ဒီနေ့ ပင်လယ်ရေက ငန်နေတယ်
Vol. 23 Ch. 336
အခန်း (၃၃၆) : ဒီနေ့ ပင်လယ်ရေက ငန်နေတယ်
ရှန်ထျန်းက သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ဖို့ မကြိုးစားခဲ့ပေ။ သူက စစ်မှန်သော ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူဆိုသည်ကို ခွန်ယုနှင့် ခွန်ရှုတို့ ခံစားလိုက်နိုင်သည်။
သို့သော် သူ့အရှိန်အဝါက ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူတို့ ထုတ်လွှတ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူမှာ ဘာလို့ ဒီလိုမျိုး အားပြင်းတဲ့ အရှိန်အဝါရှိနေရတာလဲ
ခွန်ပုံရိပ်သဏ္ဌာန်က ရှန်ထျန်း၏ နောက်တွင်လည်း ပေါ်လာပြီး အရမ်းကြီးမားသည့်အတွက် နေရောင်အများစုကို ကာထားလိုက်နိုင်သည်။
ဒီလိုစွမ်းအားမျိုးက သေချာပေါက် ကောင်းကင်အသျှင်တွေပဲ ပိုင်ဆိုင်နိုင်တဲ့အရာပဲ။ သာမန် ကောင်းကင်အသျှင်တွေတောင် အဲဒီအရှိန်အဝါကို မထုတ်လွှတ်နိုင်ဘူး
ခွန်ရှုက စိတ်ထဲမှ စဉ်းစားလိုက်သည်။
ဒီ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က နဝမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ကို ရောက်နိုင်မဲ့ အခွင့်အရေး ရှိလို့လား
နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံရေး လမ်းစဉ်က ချီသန့်စင်ခြင်း လမ်းစဉ်ထက် ပိုပြီးခက်ခဲလှသည်။
ထူးချွန်သူ အများစုက ၉ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်သည်။ ရှားပါးသော အခြေအနေများတွင် ချီရှောက်ရွှမ်ကဲ့သို့ ၁၀ ဆင့်ထိ ရောက်သွားနိုင်သူများလည်း ရှိသည်။
သို့သော် နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံစဉ်တွင် သတ္တမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် မြင်ရရန် ရှားပါးသည့်အတွက် နဝမမြောက်ကို ကြားတောင် မကြားဖူးကြပေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း ဘယ်သူမှ ထိုအဆင့်သို့ မရောက်ခဲ့ဖူးပေ။
ထာဝရ ဇာမဏီဘုရင်မနှင့် ဟွမ်ရှစ်ပင် သာမန် နဝမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
မှန်လား မမှန်လား ဆိုတာကိုတော့ အဖြေကို သူတို့သာလျှင် သိလိမ့်မည်။
သို့သော် အလယ်ပိုင်းတွင် အဌမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ် ရှိသည်။ သူတို့ကို ထိပ်သီး ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူများအဖြစ် သတ်မှတ်ထားပြီး သူတို့က အထွတ်အထိပ်ရှင် တစ်ယောက်ကိုပင် လွယ်ကူစွာ သတ်လိုက်နိုင်သည်။
၉ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင် အဌမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို အနိုင်မယူနိုင်ဘဲ အချိန်တိုအတွင်းမှာပင် အရှုံးနှင့် ရင်ဆိုင်ရနိုင်သည်။
ထို့ကြောင့် နဝမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားက ရူးသွပ်သွားစေဖို့ လုံလောက်သည်။ သူတို့က ၁၀ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်ကိုပင် အလွယ်တကူ အနိုင်ယူနိုင်သည်။
သို့သော် ၉ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပါစေ ကောင်းကင်အသျှင် တစ်ယောက်ကိုတော့ အနိုင်ယူနိုင်ခြင်း မရှိပေ။
အဆင့်နှစ်ဆင့်ကြားထဲတွင် ကွာခြားမှုကြီးလှသည်။
ထို့အပြင် ရှန်ထျန်း၏ အရှိန်အဝါက ကောင်းကင်အသျှင်များနှင့် နှိုင်းယှဉ်လျှင်ပင် အားနည်းသည်ဟု သတ်မှတ်လို့ မရနိုင်ပေ။
ခွန်ရှု၏ ယူဆချက်အရ သာမန် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတစ်ယောက်ပင် ထိုကဲ့သို့အားကောင်းသည့် အရှိန်အဝါကို မထုတ်လွှတ်နိုင်ကြပေ။
ဒီလိုစွမ်းအားက နဝမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်တောင် မဟုတ်ဘူး…
ဆယ်ဆင့်လား … ဆယ့်တစ်ဆင့်လား…
အမလေး…ကြောက်စရာကောင်းလိုက်တဲ့ အတွေးပဲ
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဒီကလေးကို ဘာလို့ အဲလောက် သဘောကျရလဲဆိုတာ အဆန်း မဟုတ်တော့ပါဘူး
ဒီကလေးက သူလုပ်နိုင်စွမ်း အမြင့်ဆုံးကို ရောက်သွားတဲ့အခါ နယ်မြေငါးခုက သူ့အမိန့်ကို နာခံဖို့ အသင့်ဖြစ်နေမှာ
ယခု ခွန်ရှုက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို အရမ်းမနာလို ဖြစ်နေပြီဖြစ်သည်။
ငါတို့ ခွန်မျိုးနွယ်က ဘာလို့ အဲလိုမျိုး စွမ်းအားကြီးတဲ့သူ မွေးဖွားမလာရတာလဲ
ခွန်ယုကတော့ ထိုကဲ့သို့သော ရှုပ်ထွေးသည့် အတွေးများ မရှိပေ။
သူမက ရှန်ထျန်း၏ စွမ်းအားကြီးမှုကြောင့် အံ့ဩမှင်သက်နေသည်။
သူက ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်တာကို ကောင်းကင်အသျှင် တစ်ယောက်ရဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတယ်တဲ့။ သူက အရမ်း အရည်အချင်းရှိတာပဲ။ ငါ ဒါမျိုးကို အရင်တုန်းက လုံးဝ မကြားဖူးခဲ့ဘူး
မြောက်ပင်လယ်က ပါရမီရှင်တွေက သူနဲ့နှိုင်းယှဉ်ရင် ဘာမှမပြောပလောက်ဘူး။ သူက ပိုပြီးတော့ ရုပ်ချောသလို ပိုပြီးတော့ အရည်အချင်းရှိပြီး စွမ်းအားကြီးတယ်
ရေသူမင်းသမီးက ရှန်ထျန်းကို ကြိုက်တာ အဆန်း မဟုတ်ဘူး။ ဒါက လုံးဝ သူမရဲ့ အမှား မဟုတ်ဘူး
ဒီသူတော်စင်က အရမ်းကို တော်လွန်းနေတယ်။ မောင်လေး မင်း သူ့ကို ရှုံးလည်း အဆင်ပြေပါတယ်
ငါ့မောင်လေး…စဉ်းစားဉာဏ်ရှိတဲ့ အမျိုးသမီးတိုင်း မင်းထက်ကျော်ပြီး သူ့ကို ရွေးမှာပဲ…
ဒါ မကောင်းဘူး… သူတော်စင်ကို ရေသူမင်းသမီးလေးနား ထပ်ပြီးတော့ သွားခွင့်ပြုမှာ မဟုတ်တော့ဘူး။ ငါ့ မောင်လေးမှာ တကယ်ကို ဘာအခွင့်အရေးမှ မရှိဘူး
ခွန်ယု၏ ခေါင်းထဲသို့ အကြံတစ်ခု ဝင်လာပြီးနောက် သူမက ခွန်မင်နှင့် ယုဖန်ရှန်းတို့ကို အောင်သွယ်ပေးရန် စီစဉ်လိုက်သည်။
ငါ အရင်ဆုံး ရှန်ထျန်းကို လုယူပြီးတော့ ယုဖန်ရှန်းကို ရွေးချယ်စရာ မရှိတဲ့ပုံနဲ့ ချန်ထားခဲ့ရမယ်
ရှန်ထျန်းမှာ တာအိုလက်တွဲဖော် ရှိသွားပြီးရင် ယုဖန်ရှန်း ဘာမှလုပ်လို့ မရတော့ပါဘူး။ ဒါဆိုရင် သူမက ငါ့မောင်လေးကို ရွေးလိမ့်မယ်
ဟုတ်တယ်… ငါ့မောင်လေးရဲ့ ပျော်ရွှင်မှုအတွက် ငါ့ကိုယ်ငါ စတေးမယ်
ဒါက မောင်လေးအတွက် အစ်မရဲ့ ကိုယ်ကျိုးမငဲ့တဲ့ ချစ်ခြင်းနော်
ငါ သူ့ကို ကြိုက်လို့ လုံးဝ မဟုတ်ဘူး
ခွန်ယုက ပြုံးကာ ပြောလိုက်သည်
“ သူတော်စင်က တကယ်ကို အရှေ့ပိုင်းလွင်ပြင်မှာ အသန်မာဆုံး ပါရမီရှင်ပါပဲ။ မင်းရဲ့ အရည်အချင်းတွေက ငါ့ကို အထင်ကြီးစေတယ်။ ထုံးတမ်းစဉ်လာတွေအတိုင်း လုပ်နေမှာ မဟုတ်သလို ထိန်းချုပ်တာလည်း ရှိမှာ မဟုတ်ဘူးနော်။ ဂရုစိုက်နေ”
ခွန်ယုက အပြာရောင် အလင်းတန်းအဖြစ် ရှန်ထျန်းဆီသို့ ဦးတည်သွားလိုက်သည်။ သူမက နတ်သင်္ကေတများ ပါဝင်သော အပြာနုရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လေဟာနယ်နှင့်ပေါင်းစည်းကာ သူမ၏ ဘေးပတ်လည်ရှိ လေဟာနယ်ကို ထိန်းချုပ်နိုင်သည်။
ခွန်ယု ရှန်ထျန်းအနားသို့ နီးကပ်လာသည့်အခါ လေဟာနယ်မှ လာသော ပြင်းထန်သည့်ဖိအားကို သူ ခံစားလိုက်ရသည်။
ဒါက လေဟာနယ် နယ်ပယ်အဆင့်ပဲ။ သူ ခွန်မျိုးနွယ်နဲ့ တိုက်ခိုက်ခံရတဲ့အခါ သူ့အရှိန်ကို အကြီးအကျယ် ကန့်သတ်ခံထားရလိမ့်မယ်
“ မြည်းကြည့်လိုက် သူတော်စင်”
မဟာမြောက်လက်သီး
ခွန်ယုက ရှန်ထျန်း၏ ရှေ့သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ လက်သီးကလည်း သူ့မျက်နှာမှ လက်မအနည်းငယ်သာ ကွာဝေးတော့သည်။
သူမ၏ လက်က သေးငယ်ပုံပေါ်သော်လည်း လက်သီးချက်ကတော့ ပျော့ပျော့လေး မဖြစ်နိုင်ပေ။ သူမ၏ လက်မောင်းပတ်လည်ရှိ လေဟာနယ်က သူမ၏ စွမ်းအားကြောင့် စတင် ကွဲအက်လာသည်။
ထို့အပြင် ခွန်ယု၏ လက်သီးကာ ပြင်းထန်သော စုပ်အား ပါဝင်သည့်အတွက် ရှန်ထျန်းကို ရှောင်ရှားမရအောင် တားဆီးထားသည်။ သူမ၏ ချပ်ဝတ်တန်ဆာမှ သင်္ကေတများနှင့် ပေါင်းစပ်လိုက်ပါက သူမက တိုက်ပွဲကို လုံးဝ ထိန်းချုပ်နိုင်သွားသည်။
ခွန်ယုက ဧရာမစွမ်းပကားရှင် အဆင့်သို့ ရောက်ခါစဖြစ်သော်လည်း သူမ၏ စွမ်းအားများက သာမန် ကောင်းကင်အသျှင်ထက်တော့ အားနည်းခြင်း မရှိပေ။
သူမ ဧရာမစွမ်းပကားရှင် အဆင့်သို့ မရောက်ရှိခင်က ခွန်မင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့လျှင် ယခု သူမ၏ လက်ရှိစွမ်းအားဖြင့် ခွန်မင်လိုလူမျိုး အများကြီးနှင့် တိုက်ခိုက်နိုင်သည်။
သူမက တကယ်ကို သန်မာတယ်
ရှန်ထျန်းက သူ့စိတ်ထဲတွင် ကြွေးကြော်လိုက်သည်။ ခွန်ယုက သူ့ကို အထင်ကြီးထားသည်။
သာမန် ကောင်းကင်အသျှင် တစ်ယောက်ရဲ့ တိုက်ခိုက်စွမ်းရည်က အမှတ် ၆ထောင်ရှိမယ်ဆိုရင် ခွန်ယုက အနည်းဆုံး အမှတ် တစ်သောင်းလောက်တော့ ရှိတယ်
ဒီအမျိုးသမီးက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ
ရှန်ထျန်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည့်အခါ ရွှေတောင်ပံတစ်စုံက ကျောပေါ်တွင် ထွက်ပေါ်လာသည်။ ရှေးဦးအဆီအနှစ် လေးလံရေစင်က သူ့လက်သီးကို လွှမ်းမိုးထားသည်။
သူက ရွှေရောင်နှင့် ငွေရောင် အလင်းတန်းများကြောင့် ပိုမိုချောမောလာသည်။
ဂျိန်း
ပင်လယ်နက်ထဲတွင် မိုးချိန်းသံကြီးတစ်ခု ပဲ့တင်ထွက်သွားသည်။
ထိုပဲ့တင်သံမှ သက်ရောက်မှုများကြောင့် ဧရာမလှိုင်းလုံးကြီးများကို ဖြစ်သွားစေသည်။
သူတို့နှစ်ယောက်ကြားရှိ လေဟာနယ်က ချက်ချင်း အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ အနက်ရောင် ရေစီးကြောင်း၏ တိုက်စားသွားခြင်းကို ခံလိုက်ရသည်။
ရှန်ထျန်း ပေတစ်ရာကျော် နောက်ဆုတ်သွားရပြီး သူ့လက်များ တုန်လှုပ်နေသည်ကို ကောင်းကောင်း ခံစားကြည့်လို့ရသည်။
သူက တောင်ကြီးတစ်ခုကို ထိုးနှက်လိုက်သမျိုး ခံစားလိုက်ရသည်။
ဒီမင်းသမီးကြီးက တကယ်ကို စွမ်းအားကြီးတာပဲ။ ငါ ပေါ့ပေါ့ဆဆ မနေတာ ကောင်းမယ်
ရှန်ထျန်း စိတ်ထဲတွင် အပြစ်တင် ပြောဆိုနေသည်။ ခွန်ယုက သူထင်ထားသည်ထက် ပိုပြီး စွမ်းအားကြီးနေသည်။
ခွန်ယုက ရှန်ထျန်းထက်ပင် ထိတ်လန့်သွားသည်။
သူမက ရှန်ထျန်းကို စမ်းသပ်ချင်ရုံလောက်သာ လုပ်ချင်ခဲ့သည်။ သူမက စွမ်းအား၏ ၆၀ ရာခိုင်နှုန်းကို အသုံးပြုပြီး သူမ၏ လက်သီးကိုလည်း ပြန်ရုတ်သိမ်းဖို့ ပြင်လိုက်သည်။
သူမ ရှန်ထျန်းကို နာကျင်အောင် လုပ်မိမည်ကို ခွန်ယု စိုးရိမ်နေမိသည်။
သို့သော် သူမက ရှန်ထျန်း၏ ရှေးဦးအဆီအနှစ် လေးလံရေစင် လက်သီးက ဒီလောက်ထိ အားကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဒါက တကယ်ကို မယုံကြည်နိုင်စရာပဲ
ထို့ကြောင့် ခွန်ယုက ပေပေါင်းတစ်သောင်းကျော် နောက်ဆုတ်သွားစေကာ သူမ၏ လက်သီးလည်း ယောင်ကိုင်းသွားသည်။
ယခု အရေးနိမ့်နေသည်သူက ခွန်ယု ဖြစ်သည်။ သို့သော် သူမ လုံးဝ အရှက်မရပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမက ယခု ပိုပြီးတော့ပင် စိတ်လှုပ်ရှားလာသည်။
ကောင်းတယ်။ သူ့လိုမျိုး စွမ်းအားကြီးတဲ့သူတွေပဲ ငါ့အချစ်နဲ့ ထိုက်တန်တယ်
လာစမ်းပါ သူတော်စင်ရာ
“ မင်းက သန်မာတယ်။ ငါတို့ ထပ်ပြီးတော့ တိုက်ခိုက်ရအောင်”
ဒါက ခွန်အားက အာဏာကို အုပ်ချုပ်တဲ့ လောကကြီးပဲ
သူမက ရှန်ထျန်းလောက် အရည်အချင်း မရှိသော်လည်း သူမ၏ အကြည့်များမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
မာနကြီးသော ခွန်ကောင်းကင်အသျှင် တစ်ယောက်အနေဖြင့် ခွန်ယု ရှန်ထျန်းဆီမှာ မရှုံးနိမ့်ချင်ပေ။
အား…
ခွန်ယု၏ နောက်တွင် ဧရာမခွန် ပုံရိပ်သဏ္ဌာန်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ပင်လယ်လှိုင်းလုံးများက များပြားသော လက်နက်များအဖြစ်သို့ ပြောင်းလဲသွားကာ ရှန်ထျန်းဆီသို့ ဦးတည်သွားကြသည်။
ခွန်ယုကလည်း လက်နက်များကြားထဲတွင် ပုန်းနေရင်း နောက်ထပ် တိုက်ခိုက်မှုတစ်ခုအတွက် အဆင်သင့်ပြင်ထားပြီးပြီ ဖြစ်သည်။
ဒါက မဟာလေဟာနယ် ခွန်မျိုးနွယ်ရဲ့ အားအပြင်းဆုံး တိုက်ကွက်များထဲမှ တစ်ခုဖြစ်သည့် မဟာမြောက်လက်သီး ဖြစ်သည်။
ရှန်ထျန်း၏ အကြည့်တို့ တောက်ပသွားကာ ပြုံးလိုက်မိသည်။
“ ကောင်းမွန်တဲ့ လက်သီးချက်ပဲ”
ရည်မှန်းချက်က ခွန်ပန်တာအိုကို ပြသဖို့ ဖြစ်သည့်အတွက် ရှန်ထျန်းက သူ သိသည့် တခြားပညာရပ်များကို ထုတ်မသုံးပေ။
သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည့်အခါ သူ့နောက်တွင်လည်း ဧရာမ ခွန် ပုံရိပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။ သူ့ ပုံရိပ်သဏ္ဌာန်က ခွန်ယု၏ ပုံရိပ်သဏ္ဌာန်ထက် ပိုပြီး ထင်ရှားသည်။
ရှန်ထျန်း၏ နောက်မှ ပုံရိပ်သဏ္ဌာန်က သာမန်ခွန်တစ်ကောင် မဟုတ်ပေ။ ပင်လယ်ပြင်နှင့် ကောင်းကင်ကြားတွင် ပျံသန်းနေရင်း ပြောင်းလဲနေသည်။
ကောင်းကင်သို့ ရောက်သွားသည့်အခါ သူ့ ခန္ဓာကိုယ်က ရွှေလင်းယုန်အဖြစ် ပြောင်းလဲသွားကာ ကြီးမြတ်သော ယန်ကို ကိုယ်စားပြုပြီး ခွန်အားဖြင့် ပြည့်နှက်နေသည်။
သို့သော် ရွှေလင်းယုန် ပင်လယ်ပြင်သို့ ပြန်ရောက်သွားသည့်အခါ ဧရာမခွန် ထပ်မံပေါ်လာပြီး ယင်ဓာတ်ကို ကိုယ်စားပြုကာ ကန့်သတ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ထိုအရာက ခွန်မျိုးနွယ် ဖန်တီးခဲ့သော ရှေးဟောင်း ခုခံပညာရပ် ဖြစ်သည်။ ထိုအရာတင် မကသေးပဲ ကောင်းကင်လင်းယုန်မျိုးနွယ်၏ ပညာရပ်များကိုပါ ပေါင်းစည်းထားသည်။ သူက ခွန်ယုအပေါ် ခွန်ပန်တာအိုကို အသုံးပြုခဲ့သည်။
အစတုန်းကတော့ ခွန်ယုက ခွန်အားအပြည့်ဖြင့် အသာစီးရနေသည်။
သို့သော် ခွန်ပန်မျိုးနွယ်၏ ရှေးဟောင်း ခုခံကာကွယ်ရေး ပညာရပ်အပေါ် ရှန်ထျန်း၏ နားလည်နိုင်စွမ်းက မြင့်လာပြီဖြစ်သည်။
ပထမအကြိမ်တွင် ရှန်ထျန်းက ဤပညာရပ်အသစ်ကို အသားမကျပေ။
ဒုတိယအကြိမ်တွင် ရှန်ထျန်းက ထိုပညာရပ်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာပြီး ဒီထက်ပိုပြီး ကောင်းကောင်း အသုံးပြုလာနိုင်အောင် နည်းလမ်းများ ရှာဖွေခဲ့သည်။
တတိယအကြိမ်တွင် ရှန်ထျန်း ထိုပညာရပ်တွင် အတော်လေး ကျွမ်းကျင်မှု ရှိလာပြီ ဖြစ်၏။
ရှန်ထျန်း၏ ပညာရပ်အသုံးချပုံများကိုပါ ခွန်ရှု သင်ယူလိုက်နိုင်သည်။
ခွန်ရှုက ဝိဇ္ဇာတစ်ယောက် ဖြစ်သည်။ သူက ငယ်ငယ်ကတည်းက ခွန်မျိုးနွယ် ရှေးဟောင်း ခုခံကာကွယ်ရေးပညာရပ်များကို သင်ယူခဲ့ပြီး ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူလည်း ရှန်ထျန်းဆီကပင် အသစ်တစ်ခုကို သင်ယူလိုက်နိုင်သည့်အတွက် ရှန်ထျန်းက ဤပညာရပ်တွင် ပိုင်နိုင်ကြောင်းကို သက်သေပြပြီးသား ဖြစ်သွားသည်။
ထို့အပြင် ရှန်ထျန်းက ခွန်ပန်ပညာရပ်နှင့် လုံးဝ ရင်းနှီးကျွမ်းဝင်ခြင်း မရှိခဲ့ကြောင်းကိုလည်း ခွန်ရှု သေချာပြောနိုင်သည်။
သူက အရင်တုန်းက ခွန်ပန်ပညာရပ်ကို အသုံးပြုတဲ့ပုံ မပေါ်ဘူး။ သူက တကယ်ကို လူသစ်တစ်ယောက်ပဲ
ဒါပေမဲ့ သူက အချိန်ခဏလေးအတွင်းမှာ တတ်မြောက်သွားတယ်တဲ့လား
သူ့အရည်အချင်းတွေကို စိတ်ကူးယဉ်ကြည့်လို့တောင် မရဘူး … သူသာ ရန်သူဆိုရင် အခု ဒီနေရာမှာတင် ချက်ချင်း သတ်ပစ်ရမယ်
သူက ရန်သူ မဟုတ်ဘူးဆိုရင်တော့ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားဖို့ လိုတယ်
ဖြစ်နိုင်ရန် သူ့ရဲ့ သဘောကျမှုကိုပါ ရအောင် လုပ်ရမယ်
သူ့သမီးက ရှန်ထျန်းနှင့် တိုက်ခိုက်နေစဉ် ခွန်ဘုရင်က လေ့လာအကဲခတ်နေသည်။
သူ အမြင့်ရောက်လာလေလေ ပိုပြီးတော့ အမြင်ကျယ်လာလေလေပဲ
နယ်မြေငါးခုတွင် အရည်အချင်းရှိသော ကျင့်ကြံသူများ ထွက်ပေါ်လာခြင်းက ကောင်းသောအရာတစ်ခု မဟုတ်ကြောင်း သူသိသည်။ ထိုအရာက ရှုပ်ထွေးပြီး အန္တရာယ်ရှိသောခေတ်၏ အချက်ပြတစ်ခု ဖြစ်သည်။
စွမ်းအားကြီးသော မဟာလေဟာနယ် ခွန်မျိုးနွယ်ပင် ထိုအရာကြောင့် မျိုးတုံးခြင်းကို ရင်ဆိုင်နိုင်ခဲ့သည်။
ထိုအရာက ချီလင် မျိုးနွယ်အနေဖြင့် နဂါးမျိုးနွယ်နှင့် ဇာမဏီမျိုးနွယ်တို့ထက် အားနည်းနေရခြင်း အကြောင်းအရင်း ဖြစ်သည်။
ရှုပ်ထွေးမှုများ ဖြစ်မလာခင် ခွန်မျိုးနွယ်အနေဖြင့် အားကောင်းသော မဟာမိတ်ကို ရှာထားဖို့ လိုအပ်သည်။
ရှန်ထျန်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။
သူတို့သာ သူနှင့် အဆင်ပြေအောင် နေပါက ဆိုးကျိုးမရှိနိုင်ပေ။
ရှန်ထျန်းက သူ့သမီးကို လက်ထပ်လိုက်ရင်တော့ အကောင်းဆုံးပဲပေါ့။ ဒါဆိုရင် ခွန်မျိုးနွယ်လည်း ပြန်ပြီးတော့ ကြီးကျယ်လာလိမ့်မယ်
အင်း…
ငါ သူမအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးရမယ်
ငါတို့ဆီမှာ လူသားတွဲဖက် မရှိသေးဘူးဆိုတော့ ရှန်ထျန်းက နဂါးတွေနဲ့ အရင်တုန်းက သဘောတူထားတဲ့အတွက် သူ ငါတို့ကို မငြင်းသင့်ဘူး
ဒါက မေးခွန်းထုတ်စရာ မလိုလောက်အောင် ပိုမိုကောင်းမွန်သော ကမ်းလှမ်းချက်တစ်ခု ဖြစ်သည်။
ခွန်ရှု၏ စိတ်ထဲတွင် အတွေးများဖြင့် ယောက်ယက်ခတ်နေစဉ် ခွန်ရှုနှင့် ရှန်ထျန်းတို့က သရေအနေအထားသို့ ရောက်ရှိသွားသည်။
သူတို့ ကြာကြာ တိုက်ခိုက်လေလေ သူမ အနိုင်မရနိုင်ဘူးဆိုတာကို သိလာရသည့်အတွက် ခွန်ယု အရမ်းကို ကူကယ်ရာမဲ့နေမိသည်။
ရှန်ထျန်းက သူမ၏ တိုက်ကွက်များကို မှတ်မိနေပုံပေါ်သည်။
သူမ တစ်ခါတိုက်ခိုက်လိုက်တိုင်း ရှန်ထျန်းက ပြီးပြည့်စုံစွာ ရှောင်ရှားလိုက်နိုင်သည်။
ထို့အပြင် ခွန်ပန်ခုခံရေး ပညာရပ်များအပေါ် ရှန်ထျန်း၏ နားလည်မှုကလည်း အဆမတန် တိုးတက်လာသည်။
တစ်နာရီအတွင်းမှာပင် ပညာရပ်အားလုံးကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့သည်။
ခွန်ယု၏ အမြင်တွင် ရှန်ထျန်းကိုယ်တိုင်က ရှေးဟောင်းခွန်ပန်တစ်ကောင် ဖြစ်နေသလိုမျိုး ခံစားရပြီး သူ့ လှုပ်ရှားမှုတိုင်းက ဆန်းကြယ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ထိုအရာက မဟာလေဟာနယ် ခွန်မျိုးနွယ် လိုက်ရှာနေသော စွမ်းအားမျိုး ဖြစ်၏။
သူတို့အားလုံးက သူ့ကို အံ့ဩမှင်သက်စွာဖြင့် ကြည့်နေသည်။
“ ရှင် ဘာလို့ ခုခံရုံပဲ ခုခံနေရတာလဲ။ ရှင် ကျွန်မကို သဘောကျနေတာလား”
ရှန်ထျန်းက သူမ၏ တိုက်ခိုက်မှုများကိုသာ ခုခံပြီး ပြန်လည် တိုက်ခိုက်ခြင်း မရှိသည့်အတွက် သူမက ရှန်ထျန်းကို အသံလှိုင်းမှတစ်ဆင့် ဆက်သွယ်လိုက်သည်။
ဟမ်…
ရှန်ထျန်း အနည်းငယ် ကြောင်အသွားသည်။
ဒီနှစ်ခုကြားထဲမှာ ဘယ်လိုဆက်နွယ်မှုများ ရှိနေလို့လဲ
ခွန်ယုက ပြုံးကာ တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။
“ ထားလိုက်ပါတော့…ကျွန်မ ပင်ပန်းနေပြီ။ ကျွန်မ အရှုံးကို ဝန်ခံပါတယ်။ ကျွန်မရဲ့ တိုက်ခိုက်မှုတွေက ရှင့်အပေါ်မှာ အသုံးမဝင်သလို ရှင်ကလည်း ကျွန်မကို နာကျင်အောင် မလုပ်ရက်ဘူးလေ။ ဒါက ပျင်းစရာကောင်းတဲ့ တိုက်ခိုက်မှုပဲ”
ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်နေသည်။
ငါလည်း မင်းကို မင်းရဲ့အဖေရှေ့မှာ ရိုက်နှက်ရမှာ တစ်မျိုးဖြစ်နေတာ… မင်းရဲ့အဖေက မင်းကို အရမ်းချစ်နေရင် ဘယ်လိုလုပ်မလဲ
စိတ်ကူးယဉ်လွန်းတဲ့ မိန်းကလေးတွေနဲ့ တွေးတာ ပထမဆုံးအကြိမ်မှ မဟုတ်တာ
မင်း ဘာပြောပြော အဆင်ပြေပါတယ်
သူက သူမရဲ့ ပိုင်နက်ထဲမှာလည်း ရောက်နေတာဆိုတော့ အဲလိုလုပ်မှ ပိုပြီးတော့ လုံခြုံလိမ့်မယ်လို့ ရှန်ထျန်း ခံစားရတယ်
ဟုတ်တယ် လုံခြုံရေးက အရေးကြီးဆုံးပဲ
ရှန်ထျန်း သေရမှာကို မကြောက်သော်လည်း သူက သုံးရောင်ခြယ်ရေစင်နှင့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်း သုံးခု ယူရဦးမည် ဖြစ်သည်။
ရှန်ထျန်းက အရှိန်အဝါကို ရုတ်သိမ်းကာ ပြောလိုက်သည်
“ ခွန်ပညာရပ်တွေအပေါ် မင်းသမီးယုရဲ့ နားလည်မှုက အကောင်းဆုံးပါပဲ။ ကျွန်တော် အများကြီး သင်ယူလိုက်ရပါတယ်”
ခွန်ယုက ပြန်ဖြေရင်း ပြောလိုက်သည်
“ ဒါဆိုရင်လည်း ရှေ့လျှောက် ငါတို့ ရှေ့လျှောက် ထပ်ပြီးတော့ တိုက်ခိုက်သင့်တယ်”
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ သေချာတာပေါ့။
ကျွန်တော်က ခွန်ပန်တာအိုကို နားလည်ပြီးသွားပြီဆိုတော့ ပြန်ပေးသင့်ပြီ ထင်တယ်”
ထိုစကားကို ကြားလိုက်ရသည့်အတွက် ခွန်ယုနှင့် ခွန်ရှုတို့ အရမ်းစိတ်လှုပ်ရှားလာကြသည်။
ခွန်မျိုးနွယ်က မည်သူမှ ခွန်ပန်တာအို၏ ဆွဲဆောင်မှုကို တောင့်ခံနိုင်ခြင်း မရှိပေ။
ထိုပညာရပ်က အသင့်တော်ဆုံးသော အမွေအနှစ် ပညာရပ်ဖြစ်သည့်အတွက် ခွန်မျိုးနွယ်သာလျှင် အပြည့်အဝ အသုံးပြုလို့ ရနိုင်သည်။
ကောင်းပြီလေ ရှန်ထျန်းကတော့ ခြွင်းချက်ပေါ့
သူတို့သာ ခွန်ပန်တာအိုကို နားလည်နိုင်ပါက သူတို့၏ ခွန်အားများ အဆမတန် မြင့်တက်လာမည် ဖြစ်သည်။
သူတို့၏ စိတ်အားထက်သန်မှုကြောင့် ရှန်ထျန်းက သူတို့ကို စနောက်ခြင်း မလုပ်ဖို့ ရွေးချယ်လိုက်သည်။ သူ၏ ညာဘက်လက်ဖြင့် ခွန်ယု၏ လက်ကို ကိုင်လိုက်သည်။ သူက နတ်ဘုရားအသိစိတ်မှတစ်ဆင့် ခွန်ပန်တာအိုကို သူမဆီ လက်လွှဲပေးလိုက်သည်။
သူက သူတို့ဆီမှ အကျိုးအမြတ်များစွာကို ရရှိထားသည့်အတွက် ပညာရပ်အပေါ် သူ၏ နားလည်မှုအချို့ကိုလည်း လွှဲပြောင်းပေးလိုက်သည်။
စိတ်လှုပ်ရှားမှုကြောင့် ခွန်ယု၏ မျက်နှာနီရဲနေကာ ကိုယ့်ကိုယ်ကို ရေရွတ်လိုက်သည်
“ ဒါက ခွန်ပန်တာအို အပြည့်အစုံလား။ ဘယ်လောက်တောင် ထူးခြားတဲ့ပညာရပ်တွေလဲ။ အရမ်း အံ့ဩဖို့ကောင်းတာပဲ”
ရှန်ထျန်း ဘာပြောရမယ်မှန်း မသိ ဖြစ်နေသည်။
“ အဟွတ်…ဟွတ်… မင်းသမီးယု ကျွန်တော်ရဲ့လက်ကို အခု လွှတ်ပေးလို့ ရပြီလေ” ရှန်ထျန်းက ပြောလိုက်သည်။
ခွန်ယုက ရှန်ထျန်းပြောတာကို မကြားဘဲ ခွန်ပန်တာအို၏ အလှထဲတွင် နစ်မြောနေဆဲဖြစ်သည်။
“ ခွန်က ယင်ဓာတ်၊ ပန်က ယန်ဓာတ်။ နှစ်ခုပေါင်းစပ်လိုက်ရင် ခွန်ပန်က မွေးဖွားလာတယ်။ ဝိုး…ဝိုး…”
ရှန်ထျန်းက လက်ကို ပြန်ရုတ်ချင်သော်လည်း ခွန်ယုက တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
“ မင်းသမီးယု ဒါကို ခွန်ဘုရင်ဆီ အရင်ဆုံးပေးလိုက်ပြီးတော့ နောက်မှ သင်ယူပါလားဟင်”
ခွန်ယုက သူ့ကို ဆက်ပြီး လျစ်လျူရှုကာ ပြောလိုက်သည်
“ အော်…ဒါက ခွန်ပန်ရဲ့ လျှို့ဝှက်ချက်ပေါ့။ အရမ်း အံ့ဩဖို့ ကောင်းတာပဲ”
ရှန်ထျန်း ဆွံ့အနေသည်။
ခွန်ဘုရင်က ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ဒီအတွက် တောင်းပန်ပါတယ်နော် သူတော်စင်။ ခွန်ပန်တာအိုက ယုအာကို အံ့အားသင့်သွားစေလို့ပါ”
သူက ခွန်ယုဆီသို့ အသံလှိုင်းမှ တိတ်တဆိတ် ဆက်သွယ်လိုက်သည်
“ အနေအထိုင်ဆင်ခြင်။ အဲလိုကြီး ပြုမူနေတာကို ရပ်လိုက်စမ်း ”
ထို့နောက် သူက သူ့ စွမ်းအားကို အသုံးပြုကာ သူတို့နှစ်ယောက်ကို အတင်းခွဲလိုက်သည်။
ခွန်ယု အသိစိတ် ပြန်ဝင်လာသည့်အခါ ရှုပ်ထွေးသွားပုံရသည်
“ ငါ ဘယ်သူလဲ။ ဘာတွေဖြစ်နေတာလဲ”
ရှန်ထျန်းလည်း ဘာဝင်ပြောရမယ်ဆိုတာကို မသိတော့ပေ။
အခုအရမ်းကို ကို့ရို့ကားရားနိုင်နေပြီ
ခွန်ဘုရင်က သိုလှောင်လက်စွပ် တစ်ခု ထုတ်ယူကာ ရှန်ထျန်းကို ပေးလိုက်သည်။
“ ခွန်ပန်တာအိုကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီအသိအမှတ်ပြု အမှတ်အသားပြားကို သိမ်းထားပါ”
ရှန်ထျန်း၏ အကြည့်တို့ တောက်ပလာကာ လက်ကို လျင်မြန်စွာ ယမ်းရင်း ပြောလိုက်သည်
“ အရှင်မင်းမြတ်က အရမ်းရက်ရောတာပဲ။
ခွန်ပန်တာအိုက ခွန်မျိုးနွယ်ရဲ့ အပိုင်ဆိုတော့ သေချာပေါက် ပြန်ပေးရမှာပေါ့။ ပြီးတော့ ဒါက ကျွန်တော်အတွက် ဘာမှ အပန်းမကြီးပါဘူး။ ကျွန်တော် ဒါကို လက်မခံနိုင်ပါဘူးဗျာ”
ခွန်ဘုရင်က လက်စွပ်ကို ရှန်ထျန်း၏ လက်ထဲသို့ ထည့်ပေးကာ ပြောလိုက်သည်
“ သူတော်စင်… အထင်မှားနေပြီ။ ဒါက မင်းအတွက် လုပ်ရတာ လွယ်ကူနိုင်ပေမဲ့ ငါတို့အားလုံးအတွက်တော့ ဒုတိယအခွင့်အရေးပဲ။
ဒါက အသိအမှတ်ပြု အမှတ်အသားပြားလေး တစ်ခုပါပဲ။ မင်း ဒါကို မယူဘူးဆိုရင် နယ်မြေငါးခုက လူတွေက ငါတို့ကို ဘယ်လိုထင်မလဲ။
သူတို့က ငါ့ကို ကျေးဇူးမသိတတ်တဲ့သူလို့ ခေါ်တာကို မင်းက ကြားချင်နေတာလား”
ရှန်ထျန်းက ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်
“ အင်း…အရှင်မင်းမြတ်က ပြောနေမှတော့လည်း ကျွန်တော် ယူထားလိုက်ပါမယ်”
သူက သိုလှောင်လက်စွပ်ကိုယူကာ သက်ပြင်းချလိုက်မိသည်။
“ ကျွန်တော်ဆီမှာ တန်ဖိုးရှိတာ တစ်ခုမှ မရှိတော့ပါဘူး။
ကျွန်တော် လာလည်တုန်း လက်ဆောင်တချို့ ယူလာခဲ့သင့်တာ။ ဒါပေမဲ့ ကျွန်တော် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်မှာ ရှိတုန်းက ဉာဏ်အလင်းပွင့် သစ်ရွက်ကို ရှာတွေ့ခဲ့တယ်။
အရှင်မင်းမြတ်နဲ့ မင်းသမီးယုက ခွန်ပန်တာအိုကို နားလည်နိုင်တော့မှာဆိုတော့ ဒီအရွက်က အရမ်းအသုံးဝင်မယ်လို့ ယုံကြည်တယ်”
ထို့နောက် ရှန်ထျန်းက ငွေရောင်သစ်ရွက်ပါသော အဖြူရောင် ကျောက်စိမ်းပုလင်းကို လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။ ထိုအရာက အရွယ်အစားအားဖြင့် သုံးလက်မသာ ရှိသည့်အတွက် ခွန်ပန်အငယ်စားလေးနှင့် တူနေသည်။
ထိုအရာက လှုပ်ရှားခြင်း မရှိသော်လည်း ယင်ဓာတ်နှင့် ယန်ဓာတ်က သူ့ပတ်ပတ်လည်တွင် စီးဆင်းနေသည်။
ထိုအရွက်က ခွန်မျိုးနွယ်အနေဖြင့် ခွန်ပန်တာအိုကို နားလည်အောင် လုပ်သည့်နေရာတွင် အရမ်းအသုံးဝင်သည်။
ဉာဏ်အလင်းပွင့် သစ်ရွက် … ပြီးတော့ ငွေရောင်
ထိုအရွက်ကို မြင်ပြီး ခွန်ဘုရင်အပါအဝင် အားလုံးက ထိတ်လန့်သွားကြသည်။
ငွေရောင် ဉာဏ်အလင်းပွင့် သစ်ရွက်က အကောင်းဆုံးဖြစ်သည့်အတွက် ဘယ်လောက်ထိ ရှားပါးသည်ကို သူ ကောင်းကောင်းသိသည်။
သက်တမ်း နှစ်ပေါင်းတစ်သိန်းရှိသော ဉာဏ်အလင်းပွင့် သစ်ပင်သာလျှင် ထိုကဲ့သို့သော အရောင်မျိုးကို ထုတ်လုပ်ပေးနိုင်သည်။
သစ်ပင်မှာ လိုအပ်ချက်ရှိနေလျှင် ငွေရောင်သစ်ရွက်မျိုး ထုတ်လုပ်ဖို့ ရှားပါးလှသည်။
အလယ်ပိုင်းတွင် ဟွမ်ရှစ်က ဉာဏ်အလင်းပွင့် သစ်ပင်စိုက်ဖို့အတွက် နှစ်ပေါင်း ၈ ထောင်ကို အသုံးပြုခဲ့သည်။ အာဟာရပြည့်ဝစေရန် ရတနာပေါင်း မြောက်များစွာကို အသုံးပြုခဲ့သော်လည်း ယခုထိ ငွေရောင်သစ်ရွက် တစ်ရွက်မှ မထွက်သေးပေ။
ငွေရောင်အရွက်က ရှေးဟောင်းစာအုပ်များထဲတွင်သာ တည်ရှိခဲ့သည်။
တစ်စုံတစ်ယောက်က ငွေရောင် ဉာဏ်အလင်းပွင့် သစ်ရွက်ကို ရရှိခဲ့ပါက ဝိဇ္ဇာအဆင့်မှာ အသုံးပြုနိုင်ရန်အတွက် ချန်ထားမည် ဖြစ်သည်။
ထို့ကြောင့် တချို့ဝိဇ္ဇာများက မှောင်ခိုဈေးကွက်တွင် ငွေရောင်ဉာဏ်အလင်းပွင့် သစ်ရွက်များကို ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းများနှင့် လဲလှယ်လေ့ ရှိသည်။
ထိုသို့ဆိုလျှင်ပင် သူတို့အတွက် သစ်ရွက်ရရှိဖို့ မလွယ်ကူပေ။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းတွင် ရှန်ထျန်း ထိုကဲ့သို့သော ရတနာကို ရှာတွေ့လိမ့်မည်ဟု ခွန်ရှု မျှော်လင့်မထားခဲ့ပေ။
ထို့အပြင် ဤငွေရောင်သစ်ရွက်က ခွန်ပန်တာအိုနှင့် အရမ်းလိုက်ဖက်သည်။
ထို့ကြောင့် ခွန်ရှုအတွက် အင်မတန် တန်ဖိုးရှိသောအရာ ဖြစ်သည်။ သူ့လက်ထဲတွင် ယခုမှ ခွန်ပန်တာအိုကို ရရှိထားသည့်အတွက် နားလည်ရန် အချိန်ယူဖို့ လိုအပ်သေးသည်။
ဤသစ်ရွက်ကိုသာ အသုံးပြုလိုက်ပါက နားလည်အောင် လုပ်ရမည့်အချိန်ကို လျှော့ချနိုင်ပြီး ပိုမိုသော နားလည်မှုကို ရရှိလာနိုင်သည်။
ထာဝရရှင်သန်ခြင်းဆီ တက်လှမ်းဖို့ သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်သည်။
ခွန်ရှု၏ အသက်ရှူနှုန်းများ မြန်ဆန်လာသည်။ သူက ရှန်ထျန်းလိုမျိုး သတ္တိရှိချင်သော်လည်း ရှန်ထျန်း တကယ် ပြန်ယူသွားမည်ကို သူ စိုးရိမ်နေမိသည်။
ပြီးတော့ ဒီလိုမျိုး တုံ့ပြန်မှုကိုက ယဉ်ကျေးမှု မရှိရာကျနေပါပြီ
ငါ တောင့်မခံနိုင်တော့ဘူး
ခွန်ရှုက ပုလင်းကို ယူကာ မျက်နှာပေါ်မှ အပြုံးကိုပင် မထိန်းထားနိုင်တော့ပဲ ပြောလိုက်သည်
“ ဒါနဲ့ ထိုက်တန်အောင် ငါတို့က ဘာတွေများ လုပ်ခဲ့ရလို့လဲ။ ဟား…ဟား…ဟား… ကျေးဇူးအရမ်းတင်ပါတယ်။
ဂိုဏ်းချုပ်ကျန်းက မင်းလိုမျိုး သူတော်စင် တစ်ယောက်ရှိလို့ အရမ်းကံကောင်းတာပဲ။ ငါ့မှာသာ မင်းလိုမျိုး သူတော်စင် တစ်ယောက်ရှိနေမယ်ဆိုရင် ငါ့ရဲ့ အဆိုးဆုံး အိပ်မက်ဆိုးတွေထဲမှာတောင် ငါ ပြုံးနေမိမှာ ”
ထိုအရာက ချီးကျူးမှုတစ်ခု သက်သက်သာ ဖြစ်သော်လည်း ခွန်ရှု၏ မျက်လုံးများ နီရဲလာသည်။
သူက ထိုကဲ့သို့သော စကားများကို မြောက်ပင်လယ်ရှိ ပါရမီရှင်များကိုပါ ပြောခဲ့သော်လည်း စိတ်ထဲက မပါခဲ့ပေ။ သူက သူ့သားနှင့် သမီးကို အရမ်းဂုဏ်ယူသောကြောင့် တခြားသူက သူတို့ထက် ပိုတော်သည်ဟု မထင်ခဲ့ပေ။
ခွန်မင်နှင့် ခွန်ယုတို့ နှစ်ယောက်လုံးက မြောက်ပင်လယ်၏ ထိပ်သီးပါရမီရှင်များ ဖြစ်ကြသည်။
ခွန်ရှုအနေဖြင့် တခြားသူတွေကို မနာလိုဖြစ်စရာ အကြောင်း မရှိပေ။
သို့သော် ရှန်ထျန်းကို မြင်ပြီးနောက် သူ အတော်လေး မနာလိုဖြစ်မိသည်။
သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လောက် မသန်မာဘူးဆိုတာကို သိသော်လည်း ကွာခြားချက်က အရမ်းများနေခြင်းမျိုးတော့ မဟုတ်ပေ။
ခွန်မင်က ကျန်းလုံယွမ်ရဲ့ တပည့်ထက် ပိုပြီးတော့ သာမယ်လို့ ထင်ထားခဲ့တာလေ
ဒါပေမဲ့ အခုတော့… ငါ့သားက ဘာလို့ အရမ်း အားနည်းနေရတာလဲ
သူတို့နှစ်ယောက်လုံးက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကို သွားခဲ့ကြပေမဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ခွန်ပန်တာအိုတစ်ခုလုံးကို ရရှိခဲ့ပြီးတော့ ငွေရောင်သစ်ရွက်လိုမျိုး ရတနာတွေကိုလည်း ရခဲ့တယ်
ရှန်ထျန်းက ဒီအရွက်ကိုသာ ရှာတွေ့ခဲ့သည်ကို ခွန်ရှု မယုံကြည်နိုင်ပေ။
ခွန်ပန်တာအိုကို ရဖို့အတွက် ဘယ်လို ကံကြမ္မာအလေးသာမှုတွေ လိုအပ်တာလဲ
သူ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက ရလာတာတွေ အများကြီးရှိမှာပဲ
အနည်းဆုံးတော့ သူနဲ့အတူ ငွေရောင် အရွက်တွေ အများကြီးရှိနေတယ်
ငါ့သားကရော…
သူက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲမှာ ကံအပြောင်းအလဲ အခွင့်အရေးလေး တစ်ခုကိုတောင် မကြုံတွေ့ခဲ့ရဘူး
အင်း သူက ခွန်ပန်ကျွန်းကို ရှာတွေ့ခဲ့ပေမဲ့ ပြီးတော့ ဘာဆက်ဖြစ်လဲ။ သူ ချီဖောက်ပြန်ခြင်းကိုပဲ ခံစားလိုက်ရတယ်လေ
ရှက်စရာကောင်းလိုက်တာ… ကျန်းလုံယွမ်…မင်းရဲ့တပည့်က ဘာလို့ မင်းထက်တောင် သန်မာနေရတာလဲ
ဒီနေ့ ပင်လယ်ရေက တကယ်ငန်တာပဲ