← Chapters

ရှင်က ကျွန်မရဲ့မိသားစုပါ သခင်လေး

Vol. 10 Ch. 143

ရှင်က ကျွန်မရဲ့မိသားစုပါ သခင်လေး

Vol. 10 Ch. 143

တောက်ပသောလရောင်က ပြတင်းပေါက်အကွက်လေးများမှတစ်ဆင့် ဖြာကျနေပြီး အခန်းထဲတွင် ဖယောင်းမီးကလည်း တဖျပ်ဖျပ်လင်းလက်နေချေသည်။

ယဲ့ချန်းနှင့် လင်းဝမ်ယိုတို့က ထမင်းစားပွဲတွင် ထိုင်နေသည်။

"ဝမ်ယို..ဒါက မင်းအတွက်..ငါ့ကို တစ်လျှောက်လုံးစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းက သူ့ဝိုင်ခွက်ကိုမြှောက်၍ လေးလေးနက်နက်ပြောလိုက်၏။

လင်းဝမ်ယို၏မျက်နှာထက်တွင်လည်း ကျေးဇူးတင်ရိပ်တစ်ခု ပေါ်ပေါက်လာသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး.. စကားနဲ့တင် ကျွန်မ ကျေနပ်ပါတယ်"

တကယ်တမ်းတွင် သူ(မ) လူအိုကြီးတစ်ယောက်ကို ခစားရလိမ့်မည်ဟု လင်းဝမ်ယို ထင်ထားခဲ့သည်။

ပိုင်ဆိုင်မှုအများကြီးကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ဟွားအိမ်တော်နံပါတ်တစ်ဗီလာကို ဝယ်ယူနိုင်သူမှာ ချောမောခန့်ညားပြီး ညင်သာသိမ်မွေ့ကာ စဉ်းစားတွေးခေါ်တတ်သော လူငယ်လေးတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်မထားချေ။

ဤသည်မှာ တစ်စုံတစ်ယောက်ထံမှ ဂရုစိုက်ခံရသည့် ပထမဆုံးအကြိမ်လည်းဖြစ်၏။

ထို့ကြောင့် လင်းဝမ်ယိုက ယဲ့ချန်းကို သူ(မ)၏လက်ကျန်ဘဝတစ်လျှောက်လုံး စိတ်ရောကိုယ်ပါ ခစားသွားမည်ဟု တိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်သည်။

နှစ်ယောက်သားက စားသောက်ကာ စကားစမြည်ပြောဆိုရင်း လင်းဝမ်ယိုက ရုတ်တရက်ကြီးပြောလိုက်သည်။

"သခင်လေး..ကျွန်မ ရှင့်အတွက် သီချင်းတစ်ပုဒ်လောက် ဖျော်ဖြေပေးပါရစေ"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်လေရာ လင်းဝမ်ယိုက အဖြူရောင်စန္ဒရားကြီးရှေ့တွင် ဝင်ထိုင်လိုက်သည်။

သွယ်လျလှသော သူ(မ)၏ လက်ချောင်းလေးများက စန္ဒရားထက်တွင် ပြေးလွှားကခုန်လိုက်ချိန်ဝယ် ခလုတ်များမှတစ်ဆင့် သာယာနာပျော်ဖွယ်တေးသံတစ်သံ ထွက်ပေါ်လာသည်။

လင်းဝမ်ယို၏ စန္ဒရားတီးဖျော်ဖြေမှုကို ယဲ့ချန်းသဘောကျပြီး ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်၏။

ဤကျွမ်းကျင်မှုဖြင့်ဆိုပါက သူ(မ) ကမ္ဘာ့အဆင့်ကျွမ်းကျင်ပညာရှင်ဖြစ်နေလောက်ပြီမဟုတ်လား။

တေးသံအဆုံးသတ်သွားပြီးနောက်တွင် ယဲ့ချန်းလည်း လက်ခုပ်တီးလိုက်သည်။ လင်းဝမ်ယိုက ခပ်ဖွဖွပြုံး၏။

"အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေး"

ယဲ့ချန်းက စိတ်ဝင်တစားမေးလိုက်သည်။

"ဝမ်ယို.. ငါ အရမ်းသိချင်တာကလေ..မင်းက ဂီတရော စစ်တုရင်ရော လက်ရေးလှပညာရော ပန်းချီရော အချက်အပြုတ်အပြင် တခြားဟာတွေအားလုံးမှာပါ ဘာလို့ကျွမ်းကျင်နေတာလဲ"

လင်းဝမ်ယို ရယ်မောလိုက်မိသည်။

"ကျွန်မက မူလတန်းကျောင်းသားဘဝကတည်းက ရွေးချယ်ခံခဲ့ရတာ။ အဲဒီနောက် အနီးကပ်ပညာရေးစနစ်ကို ရရှိခဲ့ပြီး တစ်နေ့နေ့မှာ ထိပ်တန်းအိမ်တော်ထိန်းတစ်ယောက်ဖြစ်လာဖို့အတွက် ငယ်ငယ်လေးကတည်းက ကျွမ်းကျင်မှုအမျိုးမျိုးကို သင်ယူလေ့လာခဲ့ရတာ"

ယဲ့ချန်းလည်း စုတ်သပ်လိုက်မိသည်။

လင်းဝမ်ယိုက ပညာရပ်အမျိုးမျိုးတွင် ကျွမ်းကျင်နေသည်ဖြစ်ရာ သူ(မ) ဤနှစ်များအတွင်း မည်မျှဒုက္ခခံခဲ့ရသလဲဆိုတာကို တွေးကြည့်နိုင်ပေသည်။

ယဲ့ချန်းလည်း တဟားဟားရယ်လျက် ပြောလိုက်လေသည်။

"ဒါဆို ငါလည်း မင်းအတွက် စန္ဒရားတီးပြမယ်"

ဤသို့ဖြင့် ယဲ့ချန်းလည်း စန္ဒရားနားသို့ လျှောက်လာခဲ့လိုက်သည်။ ယဲ့ချန်းက သူ(မ)အတွက် စန္ဒရားတီးပေးမည်ဟု ကြားလိုက်ရသောအခါ လင်းဝမ်ယိုလည်း အံ့အားသင့်သွားရသည်။

ယဲ့ချန်းထံတွင် အလုပ်မလုပ်ခင်တုန်းက သူ(မ) သူနှင့်ပတ်သက်သော အချက်အလက်များကို ဖတ်ထားခဲ့သည်။ ထိုအချက်အလက်များထဲတွင် ယဲ့ချန်း စန္ဒရားတီးတတ်ကြောင်း မဖော်ပြထားပေ။

ယဲ့ချန်း စန္ဒရားရှေ့တွင်ထိုင်ချလိုက်ချိန်ဝယ် လရောင်က သူ့မျက်နှာထက်သို့ ကျရောက်လာသည်။ ထိုအခိုက်မှာပင် လင်းဝမ်ယို ကြက်သေသေသွားရသည်။

ယဲ့ချန်းက စင်စစ်ချောမောခန့်ညားလှသည်ဖြစ်ရာ သူ့အရှိန်အဝါကလည်း ကောင်းကင်ဘုံမှ ဆင်းသက်လာသော အမတတစ်ပါးနှင့် အလားသဏ္ဍာန်တူလှပေသည်။

နတ်သက်ကြွေလာသော နတ်ဘုရားတစ်ပါးပင်တည်း။

လင်းဝမ်ယိုလည်း မသိလိုက်မသိဘာသာဖြင့် ဤအမျိုးသားကို ကြွေဆင်းသွားရလေသည်။

စန္ဒရားသံထွက်ပေါ်လာသောအခါ ယဲ့ချန်း၏တီးခတ်မှုကို နားထောင်ရင်း လင်းဝမ်ယို ပိုအံ့ဩသွားရသည်။ စန္ဒရားသံကား အလွန်သာယာလှချေသည်။

လင်းဝမ်ယိုကို အံ့အားသင့်စေသောအရာမှာ ဤတေးသံကို သူ(မ) ဘယ်မှာမှမကြားဖူးခြင်းပင်။ ဤမျှသာယာနာပျော်ဖွယ်ကောင်းသော စန္ဒရားတေးသံကို သူ(မ) ဘယ်လိုလုပ်ပြီးမကြားဖူးရလေသလဲ။

လေ့ကျင့်ရေးစခန်းတွင် နေခဲ့ရစဉ်အတောအတွင်း လင်းဝမ်ယိုက တစ်နေ့ကို တစ်နာရီလောက် စန္ဒရားတီးခတ်တတ်သည်ဖြစ်ရာ ကမ္ဘာကျော်တေးသံများအားလုံးနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားပင်။

သို့သော် ယခုမူ ယဲ့ချန်းတီးခတ်နေသည့် တေးသံကို သူ(မ) လုံးဝမရင်းနှီးချေ။

တေးသံအဆုံးသတ်သွားသောအခါ လင်းဝမ်ယိုလည်း လက်ခုပ်မတီးဘဲ မနေနိုင်ချေ။

"သခင်လေးရဲ့တေးသွားက အရမ်းနားထောင်လို့ကောင်းတာပဲ။ ဒါပေမဲ့ ကျွန်မ ဒီတေးသွားကို တစ်ခါမှမကြားဖူးဘူး။ ဒါကို ဘယ်လိုခေါ်လဲဟင်"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"ဒီတေးသွားကို "Für Elise"လို့ ခေါ်တယ်"

"Für Eliseလား"

လင်းဝမ်ယို တဒင်္ဂမျှ မှင်တက်သွားရသည်။

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ဒီတေးသွားကို ငါကိုယ်တိုင်ရေးစပ်ထားတာ"

ယဲ့ချန်းက ဤတေးသွားကို ယခင်ဘဝတုန်းက ကြားဖူးထားသည်ဖြစ်ရာ ဤအကြောင်းကို လင်းဝမ်ယိုအား ရှင်းပြ၍မရနိုင်ချေ။ ထို့ကြောင့် သူကိုယ်တိုင်ရေးစပ်ထားသည်ဟုသာ ပြောလိုက်ရသည်။

လင်းဝမ်ယို ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"သခင်လေးက ဒီလောက်အထိအရည်အချင်းရှိလိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး။ ဒီလောက်လှတဲ့တေးသွားကိုတောင် ရေးစပ်နိုင်တယ်"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"မင်းသဘောကျရင် ငါ မင်းအတွက် အချိန်မရွေးတီးပြပေးနိုင်ပါတယ်.."

အင်း!

လင်းဝမ်ယိုလည်း ယဲ့ချန်းအနားသို့ မှီတွယ်ကာ သူ့ပါးပြင်ကို ရုတ်တရက်အနမ်းခြွေလိုက်သည်။

"သခင်လေး.. ကျွန်မက ရှင့်ရဲ့အစေခံသက်သက်ပဲဆိုပေမဲ့ ကျွန်မ.."

ယဲ့ချန်းက လင်းဝမ်ယိုကို သူ့ရင်ခွင်ထဲသို့ ချက်ချင်းဆွဲသွင်းလိုက်သည်။

"ငါတို့က ဘယ်ခေတ်မှာနေနေတာမို့လို့လဲ။ မင်းက သခင်တွေ အစေခံတွေအကြောင်း လာပြောနေတယ်.."

လင်းဝမ်ယို၏မျက်ဝန်းထဲဝယ် မျက်ရည်များ ဝဲတက်လာသည်။

သူ(မ) မှတ်မိသလောက်ဆိုလျှင် ယဲ့ချန်းက သူ(မ)အပေါ် အကောင်းဆုံးပင်။ လင်းဝမ်ယိုလည်း ယဲ့ချန်း၏ရင်ခွင်ထဲသို့ ခေါင်းမမှီဘဲ မနေနိုင်တော့ချေ။

"သခင်လေး.. ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ"

"ဟားဟား စကားမစပ် ဝမ်ယို..မင်းမှာ မိသားစုဝင်ရှိလား"

ယဲ့ချန်း သိလိုစိတ်ဖြင့် မေးလိုက်မိသည်။

လင်းဝမ်ယိုကတော့ ခေါင်းခါပြသည်။

"ကျွန်မက မိဘမဲ့တစ်ယောက်လေ။ မိဘမဲ့ဂေဟာမှာပဲ ကြီးပြင်းလာခဲ့တာ။ အခုကစပြီး သခင်လေးက ကျွန်မရဲ့မိသားစုပါပဲ"

သူတို့နှစ်ယောက်သား ဝိုင်တွေအများကြီးသောက်လိုက်ကြသည်။ ထိုညတုန်းက ယဲ့ချန်းသည် လင်းဝမ်ယိုအား အိပ်ခန်းထဲသို့ ချီပွေ့သွားခဲ့သည်။

...

နောက်တစ်နေ့ ယဲ့ချန်း အိပ်ရာနိုးလာသောအခါ လင်းဝမ်ယိုက ထွက်သွားနှင့်နေပြီဖြစ်၏။ အပြင်ဘက်မှ အရသာရှိလှသော အမွှေးရနံ့လေးတစ်ခု ထွက်ပေါ်လာသည်။

ဤမိန်းကလေးက စောစောအိပ်ရာထပြီး သူ့အတွက် မနက်စာလုပ်ပေးနေခြင်းပင်။ သူ့ဘေးတွင် ထိုကဲ့သို့သော အမျိုးသမီးတစ်ယောက်ရှိနေခြင်းကြောင့် ယဲ့ချန်း အလွန်ပျော်ရွှင်မိသည်။

လွန်ခဲ့သည့်တစ်လခန့်က သူ့မှာ အသင့်စားခေါက်ဆွဲကို စားသောက်ရင်း အငှားတိုက်ခန်းလေးထဲမှာ လဲလျောင်းနေခဲ့ရသည်။ ယခုမူ ဘဝက ကောင်းချီးအဖြာဖြာနှင့် ပြည့်စုံသွားလေပြီ။

ယဲ့ချန်း မနက်စာစားပြီးသောအခါ ကားထဲသို့ဝင်ပြီးချိန်မှာပင် စုန့်ဇစ်ချီထံမှ ဖုန်းဝင်လာသည်။ု

"မစ္စတာယဲ့.. ကျွန်မ တက္ကစီငှားလို့ရမလား။ အအိပ်လွန်သွားပြီး နာရီနှိုးစက်သံကို မကြားမိလိုက်လို့ အလုပ်နောက်ကျနေပြီ"

ယဲ့ချန်း ရယ်လိုက်မိ၏။

"ပြဿနာမရှိပါဘူး"

ဆယ်မိနစ်ကြာသော် စုန့်ဇစ်ချီ၏အိမ်သို့ ယဲ့ချန်း ရောက်လာလေသည်။

စုန့်ဇစ်ချီ အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသဖြင့် အလွန်လန်းဆန်းတက်ကြွနေသည်။

"ကြောင်ငပျင်းမလေး.. မနေ့ညတုန်းက ညနက်မှအိပ်ရာဝင်ပြန်ပြီမလား"

ယဲ့ချန်း စနောက်လိုက်သည်။

"ဟုတ်တယ်။ ကျွန်မ မနေ့တုန်းက အမှုတစ်ခုလိုက်နေတာလေ။ အဲဒါနဲ မနက်နှစ်နာရီသုံးနာရီအထိ အိပ်လို့မရခဲ့ဘူး"

သူလည်း အလုပ်လုပ်ခါစတုန်းက စာရွက်စာတမ်းများကို အမြန်လက်စသတ်ရန်အတွက် မကြာခဏညဉ့်နက်သည်အထိ အလုပ်လုပ်ခဲ့ရကြောင်း ယဲ့ချန်း သတိရလိုက်မိသည်။

"မင်း အသက်ငယ်နေသေးတယ်ဆိုရင်တောင် ကျန်းမာရေးတော့ ဂရုစိုက်သင့်တယ်နော်"

"အင်း ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့"

ယဲ့ချန်းက အသင့်စားစားသောက်ဆိုင်တစ်ခုရှေ့တွင် ကားရပ်လိုက်သည်။

"ကဲ မင်းကို မနက်စာစားဖို့ ခေါ်သွားပေးမယ်"

"မစားတော့ဘူး။ နောက်ကျလိမ့်မယ်"

ယဲ့ချန်းမှာ တခစ်ခစ်ရယ်လျက် ပြောလိုက်သည်။

"မင်းက ငါ့အချိတ်အဆက်ရှိနေပြီးသားလေ။ ဒီတော့ မင်းက ငါ့အတွင်းရေးမှူးလို့ပဲ ပြောလို့ရတယ်။ ငါ့ကိုအဖော်ပြုပေးရမှာ မင်းအလုပ်ပဲလေ"

ဤသို့ဖြင့် ယဲ့ချန်းက ကျောက်ချီကန်ကို ဖုန်းဆက်လိုက်သည်။

"ဥက္ကဋ္ဌကျောက်.. ဇစ်ချီက ကျွန်တော်နဲ့အတူ ရှိနေတာနော်။ သူ ဒီနေ့ နည်းနည်းနောက်ကျလိမ့်မယ်"

ကျောက်ချီကန်က ရယ်လိုက်လေသည်။

"ဥက္ကဋ္ဌယဲ့..ကိစ္စမရှိပါဘူး။ ကျွန်တော် HRဌာနကို အကြောင်းကြားထားလိုက်မယ်။ အခုကစပြီး ဇစ်ချီကို ရုံးတက်ရုံးဆင်းချိန် တင်းကျပ်စရာမလိုဘူးလို့"

ယဲ့ချန်းလည်း ဖုန်းချပြီးနောက် ပြောလိုက်သည်။

"ကဲ ပြဿနာရှင်းပြီးသွားပြီ"

စုန့်ဇစ်ချီကလည်း ဝမ်းပန်းတသာပြောလိုက်သည်။

"ဒါဆို ကျွန်မ နေ့တိုင်း နောက်ကျတဲ့အထိ အိပ်လို့ရပြီပေါ့"

"အိပ်မက်မက်နေလိုက်လေ။ မဟုတ်ရင်လည်း.."

စုန့်ဇစ်ချီက အေးတိအေးစက်သရော်လိုက်သည်။

"ရှင်က ကျွန်မကို အပိုင်သိမ်းထားမလို့ တွေးနေတာလား။ မရဘူးနော်။ ကျွန်မက တတိယမြောက်မယားငယ်အဖြစ်မခံနိုင်ဘူး။ မိန်းမတွေက ကိုယ့်ဘဝကိုယ် ထိန်းချုပ်ခွင့်အပြည့်ရသင့်တယ်"

ထိုအချိန်မှာပင် စုန့်ဇစ်ချီက ဘေးစားပွဲရှိ အမျိုးသမီးတစ်ယောက်ကို ရုတ်တရက်လှမ်းကြည့်လိုက်မိသည်။

အသက်နှစ်ဆယ်ခန့်ရှိသော ထိုအမျိုးသမီးက ဖုန်းပြောရင်း အာလူးချောင်းကြော် စားနေလေသည်။

"သာ့ကျွမ်း နောက်တစ်လလောက်စောင့်ဦး။ ငါ အဲဒီအဘိုးကြီးကို အပိုင်ချုပ်ထားပြီးပြီ။ ငါ့ကိုလက်ထပ်မယ်လို့လည်း သူသဘောတူထားပြီးပြီ။ သူ့ကို သေတမ်းစာရေးခိုင်းပြီးရင် အဲဒီစံအိမ်ကြီးက ငါ့အပိုင်ဖြစ်လာတော့မှာ"

"ဟားဟား.. ငါ့အစား အဲဒီအဘိုးကြီးကို ခြောက်လှန့်ပေးခဲ့တဲ့ ဟိုရှေ့နေကောင်မလေးကို ကျေးဇူးတင်ရမှာပဲ။ အဲဒီသေခါနီးအဘိုးကြီးက အချစ်စစ်နဲ့တွေ့ရပြီလို့ထင်နေတာ။ အမလေး ရယ်ရလိုက်တာ"

ထိုအမျိုးသမီးကိုမြင်သော် စုန့်ဇစ်ချီ၏မျက်နှာကား သိသိသာသာပြောင်းလဲသွားသည်။

ယဲဲ့ချန်း မေးကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

စုန့်ဇစ်ချီ၏အမူအရာမှာ အသာမယာဖြစ်နေလေသည်။

"ဥက္ကဋ္ဌယဲ့.. ကျွန်မတော့ လူဆိုးဖြစ်ပြီထင်တယ်။ ကျွန်မ လှည့်စားခံလိုက်ရပြီ"

****************

All Chapters