏။

အားကောင်းကောင်း မူလဇစ်မြစ်ဖြင့် အချိန်အပြည့် အသက်ရှင်နေထိုင်နိုင်လိမ့်မည်။

ဝမ်ရှန်းယုက သဘာဝမကျသည့် သေခြင်းတရားမျိုးနှင့် အလွန်ရင်းနှီးကျွမ်းဝင်လှ၏။

“ ဒါ … ဒါက ငါ ရှာနေတဲ့အရာပဲ ”

ဝမ်ရှန်းယု၏ အသံက တုန်တုန်ယင်ယင် ဖြစ်လာရှာသည်။ သူက ကျောက်ပြားကြီးကို ဦးညွှတ်ကာ  “ ကျွန်တော်က မဟာလေဟာနယ် သူတော်စင် ဝမ်ရှန်းယုပါ။ အဆုံးမဲ့နတ်ဧကရာဇ်ကို ကျေးဇူးတင်ပါတယ် ”

ဝမ်ရှန်းယုက အောက်ပိုင်းကို ကွေးညွှတ်လိုက်ပြီး လိပ်နက်၏ အသက်ရှုသည့် ကာရံအတိုင်း လိုက်လုပ်တော့သည်။ သူက မဟာလေဟာနယ် သူတော်စင် ဂုဏ်ပုဒ်နှင့် တကယ် ကိုက်ညီပေသည်။

ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို စားသုံးပြီး နေ့တစ်ဝက် လေ့ကျင့်လိုက်ပြီးနောက် သူက အဆုံးမဲ့အသက်ကျမ်း၏ အခြေခံကို နားလည်သဘောပေါက်သွားလေပြီ။

လေမှုတ်ထုတ်သံ..

လေရှုသွင်းသံ …

လေမှုတ်ထုတ်သံ..

လေရှုသွင်းသံ …

လေမှုတ်ထုတ်သံ..

လေရှုသွင်းသံ

ဝမ်ရှန်းယုက ချီရှောက်ရွမ်ကိုလည်း လျစ်လျူရှုထားပြီး အောင်းဝူကိုလည်း ပလစ်ထားလေသည်။

သို့သော်လည်း ရှန်ထျန်းတော့ မပါဝင်ပေ။

သူက ယခုကျမ်းကို သင်ယူနိုင်သည့် အကြောင်းအရင်း ဖြစ်၏။ ဝမ်ရှန်းယုက အနှောင့်အယှက် ကင်းဝေးအောင် စိတ်ရှင်းရှင်းထားပြီးနောက် အဆုံးမဲ့အသက်ကျမ်းကို စတင် ကျင့်ကြံလိုက်သည်။

…………….....

အချိန်ကုန်လွန်သွားသည်နှင့် ဝိညာဉ်ချီများစွာက ဝမ်ရှန်းယုနား စုစည်းလာကြသည်။ ဝိညာဉ်ချီတို့က သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး ဆန်းကြယ်လမ်းကြောင်းကို ဖြတ်သန်းသွားလေသည်။

သိပ်မကြာခင် ဝမ်ရှန်းယု၏ ခန္ဓာကိုယ်မှ အလင်းပျောက်လေးများ ထုတ်လွှင့်လာသည်။ ထိုအလင်းပျောက်များက ဖြည်းဖြည်းချင်း စုစည်းလာပြီး လိပ်တစ်ကောင်ပုံစံ ဖြစ်တည်လာပြီး ဝမ်ရှန်းယုအား ခြုံလွှမ်းသွားလေသည်။ ထို့နောက် ပုံရိပ်သဏ္ဌာန်တစ်ခု ပေါ်လာလေ၏။ ဤသည်မှာ ပေတစ်ထောင်ကျော် မြင့်မားသည့် ဧရာမ လိပ်နက်ကြီး ဖြစ်သည်။ ထိုဧရာမ လိပ်နက်ရှေ့တွင် ပိုသေးငယ်သော လိပ်လေး တစ်ကောင် ရှိနေသည်။ အကြီးက ညာဘက်ခြေထောက်ကို ထုတ်ကာ အငယ်လေး၏ ခေါင်းကို အသာပုတ်ပေးလိုက်သည်။

လိပ်အသေးလေးက နှိမ်ချလိုက်ပြီး ခေါင်းငုံ့ပေးလိုက်သည်။ ကြည့်ရသည်မှာ ဆရာဆီမှ သင်ယူဖို့ လိုလားနေသည့် တပည့်လေးတစ်ယောက်အလား ဖြစ်၏။

ဝမ်ရှန်းယုက မြေပြင်ပေါ် ရှိနေရင်း သူ့ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို အာရုံခံလိုက်မိသည်။ အဆုံးမဲ့အသက်ကျမ်းအပေါ် သူ့နားလည်နိုင်စွမ်းမှာ တိုးမြင့်လာသလို သူ့သက်တမ်းလည်း တိုးမြင့်လာကြောင်း သိလိုက်သည်။

ဝမ်ရှန်းယုက ဝိညာဉ်ချီများကို စုပ်ယူကာ သန့်စင်လိုက်ပြီး မူလအသက်ဓာတ်အဖြစ် ပြောင်းလဲလိုက်သည်။ သူ့ခန္ဓာကိုယ်က ယခင်လောက် အားမနည်းတော့ကြောင်း ခံစားမိလိုက်သည်။

ဤသည်က သူ့စိတ်ကူးယဉ်မှု ဖြစ်နိုင်သော်လည်း သူ့သက်တမ်းက အမှန်တကယ် တိုးမြင့်လာသည်။

“ အဆုံးမဲ့နတ်ဧကရာဇ်က ငါ့ခေါင်းကို ပုတ်ပေးတယ်ဆိုတော့ ငါလည်း ထာဝရအသက်ရှည်တော့မယ် ”

ဝမ်ရှန်းယုက သင်ယူရာ၌ စိတ်နှစ်ထားလိုက်သည်။

တစ်ဖက်တွင် ချီရှောက်ရွမ်က အတော်လေး ပြဿနာရှိနေသည်။ သူက အဆုံးမဲ့အသက်ကျမ်းကို ကျင့်ကြံဖို့ ကိုယ်ဟန်အနေအထားက ဆိုးရွားလွန်းသည်ဟု ထင်မိသည်။

မာနကြီးသည့် သူတော်စင်တစ်ယောက်အနေနှင့် လိပ်တစ်ကောင်ပုံလိုမျိုး အတုမခိုးနိုင်ပေ။

“ ကြည့်ရတာ ငါတော့ ဒီဆန်းကြယ်ပညာရပ်နဲ့ ကံမစပ်ဘူး ထင်တယ် ”

ချီရှောက်ရွမ်က ကူကယ်ရာမဲ့နေမိသည်။ သူက ကျောက်ပြားပေါ်မှ အရာတချို့ကို နားလည်သော်လည်း ဤကျင့်စဉ်ကို မကြိုက်ပေ။ ထို့ကြောင့် အဆုံးမဲ့အသက်ကျမ်း၌ ချီရှောက်ရွမ်က ဝမ်ရှန်းယုလောက် မကျွမ်းကျင်ပေ။

………....

ဆယ်ရက်ကြာမြင့်ပြီးနောက် ဝမ်ရှန်းယုက မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လာသည်။

သီးသန့် လေ့ကျင့်ခြင်းက ကျင့်ကြံသူများအတွက် အချိန်ကုန်လွယ်သော ဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။ အကယ်၍ ဆန်းကြယ်ပညာရပ်သာ နားလည်ဖို့ ခက်ခဲပါက တစ်နှစ်လောက် အချိန်ယူသွားနိုင်သည်။

တချို့က ရာစုနှစ်ပင် ကြာမြင့်နိုင်သည်။

“ ဆယ်ရက်လောက် အဆုံးမဲ့အသက်ကျမ်းကို သင်ယူပြီးတော့ သုံးနှစ်တာ သက်တမ်း ပြန်ရလာတယ်။ ဒီကျမ်းကိုသာ ကျွမ်းကျင်သွားရင် ပိုမြန်လာလောက်တယ် ”

ဝမ်ရှန်းယုက သူ့ခန္ဓာကိုယ်ထဲ ကွဲပြားချက်ကို ခံစားမိကာ စိတ်ပေါ့ပါးသွားသည်။

သူက ချီရှောက်ရွမ်ကို လှည့်ကြည့်လိုက်သည်။ ချီရှောက်ရွမ်က ဘာမှမတိုးတက်လာသည်ကို ကြည့်ပြီး ပျော်နေမိသည်။

“ သူတော်စင်ချီက အရှေ့ပိုင်းလွင်ပြင်ရဲ့ ထိပ်တန်း ကျင့်ကြံသူ မဟုတ်ဘူးလား။ ဒီနေရာမှာ ကြောင်ကြောင်ကြီး ငေးပြီး ဘာလုပ်နေတာလဲ။ ဟားဟား ဒီပညာရပ်ကို မသင်ယူနိုင်ဘူးမလား  ”

ချီရှောက်ရွမ်က ပြန်လည် မချေပခင် မဲ့ရွဲ့မိလိုက်သည်  “ ငါက ပြိုင်ဖက်ကို အနိုင်ပိုင်းဖို့ ငါ့သက်တမ်းကို စတေးစရာ မလိုဘူး။ ဘာလို့ ဒီကျင့်စဉ်ကို သင်နေရမှာလဲ။ မင်းရော တကယ် တတ်သွားတယ်လို့ ထင်နေတာလား။ မင်း လုပ်နေတာဆိုလို့ မြေပြင်ပေါ် အရူးလို လဲနေတာပဲ ရှိတယ် ”

ချီရှောက်ရွမ် စကားမဆုံးခင် ဝမ်ရှန်းယု၏ အရှိန်အဝါတို့က ရုတ်ချည်း ထိုးထွက်လာသည်။

သူ့အနီးအနားတွင် အပြာရောင်စွမ်းအားများ လောင်ကျွမ်းနေပြီး သူက လေဟာနယ်နှင့် ပေါင်းစပ်ထားသလို ဖြစ်နေသည်။

“ မင်းက ငါနဲ့ အမြဲတမ်း တိုက်ချင်နေတာမလား … အရင်တုန်းက ရွေးချယ်စရာ မရှိပေမဲ့ အခု မင်းဖင်ကို ဆောင့်ကန်ပစ်ဦးမယ် ”

…………....

ဝမ်ရှန်းယုက လူသစ် ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူက မဟာလေဟာနယ် အထွတ်အမြတ်မြေ ဂုဏ်ယူရအောင် လုပ်ဆောင်ပေးရမည်။

All Chapters