← Chapters

ကဗျာအဆန်ဆုံးမွေးနေ့

Vol. 10 Ch. 145

ကဗျာအဆန်ဆုံးမွေးနေ့

Vol. 10 Ch. 145

ယဲ့ချန်းက လက်ဖက်စိမ်းမ လီဟုန်းကို ကားပေါ်သို့တင်ခေါ်လာပြီး ကားမောင်းနေချေသည်။ လမ်းထောင်ါတစ်နေရာသို့ရောက်သောအခါ ကားကို ရုတ်တရက်ထိုးရပ်လိုက်သည်။

ကားမောင်းနေစဉ်တစ်လျှောက်လုံး လီဟုန်းက ယဲ့ချန်းတွင် ဇိမ်ခံကားဘယ်နှစီးရှိသလဲ၊ သူ့ပိုင်ဆိုင်မှုများမှာ ဘယ်လောက်ရှိသလဲစသဖြင့် ဆက်တိုက်မေးမြန်းနေလေရာ သူ့မှာ သူ့ခေါင်းနားကို ယင်တစ်ကောင်လာဝဲနေသလို ခံစားရသည်။

"အချောလေး.. ရှင် ဒီကားကို တကယ်ပဲ ကျွန်မကိုပေးမှာလား။ ကျွန်မက သုံးပြီးသားကားတွေကို သဘောမကျတတ်ပေမဲ့ ဒီကားကိုတော့ အင်တင်တင်နဲ့ လက်ခံလိုက်ပါ့မယ်လေ"

လီဟုန်းက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။

ယဲ့ချန်းက ရုတ်တရက်ထရယ်လိုက်သည်။

"သုံးပြီးသားဆိုတဲ့ ဒီကားက ဘယ်လောက်တန်လဲဆိုတာ မင်းသိလား"

လီဟုန်း တုံ့ဆိုင်းသွားလေသည်။

"ဒီလိုဇိမ်ခံကားမျိုးက သန်းပေါင်းများစွာတန်မှာပေါ့"

ယဲ့ချန်း ထပ်မေးလိုက်ပြန်သည်။

"မင်း 'Fast and Furious'ကြည့်ဖူးလား။ ဒါက အဲဒီဇာတ်လမ်းထဲက ကားမော်ဒယ်လ်ပဲ။ သန်း၁၂၀ပေးရတယ်"

"ဝိုး အရမ်းဈေးကြီးတာပဲ။ ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ လူချောလေး"

ယဲ့ချန်း၏နှုတ်ခမ်းအစုံကား အနည်းငယ်တွန့်ကွေးသွားလေသည်။

"စကားမစပ် ဒီကားမှာ လုပ်ဆောင်ချက်တစ်မျိုးပါတယ်။ စမ်းကြည့်ချင်လား"

"ဘယ်လိုလုပ်ဆောင်ချက်လဲ"

လီဟုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

ယဲ့ချန်းကလည်း ခွန်းတုံ့ပြန်လိုက်၏။

"ကားထဲက အရင်ထွက်ပြီး လမ်းဘေးမှာ ရပ်လိုက်ရအောင်။ ငါ မင်းကိုပြမယ်လေ"

"ကောင်းပြီလေ။ ကျွန်မ မျှော်လင့်နေပြီနော်"

လီဟုန်းက ယဲ့ချန်းကို လေထဲမှ အနမ်းတစ်ပွင့်ပေးလိုက်ပြီးနောက် ကားထဲမှ ထွက်လိုက်လေသည်။

ယဲ့ချန်း : "အား!"

လီဟုန်းက လမ်းဘေးတွင်ရပ်ပြီး ယဲ့ချန်းကို မေးလိုက်သည်။

"ရှင့်ကားမှာ ဘယ်လိုလုပိဆောင်ချက်တွေရှိတာလဲ"

ယဲ့ချန်းက ပြတင်းပေါက်မှန်ကို အောက်ချပြီးနောက် ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

"ဒီကားက လက်ဖက်စိမ်းမ ဟုတ်မဟုတ်ဆိုတာကို ခွဲခြားနိုင်တယ်လေ"

"ဘာ?"

လီဟုန်း တုံ့ဆိုင်းသွားရလေသည်။

ယဲ့ချန်းကတော့ ခပ်ပြတ်ပြတ်သာပြောလိုက်၏။

"ဒီကားရဲ့အကဲဖြတ်ချက်အရဆိုရင် မင်းက တစ်ရာရာခိုင်နှုန်းစစ်မှန်တဲ့ လက်ဖက်စိမ်းမတစ်ယောက်ပဲ။ ဂုဏ်ပြုပါတယ်။ အမှတ်ပြည့်ပဲနော်"

လီဟုန်း : "..."

ယဲ့ချန်းလည်း ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။

"မိန်းမတစ်ယောက်က ကျိုးကြောင်းဆင်ခြင်တတ်ရတယ်။ အလကားရယူဖို့ချည်းပဲ အမြဲတွေးမနေနဲ့"

"လူယုတ်မာ.. ရှင် ကျွန်မကို လှည့်စားရဲတယ်ပေါ့"

လီဟုန်းလည်း အဆုံးမှာတော့ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားလေသည်။

သို့သော် ယဲ့ချန်းကတော့ လီဗာကိုဖိနင်းလိုက်လေရာ လိုင်ကန်ပြိုင်ကားက ဖုန်မှုန့်အလုံးလိုက်ကို ချန်ထားရစ်ခဲ့ပြီး နားကန်းဖွယ်အော်မြည်သံနှင့်အတူ မောင်းထွက်သွားလေတော့သည်။ လျှပ်တစ်ပြက်အတွင်းမှာပင် ကားနောက်မီးကိုသာ မြင်ရတော့သည်။

လီဟုန်းလည်း ဒေါသတကြီးဖြင့် အဘိုးကော၏အိမ်သို့ ပြန်သွားလိုက်၏။

သူ(မ) အထဲသို့ဝင်သွားလိုက်သည်နှင့် သူ(မ)၏ခရီးဆောင်အိတ်ကို တံခါးဝတွင် ပစ်ချထားကြောင်း မြင်လိုက်ရ၏။

"အားသုန်း.. ကျွန်မကိုဝင်ခွင့်ပေးပါဦး။ ကျွန်မ မှားသွားပါတယ်"

"ကောက်ကျစ်တဲ့မိန်းမ... ရှောင်စုန့်က ငါ့ကို အကုန်ပြောပြပြီးပြီ။ ငါ မင်းကို ကောင်းကောင်းဆက်ဆံခဲ့တာတောင် မင်းကတော့ ငါ့အိမ်ကို အပိုင်သိမ်းဖို့အတွက် ငါ့ကို လှည့်စားခဲ့တယ်တဲ့လား"

ယဲ့ချန်းနှင့် စုန့်ဇစ်ချီတို့၏ထောင်ချောက်ထဲသို့ ရောက်သွားခြင်းဖြစ်ကြောင်း လီဟုန်းသိလိုက်ရသည်။ ဤအဖြစ်ကြောင့် သူ(မ)၏သရုပ်မှန်မှာ အဘိုးကောရှေ့တွင် ဘူးပေါ်သလိုပေါ်သွားခဲ့သည်။

သူ(မ)သည် အဘိုးကောအပေါ် ကောင်းပေးနေခဲ့ခြင်းမှာ သူ့အိမ်ကို အပိုင်ကြံချင်နေသောကြောင့်ပင်။

ယခုမူ သူ(မ)၏ကြိုးစားအားထုတ်မှုအားလုံး အလဟဿဖြစ်သွားရလေပြီ။ ထို့ကြောင့် ယဲ့ချန်းနှင့် စုန့်ဇစ်ချီတို့ကို အရိုးထဲထိတိုင် မုန်းတီးမိသည်။

....

ယဲ့ချန်း၏ပြိုင်ကားထဲတွင် စုန့်ဇစ်ချီ သက်ပြင်းချလိုက်မိသည်။

"တကယ်တော့ အဘိုးကောက တော်တော်သနားဖို့ကောင်းတာ။ သူ့သားသမီးတွေက အလုပ်များနေကြတော့ သူနဲ့အတူ နေမပေးနိုင်ကြဘူး။ ဒီစောင့်ရှောက်သူကို အလုပ်ခန့်လိုက်တာက အခြေအနေတွေကို ပိုဆိုးသွားစေတာပဲ"

"ဟုတ်တယ်။ တစ်နေ့နေ့ကျရင် လူတိုင်း အိုကြရမှာပဲ။ တကယ်လို့ အခုအချိန်မှာသာ သက်ကြီးရွယ်အိုတွေကို မလေးစားဘူးဆိုရင် သူတို့သားသမီးတွေအလှည့်ကျရင်လည်း ကိုယ့်အကျိုးဆက်ကို ကိုယ်ပြန်ခံစားရမှာ"

ထိုအချိန် ရေဒီယိုတွင် သတင်းတစ်ပုဒ် တင်ဆက်နေပေသည်။

"ယနေ့ကစပြီး ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်လည်ဆွဲကို ဟွားနိုင်ငံမှာ ခင်းကျင်းပြသပေးသွားမှာပါ...

ဒီပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်လည်ဆွဲက ကမ္ဘာ့အကြီးဆုံးအရောင်အသွေးပါတဲ့ စိန်ဖြစ်ပြီး စိန်ဧကရီလို့လည်း လူသိများပါတယ်။

ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်လည်ဆွဲက မိန်းကလေးတိုင်း အိပ်မက်မက်နေရတဲ့ လည်ဆွဲဖြစ်ပြီး အဖိုးမဖြတ်နိုင်တဲ့အပြင် တော်ဝင်ပြတိုက်မှာ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ ဒါက ငွေကြေးနဲ့မဝယ်ယူနိုင်ဘူးဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်"

တကယ်လား?

ယဲ့ချန်း၏စိတ်ထဲ အနည်းငယ်နောင်တရသွားသည်။ မနက်ဖြန်မှာ စုဝမ်ယိ၏မွေးနေ့ဖြစ်သောကြောင့် ဤလည်ဆွဲကို သူ(မ)အတွက် မွေးနေ့လက်ဆောင်အဖြစ်ပေးရန် ယဲ့ချန်း စဉ်းစားထားသည်။

ယဲ့ချန်းလည်း စုန့်ဇစ်ချီကို ဟွားတုဥပဒေအကျိုးဆောင်ကုမ္ပဏီသို့ ပြန်ပို့ပေးလိုက်သည်။

"မစ္စတာယဲ့ ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မ အဘိုးကောကို ဘယ်လိုမျက်နှာပြရမှန်း သိမှာမဟုတ်ဘူး"

ယဲ့ချန်းကား ခပ်ပြုံးပြုံးသာ။

"ကိစ္စမရှိပါဘူး။ စကားမစပ် ငါ့ကို ကြယ်ငါးပွင့်ရီဗျူးပေးဖို့ မမေ့နဲ့နော်"

"ရပါတယ်"

စုန်ဇစ်ချီက ယဲ့ချန်းအား ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ချက်ချင်းပေးလိုက်လေသည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့်(၂/၅)ကို အရယူနိုင်ခဲ့ပါပြီ။ ဆုလာဘ်ကတော့ ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်လည်ဆွဲပါ]

တစ်ပြိုင်တည်းမှာပင် အရောင်တလက်လက်တောက်ပနေသော စိန်လည်ဆွဲတစ်ကုံးက ယဲ့ချန်း၏စနစ်မြင်ကွင်းထဲ၌ ပေါ်ပေါက်လာသည်။

ထိုအရာကို ယဲ့ချန်း ထုတ်လိုက်ချိန်ဝယ် ကားတစ်စီးလုံး ရောင်စုံအလင်းတန်းများ ဖြာသွားချေသည်။

"လှလိုက်တဲ့စိန်ပွင့်"

အမှန်ပင်။ မနက်ဖြန်မှာ စုဝမ်ယိ၏မွေးနေ့ဖြစ်သောကြောင့် ဤစိန်လည်ဆွဲကို သူ(မ)အား ပေးသင့်သည်။

စုဝမ်ယိက ယဲ့ချန်း စနစ်ကိုလက်ခံရရှိပြီးနောက် ပထမဆုံးတွေ့ခဲ့ရသည့် အမျိုးသမီးဖြစ်ပြီး ယခုအထိလည်း အဆက်အသွယ်ရှိကြသည်။

သို့သော် စုဝမ်ယိက အလုပ်များလှသောကြောင့် သူတို့၏တွေ့ဆုံချိန်က အကန့်အသတ်ရှိပေသည်။

စုဝမ်ယိသည် ယဲ့ချန်းသိကျွမ်းသည့် မိန်းကလေးများထဲတွင် အရေးကြီးသောကဏ္ဍတစ်ခု၌ နေရာယူထားသည်။ ထို့ကြောင့် စုဝမ်ယိအား မွေးနေ့စပရိုက်လုပ်ပေးရန် ယဲ့ချန်း ဆုံးဖြတ်ချက်ချလိုက်သည်။

နောက်တစ်ရက်တွင် စုဝမ်ယိတစ်ယောက် ဖုန်းကိုစိုက်ကြည့်ရင်း စိတ်ဓာတ်ကျနေမိသည်။

"ဟင်း.. လူယုတ်မာယဲ့ချန်း..ငါ့မွေးနေ့ကို တကယ်ကြီးမေ့သွားတာပဲ။ ခွင့်လွှတ်ပေးလို့မဖြစ်တော့ဘူး"

ထိုအချိန်မှာပင် သူ(မ)၏ဖုန်းက ထမြည်လာသည်။

"ဝမ်ယိ ကားလိုက်စီးချင်လား"

ဖုန်းတစ်ဖက်မှ ယဲ့ချန်း၏အသံ ထွက်လာချေသည်။

ယဲ့ချန်းက သူ(မ)အား မွေးနေ့ဆုတောင်းပေးဖို့ ဖုန်းဆက်သည်ဟု ထင်ခဲ့မိသော်ငြား တစ်ဖက်လူက ကားစီးရန် ကမ်းလှမ်းလာခြင်းဖြစ်နေမည်ကို သူ(မ) မျှော်လင့်မထားပေ။

ထို့ကြောင့် စိတ်ဆိုးဆိုးဖြင့်ပြောလိုက်မိသည်။

"မလိုဘူး"

ယဲ့ချန်းကလည်း စုဝမ်ယိ၏ဒေါသကို ရိပ်စားမိသဖြင့် ရယ်မောလိုက်သည်။

"ငါ အောက်ထပ်မှာ ရောက်နေတယ်။ မင်းအတွက် စပရိုက်တစ်ခုလည်းရှိတယ်"

"စပရိုက်လား"

စုဝမ်ယိ တုံ့ဆိုင်းသွားရသည်။

စုဝမ်ယိ အတန်ငယ်စိတ်လှုပ်ရှားသွားရသည်။

သူ(မ)၏မွေးနေ့ကို သူ မှတ်မိနေတာလည်း ဖြစ်နိုင်သည်။

သူ(မ)လည်း အဝတ်အစားလဲပြီး ကုမ္ပဏီဝင်ပေါက်သို့ သွားလိုက်၏။ ယဲ့ချန်း၏လိုင်ကန်ပြိုင်ကားကို မြင်လိုက်ရသောအခါ စုဝမ်ယိ တုံ့ခနဲရပ်လိုက်သည်။

"ရှင် ကားအသစ်တစ်စီးကို ထုတ်မောင်းလာပြန်ပြီလား"

ယဲ့ချန်း ပြုံးလိုက်သည်။

"ဟုတ်တယ်။ မမိုက်ဘူးလား။ ဒါက 'Fast and Furious'ထဲက ကားမော်ဒယ်ပဲလေ"

စုဝမ်ယိကတော့ ခေါင်းသာခါယမ်းပြသည်။

"ဟင်း..လက်ဖွာလိုက်တာနော်"

ကားထဲသို့ဝင်ပြီးနောက် စုဝမ်ယိ မေးလိုက်တော့သည်။

"ရှင် ကျွန်မကို ဘယ်ခေါ်သွားမလို့လဲ"

ယဲ့ချန်းကား ပြုံးတုံ့တုံ့သာ။

"အဲဒါက လျှို့ဝှက်ချက်"

ထိုအခိုက်မှာပင် ကားက ဟွမ်ဖူမြစ်ကမ်းဘေးသို့ ရောက်လာခဲ့သည်။

နှစ်ယောက်သား ကားထဲမှ ထွက်ပြီးနောက် မိုတုအိမ်တော်ထဲရှိ ဆုံလည်စားသောက်ဆိုင်ထဲကို ဝင်လာခဲ့လိုက်သည်။

စုဝမ်ယိမှာ စားသောက်ဆိုင်ထဲသို့ ရောက်ရောက်ချင်း အံ့သြမှင်တက်သွားရသည်။

"ပုံမှန်ဆိုရင် ဒီနေရာက ဒီအချိန်ကြီး လူစည်နေကျပါ။ ဒါပေမဲ့ ဒီနေ့တော့ ရှင်းလင်းနေတာပဲ"

စုဝမ်ယိ တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။

"ယဲ့ချန်း ရှင်ဘာလုပ်မလို့လဲ"

ယဲ့ချန်းကလည်း ပြုံးပြလိုက်သည်။

"ငါ မင်းကို ညစာကျွေးမလို့လေ"

"ရှင် ဒီလောက်အထိရက်ရောနေတာ ဒီနေ့က ဘာနေ့မို့လို့လဲ"

စုဝမ်ယိက ယဲ့ချန်းအား မျက်စောင်းထိုးလိုက်လေတော့သည်။

ထိုအချိန်မှာပင် ဟွမ်ဖူမြစ်ကမ်းတစ်လျှောက်ရှိ အဆောက်အအုံအမြောက်အများမှာ တောက်ပလင်းထိန်သွားသည်။

တစ်ပြိုင်တည်းဆိုသလို ခပ်ထင်းထင်းစာလုံးများကိုပါ လှစ်ဟပြသလိုက်သည်။

မွေးနေ့မှာပျော်ရွှင်ပါစေ စုဝမ်ယိ

နေ့တိုင်းနေ့တိုင်း ထာဝရပျော်ရွှင်ပါစေ

ထို့နောက် ကောင်းကင်ထက်တွင် မီးပန်းများ ဝေဆာနေပြီးနောက် တစ်ဆက်တည်းမှာပင် "မွေးနေ့မှာပျော်ရွှင်ပါစေ"ဟု ပုံဖော်ပေးနေတော့သည်။

ဤမြင်ကွင်းကိုကြည့်ရင်း စုဝမ်ယိ ကြက်သေသေသွားသည်။

ယဲ့ချန်းက ဤမျှခမ်းနားလှသော စပရိုက်တစ်ခုကို လုပ်ပေးလိမ့်မည်ဟု သူ(မ) အိပ်မက်ပင်မမက်ဖူးပေ။

ကဗျာဆန်ခြင်းကို မကြိုက်သော မိန်းကလေးဟူ၍ မရှိပေ။ ဤမြင်ကွင်းကိုကြည့်ရင်း စုဝမ်ယိ၏မျက်ဝန်းအစုံကား မျက်ရည်များ လဲ့သွားရလေတော့သည်။

ဟွမ်ဖူမြစ်ကမ်းဘေးတွင် ခရီးသွားအမြောက်အများရှိနေပြီး သူတို့အားလုံးကလည်း ဟွမ်ဖူမြစ်၏ ညရှုခင်းကို ကြည့်ရှုခံစားနေကြသည်။

ရုတ်ခြည်းဆိုသလို အဆောက်အအုံတိုင်းပေါ်တွင် ပေါ်လာသော စာလုံးများနှင့် တဖိတ်ဖိတ်လက်နေသော မီးပန်းများကို မြင်လိုက်ရ၏။

"ဝိုး လှလိုက်တာ!"

"ဘယ်သူဌေးကြီးကများ သူ့ချစ်သူရဲ့မွေးနေ့ကို ကျင်းပပေးနေတာပါလိမ့်။ အရမ်းကဗျာဆန်တာပဲ"

"ဝိုး..ဟွမ်ဖူမြစ်ကမ်းတစ်လျှောက်က အဆောက်အအုံတွေရဲ့ နီယွန်မီးရောင်တွေကို ငှားထားတာတဲ့။ ဘယ်လောက်တောင်ပေးရမှာပါလိမ့်"

"အဲဒီကောင်မလေးကို အားကျလိုက်တာ!"

ယဲ့ချန်းကတော့ စိတ်လှုပ်ရှားစွာဖြင့် ပါးစပ်ကိုအုပ်ကာထားသော စုဝမ်ယိကိုကြည့်ပြီး ပြုံးလိုက်လေသည်။

"ဝမ်ယိ..ငါ မင်းကိုပေးတဲ့ မွေးနေ့လက်ဆောင်ကို သဘောကျရဲ့လား"

စုဝမ်ယိလည်း အားတက်သရောခေါင်းညိတ်ပြရှာသည်။

"ယဲ့ချန်း..ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်မကြုံဖူးသမျှ မွေးနေ့တွေအားလုံးထဲမှာ ကဗျာအဆန်ဆုံးပဲ"

****************

All Chapters