← Chapters

လက်ဖက်စိမ်းမ

Vol. 10 Ch. 144

လက်ဖက်စိမ်းမ

Vol. 10 Ch. 144

ယဲ့ချန်း တဒင်္ဂမျှကြက်သေသေသွားပြီးနောက် ပြောလိုက်၏။

"ဘာဖြစ်တာလဲ"

ထိုအချိန်တွင် တစ်ဖက်အမျိုးသမီးက စားသောက်ပြီးစီးသွားသဖြင့် လက်ကိုင်ပဝါဖြင့် ပါးစပ်သုတ်ကာ အပြင်သို့ထွက်သွားလေသည်။

စုန့်ဇစ်ချီလည်း ခပ်မြန်မြန်ခေါင်းငုံ့ထားလိုက်သည်။ ထိုအမျိုးသမီး ထွက်သွားပြီးနောက် စုန့်ဇစ်ချီ၏မျက်နှာထက်တွင် ဒေါသရိပ်များဖြင့် ပြည့်နှက်သွားလေသည်။

"မကောင်းတဲ့မိန်းမ.. ကျွန်မ သူ့ဆီမှာ လှည့်စားခံခဲ့ရတာကို ယုံတောင်မယုံနိုင်ဘူး။ ဒီအတိုင်းတော့ ငြိမ်မနေနိုင်ဘူး"

စုန့်ဇစ်ချီက ဖြစ်စဉ်အစအဆုံးကို ယဲ့ချန်းအား ပြောပြလိုက်သည်။

လွန်ခဲ့သည့်ရက်ပိုင်းတုန်းက စုန့်ဇစ်ချီကို အဘိုးကြီးတစ်ယောက်က အမှုတစ်ခုအပ်ခဲ့သည်။

ထိုအဘိုးကြီးက အသက်ခုနစ်ဆယ်အရွယ်ရှိပြီး သူ့မိန်းမကလည်း လွန်ခဲ့သည့်တစ်နှစ်ကျော်တုန်းက ဆုံးပါးသွားခဲ့သည်။

သူ့သားသမီးများက အလုပ်များလွန်းလှသဖြင့် သူ့အတွက် သက်ကြီးရွယ်အိုစောင့်ရှောက်သူတစ်ယောက်ကို ငှားရမ်းခဲ့သည်။

ထိုအစောင့်က သူ့အား တစ်နှစ်ကျော်ပြုစုစောင့်ရှောက်ခဲ့ပြီး ကောင်းကောင်းမွန်မွန်လည်း ဆက်ဆံပေးသည်။

သို့သော် ထိုအဘိုးကြီးနှင့် ပြုစုစောင့်ရှောက်သူတို့ကြားရှိ ဆက်ဆံရေးက တစ်စုံတစ်ခုလွဲမှားနေကြောင်း သားသမီးများက သိသွားကြသည်။ ထို့ကြောင့် ထိုပြုစုစောင့်ရှောက်သူကို မောင်းထုတ်ချင်ခဲ့ကြသည်။

အဘိုးကြီးက ထိုပြုစုစောင့်ရှောက်သူအမျိုးသမီးကို ထွက်မသွားစေချင်သောကြောင့် စုန့်ဇစ်ချီထံမှ အကူအညီတောင်းခံခဲ့သည်။

စုန့်ဇစ်ချီကလည်း ထိုအဘိုးအို၏ သားသမီးများကို ခံစားချက်များဖြင့် အကျိုးသင့်အကြောင်းသင့်ရှင်းပြပြီး ထိုပြုစုစောင့်ရှောက်သူကို အဘိုးကြီးနှင့်အတူ နေစေခဲ့သည်။

အစောတုန်းက ထိုမိန်းမ၏ဖုန်းခေါ်ဆိုမှုမှတစ်ဆင့် စုန့်ဇစ်ချီ အဆုံးမှာတော့ သူ(မ) လှည့်စားခံလိုက်ရကြောင်း နားလည်လိုက်သည်။

ယဲ့ချန်းကလည်း ထိုဖြစ်စဉ်အကြောင်း နားထောင်ပြီးနောက် ပြောလိုက်မိ၏။

"အဲဒီမိန်းမက တော်တော်ရွံဖို့ကောင်းတာပဲ။ အဘိုးအိုတစ်ယောက်ကိုတောင် ဒီလိုမျိုးလှည့်စားရဲတယ်"

စုန့်ဇစ်ချီက ဝမ်းပန်းတနည်းရေရွတ်လိုက်၏။

"ကျွန်မ အဲဒီအဘိုးကို သွားရှာမှဖြစ်မယ်။ ဒီလူလိမ်မရဲ့အကြံအစည်တွေကို အထမြောက်ခွင့်မပေးနိုင်ဘူး"

သို့သော် ယဲ့ချန်းက သူ(မ)ကို တားထားလိုက်သည်။

"မင်း ဒီအတိုင်းသွားရင် အဲဒီအဘိုးက မင်းကိုယုံမှာလား။ ဟိုမိန်းမက အခြေအနေကို ပြောင်းပြန်လှန်လိုက်ပြီး သူ့သားသမီးတွေဆီက လာဘ်စားထားပါတယ်လို့ စွပ်စွဲရင် ဘယ်လိုလုပ်မလဲ"

စုန့်ဇစ်ချီခမျာ စိုးရိမ်ပူပန်စွာ ပြောလိုက်၏။

"ဒါဆို ကျွန်မ ဘာလုပ်ရမလဲ။ အဲဒီအဘိုးက နှလုံးရောဂါရှိတယ်။ ဒီမိန်းမဆီမှာ လှည့်စားခံနေရတာကိုသာသိရင် ခံနိုင်ရည်ရှိမယ်မထင်ဘူး"

ယဲ့ချန်း ပြုံးတုံ့တုံ့ဖြင့်ပြောလိုက်၏။

"စိတ်မပူပါနဲ့။ ငါ့မှာ အစီအစဉ်တစ်ခုရှိပါတယ်"

လီဟုန်းက ရပ်ကွက်ထဲတွင် အဘိုးအိုတစ်ယောက်ကို ကူတွဲ၍ အတူလမ်းလျှောက်ရင်း ရယ်ကာမောကာဖြင့် စကားပြောနေလေသည်။

တော်တော်များများကတော့ သူတို့နှစ်ယောက်ကို မြေးအဘိုးများဟု ထင်နေကြသည်။

"အားသုန်း..ရှင် ဒီအိမ်ကို ကျွန်မနာမည်အောက်မှာ ထားလိုက်မယ်ဆိုရင် ရှင့်သားသမီးတွေက မကျေမနပ်ဖြစ်မှာမဟုတ်ဘူးလား"

လီသုန်း ပြောလိုက်လေသည်။

"အိမ်က ငါ့အိမ်ပဲ။ သူတို့ မကျေနပ်တော့ရော ဘာဖြစ်လဲ။ မင်းက ငါ့အပေါ် အရမ်းကောင်းပေးခဲ့တာလေ။ မင်းနဲ့ထိုက်တန်ပါတယ်"

ကောသုန်းက ပြန်ပြောလိုက်၏။

"အင်း အားသုန်း.. ရှင်က ကျွန်မအပေါ် အရမ်းကောင်းပေးတာပဲ။ အခု ကျွန်မတို့ကတွဲနေကြပြီဆိုတော့ ကျွန်မ ရှင့်ကို ပြုစုစောင့်ရှောက်ပေးမှာပါ"

လီသုန်း ပျော်ရွှင်စွာ ပြောလိုက်သည်။

"ဟားဟား..အသက်ကြီးမှ ဒီလိုဇနီးကောင်းတစ်ယောက်ရလိုက်တာ ငါ တယ်ကံကောင်းပါလား။ ဒီနေ့ပဲ လက်ထပ်မှတ်ပုံတင်ကြရအောင်"

ကောသုန်းက ပြောလိုက်သည်။

"ကောင်းသားပဲ။ ဒီနေ့က နေ့ကောင်းရက်မြတ်လေးပဲဟာကို"

လီဟုန်း၏မျက်ဝန်းအစုံကား လောဘတကြီးစိတ်လှုပ်ရှားမှုအရိပ်အယောင်များဖြင့် တောက်ပသွားလေသည်။

"အဘိုးကော!"

ထိုအချိန်တွင် စုန့်ဇစ်ချီက အပြုံးတစ်ပွင့်ဆင်မြန်းရင်း ရောက်လာသည်။

"ရှောင်စုန့်.. ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

ကောသုန်းက ပြုံးပြုံးလေးပြောလိုက်၏။

လီဟုန်းကလည်း စုန့်ဇစ်ချီကို ပြုံးပြလိုက်သည်။

"ရှေ့နေစုန့်.. ရှင့်ကျေးဇူးကြောင့် ကျွန်မ အားသုန်းနဲ့အတူနေနိုင်ပြီ"

ထိုအမျိုးသမီး၏ ကြောင်သူတော်ဆန်သော အပြုံးကို မြင်သောအခါ စုန့်ဇစ်ချီမှာ အန်ချင်လာသည်။

အဘိုးအို၏ကွယ်ရာတွင် လှည့်စားနေကြောင်း ဖုန်းပြောနေတာကိုသာ သူ(မ) မကြားမိခဲ့ပါက ဤအမျိုးသမီးက လူကောင်းတစ်ယောက်ဟု ထင်မိမည်သာ။

သို့သော် စုန့်ဇစ်ချီက မသိချင်ယောင်ဆောင်၍ ပြောလိုက်သည်။

"အဘိုးကော..ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အိမ်ရာပိုင်ဆိုင်မှုလွှဲပြောင်းရေးနဲ့ပတ်သက်ပြီး ကျွန်မကိုမေးထားတယ်မလား။ အဲဒါက နည်းနည်းတော့ ပြဿနာများမယ်ထင်တယ်"

စုန့်ဇစ်ချီ၏စကားများကို ကြားသောအခါ လီဟုန်း၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။

"ရှေ့နေစုန့်.. ဘာကိစ္စများလဲ။ အိမ်က အကြီးအကဲကောရဲ့အိမ် မဟုတ်လို့လား"

စုန့်ဇစ်ချီက ပြုံးလျက် ပြောလိုက်လေသည်။

"အိမ်က အဘိုးကောရဲ့နာမည်အောက်မှာ ရှိတာပါ။ ဒါပေမဲ့ အဲဒီအိမ်ကို တစ်လတစ်သောင်းကျော်နှုန်းပေးပြီး အရစ်ကျနဲ့ဝယ်ထားတာလေ။ အဲဒါအတွက်လည်း သူ့သားအကြီးဆုံးက ငွေဝင်ကူပေးနေခဲ့တာ"

"အာ..."

လီဟုန်း၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။

စုန့်ဇစ်ချီ ဆက်ပြောလိုက်မိသည်။

"အမည်ပေါက်ပြောင်းရင် ရှင့်သားကလည်း လစဉ်ကြေးသွင်းပေးတော့မှာမဟုတ်ဘူးမလား။ အဲဒီအချိန်ကျရင် အဘိုးကောကိုယ်တိုင်ပဲ သွင်းရတော့မှာ"

ကောသုန်း မျက်မှောင်ကြုတ်လိုက်မိပြီးမှ စိတ်အေးသွားသည်။

"ရပါတယ်။ ငါ့မှာ ပင်စင်လစာရှိတယ်။ ငါ့သားက မပေးဘူးဆိုရင်လည်း ငါပေးမှာပါ"

စုန့်ဇစ်ချီက ပြုံး၍ ပြောလိုက်သည်။

"အဘိုးကော.. ရှင့်ပင်စင်ခက လေးထောင်ကျော်ပဲရှိတာလေ။ ငွေသွင်းဖို့ ခြောက်ထောင်လိုနေသေးတယ်။ ကဲပါ.. အခြေအနေကတော့ ဒီလိုပဲ။ ကျွန်မ လုပ်စရာလေးတစ်ခုရှိလို့ သွားလိုက်ပါဦးမယ်"

ပျော်ရွှင်နေသော လီဟုန်း၏အမူအရာမှာ အရိပ်အယောင်ပင်မကျန်အောင် ပျောက်ကွယ်သွားလေသည်။

ယခင်တုန်းက အဘိုးကြီးက သူ့တွင် အိမ်တစ်လုံးရှိသည်ဟု အမြဲပြောခဲ့ဖူးသည်။ သို့သော် ထိုအိမ်က အရစ်ကျဝယ်ယူထားခြင်းဖြစ်ကြောင်း သူ(မ) လုံးဝမသိပေ။

ဤအိမ်က သူ(မ)၏အမည်အောက်သို့ ရောက်လာခဲ့လျှင်ပင် တစ်လလျှင် အရစ်ကျသွင်းငွေတစ်သောင်းပေးဖို့ သူ(မ) မတတ်နိုင်ပေ။

ကောသုန်းက ပြောလိုက်၏။

"ရှောင်ဟုန်း စိတ်မပူပါနဲ့။ ငါ နည်းလမ်းတစ်ခုရှာလိုက်ပါ့မယ်"

လီဟုန်းကလည်း ခေါင်းညိတ်ပြပြီးနောက် အံတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် အိမ်ကို သူ(မ)လက်ထဲသို့ အရင်ရောက်လာအောင် လှည့်စားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုအချိန်မှာပင် တောက်ပြောင်လှသော ပြိုင်ကားတစ်စီးက အနားက ဖြတ်သွားလေသည် ကားက ဖြတ်သွားပါသော်ငြား ချက်ချင်းထိုးရပ်လိုက်သည်။

ဒီဇိုင်နာအဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က ကားထဲမှ ထွက်လာလေသည်။

ငယ်ရွယ်ပြီး ချောမောလွန်းလှသည်။

ဟားမိစ်အနောက်တိုင်းဝတ်စုံနှင့် ပါတက်ဖီလစ်နာရီတို့ကိုလည်း ဆင်မြန်းထားသည်။

လီသုန်းကိုမြင်သောအခါ သူ ရုတ်တရက်အော်ဟစ်လိုက်သည်။

"အားလီ မင်းလား? ငါ မင်းကို ဘယ်လောက်တောင်ရှာလိုက်ရသလဲဆိုတာ မင်းသိလား"

လီဟုန်းခမျာ ရုတ်တရက်မှင်တက်သွားရပြီး သူ(မ)ရှေ့ရှိ အမျိုးသားလေးကို ကြည့်လိုက်သည်။

"ဒီလူငယ်လေးက အရမ်းချောတာပဲ။ ဒါပေမဲ့ ငါ သူ့ကို လုံးဝမသိပါဘူး"

ယဲ့ချန်း၏မျက်နှာထက်တွင် နောင်တရလေဟန်အမူအရာတစ်ခု ပေါ်ပေါက်လာသည်။

"မိန်းကလေး တောင်းပန်ပါတယ်။ ကျွန်တော် လူမှားသွားလို့။ မင်းက ကျွန်တော့်ရည်းစားဟောင်းနဲ့ အရမ်းတူတာပဲ"

"သြော် ရပါတယ်"

လီဟုန်းခမျာ ယဲ့ချန်းကိုကြည့်ရင်း အလိုလိုရှက်ရွံ့သွားရသည်။

ယဲ့ချန်း၏ပြိုင်ကားကို သူ(မ) တစ်ချက်ကြည့်လိုက်မိသည်။

အမလေး.. ဒီကားက သန်းပေါင်းများစွာတန်ကြေးရှိတဲ့ကားပဲ!

ထို့ပြင် သူ့နာရီကို သူ(မ) ယခင်တုန်းက တီဗီထဲမှာ မြင်ဖူးသည်။ ထိုနာရီကို ပါတက်ခ်ဖီလစ်စ်ဟုခေါ်ပြီး သန်းပေါင်းများစွာ ပေးရသည်။

ဘုရားရေ.. ငါသာ သူ့ကောင်မလေးဖြစ်ရရင်တော့ ဒီအဘိုးကြီးကို ထပ်လှည့်စားနေတော့မှာမဟုတ်ဘူး...

လီဟုန်း အတွေးနက်သွားရသည်။ အကယ်၍ ဤအိမ်မှာ အရစ်ကျဝယ်ယူထားသည်ဆိုပါက သူ(မ)၏နာမည်အောက်ကို ရောက်လာခဲ့လျှင်ပင် အပိုင်ရရန် ဒုက္ခများပေဦးမည်။

ယဲ့ချန်းကတော့ နောင်တရချင်ယောင်ဆောင်၍ ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက် ရုတ်တရက်ပြန်လှည့်လာသည်။

"မိန်းကလေး..မင်းက ငါ့ကောင်မလေးနဲ့ အရမ်းတူတာပဲ။ မနှစ်တုန်းက ငါ့ကောင်မလေးနဲ့အတူ ရွက်လှေသွားစီးရင်း သူ ပင်လယ်ထဲကိုပြုတ်ကျပြီး ပျောက်သွားတာ။ ငါ သူ့ကို အရမ်းသတိရတာပဲ။ မင်း ငါ့ချစ်သူဖြစ်ပေးနိုင်မလား"

လီဟုန်းမှာ တဒင်္ဂမျှ အံ့အားသင့်သွားရှာသည်။

ကောသုန်းကတော့ ချက်ချင်းငြင်းလိုက်၏။

"ကောင်စုတ်လေး မင်း ဘာသဘောနဲ့ပြောတာလဲ။ သူက ငါ့မိန်းမကွ။ မင်းက ငါ့မိန်းမကို လုချင်တာလား"

လီဟုန်းမှာ ယဲ့ချန်း၏ဇိမ်ခံကားကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တစ်ဖက်လူ၏ ချောမောခန့်ညားသောမျက်နှာကို ကြည့်လိုက်ပြန်သည်။ သူ(မ)၏ရင်ခုန်သံများ စည်းချက်လွဲသွားရသည်။

ယဲ့ချန်းက ဆက်ပြောလိုက်ပြန်သည်။

"မင်းသာ ငါ့ကောင်မလေးလုပ်ပေးမယ်ဆိုရင် ဒီဇိမ်ခံကားကလည်း မင်းအပိုင်ပဲ။ ပြီးတော့ တစ်လကို မုန့်ဖိုးတစ်သန်းလည်း ပေးမယ်။ ဘယ်လိုလဲ"

"ပေါက်ကရတွေ။ ငါ့ရှောင်ဟုန်းက မင်းနဲ့လိုက်မှာမဟုတ်ဘူး။ သူက ဥစ္စာမက်တဲ့မိန်းကလေးတစ်ယောက်မဟုတ်ဘူး။ အိပ်မက်မက်မနေနဲ့"

သို့သော် ထိုအချိန်မှာပင် လီဟုန်းက ကောသုန်း၏လက်မောင်းကို ဆုပ်ကိုင်ထားသည့်လက်အား လွှတ်လိုက်လေပြီ။

"တောင်းပန်ပါတယ် အဘိုးကော..ကျွန်မကတော့ ဒီကောင်လေးကမှ ကျွန်မရဲ့အချစ်စစ်လို့ ခံစားမိတယ်"

လီဟုန်း တွေးတောကြည့်ပြီးလေပြီ။ ကောသုန်း၏အိမ်က အရစ်ကျသွင်းငွေဖြင့် ဝယ်ထားသည်ဖြစ်ရာ သူ(မ)အပိုင်ရနိုင်မလားဆိုတာကိုပင် အတပ်မသိနိုင်ချေ။

ရုတ်ခြည်းပင် ဘုရားသခင်က သူ(မ)ထံသို့ ရုပ်ရှိရေလျှံအမျိုးသားငယ်တစ်ယောက်ကို စေလွှတ်လိုက်သည်။ သို့ဖြစ်လေရာ ထိုကဲ့သို့သော အဘိုးကြီးတစ်ယောက်နှင့် အချိန်ဖြုန်းနေစရာမလိုတော့ပေ။

"ရှောင်ဟုန်း.. မင်းပဲ ငါ့ကိုချစ်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား"

"ရှင်က တအားအိုနေပြီ။ ကျွန်မက ရှင့်ကို ဘာလို့ချစ်ရမှာလဲ။ အိပ်ရာမဝင်ခင် ရေမချိုးတာတောင် ချစ်ရမှာလား။ အခု ကျွန်မရဲ့အချစ်စစ်ကို ရှာတွေ့ပြီ။ နှုတ်ဆက်ပါတယ် အဘိုးကြီး"

ဤသို့ပြောပြီးနောက် လီဟုန်းက ယဲ့ချန်းကို ပွေ့ဖက်လိုက်လေသည်။

"လူချောလေး... ကျွန်မ ရှင့်ရည်းစားဖြစ်ပေးဖို့ ဆန္ဒရှိတယ်။ သွားကြစို့"

လူအိုကြီးကော : "..."

ယဲ့ချန်းကလည်း ပြုံးလျက် လီဟုန်းကိုခေါ်ကာ ကားထဲသို့ ဝင်သွားလိုက်သည်။

လူအိုကြီးကောခမျာ ဒေါသများကြောင့် တုန်ယင်နေချေသည်။

"ရှောင်ဟုန်း မသွားပါနဲ့။ ငါ မင်းမရှိဘဲ မနေနိုင်ဘူး"

ထိုအခိုက်ဝယ် သစ်ပင်နောက်တွင်ပုန်းနေခဲ့သော စုန့်ဇစ်ချီက ထွက်လာလေသည်။

"အဘိုးကော..မမြင်ဘူးလား။ ဒီမိန်းမက အဘိုးကိုချစ်တာမဟုတ်ဘူး။ အဘိုးရဲ့အိမ်ကိုပဲ မက်မောတာ"

****************

All Chapters