← Chapters

နဂါးဧကရာဇ် ခန္ဓာဖွဲ့စည်းပုံ၊ သတ္တမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်

Vol. 23 Ch. 333

နဂါးဧကရာဇ် ခန္ဓာဖွဲ့စည်းပုံ၊ သတ္တမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်

Vol. 23 Ch. 333

အခန်း (၃၃၃) : နဂါးဧကရာဇ် ခန္ဓာဖွဲ့စည်းပုံ၊ သတ္တမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်

မြောက်ပင်လယ် မျိုးနွယ်များက ရှန်ထျန်း၏ အကျိုးသက်ရောက်မှုကို ပြင်းထန်စွာ ခံစားနေရသော်လည်း သူကတော့ အင်မတန် တည်ငြိမ်နေဆဲ ဖြစ်သည်။

ပြိုင်ဘက်ကင်း ဉာဏ်အလင်းပွင့် သစ်ရွက်ကို စားသုံးပြီးနောက် ရှန်ထျန်း၏ ခန္ဓာကိုယ်က တစ်ဖန် ထပ်မံ၍ ဆန်းကြယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြန်သည်။

ယဲ့ချန်းခန် ပြောခဲ့သည့်အတိုင်း ထူးခြားသည့် မွေးရာပါ ခန္ဓာဖွဲ့စည်းပုံကို နှိုးဆွလိုက်ပုံပေါ်သည်။

ထိုကဲ့သို့သော ခန္ဓာဖွဲ့စည်းပုံမျိုးတွင် ကမ္ဘာတစ်ဝှမ်းမှ တာအိုမျိုးစုံကို နားလည်နိုင်သည့် အားကောင်းသော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

နတ်ဘုရားလောကရှိ အမျိုးမျိုးသော ကျော်ကြားသည့် ခန္ဓာဖွဲ့စည်းပုံများ ကြားထဲတွင်ပင် မွေးရာပါ ခန္ဓာဖွဲ့စည်းပုံက ထိပ်သီးအဆင့်တွင် ပါဝင်သည်။ ထိုအရာက မျိုးဆက်တစ်ခုလုံးကို ဖိနှိပ်လိုက်နိုင်သည်။

ထို့နောက် ရှန်ထျန်းအနေဖြင့် ထူးခြားသည့် ခန္ဓာဖွဲ့စည်းပုံကို အသက်သွင်းခြင်းက ပထမဆုံး အကြိမ်မဟုတ်ပေ။ ယခင်က သူ ဓားနှလုံးသားသစ်သီးကို အသုံးပြုကာ အံ့ဖွယ်ဓားခန္ဓာဖွဲ့စည်းပုံကို အသက်သွင်းခဲ့သည်။

ယဲ့ချန်းခန် ပြောခဲ့သည့်အတိုင်း “ ဒီကလေးက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ”

မွေးရာပါ ခန္ဓာဖွဲ့စည်းပုံက စွမ်းအားကြီးသောအရာ ဖြစ်သည့်အတွက် အသက်သွင်းနိုင်ခြင်းက ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။

မွေးရာပါ ခန္ဓာဖွဲ့စည်းပုံကို အသက်သွင်းပြီးနောက် သူ သင်ယူထားခဲ့သော ပညာရပ်အားလုံးကို နားလည်သွားကာ ထိုနားလည်မှုကလည်း လေးနက်သည်ကို သူ သတိထားမိသည်။

သူ့ ဦးနှောက်တစ်ခုလုံး ဉာဏ်အလင်းပွင့်သွားကာ ပညာရပ်တိုင်း၏ နက်နဲသိမ်မွေ့သော အဓိက သော့ချက်များကို ချက်ချင်း ဖမ်းဆုပ်လိုက်နိုင်သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘာမဆို သိသွားနိုင်သော အသိဉာဏ်မျိုးကို ပိုင်ဆိုင်ထားသည်။

သို့သော် ယခု ရှန်ထျန်းက အနည်းငယ် မခံမရပ်နိုင် ဖြစ်နေသည်။ သူ စုဆောင်းထားသည့် ကျန်ရှိနေသော သာမန် ဉာဏ်အလင်းပွင့် သစ်ရွက်များက သူ့အတွက် အသုံးမဝင်တော့ဘူးဟု ခံစားလာရသည်။

ဘာလို့လဲ

အကြောင်းအရင်းက ရိုးရှင်းပါတယ်။ အိမ်စာကို ဥပမာအနေနဲ့ သုံးကြည့်လိုက်ရအောင်

အရင်တုန်းက ရှန်ထျန်းက အလယ်တန်းကျောင်းစာတွေကို နားလည်အောင် ကြိုးစားနေတဲ့ မူလတန်းကျောင်းသားလေးပေါ့။ သာမန် ဉာဏ်အလင်းပွင့် သစ်ရွက်တွေက အလယ်တန်းကျောင်းဆရာနဲ့ တူတယ်

ဒါပေမဲ့ ပြိုင်ဘက်ကင်း ဉာဏ်အလင်းပွင့် သစ်ရွက်ကို စားသုံးပြီး မွေးရာပါ ခန္ဓာဖွဲ့စည်းပုံကို အသက်သွင်းလိုက်တော့ ရှန်ထျန်းရဲ့ နားလည်နိုင်စွမ်းက တက္ကသိုလ် ပါမောက္ခတစ်ယောက်နှင့်ပင် တန်းတူဖြစ်နေပြီ

အခုတော့ သူ့အတွက် အဲဒီပညာရပ်တွေကို နားလည်ဖို့က အရမ်းကို လွယ်ကူသွားပြီ။ စိန်ခေါ်မှုဆိုတာ လုံးဝ မရှိတော့ဘူး

ယခု သူ့အတွက် ကျန်ရှိနေသော ဉာဏ်အလင်းပွင့် သစ်ရွက်များကို စားသုံးခြင်းက သူ့အတွက် အကျိုးမရှိတော့ပေ။

ဟင်း…အရမ်း အရည်အချင်းရှိနေတာက အမြဲတမ်း ကောင်းတဲ့အရာတော့ မဟုတ်ဘူးပဲ

ရှန်ထျန်းက ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ ရွှေနီရောင် ပြိုင်ဘက်ကင်း နဂါးရင်းမြစ် သစ်သီးကို ထုတ်ယူလိုက်သည်။

ထိုသစ်သီး၏ တန်ဖိုးက ပြိုင်ဘက်ကင်း ဉာဏ်အလင်းပွင့် သစ်ရွက်နှင့် နှိုင်းယှဉ်လို့ရပြီး နှစ်ခုလုံးက တစ်နေရာထဲမှ ဆင်းသက်လာခြင်း ဖြစ်သည်။

နဂါးမျိုးနွယ်အတွက် ဤပြိုင်ဘက်ကင်း သစ်သီး၏ တန်ဖိုးက ဘာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။

နဂါးမျိုးနွယ်က ထိုပြိုင်ဘက်ကင်း သစ်သီးကို သူတို့၏ ရတနာတစ်ဝက်နှင့် လဲလှယ်ဖို့ပင် ဆန္ဒရှိနေနိုင်သည်။

ထိုသစ်သီးကို စားသုံးလိုက်ရုံဖြင့် နဂါးနက်မျိုးနွယ်က စစ်မှန်ပြီး ပြိုင်ဘက်ကင်းသော ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးနိုင်မည် ဆိုတာကို အရူးတစ်ယောက်ပင် သိသည်။

ထို့နောက် တောင်ပိုင်းနယ်မြေ ထာဝရဇာမဏီအရှင်မပင် နဂါးမျိုးနွယ်ကို ဒီထက်ပိုပြီး ဖိနှိပ်နိုင်မည် မဟုတ်တော့ပေ။

နဂါးမျိုးနွယ်က တစ်ဖန်ပြန်လည် ဖွံ့ဖြိုးကြွယ်ဝလာကာ ကမ္ဘာ့ထိပ်သီး အင်အားစုတစ်ခု ဖြစ်လာလိမ့်မည်။

အဲဒီ သစ်သီးက ရှန်ထျန်းအတွက်ပါ အသုံးဝင်နေတာတော့ နှမြောစရာပဲ

ရှန်ထျန်းက မီးစာကျမ်းကို စတင်ကျင့်ကြံကတည်းက သူ့ခန္ဓာကိုယ်က စတင်ထူးဆန်းလာခဲ့ပြီး ထူးခြားအံ့ဖွယ်ပစ္စည်းများနှင့် ပတ်သက်လျှင် အားကောင်းပြီး ပြင်းပြသော ဆန္ဒများ ရှိခဲ့သည်။

သာမန် နဂါးရင်းမြစ်သစ်သီးနှင့် သာမန် ဉာဏ်အလင်းပွင့် သစ်ရွက်ပင် ရှန်ထျန်း၏ ထိုကဲ့သို့သော လိုအင်ဆန္ဒများကို အစပျိုးပေးနိုင်သည်။

အထွတ်အထိပ်အဆင့် အရွက်နှင့် သစ်သီးက သူ့စိတ်ထဲရှိ ဆန္ဒကို ပိုပြီးတော့ တောက်လောင်ပြီး အားကောင်းလာစေသည်။ ပြိုင်ဘက်ကင်း အရွက်နှင့် သစ်သီးက ရှန်ထျန်းအတွက် အရမ်းအသုံးဝင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

လက်တွေ့တွင်လည်း ရှန်ထျန်း မျှော်လင့်ထားသည့်အတိုင်း ပြိုင်ဘက်ကင်း သစ်ရွက်ကို စားသုံးပြီးနောက် မွေးရာပါ ခန္ဓာဖွဲ့စည်းပုံကို အောင်မြင်စွာ အသက်သွင်းလိုက်နိုင်သည်။

ဤပြိုင်ဘက်ကင်း သစ်သီးကို မျိုချပြီးသွားပါက ဘာတွေ ဖြစ်လာမလဲဆိုတာကို ရှန်ထျန်း အရမ်း သိချင်နေပြီဖြစ်သည်။

“ တခြား အထွတ်အထိပ်အဆင့် နဂါးရင်းမြစ် သစ်သီး သုံးဆယ်ကျော်က အစ်မကြီးပင်းနဲ့ ကျန်တဲ့သူတွေအတွက် လောက်မှာပါ။ ဒါဆိုရင် ငါ့အတွက် ဒီပြိုင်ဘက်ကင်း သစ်သီးလေးကို ယူလိုက်မယ်”

ရှန်ထျန်းက ဖြူစင်မြင့်မြတ်သော သူတော်စင် မဟုတ်သည့်အတွက် သူ့ကိုယ်ပိုင် သစ်သီးကို ပေးဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

နေမင်းငယ်နှင့် တူသော သစ်သီးကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း စတင် အခွံခွာတော့သည်။

ရုတ်တရက် အဆုံးမဲ့စွမ်းအင်များက သစ်သီး၏ ပတ်လည်တွင် ရစ်ပတ်နေပြီး နဂါးဟိန်းဟောက်သံများပင် လေထုထဲသို့ ပျံ့နှံ့သွားသည်။ လေဟာနယ်ပင် သူ့ဘာသာသူ အေးစက်သွားပုံပေါ်သည်။

ဂါး…

နဂါးရင်းမြစ်သစ်သီး၏ အတွင်းသားများကို ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ လိုက်ချီးသီးနှင့် အနည်းငယ် ဆင်တူသော်လည်း သူ့အသားက ပိုပြီးတော့ ထိုးဖောက်မြင်နေရသည်။

ပြိုင်ဘက်ကင်း သစ်သီးက ဤလောက်ထိ မသေးငယ်ပေ။ အခွံခွာပြီးသွားသည့်အခါမှာပင် ဘောလုံးတစ်လုံး အရွယ်အစားလောက် ရှိနေဆဲ ဖြစ်သည်။

ထိုးဖောက်မြင်နေရသော အသား အလယ်တွင် နဂါးသဏ္ဌာန် ရွှေနီရောင် အစေ့တစ်ခု ရှိနေသည်။

နဂါး၏ လည်ဆံနှင့် ကြေးခွံတစ်ခုစီတိုင်းကို သေချာရှင်းလင်းစွာ မြင်နေရသည်။

“ ဒီပြိုင်ဘက်ကင်း အရွက်နဲ့ ပြိုင်ဘက်ကင်း သစ်သီးက အံ့ဖွယ်သစ်ပင်နှစ်ပင်က ထိပ်တန်းအမွေအနှစ်တွေပဲ ဖြစ်လိမ့်မယ်”

ယဲ့ချန်းခန်၏ အကြည့်တို့ တောက်ပသွားကာ ပဲသီးစိမ်း အရွယ်အစားရှိသော အစေ့တစ်ခုက သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာသည်

“ မင်း ဒါတွေကို လုံလောက်တဲ့ဝိညာဉ်ချီနဲ့ စိုက်ပျိုးထားမယ်ဆိုရင် ဉာဏ်အလင်းပွင့်အပင် အသစ်နဲ့ နဂါးရင်းမြစ်အပင် အသစ်အဖြစ် ကြီးထွားလာလိမ့်မယ်”

ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးကာ ပြောလိုက်သည်

“ ဒါဆို ခင်ဗျား အဲဒီအစေ့ကို ဘယ်ကနေ ရခဲ့တာလဲ”

ယဲ့ချန်းခန်က အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံဖြင့် ပြောလိုက်သည်

“ အဟင်း… ဉာဏ်အလင်းပွင့် အပင်ရဲ့ သစ်ရွက်တွေထဲက တစ်ရွက်မှာ ‘သစ်စေ့’ရှိနေတာ။

မင်းက လူတစ်ယောက်က သစ်စေ့ကို ယူသွားတာကို သတိမထားမိလောက်အောင်ထိ လျစ်လျူရှုထားတတ်တဲ့သူပဲ။ ငါ … ငါ တစ်ယောက်ထဲကသာ မင်းကို ဒီအချက်ကို ထောက်ပြတဲ့သူပဲ။ တခြားတစ်ယောက်သာဆိုရင် မင်း ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ကြုံတွေ့ရတော့မလို့”

ရှန်ထျန်းက ဘာပြန်ပြောရမယ်မှန်း မသိတော့ပေ။

တစ်စုံတစ်ခုတော့ မှားနေပြီဟု သူ ခံစားနေရပြန်သည်။

ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြောတာရော သေချာရဲ့လား။ ဒီအတိုင်း ပြောထွက်မိသွားတာ မဟုတ်ဘူးလား

ပြီးတော့ ဒီလူက သစ်စေ့ကို တိတ်တိတ်လေး ခိုးယူသွားခဲ့တာပဲ

သူ နတ်ဘုရားလောကမှာ ဘယ်လောက်တောင်များတဲ့ မေးခွန်းထုတ်စရာ အပြုအမူတွေကို လုပ်ခဲ့ပြီးပြီလဲ

စစ်နတ်ဘုရား မျှော်နန်းဆောင်က ဘာလို့ ပရမ်းပတာဖြစ်ခဲ့လဲဆိုတာ အခုတော့ စဉ်းစားလို့ ရသွားပြီ

ယဲ့ချန်းခန်က တွေဝေစွာဖြင့် သစ်စေ့ကို ရှန်ထျန်းဆီသို့ ပြန်ပေးလိုက်သည်။

ရွေးချယ်စရာ မရှိတော့ဘူး.. သူက အခု စစ်နတ်ဘုရား အမှတ်အသားပြားထဲမှာရှိတဲ့ နတ်ဘုရား အသိစိတ်သက်သက်ပဲလေ

သူ့ဆီမှာ သစ်စေ့ရှိနေမယ်ဆိုရင်တောင် သူ့အတွက် အသုံးမဝင်ပေ။ သူက အကျင့်ကြောင့် ယူထားမိခြင်း ဖြစ်၏။

လက်ဖက်စေ့ကို သိမ်းပြီးနောက် ရှန်ထျန်းက ပြိုင်ဘက်ကင်း နဂါးရင်းမြစ်သစ်သီး၏ အပြင်သားများကို ဆွဲဖြဲလိုက်သည်။

“ လူအိုကြီးယဲ့ ဒီပြိုင်ဘက်ကင်း နဂါးရင်းမြစ် သစ်သီးကို စားရင် သတိထားရမဲ့အရာတွေ ရှိလား”

ယဲ့ချန်းခန်က စိတ်မရှည်သည့်ပုံစံဖြင့် ပြောလိုက်သည်

“ မင်းအတွက် ပြဿနာ မရှိနိုင်ပါဘူး။ မင်းဆီမှာ ရူးသွပ်စေလောက်တဲ့ ခန္ဓာဖွဲ့စည်းပုံ ရှိနေမှတော့ ဒီအတိုင်း မျိုချလိုက်ရင်တောင် ရတယ်”

ဉာဏ်အလင်းပွင့် သစ်ရွက်လေး တစ်ရွက်ကို စားသုံးလိုက်ရုံနဲ့တင် မွေးရာပါ ခန္ဓာဖွဲ့စည်းပုံကို အသက်သွင်းလိုက်နိုင်တယ်လို့ ကြားဖူးလား။ ဒီ နဂါးရင်းမြစ် သစ်သီးကို စားပြီးရင် မင်း ဘယ်လိုမျိုး အထင်ကြီးစရာကောင်းတဲ့ ခန္ဓာဖွဲ့စည်းပုံကို အသက်သွင်းနိုင်မလဲဆိုတာ ငါ မြင်ချင်သေးတယ်

ဒီလူအိုကြီးက သူ့သစ်စေ့ သိမ်းခံလိုက်ရပြီးတော့ ကြည့်ရတာ အရမ်းဒေါသထွက်နေသလိုပဲ

ရှန်ထျန်း ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သူက ပြိုင်ဘက်ကင်း နဂါးရင်းမြစ်သစ်သီးကို စတင်စားသုံးလိုက်တော့သည်။

အရသာက အတော်လေး ကောင်းတယ်လို့တော့ ပြောလို့ရတယ် … သူ့အသားက လိုင်ချီးသီးနှင့်တူပြီး ပန်းသီးအနံ့လည်းရတယ် …

နူးညံ့ပေမဲ့ အရမ်းမချို၊ အရမ်း အရည်မရွှန်းဘူး

အရသာရှိတယ်

ဒီထက်ပိုပြီးအရေးကြီးသည်က သူ အသီးကို စားပြီးသွားသည့်အခါ အဆုံးမဲ့စွမ်းအင်များ ထိုးဖောက်ထွက်လာသလို ရှန်ထျန်း ခံစားလိုက်ရသည်။

သူ့ စိတ်စွမ်းအားကို မြှင့်တင်ပေးခဲ့သည့် ပြိုင်ဘက်ကင်း ဉာဏ်အလင်းပွင့် သစ်ရွက်နှင့် ယှဉ်လိုက်လျှင် ပြိုင်ဘက်ကင်း နဂါးရင်းမြစ်သစ်သီးက သူ့ခန္ဓာကိုယ်ကို ပစ်မှတ်ထားပြီး အားဖြည့်ပေးပုံရသည်။

နဂါးရင်းမြစ်၏ စွမ်းအားကို အသုံးပြုပြီး ဤသစ်သီးက ရှန်ထျန်း၏ ခန္ဓာကိုယ်ခွန်အားကို အဓိက မြှင့်တင်ပေးလိုက်သည်။

ဂျွတ်…

ရှန်ထျန်း၏ ခန္ဓာကိုယ်ရှိ အရိုးများမှ အသံထွက်လာသည်။

လုံယွမ် နတ်ချပ်ဝတ်တန်ဆာ၏ အောက်တွင် တောက်ပသော ရွှေရောင်အလင်းတန်း ပေါက်ကွဲသွားသည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို မျက်စိမှိတ်ကာ ခံစားနေသည်။

ဟုတ်တယ်… ရှန်ထျန်းရဲ့ ရွှေရောင်ကိုယ်ထည်က အလျင်အမြန်သန့်စင် အားကောင်းလာပြီ

စတုတ္ထမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်…

ပဉ္စမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်…

ဆဌမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်…

အချိန်ကြာသွားသည်နှင့် တစ်ပြိုင်နက် ရှန်ထျန်း၏ ခန္ဓာကိုယ်က ပိုပြီးသန်မာလာသည်။ အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းကိုပင် လက်သီးတစ်ချက်တည်းဖြင့် ကြေမွအောင် လုပ်နိုင်သည်ဟု ခံစားရသည်။

ဒါပေါ့ ဒါက ခံစားချက်သက်သက်ပဲလေ။ သူ တကယ်တော့ မလုပ်နိုင်ပါဘူး…အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းတွေကလည်း အတော်လေး ဈေးကြီးတယ်လေ

အားကောင်းလာသော သူ့ခန္ဓာကိုယ်က ရှုထောင့်တစ်ခုတည်းမှ ကြည့်ခြင်း ဖြစ်သည်။ နဂါးရင်းမြစ် အသီး စွမ်းအားကြောင့် ဖြစ်ပေါ်လာသော တခြားပြောင်းလဲမှုများကိုလည်း ရှန်ထျန်း ခံစားလိုက်ရသည်။

ရှန်ထျန်း၏ ရုပ်ပိုင်းဆိုင်ရာ အုတ်မြစ်က အမြဲတမ်း နဂါးရင်းမြစ် စွမ်းအားဖြစ်ခဲ့သည်။

ထိုစွမ်းအားက သူတို့ လက်မှတ်ထိုးထားသော နဂါးနတ်ဘုရား စာချုပ်နှင့် အောင်းပင်းဆီမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ထိုစွမ်းအားကြောင့် ရှေးဟောင်း နဂါးပညာရပ်များကို သင်ယူသည့်အခါ ရှန်ထျန်း၏ စစ်မှန်သော စွမ်းရည်ကို ပြသနိုင်သည်။

ထိုသို့ဆိုလျှင်ပင် သူက နဂါးအစစ်တစ်ကောင် မဟုတ်သည့်အတွက် သူ့ နဂါးရင်းမြစ် စွမ်းအားများကက အောင်းပင်းကို ယှဉ်လို့ မရနိုင်ပေ။

သို့သော် နဂါးရင်းမြစ် သစ်သီးကို စားသုံးပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ နဂါးရင်းမြစ်စွမ်းအားက အဆရာပေါင်းများစွာ ကျယ်ပြန့်သွားသည်ကို ရှန်ထျန်း ခံစားကြည့်လို့ရသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တစ်ခုချင်းစီက နဂါးငယ်တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ အထူးသဖြင့် သူ့ကျောရိုးမှ နဂါးဟိန်းသံများကို ထုတ်လွှတ်နေသည်။

ပြိုင်ဘက်ကင်း နဂါးဧကရာဇ်တစ်ပါးက သူ့ခန္ဓာကိုယ်ထဲတွင် နိုးထလာသကဲ့သို့ ဖြစ်နေသည်။

ရှန်ထျန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

သူ လေထဲသို့ ခုန်တက်သွားကာ တိမ်တိုက်များကြားထဲတွင် ပျံသန်းနေသည်။

သူ လှည့်ပတ်လိုက်ပြီးနောက် တောက်ပသော လက်သည်းငါးခုပါ ရွှေနဂါးအဖြစ် ပြောင်းလဲသွားသည်။

ဂါး…

နဂါး၏ ဟိန်းဟောက်သံက ကမ္ဘာမြေကို တုန်လှုပ်သွားစေပြီး ဝိညာဉ်ကို ဖမ်းစားသွားနိုင်သည့် အရှိန်အဝါများ ထုတ်လွှတ်ကာ ပင်လယ်ပြင်တစ်ခွင်သို့ ပျံ့နှံ့သွားသည်။

အာကာပြင် ကွဲအက်သွားကာ ရေအောက်ငလျင်လှုပ်သကဲ့သို့ ပင်လယ်ပြင်မှ ကြီးမားသော လှိုင်းလုံးများ ဖြစ်တည်လာသည်။

သို့သော် လှိုင်းလုံးများက ရှေ့သို့ ထွက်မလာဘဲ နေရာမှာတင် ရပ်တန့်နေသည်။

ဟုတ်တယ်… တစ်နေရာမှာပဲ ရပ်နေတာ

အားလုံးကို လွှမ်းခြုံထားတဲ့ နဂါးစွမ်းအားကြောင့် အာကာပြင်တောင် အေးခဲသွားပုံပေါ်တယ်

ရှန်ထျန်းကို ဗဟိုပြုကာ ပတ်လည် မိုင်ပေါင်း ဒါဇင်ကျော်ရှိ အရာအားလုံးက လှုပ်ရှားမှု မရှိတော့ပေ။ အာကာပြင်တွင် အက်ကြောင်းများ ပေါ်လာသည်ကိုပင် ရှင်းလင်းစွာ မြင်နေရသည်။

ဖန်ခွက်တစ်ခုကွဲလာသည့်ပုံစံနှင့်တူသည့်အတွက် အမြင်အာရုံကို အင်မတန်ဖမ်းစားနေသည်။

ဂါး…

ဒုတိယနဂါး၏ ဟိန်းဟောက်သံက ကောင်းကင်သို့ ပျံ့နှံ့သွားကာ တည်ငြိမ်မှုကို ပြန်လည် ဖြိုခွဲလိုက်ပြန်သည်။

ကြီးမားသောလှိုင်းလုံးကြီးများက ရေစက်များအဖြစ်သို့ ပြောင်းလဲသွားကာ နေရောင်အောက်တွင် တောက်ပနေသည်။

ကျွန်းပေါ်တွင် သက်တံတစ်စင်းလည်း ပေါ်လာကာ အံ့ဩမင်သက်ဖွယ် ကောင်းလှသည်။

ယဲ့ချန်းခန်က အတော်လေး တိုက်ခတ်ရွာသွန်းနေသော လေနှင့် မိုးစက်များကို တွေ့ရှိသည့်အတွက် သူ့ ပုံရိပ်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ မထိန်းချုပ်နိုင်စွာဖြင့် နှုတ်ခမ်းများကို တွန့်ချိုးကာ ပြောလိုက်သည်။

“ နဂါးမျိုးနွယ်ရဲ့ သစ္စာတရား။ လက်သည်းငါးခုပါ ရွှေနဂါးရဲ့ ခန္ဓာစစ်တဲ့လား။ လူသားတစ်ယောက်က အဲဒါကို တကယ် ကျင့်ကြံနိုင်သွားတာပဲ။ လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ နဂါးဧကရာဇ် ခန္ဓာဖွဲ့စည်းပုံကို အသက်သွင်းလိုက်နိုင်တာလဲ။

နတ်ဘုရားလောကက အဖိုးကြီးတွေသာ ဒီအကြောင်းကို သိလိုက်ရင် အရမ်းကို ထိတ်လန့် တုန်လှုပ်သွားမှာပဲ”

သူက စိတ်ထဲမှာ ငြီးတွားနေသော်လည်း ယဲ့ချန်းခန်က ရှန်ထျန်းအတွက်တော့ ဝမ်းသာသည်။

နတ်ဧကရာဇ် ခန္ဓာဖွဲ့စည်းပုံက နတ်ဘုရားလောကမှာပင် ထိပ်သီး ခန္ဓာဖွဲ့စည်းပုံများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။

ရှုထောင့်တချို့ကနေ ကြည့်လိုက်ပါက မွေးရာပါ ခန္ဓာဖွဲ့စည်းပုံနှင့် တန်းတူဖြစ်သည်။

မွေးရာပါ ခန္ဓာဖွဲ့စည်းပုံက စိတ်စွမ်းအားကို မြှင့်တင်ပေးပြီး တာအိုအားလုံးကို နားလည်နိုင်စွမ်းရှိအောင် လုပ်ပေးသည်။

နဂါးဧကရာဇ် ခန္ဓာဖွဲ့စည်းပုံက ကျင့်ကြံသူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို မြှင့်တင်ပေးပြီး နတ်ဘုရားကိုယ်ထည်မာ သန့်စင်ခြင်းအတွက် အကောင်းဆုံး ခန္ဓာဖွဲ့စည်းပုံထဲမှ တစ်ခု ဖြစ်သည်။

နဂါးတစ်ကောင်က နဂါးဧကရာဇ် ခန္ဓာဖွဲ့စည်းပုံကြောင့် နဂါးစစ်ကိုယ်ထည်မာ ပညာရပ်ကို ကျင့်ကြံနိုင်ပြီး သူတို့လုပ်နိုင်စွမ်းက ကန့်သတ်မှု မရှိပေ။ သူတို့က စွမ်းအားအကြီးဆုံး ပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်သည်။

“ အဲဒီကလေးက လုံးဝကို မယုံနိုင်စရာပဲ။

ဟား…ဟား…ဟား…အနာဂတ်မှာ သူ နတ်ဘုရားလောကကို ကျူးကျော်လာမဲ့အချိန်တွေကို စောင့်မျှော်နေမယ်။ ငါ့ရဲ့ မိတ်ဆွေဟောင်းတွေရဲ့ မျက်နှာပေါ်က မျက်နှာထားတွေကို ကြည့်ရမှာ ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်လဲ” ယဲ့ချန်းခန်က ရေရွတ်နေစဉ် သူ့မျက်နှာကို လေပြည်ညင်းလေးက ဖြတ်တိုက်သွားသည်။

တခြားတစ်ဖက်တွင် လက်သည်းငါးခု ရွှေနဂါးက ဖြည်းဖြည်းချင်း ဆင်းသက်လာပြီ ဖြစ်သည်။

ရှန်ထျန်းက လုံယွမ်နတ်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ ယဲ့ချန်းခန်ရှေ့တွင် ပေါ်လာသည်။

သို့သော် သူ့ခန္ဓာကိုယ်က ယခင်ကထက် အရပ်ရှည်လာပြီး ဖြောင့်မတ်နေသည်။ ငယ်ရွယ်သော သူရဲကောင်းတစ်ယောက်ကဲ့သို့ ဖျတ်လတ်သန်မာသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ယဲ့ချန်းခန်က ပြုံးကာ ပြောလိုက်သည်

“ ဒါကို ဘယ်လိုခံစားရလဲ”

ရှန်ထျန်းက ယုံကြည်မှုရှိစွာ ပြုံးရင်း ပြောလိုက်သည်

“ ကျွန်တော်က သတ္တမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ကို အောင်အောင်မြင်မြင်နဲ့ တက်လှမ်းနိုင်သွားပြီ။ ကျွန်တော်ရဲ့ စွမ်းအားတွေလည်း အဆမတန် မြင့်တက်လာတယ်။ အားလုံးသာ အဆင်ပြေမယ်ဆိုရင် သာမန်ကောင်းကင်အသျှင် ၁၀ ယောက်ကိုတောင် တစ်ခါထဲ အနိုင်ယူနိုင်လောက်တယ်။”

ရှန်ထျန်း ရုတ်တရက် အံ့အားသင့်သွားသည်။

သူ၏ သူတော်စင် အမှတ်အသားပြားက လင်းလက်တုန်ခါနေသည်။

ဟမ်… ဆရာက ငါ့ကို ခေါ်နေတာပါလား

All Chapters