ကျိရှား၌ ထိတ်လန့်တုန်လှုပ်စေသော ပြောင်းလဲမှု
Vol. 23 Ch. 345
အခန်း (၃၄၅) : ကျိရှား၌ ထိတ်လန့်တုန်လှုပ်စေသော ပြောင်းလဲမှု
အလယ်ပိုင်းကုန်းမြေရှိ ကျိရှားကျောင်းတော်တွင်…
ပွဲတက်ဝတ်ရုံ ဝတ်ဆင်ထားသော အကြီးအကဲ တစ်ယောက်က ကြီးမားသော ဆဌဂံစင်မြင့်၏ အလယ်တွင် တင်ပျဉ်ခွေကာ ထိုင်နေသည်။
သူက တစ်ယောက်တည်း တစ်ကမ္ဘာတည်နေသလိုမျိုး ကြီးမားသော ကာကွယ်ရေး အစီအရင်၏ အလယ်တွင် မလှုပ်မယှက် ထိုင်နေသည်။ သူက အဆင့်မြင့် ကြီးမြတ်သော ဝိဇ္ဇာကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း ထင်ရှားလှသည်။
သူက ထောင်ပေါင်းများစွာသော စွမ်းအင်အလင်းတန်းများ၏ ဝန်းရံခြင်းကို ခံထားရပြီး စကားနှင့် ဖော်ပြလို့ပင် မရနိုင်သည့်အရာများကို ရှာဖွေဖို့ ကြိုးစား သကဲ့သို့ အာကာပြင်ထဲသို့ ထိုးဖောက်ထွက်နေသည်။
ထိုအကြီးအကဲ၏ ဘေးတွင် ရိုးရာဝတ်ရုံရှည် ဝတ်ဆင်ထားသော ချောမောသည့် အမျိုးသားများ တန်းစီနေသည်။ သူတို့က အကြီးအကဲကို လေးစားသမှုဖြင့် စိုက်ကြည့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုအကြီးအကဲ၏ ရာထူးက ကျိရှားကျောင်းတော်တွင် အမြင့်ဆုံး ဖြစ်၏။
သူက ကျိရှားကျောင်းတော်ကို တည်ထောင်သူ ဖူကျိ ဖြစ်သည်။
ဖူကျိကို လွန်ခဲ့သော နှစ်ပေါင်း၈ထောင်လောက်က ဖွားမြင်ခဲ့ပြီး ဟွမ်ရှစ်နှင့် တစ်ခေတ်တည်း ဖြစ်သည်။ သူကလည်း သူ့ခေတ်ရှိ စွမ်းအားအကြီးဆုံး ပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်သည်။
ထူးခြားလွန်းသည့် ဟွမ်ရှစ်ကြောင့်သာ မဟုတ်ပါက ဖူကျိက သူ့ခေတ်၏ ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပေလိမ့်မည်။
ထိုအကြောင်းကြောင့် ဖူကျိက ဟွမ်ရှစ်အပေါ် အငြိုးအတေး ထားခဲ့သည်ဟု ကောလဟာလများ ရှိခဲ့သည်။
ထို့နောက် ဖူကျိနှင့် ဟွမ်ရှစ်တို့က မိစ္ဆာဝိညာဉ်များကို နှိမ်နင်းဖို့ ပူးပေါင်းခဲ့ပြီး မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကို အောင်မြင်စွာ တည်ထောင်ပြီး နယ်မြေငါးခုကို အုပ်ချုပ်ခဲ့သည်။
တစ်ချိန်တည်းမှာပဲ ကျိရှားကျောင်းတော်ကိုလည်း တည်ထောင်ခဲ့သည်။
ထိုအချိန်မှ စတင်ပြီး ဟွမ်ရှစ်က လွင်ပြင်ရှစ်ခုကို အုပ်ချုပ်ခဲ့ပြီး ဖူကျိက ကျိရှားကျောင်းတော်တွင် ခံတပ်ထားကာ နယ်မြေငါးခုမှ ပါရမီရှင်များကို သင်ကြားပေးသည်။
ဟုတ်တယ်… နယ်မြေငါးခုက ပါရမီရှင်တွေကို သင်ကြားပေးတယ်
ကျိရှားကျောင်းတော်ကို တည်ထောင်ပြီးသည့်အချိန်ကတည်းက မခွဲခြားဘဲ သင်ကြားပေးဖို့ ဖြစ်သည်။
ထူးခြားသော အရည်အချင်းရှိသည့် ဘယ်ပါရမီရှင်မဆို ဘယ်ဂိုဏ်းက ဖြစ်နေပါစေ သို့မဟုတ် ဂိုဏ်း မရှိလျှင်ပင် ကျိရှားကျောင်းတော်တွင် သင်ယူနိုင်သည်။
ဗုဒ္ဓ၏ အနောက်ပိုင်း ကန္တာရမြေများမှ ဗောဓိသတ္တဝများ၊ အရှေ့ပိုင်းလွင်ပြင်ရှိ အထွတ်အမြတ်မြေများမှ သူတော်စင်များက နယ်ပြောင်းသင်ကြားရေး အစီအစဉ်များတွင် ပါဝင်ခဲ့သည်။ နတ်ဆိုးသစ္စာခံများလည်း ပါဝင်ခဲ့ကြသည်။
ကျိရှားကျောင်းတော်က သူ့ သတ်မှတ်ချက်ဖြစ်သော အားလုံးကို မခွဲခြားဘဲ သင်ကြားပေးနိုင်ခဲ့သည်။ သင်ကြားသူများ၏ နောက်ခံအင်အားများကြောင့် ခွဲခြားခြင်းမျိုးလည်း မရှိခဲ့ပေ။
ပါရမီရှင် အရေအတွက်အမြင့်ဆုံးကို ဤတစ်နေရာထဲမှာ တွေ့နိုင်သည့်အပြင် ကျင့်ကြံခြင်းနှင့် ပညာရပ်များကို လေ့ကျင့်ခြင်းအတွက် အကောင်းဆုံး ပတ်ဝန်းကျင်လည်း ဖြစ်သည်။
ထို့အပြင် ဖူကျိက ကျောင်းသားများကို သင်ကြားရာတွင် အတော်လေး အားစိုက်ထုတ်ခဲ့သည်။ ထို့ကြောင့် ကျိရှားကျောင်းတော်မှ မရေတွက်နိုင်သော ထိပ်သီးပါရမီရှင်များစွာ ထွက်ပေါ်လာသည်။
လွန်ခဲ့သော နှစ်ပေါင်း ၈ ထောင်ကျော်က ကျိရှားကျောင်းတော်တွင် လေ့လာသင်ကြားခဲ့ဖူးသော ဂိုဏ်းချုပ်တစ်ဝက်နှင့် ဘုရင်များက ကျင့်စဉ်ပြဿနာအချို့အတွက် ဖူကျိနှင့် လာရောက်တိုင်ပင်ခဲ့ကြသည်။
ထိုလူများထဲတွင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ကျန်းလုံယွမ်၊ မိုးကြိုးလှိုင်းဂိုဏ်းချုပ် ထျန်းရှို့၊ ခွန်ဘုရင် ခွန်ရှုတို့လည်း ပါဝင်ခဲ့ကြသည်။
သူတို့လေ့လာရမည်များ ပြီးမြောက်ပြီး ကိုယ်ပိုင် ဂိုဏ်းအသီးသီးသို့ ပြန်သွားပြီးနောက် ဂိုဏ်းချုပ်များ၊ ဘုရင်များနှင့် အကြီးအကဲချုပ်များ ဖြစ်သွားကြသည်။
ထိုကဲ့သို့သော ထူးချွန်သည့် ကျောင်းသားဟောင်းများ ရှိသည့်အတွက် ကျိရှားကျောင်းတော်က နယ်မြေငါးခု၏ စွမ်းအားအကြီးဆုံး အာဏာရှင် ဖြစ်လာသည်။
အလယ်ပိုင်းကုန်းမြေတွင် ဘယ်အထွတ်အမြတ်မြေကိုမဆို မလေးမစားလုပ်လို့ ရသော်လည်း ကျိရှားကျောင်းတော်ကို မလေးမစား လုပ်လို့ မရပေ။
ဘယ်ဂိုဏ်းချုပ်ကိုမဆို မလေးမစားလုပ်လို့ရသော်လည်း ဖူကျိကိုတော့ ဘယ်တော့မှ မလေးမစားလုပ်လို့ မရပေ။
ဖူကျိက လေးစားမှုနှင့် ထိုက်တန်သော အကြီးအကဲတစ်ယောက် ဖြစ်၏။
ဤလေးစားထိုက်သော အကြီးအကဲက ရှစ်မြှောင့်သင်္ကေတ၏ အလယ်တွင် လပေါင်းများစွာ တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်က ထက်ဝက်ပိုင်းခံထားရသော အလောင်းကောင်တစ်ခု ကျိရှားကျောင်းတော်သို့ ပို့ခံလိုက်ရသည်။
ဤအလောင်းကောင်က အလယ်ပိုင်းကုန်းမြေ ဗုဒ္ဓဂိုဏ်းမှ ဖြစ်ပြီး စွမ်းအားအကြီးဆုံး ဝိဇ္ဇာကိုယ်တော် ဖြစ်သည်။
သို့သော် ယခု သူက ထက်ဝက် ပိုင်းခံထားရသည်။ ထိုအရာက ခန္ဓာကိုယ်ပေါ်ရှိ တစ်ခုတည်းသော ဒဏ်ရာ ဖြစ်သည်။ တိုက်ပွဲက မျက်စိတစ်မှိတ်အတွင်း ပြီးသွားခြင်း ဖြစ်သည်။
တစ်ခါထဲနဲ့ သတ်လိုက်တာပဲ။ သူက အရမ်းချောချောမွေ့မွေ့ သေဆုံးသွားတာပဲ
စုံစမ်းမေးမြန်းပြီးနောက် ထိုအရာကို မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဘုရင်လေးပါးထဲမှ အသက်မဲ့ဘုရင်က ကျူးလွန်ခြင်း ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက နယ်မြေငါးခုမှာ အသက်မဲ့ဘုရင်အကြောင်းကို မကြားရတော့ဘူး။ ဒါဆို သူက ဘာလို့ ဒီဝိဇ္ဇာကိုယ်တော်ကို အဲလိုမျိုး ဂုဏ်မောက်တဲ့ အပြုအမူမျိုးနဲ့ ရုတ်တရက်ကြီး သတ်သွားရတာလဲ
ဒါဆိုရင် မိစ္ဆာဝိညာဉ်ဂိုဏ်းက ပြန်လည်ရှင်သန်လာပြီဆိုတဲ့ သဘောလား
ဒီအဖြစ်အပျက်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်တစ်ရာကျောက်က ပါရမီရှင်တွေ သိသိသာသာ တိုးပွားလာတာနဲ့ ဆက်စပ်ကြည့်လိုက်တယ်။ ရှားပါးတဲ့ ပါရမီရှင်တွေက အထွတ်အမြတ်မြေအသီးသီးမှာ အများကြီး ပေါက်ဖွားလာကြပြီ
ဒါက ရှုပ်ထွေးပြီး အန္တရာယ်များတဲ့ အချိန်တွေကို ရောက်လာတော့မယ်ဆိုတဲ့ သက်သေတွေပဲ။ နယ်မြေငါးခုမှာ အသန်မာဆုံး ကျင့်ကြံသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဖူကျိက အဲလိုအချက်နဲ့ ပတ်သက်ရင် အရမ်း အလေးအနက်ထားတယ်
ဂရုတစိုက် စဉ်းစားချင့်ချိန်ပြီးနောက် ကျိရှားကျောင်းတော်အတွင်းရှိ ကြီးမားသော ကာကွယ်ရေး အစီအရင်ကို စွမ်းအင်ပမာဏအများကြီး ဖြန့်ကျက်ဖို့အတွက် ဆုံးဖြတ်လိုက်သည်။
ကြီးမားသော ကာကွယ်ရေးအစီအရင်က မဟူရာကောင်းကင်ကျမ်း၏ တားမြစ်အစီအရင်ဖြစ်ပြီး နယ်မြေငါးခုတွင် စွမ်းအားအကြီးဆုံး အံ့ဖွယ်ကာကွယ်ရေး အစီအရင်ဟု သတ်မှတ်ခံထားရသည်။
ဖူကျိက ဤအစီအရင်ဖြင့် အနာဂတ်သို့ ကြိုမြင်လို့ရသည်။ သူ့မှာ အနာဂတ်ကို ကြိုမြင်နိုင်စွမ်း ရှိသည်။
ဒီအံ့ဖွယ် ကာကွယ်ရေးအစီအရင်က တားမြစ်ပညာရပ်တစ်ခု ဖြစ်လို့ ဘယ်သူမှ အသုံးပြုခွင့် မရှိပေ။
အနာဂတ်ကို ကြိုကြည့်ဖို့ ကြိုးစားတဲ့သူတွေအားလုံး မြင့်တဲ့တန်ကြေးကို ပေးရမယ် ဧကရာဇ်တစ်ပါးတောင်မှပေါ့
ဖူကျိကိုယ်တိုင်ပင် လုံးဝ မလိုအပ်ဘဲနှင့် ထိုကဲ့သို့သော ကြီးမားသည့် စွန့်စားမှုမျိုးကို မလုပ်ပေ။
“ ဗြောင်းဆန်တဲ့ အန္တရာယ်တွေ သေချာပေါက် ကျရောက်လာတော့မယ်”
လပေါင်းများစွာ မလှုပ်မယှက်ထိုင်နေသော ဖူကျိက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။
အားလုံးက လှည့်ကာ ဖူကျိကို ကြည့်လိုက်သည့်အခါ အကြည့်ချင်းဆုံသွားကြသည်။
တုန်ခါမှု…
အားလုံး ကြက်သီးမွေးညင်းများ ထသွားသည်ကို ခံစားလိုက်ရသည်။ ဖူကျိ၏ အကြည့်ထဲရှိ တာရှည်ကြောက်ရွံ့မှုက အရမ်း ကြောက်စရာကောင်းလှသည်။
ထိုဉာဏ်ပညာရှိ၊ တည်ငြိမ်ပြီး ကြင်နာတတ်သော ဤအကြီးအကဲက စကြဝဠာတစ်ခုလုံးတွင် ကြောက်စရာအကောင်းဆုံး မြင်ကွင်းတစ်ခု ဖြစ်နေသလို ခံစားရသည်။ သူ့မျက်လုံးထဲကို ကြည့်သောသူ အားလုံးလည်း ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
ဖူကျိက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ သူ၏ ကာကွယ်ရေးအစီအရင်က တားမြစ်ထားသည့် တစ်ခုခုနှင့်ထိတွေ့ကာ အကျိုးဆက်ကို ခံစားနေရသလိုမျိုး ဖြည်းဖြည်းချင်း ကွဲအက်လာသည်။
“ ဟွမ်ရှစ် အဲဒီအလင်းတန်းက ဘာလဲဆိုတာကို မင်းတစ်ယောက်တည်းကပဲ ရှာဖွေနိုင်လိမ့်မယ်”
ဖူကျိ၏ အသံက ခြောက်ကပ်ကွဲရှနေသည်။ သူ့အကြည့်ထဲမှ ကြောက်ရွံ့မှုကလည်း ပုံမှန်အကြည့်အဖြစ်သို့ ပြန်ပြောင်းသွားသည်။
သူ့ဆံပင်များက လုံးဝ နှင်းဖြူရောင် အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ပြာအဖြစ်သို့ ပြိုကွဲသွားသည်။
သူ့ ခန္ဓာကိုယ်လည်း တုန်ခါလာကာ ခြောက်သွေ့သော သစ်ပင်တစ်ပင်အဖြစ် စတင် အသွင်ပြောင်းတော့သည်။
အသက်ရှူထုတ်ချိန် အနည်းငယ်အတွင်းမှာ ဖြစ်သွားသည့်အတွက် အသွင်ပြောင်းခြင်းက အရမ်းလျင်မြန်စွာ ဖြစ်ပျက်သွားသည်။
နယ်မြေငါးခုလုံးရဲ့ စွမ်းအားအကြီးဆုံး ဖြစ်တည်မှုတွေထဲက တစ်ခုနဲ့ ထာဝရဇာမဏီဘုရင်မတောင် လျှော့မတွက်ရဲခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ အစောင့်အရှောက် ကြီးမြတ်တဲ့ ဖူကျိက ခြောက်သွေ့နေတဲ့ သစ်ပင်အဖြစ် ပြောင်းလဲသွားလိုက်တာ
ထိုအခိုက်အတန့်တွင် ကျောင်းသားအားလုံး အံ့ဩမှင်သက်သွားကြသည်။
သူတို့ကလည်း အရည်အချင်းရှိပြီး စဉ်းစားတွေးခေါ်နိုင်သည့်သူများ ဖြစ်သော်လည်း ယခု ဖြစ်ပျက်သွားသည်က သူတို့ စိတ်ကူးယဉ်နိုင်သည်ထက် ကျော်လွန်နေသည်။
ဖူကျိက ဒီလိုပဲ သွားလိုက်ပြီလား
ဂျိန်း…
ရုတ်တရက် ကျိရှားကျောင်းတော်အပေါ်ရှိ အာကာပြင် အေးခဲသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ကျောင်းသားအားလုံး အပြင်ကို ပထုတ်ခံလိုက်ရပြီး ဖူကျိ၏ ခန္ဓာကိုယ်ကို ထပ်ပြီး မမြင်ရတော့ပေ။
ရှေးဟောင်းစင်မြင့်ပေါ်တွင် နောက်ထပ် ပုံရိပ်တစ်ခုပေါ်လာပြီး နတ်ဧကရာဇ် ဝတ်ရုံကို ဝတ်ဆင်ထားပြီး နတ်ဧကရာဇ်ဓားကို ကိုင်ဆောင်ထားသည်။
ထိုသူဆီမှ ပုံရိပ်သဏ္ဌာန်ကိုလည်း မတွေ့ရသလို အရှိန်အဝါကိုလည်း ခံစားလို့မရနိုင်ပေ။ အဲလိုဆိုလျှင်ပင် သူက ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်ကြောင်း ခံစားချက်ကို ပေးစွမ်းနိုင်သေးသည်။
နတ်ဧကရာဇ်က အဝေးမျှော်ကြည့်ရင်း ပျော့ပျောင်းသောအသံဖြင့် ပြောလိုက်သည်
“ ရှုပ်ထွေးမှု အန္တရာယ်တွေက နယ်မြေငါးခုဆီကို ရောက်လာတော့မယ်”
သစ်ပင်ခြောက်ပေါ်တွင် လက်တစ်ဖက်ကို တင်ကာ နတ်ဧကရာဇ်က အဆုံးမဲ့အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်လိုက်ပြီး ကျိရှားကျောင်းတော်တစ်ခုလုံးကို နတ်ဘုရား၏ နန်းဆောင်သဖွယ် ဖန်တီးပေးလိုက်သည်။
ထိုအခိုက်အတန့်တွင် သစ်ပင်ခြောက်မှ လတ်ဆတ်သော အဖူးလေးဖူးလာကာ လျင်မြင်စွာ စတင်ကြီးထွားလာတော့သည်။
အဖြူရောင် မက်မန်းပွင့်က ထိုအညှောင့်အသစ်မှ ပွင့်လာကာ နတ်ဧကရာဇ်၏ လက်ထဲသို့ ကြွေကျသွားသည်။
“ ငါ အဲဒီအလင်းတန်းကို ရှာမယ်လို့ ကတိပေးပါတယ်” နတ်ဧကရာဇ်က ကတိပေးပြီးနောက် အကြည့်များ စူးရှလာကာ ပြောလိုက်သည်
“ ငါ ရှိနေသရွေ့ နယ်မြေငါးခုလုံး ရှုပ်ထွေးတဲ့ အန္တရာယ်ထဲကို လုံးဝ မကျရောက်စေရဘူး”