ခွန်နတ်ဧကရာဇ်က တကယ်ကို ဉာဏ်ကောင်းတာပဲ
Vol. 23 Ch. 339
အခန်း (၃၃၉) : ခွန်နတ်ဧကရာဇ်က တကယ်ကို ဉာဏ်ကောင်းတာပဲ
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲတွင်…
ကျန်းလုံယွမ်နှင့် ယဲ့ချန်းခန်က စားပွဲတစ်လုံးကို အလယ်တွင်ချထားပြီး မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
ယဲ့ချန်းခန်က အဖန်ရည် ကျိုချက်နေပြီး ခရမ်းရောင် သစ်ရွက်များက ဆူပွက်နေသော ဝိညာဉ်နွေဦးရေစင်ထဲတွင် နစ်မြုပ်နေသည်။ ဆန်းကြယ်သော မွှေးရနံ့ကလည်း သင်းပျံ့နေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် မိုးကြိုးအရှိန်အဝါများ လှုပ်ခတ်နေသည်
“ အရွက်တွေက ဉာဏ်အလင်းပွင့် သစ်ပင်ပေါ်မှာ နှစ်တစ်သောင်း တန်ဖိုး ရှိတယ်။ ဒါက ထူးခြားအံ့ဖွယ် ပစ္စည်းပဲ။ ဒီလို အဖန်ရည်က ကောင်းကင်ဘုံမှာပဲ ရှိသင့်တဲ့အရာပဲ”
မင်းက ဒီသစ်ရွက်လေးတွေကြောင့် အရမ်းစိတ်လှုပ်ရှားလာတာလား
မင်းရဲ့ တပည့်ယူလာတဲ့ ဉာဏ်အလင်းပွင့် သစ်ရွက်တွေ အားလုံးကို ကြည့်ပြီးတော့ စိတ်ဓာတ်ကျတာမျိုး မဖြစ်ဘူးလား
ဒီကောင်လေးက ကောင်းကင်တာအိုကျမ်းကို ကျင့်နေပြီး တစ်နေ့လုံး အရှိန်အဝါက လှုပ်ခတ်နေတယ်။ ဒါပေမဲ့ ခံစားချက်ကြောင့် စိတ်မလှုပ်ရှားတဲ့ သန့်စင်မြင့်မြတ်တဲ့ ဝိဇ္ဇာတစ်ကောင်ရဲ့ အပြုအမူတွေကိုတော့ သည်းမခံနိုင်တော့ဘူးပဲ
ယဲ့ချန်းခန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ပြောလိုက်သည်
“ မင်းက ငါနဲ့အတူ အဖနရည်သောက်ဖို့အတွက် တကူးတကလာခဲ့တာလား”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ အစ်ကိုကြာပြာက မြောက်ပင်လယ်ဆီ တပည့်တွေအများကြီး ခေါ်လာခဲ့တယ်။ ကျွန်တော်လည်း မကြာခင် ထွက်သွားတော့မှာ။ အဲဒါကြောင့် ဒီကိုလာပြီးတော့ နှုတ်ဆက်တာ”
“ ဒါဆိုလည်း သွားလေ။ ငါ မင်းကို မလွမ်းပါဘူး”
ယဲ့ချန်းခန်က နှုတ်ခမ်းကို တင်းတင်း ဖိကိုက်ထားရင်း လက်ယမ်းပြလိုက်သည်။
ဟင်း…ထျန်းအာ ဘယ်အချိန် ပြန်ရောက်မလဲဆိုတာကို သိချင်လိုက်တာ
ငွေရောင် ဉာဏ်အလင်းပွင့် သစ်ရွက်ကို မြင်ပြီးနောက် သာမန် ဉာဏ်အလင်းပွင့် သစ်ရွက်များက မမွှေးတော့ဘူးဟုပင် ယဲ့ချန်းခန် ခံစားလာမိသည်။
ဒါတွေအားလုံးက အဲဒီငရှုပ်လေးရဲ့ အမှားတွေချည်းပဲ။ သူက ဉာဏ်အလင်းပွင့် အဖန်ရည်သောက်ဖို့ သူ့ကို ခုနစ်လွှာထိ ခေါ်သွားပေမဲ့လည်း သူ ခဏလောက် တခြားကို အာရုံရောက်လိုက်တဲ့အချိန် အဲဒီအပင်ရဲ့ ကိုင်းကို ဖြတ်လိုက်တယ်
ဟင်း… အဲဒီငရှုပ်လေးက သစ်ကိုင်းကို အလယ်ပိုင်းကုန်းမြေဆီ ယူသွားပြီးတော့ အပင်စိုက်မလို့တဲ့ မယုံကြည်နိုင်စရာပဲ။
သို့သော် စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ဉာဏ်အလင်းပွင့် သစ်ပင်က ရှန်ထျန်း လုပ်သွားသည့် ဒဏ်ကို ခံနေရသည်။ မူလအတိုင်း ပြန်ဖြစ်ဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရပေဦးမည်။ မဟုတ်ပါက ဤဉာဏ်အလင်းပွင့် သစ်ပင်က နှစ်တစ်သန်းသက်တမ်းရှိ သစ်ပင်ဟူသော ထူးခြားသည့် အမည်နာမကို ရထားပြီးပြီ ဖြစ်လိမ့်မည်။
ဟုတ်တယ်…ဒါက ငရှုပ်လေးရဲ့အမှားတွေပဲ။ ငါက သူ့ကို အသေရေဖျက်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး
နှစ်တစ်သိန်းသက်တမ်း ရှိတဲ့အပင်က နှစ်တစ်သန်းသက်တမ်းရှိတဲ့ အပင်နဲ့ ယှဉ်လိုက်ရင် ကွာခြားချက်က ကြီးမားတယ်
အဲဒီကိုင်းကို ဖြတ်လိုက်တာက အဲဒီငရှုပ်လေးရဲ့ အမှားပဲ။ သူ ပြန်ပြီးတော့ ပေးဆပ်ရမယ်
သိပ်မကြာခင် လျော်ကြေးတောင်းဖို့အတွက် အလယ်ပိုင်းကုန်းမြေဆီ သွားရမယ်
ဒါပေမဲ့ မျှတရမယ်။ ဉာဏ်အလင်းပွင့် သစ်ပင်က အရမ်းကို အဖိုးတန်တဲ့ရတနာတစ်ပါးပဲ။ စစ်နတ်ဘုရား နန်းတော်မှာတောင် သက်တမ်း ၉ သိန်းရှိတဲ့ မာတာသစ်ပင်ကြီးပဲ ရှိပြီးတော့ စစ်နတ်ဘုရား မျှော်နန်းဆောင်မှာတော့ သက်တမ်း တစ်သိန်းနှစ်သောင်းရှိတဲ့ အပင်ပေါက်လေးပဲ ရှိတယ်
အဲဒီခုတ်ထားတဲ့ သစ်ကိုင်းကနေ အပင်ကို ရှင်အောင် လုပ်နိုင်တာနဲ့တင် အတော်လေး ဆန်းကြယ်နေပြီ
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲမှာ နောက်ထပ် သက်တမ်းသန်းချီနေတဲ့ ဉာဏ်အလင်းပွင့် သစ်ပင်ရှိနေရင် ဘယ်လိုလုပ်မလဲ။ လုံးဝ မယုံနိုင်စရာပဲ
ယဲ့ချန်းခန်က လက်တွေ့ကျသည့်သူဖြစ်သည့်အတွက် ရှန်ထျန်း ပြောပြသည့် ထိုဉာဏ်အလင်းပွင့် သစ်ပင်အကြောင်းကို ပြန်လည် စဉ်းစားမိသည့်အချိန်တိုင်း အံ့ဩမှင်သက်နေမိသည်။
ထိုသစ်ပင်၏ အရင်းအမြစ်က အရမ်းကို အံ့ဩဖို့ကောင်းလှသည်။
ဒီသေမျိုးနယ်ပယ်ကလည်း အဲလောက်အထိ လုံးဝ မရိုးရှင်းဘူး
ယဲ့ချန်းခန်က သူ့အတွက် အဖန်ရည် ထည့်ပေးဖို့ကို ငြင်းနေသည်ကို အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် မြင်သော်လည်း စိတ်အနှောင့်အယှက် မဖြစ်ပေ။
သူက အဖန်ရည်အိုးကို ကိုယ်တိုင်ယူကာ အနည်းငယ် သောက်လိုက်ရင်း ပြောသည်
“ ဘာလို့ ထျန်းအာကို တားမြစ်ကျောက်ပြားကို နားလည်အောင် လုပ်ဖို့ သဘောတူခဲ့တာလဲ”
ရှန်ထျန်းက ကံကြမ္မာသားတော် ဖြစ်သည်ဟု အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် အမြဲတမ်း ယုံကြည်နေခဲ့သည်။ သို့သော် သူက ရှန်ထျန်းကို တားမြစ်ကျောက်ပြားကို နားလည်အောင် လုပ်ခွင့်ပြုမှာလားဟု ခွန်ဘုရင်က မေးမြန်းသည့်အခါတုန်းက စိတ်ပူနေခဲ့သည်။
ဘာလို့လဲဆိုတော့ ဒီကျောက်ပြားက အတော်လေး ကို့ရို့ကားရားနိုင်လို့ပဲ။ အဲဒီကျောက်ပြားကြောင့် အသက်ဆုံးရှုံးသွားတာက ခွန်မျိုးနွယ် ပါရမီရှင်တွေတင် မဟုတ်ဘူး။ တခြားမျိုးနွယ်က ပါရမီရှင်တွေလည်း ပါတယ်
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်တုန်းက ခွန်မျိုးနွယ်က ဒီကျောက်ပြားကို လူထုဆီ ပြသခဲ့ဖူးတယ်။ နယ်မြေငါးခုက ပါရမီရှင်တွေကလည်း နားလည်အောင် ကြိုးစားကြည့်ကြတယ်
ဒါပေမဲ့ အဲဒီပါရမီရှင်တွေ ဘယ်လောက်ပဲ ထူးချွန်နေပါစေ ဘယ်သူမှ မအောင်မြင်ကြဘူး
တချို့က လမ်းမှားရောက်သွားပြီး၊ တချို့က လောင်ကျွမ်းနေသလိုမျိုး ခံစားရတယ်၊ တချို့ကိုကျတော့ ကျောက်ပြားက လုံးဝ ဝါးမျိုသွားတယ်
ထိုအရာက အရမ်းစွန့်စားရာကျသည်ဟု အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ခံစားမိသည်။
ထိုအရာက ကံကောင်းပြီး ပြန်လည် သက်သာစေနိုင်သောအရာ မဟုတ်ပေ။ ကျရှုံးသွားပါက ငရဲသို့ တန်းရောက်သွားမည့် တစ်လမ်းသွားဖြစ်သည်။
ယဲ့ချန်းခန်က ပြုံးကာ ပြောလိုက်သည်
“ စိတ်မပူပါနဲ့။ အဲဒီကလေးက ဉာဏ်ကောင်းပါတယ်။ သူက သူ့ဘာသာသူ အန္တရာယ်အဖြစ်ခံမှာ မဟုတ်ပါဘူး။ ပြီးတော့ ငါ့ရဲ့ နတ်ဘုရားအသိစိတ်ကလည်း အမြဲတမ်း သူ့အနားရှိပြီးတော့ စောင့်ကြည့်နေမှာပါ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က စဉ်းစားကြည့်ပြီး မတ်တပ်ထရပ်ကာ ပြောလိုက်သည်
“ ကျွန်တော် စိတ်ပူနေတုန်းပဲ”
အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ လှုပ်ခတ်သွားကာ ပြောလိုက်သည်
“ ကျွန်တော် မြောက်ပင်လယ်ကို ကိုယ်တိုင်သွားပြီးတော့ ထျန်းအာအတွက် ကာကွယ်ရေး အစီအရင် သွားလုပ်ပေးသင့်တယ် တူတယ်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှန်ထျန်းအနေဖြင့် ယခင်က ကျောက်ပြားကို နားလည်အောင် ကြိုးစားသူများကဲ့သို့ ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရမည်ကို မစိုးရိမ်ပေ။
ရှန်ထျန်း၏ အရည်အချင်း၊ ကံကြမ္မာနှင့် စွမ်းအားများအရ သူသာ ထိုကျောက်ပြားကို နားမလည်ပါက ဘယ်သူမှ နားလည်နိုင်မည် မဟုတ်တော့ပေ။
ပြီးတော့ ငါ့တပည့်က နတ်ဧကရာဇ်တစ်ပါးဖြစ်ဖို့ အလားအလာ ရှိတယ်လေ
ရှန်ထျန်းက ထို တားမြစ်ကျောက်ပြားဆီမှ အံ့ဩဖွယ်ကောင်းသော အမွေအနှစ်တစ်ခုကို ရသွားမယ်ဆိုလျှင် ခွန်မျိုးနွယ်တွေ မနာလိုဖြစ်မည်ကို အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က စိုးရိမ်နေခြင်းဖြစ်သည်။
အဲဒီအချိန်ကျရင် ခွန်မျိုးနွယ်တွေက ဘယ်လိုလုပ်မှာလဲ
လက်ရှိခွန်ဘုရင်နှင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်တို့က မိတ်ဆွေကောင်းတွေ ဖြစ်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။
သို့သော် ခွန်မျိုးနွယ်တွင် ခွန်ဘုရင်တစ်ယောက်ထဲထက် အများကြီး ပါရှိသည်။ တခြားခွန်အကြီးအကဲများတွင်လည်း ကြီးမားသော အာဏာကို ပိုင်ဆိုင်ထားသည်။
ခွန်ဘုရင်က ရှန်ထျန်းဆီ သုံးရောင်ခြယ် ရေစင်ကို ပေးဖို့အတွက် အများဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ခဲ့သည်။ အဲဒါကို မကျေနပ်သော အကြီးအကဲများလည်း ရှိနေပြီဖြစ်သည်။
ရှန်ထျန်းက အဲဒီကျောက်ပြားကနေ အများကို တုန်လှုပ်သွားစေနိုင်လောက်သည့် ပြိုင်ဘက်ကင်း ပညာရပ်အချို့ကိုသာ နားလည်နိုင်သွားတယ်လို့ ယူဆလိုက်။ ဒါဆိုရင် စွမ်းအားကြီး ခွန်ကျင့်ကြံသူတချို့ရဲ့ စိတ်မကျေနပ်မှုကို နှိုးဆပေးသလိုဖြစ်ပြီးတော့ သူ တိုက်ခိုက်ခံရနိုင်တယ်
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ အဲဒီကျင့်ကြံသူတွေရဲ့ တိုက်ခိုက်တာကို ခံရမှာ စိတ်မပူပါဘူး
ရှန်ထျန်းရဲ့ ကံကြမ္မာကြောင့် နယ်မြေငါးခုမှာ ဘယ်သူက သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ
ကံကြမ္မာသားတော်ကို ဆန့်ကျင်တဲ့သူအားလုံး သေခြင်းတရားကို ရင်ဆိုင်ရမယ်
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှန်ထျန်း တိုက်ခိုက်ခံရမယ်ဆိုရင်တောင် ဘာလို့ သူ့ဖက်ကနေ စိတ်မပူရတာလဲ။ ဒါဆိုရင် သူ့ကို သူ့ဆရာလို့ရော ခေါ်လို့ရသေးရဲ့လား။ သူတော့ အမှတ်တွေ ဆုံးရှုံးသွားမှာပဲ
ထိုအတွေးကပင် သူ့နှလုံးသားကို နာကျင်သွားစေသည်။
မဖြစ်ဘူး… သူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ခဏလေးတောင် မနေနိုင်တော့ဘူး
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက ပြင်းထန်စွာ တုန်ခါလာသည်။ သူက စစ်နတ်ဘုရားမျှော် နန်းဆောင်ကို ထားခဲ့ကာ အာကာပြင်မုခ်ဝထဲသို့ ဝင်သွားပြီး မြောက်ပင်လယ်သို့ ဦးတည်အရှိန်မြှင့်လိုက်သည်။
ထိုအချိန်တွင် ရှန်ထျန်းက ခွန်ဘုရင်၏ ဦးဆောင်မှုဖြင့် တားမြစ်ကျောက်ပြား ရှိရာ တောင်ကြားသို့ ရောက်ရှိနေလေပြီ။
ထိုတောင်ကြားက အသူရာချောက်နက်ထဲသို့ ပေတစ်သောင်းရှစ်ထောင်အနက်တွင် တည်ရှိသည်။ နည်းလမ်းတကျပြောရလျှင် ဤနေရာက ခွန်မျိုးနွယ် ကန့်သတ်ထားသောနေရာထက် ကျော်လွန်နေသည်။ ထိုနေရာကို တစ်နှစ်ပတ်လုံး ခွန်အကြီးအကဲများက ကာကွယ်စောင့်ရှောက်ထားသည်။
ရှန်ထျန်း တောင်ကြားထဲသို့ ရောက်ရောက်သွားချင်း စွမ်းအားကြီးသော အရှိန်အဝါ ၁၀ခု ထိုးဖောက် ထွက်လာသည်ကို ခံစားလိုက်ရပြီး တစ်ခုချင်းစီက အနည်းဆုံး ကောင်းကင်အသျှင်နှင့် အထက်ရှိသည်ကို သိရှိလိုက်ရသည်။
သူတို့က စွမ်းအားကြီးပြီး အတွေ့အကြုံရှိသော ကောင်းကင်အသျှင်များ ဖြစ်ကြသည်။ သူတို့၏ တိုက်ခိုက်စွမ်းရည်များက အခုမှ ကောင်းကင်အသျှင်ဖြစ်ခါစ ခွန်ယုထက် ပိုမို ကောင်းမွန်သည်။
ဤတားမြစ်ကျောက်ပြားကို ဘယ်သူမှ နားလည်အောင် မကြိုးစားရဲတော့သော်လည်း ခွန်မျိုးနွယ်က ဂရုတစိုက်ဖြင့် စောင့်ရှောက်ထားဆဲ ဖြစ်သည်။
ခွန်ဘုရင်က ရှင်းပြလိုက်သည်
“ ဒီတားမြစ်ကျောက်ပြားက အရမ်းထူးဆန်းတယ်။ ငါတို့ရဲ့ ဘိုးဘေးဘီဘင်က ဒါကို အသူရာချောက်နက်ရဲ့ အတော်လေး နက်တဲ့အပိုင်းမှာ တွေ့ခဲ့တာ။ ဒါပေမဲ့ အဲဒါက ဘယ်ပညာရပ်နဲ့ဆို ရွှေ့လို့ မရခဲ့ဘူးတဲ့။
အဲဒီနှစ်တုန်းက ငါတို့ရဲ့ ဘိုးဘေးဘီဘင်က သူ့ရဲ့ အဆုံးမဲ့ခွန်အားပညာရပ်ကို သုံးခဲ့ပေမဲ့ ဒီကျောက်ပြားကြီးကို တစ်လက်မလောက်တောင် မရွှေ့နိုင်ခဲ့ဘူးတဲ့။ အဲဒါက သူ့ကိုတောင် ထိခိုက်သွားစေသေးတယ်”
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားကာ ပြောလိုက်သည်
“ ဝိဇ္ဇာတစ်ယောက်တောင် မရွှေ့နိုင်ဘူးတဲ့လား”
ခွန်ဘုရင်က မခံမရပ်နိုင်စွာဖြင့် ပြောလိုက်သည်
“ အဲဒီအချိန်တုန်းက ငါတို့ရဲ့ ဘိုးဘေးဘီဘင်က နတ်ဧကရာဇ်တစ်ပါး ဖြစ်နေပြီ”
သေစမ်း….
အမလေး… လေး…. လေး…
မိုးကြိုးစမ်းသပ်ချက်ကို ၃၆ ချက် ဖြတ်ကျော်ထားတဲ့ ပြိုင်ဘက်ကင်း နတ်ဧကရာဇ်တောင် ဒီကျောက်ပြားကို မရွှေ့နိုင်ပဲ ဒဏ်ရာတောင် ရသွားတယ်တဲ့လား
ဒါက ဘယ်လိုကြီးလဲ
ခွန်နတ်ဧကရာဇ်တစ်ပါးက ဘာလို့ အဲလောက်တောင် အားနည်းနေရတာလဲ မမိုက်ပါဘူး
ကြီးမြတ်တဲ့ ခွန်နတ်ဧကရာဇ်တစ်ပါးက ကျောက်ပြားရဲ့ တစ်စိတ်တစ်ပိုင်းကို နားလည်နိုင်တယ်လို့ မပြောခဲ့ဘူးလား။ ကျောက်ပြားက ဘာလို့ သူ့ကို နာကျင်အောင် လုပ်ရတာလဲ
ရှန်ထျန်းက ခွန်နတ်ဧကရာဇ်ကို တိတ်တိတ်လေး လှောင်ရယ်လိုက်သည်။ အတွေးများကို အပြင်ထုတ်ပြောရမည့်အစား မေးခွန်းတစ်ခုကိုသာ မေးလိုက်သည်
“ ဒါဆိုရင် ဒီကျောက်ပြားက ဘယ်လိုလုပ်ပြီးတော့ ဒီတောင်ကြားကို ရောက်လာခဲ့တာလဲ”
ခွန်ဘုရင်က ဆန်းကြယ်စွာပြုံးရင်း ပြောလိုက်သည်
“ ငါတို့ရဲ့ ဘိုးဘေးဘီဘင်က ကျောက်ပြား သတိမထားမိတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ ပြိုင်ဘက်ကင်း ပညာရပ်ကို ထုတ်သုံးခဲ့ပြီးတော့ အဲဒီကျောက်ပြားရှိနေတဲ့ မြေအပိုင်းအစတစ်ခုလုံးကို တူးယူပြီးတော့ ဒီနေရာကို လာပို့ခဲ့တာ။
သူ့ရဲ့ အစီအရင်က အရမ်းကြီးတယ်။ သူက မြန်မြန်လည်း ရွေ့လျားခဲ့တယ်။ အဲဒါကြောင့် အဲဒီကျောက်ပြားရဲ့ တိုက်ခိုက်ခြင်းကို မခံခဲ့ရဘူး”
ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်း မသိတော့ပေ။
ကျောက်ပြား သတိမထားမိတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ တစ်နေရာလုံးကို ရွှေ့လာတယ်တဲ့လား
ဒါကို ရှာတွေ့ခဲ့တဲ့ ချစ်ရပါသော ဘိုးဘေးဘီဘင် … ခင်ဗျားက တကယ်ကို ဉာဏ်ကောင်းတဲ့ ခွန်ပါပဲ