အလိုလိုက်ခံထားရသောကလေး
Vol. 10 Ch. 138
ရှန်ချိုက်ယွင်က အေးတိအေးစက်လှောင်ပြောင်လိုက်သည်။
"မိန်းကလေး.. ငါက ရှေ့နေတစ်ယောက်နော်။ မင်းရဲ့လုပ်ရပ်တွေက ငါ့သားရဲ့အခွင့်အရေးကို ချိုးဖောက်နေတာနော်။ မင်း ငါ့သားကို အသာတကြည်တောင်းပန်မယ်ဆိုရင် အသာငြိမ်နေပေးမယ်။ မဟုတ်လို့ကတော့ ငါ မင်းကို တရားစွဲပြီး လျော်ကြေးပေးခိုင်းမှာ"
စကားများနေကြသော အသံများကို ကြားသောအခါ မန်နေဂျာမာက အပြေးရောက်ချလာသည်။
ရှန်ချိုက်ယွင်ကို မြင်လိုက်ရချိန်၌ သူက ခပ်မြန်မြန်ပြုံးလိုက်လေသည်။
"မန်နေဂျာရှန်ပါလား။ တောင်းပန်ပါတယ်။ ကျွန်တော်တို့အမှားပါ။ သူတို့ကို ချက်ချင်းတောင်းပန်ခိုင်းလိုက်ပါ့မယ်"
ထိုသို့ပြောပြီးနောက် မန်နေဂျာမာက ယွီကျားနှင့် ထန်းလုဆီသို့ သွားလိုက်လေသည်။
"မင်းတို့နှစ်ယောက်.. မန်နေဂျာရှန်နဲ့သူ့သားကို မြန်မြန်တောင်းပန်လိုက်။ မဟုတ်လို့ကတော့ ငါတို့ ရဲခေါ်လိုက်မှာ"
ထန်းလုမှာ ထိုစကားကြောင့် ဒေါသထောင်းခနဲထွက်သွားချေသည်။
"လုပ်လေ..ရဲခေါ်လိုက်လေ။ ကျွန်မကလည်း အဲဒီလူမိုက်လေးကို ထိပါးနှောင့်ယှက်မှုနဲ့ တရားစွဲမှာ"
မန်နေဂျာမာက ယွီကျားကို တီတိုးကပ်ပြောလိုက်သည်။
"မိန်းကလေး မင်း တောင်းပန်သင့်တယ်နော်။ အဲဒီလူက ဘယ်သူလဲဆိုတာသိလား။ သူက ထိပ်တန်းရှေ့နေရှန်ချိုက်ယွင်ပဲ။ မင်းတို့ သူနဲ့ တရားရင်ဆိုင်မယ်ဆိုရင် နိုင်နိုင်ခြေမရှိဘူး"
ရှန်ချိုက်ယွင်၏နာမည်ကို ကြားလိုက်ရချိန်ဝယ် ယွီကျား၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။
သူ(မ) ယခင်က ရှန်ချိုက်ယွင်နှင့်ပတ်သက်သည့် သတင်းများကို ဖတ်ဖူးထားသည်။ သူ(မ)က လီဟောင်ဥပဒေလုပ်ငန်းစုတွင် ထိပ်တန်းရှေ့နေတစ်ယောက်ဖြစ်ပြီး အမှုတစ်ခုကိုမှ မရှုံးဖူးသေးချေ။
သို့သော် အစောတုန်းက ရှန်ချိုက်ယွင်၏ မောက်မာလှသော အပြုအမူကြောင့် ဒေါသတကြီးပြောလိုက်မိသည်။
"တောင်းပန်ရမယ်တဲ့လား။ မဖြစ်နိုင်တာ။ သူ့သားက ကျွန်မတို့ကို မတောင်းပန်ဘူးဆိုရင် ဒီကိစ္စကို ဒီအတိုင်းမထားနိုင်ဘူး"
ယွီကျားကလည်း သူ့အခွင့်အရေးအတွက် ခုခံကာ ခပ်တင်းတင်းပြောလိုက်သည်။
မာသုန်းကမူ ထိုစကားကြောင့် မျက်မှောင်ကြုတ်လိုက်လေသည်။
"ဒီလိုဆိုရင် ရိုင်းပျမိတဲ့အတွက် ကျုပ်တို့ကို အဆိုးမဆိုပါနဲ့"
ထိုအချိန်မှာပင် အေးစက်စက်လေသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းက ဘယ်လိုရိုင်းပျမှာမို့လို့လဲ"
"မင်းက ဘယ်သူလဲ"
မာသုန်းကလည်း အေးတိအေးစက်ပြန်မေးလိုက်သည်။
"ရေပူစမ်းအပန်းဖြေစခန်းရဲ့မန်နေဂျာတစ်ယောက်အနေနဲ့ မင်း ဖောက်သည်တွေကြားက အချင်းများမှုကို မျှမျှတတဖြေရှင်းပေးသင့်တာလေ။ ဒါပေမဲ့ မင်းပုံစံကို ကြည့်စမ်းပါဦး။ မျက်နှာကြီးရာ ဟင်းဖတ်ပါနေတာပဲ"
"ချာတိတ် မင်းဘာပြောလိုက်တယ်? ငါက ဘက်လိုက်တယ်။ ဒီတော့ဘာဖြစ်လဲ။ ငါ မင်းကိုပြောမယ်။ ဒီနေ့ မင်း မန်နေဂျာရှန်ရဲ့သားကို တောင်းပန်ရမယ်။ မဟုတ်လို့ကတော့ မင်းတို့တွေတစ်ယောက်မှ မပြန်ရဘူး"
ယဲ့ချန်းထံမှ ဖော်ကောင်အလုပ်ခံလိုက်ရသည့်အတွက် မာသုန်းလည်း ဟန်ဆောင်မနေတော့ချေ။
ရှန်ချိုက်ယွင်ကတော့ ဘဝင်ခိုက်သွားလေသည်။
သူ(မ)က ရွှေနဂါးရေပူစမ်းအပန်းဖြေစခန်း၏ ဥပဒေအကြံပေးဖြစ်သောကြောင့် အပန်းဖြေစခန်းဘက်ကလည်း သူ(မ)ဘက်က ရပ်တည်ပေးလိမ့်မည်။
ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်မိသည်။
"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ အခုချက်ချင်း ဒီကလေးကို မိန်းကလေးယွီကိုတောင်းပန်ဖို့ ပြောလိုက်"
"ဟားဟားဟား..မင်းကိုယ်မင်း ဘယ်သူများထင်နေတာလဲ။ ငါပြောမယ်။ မန်နေဂျာရှန်က ငါတို့ရွှေနဂါးရေပူစမ်းအပန်းဖြေစခန်းရဲ့ ဥပဒေအကြံပေးပဲ။ မင်း ထောင်ထဲမဝင်ချင်ရင် ဝင်မရှုပ်တာကောင်းမယ်"
ရှန်ချိုက်ယွင်လည်း အေးစက်စက်ခွန်းတုံ့ပြန်လိုက်သည်။
"ချာတိတ်.. မင်းပြောသမျှစကားတိုင်းကို ငါ မှတ်တမ်းတင်ထားတယ်နော်။ မင်းက လူ့အခွင့်အရေးကို ချိုးဖောက်ထားတာ။ ငါ မင်းတို့ကို တရားစွဲလို့ရတယ်"
ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။ ဖုန်းခေါ်ဆိုသူကား နံပါတ်စိမ်းတစ်ခု ဖြစ်နေချေသည်။ ဖုန်းကိုင်လိုက်ချိန်တွင် အလွန်တရာ တလေးတစားနိုင်လှသော လေသံတစ်ခု ထွက်ပေါ်လာသည်။
"ဟယ်လို မစ္စတာယဲ့လား။ ကျွန်တော်က ရွှေနဂါးရေပူစမ်းအပန်းဖြေစခန်းရဲ့ အထွေထွေမန်နေဂျာသုန်းဟောင်ပါ။ ခင်ဗျားက ကျွန်တော်တို့ရေပူစမ်းအပန်းဖြေစခန်းရဲ့ပိုင်ရှင်ဖြစ်သွားပြီလို့ အခုပဲသတင်းရလို့"
"မန်နေဂျာသုန်း. ခင်ဗျား ဒီကိုလာလိုက်တာ ပိုကောင်းမယ်။ ကျုပ်က ခင်ဗျားတို့ရဲ့ရေပူစမ်းမှာ ရောက်နေတာ"
"အာ..ဟုတ်ကဲ့ပါ။ ကျွန်တော် ချက်ချင်းလာခဲ့ပါ့မယ်"
မန်နေဂျာသုန်း!
မာသုန်း၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားချေသည်။
ဤလူက မန်နေဂျာသုန်းကို သိနေတာများလား?
သို့သော် အနီးအနားရှိ ရှန်ချိုက်ယွင်ကိုမြင်သောအခါ သူ့စိတ်ဖိစီးမှုများလည်း ကင်းဝေးသွားရသည်။
မန်နေဂျာသုန်း ရောက်လာတော့ရော ဘာဖြစ်လဲ? သူက မန်နေဂျာရှန်နဲ့ ဆက်ဆံရေးကောင်းတယ်လေ..
မန်နေဂျာသုန်း ရောက်လာခဲ့ရင်တောင် သူတို့ဘက်က နေပေးမှာပဲ...
သိပ်မကြာခင်မှာပင် ဝဖိုင့်ဖိုင့်အမျိုးသားတစ်ယောက်က အပြေးရောက်ချလာသည်။
ရှန်ချိုက်ယွင်ကလည်း သုန်းဟောင်ကိုမြင်လိုက်ချိန်ဝယ် ကျောထောက်နောက်ခံတစ်ယောက်ကို မြင်လိုက်ရသည့်အလား ဝမ်းသာသွားသည်။
"မန်နေဂျာသုန်း.. ရှင် ကျွန်မဘက်က နေပေးရမယ်နော်။ ရှင့်တူလေးက ရှင့်ရဲ့ရေပူစမ်းအပန်းဖြေစခန်းမှာတင် အနိုင်ကျင့်ခံလိုက်ရတာ"
သို့သော် သုန်းဟောင်က ရှန်ချိုက်ယွင်ကို လျစ်လျူရှုထားပြီး အခြားလူများဆီသို့ အကြည့်ဝေ့လိုက်လေသည်။
မကြာခင်မှာပင် သူ့အကြည့်က ယဲ့ချန်းထံသို့ ကျရောက်သွား၏။
ယခင်က ယဲ့ချန်းကို မမြင်ဖူးသော်ငြား အရှိန်အဝါကိုကြည့်ရုံမျှဖြင့် ဤလူက ဘော့စ်ဖြစ်နိုင်ကြောင်း သူ ခံစားမိသည်။
"တစ်ဆိတ်လောက်.. ခင်ဗျားက မစ္စတာယဲ့လား"
သုန်းဟောင်ခမျာ မဝံ့မရဲမေးလိုက်ချေသည်။
"ဟုတ်တယ်။ ငါပဲ"
သုန်းဟောင်က ခပ်မြန်မြန်ပင် လက်ဆန့်ထုတ်ပြီး ပြောလိုက်၏။
"မစ္စတာယဲ့.. လာလည်မဲ့အကြောင်း ကြိုပြောထားရောပေါ့။ ကျွန်တော်ကိုယ်တိုင် လာကြိုမှာပါ"
သုန်းဟောင်က သူ(မ)ကို လျစ်လျူရှုထားပြီး ထိုလူငယ်လေးကိုခယနေကြောင်း ရှန်ချိုက်ယွင် မြင်လိုက်ရသည်။ ရုတ်ခြည်းဆိုသလို သူ(မ) အနည်းငယ်ရတက်မအေးဖြစ်သွားရသည်။
"ဟမ့်..ငါက မိတ်ဆွေတွေနဲ့အတူ ဒီကိုလာခဲ့တာ။ ဒါပေမဲ့ မန်နေဂျာမာကတော့ ငါတို့ကို လုံခြုံရေးနဲ့ မောင်းထုတ်ခိုင်းချင်နေတာ"
သုန်းဟောင်၏အမူအရာမှာ ထိုစကားကြောင့် အနည်းငယ်ပြောင်းလဲသွားသည်။ ထို့နောက် မာသုန်းကို သူ ကြည့်လိုက်မိသည်။
ယခုဆိုလျှင် ယဲ့ချန်းက ရေပူစမ်းအပန်းဖြေစခန်း၏ပိုင်ရှင် ဖြစ်သွားလေပြီ။ သူတို့အားလုံးက ယဲ့ချန်း၏ဝန်ထမ်းများပင်။
ပွင့်ပွင့်လင်းလင်းပြောရပါက ယဲ့ချန်းထံမှ စကားတစ်ခွန်းထွက်လိုက်သည်နှင့် သူတို့အားလုံး အလုပ်ပြုတ်သွားနိုင်သည်။
သုန်းဟောင်လည်း ခပ်တင်းတင်းမေးလိုက်လေသည်။
"မာသုန်း ဘာဖြစ်တာလဲ"
မာသုန်း၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားပြီးနောက် ထိုဖြစ်ရပ်ကို ပြောပြလိုက်ချေသည်။
သုန်းဟောင်က မာမာထန်ထန်ပြောလာ၏။
"မန်နေဂျာရှန်.. ခင်ဗျားသားကို အခုချက်ချင်း မိန်းကလေးယွီကို တောင်းပန်ခိုင်းလိုက်ပါ"
"ကျွန်မသားက ဘာလို့တောင်းပန်ရမှာလဲ"
ရှန်ချိုက်ယွင်က အမြီးတက်နင်းခံလိုက်ရသည့် ခွေးတစ်ကောင်အလား အော်ဟစ်လိုက်သည်။
သုန်းဟောင်ကလည်း ချက်ကျလက်ကျပြန်ပြောသည်။
"ဘာလို့လဲဆိုတော့ သူက ဥက္ကဋ္ဌယဲ့ရဲ့မိတ်ဆွေမို့လို့ပဲ။ ဥက္ကဋ္ဌယဲ့က ရေပူစမ်းအပန်းဖြေစခန်းရဲ့ပိုင်ရှင်"
ရှန်ချိုက်ယွင်ခမျာ အကြောင်သားဖြစ်သွားရသည်။
ဤလူငယ်လေးက ရေပူစမ်းအပန်းဖြေစခန်း၏ပိုင်ရှင် ဖြစ်နေလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားပေ။
ယဲ့ချန်းက အေးတိအေးစက်ပြောလိုက်သည်။
"မန်နေဂျာသုန်း.. မာသုန်းပြောတာတော့ ရှန်ချိုက်ယွင်က ကျုပ်တို့ရေပူစမ်းအပန်းဖြေစခန်းရဲ့ ဥပဒေအကြံပေးဆို။ အဲဒါ အမှန်ပဲလား"
သုန်းဟောင် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ် ဥက္ကဋ္ဌယဲ့"
ယဲ့ချန်းက အမှုမထားဟန်ဖြင့် ဆိုလိုက်၏။
"ဥပဒေလုပ်ငန်းစုကို ပြောင်းပစ်လိုက်။ ဒီမိန်းမက အကျင့်စရိုက်ပိုင်းဆိုင်ရာမှာ ပြဿနာရှိတယ်။ ဒီတော့ ကျုပ်တို့ရဲ့ ဥပဒေအကြံပေးရာထူးနဲ့ မသင့်တော်ဘူး"
ရှန်ချိုက်ယွင် ကြောင်အသွားချေသည်။
ယနေ့ ဒိတ်ဒိတ်ကြဲအမှုသည်တစ်ယောက်ကို သူ(မ) လက်လွတ်ဆုံးရှုံးထားရသည်။ ရွှေနဂါးရေပူစမ်းအပန်းဖြေစခန်းက သူ(မ)၏ အဓိကအမှုသည်ဖြစ်သည့်အတွက် သူတို့အမြတ်ငွေ၏ ဆယ်ရာခိုင်နှုန်းလောက်က ဤလုပ်ငန်းကို အမှီပြုနေရခြင်းပင်။
ပူးပေါင်းဆောင်ရွက်မှုကိုသာ ဖျက်သိမ်းလိုက်ပါက သူတို့၏ဥပဒေလုပ်ငန်းစုလည်း အကြီးအကျယ်နစ်နာရပေလိမ့်မည်။
"မစ္စတာယဲ့ ရှင် ဒီလိုလုပ်လို့မရဘူးလေ"
ရှန်ချိုက်ယွင်က ပြောလိုက်၏။
"ဘာလို့မရရမှာလဲ။ ကျုပ်တို့ရဲ့ဥပဒေအကြံပေးက ဥပဒေပိုင်းဆိုင်ရာမှာတင် ထူးချွန်ထက်မြက်နေရမှာမဟုတ်ဘူး။ အကျင့်စရိုက်လည်း ကောင်းမွန်ရမှာ။ ခင်ဗျားမှာ အဲဒီလိုအရည်အချင်းမျိုးမရှိဘူး"
ယဲ့ချန်း၏စကားကိုကြားသော် ရှန်ချိုက်ယွင်မှာ အံတင်းတင်းကြိတ်လိုက်မိသည်။
"မစ္စတာယဲ့.. ရှင် သိပ်လွန်လာပြီနော်။ စောင့်ကြည့်နေလိုက်"
ဒေါသူပုန်ထနေသော ရှန်ချိုက်ယွင်က သူ(မ)၏သားကို ဆွဲခေါ်သွားချေသည်။
မာသုန်းခမျာတော့ အလွန်နေရခက်နေပေသည်။
"ဥက္ကဋ္ဌယဲ့..ခုနတုန်းက ကျွန်တော်.."
ယဲ့ချန်းက အေးတိအေးစက် ခွန်းတုံ့ပြန်လိုက်သည်။
"ခင်ဗျားရဲ့လုပ်ရည်ကိုင်ရည်က သိပ်မပြည့်ဝတဲ့အတွက် ရေပူစမ်းအပန်းဖြေစခန်းရဲ့ လက်ထောက်မန်နေဂျာရာထူးနဲ့ မကိုက်ညီဘူး။ ထွက်သွားပေးပါ"
မာသုန်း၏မျက်နှာကား ဖြူရော်သွားပြီး ခန္ဓာကိုယ်ကလည်း ကြမ်းပြင်ပေါ်သို့ ပုံခနဲလဲကျသွားသည်။
အစတုန်းကတော့ ရှန်ချိုက်ယွင်ကို မျက်နှာသာပေးပြီး မျက်နှာလိုမျက်နှာရလုပ်ချင်ခဲ့သော်လည်း ဘာမှမရလိုက်သည့်အပြင် အလုပ်ပါပြုတ်သွားလိမ့်မည်ဟု လုံးဝမထင်ထားပေ။
ယွီကျားက ယဲ့ချန်းအား ကျေးဇူးတင်စကားပြောလိုက်သည်။
"ယဲ့ချန်း ကျေးဇူးတင်ပါတယ်။ ဒီနေ့ ရှင်ကယ်ပေလို့ပဲ။ မဟုတ်ရင် အဲဒီမိန်းမက မဖြစ်နိုင်တာတွေကို လာတောင်းဆိုနေတော့မှာ"
ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။
"ရပါတယ်။ မင်းက ထန်းလုရဲ့သူငယ်ချင်းဆိုတော့ ငါ့သူငယ်ချင်းပဲလေ"
ရှန်ချိုက်ယွင်ကတော့ ခက်ထန်မာကြောသော မျက်နှာထားဖြင့် ကားမောင်းနေလေသည်။
သူ(မ)၏သားက အနောက်ခန်းထဲတွင် စူပုတ်ပုတ်လုပ်၍ ဒေါသတကြီးပြောလိုက်သည်။
"အမေ ဘာလို့လဲ။ ကျွန်တော်က တမင်လုပ်လိုက်တာမဟုတ်ပါဘူး။ ဘာလို့တောင်းပန်ရမှာလဲ။ ကျွန်တော့်သူငယ်ချင်းတွေရှေ့မှာ အရှက်ကွဲခဲ့ရတာနော်။ အမေ.. အမေက ထိပ်တန်းရှေ့နေမဟုတ်ဘူးလား။ ကျွန်တော်အနိုင်ကျင့်ခံနေရတာကို ဘာလို့မကာကွယ်ပေးရတာလဲ"
ရှန်ချိုက်ယွင်ကလည်း အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"ငါ့သား စိတ်ချထားလိုက်။ ဒီကိစ္စက ဒီမှာတင်မပြီးဘူး"
ဝူပင်း၏မျက်နှာထက်တွင် အောင်နိုင်သူတစ်ယောက်အလား ပြုံးလိုက်လေမှန်း သူ(မ) သတိမထားမိပေ။
သူ(မ)၏သားကို ဖန်ပြွန်သန္ဓေသားနည်းလမ်းဖြင့် ကိုယ်ဝန်ဆောင်ခဲ့ရခြင်းဖြစ်၏။ သို့ဖြစ်လေရာ ရှန်ချိုက်ယွင်ဟာ ငယ်စဉ်ကတည်းက သူ့အား အလိုလိုက်ထားခဲ့သည်။
ထို့ကြောင့်လည်း ဝူပင်းက သူ့အရှုပ်ထုပ်ကို သူ့အမေလိုက်ရှင်းပေးမည်ဖြစ်ကြောင်း သိနေသဖြင့် မကြာခဏဆိုသလို သူ့စိတ်တိုင်းကျ ပြုမူတတ်သည်။
ယနေ့တွင်လည်း သူ့သူငယ်ချင်းများရှေ့တွင် ကြွားဝါရန်အတွက် ယွီကျားအနားသို့ တမင်တကာချဉ်းကပ်ပြီး သူ(မ)အား ထပ်ခါတလဲလဲထိပါးနှောင့်ယှက်ခဲ့ခြင်းပင်။ အဆုံးမှာတော့ ယွီကျားလည်း သည်းခံနိုင်စွမ်းကုန်သွားပြီး သူ့အား ရေထဲက ဆွဲထုတ်ပစ်ခဲ့သည်။
ထုံးစံအတိုင်း သူ့လှည့်ကွက်များက အလုပ်ဖြစ်၏။ သူ့အမေကို ကောင်းကောင်းကြီး လှည့်စားနိုင်ခဲ့သည်။
သူ့အမေရှိနေသရွေ့ အရာအားလုံး အဆင်ပြေလိမ့်မည်ဟု ဝူပင်း ယုံကြည်ထားသည်။
*****************