← Chapters

အမြဲပြောင်းလဲ ကောင်းကင်ဝါးမျိုခြင်း ပညာရပ်…ရှုပ်ထွေးပွေလီ ဓားသားလောင်း

Vol. 23 Ch. 342

အမြဲပြောင်းလဲ ကောင်းကင်ဝါးမျိုခြင်း ပညာရပ်…ရှုပ်ထွေးပွေလီ ဓားသားလောင်း

Vol. 23 Ch. 342

အခန်း (၃၄၂) : အမြဲပြောင်းလဲ ကောင်းကင်ဝါးမျိုခြင်း ပညာရပ်…ရှုပ်ထွေးပွေလီ ဓားသားလောင်း

ဤအမွေအနှစ်က ရှန်ထျန်း၏ မီးစာကျမ်းနှင့် အရင်းအမြစ်တူပြီး အင်မတန် ဆန်းကြယ်လှသည်။

ယဲ့ချန်းခန်မှ ရှန်ထျန်းကို သင်ပေးခဲ့သည့် စစ်နတ်ဘုရား မီးစာကျမ်းပင် ရှုပ်ထွေးပွေလီ မီးစာကျမ်းနှင့် နှိုင်းယှဉ်လို့ မရနိုင်ပေ။

သို့သော် ဤကျင့်စဉ်ကို  ကျင့်ကြံဖို့အတွက် ရှုပ်ထွေးပွေလီ အရှိန်အဝါကို စုပ်ယူသန့်စင်နိုင်မှ စတင်ကျင့်ကြံလို့ ရမည်ဖြစ်သည့်အတွက် အရမ်းခက်ခဲသလို အန္တရာယ်လည်း များလှသည်။

ရှုပ်ထွေးပွေလီ အရှိန်အဝါက နယ်မြေငါးခုတွင် ကြောက်စရာ အကောင်းဆုံး စွမ်းအင်ထဲမှ တစ်မျိုး ဖြစ်သည်။ ထိုအရာနှင့် ထိပ်တိုက်တွေ့လျှင် ဝိဇ္ဇာတစ်ယောက်ပင် အန္တရာယ်ကျနိုင်သည်။

သာမန်လူများအတွက် ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ကျင့်ကြံဖို့က စိတ်ကူးမယဉ်နိုင်သည့် အရာပင် ဖြစ်၏။ သူတို့က ရှုပ်ထွေးပွေလီ စွမ်းအင်ကို စုပ်ယူသန့်စင်ဖို့ လိုပြီး တစ်ချိန်တည်းမှာပဲ သူတို့ကို ဝါးမျိုပြီး သတ်သွားတာမျိုးလည်း ဖြစ်နိုင်သည်။

သို့သော် ရှုပ်ထွေးပွေလီ မီးစာကျမ်းကို အောင်မြင်စွာ ကျင့်ကြံနိုင်သွားပါက သူ့စွမ်းအားက စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားသွားပြီး သာမန်ကျင့်စဉ်များကိုပင် ကျော်လွန်သွားလိမ့်မည်။

သူ့စိတ်ထဲရှိ ကျင့်စဉ်အမွေအနှစ်အရ ရှန်ထျန်းသာ ရှုပ်ထွေးပွေလီ မီးစာကျမ်းကို အောင်မြင်စွာ ကျင့်ကြံနိုင်သွားပါက အနာဂတ်တွင် ရှုပ်ထွေးပွေလီ စွမ်းအင်ကို သန့်စင်ကာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ထို့နောက် သူ့ကိုယ်ပွား၏ ခန္ဓာကိုယ်ထဲရှိ ရှုပ်ထွေးပွေလီ အရှိန်အဝါအနည်းငယ်က သူ့လုံခြုံမှုကို မခြိမ်းခြောက်နိုင်တော့သလို သူ့လက်နက်ပင် ဖြစ်လာနိုင်သည်။

ထိုအရာက အသန်မာဆုံးနှင့် ဖျက်ဆီးနိုင်ဆုံး လူသတ်လက်နက် ဖြစ်သည်။

“ ဒီပညာရပ်က အရမ်းစွမ်းအားကြီးပြီးတော့ ကြောက်ဖို့ ကောင်းတယ်။ ဒါကိုသာ ငါ သေချာထိန်းချုပ်နိုင်သွားရင် ငါ ကနဦးဝိညာဉ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာတဲ့အခါ ဝိဇ္ဇာကျင့်ကြံသူတွေကိုတောင် သတ်နိုင်လာလိမ့်မယ်” ရှန်ထျန်းက ကိုယ်ကိုယ်ကို ရေရွတ်လိုက်သည်။ သူ့အကြည့်များတွင်လည်း စိတ်အားထက်သန်မှုများ၊ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ဒါ လုံးဝ နောက်နေတာ မဟုတ်ဘူးနော်။ သူ ဝိဇ္ဇာတစ်ယောက်ကိုတောင် သတ်နိုင်လာလိမ့်မယ်

တချို့ ပါရမီရှင်တွေ လုပ်နိုင်တာနဲ့တင် အဲဒီ အဆင့်မြင့် ကျင့်ကြံသူတွေကို အနိုင်ယူရတာ လွယ်နေမယ်လို့ မထင်နဲ့နော်

ဟုတ်တယ်… အခြေတည်အဆင့် ကျင့်ကြံသူတွေက ရွှေအမြုတေကျင့်ကြံသူတွေကို အနိုင်ယူလို့ရတယ် ဒါမှမဟုတ် ရွှေအမြုတေ ကျင့်ကြံသူတွေက ကနဦးဝိညာဉ် အဆင့်ကျင့်ကြံသူတွေကို အနိုင်ယူလို့ရတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံဆင့်တွေကို ရွှေအမြုတေအဆင့် ဒါမှမဟုတ် ကနဦးဝိညာဉ်အဆင့်ထိ ရောက်အောင် မဟုတ်တဲ့နည်းလမ်းတွေကို သုံးထားပြီး လုပ်တော့ သုံးမရတဲ့ အပိုင်းတွေပဲ ရှိနေတာလေ …

ဥပမာပြောရမယ်ဆိုရင် မိစ္ဆာနည်းလမ်းတွေ သုံးတာမျိုး ဖြစ်၏။ တခြားတစ်ယောက်၏ သွေးကို စုပ်ယူတာမျိုုး ဒါမှမဟုတ် တခြားသူကို စတေးခိုင်းတာမျိုးတွေ ရှိဖူးသည်။ သူတို့ကို တားမြစ်ဖို့အတွက် သမာသမတ်ဂိုဏ်းတွေသာ မရှိဘူးဆိုလျှင် သူတို့က ရွှေအမြုတေအဆင့်နှင့် ကနဦးဝိညာဉ်အဆင့်တွေကိုတောင် ဖန်တီးနိုင်လိမ့်မည်။

ဒါပေမဲ့ အဲဒီစံပြပုဂ္ဂိုလ်တွေနဲ့ အထွတ်အထိပ်ရှင်တွေက အပေါ်ယံပဲ စွမ်းအားကြီးတာ။ သူတို့ရဲ့ စစ်မှန်တဲ့ တိုက်ပွဲစွမ်းရည်ကတော့ အရမ်းကို အားနည်းတယ်

ကျင့်ကြံသူတွေ ဝိညာဉ်အသွင်ပြောင်းအဆင့်နှင့် အထက်ကို ရောက်သည်နှင့် ဖြတ်လမ်းဟူ၍ မရှိတော့ပေ။ အခြေခံအားဖြင့် ကောင်းကင်အသျှင် ဖြစ်လာနိုင်သူအားလုံးက ထိပ်သီးပါရမီရှင်တွေ ဖြစ်ကြသည်။

ထိုပါရမီရှင်များက အစကတည်းက သူတို့ထက် အဆင့်မြင့်သော ကျင့်ကြံသူများကို အနိုင်ယူနိုင်ပြီး သူတို့၏ မျိုးဆက်တွင် ကျော်ကြားသူများ ဖြစ်ကြသည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံဆင့်က နိမ့်နေပြီးတော့ သူတို့ကို အနိုင်ယူချင်ပါက မဖြစ်နိုင်သော ယှဉ်ပြိုင်မှု တစ်ခုဖြစ်ပြီး ဝိဇ္ဇာတစ်ယောက်ကို သတ်ဖို့ဆိုတာကို စကားထဲ ထည့်ပြောဖို့ပင် မလိုတော့ပေ။

နယ်မြေငါးခုရှိ အထွတ်အမြတ်မြေများက ပုံမှန်အားဖြင့် နှစ်တစ်ရာ ကုန်ဆုံးသွားတိုင်း ဝိဇ္ဇာတစ်ယောက်ကို မွေးထုတ်လေ့ရှိပြီး ဝိဇ္ဇာတစ်ယောက်ချင်းစီတိုင်းက ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်လာကြသည်။

သို့သော် သူတို့က ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်စေကာမူ ဝိဇ္ဇာအဆင့် မတိုင်ခင် အဆင့်ကို အစစ်အမှန် ရောက်နိုင်သောသူက လက်တစ်ဆုပ်စာသာ ရှိသည်။ အတိဒုက္ခလွန် စမ်းသပ်ချက်များကို ဖြတ်ကျောက်ပြီး ကြီးမြတ်သောဝိဇ္ဇာ ဖြစ်လာသူက အင်မတန်ရှားပါးလှသည်။

ဝိဇ္ဇာဖြစ်လာနိုင်သော တည်ရှိမှုတစ်ခုချင်းစီတိုင်းက အကောင်းဆုံးဖြစ်ပြီး အဆင့်ပိုမြင့်သော ရန်သူများကို အလွယ်လေး သတ်နိုင်ကြသည်။ မဟုတ်ပါက ဝိဇ္ဇာဖြစ်လာဖို့အတွက် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်မည် မဟုတ်ကြပေ။

ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူက ဝိဇ္ဇာအဆင့် ကျင့်ကြံသူကို သတ်ခြင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူကို သတ်တာထက် အဆထောင်ပေါင်းများစွာ ပိုမိုခက်ခဲလှသည်။

အံ့ဖွယ်မိုးကောင်းကင်၏ အစ်ကိုကြီးဖြစ်သော ချူးလုံဟယ်က လူ ခုနစ်ယောက်ကို သူနှင့်အတူ ခေါ်သွားပြီး ပေါက်ကွဲစေသည့် အကြောင်းက နယ်မြေငါးခုနှင့် အလယ်ပိုင်းကုန်းမြေ၏ နတ်ဘုရားတိုင်းပြည်ကိုပင် တုန်လှုပ်စေခဲ့မည် မဟုတ်ပေ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ တိုးတက်လာခြင်းက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်သည် လူမသိသူမသိနေကာ ပညာသားပါပါဖြင့် အကွက်ချနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ပြောနိုင်သည်။ တစ်ချိန်တည်းမှာပဲ ချူးလုံဟယ်၏ ဒေါသကြောင့် ဝိဇ္ဇာခုနစ်ပါးကို ပျက်ဆီးသွားစေသည်ကလည်း များပြားသော စွမ်းအားကြီး ရန်သူများကို အံ့ဩမှင်သက်သွားစေသည်။

ကျန်းလုံယွမ်နှင့် ချူးလုံဟယ်ကို “ အမွှာ ပါရမီရှင်” ဟု ခေါ်ကြသော်လည်း ကျန်းလုံယွမ်က ချူးလုံဟယ်ထက် ပိုပြီးဉာဏ်များကြောင်း ထင်ရှားလျသည်။

ချူးလုံဟယ်က ဒေါသထွက်တာနဲ့ ဝိဇ္ဇာခုနစ်ပါးကို သူနဲ့အတူ ပေါက်ကွဲအောင် လုပ်လိုက်ပေမဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အကြပ်အတည်း ဖြစ်သွားလို့ ကျန်းလုံယွမ်လည်း ဒေါသထွက်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ

အရည်အချင်းတူသူနှစ်ယောက် တိုက်ခိုက်ကြပြီဆိုရင် ဉာဏ်များပြီး စဉ်းလဲသည့် ပြိုင်ဘက်က စဉ်းစားဉာဏ်မရှိသော ပြိုင်ဘက်ထက် ပိုပြီး ကြောက်စရာကောင်းသည် ဆိုတာကို နားလည်ထားရမည်။

ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို တပ်မက်နေကြသော အင်အားစုများက တိုက်ခိုက်တာကို ရပ်စဲဖို့အတွက် ရွေးချယ်လိုက်ကြသည်။

ထိုအချိန်တွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည်လည်း ဂိုဏ်းချုပ်၏ ဦးဆောင်မှုကြောင့် ပြန်လည် နလန်ထူလာနိုင်ခဲ့သည်။

အဟင်း…ဟင်း… ပြောချင်တဲ့ အကြောင်းအရာကနေ သွေဖယ်သွားပြီ

ရှေးခေတ်အခါကတည်းက ဝိဇ္ဇာများကို သတ်နိုင်သော ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူအရေအတွက်က ဝိဇ္ဇာအဆင့် ကျင့်ကြံသူကို မြင်ဖူးသောသူများထက် ရှားပါးသည်။

ထိုကဲ့သို့သော တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် တည်ရှိမှုက ဝိဇ္ဇာများနှင့် တန်းတူဖြစ်ပြီး သာမန်ဝိဇ္ဇာများထက်ပင် ပိုမြင့်သော ရာထူး ရှိနေနိုင်သည်။

လွဲချော်မှုသာမရှိပါက သူတို့က ကြီးမြတ်သော ဝိဇ္ဇာများ ဖြစ်လာနိုင်ချေ ရှိသည်။ သို့မဟုတ် အတိဒုက္ခလွန် စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ပြီး အဆင့်ပင် တက်သွားနိုင်သည်။

ထိုကဲ့သို့သော တည်ရှိမှုမျိုးကို “ သာလွန်တာအို ကောင်းကင်အသျှင်” ဟုခေါ်ပြီး ဝိညာဉ်အသွင်ပြောင်း၊ ဧရာမစွမ်းပကားရှင်အဆင့် နယ်ပယ်၏ ကန့်သတ်ချက် ဖြစ်သည်။

တချို့ နတ်ဆိုးများကလည်း တူညီသော နာမည်ဖြစ်သည့် ကနဦးဝိညာဉ်၊ နိဗာနအဆင့် နယ်ပယ် ကျင့်ကြံသူများကို ကန့်သတ်ချက်မဲ့သော အထွတ်အထိပ်ရှင်များ အဓိပ္ပါယ်ရသည့် “အကန့်အသတ်မဲ့ အထွတ်အထိပ်ရှင်” ဟု ခေါ်ကြသည်။

အဆင့်မြင့် အထွတ်အထိပ်ရှင် တစ်ယောက်က ကောင်းကင်အသျှင်တစ်ယောက်ကို အနိုင်ယူနိုင်သည်ဟု နယ်မြေငါးခုက တွေးကြပါက ရှန်ထျန်းသာ ကနဦးဝိညာဉ်အဆင့်တွင် ဝိဇ္ဇာတစ်ယောက်ကို အနိုင်ယူနိုင်ပါက နယ်မြေငါးခုလုံး ရူးသွပ်သွားလိမ့်မည်။

ရှန်ထျန်းက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို နားလည်အောင် လုပ်ရင်း မာန်တက်လာသလို ခံစားလာမိသည်။

ဟုတ်တယ် ရုပ်ချောတာမှာလည်း ကောင်းကျိုးတွေ ရှိတယ်။ မဟာဧကရီလိုမျိုး ကြီးမြတ်တဲ့သူတောင် ငါ့ကို ကျင့်စဉ်တွေ ထပ်ခါထပ်ခါ သင်ပေးချင်နေတာလေ

ငါ ပိုင်ဆိုင်တဲ့ တော်ဝင်အဆင့် အမွေအနှစ်တွေက အရမ်းကိုများနေပြီမလို့ ပြီးအောင်တောင် မကျင့်ကြံနိုင်တော့ဘူး

ဟင်း…ဒါက အရမ်းချောလွန်းခြင်းရဲ့ ပူပန်မှုပဲ ဖြစ်လိမ့်မယ်

ဟာသတွေကို ဘေးထားလိုက်ဦး။ ရှန်ထျန်းက ဒီကျင့်စဉ်ကို သင်ယူတဲ့နေရာမှာ အတော်လေး အာရုံစိုက်ထားတယ်။ သူက တုံးအတဲ့သူတစ်ယောက်မှ မဟုတ်တာ

မဟာဧကရီက အရမ်းစွမ်းအားကြီးသည့်အတွက် သူ၏ မွေးစားအဖိုးပင် မယှဉ်နိုင်သည်။

ဒါကြောင့် သူမသင်ကြားပေးတဲ့ ကျင့်စဉ်တွေက ဘယ်လောက်ထိ အားနည်းနိုင်မှာ မလို့လဲ။ သူ ဓာတ်နှောနတ်မိုးကြိုး သူ့ဦးနှောက်ကို မိုးကြိုးပစ်ပြီး မပျက်စီးသရွေ့ ဒါတွေကို ကျင့်ကြံဖို့အတွက် သေချာပေါက် အကောင်းဆုံး ကြိုးစားနေဦးမှာပဲ။

ရှန်ထျန်းက တင်ပျဉ်ခွေထိုင်ကာ ကျင့်စဉ်များကို နားလည်အောင် စတင်အာရုံစိုက်ထားသည်။

အံ့ဖွယ်မိုးကောင်းကင်၏ မိုးကြိုးဧကရာဇ် ကိုယ်ထည်မာပညာရပ်က ကိုယ်ထည်မာကျင့်စဉ်နှင့် ချီသန့်စင်ခြင်း ကျင့်စဉ်နှင့် တားမြစ်အခန်းဟု ကွဲသွားသကဲ့သို့ ရှုပ်ထွေးပွေလီ မီးစာကျမ်းတွင်လည်း အခန်းများ ကွဲသွားသည်။

“ ရှုပ်ထွေးပွေလီ မီးစာကိုယ်ထည်မာ ပညာရပ်က ရှုပ်ထွေးပွေလီ အရှိန်အဝါဖြင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို သန်မာစေပြီး မွေးရာပါ ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည်ကို ဖန်တီးပေးတယ်။ ကြားရတာနဲ့တင် အထင်ကြီးစရာကောင်းတယ်။

ရှုပ်ထွေးပွေလီ မီးစာ လက်နက်ပညာရပ်က ရှုပ်ထွေးပွေလီ အရှိန်အဝါကို အသုံးပြုပြီး အတူတူ ကြီးထွားစေမည့် အသက်လက်နက်ကို ဖန်တီးပေးတယ်။ ရှေ့လျှောက် အဲဒါက ဘယ်ပညာရပ်ကိုမဆို ရင်ဆိုင်နိုင်တဲ့ တာအိုလက်နက် ဖြစ်လာမှာလား”

အမြဲပြောင်းလဲ ကောင်းကင်ဝါးမျို ပညာရပ်က ဒီကမ္ဘာမှာရှိနေတဲ့ အထွတ်အထိပ် ရတနာတွေနဲ့ ထူးခြားအံ့ဖွယ် ပစ္စည်းတွေကို ဝါးမျိုနိုင်တယ်။ ပါရမီရှင်ရဲ့ ခန္ဓာတည်ဆောက်ပုံကို အုတ်မြစ်အဖြစ် ပြောင်းလဲပြီးတော့ ပြန်လည် မွေးဖွားနိုင်အောင်လည်း လုပ်ပေးတယ်။

ဒီပညာရပ်တွေကို အရမ်းနားလည်သွားအောင် လေ့ကျင့်လိုက်မယ်ဆိုရင် မွေးဖွားခါစ ရှုပ်ထွေးပွေလီ ခန္ဓာကို ရရှိပြီးတော့ ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ကျင့်ကြံနိုင်မှာတဲ့လား”

အမြဲပြောင်းလဲ ကောင်းကင်ဝါးမျိုပညာရပ်က ရှန်ထျန်း၏ အာရုံကို ဖမ်းစားသွားသည်။

အထောက်အထားများအရ ဤကျင့်စဉ်က ရှုပ်ထွေးပွေလီ မီးစာကျမ်းနှင့် တူညီသောအဆက် မဟုတ်ပေ။ သို့မဟုတ် ကျင့်စဉ် လမ်းကြောင်းက လုံးဝ ကွဲပြားသည်ဟုလည်း ဆိုနိုင်သည်။

ရှုပ်ထွေးပွေလီ မီးစာကျမ်း၏ ကျင့်စဉ်က ဖြောင့်မတ်မှုနှင့် ဂုဏ်သိက္ခာတို့၏ အထွတ်အထိပ် တာအိုဖြစ်ပြီး ရှုပ်ထွေးပွေလီ အရှိန်အဝါကို အထွတ်အထိပ် အုတ်မြစ်တည်ဆောက်ရန် အသုံးပြုထားပြီး ပြိုင်ဘက်ကင်း လမ်းကြောင်းသို့ ရောက်နိုင်အောင် လုပ်နိုင်စဉ် အမြဲပြောင်းလဲ ကောင်းကင်ဝါးမျို ပညာရပ်က တခြားကျင့်ကြံသူများကို အာဟာရအဖြစ် အသုံးချကာ  ယိုယွင်းရှုပ်ထွေးပွေလီ ခန္ဓာကို ဖန်တီးသည့် ကြမ်းတမ်းသော လမ်းစဉ် ဖြစ်သည်။

အမြဲပြောင်းလဲ ကောင်းကင်ဝါးမျို ပညာရပ်က ရှုပ်ထွေးပွေလီ မီးစာကျမ်းကို သင်ယူခြင်းမှ ကာကွယ်နိုင်ရန်အတွက် ခန္ဓာတည်ဆောက်ပုံနှင့် သေချာသော ဖြစ်တည်မှုတစ်ခုကို ဖန်တီးနိုင်ခဲ့ပုံပေါ်သည်။

ကျင့်ကြံသူတစ်ယောက်သာ ယိုယွင်းရှုပ်ထွေးပွေလီ ခန္ဓာကို ရရှိသွားပါက ရှုပ်ထွေးပွေလီ အရှိန်အဝါကို သန့်စင်နိုင်လာလိမ့်မည်။ ထို့နောက် ရှုပ်ထွေးပွေလီ မီးစာကျမ်းကို စတင်ကျင့်ကြံလို့ ရပြီဖြစ်သည်။

တိကျသော ရှုထောင့်မှကြည့်လျှင် ဤဆန်းကြယ်ပညာရပ်များကို ရှုပ်ထွေးပွေလီ မီစာကျမ်း၏ အစစ်အမှန်အခန်းများအတွက် အုတ်မြစ်အဖြစ် သတ်မှတ်လို့ ရသည်။

ရှန်ထျန်းအတွက် ဤဆန်းကြယ်ပညာရပ်က သိပ်ပြီး အသုံးမဝင်ပေ။ သူ ဤပညာရပ်ကို မကျင့်ကြံလျှင်ပင် ရှုပ်ထွေးပွေလီ အရှိန်အဝါကို သန့်စင်နိုင်သည်။

သို့သော် အမြဲပြောင်းလဲ ကောင်းကင်ဝါးမျို ပညာရပ်က အသုံးမဝင်ဘူးဟု မဆိုလိုနိုင်ပေ။ ဆန့်ကျင့်ဘက်အနေဖြင့် ဤကျင့်စဉ်က ရှန်ထျန်း စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေသည်။

ရှုပ်ထွေးပွေလီ မီးစာကျမ်းက စွမ်းအားကြီးပုံပေါ်သော်လည်း နယ်မြေငါးခုလုံး ဒါမှမဟုတ် နတ်ဘုရားလောကမှာ ဘယ်သူကများ ရှုပ်ထွေးပွေလီ အရှိန်အဝါကို သုံးပြီးတော့ အုတ်မြစ်ကို တည်ဆောက်လို့လဲ

ဒဏ္ဍာရီထဲမှာသာရှိတဲ့ မွေးရာပါ ရှုပ်ထွေးပွေလီ ခန္ဓာလိုမျိုး အထွတ်အထိပ် ခန္ဓာတည်ဆောက်ပုံရှိရင်ပဲ ဖြစ်နိုင်တဲ့အရာလေ

ဒါပေမဲ့ မွေးရာပါ ရှုပ်ထွေးပွေလီ ခန္ဓာပေါ်လာတာ ရှားပြီးတော့ ဒဏ္ဍာရီထဲမှာပဲ ရှိတယ်

ကျင့်ကြံသူဆီမှာ အဲလိုမျိုး တည်ဆောက်ပုံ မရှိဘူးဆိုရင်တော့ ရှုပ်ထွေးပွေလီ မီးစာကျမ်းက ဘယ်လောက်ထိ စွမ်းအားကြီးနေပါစေ အသုံးမဝင်တဲ့ ကျမ်းတစ်ခု ဖြစ်နေမှာပဲ

ဒါပေမဲ့ ဒီ အမြဲပြောင်းလဲ ကောင်းကင်ဝါးမျို ပညာရပ်ကတော့ မတူညီတဲ့ နည်းလမ်းကိုသုံးထားတယ်။ မွေးဖွားခါစ ရှုပ်ထွေးပွေလီခန္ဓာကို ဖန်တီးဖို့အတွက် တခြားကျင့်ကြံသူတွေကို စုပ်ယူတယ်

ဒီဆန်းကြယ်ပညာရပ်ကို “ ကောင်းကင်၏ ဖန်တီးချက်များကို ဖမ်းဆုပ်ခြင်း” လို့ ပြောရင်လည်း အပိုတော့ မဟုတ်ဘူး

ဒီဆန်းကြယ်ပညာရပ်ကို တစ်စုံတစ်ယောက်က တကယ်ကို ကျွမ်းကျင်သွားတယ်လို့ပဲ ယူဆပါတော့။ ဒါဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်က သန်မာသွားပြီးတော့ သူတို့ အလွန်အကျွံ မလုပ်ရင်တောင် မွေးဖွားခါစ ရှုပ်ထွေးပွေလီခန္ဓာကို ရနိုင်တယ်ဆိုရင် ကျင့်ကြံဆင့်တူတဲ့ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လာမှာပဲ

တကယ်လို့ ရှန်ထျန်း မှန်းထာ မှန်တယ်ဆိုရင် အရင်တုန်းက တားမြစ်ကျောက်ပြားကို နားလည်တဲ့ ပါရမီရှင်တွေက ဒီဆန်းကြယ်ပညာရပ်ကို နားလည်သွားတဲ့ပုံပဲ … အမြဲပြောင်းလဲ ကောင်းကင်ဝါးမျိုပညာရပ်က သာမန်ပါရမီရှင်တွေ သင်ယူနိုင်တဲ့အရာ မဟုတ်တာတော့ နှမြောစရာပဲ

ကျောက်ပြားက စုပ်ယူသွားတယ်ဆိုတာထက် ဒီကျင့်စဉ်ရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတာပဲ ဖြစ်မယ်။ ဒီဆန်းကြယ်ပညာရပ်က အရမ်းအန္တရာယ်များတာပဲ

အဲလိုသာမဟုတ်ရင် ခွန်မျိုးနွယ်ရဲ့ ဘိုးဘေးဘီဘင်တွေက ဆန်းကြယ်ပညာရပ်ကို အမွေထားခဲ့မှာပေါ့

ဟူး…

ရှန်ထျန်းက သက်ပြင်းချလိုက်သည်။

သူ ဒီတစ်ခေါက်ရလာသည့် အမွေအနှစ်၏ ခက်ခဲမှုက သူ့ကို စိတ်တိုလာစေသည်။

ငါ ကောင်းကောင်းနားလည်သွားလို့ တော်ပါသေးတယ် မဟုတ်ရင် ငါ အမွေအနှစ်ကို ရရင်တောင် ကျင့်ကြံနိုင်မှာ မဟုတ်ဘူး

ရှန်ထျန်းက သူ့ဘေးမှာရပ်နေပြီး “ ဝန်ဆောင်ခ” တောင်းခံနေသော ယဲ့ချန်းခန်ကို လျစ်လျူရှုကာ တရားထိုင်လိုက်သည်။

ဟုတ်တယ် ဒါက သူ အထွတ်အထိပ် ကျင့်ကြံရေးပညာရပ်တွေကို နားလည်အောင် သေချာအာရုံစိုက်ထားချင်လို့ပဲ။ သူက ယဲ့ချန်းခန်ရဲ့ အကြွေးအတောင်းခံရတာကနေ လွတ်မြောက်ချင်လို့ လုံးဝ မဟုတ်ဘူးနော်

…………….

တစ်ချိန်တည်းမှာပဲ ခွန်မျိုးနွယ်၏ တားမြစ်တောင်ကြားတွင်…

ရှန်ထျန်း ၁ နှင့် ရှန်ထျန်း ၂ တို့က ဖြည်းဖြည်းချင်း မျက်လုံးများ ပွင့်လာကြသည်။ သူတို့၏ အကြည့်များတွင် ဉာဏ်ပညာများဖြင့် တောက်ပနေသည်။

“ ကျင့်စဉ်က အရမ်းဆန်းကြယ်တာပဲ။ ရှုပ်ထွေးပွေလီ အရှိန်အဝါကို တကယ် သန့်စင်နိုင်တယ်”

“ ငါတို့ရဲ့ ပင်မခန္ဓာကိုယ်က တစ်ခုခု ဖြစ်လို့ မရဘူးလေ။ ဒါဆို အဲဒါကို ငါတို့ စမ်းကြည့်ရင်ရော ဘယ်လိုလဲ”

ရှန်ထျန်း၂  ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ သွေးစက်နှင့် ငွေဖြူရောင် ရှုပ်ထွေးပွေလီ အရှိန်အဝါအဖြစ် ပြောင်းလဲသွားကာ ရှန်ထျန်း ၁  ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။

ဟုတ်တယ်… ငွေဖြူရောင်

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကို မူလက လွှမ်းခြုံထားသော ရှုပ်ထွေးပွေလီ အရှိန်အဝါက ဖျော့တော့သော မီးခိုးရောင် ဖြစ်သည်။

သို့သော် ရှန်ထျန်း ၂၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော ရှုပ်ထွေးပွေလီ အရှိန်အဝါက ဓာတ်ငါးပါး ထူးခြားအံ့ဖွယ်ပစ္စည်းများ၏ စွမ်းအင်ကို လောဘတကြီး စုပ်ယူပြီးနောက် ဖြည်းဖြည်းချင်း ငွေဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤရှုပ်ထွေးပွေလီ အရှိန်အဝါကို လှုပ်နှိုးလိုက်သလို ဖြစ်သွားပုံလည်း ပေါ်သည်။

“ ရှုပ်ထွေးပွေလီ မီးစာကျမ်းအရ ကျင့်ကြံခြင်းရဲ့ အခက်ခဲဆုံး ပထမအဆင့်က ရှုပ်ထွေးပွေလီ အရှိန်အဝါကို ဝါးမျိုသန့်စင်ပြီးတော့ ခန္ဓာကိုယ်ထဲမှာ ငြိမ်အောင် လုပ်တာပဲ”

ရှန်ထျန်း၁၏ အကြည့်တို့ တောက်ပသွားသည်။ သူ၏ မွေးရာပါ ခန္ဓာတည်ဆောက်ပုံက သူ့ပင်ကိုယ်စွမ်းရည်ကို အခြေတည်အဆင့်မှ အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ပေးလိုက်သည်။

“ရှုပ်ထွေးပွေလီ မီးစာကိုယ်ထည်မာ ပညာရပ်က ရှုပ်ထွေးပွေလီ အရှိန်အဝါပမာဏ အများကြီးကို ဝါးမျိုဖို့ လိုအပ်တယ်။ ကိုယ်ထည်မာအတွက် ရှုပ်ထွေးပွေလီ အရှိန်အဝါကို သုံးရတာက စွန့်စားမှု အရမ်းများတယ်။ ဒီခန္ဓာကိုယ်ကို သန်မာအောင် လုပ်နေလည်း အကျိုးမရှိဘူး။ ဒါဆိုရင် ရှုပ်ထွေးပွေလီ မီးစာ လက်နက်ပညာရပ်ကို အရင်ဆုံး မလေ့ကျင့်ကြည့်ရမှာလဲ

ဟုတ်တယ်။ ငါတို့ ကြိုးစားကြည့်လိုက်ရအောင်။ အများဆုံးဆိုရင် သေတာပဲ ဖြစ်မှာပါ”

ချောချောမောမော ပုံရိပ်တစ်ခုက တိတ်ဆိတ်သော တောင်ကြားတွင် တင်ပျဉ်ခွေပြီး ထိုင်နေသည်။

ဓာတ်ငါးပါး၏ အရှိန်အဝါက သူ့ခန္ဓာကိုယ်ထဲရှိ ငွေဖြူရောင် ရှုပ်ထွေးပွေလီ အရှိန်အဝါနှင့်အတူ ဖြည်းဖြည်းချင်း ပေါင်းစပ်နေသည်။ ထိုအရာက ပုံသဏ္ဌာန်ပြောင်းလဲနေသော ဂျုံမှုန့်နှင့်တူသည်။

ရှုပ်ထွေးပွေလီ မီးစာ လက်နက်အတတ်ပညာရပ်က အသက်လက်နက် ပြုလုပ်ဖို့အတွက် ရှုပ်ထွေးပွေလီ အရှိန်အဝါကို အသုံးပြုတယ်။ အဲဒါက ကျင့်ကြံသူနဲ့အတူ ကြီးထွားလာပြီးတော့ ပညာရပ်အားလုံးကိုလည်း ရင်ဆိုင်နိုင်လိမ့်မယ်

ဤဆန်းကြယ်ပညာရပ်ကို ဖန်တီးသောသူက ကျင်းတုံသို့ ရောက်သွားပြီလားဟုပင် ရှန်ထျန်း သံသယဝင်မိသည်။ ထိုကဲ့သို့သော ပုံစံမျိုးက ထပ်ခါထပ်ခါ ဖြစ်နေသည်။

ဒါပေါ့ ဒါက အရေးမကြီးပါဘူး

ဒီထက်အရေးကြီးတာက ရှန်ထျန်းက အခု ရွေးချယ်ရမှာ ကြောက်တဲ့ ရောဂါရှိနေပြီ လူငယ် ယဲ့ဖန်လိုမျိုးပေါ့

ကျင့်ကြံသူ၏ အသက်လက်နက်၏ အမြုတေက သခင်ဖြစ်သူအတွက် အရမ်းအရေးပါလှသည်။

ထိုအရာနှင့် မကျေနပ်ပါက ခွဲကာ ပြန်လည် သွန်းလုပ်နိုင်သည်။ သို့သော် အသုံးပြုဖို့ စွမ်းအင်နှင့်အချိန်က အတော်လေး ဒုက္ခရောက်နေသည်။

ထို့ကြောင့် အစကတည်းက စိတ်ကျေနပ်စေသော အကောင်းဆုံးတစ်ခုကို သွန်းလုပ်ထားတာ ကောင်းသည်။

ငါ ဘာကို သွန်းလုပ်သင့်လဲ … ချပ်ဝတ်တန်ဆာလား။ ခေါင်းဆောင်းလား။ တုတ်လား

ဒါမှမဟုတ် အသုဘခေါင်းလောင်းလား။ မဟုတ်သေးဘူး မဟုတ်သေးဘူး အဲဒါက အရမ်း နိမိတ်မကောင်းဘူး။ ငါ့ကိုတောင် လွယ်လွယ်နဲ့ သေသွားစေနိုင်တယ်

ယဲ့ဖန်လိုမျိုး ဒယ်စောက်လား ဒါက ကောင်းတဲ့ ရွေးချယ်မှုတော့ မဟုတ်သေးဘူး။ ဒယ်စောက်ကို သုံးပြီးတော့ လူတွေကို တိုက်ခိုက်တာက မဟုတ်သေးပါဘူး။ ငါကတော့ တူကို သုံးရတာ ပိုကြိုက်တယ်

ဓားတစ်ချောင်း သွန်းလုပ်ရင်ရော ဘယ်လိုလဲ။ ငါ သယ်သွားတာဖြစ်ဖြစ် အသုံးပြုတာဖြစ်ဖြစ် ကြည့်ရတာ မိုက်တာပေါ့။ စွမ်းအားကြီးတာ မကြီးတာက ခဏတာပဲ။ ကြည့်လို့ကောင်းလား မကောင်းလားက တစ်သက်လုံးအတွက် ပါသွားမဲ့အရာပဲ

ထိုအချိန်တွင် ရှန်ထျန်း၏ စွမ်းအားအကြီးဆုံး သတ်ဖြတ်ပညာရပ်က ဓားပျံတိုက်ကွက်ဖြစ်ပြီး ဓားအရှိန်အဝါက ရှုပ်ထွေးပွေလီ အရှိန်အဝါနဲ့အတူ ထွက်ပေါ်လာသည်။

ရှုပ်ထွေးပွေလီ ဓားကို ဖန်တီးလိုက်ရင် ဒီဓားကျင့်စဉ်ရဲ့ စွမ်းအားက တိုးတက်လာမှာ ဟုတ်တယ်မလား

တစ်ချိန်တည်းမှာပဲ ရှန်ထျန်းက ဓား၏ ပုံစံအတွက် အကြံရသွားသည်။

ဟုတ်တယ် ငါ ဆုံးဖြတ်ပြီးသွားပြီ။

ငါ ဓားတစ်ချောင်း သွန်းလုပ်မယ်

ရှန်ထျန်းက စိတ်ဆုံးဖြတ်ပြီးနောက် သူ၏ အသက်လက်နက်ကို စတင်ပြုလုပ်တော့သည်။

သူက ရှုပ်ထွေးပွေလီ မီးစာကျမ်းအရ လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

မရေတွက်နိုင်သော လက်ကွက်များက ဓာတ်ငါးပါး ရှုပ်ထွေးပွေလီ အရှိန်အဝါလုံးနှင့် ငွေဖြူရောင် ရှုပ်ထွေးပွေလီ အရှိန်အဝါများနှင့် ပေါင်းစပ်ကာ သူ့ပုံသဏ္ဌာန်ကို တုတ်ချောင်းအဖြစ် ပြောင်းလဲလိုက်သည်။

ဟုတ်တယ်… ရှန်ထျန်းက သွန်းလုပ်ဖို့အတွက် နာရီ ၂၀ ကျော် ကြိုးစားခဲ့ပေမဲ့ အဆုံးမှာတော့ တုတ်ချောင်းတစ်ချောင်းပဲ လုပ်နိုင်သွားခဲ့တယ်…

သူက ရှုပ်ထွေးပွေလီ မီးစာ လက်နက်ပညာရပ်ကို စတင်သင်ယူခါစ ဖြစ်သည့်အတွက် ဤအထွတ်အထိပ် ဆန်းကြယ်ပညာရပ်နှင့် ပတ်သက်ပြီး အများကြီး မသိပေ။ သူ့ကျင့်ကြံဆင့်ကလည်း အနည်းငယ် အားနည်းနေသည်။

ထို့ကြောင့် ရှုပ်ထွေးပွေလီ အသက်လက်နက်ကို ဘယ်လိုသွန်းလုပ်ရမည်ဆိုတာကို သိသော်လည်း သွန်းလုပ်နေသည့်အချိန်တွင် ထပ်ပြီး ကြိုးစားဖို့ လိုနေသေးသည်။ ရှုပ်ထွေးပွေလီ အရှိန်အဝါကို သေချာမထိန်းချုပ်နိုင်ကြောင်း ခံစားလာရသည်။

ကောင်းပြီလေ အရှင်းဆုံး ပြောရမယ်ဆိုရင် “ ငါ့မျက်လုံးက သင်ယူပြီးပြီဆိုပေမဲ့ ငါ့လက်တွေက မသင်ရသေးဘူးဆိုပြီး ပြောနေတယ်”

ဘယ်လိုပဲဖြစ်ဖြစ် နောက်မှ သူ လိုချင်တဲ့ ပုံစံကို ဖြည်းဖြည်းချင်း ပြောင်းမှာဆိုတော့ အခု ရုပ်ဆိုးနေလို့လည်းရတယ်

အခု ဒီ “တုတ်ချောင်း”ကိုတော့ ဓားသားလောင်းလေးဆိုပြီးတော့ ယာယီ ခေါ်လို့ရပါသေးတယ်

မူလတုန်းက သူက ဓားကို ထျန်းကျူဓားလိုမျိုး ဖြစ်အောင် သွန်းလုပ်ချင်သော်လည်း ယခုတော့ အရမ်းကို ကွဲပြားနေပုံပေါ်သည်။

ပြောပြရမှာ ထူးဆန်းသော်လည်း တိုက်ဆိုင်မှုလည်း ဖြစ်နိုင်သလို ပုံရိပ်ယောင်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရှန်ထျန်းက မဟာဧကရီက သူမရဲ့ ဓားပညာရပ်ကို ပြန်လည် ပြသနေတာကို မြင်လိုက်ရတယ်

မဟာဧကရီ ကိုင်ဆောင်ထားသော ဓားက ထျန်းကျူဓားနှင့်ပင် တူနေသည်ဟု သူ ခံစားရသည်။

မဟာဧကရီ၏ လက်ထဲရှိ ဓားပုံစံအတိုင်း ထျန်းကျူဓားကို လုပ်ထားတာလားဆိုတာကို သူ မသိပေ။ ထိုအရာသာ တကယ်ဖြစ်ပါက ထိုဓားကို အသေးစိတ်ပုံစံယူပြီး လုပ်လျှင် မှားနိုင်စရာအကြောင်း မရှိတော့ပေ။

အင်း…ငါ အချိန်ရရင် လက်နက်ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီးတော့ စာအုပ်အနည်းငယ် ရှာသင့်တယ်။ အနည်းဆုံးတော့ ပုံစံသွန်းလုပ်တဲ့အခါ အကိုးအကားလေးတွေ ရတာပေါ့

သူက လျှောက်တွေးနေသော်လည်း ကျင့်စဉ် ကျင့်ကြံခြင်းကို မရပ်တန့်လိုက်ပေ။

ရှန်ထျန်း၏ အသက်လက်နက်ကို သွန်းလုပ်ခြင်း လုပ်ငန်းစဉ်က အရမ်းချောမွေ့ပြီး တိုးတောင်းလှသည်။ ရှန်ထျန်း၏ ရှေ့တွင် သုံးပေအရှည်ရှိသော ငွေရောင်ဓား သားလောင်းတစ်ခု ထွက်ပေါ်လာသည်။

ရှန်ထျန်းက လှပခြင်း လုံးဝမရှိသော ဓားဟုပင် မခေါ်နိုင်သည့် အရာကို ကြည့်ပြီးရှန်ထျန်း နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ငါက တုတ်တစ်ချောင်းကို ဖန်တီးခဲ့တာလား

သွန်းလုပ်တဲ့ အစီအစဉ်က ချောမွေ့တယ်တဲ့ …. မဟုတ်သေးဘူးလေ

ရှန်ထျန်း အရမ်းဒေါသထွက်နေမိသည်။ သူ ဒီလောကကို ရောက်လာပြီးကတည်းက ယခုလိုမျိုး အဆင့်မြင့် ခက်ခဲမှုကျင့်စဉ်ကို တွေ့ကြုံရသည်မှာ ပထမဆုံး ဖြစ်သည်။

အရှင်းဆုံးပြောရလျှင် ဤကျင့်စဉ်က ဖြည်းဖြည်းချင်း သူ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နေသည်။

သူ ဤကျင့်စဉ်ကို ကျွမ်းကျင်အောင် လုပ်ချင်သည်ဟု ရှန်ထျန်း ဆုံးဖြတ်လိုက်သည်။

သူက လုံးဝ ရပ်တန့်မည် မဟုတ်ပေ။ ဆက်လက် ကျင့်ကြံမည် ဖြစ်သည်။

ရှန်ထျန်းက ဓားသားလောင်းကို ပိုပြီးကြည့်ကောင်းအောင် သွန်းလုပ်ချင်သည့်အတွက် သူ့မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားသည်။

တောင်ကြားတစ်ခုလုံး တုန်ခါနေပြီး ပတ်ပတ်လည်ရှိ အာကာပြင်များလည်း အလျင်အမြန် လဲပြိုနေသည်ကို သူ ခံစားလိုက်မိသည်။

ထိုးဖောက်ထွက်လာသော ဒီရေစွမ်းအင် သူ့လမ်းကြောင်းရှိ အရာအားလုံးကို သယ်ဆောင်သွားကာ ဝိညာဉ်ချီများက ဆူနာမီလှိုင်းလုံး၏ အပြင်ဘက်ရှိ မြူခိုးများသဖွယ် ဖြစ်သွားသည်။

တားမြစ်တောင်ကြား၏ ဝင်ပေါက်ရှိ စွမ်းအားကြီးသော ကောင်းကင်အသျှင် ၁၀ ယောက်၏ အရှိန်အဝါများကလည်း ရုတ်တရက် ပေါက်ကွဲသွားသည်။ သူတို့က တောင်ကြားကို စောင့်ရှောက်နေသော အကြီးအကဲဆယ်ယောက် ဖြစ်သည်။

သူတို့က ယခု ကြောက်လန့်စွာဖြင့် တောင်ကြား၏ နက်သော အပိုင်းကို ကြည့်နေကြသည်။

“ တားမြစ်တောင်ကြားက ပြိုလဲနေပြီ။ ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”

ခွန်မျိုးနွယ်ရဲ့ ဘိုးဘေးဘီဘင် ကျောက်ပြားကို နားလည်တုန်းကတောင် ဒီလိုမျိုး အပြောင်းအလဲ မဖြစ်ခဲ့ဘူး

ဝုန်း…

အံ့ဩမှင်သက်နေသော အကြီးအကဲများ၏ မျက်လုံးရှေ့တွင် တောက်ပသော အစိမ်းရောင် အလင်းတန်းက ကောင်းကင်သို့ ပျံတက်သွားသည်။

ထိုအရာက အောက်ခြေမဲ့ချောက်နက်ကို ဖြတ်သန်းကာ ပင်လယ်မျက်နှာပြင်ထိ ပျံသန်းသွားသည်။

ကန့်သတ်ချက်များနှင့် ကာကွယ်ရေး အစီအရင်အားလုံးကိုလည်း ချက်ချင်း ထိုးဖောက်လို့ ရသွားသည်။ ထိုအလင်းတန်းရှေ့တွင် ဘာမှ အသုံးမဝင်တော့ပေ။

အကြီးအကဲ ဆယ်ယောက်သာ အမြင်မမှားဘူးဆိုရင် ဒါက ကျောက်ပြားတစ်ခု ဖြစ်တဲ့ပုံပဲ

သေစမ်း အမလေး

တားမြစ်ကျောက်ပြားက ပျံသန်းသွားတယ်

All Chapters