မဟာဧကရီ ထပ်မံ ထွက်ပေါ်လာခြင်း … ရှုပ်ထွေးပွေလီ မီးစာကျမ်း
Vol. 23 Ch. 341
အခန်း (၃၄၁) : မဟာဧကရီ ထပ်မံ ထွက်ပေါ်လာခြင်း … ရှုပ်ထွေးပွေလီ မီးစာကျမ်း
အက်ကြောင်းများဖြင့် ပြည့်နှက်နေသာ စစ်နတ်ဘုရား မျှော်နန်းဆောင်ကလည်း ယဲ့ချန်းခန်၏ ထိန်းချုပ်မှုအောက်တွင် အာကာပြင်ကို ဖြတ်သန်းပြီး မိုင်ပေါင်း သောင်းချီပြီး ခရီးနှင်နေသည်။
အသုံးပြုရသော ဝိညာဉ်ချီ ပမာဏကလည်း များပြားလှသည်။
ယဲ့ချန်းခန်က ရှန်ထျန်းကို ကယ်ပြီးပါက ကုန်ကျစရိတ်အားလုံးကို ပြန်တောင်းရန်အတွက်လည်း ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။
ဂျိန်း…
စစ်နတ်ဘုရား မျှော်နန်းဆောင်က တုန်ခါနေသော အသံနှင့်အတူ လူသူကင်းမဲ့သော ကျွန်းသို့ ရောက်ရှိသွားသည်။
ယဲ့ချန်းခန်က မျှော်နန်းဆောင်အပေါ်တွင် ပေါ်လာပြီး ရှန်ထျန်း၏ ပင်မခန္ဓာကိုယ်ကို ကြည့်လိုက်သည့်အခါ ဒေါသများဖြင့် တောက်လောင်လာသည်။
“ သူ့ရဲ့ ဝိညာဉ်ကို နောက်ထပ် အာကာပြင်တစ်ခုထဲကို လုံးဝ ဆွဲသွင်းခံလိုက်ရပြီ။ သူ့ရဲ့ ကိုယ်ပွားကလည်း အလယ်ကနေ မူလခန္ဓာကိုယ်ရဲ့ ဝိညာဉ်ကို ပြန်ဆွဲနေတယ်” ယဲ့ချန်းခန်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်
“ ငါက အဲဒီတားမြစ်ကျောက်ပြားကို လျှော့တွက်ခဲ့မိတာပဲ။ ဒါပေမဲ့ ငါ့ရဲ့ မွေးစားမြေးကို ဒီလိုလုပ်ဖို့ ဒီလောက်အထိ မရိုးရှင်းဘူးလေ”
စစ်နတ်ဘုရား မျှော်နန်းဆောင်က ချက်ချင်း တောက်ပသွားကာ ယဲ့ချန်းခန်၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းနေသည်။
ထိုအခိုက်အတန့်တွင် ယဲ့ချန်းခန်၏ ပုံရိပ်ယောင် ခန္ဓာကိုယ်က အစစ်အမှန်ဖြစ်လာပြီး သူ့အရှိန်အဝါကလည်း လုံးဝ တိုးတက်လာသည်။
အတိဒုက္ခလွန် ဖြတ်ကျော်ခြင်း ကျင့်ကြံသူများသာ ရှိပါက သူတို့က ယဲ့ချန်းခန်၏ အရှိန်အဝါကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြလိမ့်မည်။
“ အယုတ်တမာ …ငါ့ လမ်းကို မပိတ်နဲ့”
သူက အမြင်ဖြင့် လိုက်၍မမှီနိုင်သော မရေတွက်နိုင်သည့် လက်ဟန်များစွာကို ပြုလုပ်ပြီးနောက် ယဲ့ချန်းခန်၏ ရှေ့တွင် ဆန်းကြယ်သော တာအိုအက္ခရာစာများ ပါဝင်သော တောက်ပသည့် တံခါးတစ်ချပ် ပေါ်လာသည်။
ယဲ့ချန်းခန်၏ ဘေးပတ်လည်ရှိ ခရမ်းရောင် အရှိန်အဝါက ပြင်းထန်စွာ တောက်လောင်နေပြီး မူလက ပိန်သော ခန္ဓာကိုယ်၏ ကြွက်သားများ ဖောင်းပွလာကာ သူ့ကို ပိုပြီးတော့ ထွားကျိုးပုံပေါ်စေသည်။
“ ကောင်းကင်လွင်ပြင် တူ၃၆လက် … တောက်ပသော နေမင်း တူလက်နက်”
ယဲ့ချန်းခန်က လေများကို ဖမ်းဆုပ်လိုက်သကဲ့သို့ လက်နှစ်ဖက်ကို ပူးလိုက်သည့်အခါ အဆုံးမဲ့ ခရမ်းရောင်အရှိန်အဝါက ရုတ်တရက် အလွန်ကြီးမား တူတစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။
“ အနည်းဆုံးတော့ ဒီရိုက်ချက်အတွက် ဝိညာဉ်သလင်းကျောက် ၈ သိန်းလောက် သုံးရမယ်။ တကယ်ကို ဆုံးရှုံးမှုကြီးပဲ။
ထျန်းအာ… အား… ထျန်းအာ…။ ရှေ့လျှောက် ငါ့ကို ထောက်ပံ့ဖို့ မင်းအပေါ် မှီခိုရမယ်”
ယဲ့ချန်းခန်က အပြစ်တင် ပြောဆိုနေသော်လည်း လုပ်ရပ်များကိုတော့ မရပ်တန့်လိုက်ပေ။
ဧရာမ တူကြီးက ခရမ်းနီရောင် မီးတောက်ဖြင့် တောက်လောင်နေသည့်ပုံစံက တောက်ပသောနေမင်းက ထိုတံခါးပေါက်ကို ရိုက်နှက်နေသလိုမျိုး ခံစားရသည်။
ဂျိန်း…
ထိုမုခ်ဝက ပြင်းထန်စွာ တုန်ခါလာသည့်အခါ သူ့ပတ်ဝန်းကျင်ရှိ အာကာပြင်က အစိတ်စိတ်အမြွာမြွာ ဖြစ်သွားကာ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။
သို့သော် မုခ်ဝက မပွင့်သေးပေ။ ထိုအရာက ပြောင်းလဲ၍ မရနိုင်သော ဖြစ်တည်မှုမျိုးဖြစ်ပြီး မည်သည့်ပြင်ပအားကမှ လှုပ်ကိုင်လို့မရနိုင်ပေ။
ယဲ့ချန်းခန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ သေမျိုးလောကမှာ အဲလိုအရာမျိုး ရှိနေသေးတာလား။
ထားလိုက်ပါ။ တစ်ချက်ထဲနဲ့ ဖွင့်လို့မရရင် နောက်ထပ် ထပ်ပြီးတော့ ကြိုးစားကြည့်တာပေါ့။ ငါ မဖွင့်နိုင်တဲ့ တံခါးရှိနေတယ်ဆိုတာ မယုံနိုင်ဘူး”
၈ သိန်း…
၈ သိန်း…
၈ သိန်း…
ယဲ့ချန်းခန်က ဒေါသထွက်စွာဖြင့် ခွန်အားအကုန်သုံးကာ တံခါးကို ကြေမွအောင် လုပ်နေသည့်အတွက် လူသူကင်းမဲ့သော ကျွန်းပတ်လည်ရှိ အာကာပြင်တစ်ခုလုံး ကွဲအက်သွားသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ချန်းခန်က သူ့ခွန်အားကို အမြင့်ဆုံးအထိ မြှင့်တင်ထားသည့်အတွက် ဖြစ်သည်။ မဟုတ်ပါက သူ့ခွန်အား အနည်းငယ်လောက်သာ ယိုစိမ့်ထွက်သွားပါက အာကာပြင်တစ်ခုလုံး လုံးဝ စွန့်ပစ်မြေတစ်ခုလို ဖြစ်သွားမည် ဖြစ်သည်။
မရေတွက်နိုင်သော ရိုက်ချက်များ ပြီးသွားသည့်အခါ စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ပတ်လည်ဝန်းရံနေသည့် ခရမ်းရောင်အလင်းများပင် မှိန်သွားသည်။ ထိုအခါမှသာ မုခ်ဝက ဖြည်းဖြည်းချင်း ပွင့်လာသည်။
အောင်မြင်သွားပြီ
ယဲ့ချန်းခန်က ခါးကို လိမ်ချိုးကာ အညောင်းအညာဖြေလိုက်ပြီး ခရမ်းတူကို ကိုင်ထားကာ မုခ်ဝထဲသို့ လမ်းလျှောက်ဝင်သွားသည်။
ယဲ့ချန်းခန်က မုခ်ဝထဲသို့ ဝင်သွားပြီး ရဲတင်းစွာ ပြောလိုက်သည်
“ ဘယ်သူပဲဖြစ်ဖြစ်…ရှန်ထျန်းကို ငါ့ဆီ ပြန်ပေးပါ။ မဟုတ်ရင် ငါ …”
သုံးစက္ကန့်ကြာပြီးနောက် မုခ်ဝဆီမှ တောက်ပသော ကောင်းကင် အလင်းတန်းတစ်ခု ပေါက်ကွဲသွားကာ အားလုံးကို အရောင်မဲ့အောင် လုပ်လိုက်သည်။
အကြပ်ရိုက်နေပုံပေါ်သော ပုံရိပ်တစ်ခု မုခ်ဝထဲမှ ထွက်လာသည်။ သူ့ကို ဖုန်များဖြင့် ဖုံးလွှမ်းသွားကာ ဆံပင်များလည်း ရှုပ်ပွနေပြီး မျက်နှာတွင်လည်း အံ့ဩမှင်သက်မှု၊ ကြောက်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ အမလေး … ဒါ သူမလား။ ငါက အခုလေးတင် သူမနဲ့ တိုက်ခိုက်ထားတာ မဟုတ်လား။
ဒါကိုသာ နတ်ဘုရားလောကက သိသွားမယ်ဆိုရင် ငါ နှစ်ပေါင်းသောင်းချီအထိ ကြွားဖို့ လိုလောက်တယ်။
သူမက ဘာလို့ ထျန်းအာကို ပြန်ပေးဆွဲရတာလဲ။ သူမက အနာဂတ်မှာ သူ့ကို ခင်ပွန်းအဖြစ် တင်မြှောက်ဖို့ စီစဉ်နေတာ ဖြစ်နိုင်လောက်လား။ ကျစ်…ဒါဆိုရင်တော့ သူ့ကို ကယ်မနေတော့ဘူး”
အာကာပြင်တစ်ခုထဲတွင် ရှန်ထျန်း မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူက ဗလာနတ္ထိဖြစ်နေသော နေရာတစ်ခုသို့ ရောက်ရှိနေပြီး ဘယ်သူကိုမှ မမြင်တွေ့ရပေ။
ထိုနေရာက ရှုပ်ထွေးပွေလီ အာကာပြင်ဖြစ်ပြီး သူ မြင်နိုင်သည်က အဆုံးမဲ့ မီးခိုးရောင်နှင့် အဖြူရောင်ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကို မဖန်တီးရသေးသလိုမျိုး အချိန်အခါဖြစ်သည်။
မီးခိုးနှင့် အဖြူရောင် ရောစပ်ထားသော ရှုပ်ထွေးပွေလီ အရှိန်အဝါက ဧရာမကြိတ်ဆုံကျောက်ကဲ့သို့ ကောင်းကင်တွင် လည်ပတ်နေကာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များအားလုံးကို ဝါးမျိုစုပ်ယူနေသည်။
သို့သော် ထိုအရာက စွမ်းအင်များကိုပင် ဝါးမျိုခြင်း မဟုတ်ပေ။ ထို ကြိတ်ဆုံကျောက်၏ အလယ်ရှိ အဆုံးမဲ့ ရှုပ်ထွေးပွေလီ အရှိန်အဝါထဲတွင် သက်တံကောင်းကင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို ရှန်ထျန်း ရှင်းလင်းစွာ မြင်လိုက်ရသည်။
ရှုပ်ထွေးပွေလီ အရှိန်အဝါက တိုက်စားပြီး အရာအားလုံးကို ဝါးမျိုသည်ဟု ပြောနိုင်ပါက သက်တံကောင်းကင် အလင်းတန်းသည် အရာအားလုံးကို ပြန်လည်ကုစားပြီး လူအများကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်သောအရာ ဖြစ်သည်။
ကောင်းကင်အလင်းတန်းက ကြိတ်ဆုံကျောက်၏ အလယ်တွင်ရှိပြီး ကမ္ဘာသစ်တစ်ခုကို ဖန်တီးပြီး ဘဝသစ်တစ်ခုကို ပျိုးထောင်နေသည်ဟု ခံစားရစေသည်။
ဒါဆိုရင် ငါ့ရဲ့ ကိုယ်ပွားနှစ်ခုကို ဖြတ်ပြီးတော့ ဒီအာကာပြင်ထဲရောက်အောင် ဆွဲခေါ်ခဲ့တဲ့အရာပေါ့
ရှန်ထျန်း နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
အဖိုးကြီးပြောသော “ မင်းရဲ့ မွေးစားအဖိုးနဲ့ဆိုရင် မင်းကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူး” ဒါမှမဟုတ် “ မင်းရဲ့ မူလခန္ဓာကိုယ်က ငါ့ဘေးမှာရှိနေသ၍ မင်းကို အလွယ်လေး ကာကွယ်နိုင်ပါတယ်” ဆိုသော စကားများကို ရှန်ထျန်း မှတ်မိနေသေးသည်။
ဒါဆိုရင် အခုအခြေအနေက ဘာလဲ။ ကြည့်ရတာ ခင်ဗျား ကျရှုံးသွားတဲ့ပုံပဲ
ရှန်ထျန်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
ဧရာမကြိတ်ဆုံကျောက်ထဲရှိ ကောင်းကင်အလင်းတန်းက စတင်လှုပ်ခတ်လာသည်ကို သူ မြင်လိုက်ရသည်။
ထို သက်တံကောင်းကင်အလင်းတန်းထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူမက လောကနှင့် အဆက်အသွယ် ဖြတ်ထားသည့်ပုံပေါ်ပြီး အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ခန္ဓာကိုယ်က ထာဝရတည်မြဲနိုင်သည့် ပုံရိပ်ယောင်တစ်ခုနှင့် တူသည်။
သူမက နှင်းပွင့်လို ဖြူဆွတ်နေသည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက ရှန်ထျန်းကို ကျောပေးထားပြီး သူမနောက်တွင် ပြောင်လက်နေသော ဆံနွယ်အနက်ရောင်က ဖြာကျနေသည်။
သူမကို သန့်စင်သော အံ့ဖွယ်စွမ်းအင်ဖြင့် လွှမ်းခြုံထားသည်။ အစကတည်းက အခုလိုမျိုး ရပ်နေသည့်အတိုင်း သူမ၏ သွယ်လျသော ပုံရိပ်က ငြိမ်သက်ပြီး ရွေ့လျားမှု မရှိပေ။
သူမ ထွက်ပေါ်လာသည့်အခါ သက်တံကောင်းကင် အလင်းတန်းပင် သူ၏ တောက်ပမှုကို ပျောက်ဆုံးသွားကာ လုံးဝ နောက်ခံအဖြစ်သို့ ပြောင်းလဲသွားသည်။
ဒီလိုမျိုး ရင်းနှီးနေတဲ့ ထူးခြားတဲ့ အကျိုးသက်ရောက်မှု၊ ရင်းနှီးနေတဲ့ ခံစားမှု…
ဤအမျိုးသမီးကို အရင်ကတည်းက မြင်ဖူးသည့်အတွက် ရှန်ထျန်း အနည်းငယ် ကြောက်ရွံ့နေမိသည်။
သူမက ကြေးလက်စွပ်မှ တစ်ဆင့် သူ့ကို ဓားပျံတိုက်ကွက်ကို သင်ပေးထားသည့် မဟာဧကရီ ဖြစ်သည်။
ယခုလက်ရှိ ရှန်ထျန်းအတွက်ပင် ထိုဓားပျံတိုက်ကွက်က ခြွင်းချက်မရှိ စွမ်းအားအကြီးဆုံး သတ်ဖြတ်နိုင်သည့် ပညာရပ် ဖြစ်နေဆဲ ဖြစ်သည်။
သူ တားမြစ်ကျောက်ပြားကို နားလည်အောင်လုပ်ဖို့ ကြိုးစားရင်း သူမနှင့် ဆုံတွေ့ရလိမ့်မည်ဟု ရှန်ထျန်း ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။
ဒါပေမဲ့ သူတို့က အသိမိတ်ဆွေတွေဆိုတော့ အနည်းဆုံးတော့ အသက် မဆုံးရှုံးရတော့တာပေါ့
ရှန်ထျန်းက သက်ပြင်းချလိုက်မိသည်။
ပုံရိပ်က ရုတ်တရက် လှည့်လိုက်သည့်အတွက် အလင်းတန်းက သူ့အပေါ် ကျရောက်သွားသည်ဟု ရှန်ထျန်း ခံစားလိုက်မိသည်။
ထိုအခိုက်အတန့်တွင် ရှန်ထျန်း လုံးဝ လူမိသွားသလို ခံစားလိုက်ရသည်။
သေစမ်း … ထပ်ပြီးတော့လား
ဒီမဟာဧကရီမှာ ထိုးဖောက်မြင်နိုင်စွမ်းတွေများ ရှိနေတာလား
အရမ်းကြီး စိုက်ကြည့်တာက တကယ်ကို ရှက်ဖို့ကောင်းတယ်ဆိုတာ သိရဲ့လား
သူ့ကို အခုလိုပုံစံမျိုးနှင့် စိုက်ကြည့်ပြီး တာဝန်တွေအားလုံးကို ရှောင်ရှားမည်ဟု ရှန်ထျန်း သံသယရှိနေသည်။
ဒုတိယအကြိမ်ပဲ
ရှန်ထျန်းက ရေရွတ်လိုက်သည်
“ ထပ်ပြီးတော့လား … ကြည့်လို့ ဝပြီလား”
ရှန်ထျန်း၏ ရေရွတ်သံက အရမ်းညင်သာသော်လည်း သူက သူမ၏ ပိုင်နက်ထဲမှာ ရောက်ရှိနေသည်။
ရှန်ထျန်း ရှေ့တွင်ရှိသော သူမက အရမ်းအေးစက်နေသည့်ပုံစံပေါ်နေသည့်အတွက် သူ့ မေးခွန်းကို သူမ ပြန်ဖြေဖို့အတွက်လည်း မမျှော်လင့်ထားပေ။
သူမအတွက် လက်ရှိရှန်ထျန်းက ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ အားနည်းလှသည်။
နဂါးတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ရဲ့ မေးခွန်းကို ဖြေပါ့မလား
သို့သော် ရှန်ထျန်း မမျှော်လင့်ထားသည့်အတိုင်း မဟာဧကရီက စကားပြောခဲ့သည်။
“ နှစ်တစ်သောင်း စောင့်ရတာက အလကား မဟုတ်ဘူးပဲ။ နောက်ဆုံးတော့ မင်း ပြန်လာခဲ့ပြီ”
ဟမ်
နှစ်တစ်သောင်း စောင့်ရတာက အလကားမဟုတ်ဘူး … ငါက နောက်ဆုံးတော့ ပြန်လာခဲ့ပြီတဲ့လား
ရှန်ထျန်းက ကြောင်အသွားသော်လည်း ဝမ်းသာသွားမိသည်။
ငါက အရမ်းစွမ်းအားကြီးတဲ့သူ ပြန်လည် ဝင်စားတာများလား
အရင်ဘဝတုန်းက ဒီပြိုင်ဘက်ကင်း အလှပဂေးလေးက ငါ့ရဲ့ လက်တွဲဖော် ဖြစ်ခဲ့တာလား။ ဒါဆိုရင် … ငါ ဒီထက်ပိုပြီးတော့ ကြိုးစားဖို့ မလိုတော့ဘူးမလား
ရှန်ထျန်း ပျော်ရွှင်နေစဉ် သူ့ဆီမှ အပြာရောင် အလင်းတန်းတစ်ခုထွက်သွားသည်။ ရိုးရှင်းပြီး ရှေးကျသော ကြေးဖြင့် ပြုလုပ်ထားသည့် လက်စွပ်ဖြစ်ပြီး အကြမ်းထည်ဖြစ်ပုံပေါ်ပြီး သာမန်ဆန်လှသည်။
ထိုအမျိုးသမီးက သူတန်ဖိုးအထားဆုံးသော ရတနာကို ပြန်တွေ့သလိုမျိုး လက်စွပ်ကို ဆွဲယူကာ ညင်သာစွာ ပွတ်သပ်နေသည်။
ရှန်ထျန်းက နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
ဒါဆိုရင် “ မင်း နောက်ဆုံးတော့ ပြန်လာခဲ့ပြီပဲ” ဆိုတဲ့စကားထဲက “မင်း”က ငါ့ကို ဆိုလိုတာမဟုတ်ပဲနဲ့ ဒီကြေးလက်စွပ်ကို ဆိုလိုတာလား
ကြည့်ရတာ ငါ အတွေးများသွားတဲ့ပုံပဲ…
ဒါဆိုရင် ဒီလက်စွပ်က သူမအတွက် အရေးပါတာပေါ့
ဒါပေမဲ့ မဟာဧကရီက ဒီလက်စွပ်ကို ပြန်လိုချင်တယ်ဆိုရင် ဘာလို့ အစကတည်းက မပြောရတာလဲ
မင်းရဲ့ ခွန်အားနဲ့ဆိုရင် ဒီကြေးလက်စွပ်ကို လိုချင်ရင် သေချာပေါက် ပြန်ပေးမှာပေါ့
ဘာလို့ ဒီလို လူသူကင်းမဲ့ပြီး ရှုပ်ထွေးတဲ့ အာကာပြင်ထဲ ဆွဲသွင်းခဲ့ရတာလဲ။ အခုတော့ မလုံခြုံဘူးလို့ ခံစားနေရပြီ
ရှန်ထျန်းက ကောင်းကင်ရှိ မဟာဧကရီကို မဝံ့မရဲဖြင့် ကြည့်လိုက်သည်။ သူမက သူ့ကို ဘာလုပ်မယ်ဆိုတာကို မသိသည့်အတွက် ရိုးသားစွာ မော့ကြည့်လိုက်သည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။
ရှန်ထျန်းက မဟာဧကရီကို သနားစရာကောင်းသည့် ပုံစံဖြင့် စိုက်ကြည့်နေပြီး သူမကတော့ ကြေးလက်စွပ်ကို ပွတ်သပ်နေဆဲ ဖြစ်သည်။
သူ့ကို စိုက်ကြည့်နေသည်ဟု ခံစားနေရသေးသည့်အတွက် အင်မတန် စိတ်မသက်မသာ ဖြစ်နေမိသည်။
ရုတ်တရက် အာကာပြင်က စတင် တုန်ခါလာသည်။
လေထဲတွင် မုခ်ဝတစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာသည်ကို ရှန်ထျန်း မြင်လိုက်ရသည်။ မုခ်ဝက အရမ်းတောက်ပနေပြီး တခြားအာကာပြင်တစ်ခုနှင့် ဆက်နေပုံပေါ်သည်။
မုခ်ဝ၏ တခြားတစ်ဖက်မှာ တစ်စုံတစ်ယောက်က မုခ်ဝကို ရိုက်နှက်နေပုံပေါ်ပြီး အတင်း လှုပ်ခတ်နေသည်။
မုခ်ဝ၏ တခြားတစ်ဖက်မှလူက မုခ်ဝကို အချိန်မရွေးဖျက်ပြီး ဝင်ရောက်လာနိုင်ပုံပေါ်သည်။
မဟာဧကရီ၏ ဘေးပတ်လည်တွင် လွှမ်းခြုံထားသော ရှုပ်ထွေးပွေလီ အရှိန်အဝါက ညင်သာစွာ လှုပ်ခတ်သွားပြီး မုခ်ဝ ရှိရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
ဂျိန်း…
ရုတ်တရက် မုခ်ဝက ပွင့်သွားကာ ခရမ်းရောင် ပုံရိပ်တစ်ခုက စိတ်လှုပ်ရှားစွာ ဝင်ရောက်လာသည်။
“ ငါ့ကို ရှန်ထျန်း ပြန်ပေးရင်ပေး မဟုတ်ရင်…”
ရှန်ထျန်းက ထိုပုံရိပ်ကို သေချာရှင်းလင်းစွာ မမြင်ရသေးခင်မှာပဲ မဟာဧကရီက သူ့လက်ကို ဖြည်းဖြည်းချင်း ကျက်သရေရှိစွာ မြှောက်လိုက်သည်။
ဖြောင်း …
ခရမ်းရောင်ပုံရိပ်က ဝင်လာတုန်းကထက် ဆယ်ဆမြန်သော အလျင်ဖြင့် ရိုင်းပျမှုကြောင့် အပြစ်ပေးခံလိုက်ရသည်။ ထို့နောက် မျက်စိကျိန်းလောက်အောင် တောက်ပသော မုခ်ဝက တင်းကြပ်စွာ ပိတ်သွားပြီး ချက်ချင်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
မဟာဧကရီက ပြန်လှည့်လာကာ သက်ပြင်းချလိုက်သည်။
ထို့နောက် သူ ရောက်နေသော အာကာပြင်က အလျင်အမြန် ပြိုလဲသွားကာ သူ့ခန္ဓာကိုယ်လည်း ပျောက်ကွယ်သွားသည်ကို ရှန်ထျန်း ခံစားလိုက်မိသည်။
နောက်ဆုံး အခိုက်အတန့် သူ အသိစိတ် မပျောက်ခင်တွင် ငွေရောင်ကောင်းကင် အလင်းတန်းတစ်ခု သူ့ဆီ ဦးတည်လာနေသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ထိုကောင်းကင်အလင်းတန်း ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည့်အခါ သူ လုံးဝ မေ့လဲသွားသည်။
အချိန်ခဏကြာသွားသည့်အခါ ရှန်ထျန်း ဖြည်းဖြည်းချင်း မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။
သူ ပထမဆုံး မြင်လိုက်ရသည့်အရာက အဖိုးကြီးတစ်ယောက် ပြုံးနေပြီး သူ့မျက်နှာတွင်လည်း သိချင်စိတ်များဖြင့် ပြည့်နှက်နေခြင်းဖြစ်သည်။
ထိုအဖိုးကြီးက ရှန်ထျန်းကို ပြီတီတီမျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်
“ ထျန်းအာ… မင်း နောက်ဆုံးတော့ နိုးလာပြီပဲ။ အဲဒီသူက မင်းကို တစ်ခုခု ပြောသွားသေးလား။ သူမက မင်းကို ရုပ်ချောလို့ဆိုပြီး သူမရဲ့ ကံကောင်းမှုကို မျှယူဖို့ ပြောတာလား။ ဟင်း … ရွေးချယ်စရာ မရှိဘူး။ ငါတို့ကိုက အရမ်းချောလွန်းနေတာ”
ရှန်ထျန်း နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
မဟာဧကရီက သူ့ထက် လက်စွပ်ကို ပိုပြီးတော့ စိတ်ဝင်စားနေတယ်လို့တော့ ဒီအဖိုးကြီးကို သူ သေချာပေါက် ပြောပြမှာ မဟုတ်ဘူး
ဟင်း… သူမက ထူးခြားအံ့ဖွယ် နောက်ခံနဲ့အတူ ကြေးလက်စွပ်ကို ပြန်ယူသွားတာတော့ နှမြောစရာပဲ
ရှန်ထျန်းက ဝမ်းနည်းနေရာမှ ရုတ်တရက် ကြောင်အသွားသည်။
အဘယ်ကြောင့်ဆိုသော် ကြေးလက်စွပ်ကို သူ၏ လက်သူကြွယ်တွင် တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
အာ… ဒီလက်စွပ်က လုယူခံလိုက်ရတာ မဟုတ်ဘူးလား
ဒါက ဘာလို့ ငါ့လက်ပေါ်မှာ ရှိနေရသေးတာလဲ
အလင်းတန်းတစ်ခုက သူ့စိတ်အာရုံထဲတွင် ပေါ်လာသည်ကို ရှန်ထျန်း ရုတ်တရက် သတိထားလိုက်မိသည့်အတွက် ရှန်ထျန်း ကူကယ်ရာမဲ့သွားသည်။
သူက အလင်းတန်းကို ထိဖို့ ကြိုးစားလိုက်ပြီးနောက် ဆန်းကြယ်သော ကျင့်စဉ်က သူ့ဆီသို့ ဆူနာမီလှိုင်းလုံးလိုမျိုး ထိုးဖောက်ဝင်ရောက်လာသည်။
ထိုကျင့်စဉ်က ရှန်ထျန်းကို အံ့ဩမှင်သက်သွားစေသည်။
ရှုပ်ထွေးပွေလီ မီးစာကျမ်းတဲ့လား