← Chapters

နိုးထလာဖို့ အချိန်မှား

Vol. 22 Ch. 322

နိုးထလာဖို့ အချိန်မှား

Vol. 22 Ch. 322

အခန်း  (၃၂၂) : နိုးထလာဖို့ အချိန်မှား

ဝမ်ရှန်းယုက ယခင်က ဤမျှလောက်အထိ ယုံကြည်ချက် မရှိဖူးပေ။ သူက အံ့ဖွယ်လေဟာနယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသော်လည်း တစ်လျှောက်လုံး သိုသိုဝှက်ဝှက်သာ နေထိုင်ခဲ့ရသည်။

သူက သူ့ကိုယ်သူ အရှေ့ပိုင်းလွင်ပြင်၌ အားအကောင်းဆုံး ကျင့်ကြံသူဟု ယူဆထားသော်ငြား စွမ်းရည်ကို သက်သေမပြနိုင်ခဲ့ပေ။ ဝမ်ရှန်းယု၏ နာကျည်းမှုနှင့် ဝမ်းနည်းမှုတို့ကို မည်သူက နားလည်ပေးမည်နည်း။

ပါရမီရှင်အားလုံးက ကိုယ့်မာနနှင့်ကိုယ် ရှိကြသည်။

တခြားသူများ သူတို့ထက် အားကောင်းသွားပြီး သူတို့ကိုယ်တိုင်က သက်သေမပြနိုင်ခြင်းကို မည်သူကမှ သဘောကျကြမည် မဟုတ်ပေ။

တစ်ယောက်မှ မရှိဘူး …

ဝမ်ရှန်းယုက သူ့သက်တမ်းသာ သူ့ကို ချုပ်ထိန်းမထားလျှင် နေချင်သလို နေပစ်လိုက်လေပြီ။

သူ့ဂျူနီယာညီမ လေးယောက်က ဝမ်ရှန်းယုကို တိုက်ပွဲ တိုက်ခိုက်ခိုင်းသည်မှာ သူ့ကို သေစေလို၍ မဟုတ်ပေ။

လုံးဝ မဟုတ်ပေ … အကြောင်းအရင်း တစ်ခုလုံး မဟုတ်ပေ။

သူတို့က ဝမ်ရှန်းယုနှင့် ငယ်စဉ်ကတည်းက အတူတူ ကြီးပျင်းလာကြသူများ ဖြစ်ပြီး ယခင်နှစ်ပိုင်းအတွင်း သူ မပျော်ရွင်သည်ကို သူတို့ သတိထားမိကြပေသည်။ သူ့ညီမလေးများက သူ့အား စိတ်ကြိုက် အပြင်းအထန် တိုက်ခိုက်ပြီး သူ့ကျိန်စာကနေ လွတ်မြောက်စေလိုကြ၏။

ဝမ်ရှန်းယုက အရှေ့ပိုင်းလွင်ပြင်ကနေ ထွက်ပြေးပြီး မြောက်ပင်လယ်ဆီ ရောက်လာသည်မှာ သေရမှာ ကြောက်လို့လား …

လုံးဝ မဟုတ်ပေ။ မဟာလေဟာနယ် သူတော်စင်တစ်ယောက်အနေနှင့် သူ့အား ဆုံးဖြတ်ချက် ချခိုင်းဖို့ မည်သူမှ တွန်းအားမပေးနိုင်ပေ။

သူ ထွက်ပြေးလာသည်မှာ ချီရှောက်ရွမ်ရှေ့တွင် သူ့ဘာသာ မထိန်းချုပ်နိုင်တော့ဘဲ သက်တမ်းအကုန် ထုတ်သုံးပြီး တိုက်ခိုက်မည်ကို စိုးရိမ်မိ၍ ဖြစ်သည်။

ဤသည်က ဆုံးဖြတ်ချက်အလွယ်လေးတော့ မဟုတ်ခဲ့ပေ။

သူက အချိန်အတော်ကြာ သည်းခံထားရပြီး ယခုမှ ဒေါသအားလုံး လွတ်ထုတ်ဖို့ အချိန်ကျရောက်လာခြင်း ဖြစ်၏။

နောက်ဆုံးတွင် သူက အဆုံးမဲ့အသက်ကျမ်း ရရှိလာပြီ ဖြစ်၍ သူ့သက်တမ်းက ပြဿနာ မဟုတ်တော့ပေ။ ယခင်ဆယ်စုနှစ်အတွင်း ခံစားခဲ့ရသမျှ ခံစားချက်အားလုံး ပေါက်ကွဲထွက်လာလေပြီ။

...............

ဤဆန်းကြယ်နယ်ပယ်အတွင်း ရှန်ထျန်းက ဝမ်ရှန်းယုအပေါ် အတော်လေး ကောင်းပေးခဲ့သည်။ သူက ရတနာများကိုလည်း ထုတ်ပေးသလို ကြင်နာမှုဖြင့် ဆန်းကြယ်ပညာရပ်ကိုလည်း ဝေမျှပေးသေး၏။ ဝမ်ရှန်းယုက ရှန်ထျန်းအပေါ် အကြွေးတင်သွားခြင်းကို ကောင်းကောင်း သိထားသည်။ မည်သို့ပင်ဆိုစေကာမူ သူသာ ရှန်ထျန်းနှင့် တိုက်ခိုက်ဖို့ ရွေးချယ်လျှင် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားနိုင်ကြောင်း သိထားသည်။

အောင်းဝူကား ကလေးမျှသာ ဖြစ်ပြီး ချစ်စရာကောင်းကာ နိဗာနအဆင့်ပင် မရောက်သေးပေ။ ဝမ်ရှန်းယုက သူ့ကို ရွေးလိုက်လျှင်  ကလေးတစ်ယောက်ကို အနိုင်ကျင့်သလို ဖြစ်နေမည်ဟု ခံစားမိလိုက်သည်။

ထို့ကြောင့် ချီရှောက်ရွမ်တစ်ယောက်တည်းသာ ကျန်ရှိတော့၏။

အရိုးသားဆုံးပြောရလျှင် ဝမ်ရှန်းယုက ချီရှောက်ရွမ်အပေါ် အမြင်မကြည်သည်မှာ ကြာမြင့်လှလေပြီ။

လူသားကျင့်ကြံသူ သုံးဦးက အရှေ့ပိုင်းလွင်ပြင်၏ ထိပ်တန်းကျင့်ကြံသူအဖြစ် ယူဆနိုင်လေသည်။ သူက ရွှေအမြုတေ အဆင့်စာရင်းတွင် ဗောဓိသတ္တဝ ကူသို့က ဒုတိယ ဖြစ်ပြီး ဖန်ချန်းက တတိယ ဖြစ်ခြင်းကို သဘောတူလေ၏။ သို့သော် သူက အဆင့်လေး ဖြစ်နေရခြင်းကို မကျေနပ်ပေ။ သူက ချီရှောက်ရွမ်ထက် ပိုအားကောင်းသည်ဟု အခိုင်အမာ ယုံကြည်ထားသည်။

သူ့စွမ်းရည်များ ထုတ်မပြသည့် အကြောင်းအရင်းမှာ ကျိန်စာသဖွယ် ဖြစ်နေသည့် အံ့ဖွယ်လေဟာနယ် ဖွဲ့စည်းပုံကြောင့် ဖြစ်၏။ သူသာ မဟာလေဟာနယ်ကျမ်းကို အသုံးပြုလိုက်လျှင် သက်တမ်းက လျော့ကျသွားပေမည်။

ယခု ထိုပြဿနာကို ဖြေရှင်းပြီးပြီ ဖြစ်၍ ဝမ်ရှန်းယုက နံပါတ်တစ် နေရာကို အရယူချင်မိ၏။

“ ချီရှောက်ရွမ် မင်းကို ကြည့်မရတာ အတော်ကြာပြီ။ လာ တိုက်လိုက်စမ်းပါ … ”

ဝမ်ရှန်းယု၏ ခန္ဓာကိုယ်က မျက်စိတစ်မှိတ်အတွင်း လေဟာနယ်နှင့် ပေါင်းစပ်သွားသည့်အလား ငွေရောင်အလင်းတန်းများ ခြုံလွှမ်းသွားသည်။ ဤသည်မှာ မဟာလေဟာနယ်ကျမ်း၏ ဆန်းကြယ်ပညာရပ်ထဲမှ တစ်ခု ဖြစ်၏။

သူက တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ၉၀ ရာခိုင်နှုန်းလောက်အထိ ရှောင်ရှားနိုင်သောကြောင့် သူ့အား အနိုင်ယူလို့ ရမည် မဟုတ်ပေ။ သူက အဝေးမှ ချီရှောက်ရွမ်အား ကြည့်ကာ လက်ဟန်တချို့ ထုတ်ဖော်လိုက်သည် “ မဟာလေဟာနယ် ဓားဝင်္ကပါ စတင်စမ်း ”

လေဟာနယ်တစ်ခုလုံး  ပရမ်းပတာ ဖြစ်လာသည်။

ဝမ်ရှန်းယုနား လေဟာနယ်စွမ်းအားမှ ဖြစ်တည်လာသည့် ဓားများစွာ စုစည်းလာသည်။ သူက ချီရှောက်ရွမ်ကို လက်ညိုးထိုးလိုက်သည့်အခါ ဓားများက ပစ်မှတ်ရှာတွေ့သွားသည့်အလား ပျံသန်းထွက်သွားကြသည်။

“ ငါ့ကို အနိုင်ယူနိုင်မယ်များ ထင်နေတာလား ” ချီရှောက်ရွမ်က လှောင်လိုက်သည်။

သူက ဓားဝင်္ကပါမှာ အတော်လေး အားကောင်းကြောင်း ခံစားမိ၏။

ဒါပေမဲ့ ဘာဖြစ်လဲ …

သူက အရှေ့ပိုင်းလွင်ပြင်အတွင်း တစ်ခါမှ မရှုံးနိမ့်ဖူးသောကြောင့် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိ၏။ ရှန်ထျန်း ပြောထားဖူးသလိုမျိုး သူ မရှုံးနိမ့်ခင်က ဘယ်သူမှ သူ့ကို အနိုင်မယူဖူးပေ။ သူက ပထမနေရာကို ဘယ်သူဆီမှ မပေးနိုင်ပေ။

“ခရမ်းကောင်းကင် မျက်လုံး ”

သူ့မျက်ခုံးကြား ခရမ်းကောင်းကင် မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ ချီရှောက်ရွမ်က ကောင်းကင်ပုဆိန်လှံရှည်ကို ဆွဲကိုင်လိုက်ပြီးနောက် သူ့အတွက် လေဟာနယ်ဓားများကို မြင်လာရသည်။

လေဟာနယ်ဓားများ၏ အန္တရာယ်အများဆုံးအပိုင်းမှာ မမြင်ရ၍ ခုခံနိုင်ဖို့ ခက်ခဲခြင်း ဖြစ်ပေသည်။ ထိုအရာက အန္တရာယ်အများဆုံး တိုက်ကွက်တစ်ခု ဖြစ်၏။

သို့သော်လည်း ချီရှောက်ရွမ်တွင် ဓားများကို တန်းမြင်နိုင်သည့် ခရမ်းကောင်းကင် မျက်လုံးကို ရှိထားပေသည်။ ထိုမျှတင်မကသေးဘဲ သူက ထိုဓားများ၏ လမ်းကြောင်းကို မှန်းဆနိုင်သေး၏။

“လွင်ပြင်ရှစ်ခု ပုဆိန်လှံရှည်တိုက်ကွက် ”

သူ့နောက်မှ ခရမ်းရောင် အငွေ့အသက်က နဂါးများစွာ ဖွဲ့စည်းသွားပြီး ပုဆိန်လှံရှည် တစ်ချက် ဝေ့ယမ်းရုံဖြင့် တိုက်ကွက်များစွာ ထုတ်လွှင့်နိုင်လိုက်သည်။ ချီရှောက်ရွမ်က လေဟာနယ်ဓားအားလုံးကို အောင်အောင်မြင်မြင် ကာဆီးလိုက်နိုင်သည်။ တစ်ခုတစ်လေမျှ မလွတ်သွားပေ။

ဤတိုက်ကွက်က ဝမ်ရှန်းယု၏ သက်တမ်းကို နှစ်ငါးဆယ်လောက် မကုန်သွားစေသော်လည်း တိုက်ကွက်က အားကောင်းနေသောကြောင့် သက်တမ်းတော့ လျော့ကျသွားသေးသည်။ ဝမ်ရှန်းယု၏ မျက်ကွင်းများက ပိုမည်းလာစဉ် ချီရှောက်ရွမ်က ချွေးစထွက်လာသည်။

သူက အရှေ့ပိုင်းလွင်ပြင်၏ နံပါတ်တစ် ကျင့်ကြံသူ ခရမ်းစံအိမ် သူတော်စင် ဖြစ်သော်လည်း ဝမ်ရှန်းယုနှင့် ရင်ဆိုင်ရစဉ် အရေးနိမ့်လာလေသည်။

ဒီလူက သက်တမ်း စတေးပြီး တိုက်တဲ့အခါ တကယ် အားကောင်းတာပဲ …

ချီရှောက်ရွမ်က ရှန်ထျန်း မှန်ကြောင်း ဝန်ခံရပေမည်။ ဝမ်ရှန်းယုထက် လက်ရှိအခြေအနေတွင် သူ့ထက် အားနည်းခြင်း မရှိပေ။

ပြောရလျှင် ဝမ်ရှန်းယုက ပိုအားကောင်းလာသည်။

ယခုအချိန်အထိ ချီရှောက်ရွမ်က ခုခံသည့်ဘက်မှ ဖြစ်ပြီး လေဟာနယ်ဓားများကို ဆက်တိုက် ကာကွယ်ရုံသာ တိုက်နိုင်ပြီး ပြန်လည် မတိုက်ခိုက်နိုင်သေးပေ။ ဝမ်ရှန်းယုက ချီရှောက်ရွမ်၏ ကာကွယ်ရေးကို မချိုးဖောက်နိုင်သေးသော်လည်း ချီရှောက်ရွမ်က ထိုအတွက်နှင့် ရှက်ရွံ့လာမိသည်။

“ မင်းက အားကောင်းတာကို ဝန်ခံရမှာပဲ။ မင်းက ငါနဲ့ မျှမျှတတ လက်ရည်ယှဉ်နိုင်တယ်” ချီရှောက်ရွမ်၏ မျက်လုံးများ လင်းလက်သွားကာ “ ဒါပေမဲ့ ဓားဝင်္ကပါလောက်လေးနဲ့ ငါ့ကို အနိုင်ယူဖို့ မလုံလောက်သေးဘူး ”

ချီရှောက်ရွမ်က ခရမ်းအငွေ့အသက် မြစ်တောင်တန်းကို အသက်သွင်းလိုက်သောကြောင့် ခရမ်းရောင် အငွေ့အသက်များက ထွက်ပေါ်လာလေသည်။ လေဟာနယ်ဓားများက ဆက်တိုက် ကျရောက်လာသော်လည်း ချီရှောက်ရွမ်အနေနှင့် ပြန်လည် တိုက်ခိုက်ဖို့ အချိန်တိုမျှသာ လိုအပ်ပေသည်။

“ နဂါးအုပ်စု ”

ချီရှောက်ရွမ်နှင့် သူ့လက်နက်တို့က နောက်ကျောတွင် ခရမ်းရောင် တောင်ပံတစ်စုံပါနေသည့် နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားသည်။ ဤသည်မှာ ပန်တာအို၏ စွမ်းအားအစိတ်အပိုင်း ဖြစ်ပြီး ချီရှောက်ရွမ်က လွင်ပြင်ရှစ်ခု ပုဆိန်လှံရှည်တိုက်ကွက်နှင့် ပေါင်းစပ်ကာ တိုက်ခိုက်စွမ်း တိုးမြင့်ထားခြင်း ဖြစ်သည်။

ဝုန်း …

ချီရှောက်ရွမ်၏ ခန္ဓာကိုယ်က မျက်စိတစ်မှိတ်အတွင်း လေဟာနယ်ကို ဖြတ်သွားလေသည်။ ခရမ်းနဂါး၌ တတိယမျက်လုံး ပွင့်လာပြီး အလင်းတန်း ပစ်လွှတ်လိုက်သည်။

ခရမ်းမျက်လုံး ဖျက်စီးခြင်း အလင်းတန်း …

လေဟာနယ်က ပြိုကျပျက်စီးသွားပြီး ကြောက်ခမန်းလိလိ အငွေ့အသက်များ ထုတ်လွှင့်လာသည်။ ထိုစဉ် ခရမ်းနဂါးက ဗလာလေဟာနယ်ထဲ ခုန်ဝင်လိုက်ပြီး ဟိန်းဟောက်လိုက်၏။

“ မင်းကို တွေ့ပြီ … အရှုံးကို ဝန်ခံလိုက်တော့ ”

ဂါး …

ခရမ်းနဂါးက ဟိန်းဟောက်လိုက်သည့်အခါ လေဟာနယ်လည်း ပြိုကွဲသွားတော့သည်။

ဝမ်ရှန်းယုက လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး သူ့မျက်နှာအထက် အံ့ဩမှုအတိုင်းသား ဖြစ်နေသည်။ သူက ချီရှောက်ရွမ်သည် ဤမျှလောက် အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော်လည်း သူက လုံးလုံး မကြောက်ပေ။ သူက ပြန်လည်ချေပလိုက်၏  “ ဒါက မင်းဆီမှာရှိတာ အကုန်လား … ဒါဆိုရင်တော့ အနိုင်ရဖို့ လိုနေသေးတယ် ”

ရုတ်ချည်းဆိုသလို သူ့ဆံပင်အမည်းများက အဖြူရောင်အဖြစ် ပြောင်းလဲသွားပြီး မျက်ကွင်းများက ပိုမို မည်းနက်လာသည်။ ဝမ်ရှန်းယုက လက်ကို ဖြန့်ကာ ရွတ်ဆိုလိုက်သည်။

“ လေဟာနယ်ကို ခံစားပြီးတော့ လေဟာနယ်ကို လက်ခံလိုက် … လေဟာနယ်ကို နားလည်လိုက်။ အရာအားလုံးက လေဟာနယ်ကနေ စတင်လာပြီးတော့ လေဟာနယ်အဖြစ် အဆုံးသတ်သွားကြတယ်။ အသံကို နားစွင့်ထောင်ပြီးတော့ စွမ်းအားကို ပွေ့ဖက်လိုက် … လေဟာနယ် မရဏနှုတ်ဆက်ခြင်း တိုက်ကွက် ”

.................

ဂျိန်း ….

လေဟာနယ်အတွင်း လေဟာနယ် ဝဲဂယက်တစ်ခု ရုတ်ချည်း ဖြစ်လာသည့်အတွက် လေဟာနယ်က ပိုမို ပျက်စီးလာသည်။ လေဟာနယ် ဝဲဂယက်၏ ဆွဲအားက အားကောင်းလွန်းသည့်အတွက် အရာအားလုံးကို ဆွဲယူနေသည်။ ခရမ်းအငွေ့အသက်များပင် မလွတ်ပေ။ လေဟာနယ် ဝဲဂယက်ထဲ စုပ်ယူခံလိုက်ရပြီးနောက် ပျောက်ကွယ်သွားလေ၏။

ချီရှောက်ရွမ်က ကြောင်အမ်းသွားပြီး စိတ်လေးလာမိသည်။ သူသာ စုပ်ယူခံလိုက်ရလျှင် အသက်ရှင်နိုင်မည် မဟုတ်ပေ။ ချီရှောက်ရွမ်က လေဟာနယ် ဝဲဂယက်ထဲ စုပ်ယူမခံဖူးသော်လည်း ထိုအရာမှ ဝေးဝေးပြေးရမည် ဖြစ်ကြောင်း သိပေသည်။

ယခုအခါ ဝမ်ရှန်းယုက အလွန်မောက်မာပြနေသည်။

“ ချီရှောက်ရွမ် သနားခံလိုက်စမ်းပါ … ဒီလေဟာနယ် မရဏနှုတ်ဆက်ခြင်း တိုက်ကွက်က မဟာလေဟာနယ်ကျမ်းရဲ့ အားအကောင်းဆုံး တိုက်ကွက်ပဲ။ ဒီဟာနဲ့ နတ်ဧကရာဇ်ကိုတောင် အနိုင်ယူဖူးတယ်။ မင်းက နတ်ဧကရာဇ်လောက် အားကောင်းနေရင်တောင် မင်း ဘာမှမတတ်နိုင်ပါဘူးကွာ  ”

ဝမ်ရှန်းယုက လက်ရှိ ရွင်မြူးလန်းဆန်းနေသည်။

ရွှေအမြုတေစာရင်းရဲ့ အဆင့်တစ်တဲ့လား … ချီရှောက်ရွမ်လား … အခု ဘယ်သူက အနိုင်ရသူလဲ

ခံစားချက် ကောင်းလိုက်တာ …

ငါ့သက်တမ်းရာချီ စတေးခဲ့ပေမဲ့ ဘာဖြစ်လဲ … တစ်နှစ်လောက် ပြန်လေ့ကျင့်လိုက်ရုံပဲလေ ဟားဟား

“ ငါ ကျေနပ်တဲ့အထိ တောင်းဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ် ” ဝမ်ရှန်းယုက ခါးထောက်ကာ ချီရှောက်ရွမ်အား ကြည့်လိုက်သည် “ မြန်မြန်လုပ်နော် … လေဟာနယ် ဝဲဂယက်ကို ထိန်းချုပ်မှု မလွတ်သွားခင်ပေါ့ ”

ချီရှောက်ရွမ်ကလည်း ခက်ထန်စွာ ပြန်ဖြေလိုက်သည်  “ အဲမှာ စိတ်ကူးယှဉ်နေလိုက် ”

ငါ အရှုံး ဝန်ခံစရာအကြောင်း မရှိဘူး …

သူက အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကို ခရမ်းရောင် မီးတောက်ဖြင့် လွှမ်းခြုံသွားလေသည်။ သူက အသက်ကို စတေးဖို့ စတင်လိုက်၏။

သက်တမ်းကို စတေးပြီး စွမ်းအား ရလာဖို့လား … ငါလည်း လုပ်နိုင်တယ်။ နောက်ဆုံး ဘယ်သူကျန်ခဲ့မလဲ ကြည့်ရသေးတာပေါ့

ကောင်းကင် ပုဆိန်လှံရှည်က ပိုကြီးမားလာကာ လေဟာနယ် ဝဲဂယက်ထဲ တည့်တည့် ထိုးစိုက်ချလိုက်သည်။

ဂျိန်း …

စွမ်းအားအမြောက်အများက လေဟာနယ် ဝဲဂယက်ထဲ စီးဝင်သွားကြသည်။ လေဟာနယ် ဝဲဂယက်က ရုတ်ချည်း ကျယ်ပြန့်လာပြီး အားကောင်းကောင်း ပေါက်ကွဲမှုကို ထုတ်လွှင့်လိုက်လေသည်။

ဝမ်ရှန်းယုနှင့် ချီရှောက်ရွမ်တို့က တန်ပြန်အားကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကြ၏။

“ ခရမ်းအငွေ့အသက် မြစ်တောင်တန်း ဖြစ်ပေါ်စမ်း ”

ဝမ်ရှန်းယုက တုန်လှုပ်လာကာ သူ့ငွေရောင် အရှိန်အဝါဖြင့် ချပ်ဝတ်အလွှာ ဖန်တီးလိုက်သည်။

ဝုန်း …

လေဟာနယ် ဝဲဂယက်ကြီးက တဖန် ပြောင်းလဲသွားပြီး ဖြည်းဖြည်းချင်းသာ လည်ပတ်တော့သည်။ တကယ်တော့ ဖြည်းဖြည်းချင်း လည်ပတ်နေခြင်း မဟုတ်ဘဲ ပုံရိပ်ယောင်အမြင်အာရုံတစ်ခု ဖြစ်၏။ ဤသည်က တကယ်တော့ အန္တရာယ်ဖြစ်စေလောက်သည့် အမြန်နှုန်းဖြင့် လည်ပတ်နေသည်။ ဝဲဂယက်က အရာအားလုံးကိုလည်း စုပ်ယူနေလေသည်။

စင်မြင့်ပေါ်ရှိ အားလုံးက လေဟာနယ် ဝဲဂယက်၏ ဆွဲအားကို ခံစားမိကြ၏။

“အစ်ကိုရှန်းယု ရပ်ခိုင်းလိုက်ပါတော့ ”

အောင်းဝူက ကျောက်ပြားကြီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မျက်ရည်အပြည့် ဖြစ်နေသည်။

သူက အသန့်စင်ဆုံး နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော်လည်း အလွန်ငယ်ရွယ်သေး၏။ သူက အဖွဲ့တွင် အားအနည်းဆုံး ဖြစ်ပြီး ဆက်မတောင့်ခံနိုင်တော့ပေ။

ဝမ်ရှန်းယုလည်း အခြေအ‌နေ မကောင်းလှချေ။ သူ့မျက်ကွင်းများက ပိုမည်းလာပြီး ဆံပင်များက ဖြူဆွတ်လာသည်။

သူက မဲ့ရွဲ့ကာ  “ ငါ့သက်တမ်းတွေ အများကြီး သုံးပြီးပြီ။ ဒီတိုက်ကွက်ကို သုံးဖူးတာ ပထမဆုံးအကြိမ်ပဲ … ချီရှောက်ရွမ်က လေဟာနယ်ဝဲဂယက်ကို ဖျက်စီးလိုက်ပြီဆိုတော့ ငါထိန်းချုပ်လို့ မရတော့ဘူး ”

ဝှီး …

ဝမ်ရှန်းယု စကားမဆုံးခင် ကျောက်ပြားကို ဆုပ်ကိုင်ထားသော အောင်းဝူ၏ လက်က ချော်ထွက်သွားကာ ဝဲဂယက်ဆီ စုပ်ယူခံလိုက်ရသည်။

“ အစ်ကိုရှန် … အစ်ကိုရှောက်ရွမ် အစ်ကိုရှန်းယု ကယ်ပါဦး ”

အောင်းဝူ၏ ခန္ဓာကိုယ်က လေထဲ လွှင့်နေရင်း သူ့စိတ်ထဲ အကြောက်တရား ကြီးစိုးလာသည်။

ချီရှောက်ရွမ်က လက်ဟန်တချို့ မြန်မြန်လုပ်ကာ ခရမ်းအငွေ့အသက်များဖြင့်‌ အောင်းဝူကို ဖမ်းဆုပ်ထားလိုက်သည်။ သို့သော်လည်း ဝဲဂယက်၏ စုပ်ယူအားက အားကောင်းလွန်းသောကြောင့် အငွေ့အသက်တို့က အလျှင်အမြန် လျော့ပါးသွားသည်။

ချီရှောက်ရွမ်က ဒေါသတကြီး လှမ်းအော်လိုက်သည် “ ဟေး ဒါကို မင်းလုပ်တာလေ။ ဒီဟာကို ပိတ်ဖို့ မင်းဆီမှာ တာဝန်ရှိတယ်။ မဟုတ်ရင် ငါတို့အားလုံး သေလိမ့်မယ် ”

ချီရှောက်ရွမ်က ရှန်ထျန်းကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။ သူက တစ်လက်မမှ မရွေ့ဘဲ ကျောက်ပြားဘေးတွင် ထိုင်နေဆဲ ဖြစ်၏။

လေဟာနယ် ဝဲဂယက်ကတောင် ညီအစ်ကိုရှန်အတွက် ခြိမ်းခြောက်မှု မဟုတ်ဘူးကိုး … ဒီလိုအခြေအနေမှာတောင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တယ်

အမှန်အတိုင်းပြောရလျှင် ရှန်ထျန်းက ဉာဏ်အလင်းပွင့် အခြေအနေတွင် ရှိနေပြီး သူ့ဘေးမှ အဖြစ်အပျက်များကို ဂရုမစိုက်မိပေ။

သူ့အနီးတွင် ကျောက်စိမ်းရောင် နွယ်ပင်များ ကြီးထွားလာပြီး အဖြူရောင်ပန်းများ ပွင့်လန်းနေသည်။ ထိုပန်းများ ပွင့်လာသည့်အခါ ရှန်ထျန်းက လေဟာနယ်နှင့် ပေါင်းစပ်သွားသလို ဖြစ်သွားသည်။ သူက မျက်ခုံးမလှုပ်ဘဲ သူ့ဘေးနားရှိ လေဟာနယ်ကို ဖျက်စီးနိုင်လိုက်၏။

ညီအစ်ကိုရှန်က တကယ်ကို အားကောင်းလိုက်တာ … ဒါပေမဲ့ အခု နိုးထရတော့မယ်

မင်း အကူအညီကို လိုနေပြီ မဟုတ်ရင် ငါတို့အားလုံး သေတော့မယ် …

ဝဲဂယက်က အရွယ်အစား ကြီးမားလာသည်။ ဝမ်ရှန်းယု၏ ပြောစကားအရ ဝဲဂယက်သည် သတ်မှတ်ထားသည့် နယ်နမိတ်အတွင်း ဘာမှမကျန်တော့သည့်အထိ ကြီးထွားလာမည် ဖြစ်၏။

ထို့နောက် အရာအားလုံးက လေဟာနယ် ဖြစ်လာပေမည်။ ပြဿနာကား ထိုအချိန်အထိ သူတို့တောင့်မခံနိုင်တော့ခြင်း ဖြစ်၏။

“ ဝဲဂယက်ကို ဆက်လက် ကြီးထွားခွင့်မပြုနိုင်ဘူး။ ငါ တစ်ခုခု လုပ်ရမယ် ”

ဝမ်ရှန်းယုက ဆုံးဖြတ်လိုက်သည်။ သူက လေဟာနယ် ဝဲဂယက်ကို ဖန်တီးခဲ့သူ ဖြစ်၍ သူ့အသက်သေလျှင်ပင် ပြဿနာကို ဖြေရှင်းရပေမည်။

“ ငါ ဒီအတိုင်း သေရမယ်လို့ မထင်ထားဘူး။ ဒါက ငါ့ကံကြမ္မာပဲ ထင်ပါတယ်လေ … ”

ဝမ်ရှန်းယု၏ ဆံပင်များက ပိုမို ဖြူဆွတ်လာပြီး မျက်ကွင်းများက ပိုကြီးလာကာ သူ့အရှိန်အဝါက ပိုအားကောင်းလာသည်။ ချီရှောက်ရွမ်ပင် အံ့ဩသွားမိ၏။

သူက ဒီလောက်စွမ်းအားတွေ ရှိတယ်လား … အောင်းဝူနဲ့ ငါ့ကို ကယ်ဖို့ သူကိုယ်သူ စတေးဖို့ လုပ်နေတာလား …

ချီရှောက်ရွမ်က ရုတ်ချည်း ခံစားချက်ရှုပ်ထွေးလာမိသည်။

ထို့နောက် ကျောက်ပြားဘေးတွင် ထိုင်နေသည့် ရုပ်ချောချော လူငယ်လေးက မျက်လုံးပွင့်လာလေ၏။

သူ့မိတ်ဆွေများ အကျဉ်းအကျပ်ထဲ ရောက်နေသည်ကို မြင်ကာ ရှန်ထျန်းက မြန်မြန် ထလိုက်သည်။

“ ဟေး စိတ်လျော့ထား …  ငါ လာပြီ ”

ဝမ်ရှန်းယု တစ်ယောက် ဘာပြောရမှန်းပင် မသိတော့ပေ။

All Chapters