← Chapters

ဆန်းကြယ်သော မဟာဧကရီ … တစ်ခါတည်း ရှင်းထုတ်ခြင်း

Vol. 23 Ch. 340

ဆန်းကြယ်သော မဟာဧကရီ … တစ်ခါတည်း ရှင်းထုတ်ခြင်း

Vol. 23 Ch. 340

အခန်း (၃၄၀) : ဆန်းကြယ်သော မဟာဧကရီ … တစ်ခါတည်း ရှင်းထုတ်ခြင်း

ခွန်ဘုရင်၏ ဦးဆောင်မှုအောက်တွင် ရှန်ထျန်းက ခွန်အကြီးအကဲများဆီမှ ကန့်ကွက်ခြင်းမရှိဘဲ တောင်ကြားထဲသို့ အဆင်ပြေပြေဖြင့် ဝင်ရောက်သွားနိုင်သည်။

ရှန်ထျန်း တောင်ကြားထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများ၏ ပြောင်းလဲမှုကို ခံစားလိုက်နိုင်သည်။

ထိုတောင်ကြားထဲရှိ ဝိညာဉ်ချီများက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်တွင်ရှိသော ဝိညာဉ်ချီများထက် ဆယ်ဆပိုပြီး သိပ်သည်းသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း ဆန်းပြားသော အပင်မျိုးစုံ ပေါက်ရောက်နေသည်။

သူ့မှာသာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆိုသော ထိန်းသိမ်းစရာ ဂုဏ်ပုဒ်သာ မရှိပါက အနည်းငယ်လောက် တိတ်တဆိတ် စုဆောင်းချင်မိသည်။

အဟမ်း… ဟမ်း…

ဒီထက်ပိုပြီး အရေးကြီးသည်က ဤတောင်ကြားတွင် အရမ်းထူးခြားသော ကာကွယ်ရေး အစီအရင်တစ်ခုလည်း ရှိနေသည်။ ထိုအရာကို ယခင်က သန့်စင်ထားသည့်အတွက် တခြားသော ကာကွယ်ရေးအစီအရင်များထက် ပိုပြီးရှင်းလင်းကာ တိကျလှသည်။

ကာကွယ်ရေး အစီအရင်က ရှင်းလင်းပြီး အသေးစိတ်ကျလေလေ ဉာဏ်အလင်းပွင့်ဖို့ လွယ်ကူပြီး ကျင့်ကြံဆင့်ကို တိုးမြှင့်နိုင်လေလေ ဖြစ်သည်။

ထိုနေရာမျိုးတွင် အချိန်ကာလကြာရှည်စွာ ကျင့်ကြံပါက တူညီသောအားစိုက်ထုတ်မှုဖြင့် အကျိုးအမြတ်နှစ်ဆ ရရှိနိုင်သည်။

ဧရာမစွမ်းပကားရှင် ခွန်အကြီးအကဲများက ဤနေရာတွင် ကျင့်ကြံပြီး ဝိဇ္ဇာအဆင့်သို့ရောက်အောင် အားစိုက်ထုတ်နေကြသည်။

“ သူတော်စင် … မင်းကို ဒီနေရာအထိပဲ လိုက်ပို့ပေးနိုင်မယ်”

ခွန်ဘုရင်က ရှန်ထျန်းကို တောင်ကြား၏ အစွန်းပိုင်းထိ ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် ဝိညာဉ်ချီများက သိပ်သည်းလွန်းသည့်အတွက် မြူခိုးများဟုပင် ထင်မှတ်ရပေသည်။

ဤနေရာတွင် အသက်ရှူသွင်းလိုက်ခြင်းက ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်သည့် ဆေးလုံးတစ်လုံးကို စားလိုက်ရခြင်းနှင့် တူညီသည်။

ရှန်ထျန်းနှင့် ခွန်ဘုရင်၏ ရှေ့တွင် သွေးများဖြင့် မှတ်သားထားသော အနီရောင် နယ်မြေတစ်ခု ရှိနေသည်။

ခွန်ဘုရင်က ပြောလိုက်သည်

“ တားမြစ်ကျောက်ပြားမှာ အရမ်းကို ထူးဆန်းတဲ့ ညှို့ဓာတ်တစ်မျိုး ရှိတယ်။ အဲဒီအနားကို သွားတဲ့သူတွေ အကုန်လုံး ကျောက်ပြားကို နားလည်ဖို့ ကြိုးစားချင်တဲ့ စိတ်တွေ ပြင်းထန်လာလိမ့်မယ်။ ပြီးရင် ကံကြမ္မာဆိုးကျအောင် လုပ်လိမ့်မယ်။

မင်းရဲ့ဘေးမှာနေပြီးတော့ ကာကွယ်ရေးအစီအရင် လုပ်မပေးနိုင်ဘူး။ ကျန်တဲ့ ခရီးကို မင်းဘာသာမင်း ဆက်လျှောက်ရတော့မှာ”

ခွန်ဘုရင်က ကျောက်စိမ်းဆွဲပြားကို ထုတ်ကာ ပြောလိုက်သည်

“ ဒါက မဟာလေဟာနယ် အံ့ဖွယ်ကျောက်စိမ်းပဲ။ မင်းနဲ့အတူ သိမ်းထားပါ။ မင်း အန္တရာယ်နဲ့ကြုံတာဖြစ်ဖြစ် ဒါမှမဟုတ် ဒဏ်ရာရတာဖြစ်ဖြစ် ဒါမှမဟုတ် အဟမ်း… ဒီကျောက်စိမ်းက သူ့အလိုလို အစိတ်စိတ်အမြွာမြွာ ဖြစ်သွားပြီးတော့ မင်းကို အပြင်ဘက် ပြန်ပို့ပေးလိမ့်မယ်။

ဒါပေမဲ့ တားမြစ်ကျောက်ပြားက မင်းကို ဟန့်တားထားတယ်ဆိုရင်တော့ ဒီကျောက်စိမ်းက မင်းကို ပြန်ခေါ်လာပေးမှာ မဟုတ်ဘူး။

အဲဒါကြောင့် လုံခြုံရေးကို အမြဲတမ်း စိတ်ထဲထည့်ထားရမယ်။ နယ်မြေအနက်ပိုင်းမှာ မင်းကိုယ်မင်း ဘယ်တော့မှ မပျောက်ဆုံးသွားစေနဲ့”

မဟာလေဟာနယ် အံ့ဖွယ်ကျောက်စိမ်းကို လက်ခံပြီး ခွန်ဘုရင်၏ စိတ်ပူသော မျက်နှာထားကို တွေ့လိုက်ရသည့်အတွက် ရှန်ထျန်း စိတ်မသက်မသာဖြစ်နေသလို ခံစားလိုက်ရသည်။

သို့သော် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဖြစ်သော သူ့အနေဖြင့် ကြောက်ရွံ့မှု ကင်းမဲ့သင့်သည်။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ခွန်ဘုရင် ဘာမှစိတ်မပူပါနဲ့နော်။ ကျွန်တော် ဘာကိုမှ မကြောက်ပါဘူး။ ကျွန်တော် တားမြစ်ကျောက်ပြားကို နားမလည်ခဲ့ဘူးဆိုရင်လည်း ကျွန်တော်ရဲ့ ခုနစ်ပေရှိတဲ့ ခန္ဓာကိုယ်လည်း ကျောက်ပြားထဲမှာ အမြှုပ်ခံလိုက်ရမှာပေါ့။”

ထို့နောက် ရှန်ထျန်းက သူ၏ ရွှေတောင်ပံများကို ဖွင့်ထုတ်ကာ ပျံသန်းသွားသည်။

ထိုအခိုက်အတန့်တွင် ရှန်ထျန်းကို ကြည့်ရတာ အင်မတန်တက်ကြွပြီး သူရဲကောင်းဆန်သည်ဟု ထင်သည်။

ခွန်မင်နှင့် ခွန်ယုတို့က ရှန်ထျန်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ပြီး ငြိမ်သက်နေကြသည်။

ခွန်ယု၏ အပြာရောင် ဆံနွယ်လေးကို လေပြည်ညင်းလေးက တိုက်ခတ်သွားသည်

“ အဖေ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ပဲ တားမြစ်ကျောက်ပြားကို နားလည်နိုင်မယ်လို့ ထင်လားဟင်”

ခွန်မင်က လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်

“ သူက သာမန်ကျင့်စဉ်နဲ့တင် ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တာ ရှင်းနေတာပဲလေ။ သူ့အသက်ကို ဘာလို့ ဒီအရာကြောင့် စွန့်စားရမှာလဲ။ ထိုက်တန်လို့လား”

ခွန်ဘုရင်က သက်ပြင်းချကာ ပြောလိုက်သည်

“ သူက ကံကြမ္မာသားတော် အစစ်ဖြစ်လို့ နေမှာပေါ့။ သူက တားမြစ်ကျောက်ပြားအကြောင်းကို မကြားဖူးရင် ပြဿနာမရှိပါဘူး။ ဒါပေမဲ့အခု သူ့ဆီမှာ အခွင့်အရေးရှိလာပြီဆိုတော့ သူက ဘယ်လိုလုပ်ပြီးတော့ ငြင်းဆန်နိုင်မှာလဲ”

ရှန်ထျန်းက တားမြစ်ကျောက်ပြားကို နားလည်နိုင်မှာလား နားမလည်နိုင်ဘူးလား

ခွန်ဘုရင် မခန့်မှန်းရဲဘူး။ တကယ်လို့ ရှန်ထျန်း ကျရှုံးသွားခဲ့မယ်ဆိုရင်တောင် သူ မသေလောက်ပါဘူး ဟုတ်တယ်မလား

ရှေးခေတ်အခါကတည်းက တားမြစ်ကျောက်ပြားကို နားလည်အောင် လုပ်ဖို့ ကြိုးစားသော ပါရမီရှင်များအားလုံးက အများစုက လမ်းကြောင်း လွဲချော်သွားတာ ဒါမှမဟုတ် ကိုယ်တိုင်ပေါက်ကွဲသွားတာကို ကြုံရပြီးတော့ ၉၀ ရာခိုင်နှုန်းလောက်သာ သေသွားကြတယ်

၈ ရာခိုင်နှုန်း ၉ ရာခိုင်နှုန်းလောက်ကတော့ ဖြစ်ပျက်တာကို သည်းခံနိုင်ပြီးတော့ တက်ကြွတဲ့ ဝိညာဉ်တွေ၊ ခန္ဓာကိုယ်တွေနဲ့ ပြန်ပြီးတော့ ထွက်ပေါ်လာကြတယ်

သူတို့က ဘာပြိုင်ဘက်ကင်းပညာရပ်ကိုမှ မရှိခဲ့သော်လည်း သူတို့၏ အလားအလာကိုတော့ မြှင့်တင်ပေးလိုက်သလိုဖြစ်ပြီး ကြီးမြတ်သော အရာများကို လုပ်ရင်း အဆုံးသတ်သွားကြသည်။

ရှန်ထျန်းက တားမြစ်ကျောက်ပြားကို အောင်မြင်စွာ နားလည်နိုင်ပြီး ဒုတိယ “မဟာခွန် နတ်ဧကရာဇ်”ဖြစ်လာမလားဆိုသည့်အချက်နှင့် ပတ်သက်ပြီး ခွန်ဘုရင်က မျှော်လင့်ချက်တွေ အများကြီးမထားပေ။

ရှန်ထျန်းက သဘာဝအရည်အချင်းနှင့် ကံကြမ္မာကြောင့် တားမြစ်ကျောက်ပြားဆီမှ မထိခိုက်ဘဲ ထွက်လာဖို့တော့ ခက်ခဲမည် မဟုတ်ပေ။

ထိုကျောက်ပြားကြောင့် ရှန်ထျန်းလည်း အတော်လေး တိုးတက်သွားလိမ့်မည်။ ထိုအရာက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အနေဖြင့် ရှန်ထျန်းကို တားမြစ်ကျောက်ပြား နားလည်အောင် ကြိုးစားကြည့်ဖို့ သဘောတူလိုက်သည့် အဓိက အကြောင်းအရင်း ဖြစ်လိမ့်မည်။

မင်းကို မသတ်တဲ့အရာက မင်းကို သန်မာအောင် လုပ်ပေးလိမ့်မယ်

ရှေးခေတ်အခါကတည်းက ဘယ်ကြီးမြတ်တဲ့ ပါရမီရှင်က မစွန့်စားပဲ နေခဲ့လို့လဲ။ မစွန့်စားတဲ့ ပါရမီရှင်ကို ပါရမီရှင်လို့ရော ခေါ်နိုင်လို့လား

ခွန်ဘုရင်က ရှန်ထျန်း ထွက်သွားသောဘက်ကို ကြည့်ကာ ရေရွတ်လိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သာ အောင်အောင်မြင်မြင်နဲ့ ပြန်လာနိုင်ခဲ့ရင် သူ့ကို ငါတို့ရဲ့ လူသားတွဲဖက် ဖြစ်အောင် လုပ်ပြီးတော့ နတ်ဧကရာဇ်တစ်ပါး ဖြစ်လာဖို့အတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးရမယ်”

ရှန်ထျန်းက ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ အဲဒါကြောင့် သူတို့အနေနဲ့ သူ့ကို နဂါးမျိုးနွယ်တစ်ခုထဲက အပိုင်သိမ်းတာမျိုး သူတို့ လက်မခံနိုင်ဘူးလေ

ခွန်ဘုရင် ဘာတွေစဉ်းစားနေလဲဆိုတာကို ရှန်ထျန်း မသိပေ။

သူက တောင်ကြား၏ ပင်မနေရာသို့ ရောက်ရှိလာပြီဖြစ်ပြီး ရှေ့သို့ ဆက်ပြီး မသွားနိုင်တော့ပေ။

သူက တောင်ကြားမှ ကြောက်စရာ ကောင်းသော ဆွဲဆောင်မှုကို ခံစားနေမိသည်။ သူသာ ဆက်ပြီးသွားပါက ဒုက္ခတချို့နှင့် တွေ့ရနိုင်သည်။

ထို့အပြင်  ဤနေရာတွင်ရှိသော ဝိညာဉ်ချီများက သိပ်သည်းသော မြူခိုးများအဖြစ်သို့ စုပုံလာသည်။ ရှန်ထျန်း၏ မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံတွင် ထိုးဖောက်မြင်နိုင်စွမ်း မရှိပါက လုံးဝ မမြင်ရတော့ဘဲ ဦးတည်ရာကို ပျောက်သွားနိုင်သည်။

ဝိညာဉ်မြူခိုးတောင်ကြားတွင် ဖြစ်ခဲ့သည့်ပုံစံနှင့်တူသော်လည်း ယခုက စိန်ခေါ်မှုတော့ ပိုများသည်။ တားမြစ်ကျောက်ပြားက ဤမျှလောက်ထိ မရိုးရှင်းပေ။

ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက တားမြစ်ကျောက်ပြားကို တွေ့ထားပြီးပြီ ဖြစ်သည်။

ထိုအရာက တောင်ကြားအလယ်တွင် တည်ရှိနေသော ၄၉ ပေမြင့်သည့် ကြေးကျောက်ပြားကြီး တစ်ခု ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် ထိုကျောက်ပြားက ရှန်ထျန်းအတွက် မကြီးဘူးဟု ဆိုနိုင်သည်။ သူ၏ ကောင်းကင်ခြေမွ လက်ဖဝါးကပင် အလွယ်တကူလေး ပေပေါင်း ရာချီပြီး ကြီးအောင်လုပ်လို့ ရသည့်အတွက် ဖြစ်သည်။

သို့သော် ထိုရှေ့တွင် မတ်တပ်ရပ်ပြီးနောက် ရှန်ထျန်းက ပြိုင်ဘက်ကင်း အမှောင်ခန်းဖြစ်သည့် စကြဝဠာတစ်ခုလုံးကို မျက်နှာချင်းဆိုင် မြင်လိုက်ရသလို ခံစားရသည်။

ရှန်ထျန်းက နဂါးနတ်ဘုရားကျွန်းတွင် ထာဝရနတ်ဧကရာဇ်တစ်ပါး ချန်ထားပေးခဲ့သော ကျောက်ပြားကို မြင်ခဲ့ဖူးသည်။ ထိုကျောက်ပြားက အနည်းဆုံး ပေတစ်ရာကျော်အမြင့်ရှိပြီး ဆန်းကြယ်သော အက္ခရာများဖြင့် ဖုံးလွှမ်းနေသည်။

သို့သော် ဤကျောက်ပြားကတော့ အရမ်းရိုးရှင်းလှသည်။ ထိုပေါ်တွင် အဆုံးမဲ့ ဆွဲဆောင်မှု စွမ်းအားကို ကိုင်ဆောင်ထားသည့် အနက်ရောင် လေပွေငယ် ပုံစံတစ်ခုသာ ရှိသည်။ ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်ချီများ၊ သက်ရှိသတ္တဝါများ၊ နတ်ဘုရားအသိစိတ်များနှင့် ဝိညာဉ်များကိုပါ ချက်ချင်း ဝါးမျိုတော့မလို ခံစားနေရသည်။

ဤတားမြစ် ကျောက်ပြားက ထာဝရအသက် ကျောက်ပြားထက် ပိုပြီးကြောက်ဖို့ကောင်းသည်ဟု ရှန်ထျန်း ယူဆမိသည်။

သူက အသက်ပြင်းပြင်းရှူကာ လက်များကို ဆန့်တန်းထားလိုက်သည်။

ရုတ်တရက် အဖြူရောင် အဝတ်အစား ဝတ်ဆင်ထားသော သူတစ်ယောက် သူ့ရှေ့တွင်ပေါ်လာသည်။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ငါ့မှာ သုံးရောင်ခြယ်ရေစင်နဲ့ ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းသုံးခု ရှိတယ်။ ငါ မစွန့်စားနိုင်ဘူး”

ရှန်ထျန်းကိုယ်ပွားက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ငါ့ထဲမှာ ရှုပ်ထွေးပွေလီ အရှိန်အဝါ ရှိတယ်။ ရေရှည်ဆိုရင် ဘေးထွက်ဆိုးကျိုးရှိမလားဆိုတာ မသိနိုင်ဘူး။ အဲဒါကြောင့် ငါ မင်းအစား သွားပါရစေ”

သူတို့သာ တားမြစ်ကျောက်ပြားကို နားလည်နိုင်မည်ဆိုပါက ထိုက်တန်လှသည်။

တားမြစ်ကျောက်ပြားနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းသွားပါကလည်း ရှန်ထျန်းက ရှုပ်ထွေးပွေလီ အရှိန်အဝါများ စွန်းထင်းနေသည့် ဤကိုယ်ပွားကို ဆုံးရှုံးလိုက်ရလျှင် သိပ်ပြီးတော့ စိတ်ထဲမကောင်းဖြစ်မည် မဟုတ်ပေ။

ဤရှုပ်ထွေးပွေလီအရှိန်အဝါက ရှန်ထျန်း ကိုယ်ပွားခန္ဓာကိုယ်ထဲတွင် ကပ်ပါးကောင် တစ်ကောင်လိုမျိုး ကပ်နေသည်။ ထိုအရာက ဓာတ်ငါးပါး အဆီအနှစ်များစွာကို စုပ်ယူပြီးပြီဖြစ်သော်လည်း သန့်စင်ဖို့ မဖြစ်နိုင်ပေ။

အနာဂတ်တွင် ဤရှုပ်ထွေးပွေလီ အရှိန်အဝါက ဘယ်လိုဖြစ်သွားမယ်ဆိုတာကို ရှန်ထျန်း အာမ မခံရဲပေ။

တားမြစ်ကျောက်ပြားကလည်း စွမ်းအင်အမျိုးအစားစုံကို စုပ်ယူနိုင်သည်။ ထိုအရာက ပါရမီရှင်အချို့ကိုပင် စုပ်ယူခဲ့သေးသည်။

ရှန်ထျန်းအထဲရှိ ရှုပ်ထွေးပွေလီ အရှိန်အဝါကလည်း စွမ်းအင်မျိုးစုံကို စုပ်ယူနိုင်သည်။ ထိုအရာကို ဝိဇ္ဇာများပင် မထိရဲကြပေ။

ထိုအရာနှစ်ခု ထိပ်တိုက်တွေ့သည့်အခါ ဘာဖြစ်မလဲဆိုတာကို ရှန်ထျန်း မြင်ချင်မိသည်။

ဘယ်သူ အနိုင်ရမလဲ

ရှန်ထျန်း၏ ကိုယ်ပွားက တားမြစ်ကျောက်ပြားနား ကပ်သွားသည့်အချိန် ရှန်ထျန်းအစစ်က တောင်ကြားနယ်နိမိတ်သို့ ပြန်သွားသည်။

နားလည်ရခက်ခဲသည့်အရာကို စောင့်ကြည့်သည့်အခါ လုံခြုံသော အကွာအဝေးမှ ကြည့်ဖို့အရေးကြီးလှသည်။

ကပ်ဘေးများဖြစ်သည့်အချိန် ဘေးမှ ရပ်ကြည့်နေသူများလည်း ဆက်စပ်သော ပျက်စီးမှုနှင့် ကြုံရတတ်သည်။

ဝေးဝေး… နည်းနည်းလောက် ထပ်ပြီးဝေးဝေး …

ရှန်ထျန်းက ကျောက်ပြားကို မြင်နိုင်ရုံမျှ အကွာအဝေးထိ ဆုတ်ခွာသွားပြီး နောက်ဆုံးမှ ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် ရှန်ထျန်း၏ ကိုယ်ပွားက တားမြစ်ကျောက်ပြားရှေ့တွင် တင်ပျဉ်ခွေထိုင်ပြီး လေ့လာနေသည်။

ရှန်ထျန်းကလည်း သတိကြီးကြီး ထားနေသည်။ တစ်ခုခု မူမမှန်ဘူးဟု ခံစားရသည်နှင့်တစ်ပြိုင်နက် နတ်ဘုရားအသိစိတ် ဆက်သွယ်မှုကို ချက်ချင်း ဖြတ်တောက်လိုက်မည်။

ကျင့်ကြံရေးလောကတွင် လုံခြုံရေးကို အမြဲတမ်း ဦးစားပေးရမည် ဖြစ်သည်။

ရှန်ထျန်း၏ ကိုယ်ပွားက ကျောက်ပြားကို ပြင်းထန်စွာ လေ့လာနေသည်။ ညာဘက်လက်ဖြင့် ကျောက်ပြားပေါ်ရှိ အက္ခရာများကို ပွတ်သပ်လိုက်သည့်အခါ ထိုကျောက်ပြားကို လိုချင်သော စိတ်ဆန္ဒများ ရုတ်တရက် ပြင်းထန်လာသည်။

ကျောက်ပြားပေါ်ရှိ လေပွေငယ်ပုံရိပ်က ဖြည်းဖြည်းချင်း စတင်လည်ပတ်လာပြီး အံ့ဩဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်ဟု ရှန်ထျန်း၏ ကိုယ်ပွား ခံစားလာမိသည်။

ထိုလေပွေငယ်ပုံရိပ်ထဲတွင် စကြဝဠာထဲရှိ သေခြင်း၊ ရှင်ခြင်း၊ ကောင်ကင်ဘုံ၏ မြင့်တက်ခြင်း၊ နိမ့်ကျခြင်းနှင့် နတ်ဘုရားနှင့် နတ်ဆိုးများ၏ လျော့နည်းခြင်းတို့ကို မြင်နေရသည်။

ကြီးမားသော လေပွေလှိုင်းကြီးက စကြဝဠာတစ်လျှောက် ဖြတ်သန်းကာ မရေတွက်နိုင်သော နတ်ဘုရားများနှင့် နတ်ဆိုးများကို ဝါးမျိုနေသည်ကို မြင်ရသည်။

ခေါင်းပြတ်နေသော နဂါးကြီးများ၊ တောင်ပံကျိုးနေသော ဇာမဏီငှက်များ၊ ဗုဒ္ဓ သွေးမျက်ရည်ကျနေခြင်း၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသော ကောင်းကင်နတ်ဧကရာဇ်များ…

စွမ်းအားကြီးသော ဖြစ်တည်မှုအားလုံးကို လေပွေထဲသို့ စုပ်ယူသွားပြီး ဗလာနတ္ထိ ဖြစ်သွားသည်။

ထိုပြိုင်ဘက်ကင်း လေပွေငယ်၏ အလယ်တွင် အဖြူရောင်အထွတ်အမြတ် ကြာပန်းတစ်ပွင့်ရှိပြီး သူ့ပွင့်ဖတ်များက ငုံပိတ်နေဆဲ ဖြစ်သည်။

ကြာပန်းက သန့်စင်ပြင်းထန်သော ပြိုင်ဘက်ကင်း ဓားအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ရှန်ထျန်း အနည်းငယ် ကြောင်အသွားသည်။

ဒီထူးခြားတဲ့ သက်ရောက်မှုတွေ ရှိတဲ့အရာက တကယ်ကို ထူးဆန်းတယ်

ဤရှေးဟောင်းကျောက်ပြားက မရိုးရှင်းကြောင်း ခံစားလာရသည်။

ရှန်ထျန်းက ကျောက်ပြားကို ဂရုတစိုက်ဖြင့် စတင်နားလည်အောင် လုပ်တော့သည်။ ထိုအခါ သူ့ခန္ဓာကိုယ်ထဲရှိ ဓားနှလုံးသားက တုန်ခါလာသည်။

သူက ကျောက်ပြားနှင့်အတူ ပဲ့တင်သံထွက်အောင် လုပ်ရင်း လျှို့ဝှက်တားမြစ်ထားသော ပြိုင်ဘက်ကင်း ပညာရပ်အချို့ကို နားလည်လာသလို ခံစားရသည်။

ကြာပန်းဖြူက ရုတ်တရက် ဖူးပွင့်လာကာ အနက်ရောင် လေပွေတစ်ခုလုံးကို တောက်ပသော မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ထိုပုံစံမဲ့စွမ်းအား၏ ဆွဲဆောင်မှုက အကြိမ်တစ်ရာကျော် မြင့်တက်သွားပုံပေါ်ပြီး ရှန်ထျန်း၏ နတ်ဘုရားအသိစိတ်ကလည်း အတွင်းပိုင်း ချက်ချင်း ဝင်သွားသည်။

ဟုတ်တယ် ရှန်ထျန်းရဲ့ နတ်ဘုရားအသိစိတ်နော် … ရှန်ထျန်းရဲ့ ကိုယ်ပွားဟာ မဟုတ်ဘူး

ရှန်ထျန်း၏ နတ်ဘုရားအသိစိတ်ကို ဆန်းကြယ်သော အာကာပြင်ထဲသို့ ဆွဲသွင်းခံလိုက်ရသည့်အတွက် မိုင်အနည်းငယ် အကွာအဝေးရှိ ရှန်ထျန်း၏ နတ်ဘုရားအသိစိတ်တွင် မြူခိုးများ ဖုံးလွှမ်းသွားသည်။

………………

အသူရာချောက်နက်ထဲ၏ မိုင်ပေါင်းထောင်ချီ အကွာအဝေးရှိ လူသူကင်းမဲ့သော ကျွန်းပေါ်တွင်…

ရှန်ထျန်းက လုံယွမ်နတ်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး ယဲ့ချန်းခန်နှင့်အတူ ဥများကို အဖန်ရည်ထဲတွင် ထည့်ပြုတ်နေသည်။ ရနံ့က စားချင်စိတ်ကို ဖြစ်ပေါ်စေသည်။

လူတစ်ယောက်၊ ဝိညာဉ်တစ်ကောင်။ လူငယ်တစ်ယောက်၊ လူကြီးတစ်ယောက် … သူတို့နှစ်ယောက်လုံးက ထိုဥများကို မြိန်ရေယှက်ရေ စားသုံးနေကြတယ်။

ရုတ်တရက် ရှန်ထျန်း အေးစက်သွားသည်။

သူက ယဲ့ချန်းခန်ကို ကြည့်ရင်း ပြောလိုက်သည်

“ သေစမ်း  … လူအိုကြီးယဲ့ မကောင်းတဲ့ အရာတွေ ဖြစ်မလာဘူးဆိုပြီးတော့ ပြောခဲ့တယ် မဟုတ်လား…”

သူ စကားမဆုံးသေးခင် ရှန်ထျန်း၏ အကြည့်တို့ မသဲမကွဲဖြစ်သွားရသည်။

ယဲ့ချန်းခန် အံ့ဩတုန်လှုပ်သွားသည်။

ဘာတွေဖြစ်နေတာလဲ

ဒါက ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုဆီကနေ အကျိုးအမြတ်ရဖို့အတွက် ခွန်မျိုးနွယ်ရဲ့ ပိုင်နက်ထဲကို ရိုးရှင်းတဲ့ ခရီးလေးတစ်ခု ထွက်ရုံပဲလေ။ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ

ရှန်ထျန်း၏ ဝိညာဉ်ကို နောက်ထပ် တားမြစ်လေဟာနယ်ထဲသို့ ဆွဲသွင်းခံနေရသည်ကို ယဲ့ချန်းခန် ကောင်းကောင်း ခံစားမိသည်။

တစ်ယောက်ယောက်ကသာ ပြန်ပြီးတော့ ဆွဲမထားဘူးဆိုရင် သူ့ဘာသာသူ ပြန်လာဖို့အတွက် အခက်တွေ့လိမ့်မယ်

“ ငါတို့ လုပ်နိုင်တာထက် ပိုပြီးတော့ လုပ်နေမိပြီလား”

ယဲ့ချန်းခန်က ကျန်နေတာကို ပါးစပ်ထဲ အမြန်ထည့်ကာ အဖန်ရည်ဖြင့် မျှောချလိုက်သည်။

မိုင်ပေါင်းထောင်ချီအကွာက ဝိညာဉ်ကို ပြန်လည်စုပ်ယူနိုင်တယ်ဆိုတော့ ဒါက မြေအောက်ကမ္ဘာက စွမ်းအားကြီးများလား

ဒါက တကယ်ပဲ မြေအောက်ကမ္ဘာက စွမ်းအားဆိုရင် ငါ့ရှေ့မှာ အဲဒီကလေးရဲ့ ဝိညာဉ်ကို လုနိုင်စရာ အကြောင်းမရှိဘူး

သေစမ်း… ဒီသေမျိုးလောကက မရိုးရှင်းဘူးပဲ

ယဲ့ချန်းခန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားကာ လက်ဟန်များကို အလျင်အမြန်လုပ်လိုက်သည်။

ငါ့ မွေးစားမြေးလေးရဲ့ ဝိညာဉ်ကို ယူချင်တယ်တဲ့လား။ အဲလောက်အထိ မလွယ်ဘူးလေ

ပင်မခန္ဓာကိုယ် ဒီဝိညာဉ်ကို ကယ်ဖို့အတွက် မြန်မြန်လာပြီး ကူညီပါတော့ …

…………………..

မိုင်ပေါင်း သန်းချီအကွာအဝေးရှိ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင်…

ကျင့်ကြံသူများ၏ အမှတ်များကို စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲမှ ကန်ထုတ်ခဲ့သည်။

သိပ်မကြာခင်မှာပဲ စစ်နတ်ဘုရား မျှော်နန်းဆောင်ကြီးက လေထဲသို့ ပျံတက်သွားကာ အာကာပြင်မုခ်ဝထဲသို့ ဝင်သွားသည်။

စစ်နတ်ဘုရား မျှော်နန်းဆောင်ကို အသုံးပြုရဖို့အတွက် အဝေးမှ ခရီးနှင်လာသော ကျင့်ကြံသူများက မျှော်နန်းဆောင် ပျောက်ကွယ်သွားသည်ကိုသာ အံ့ဩမှင်သက်စွာဖြင့် ကြည့်နေခဲ့ရသည်။

သူတို့က စစ်နတ်ဘုရား မျှော်နန်းဆောင်ကို အသုံးပြုဖို့အတွက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအထိ လပေါင်းများစွာ ခရီးနှင်ပြီးမှ ရောက်ရှိခဲ့သည်။

“ ဘာလို့ ထပ်ပြီးတော့ ရုတ်တရက် ပျံသန်းသွားပြန်တာလဲ”

“ အာ… ထပ်ပြီးတော့လို့ ပြောလိုက်တာလား”

All Chapters