← Chapters

ငါ့သက်တမ်းက ကုန်ခါနီးပြီ၊ ထပ်မတောင့်ခံနိုင်တော့ဘူး

Vol. 22 Ch. 323

ငါ့သက်တမ်းက ကုန်ခါနီးပြီ၊ ထပ်မတောင့်ခံနိုင်တော့ဘူး

Vol. 22 Ch. 323

အခန်း (၃၂၃)  :  ငါ့သက်တမ်းက ကုန်ခါနီးပြီ၊ ထပ်မတောင့်ခံနိုင်တော့ဘူး

“ ညီအစ်ကိုရှန် မလှုပ်နဲ့ … ကျုပ် လုပ်ပေးမယ်။ ဒါက လေဟာနယ် ဝဲဂယက် တစ်ခုပဲလေ။ ကျုပ် လက်တစ်ချောင်းလောက်နဲ့ ကိုင်တွယ်နိုင်ပါတယ် ”

ဝမ်ရှန်းယုက အားကောင်းသည့် အရှိန်အဝါတို့ကို ထုတ်လွှင့်နေသော်လည်း အရှိန်အဝါကြီးဟန် ပေါ်မနေပေ။ အချုပ်အားဖြင့် သူက ခါးသက်သက် အရသာကို စားထားမိသလိုမျိုး ဖြစ်နေသည်။

ငါ သက်တမ်းတွေကို စတေးပြီး တားဆီးတော့မဲ့အချိန် ရှန်ထျန်း အသိပြန်ကပ်လာပြီလို့ လာပြောနေတာလား … အဲလိုဆို ငါ့သက်တမ်းတွေကို အလကား စတေးလိုက်သလို ဖြစ်မသွားဘူးလား …

သတိပြန်ကပ်လာတာ မှားယွင်းတဲ့ အချိန် ဖြစ်သွားပြီ

ဝမ်ရှန်းယု၏ မျက်နှာက စိတ်ပျက်ခြင်းအပြည့် ဖြစ်နေပြီး လေဟာနယ် ဝဲဂယက်အား လှမ်းကြည့်လိုက်သည်။

သေတဲ့အထိ တိုက်မယ် …

ဝမ်ရှန်းယုက ငွေရောင် တောက်ပလာကာ အားကောင်းသည့် လေဟာနယ်စွမ်းအားက လေဟာနယ်ဝဲဂယက်ထဲ ဝင်ရောက်သွားသည်။ လေဟာနယ် ဝဲဂယက်ထဲ လေဟာနယ်စွမ်းအားများစွာ ဝင်ရောက်လာသောကြောင့် ဝဲဂယက်က နှေးလာကာ စုပ်ယူအားလည်း အားပျော့လာသည်။

စွမ်းအားပြင်းပြင်းဖြင့် လှည့်ပတ်နေဆဲ ဖြစ်သော်လည်း အဖွဲ့ပေါ် ခြိမ်းခြောက်မှုက သိသိသာသာ လျော့ကျသွားသည်။

ဝမ်ရှန်းယုက နောက်ဆုံးမှ သက်ပြင်းချနိုင်တော့သည်။ အနည်းဆုံးတော့ သူ့သက်တမ်းကို အလကားသပ်သပ် လျော့ချမိခြင်း မဟုတ်ပေ။

ခဏနေပါဦး …

ဝမ်ရှန်းယု၏ မျက်နှာက ချက်ချင်း တောင့်တင်းလာသည်။ သူ့ဆွဲဆန့်ထားသည့် သက်တမ်းက မလုံလောက်ကြောင်း ရုတ်ချည်း သတိထားမိလိုက်သည်။ လေဟာနယ် ဝဲဂယက်က စွမ်းအားများစွာ စုပ်ယူနေပြီး ဝမ်ရှန်းယု ခန့်မှန်းထားသည်ထက် ပို၍ ဖိနှိပ်ရ ခက်နေသည်။

ဝမ်ရှန်းယု၏ အံ့ဖွယ်လေဟာနယ် ဖွဲ့စည်းပုံက ကျိန်စာ ဖွဲ့စည်းပုံတစ်ခု ဖြစ်၏။ သူ မွေးဖွားလာကတည်းက သူ့သက်တမ်းများ အနည်းနှင့်အများ လျော့ကျသွားပြီးလေပြီ။

သူက ဝိညာဉ်အသွင်ပြောင်းအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်လျှင်ပင် သူ့သက်တမ်းက များစွာ တိုးလာမည် မဟုတ်ပေ။ ထိုမတိုင်ခင် သူ့တွင် နှစ်ငါးရာသာ ကျန်ရှိတော့၏။

သို့သော်လည်း နဂါးများစွာ၏ လိုက်ဖမ်းစီးခြင်းကို ခံရကာ လေအရှင် နဂါးပျံကို ပိုင်းခုတ်ဖို့ မမြင်နိုင်သည့် ဓားတိုက်ကွက်ကို ထုတ်သုံးလိုက်ရပြီး ချီရှောက်ရွမ်နှင့် တိုက်ခိုက်စဉ်အခါကလည်း လေဟာနယ် မရဏနှုတ်ဆက်ခြင်း တိုက်ကွက်ကို ထုတ်သုံးခဲ့သေးသည်။

ဝမ်ရှန်းယုက ထိုအရာများအပေါ်တွင် သူ့သက်တမ်းအများစုကို အသုံးချပြီးသွားလေပြီ။

ဤလေဟာနယ် ဝဲဂယက်နှင့် ရင်ဆိုင်ရသည့်အခါ ကျန်ရှိလက်ကျန် သက်တမ်း နှစ် ၂၀၀ လောက် စတေးလိုက်ရသေး၏။ သူ့ဆံပင်များပင် ဖြူဆွတ်နေလေပြီ။

ထိုသို့ဆိုလျှင်ပင် သူ့အနေနှင့် ထိုလေဟာနယ် ဝဲဂယက်ကို အားအနည်းဆုံးဖြစ်အောင် အတင်းဖိနှိပ်ထားရသည်။ သူက လုံးဝပယ်ဖျက်နိုင်ခြင်း မရှိပေ။ ဝမ်ရှန်းယုက အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။ အကယ်၍ သူသာ လေဟာနယ် ဝဲဂယက်ကို အပြီးတိုင် ဖျက်စီးပစ်လိုက်ပါက အနည်းဆုံး နှစ် ငါးဆယ်လောက် သုံးရလိမ့်မည်။

ပြဿနာကား သူ့တွင် လက်ကျန် နှစ် ၅၀ မရှိတော့ပေ။

ဤသည်က ဟာသပြက်လုံး မဟုတ်ပေ။

ဝမ်ရှန်းယုက “ ငါ့အသက်ကို စတေးပြီး ဒီလေဟာနယ်ကို ထိန်းချုပ်လိမ့်မယ်” လို့ အော်ပြောထားသော်လည်း ကြွေးကြော်သံတစ်ခုမျှသာ ဖြစ်ခဲ့ရသည်။

အဆုံးမဲ့အသက်ကျမ်းကို ရရှိပြီးနောက် ဝမ်ရှန်းယုက သူ့တစ်သက်တာ သက်တမ်းကို စတေးစရာ မလိုအပ်သရွေ့ ဖြည်းဖြည်းချင်း ပြန်လည် အားဖြည့်နိုင်လေသည်။ သိုသော် သူ့သက်တမ်းအပြည့်အဝကို ပြန်မရသေးကြောင်း ကြိုတင်ထည့်စဉ်းစားရပေမည်။ ယခုအခါ ဘာမှကယ်စရာ မကျန်တော့ပေ။

သူက အကြာကြီး အသက်ရှင်လိုသေး၏။ မည်သူကများ သူ့အသက်ကို လိုလိုလားလား စတေးပေးမည်နည်း။

ဒါပေမဲ့ ငါက ကြွေးကြော်ပြီးသွားပြီလေ …

ညီအစ်ကိုရှန်ကို ဝင်မရှုပ်ဖို့တောင် ပြောလိုက်ပြီးပြီ … အခုမှ သူ့အကူအညီ သွားတောင်းလိုက်ရမှာလား … မျက်နှာပူစရာကြီး

ဝမ်ရှန်းယုက အတော်လေး ဝေခွဲမရ ဖြစ်လာသည်။

ခေါင်းကိုက်စရာပဲ …

ဝမ်ရှန်းယု ထုတ်လွှင့်နေသော လေဟာနယ် စွမ်းအားများ အားနည်းလာသောကြောင့် လေဟာနယ်ဝဲဂယက်၏ ပြန်ကောင်းမွန်နှုန်းက တိုးမြင့်လာသည်။ ထိုအရာက စတင်၍ လက်တုံ့ပြန်တော့သည်။

ဝုန်း …

သေခါနီး အသိပြန်ကပ်လာသလိုမျိုး ဖြစ်၏။

ထိုစဉ် လေဟာနယ် ဝဲဂယက်က အက်ကွဲလာကာ စုပ်ယူအားက ယခင်ထက် ပိုမို ပြင်းထန်လာသည်။

ဝမ်ရှန်းယုက လေဟာနယ် ဝဲဂယက်၏ ပစ်မှတ် ဖြစ်လာတော့သည်။ သူက ဝဲဂယက်ထဲ ဆွဲယူခံလိုက်ရသည်။

“ သေစမ်း သေစမ်း … ငါ ဘယ်လိုလုပ် ထိန်းချုပ်မှု လျော့သွားရတာတုန်း။ ညီအစ်ကိုချီ၊ ညီအစ်ကိုရှန်၊ ညီလေးအောင်း ကူပါဦး … ငါ့ကို ပြန်ဆွဲပေးထားကြပါဦး”

ရှန်ထျန်းနှင့် အခြားနှစ်ယောက်က ဝမ်ရှန်းယုတစ်ယောက် ဝဲဂယက်ထဲ ဆွဲယူခံရသည်ကို ကြည့်ရင်း ချွေးအေးများ ထွက်လာကြသည်။

သူက လက်တစ်ချောင်းတည်းနဲ့ ဖြေရှင်းနိုင်တယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား …

ဒီမဟာလေဟာနယ် သူတော်စင်က ငတုံးပဲ

..........

ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။ သူ့ငှက်မွေးထာဝရသတ္တု တောင်ပံက သူ့နောက်တွင် ပြန့်ကားလာသည်။ မျက်စိတစ်မှိတ်အတွင်း  ရှန်ထျန်းက နေရာမှ ပျောက်သွားကာ ဝမ်ရှန်းယုရှေ့တွင် ပြန်ပေါ်လာသည်။ သူက ဝမ်ရှန်းယု၏ ပခုံးကို ညာဘက်လက်ဖြင့် ဆွဲကာ ဝဲဂယက်စက်ကွင်းအပြင်ဘက်သို့ ပစ်လွှတ်လိုက်သည်။

“ ညီအစ်ကိုရှန် … မဖြစ်ဘူး ”

ရှန်ထျန်းတစ်ယောက် လေဟာနယ် ဝဲဂယက်ထဲ ပါသွားသည်ကို ကြည့်ကာ ဝမ်ရှန်းယု၏ မျက်ဝန်းများမှ မျက်ရည်ပူများ ကျလာလေသည်။

ညီအစ်ကိုရှန်က ငါ့ကို ကယ်ဖို့ သူ့အသက်ကို စတေးသွားတာလား … ငါက လူကောင်း မဟုတ်ဘူးလေ။ ညီအစ်ကိုရှန်က ငါ့ကို ကယ်ဖို့ ထိုက်တန်တယ်လို့ ထင်သွားတာလား …

ညီအစ်ကိုရှန်ရဲ့ ကျေးဇူးတွေကို ဘယ်လိုပြန်ပေးဆပ်ရမလဲ …

ဝမ်ရှန်းယုက အလွန်စိတ်ထိခိုက်သွားစဉ် ရှန်ထျန်းဆီမှ အစိမ်းရောင် အလင်းများ တောက်ပလာသည်။

သူ့ဝန်းကျင်တွင် ပြန့်ဟွားပန်းများ ပွင့်နေသည့် ကျောက်စိမ်းနွယ်ပင်များ ရှိနေသည်။ ပြန့်ဟွားပန်း ပွင့်လန်းလာသည်နှင့် ရှန်ထျန်းက ချက်ချင်း စုပ်ယူမခံရတော့ပေ။

ထို့နောက် သူက ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။

ကျောက်စိမ်းနွယ်ပင်အရှည်ကြီးက ဝဲဂယက်ထဲ ဝင်ရောက်သွားပြီး အရှိန်နှင့်အတူ လှည့်ပတ်လိုက်သည်။ နွယ်ပင် ပြန့်ကျဲသွားသည်နှင့် အဖြူရောင် ပြန့်ဟွားပန်းတို့က အဆုံးအစွန် ပွင့်လန်းလာကြသည်။ ဝဲဂယက်က ချည်နှောင်ခံလိုက်ရသလို ဖြစ်ပြီး ဖြည်းဖြည်းချင်း နှေးကွေးလာပြီးနောက် ရပ်တန့်သွားတော့သည်။

ထို့နောက် နွယ်ပင်များစွာ ထွက်ပေါ်လာလေ၏။ လေဟာနယ် ဝဲဂယက်ဗဟိုချက်က ပို၍ သေးငယ်လာသည်။ သိပ်မကြာခင် ဗလာနတ္တိအဖြစ် ပျောက်ကွယ်သွားရသည်။

နောက်ဆုံးတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည် ရောက်ရှိလာလေပြီ။ လေဟာနယ် လွှမ်းခြုံထားသော စွမ်းအားအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်၏။

ချီရှောက်ရွမ်၊ ဝမ်ရှန်းယုနှင့် အောင်းဝူတို့က စိတ်သက်သာ သက်ပြင်းချလိုက်ကြသည်။ အထူးသဖြင့် ဝမ်ရှန်းယု ဖြစ်သည်။ သူ့မျက်နှာအထက် ခါးသက်သက် အမူအယာနှင့်အတူ စိတ်သက်သာမှုများလည်း ပါဝင်နေသည်။

ငါ့အသက်လေး ပျောက်တော့မလို ဖြစ်တာတောင် ဘာမှမကယ်နိုင်ခဲ့ဘူးလေ … ငါ့ဘဝကြီးက ခါးသီးလိုက်တာ

............

ထိုစဉ် ချီရှောက်ရွမ်က အံ့အားအသင့်ဆုံးလူ ဖြစ်၏။ သူက လေဟာနယ် ဝဲဂယက် စွမ်းအားကို ကောင်းကောင်း တွေ့ကြုံခဲ့ရသည်။ ဝမ်ရှန်းယုက သူ့အသက်ဓာတ်ဖြင့် စွမ်းအားကို တစ်ဝက်နီးပါးလောက် လျော့ချပေးနိုင်သော်လည်း စိန်ခေါ်မှုအကြီးစား ဖြစ်နေသေး၏။

သို့သော် ရှန်ထျန်း ရှေ့မှောက်တွင် လေဟာနယ် ဝဲဂယက်က ဂျုံလုံးလို အားပျော့သွားလေသည်။ လှုပ်ရှားကွက်လေး နှစ်ကွက်လောက်မျှဖြင့် လေဟာနယ် ဝဲဂယက်က လုံးဝ ဦးညွှတ်လိုက်ရသည်။

ရှန်ထျန်း၏ စွမ်းရည်က အမှန်ပင် အံ့မခန်း ဖြစ်၏။

အောင်းဝူကား ရှန်ထျန်းကို  ကြည်ညိုလေးစားမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။ သူက လက်ဝါးဖောင်းဖောင်းလေးဖြင့် လက်ခုပ်တီးလိုက်ကာ  “ အစ်ကိုကြီးရှန်က အရမ်းအားကောင်းလိုက်တာ။ ဒီလိုလေဟာနယ် ဝဲဂယက်ကို ကြာပွတ်လေးနဲ့ ဖြေရှင်းနိုင်လိုက်တာပဲ။ ဖွားဖွားက အစ်ကိုကြီးနဲ့ စာချုပ်ချုပ်ခဲ့တာ မဆန်းတော့ပါဘူး ”

ရှန်ထျန်း  “ … ”

အဲဒီကိစ္စနှစ်ခုက ဆက်စပ်လို့လား …

ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုတို့ကလည်း အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်နှာပင် ခပ်နွေးနွေး ဖြစ်နေသည်ဟု ခံစားမိလိုက်ကြသည်။

သူတို့က တိုက်ပွဲအပြင်းအထန် တိုက်ပြီးခါစ ဖြစ်သော်လည်း အဆုံးသတ်၌ ကိစ္စများ ဆိုးရွားလာသည့်အခါ ရှန်ထျန်းကသာ အားလုံးကို ကယ်လိုက်ရသည်။ အလွန်ရှက်ဖို့ ကောင်းလှ၏။

အဟမ်း သူတို့တွေ စကားလမ်းကြောင်း ဘယ်လိုလွဲပြောရမလဲ …

ချီရှောက်ရွမ်၏ မျက်လုံးသုံးလုံးက ရုတ်ချည်း ဝေ့ကြည့်လိုက်ပြီး  “ အဟမ်း ညီအစ်ကိုရှန်က လိပ်နက် ကျောက်ပြားရှေ့ လေ့ကျင့်နေတာအကြာကြီးဆိုတော့ ဉာဏ်အလင်းပွင့်သွားတာများလား ”

ထိုသို့ပြောပြီးနောက် ဝမ်ရှန်းယုနှင့် အောင်းဝူတို့က သိချင်စွာ ကြည့်လိုက်ကြသည်။

သာမန်ကျင့်ကြံရေး သင်ခန်းစာတစ်ခုကို ထိုမျှ စိတ်နှစ်မထားနိုင်ပေ။ အလွန်နက်နဲသော ကျင့်ကြံရေး အခြေအနေမျိုး၌ စိတ်နှစ်ထားသောသူသာ ဘေးပတ်ဝန်းကျင် အခြေအနေကို သတိမမူမိဘဲ နေလိမ့်မည်။

ဆိုလိုသည်မှာ သူက ဉာဏ်အလင်းပွင့်ခဲ့ခြင်း ဖြစ်၏။ သူက စိတ်နှစ်မြောနေပြီး သူ့ဘာသာ ထွက်မလာနိုင်ခဲ့ပေ။

ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုတို့ နှစ်ယောက်လုံး အလွန်သိချင်နေကြသည်။

ရှန်ထျန်းက ဘယ်လိုဉာဏ်အလင်းပွင့်သွားတာမျိုးလဲ …ဒါက သာမန်အမွေအနှစ်မျိုးတော့ မဖြစ်နိုင်ဘူး

ရှန်ထျန်းက သူတို့၏ အမူအယာများကို ကြည့်ကာ ပြုံးလိုက်ရင်း  “ဘာရယ် မဟုတ်ပါဘူး။ အသက်ဓာတ်ကို ပြန်ဖြည့်တင်းပေးနိုင်တဲ့ ကျင့်စဉ်နဲ့ ဓားသိုင်းကွက် တစ်ခုလောက်ပါပဲ ”

ဝမ်ရှန်းယုက ခေါင်းညိတ်လိုက်သည်။ ရှန်ထျန်း၏ ပါရမီဖြင့် အဆုံးမဲ့အသက်ကျမ်းကို နားလည်ဖို့က ပုံမှန်သာ ဖြစ်၏။

ခဏ … ဓားတိုက်ကွက်တဲ့လား …

အဆုံးမဲ့အသက်ကျမ်းရဲ့ အဆင့်မြင့် ပညာရပ်ဖြစ်တဲ့ အဆုံးမဲ့ဓားသိုင်းကွက်လို့တော့ မပြောနဲ့နော် …  ဘာလို့ ငါက မရရတာလဲ

အောင်းဝူက ရှန်ထျန်းကို ငေးကြည့်လိုက်ပြီး  “ ဘယ်လိုဓားကွက်မျိုးလဲ။ အစ်ကိုရှန် လှုပ်ရှားကွက်လေး နည်းနည်းလောက် ပြလို့ ရမလား ”

သူတို့ကို နည်းနည်းလောက် ပြရမယ်တဲ့လား …

ရှန်ထျန်းက နောက်နည်းနည်း ဆုတ်လိုက်သည်။ သူက ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုတို့ကို ပြုံးကာ  “ ကောင်းပြီလေ။ ဓားသိုင်းကွက်လေး ပြရအောင် ညီအစ်ကိုချီနဲ့ ညီအစ်ကိုဝမ်တို့ ကျုပ်နဲ့ တိုက်ပါ့လား ”

ဝမ်ရှန်းယု၏ ဆံပင်ဖြူဖြူများက ထောင်မတ်သွားကာ သူ့မျက်ကွင်းမည်းမည်းများလည်း စတင်၍ တောက်ပလာပုံပေါ်သည်။

သူက တုန်တုန်ယင်ယင်ဖြင့်  “ အဟမ်း … ညီအစ်ကိုချီနဲ့ ပိုသင့်တော်မယ် တူတယ်။ ကျုပ်အသက်က ကုန်ခါနီးပြီဆိုတော့လေ လူငယ်လေးတွေရဲ့ ကစားပွဲမှာ တောင့်ခံနိုင်မှာ မဟုတ်လောက်ဘူး ”

ထိုသို့ပြောပြီးနောက် ဝမ်ရှန်းယုက ဘေးထွက်ကာ မြန်မြန် ထိုင်ချလိုက်သည်။ သူက လိပ်နက်ကျောက်ရုပ် ပုံစံအတိုင်း လိုက်ထိုင်ကာ ဝိညာဉ်ချီများကို စတင်လှည့်ပတ်လိုက်တော့သည်။

သူ့နှလုံးသားပင် အတော်လေး နာလာမိ၏။ သူက အစောလေးက အဖြစ်အပျက်ကြောင့် သက်တမ်းရာချီ ကုန်ဆုံးသွားပြီး ဘယ်အချိန်မှ ပြန်ရရှိမှန်း မသိပေ။

ဒါပေမဲ့ ဒီပုံစံက .. အရမ်းရှက်ဖို့ ကောင်းလိုက်တာ

ချီရှောက်ရွမ်က ကြောက်ရွံ့နေခြင်း မရှိသလို တုံ့ဆိုင်းနေခြင်းမျိုးလည်း မရှိပေ။ သူက ရှန်ထျန်းအား မျက်လုံးတလက်လက်ဖြင့် ကြည့်လိုက်ပြီးနောက်  “တကယ်လို့ ညီအစ်ကိုရှန် စိတ်မရှိရင် တိုက်ကွက်အသစ်ကို ကျုပ်အပေါ် သုံးကြည့်လိုက်ပါ ”

ရှန်ထျန်းက အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ့လက်ထဲ ကျောက်စိမ်းရေစင်ဓား ရုတ်ချည်း ထွက်ပေါ်လာသည်။

ဤကျောက်စိမ်းအလင်းရောင်က စမ်းချောင်းရေလေးကဲ့သို့ တဖြတ်ဖြတ် တောက်ပနေသည်။ ဤသည်က ဓားကောင်းတစ်ချောင်း ဖြစ်၏။

ချီရှောက်ရွမ်လို ပညာရှင်မျိုးအတွက် ကျောက်စိမ်းရေစင်ဓားက သာမန်ပစ္စည်းမျှ ဖြစ်သည်။ ဓားကိုင်ဆိုင်ထားသူကြောင့် ချီရှောက်ရွမ်တစ်ယောက် စိတ်ဓာတ်တက်ကြွလာလေ၏။ ထိုလူ၏ လက်ထဲတွင် ဖန်အပိုင်းအစ သို့မဟုတ် သစ်ကိုင်းခြောက်ပင် ဓားကောင်း ဖြစ်လာနိုင်သည်။

ချီရှောက်ရွမ်က သူတော်စင်တောင်ပေါ်တွင် ကြုံခဲ့ရသည့် နတ်ဘုရားနှင့်တူသည့် ဓားအငွေ့အသက်ကို လုံးဝ မမေ့နိုင်ပေ။ ထိုစဉ်ကတည်းက သူ့အနေနှင့် ဆက်တိုက် ခြောက်ခြားခဲ့ရသည်။

ရှန်ထျန်းက လိပ်နက်ကျောက်ပြားမှ နောက်ထပ် ဓားတိုက်ကွက်တစ်ခု ထပ်ရသွားသောကြောင့် ချီရှောက်ရွမ်က ရတက်မအေးဖြစ်နေသည်မှာ သိသာလှသည်။

“ ခရမ်းအငွေ့အသက် မြစ်တောင်တန်း ဖြစ်တည်စမ်း ”

ချီရှောက်ရွမ်က ဆေးလုံးတချို့ကို သောက်သုံးကာ သူ့ခရမ်းအငွေ့အသက် မြစ်တောင်တန်းကို တဖန် အသက်သွင်းလိုက်ပြန်သည်။ ခရမ်းအငွေ့အသက်များက သူ့ခန္ဓာကိုယ်ဝန်းကျင် ကာကွယ်ရေး ချပ်ဝတ်တစ်ခုကဲ့သို့ ဖုံးအုပ်သွားလေ၏။

တစ်ချိန်တည်းတွင် ချီရှောက်ရွမ်၏ ခရမ်းကောင်းကင်မျက်လုံးက တောက်ပလာကာ ရှန်ထျန်းဆီမှ ဟာကွက်လေးများ မြင်ရမလားဟု အာရုံအပြည့်အဝ စိုက်ထားသည်။

သို့သော် ဟာကွက် မရှိပေ။

အဆုံးမဲ့ ဓားပုံရိပ်သဏ္ဌာန်က ရှန်ထျန်းနောက်တွင် ပေါ်ထွက်လာကာ ထိုသဏ္ဌာန်ဘေးတွင် အံ့ဖွယ်အလင်းတန်းများ ဖြာကျနေသည်။ သူ့နတ်ဓားဖွဲ့စည်းပုံနှင့် ဓားပျံ အငွေ့အသက်ကြောင့် ရှန်ထျန်းက မည်သည့် ဓားတိုက်ကွက်ကိုမဆို အဆင့်မြင့်ဆုံးအထိ ကျွမ်းကျင်လာနိုင်သည်။ သဏ္ဌာန်က ပြောင်းလဲသော်လည်း နိယာမကား အတူတူသာ ဖြစ်၏။

ရှန်ထျန်းက ဓားဖြင့် မတ်မတ်ရပ်နေရင်း သူ့ချောမောခန့်ညားလှသည့် မျက်နှာလေးက အလင်းရောင်အောက်တွင် မျက်စိစူးမတတ် တောက်ပနေသည်။ သူက ထူးခြားကား အားကြီးပုံပေါ်နေသည်။

ချီရှောက်ရွမ်ပင် ရှန်ထျန်း၏ ပုံရိပ်နှင့် မျက်နှာချင်းဆိုင်လိုက်ရသည့်အခါ နှိမ့်ကျသွားသည့် ခံစားချက်မျိုးကို မနေနိုင်မထိုင်နိုင် ခံစားမိလိုက်ရသည်။

“ ညီအစ်ကိုရှန် တိုက်ပါ ”

ချီရှောက်ရွမ်က ကောင်းကင်ပုဆိန်လှံရှည်ကို လက်မှာ ဆွဲကိုင်ထားရင်း ရှန်ထျန်းအား စိတ်အားထက်သန်မှုအပြည့်နှင့် ကြည့်လိုက်သည်။

ရှန်ထျန်းက ကျောက်စိမ်းရေစင်ဓားကို မြောက်ကာ ချီရှောက်ရွမ်၏ တည်နေရာအတိုင်း ခုတ်ချလိုက်သည်။

ထိုလှုပ်ရှားမှုက မမြန်ပေ။ တကယ်တော့ အတော်လေး နှေးကွေးလှ၏။ သုံးနှစ်သား ကလေးပင် အလွယ်လေး ရှောင်နိုင်လောက်သည်။ သို့သော်လည်း ချီရှောက်ရွမ်၏ မျက်နှာ အမူအယာမှာ ထိုဓားချက် ဆင်းသက်လာသည်နှင့် ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူက ထိုဓား လှုပ်ရှားမှု၏ အံ့မခန်း စွမ်းအားကို ခံစားမိလိုက်ရသည်။

ထိုအရာက အဆင့်မြင့်ဆုံး အနေအထားသို့ ရောက်နေပြီး အချိန်စက်ဝန်း ပိုင်နက်နှင့်ပင် ထိစပ်လုနီးပါး ဖြစ်နေလေပြီ။ ဤသည်မှာ အထွတ်အထိပ်အဆင့် ပညာရပ်တစ်ခု ဖြစ်၏။

ထိုဓားကွက်အပေါ် ရှန်ထျန်း၏ ထိန်းချုပ်နိုင်စွမ်းမှာ မပြည့်စုံသေးပေ။ ထိုသို့ဆိုလျှင်ပင် ချီရှောက်ရွမ်က လှုပ်ရှားမှုတစ်ခုတည်းဖြင့် ဖိအားများစွာကို ခံစားနေမိလေပြီ။

ချွမ် …

ဓားလွဲချက်အသံသည် နဂါးတစ်ကောင်မှ ပင်လယ်ထဲမှ ထွက်ပေါ်လာသလိုမျိုး ဖြစ်ပြီး ဓားအလင်းရောင်က အာရုဏ်ဦး နေရောင်ဖြာကျနေသလိုမျိုး တောက်ပနေသည်။

ထိုစဉ် ဓားအလင်းရောင်က တည်နေရာနှင့် အချိန်ကို ဖြတ်ကျော်လာပုံပေါ်သည်။

ခရမ်းအငွေ့အသက် မြစ်တောင်တန်းက ထွက်ပေါ်လာသော်လည်း ဘာမှအသုံးမဝင်လိုက်ပေ။ ခရမ်းကောင်းကင်မျက်လုံးက လျှပ်စီးအလား တလက်လက် တောက်ပနေသော်လည်း မည်သည့် လှုပ်ရှားမှုမှ မဖမ်းဆုပ်နိုင်လိုက်ပေ။

ကျောက်စိမ်းရေစင်ဓားက ဓားအိမ်ထဲ ပြန်လည် ရောက်ရှိသွားလေသည်။ ရှန်ထျန်းက လက်နောက်ပစ်ရင်း ပြုံးကာ  “ဒါက အဆုံးမဲ့ဓားချက်လို့ ခေါ်တယ်”

All Chapters