← Chapters

အမြီးသုံးချောင်း မြေခွေး

Vol. 1 Ch. 146

အမြီးသုံးချောင်း မြေခွေး

Vol. 1 Ch. 146

မီးဝိညာဉ်ပုလဲသည် ကျန်းရီအား အပူဒဏ်ကို ခံနိုင်စွမ်း ပေးသည်ကို ကျန်းရီ သိထားပြီး ဖြစ်သည်။ သို့သော် ပုလဲသည် မီးတောက်များကို စုပ်ယူသွားမည် ဟုတော့ သူမမျှော်လင့် ထားမိပေ။

မီးဝိညာဉ်ပုလဲ အတွင်းရှိ နေရာအလွတ်တွင် မီးတောက်လုံးကြီး တစ်ခု ရှိနေသည်ကို အာရုံခံမိသော အခါ ကျန်းရီတစ်ယောက် စိတ်လှုပ်ရှား သွားရလေသည်။ မီးဝိညာဉ် ကျောက်တုံးသည် အမှန်တကယ် ကြောက်စရာ ကောင်းသော်လည်း ၎င်းသည် သူ၏ အသက်ကယ် ဝှက်ဖဲ ဖြစ်သည်။ သူတစ်ကြိမ် သုံးလိုက်တိုင်း ကျောက်တုံး ပမာဏသည် နည်းသထက် နည်းလာရာ အခု လေးဆယ်ခန့်သာ ကျန်တော့သည်။ သို့သော် ဤမီးဝိညာဉ် ပုလဲသည် မီးတောက်များကို စုပ်ယူနိုင်စွမ်း ရှိရာ ၎င်းသည်လည်း အလွန်ကြောက်စရာ ကောင်းနေသည်။ အားကောင်းသော မီးတောက်များကို ရှာဖွေကာ သူစုပ်ယူထား စေနိုင်လျှင် သေရေးရှင်ရေး အခြေအနေများတွင် သူ့ရန်သူများကို တိုက်ခိုက်ရန် ၎င်းတို့အား အသုံးပြုနိုင်သည်။

"ဘန်း"

ကျန်းရီသည် မြေပြင်ထက်သို့ အရှိန်နှင့် ကျဆင်းသွား ခဲ့သည်။ သူ့စိတ် အလုံးစုံအား မီးဝိညာဉ်ပုလဲ အတွင်း၌သာ စူးစိုက်ထားသောကြောင့် သတ်ဖြတ်ခြင်း အရှိန်အဝါသည် အနည်းငယ် အားပျော့ သွားခဲ့သည်။ ဘက်ပေါင်းစုံမှ နတ်ဆိုး သားရဲတို့သည် သူ့ထံ စတင်ပြေးဝင် လာကြသည်။ သူသည် အံ့အားသင့်နေရာမှ အလျင်အမြန် သတိဝင်လာကာ ဘာကိုမှ မတွေးနိုင်တော့ဘဲ  သတ်ဖြတ်ခြင်း အရှိန်အဝါအား ပိုမိုထုတ်လွှတ် လိုက်ပြီး နတ်ဆိုး သားရဲများအား စတင်သတ်ဖြတ် တော့သည်။

"ဘန်း"

မီးငှက်ကြီးသည် ၎င်း၏ နတ်ဆိုးစွမ်းအားကို အသုံးပြုပြီးသည်နှင့် သူ့ကိုယ်သည် အားနည်းသွားကာ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ သက်ရောက်မှုကြောင့် မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။

လျှိုလောင်သည်လည်း ဆင်းသက်လာကာ အတွင်းအား အနည်းငယ်သုံး၍ မီးငှက်ကြီးအား ဒဏ်ရာရစေ လိုက်သည်။ ထို့နောက် သူသည် ခပ်လှမ်းလှမ်းရှိ ကျန်းရီအား ကြည့်ကာ တီးတိုးရေရွတ် လိုက်သည်။

"ဒီကလေးက တကယ်ကို သူများတွေနဲ့ ကွဲထွက်နေတာပဲ ... နတ်ဆိုးသားရဲရဲ့ မီးတောက်တွေကို မကြောက်ဘူး ... တကယ်ပဲ သူဘယ်လို ရတနာမျိုးကို ပိုင်ဆိုင် ထားတာမို့လဲ"

မီးငှက်ကြီးသည် ဒုတိယအဆင့် အထွတ်အထိပ်တွင် ရှိ၍ လျှိုလောင် ကိုယ်တိုင်တောင် ၎င်း၏ နတ်ဆိုးစွမ်းအားကို လျှော့မတွက်ရဲပေ။ သို့သော် လျှိုလောင်၏ အင်အားနှင့်ဆိုလျှင် ထိုမီးတောက်များသည် သူ့အား ထိပင်ထိနိုင်မည် မဟုတ်ပေ။ ကျန်းရီအား မီးတောက်များက လွှမ်းခြုံ သွားခဲ့သော်လည်း သူသည် ထိခိုက်ဒဏ်ရာ မရဘဲ လွတ်မြောက် လာခဲ့သည်။ ထို့ပြင် မီးတောက်များလည်း ချက်ချင်းပျောက်ကွယ် သွားခဲ့သည်။ အချက်တိုင်းသည် ကျန်းရီတွင် အလွန် အဆင့်အတန်း မြင့်သော ရှားပါး ရတနာတစ်ခု ပိုင်ဆိုင်ထားသည်ဟု ညွှန်ပြနေသည်။

ကျန်းရီသာ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့၏ မိတ်ဆွေ မဟုတ်လျှင် လျှို့ဝှက် သက်တော်စောင့် နှစ်ယောက်သည် ထိုရတနာအား လုပြီးသွား လောက်ပေပြီ။ မီးများကို ချေဖျက်နိုင်စွမ်း ရှိသော ရတနာတစ်ခုသည် မီးဓာတ်ကျင့်စဉ်များ ကျင့်ကြံသူတို့အဖို့ မဟာ ခြိမ်းခြောက် မှုကြီးပါပေ။

"ဝှက်သယ် ... ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကနေ ရတနာ ဘယ်နှစ်ခုတောင် အစ်ကိုကြီး ရခဲ့တာလဲ"

ချမ်ဝမ်ကွမ်၏ မျက်လုံး သေးသေးလေးများတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်လျှံ နေလေသည်။ ကျန်းရီတွင် ရတနာများများ ရှိလျှင် အင်အား ပိုကောင်းလာမည် ဖြစ်သည်။ ကျန်းရီ အင်အား ပိုကောင်းလာလျှင် သူ့ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်က ပိုကြီးလာလိမ့်မည်။

"ဝါး ... အဲဒီမီးငှက် ဒဏ်ရာရသွားပြီ ... ဖက်တီးချမ် ... အဲဒါကို ငါသွားပြီး လေ့ကျင့်ပေးလို့ ရပြီလား"

အချိန်အတော်ကြာ အံ့အားသင့် နေပြီးနောက် ကျန့်လင်းအာသည် သတိဝင် လာခဲ့သည်။ သတိဝင် လာသည်နှင့် သူမ၏ စိတ်အစုံသည် မြေပြင်ပေါ်ရှိ မီးငှက်ကြီးထံ ရောက်ရှိသွားခဲ့သည်။ သူမသည် အစတည်းက မီးငှက်အား သူမအပိုင်ဟု ယူဆထားခဲ့ရာ ၎င်းသည် မြေပြင်ပေါ်တွင် နာကျင်စွာ လှဲလျောင်း နေသည်ကို မြင်လိုက်ရသည့် အချိန်တွင် သူမ၏ ရင်ထဲမှ နာကျင်လာခဲ့သည်။

"ဟီးဟီး"

ချမ်ဝမ်ကွမ်သည် ကျန့်လင်းအာ၏ ကိုယ်ဟန်အား တစ်ချက်ကြည့်ကာ တိတ်တဆိတ်  တံတွေး မျိုချလိုက်ပြီး လူယုတ်မာသံနှင့် ရယ်လိုက်သည်။

"ညီမလင်းအာ ... မင်းအဲဒီကို ဆင်းသွားလို့ ရွှေ့နိုင်မယ်ဆိုရင် ချက်ချင်း လေ့ကျင့်လို့ရတယ်"

"ဟမ်"

ကျန့်လင်းအာသည် ရင်ဘတ်ကို အသာဖိကာ နတ်ဆိုး သားရဲများအား သတ်ဖြတ်နေသော ကျန်းရီကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူမ ကျန်းရီနှင့် နီးလေလေ သတ်ဖြတ်ခြင်း အရှိန်အဝါသည် ပိုမိုအားကောင်း လာလေလေ ဖြစ်သည်။ ယခုတောင် သူမ၏ ခြေထောက်များ ပျော့ခွေနေပေပြီ ... သူမသာ ဆင်းသွားလျှင် လှုပ်ရှား၍ ရမည် မဟုတ်ပေ။

"သခင်မလေး ... ကျွန်တော် ခေါ်သွားပေးပါ့မယ် ... အခုက ယဉ်ပါးအောင် လုပ်ဖို့ အကောင်းဆုံး အချိန်ပါပဲ ... ဒီကလေးရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါက ဖိနှိပ်ထားတာကြောင့် နတ်ဆိုးသားရဲက ခုခံလိုစိတ် လုံးဝရှိမှာ မဟုတ်ပါဘူး ... "

ကျန့်ဂိုဏ်း၏ လျှို့ဝှက် သက်တော်စောင့် ကျိလောင်သည် ရုတ်တရက် ပြောဆိုလာခဲ့သည်။ သူသည် ကျန့်လင်းအာကို လက်တစ်ဖက်မှ ဆွဲကာ အောက်သို့ ခုန်ဆင်း သွားခဲ့သည်။ သူတို့ မီးငှက်၏ နံဘေးသို့ ရောက်ရှိသွားသည်နှင့် ကျန့်လင်းအာအား ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါတို့က လွှမ်းခြုံလာလေသည်။ သူမ၏ လှပသော မျက်လုံးအစုံတွင် ထိတ်လန့်ခြင်းများက အထင်းသား ပေါ်လွင် နေလေသည်။ သူမ၏ ကိုယ်သည်လည်း တုန်လှုပ်နေခဲ့ပြီး လှုပ်ရှား၍ မရပေ။

ကျိလောင်သည် ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါအား ခုခံရန် အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ် လိုက်သည်။ ထို့နောက် သူသည် ကျန့်လင်းအာအား ပြောလိုက်သည်။

"သခင်မလေး ... လှုပ်ရှားလို့ ရပါပြီ"

ကျန့်လင်းအာသည် သက်ပြင်းချကာ ရွှေရောင် ဝိညာဉ်သားရဲ အဆောင်လေးအား ထုတ်ယူလိုက်သည်။ ကျန့်လင်းအာ၏ ကိုယ်ပိုင် အစွမ်းအစနှင့်ဆိုလျှင် ထိုပစ္စည်းအား ရရှိမည် မဟုတ်သည်မှာ အသေအချာ ... နောက်ကွယ်တွင် ကျန့်ဂိုဏ်းမှ တစ်ယောက်ယောက်က ကူညီပေးထားခြင်း ဖြစ်ပေလိမ့်မည်။

ဝိညာဉ်သားရဲ အဆောင်လေးထံ အတွင်းအားများ သူမ ဖြည့်သွင်း လိုက်သည်နှင့် ရွှေရောင် တံဆိပ်ပြားလေးသည် အလင်းများ ဖြာထွက် လာခဲ့သည်။ ကျန့်လင်းအာ၏ ထိန်းချုပ်မှု အောက်တွင် ရွှေရောင်စာလုံး လေးများသည် မီးငှက်ကြီးထံ ပျံသန်းသွားကာ နောက်ဆုံးတွင် ဦးခေါင်း အတွင်းသို့ ဝင်ရောက် သွားလေသည်။

မီးငှက်ကြီး၏ ခေါင်းတွင်းသို့ ရွှေရောင်စာလုံးများ တိုးဝင်သွားသည်နှင့် ၎င်း၏ ကိုယ်ကြီးသည် တုန်ခါသွားကာ အော်ဟစ်ညည်းညူ လိုက်သည်။ သို့သော် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ ဖိအားအောက်တွင် ၎င်းသည် မခုခံရဲဘဲ ယဉ်ပါးအောင် ပြုလုပ်ခြင်းကို ငြိမ်ခံနေရ လေသည်။

"ဝှစ် ... "

မီးငှက်၏ ဦးခေါင်းတွင်းသို့ နောက်ဆုံးစာလုံး ဝင်ရောက် သွားသည်နှင့် ကိုယ်ပေါ်မှ ရွှေရောင် အလင်းများ ဖြာထွက် လာခဲ့သည်။ ၎င်းသည် ကျန့်လင်းအာအား ချစ်ခင်သော မျက်လုံးများနှင့် ရိုကျိုးစွာ ကြည့်လာခဲ့သည်။

"အောင်မြင်ပြီ"

ကျန့်လင်းအာ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ သူမသည် ဝိညာဉ်သားရဲ အဆောင်ထံ အတွင်းအားများ ထပ်မံ ဖြည့်သွင်းလိုက်ပြီး အော်လိုက်သည်။

"သိမ်းလိုက်"

ဝိညာဉ်သားရဲ အဆောင်လေးမှ ရွှေရောင်အလင်းများ ထွက်လာသည်နှင့် မီးငှက်၏ အနီရဲရဲ တောင်ပံတို့သည် ပြန့်ကားလာခဲ့သည်။ မီးငှက်ကြီးသည် လေထုအလယ်မှ ပျောက်ကွယ် သွားခဲ့ပြီး ဝိညာဉ်သားရဲ အဆောင်လေးမှ ရွှေရောင် အလင်းသည်လည်း ကွယ်ပျောက် သွားခဲ့သည်။

"ရေး ... "

ကျန့်လင်းအာသည် ပျော်ရွှင်နေသော မျက်လုံးများနှင့် ဝိညာဉ်သားရဲ အဆောင်အား သိမ်းဆည်း လိုက်သည်။ ကျိလောင်သည်လည်း ကျေနပ် နေခဲ့သည်။ သူသည် ကျန့်လင်းအာအား ခေါ်ဆောင်၍ ကျောက်တုံးဂူ အဝင်ဝထံ ပြန်လည် ပျံသန်း သွားခဲ့သည်။

ချမ်ဝမ်ကွမ်သည် ဝမ်းနည်းနေသော မျက်နှာနှင့် သက်ပြင်းချကာ ချဉ်းကပ်လာ၍ ကျန့်လင်းအာ၏ ပခုံးအား ပုတ်လိုက်သည်။

"ညီမလင်းအာ ... မင်းကို အခုဆို သိုင်းသမား တစ်ယောက်ဟု မှတ်လို့ရပြီ ... ဒီမီးငှက်ရဲ့ နတ်ဆိုးစွမ်းအားက ခရမ်းရောင် နန်းတော်ရှင် အဆင့်မှာ ပြိုင်ဘက်ကင်းတယ် ... ညီမလင်းအာ ... မင်းက အခု အားကောင်း သွားပြီဆိုတော့ အစ်ကိုဝမ်ကွမ် အနိုင်ကျင့်ခံရရင် ကာကွယ် ပေးရမယ်နော်"

"ဟီးဟီး ... ဒါပေါ့"

ကျန့်လင်းအာသည် အတော်လေး စိတ်ချမ်းသာနေရာ ချက်ချင်း သဘောတူ လိုက်သည်။ သူမ နောက်လှည့် ကြည့်လိုက်သော် ချမ်ဝမ်ကွမ်၏ လက်သည် သူမ၏ ပခုံးပေါ်၌ ရှိနေသည်ကို မြင်လိုက်ရလေသည်။ သူမသည် အလျင်အမြန် နောက်ဆုတ်ကာ ချမ်ဝမ်ကွမ်အား ဒေါသတကြီး ကြည့်လိုက်သည်။

"ဖက်တီးစုတ် ... နင့်လက်ကို ဘယ်နေရာမှာ ထားနေတာလဲ ... ငါ့မီးငှက်က နင့်ကို ဝက်ကင် ဖြစ်အောင် လုပ်လိုက်လို့ ရတယ်ဆိုတာ မယုံဘူးလား ... "

"ဟီးဟီး"

ချမ်ဝမ်ကွမ်၏ အသားယူ နေခြင်းသည် ဘူးပေါ်သလို ပေါ်သွားချေပြီ။ သူ ရယ်ချလိုက်သည်။

"ငါ့ကို အထင်မလွဲပါနဲ့ ... ညီမလင်းအာ ... ငါ့မှာ မကောင်းတဲ့ အကြံအစည် မရှိပါဘူး ... ပြီးတော့ ... ငါ့မှာ ရှိတယ် ဆိုရင်တောင် ဒီသခင်လေးက မင်းအတွက် ကောင်းတာထက် ပိုနေပြီ မဟုတ်ဘူးလား ... မင်းသိလား ... ရှန်ဝူနိုင်ငံတော်မှာ ချမ်ဂိုဏ်းရဲ့ သခင်မငယ် ဖြစ်လာချင် နေကြတဲ့ မိန်းကလေးတွေ သန်းချီပြီး ရှိနေတာလေ"

"သွားစမ်းပါ ... ဒီသခင်မလေးက အဲ့လို စည်းစိမ်တွေ အဆင့်အတန်းတွေကို ဂရုမစိုက်ဘူး"

ကျန့်လင်းအာသည် အထင်သေးသည့် မျက်နှာထားနှင့် ပြောလိုက်သည်။

"ကျန့်ဝူရွှမ်းက ငါ့ကို ပြောတယ် ... နင်က အခြောက်တဲ့ ... ပြီးတော့ နင့်လက်ထဲကနေ ငါ့ကို ကာကွယ်ပေးမယ်တဲ့ ... ဟက် ... ငါလက်ထပ် ရင်တောင် အစ်ကိုကျန်းရီလိုမျိုး သူရဲကောင်းကိုပဲ လက်ထပ်မှာ ... နင့်ကိုတော့ အဆီတွေ ပြည့်နေတဲ့ ကိုယ်ကြီးကို ကြည့်ရုံနဲ့တင် ကြက်သီး ထလွန်းလို့"

"ဘုရား ကယ်ပါ"

ချမ်ဝမ်ကွမ်သည် သူ့အဖေ သေသွား၍ ဝမ်းနည်းပူဆွေး နေရသည့် မျက်နှာထားမျိုးနှင့် ကုန်းအော် တော့သည်။

"ကျန်းရီရှိနေရင် ချမ်ဝမ်ကွမ်က ဘယ်လိုလုပ်ပြီး နေရာရ ပါတော့မလဲ ... ကျန်းရီ ငါမင်းရဲ့ သေခန်း၊ ရှင်ခန်း ဖြတ်ရမယ်"

"ဖုန်း"

ကျန့်ဝူရွှမ်းသည် ဂူထဲမှ ထွက်လာကာ ချမ်ဝမ်ကွမ်၏ နောက်စေ့အား ရိုက်ချလိုက်သည်။ ထို့နောက် ခြိမ်းခြောက်သည့် လေသံနှင့် ပြောလိုက်သည်။

"ချမ်ဝမ်ကွမ် ... မင်း ငါ့ညီမကို ကြံဖို့ မစဉ်းစားစမ်းနဲ့ ... မဟုတ်ရင် ငါမင်းရဲ့ ယောက်ျား တန်ဆာကို ဖြတ်လိုက်မယ် ... မင်းရဲ့ ဘဝမှာ အနောက်ပေါက် ကနေပဲ ဇိမ်ခံနေရမယ်"

"ရွှီး"

လူတိုင်း စနောက်ကျီစယ် နေကြသည့် အချိန်တွင် အရှေ့ဘက် အရပ်မှ အချက်ပြ မီးရှူးတစ်ခု ထွက်ပေါ် လာခဲ့သည်။ ချမ်ဝမ်ကွမ်၏ အမူအရာသည် လေးနက်သွားပြီး အော်ဟစ် လိုက်သည်။

"မကောင်းတော့ဘူး ... တတိယအဆင့် နတ်ဆိုး သားရဲတစ်ကောင် ချဉ်းကပ်လာတယ် ... အစ်ကိုဝူရွှမ်း အစ်ကိုကြီးကို ဒီကို ပြန်ခေါ်လာပေးပါဦး ... လျှိုလောင်၊ ကျိလောင် မင်းတို့နှစ်ယောက် သတိ အနေအထားနဲ့နေ ... အခြေအနေ မကောင်းဘူး ထင်ရင် နတ်ဆိုးသားရဲကို ချက်ချင်း သတ်လိုက်"

"မင်းတို့အားလုံး ဘာမှမလုပ်ကြနဲ့ ... ငါသွားမယ်"

ချမ်ဂိုဏ်း၏ လျှို့ဝှက် သက်တော်စောင့် လျှိုလောင်သည် အောက်သို့ ခုန်ဆင်း သွားခဲ့သည်။

သို့သော် သူခုန်ဆင်း သွားပြီးပြီးချင်း အချက်ပေးသော မျက်လုံးများနှင့် အော်ဟစ်လိုက်သည်။

"အားလုံး ဂူထဲကို ချက်ချင်း ပြန်သွားကြ ... ချမ်ခွမ်က ဝိညာဉ်သားရဲမြို့မှာ ရှိတဲ့ ဂိုဏ်းက သိုင်းသမားတွေ အကူအညီ တောင်းတဲ့ အရေးပေါ် အချက်ပြမီးရှူးကို အခုပဲ လွှတ်တင် လိုက်တယ် ... ချဉ်းကပ်လာတဲ့ နတ်ဆိုးသားရဲက အမြီးသုံးချောင်း မြေခွေးပဲ"

"ရှူး"

လျှိုလောင်၏ စကားပင် မဆုံးသေးခင် ကျိလောင်သည် အချက်ပြ မီးရှူးတစ်ခုကို ထုတ်ယူကာ လွှတ်တင် လိုက်သည်။ သူသည်လည်း ဝိညာဉ်သားရဲမြို့ရှိ ကျန့်ဂိုဏ်းသား များကို အကူအညီ တောင်းလိုက်သည်မှာ အသေအချာ။ ထို့နောက် သူသည် ကျန့်ဝူရွှမ်းနှင့် ကျန့်လင်းအာကို ဆွဲကာ ဂူတွင်းသို့ ပြေးဝင် သွားခဲ့သည်။

"အမြီးသုံးချောင်း မြေခွေး ... မကောင်းတော့ဘူး … အစ်ကိုကြီး အန္တရာယ် ရှိနေပြီ"

ချမ်ဝမ်ကွမ်သည် အလန့်တကြား အော်ဟစ်ကာ တစ်ခုခု ပြောချင်နေဟန် ရသော်လည်း သူ့ကိုယ် လုံးလုံးကြီးသည် လျှိုလောင်၏ ဂူတွင်းသို့ အတင်းဆွဲခေါ် သွားခြင်းအား ခံလိုက်ရသည်။ ချမ်ခွမ်းသည်လည်း အချက်ပြမီးရှူး လွတ်ပြီးသည်နှင့် သူ့လူများကို ခေါ်ကာ ကျောက်တုံး ဂူတွင်းသို့ ဝင်လိုက်ကြသည်။

"ဗုန်း"

လူတိုင်း ဝင်ရောက် ပြီးသည်နှင့် လျှိုလောင်သည် ကျောက်နံရံအား လက်ဝါးဖြင့် ရိုက်ချကာ ကျောက်တုံးဂူ အဝင်ဝ ခပ်ကျဉ်းကျဉ်းအား ပိတ်ဆို့ စေလိုက်သည်။

အပြင်ဘက်တွင်မူ သွေးနီရောင် မျက်လုံးအစုံနှင့် ကျန်းရီသည် ဘာကိုမှ မသိဘဲ  နတ်ဆိုး သားရဲများအား ဆက်လက် သတ်ဖြတ် နေခဲ့သည်။

***

All Chapters