← Chapters

ပရိသတ်တစ်ခွင်လုံးကို တုန်လှုပ်စေခြင်း

Vol. 14 Ch. 199

ပရိသတ်တစ်ခွင်လုံးကို တုန်လှုပ်စေခြင်း

Vol. 14 Ch. 199

~ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့ ပြသလိုက်သော ကြောက်မက်ဖွယ် စွမ်းပကားသည် နိုင်ငံအသီးသီးမှ ဧကရာဇ်များကို ထိတ်လန့်တုန်လှုပ်စေပြီး စိုးရိမ်မကင်း ဖြစ်သွားစေလေသည်။

ဤမျှ အံ့အားသင့်ဖွယ် စွမ်းအားရှိသော ထိပ်တန်း စစ်သည်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စစ်သည်များ အခြားနိုင်ငံများတွင် မည်သူ ရှိနိုင်ပါမည်နည်း။

ရွှေယွဲ့အင်ပါယာ၌ပင် ဤသို့သော ထိပ်တန်း စစ်သည်တော်များကို မွေးထုတ်နိုင်ခြင်း မရှိပေ။

အကယ်၍ စစ်မက်များ ဖြစ်ပွားခဲ့ပါလျှင်၊ ယန်ဟော်အင်ပါယာမှ ဤ ထိပ်တန်း တပ်ဖွဲ့နှစ်ခုသည် နိုင်ငံအသီးသီး၏ စစ်တပ်များကို အပြင်းအထန် ထိခိုက်ပျက်စီးစေနိုင်စွမ်းရှိပြီး အဓိက အဆုံးအဖြတ်ပေးမည့် အခန်းကဏ္ဍမှ ပါဝင်လာမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

ကျီးရှင်းဂိုဏ်းကို လေးဘက်လေးတန်မှ ဝန်းရံထားသော တောင်တန်းများပေါ်တွင် ခွန်အားထက် ပုဂ္ဂိုလ်များ ပြည့်နှက်နေလေ၏။သူတို့သည် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့က ကျီးရှင်းဂိုဏ်း တပည့်များကို ရက်စက်စွာ သတ်ဖြတ်နေကြသည်ကို ခြောက်ခြားစွာ ကြည့်ရှုနေကြသည်။ ညှီစို့စို့ သွေးညှီနံ့တို့သည် နေရာအနှံ့ ပျံ့လွင့်နေ၏။

စစ်သည်အားလုံး၏ မျက်လုံးများမှာ နီရဲတောက်နေကြပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှာ ကျီးရှင်းဂိုဏ်း တပည့်များ၏ သွေးစများဖြင့် စွန်းပေလျက်။ သူတို့၏ ပုံပန်းသဏ္ဌာန်မှာ အလွန်တရာ လန့်ဖျတ်စရာ ကောင်းလှသည်။

သူတို့၏ တည်ရှိမှုသည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေဆိုးများသဖွယ်၊ ကြမ်းတမ်းပြီး အညှာအတာ ကင်းမဲ့လှ၏။

မိနစ်အနည်းငယ်မျှ အတွင်းမှာပင်၊ ကျီးရှင်းဂိုဏ်း၏ ရင်ပြင် တစ်ခုလုံးသည် ဝိဉာဉ် ကင်းမဲ့နေသော အလောင်းများဖြင့် ပြည့်နှက်သွား၏။ နီရဲသော သွေးစီး‌ကြောင်းတို့သည် မြစ်ရေအလား စီးဆင်းသွားလေရာ ၊ ထိုမြင်ကွင်းမှာ ကြည့်ရှုရန် မတတ်နိုင်လောက်အောင် ဆိုးရွားလှတော့သည်။

ကျီးရှင်းဂိုဏ်း၏ ဂိုဏ်းသားများသည် ထိတ်လန့်တကြား ထွက်ပြေးကြရင်း အကူအညီ တောင်းခံနေကြသည်။ ကြောက်လွန်း၍ အသိ ကင်းမဲ့နေသည့် အခြေအနေသို့တိုင် ဆိုက်ရောက်နေကြသည်။

ဂိုဏ်းတစ်ခုလုံး ဂိုဏ်းသားတို့၏ ကြောက်လန့်တကြား အော်ဟစ်သံများနှင့် အကူအညီ တောင်းခံသံများဖြင့် ဆူညံပွက်လောရိုက်နေတော့သည်။

ဖုန်းဝူချန်၏ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သော နည်းလမ်းများကြောင့် ကျီးရှင်းဂိုဏ်း၏ အထက်ပိုင်း လူကြီးများမှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။

မျက်စိတစ်မှိတ်အတွင်း၊ ဖုန်းဝူချန်သည် ကျီးရှင်းဂိုဏ်း ဂိုဏ်းချုပ်၏ နန်းတော် လှေကားထစ်များပေါ်သို့ အေးအေးလူလူ ပင် ရောက်ရှိလာသည်။

သူ၏ အေးစက်သော အကြည့်များက ထို ဒါဇင်ခန့်ရှိသော အဆင့်မြင့် အရာရှိကြီးများထံသို့ ပို့လွှတ်လိုက်ရာ၊ မည်သူမျှ လှုပ်ပင် မလှုပ်ဝံ့ကြတော့ပေ။

"ခင်ဗျားတို့ဘာသာ အသက်ကို အဆုံးစီရင်မလား၊ ဒါမှမဟုတ် ကျုပ်ကိုယ်တိုင် လုပ်ပေးရမလား။" ဖုန်းဝူချန်သည် အေးစက်စွာ မေးလိုက်သည်။

"ဖုန်းဝူချန်၊ သိပ်ပြီး အနိုင်မကျင့်နဲ့။ ဒီနေရာက လော့ယွင်အင်ပါယာ၊ မင်းရဲ့ ယန်ဟော်အင်ပါယာ မဟုတ်ဘူး။ ကျီးရှင်းဂိုဏ်းရဲ့ တပည့်တွေမှာ ဘာအပြစ်မှ မရှိဘူး။" တတိယ အကြီးအကဲသည် ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း ခက်ထန်စွာ မာန်မဲလိုက်သည်။

သူ့စကားအား ဖုန်းဝူချန်က ခပ်ပြတ်ပြတ်ပင် ပြန်မေးလိုက်သည်။ "ဒါတော့ ဘာဖြစ်လဲ။ ကျီးရှင်းဂိုဏ်းက ကျုပ်မိသားစုကို အနိုင်ကျင့်ခဲ့တယ်။ ကာကွယ်စောင့်ရှောက်သူ ရှင်းလန်က ကျုပ်ကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ပြီး ကျုပ်ရဲ့ ကိုးထပ် ချန်ခွန်း မျှော်စင်ကို လုယူဖို့ ကြိုးစားခဲ့တယ်။ ကျုပ်က ကျီးရှင်းဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းတာ ဘာမှားလို့လဲ။ ပိုင်ရှန်းနဲ့ တိုက်ပွဲမှာ သေသွားခဲ့တဲ့သူက ကျုပ်သာ ဖြစ်ခဲ့မယ်ဆိုရင်၊ ကျုပ်မိသားစုဝင်တွေအားလုံး သေခြင်းတရားကနေ မလွတ်မြောက်ဘူးဆိုတာ ကျုပ် သေချာပေါက် ယုံတယ်။"

"အစ်ကိုဖုန်း၊ သူတို့နဲ့ အချိန်ဖြုန်းပြီး စကားပြောမနေနဲ့တော့၊ သတ်ပစ်လိုက်ပါ"

ဟု လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုစဉ် ဖုန်းဝူချန်သည် အထွတ်အထိပ် နဂါးနတ်ဘုရား ဓားကို ဆင့်ခေါ်လိုက်ပြီး ဂိုဏ်း၏ အဆင့်မြင့် ရာထူးကြီး တစ်ဦးထံ ညွှန်ပြလျက် မေးလေ၏။

"မသေခင် နောက်ဆုံး စကားတစ်ခွန်းလောက်ရော ရှိသေးလား။"

"ကျွန် ကျွန်တော်"

"ရွှတ်။"

ထိုသူသည် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေသဖြင့် စကားပင် မပြောနိုင်တော့ပေ။

သူ စကားတစ်လုံးမျှ မဆိုနိုင်မီမှာပင်၊ ဖုန်းဝူချန်၏ ဓားသည် ထိုသူ၏ လည်မျိုကို အလင်းအလျင်နှင့် ဖြတ်တောက်သွားခဲ့သည်။ သွေးအေးပြီး အညှာအတာ ကင်းမဲ့လှ၏။

"မင်းရော။"

ဖုန်းဝူချန်သည် နောက်ထပ် အဆင့်မြင့် အရာရှိတစ်ဦးထံ ညွှန်ပြလိုက်ပြန်သည်။ သူ၏ အေးစက်သော အကြည့်များက ထိုသူကို လိပ်ပြာလွင့်သွားစေသည်။

"ကျေး ..ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့။" ထိုအရာရှိ၏ ခြေထောက်များမှာ ကြောက်လွန်း၍ ပျော့ခွေသွားသည်။

"ရွှတ်။"

ဖုန်းဝူချန်သည် လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ ဓားဖြင့် ဖြတ်ပိုင်းချလိုက်ပြန်ရာ၊ နောက်ထပ် လူတစ်ယောက် ဖုန်းဝူချန်၏ ဓားချက်အောက်တွင် အသက်ပျောက်သွားပြန်သည်။

ဖုန်းဝူချန်သည် သူတို့ကို တစ်ယောက်ချင်းစီ မေးမြန်းသွားသည်။ သူတို့ ဖြေသည်ဖြစ်စေ၊ မဖြေသည်ဖြစ်စေ ရလဒ်မှာ အတူတူပင် ဖြစ်သတည်း။ အားလုံး သေဆုံးရမည်သာ ဖြစ်သည်။

ယခုအခါ ကျီးရှင်းဂိုဏ်း၏ တတိယ အကြီးအကဲ တစ်ဦးတည်းသာ ကျန်လေတော့သည်။

ကျီးရှင်းဂိုဏ်း၏ အဆင့်မြင့် အရာရှိကြီးများသည် အလွန်တရာ ကြောက်ရွံ့နေကြပြီး၊ သူတို့၏ မသေးလှသော စွမ်းအားများ ရှိနေသော်လည်း၊ လှုပ်ရှားရန် မဝံ့ရဲကြပေ။

"အခု ခင်ဗျား အလှည့်ပဲ။ ပြောလေ၊ မသေခင် နောက်ဆုံး စကားတစ်ခွန်းလောက်ရော ရှိသေးလား။" ဖုန်းဝူချန်သည် အထွတ်အထိပ် နဂါးနတ်ဘုရား ဓားကို တတိယ အကြီးအကဲထံ ညွှန်ပြရင်း အေးစက်စွာ မေးလိုက်သည်။

အေးစက်သော အကြည့်များက သူ့အား စိုက်ကြည့်နေသဖြင့် ကျီးရှင်းဂိုဏ်း၏ တတိယ အကြီးအကဲသည် ကြောက်ရွံ့သလို ဒေါသလည်း ထွက်နေသည်။

တတိယ အကြီးအကဲသည် သူ၏ အစစ်အမှန်ယွမ်များကို စုစည်းကာ ခွန်အားကုန် ထုတ်သုံးလိုက်ပြီး၊ ဖုန်းဝူချန်ကို လက်ဝါးဖြင့် ရိုက်ချရန် ကြံရွယ်လိုက်၏။

'ကိုယ့်အတိုင်းအတာကိုယ် မသိတဲ့ လူ'

ဖုန်းဝူချန်၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင် တစ်ခု လင်းလက်သွားပြီး၊ လှစ်ခနဲ လှုပ်ရှားမှု တစ်ခုနှင့်အတူ သူသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

"ဝှစ်..။"

ဖုန်းဝူချန် ပြန်လည် ပေါ်ထွက်လာသောအခါ၊ အထွတ်အထိပ် နဂါးနတ်ဘုရား ဓားထက်တွင် သွေးစများ စီးကျနေခဲ့သည်။

တတိယ အကြီးအကဲသည် သူ၏ လည်ပင်းထက်တွင် ရှရာ တစ်ခု ဘယ်အချိန်က အဘယ်ပုံ ၊ အဘယ်နည်း ပေါ်ပေါက်သွားသည်ကိုပင် မသိလိုက်ဘဲ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားတော့သည်။

ယွမ်တန်ဘုံ ဆဌမအလွှာရှိ တတိယ အကြီးအကဲသည် သူ မည်သို့ သေဆုံးသွားသည်ကိုပင် သိလိုက်ပုံ မရပေ။

"ဟာ…တ.. တတိယ အကြီးအကဲ သေသွားပြီ။"

"စစ်သူကြီးချုပ်၊ ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ။"

ကျီးရှင်းဂိုဏ်း ဂိုဏ်သားများသည် ပို၍ပင် ထိတ်လန့်သွားကြပြီး၊ သူတို့ထဲမှ အများအပြား ဒူးထောက်ကာ အသက်ကို တောင်းခံနေကြသည်။

"နောက်ကျသွားပြီ။" ဟွမ်ယန်သည် သွေးအေးစွာ တုံ့ပြန်လိုက်သည်။ ဒူးထောက် အသနားခံသော ဂိုဏ်းသားများသည်လည်း သေခြင်းတရားနှင့်သာ ကြုံတွေ့လိုက်ရသည်။

ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့သည် အေးစက်ပြီး အညှာအတာ ကင်းမဲ့လှသည်။

တစ်ဦးတစ်ယော

စစ်သူကြီးချုပ်က မည်သူမျှ အသက်ရှင် မကျန်စေရန် အမိန့်ပေးထားပြီးမှတော့၊ သူတို့သည် သက်ညှာထောက်ထားခြင်း ပြုမည် မဟုတ်သလို၊ မည်သူ့ကိုမျှ အသက် ချမ်းသာပေးလိမ့်မည်လည်း မဟုတ်ပေ။

"ဂလု။"

ဖုန်းဝူချန်၏ ရက်စက်ပြီး အညှာအတာ ကင်းမဲ့သော နည်းလမ်းများကြောင့် ကြည့်ရှုနေကြသော မရေမတွက်နိုင်သည့် ခွန်အားထက် ပုဂ္ဂိုလ်များ အကြီးအကျယ် ထိတ်လန့်သွားကြရ၏။ သူတို့ ဖုန်းဝူချန်ကို ကြည့်နေသော အကြည့်များမှာ နတ်ဆိုးတစ်ကောင်ကို ကြည့်နေကြသကဲ့သို့ပင် ဖြစ်သည်။

နာရီဝက်ပင် မပြည့်သော အချိန်အတွင်း၊ ကျီးရှင်းဂိုဏ်း တပည့် ထောင်ပေါင်းများစွာ အားလုံး သတ်ဖြတ်ခြင်း ခံလိုက်ရနောက် ကျီးရှင်းဂိုဏ်း တစ်ခုလုံး အသက် ကင်းမဲ့နေသော အလောင်းများဖြင့် ပြည့်နှက်သွားတော့သည်။

ထိုအခါ တပ်မှူး ဟွမ်ယန်က ရိုသေစွာ သတင်းပို့လိုက်သည်။

"စစ်သူကြီးချုပ်ကို သတင်းပို့ပါတယ်။ ကျီးရှင်းဂိုဏ်းကို လုံးဝ အမြစ်ပြတ် ချေမှုန်းပြီးပါပြီ။"

"ဒီနေ့ကစပြီး ကျီးရှင်းဂိုဏ်းဆိုတာ မရှိတော့ဘူး။"

ထိုသို့ ဖုန်းဝူချန်သည် အေးစက်စွာ ပြောလိုက်ပြီး၊ အနက်ရောင် အတောင်ပံများ ဘုန်းခနဲ ခတ်သွားကာ သူ၏ ကိုယ်ခန္ဓာသည် လေထဲသို့ ဖြည်းညင်းစွာ မြင့်တက်သွားသည်။

"နန်းတော်တွေကို ဖြိုချပစ်။" ခွမ်းထူက ဟိန်းဟောက်လိုက်သည်။

“ဝရော…”

"ဝှီး၊ ဝှီး၊ ဝှီး။"

စစ်သည်များသည် သူတို့၏ အစစ်အမှန်ယွမ်များကို နှိုးဆွကာ၊ သိုင်းကွက်များ ထုတ်ဖော် အသုံးပြုလျက်၊ ခမ်းနားထည်ဝါသော ကျီးရှင်းဂိုဏ်း၏ နန်းတော်များဆီသို့ ပြင်းထန် ရူးသွပ်သော တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ကျရောက်စေတော့သည်။ နန်းတော် အဆောက်အအုံများ တစ်ခုပြီး တစ်ခု၊ စဉ်တိုက် ဆက်တိုက် ပြိုကျသွားပြီး၊ မရပ်မနား တုန်ခါနေကာ၊ ဧရာမ ဖုန်လုံးကြီးများနှင့် မီးခိုးများ တလူလူတက်လာတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်၊ ကျီးရှင်းဂိုဏ်း၏ နန်းတော်များ အားလုံး ပျက်စီးသွားခဲ့ပြီး၊ ကျယ်ပြန့်သော အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

နာကျင်စွာ အော်ဟစ်သံများ မရှိတော့၊ အကူအညီ တောင်းခံသံများ မရှိတော့။

နေရာတစ်ခုလုံး သုသာန်တစပြင်နှယ် တိတ်ဆိတ်ငြိမ်သက်သွားသည်။

အရပ်လေးမျက်နှာမှ မရေမတွက်နိုင်သော အဆင့်မြင့် ကျွမ်းကျင်သူများသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြသဖြင့် စကားတစ်ခွန်းမျှ မဆိုနိုင်ကြတော့ပေ။

ဤတိုက်ပွဲအပြီးတွင်၊ ဤထိပ်တန်း တပ်ဖွဲ့နှစ်ဖွဲ့သည် မည်သည့်နိုင်ငံကိုမဆို သတင်းကြားရုံမျှဖြင့် တုန်လှုပ်သွားစေရန် လုံလောက်လှသည်။ နာရီဝက်ပင် မပြည့်သော အချိန်အတွင်း ကျီးရှင်းဂိုဏ်းမှ တပည့် ထောင်ပေါင်းများစွာ ဆိုးရွားစွာ သေဆုံးခဲ့ကြရသည်။ ဤသည်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှု အမြန်နှုန်း ဖြစ်ပါသနည်း။

"ယန်ဟော်အင်ပါယာရဲ့ ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့နဲ့ အလံနက် တပ်မတော်က တခြားနိုင်ငံတွေရဲ့ စစ်တပ်တွေကို ချေမှုန်းနိုင်စွမ်း ရှိတယ်။ ဒါတွေကို ဖုန်းဝူချန်က လေ့ကျင့်ပေးထားတာပဲ ဖြစ်ရမယ်။ သုံးသွားတဲ့ လှုပ်ရှားမှု သိုင်းကွက်တွေက ဖုန်းဝူချန်နဲ့ တစ်ထပ်တည်းပဲ။"

ရွှေယွဲ့အင်ပါယာ၏ နန်းတွင်းအကြံပေးက အရိပ်ထဲမှ လေးနက်စွာ ဆိုလိုက်သည်။

"ဒီတပ်ဖွဲ့နှစ်ခုက အရင်ကနဲ့ လုံးဝ မတူတော့ဘူး။ သူတို့ကို ယဲ့ချန်းချုံးက ဦးဆောင်ခဲ့မယ်ဆိုရင်၊ အင်ပါယာမှာ ကျုပ်တို့နဲ့ ယှဉ်နိုင်မယ့် တပ်ဖွဲ့ တကယ် မရှိဘူး။" စစ်သူကြီးချုပ်သည် မျက်မှောင်ကြုတ်လိုက်ပြီး၊ လေးနက်စွာ စိုးရိမ်မကင်း ဖြစ်သွားသည်။

ထိုစဉ် လေကျန့်ဖုန်း၏ မျက်နှာအမူအရာမှာ လေးနက်နေသည်။ ဖုန်းဝူချန်၏ လျှပ်စီးလက်သလို ပြင်းထန်သော နည်းလမ်းများက သူ့ကို အမှန်တကယ် တုန်လှုပ်စေခဲ့သော်လည်း၊ သူကမူ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ရဲ့ စွမ်းအားနဲ့ ဖုန်းဝူချန်ကို သတ်ဖို့က လွယ်လွယ်လေးပါ။ ဘာလို့ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို မသတ်ရတာလဲ။ ဒီလူက သိပ်ကြောက်ဖို့ကောင်းတယ်။ အခုမှ သူ့ကို မရှင်းပစ်ရင်၊ သူ ပိုပြီး အင်အားကြီးလာတဲ့အခါ ကျွန်တော်တို့ သူ့ကို ဘယ်လိုမှ မယှဉ်နိုင်တော့ဘူး နော်" အခြား လျှို့ဝှက်နေရာတစ်ခုတွင် အကြီးအကဲတစ်ဦးက‌ လေးလံသော လေသံဖြင့် ပြောလိုက်သည်။

ထိုက်ရွှီဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဖုန်းဝူချန်က ကျီးရှင်းဂိုဏ်းကို ရှင်းဖို့ စစ်တပ်ကြီးနဲ့ ထွက်လာတာက ကျားခံတွင်းထဲ သိုးဝင်လာတာနဲ့ တူတူပဲ။ သွမ့်ထျန်းဟွမ်က သူ့နောက်က မလိုက်ဘဲ နေမယ်လို့ မင်း ထင်နေတာလား။"

"ဖုန်းဝူချန် တစ်ယောက်တည်းဆိုရင်တော့ ဒီဂိုဏ်းချုပ်က စိုးရိမ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သွမ့်ထျန်းဟွမ်ပါ ပါလာရင်တော့ ဒါက မတူကွဲပြားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပြီ။"

ခေတ္တမျှ ရပ်တန့်ပြီးနောက်၊ ထိုက်ရွှီဂိုဏ်းချုပ်က ထပ်ပြောသည်။

"ဖုန်းဝူချန်က ထျန်းယွမ်ဘုံကို ခြေမချရသေးသရွေ့တော့ သူက ငါတို့ ထိုက်ရွှီဂိုဏ်းအတွက် ခြိမ်းခြောက်မှု မဟုတ်သေးဘူး။"

--

တစ်ဖက်တွင်၊

"ဧကရာဇ်၊ အမိန့်ချပါခင်ဗျာ၊ ဖုန်းဝူချန်ကို သတ်ပြီး ယန်ဟော်အင်ပါယာရဲ့ ထိပ်တန်း စစ်သည်တွေကို ရှင်းပစ်လိုက်ပါ။" စစ်သူကြီးချုပ်သည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။

ဖုန်းဝူချန်သည် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်ကို ဦးဆောင်ကာ လော့ယွင်အင်ပါယာအတွင်းသို့ ဝင်ရောက်ပြီး ကျီးရှင်းဂိုဏ်းကို ရှင်းလင်းပစ်ခဲ့သည်။ ဤသည်မှာ လုံးဝ မောက်မာပြီး လော့ယွင်အင်ပါယာကို လုံးဝ အလေးမထားခြင်းပင် ဖြစ်သည်။ အကယ်၍ သူတို့ ဘာမှ မလုပ်ဆောင်ပါက၊ ဤသည်မှာ အင်ပါယာအတွက် အရှက်ရစရာ ဖြစ်မနေပေဘူးလော။

"ဒီလို မဖြစ်ဘူး။ ဖုန်းဝူချန်က ကျီးရှင်းဂိုဏ်းကို ဒီလို ပေါ်ပေါ်ထင်ထင် သတ်ပစ်တာက မောက်မာရုံသက်သက် မဟုတ်ဘူး။ အခုချိန်မှာ ဝင်တိုက်လိုက်တာက သူ့ရဲ့ နောက်ထပ် ရှင်းလင်းပစ်မယ့် ပစ်မှတ် ဖြစ်သွားတာနဲ့ပဲ အတူတူပဲ။" နန်းတွင်းအကြံပေးသည် စစ်သူကြီးချုပ်၏ အဆိုကို သဘောမတူဘဲ လေးနက်စွာ ပြောလိုက်သည်။

ဖုန်းဝူချန်၏ စွမ်းအားမှာ ကြမ်းတမ်းလှသည်။ ထျန်းယွမ်ဘုံ ပညာရှင်များပင် သူ၏ ပြိုင်ဘက် မဟုတ်ပေ။ လော့ယွင်အင်ပါယာ အနေနှင့် ယခုအချိန်တွင် ဝင်ရောက် တိုက်ခိုက်ခြင်းသည် သေမင်းကို ရှာဖွေခြင်းနှင့် တူပေလိမ့်မည်။

ထို့အပြင်၊ လော့ယွင် ဧကရာဇ်သည် ဖုန်းဝူချန်ကို သတ်နိုင်မည်ဟု သေချာပေါက် မပြောနိုင်ပေ။

ထိုသို့ မသေချာပါဘဲ၊ အဘယ်ကြောင့် သူ၏ အမျက်ဒေါသကို သွားဆွရမည်နည်း။

ကိုးထပ် ချန်ခွန်း မျှော်စင်ကြောင့် နိုင်ငံများနှင့် ခွန်အားထက် အင်အားစုများသည် ၎င်းကို လုယူရန် တိုက်ခိုက်ခဲ့ကြပြီး၊ ဖုန်းဝူချန်ကို ရန်စခဲ့ကြသည်။ သူတို့ ယခုအချိန်တွင် နောင်တရနေကြလောက်ပြီ ဖြစ်သည်။

ဖုန်းဝူချန်သည် လေထဲတွင် ပျံဝဲနေရင်း၊ သူ၏ အကြည့်များက ကျီးရှင်းဂိုဏ်းကို ဝန်းရံထားသော တောင်တန်းများထံသို့ ဝေ့ဝဲကြည့်လိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။

"ကျီးရှင်းဂိုဏ်းတော့ ပျက်စီးသွားပြီ။ ဒါပေမဲ့ သူတို့အပြင်၊ ထိုက်ရွှီဂိုဏ်း၊ ဟွမ်ယွင်ဂိုဏ်း နဲ့ ဖုန်းလေဂိုဏ်းတို့ ကျန်သေးတယ်။ ဒီ စာရင်းဟောင်းတွေကို ခင်ဗျားတို့နဲ့ တစ်ယောက်ချင်း ရှင်းပေးမယ်။ ဒီနေရာမှာ ရှိနေတဲ့သူတွေထဲမှာ ဒီအဓိက အင်အားစုတွေက လူတွေ ပါတယ်မလား။ ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်တွေကို စကားတစ်ခွန်းလောက် ပါးလိုက်ပါ။ တစ်နေ့နေ့မှာ ကျုပ် ဖုန်းဝူချန် ကိုယ်တိုင် လာလည်ပါ့မယ်လို့။"

"ကျုပ်က ဒီအဓိက အင်အားစုတွေကိုပဲ ပစ်မှတ်ထားတာ။ နိုင်ငံအသီးသီးက တော်ဝင်မိသားစုတွေ ဝင်မစွက်ဖက်ကြလိမ့်မယ်လို့ မျှော်လင့်တယ်။ ပြီးတော့၊ တစ်စုံတစ်ယောက်က ကျုပ်ဆီက ကိုးထပ် ချန်ခွန်း မျှော်စင်ကို လိုချင်သေးတယ်ဆိုရင်၊ ကြိုက်သလို ကြိုးစားကြည့်နိုင်တယ်။ မျှော်စင်က ဒီမှာပဲ ရှိနေပါတယ်။"

ဖုန်းဝူချန်၏ အသံမှာ ပကတိ အေးစက်နေပြီး၊ သူ၏ နှုတ်ခမ်းထောင့်များတွင် အန္တရာယ်အငွေ့အသက် ဝေ့သန်းနေသော အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။

ဖုန်းဝူချန်၏ စကားလုံးများမှာ အလွန်တရာ မောက်မာလှသော်လည်း၊ ၎င်းတို့သည် ခွန်အားထက် ပုဂ္ဂိုလ်များစွာကို အလွန် သတိထားသွားစေသည်။ အဘယ်ကြောင့်ဆိုသော် ကျီးရှင်းဂိုဏ်းသည် သူတို့၏ မျက်စိရှေ့မှ နမူနာပင် ဖြစ်သောကြောင့်တည်း။

နိုင်ငံအသီးသီးမှ အဓိက အင်အားစုများကို သတိပေးခြင်းသာမက..

ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွန်း မျှော်စင်ကို လုယူလိုစိတ် ရှိနေသေးသူများကိုလည်း သတိပေးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူတို့ သေချင်နေပါက၊ ကိုးထပ် ချန်ခွန်း မျှော်စင်ကို လာယူကြည့်ရန် ကြိုဆိုလျက် ရှိသည်။

ကျီးရှင်းဂိုဏ်းကို ဤသို့ ပေါ်ပေါ်ထင်ထင် သတ်ပစ်ခြင်းသည် နိုင်ငံအသီးသီးမှ အဓိက အင်အားစုများနှင့် မရေမတွက်နိုင်သော ပညာရှင်များကို ခြိမ်းခြောက်ရန် ရည်ရွယ်သည်။

ယခုအခါ ဖုန်းဝူချန်သည် သူ၏ ပန်းတိုင်ကို အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ဤမျှ များပြားလှသော ခွန်အားထက် ပုဂ္ဂိုလ်များ ရှိနေသော်လည်း၊ အမှောင်ထဲတွင် ပုန်းကွယ်နေသော အဓိက အင်အားစုများ၏ ခေါင်းဆောင်များနှင့် ဧကရာဇ်ကြီး သုံးပါး အပါအဝင် မည်သူမျှ လှုပ်ရှားရန် မဝံ့ရဲကြပေ။

"ဂိုဏ်းချုပ်၊ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဖုန်းဝူချန်က ဒီကိစ္စကို ဒီအတိုင်း ထားမှာ မဟုတ်တာ ရှင်းနေပြီဗျာ။"

ဟွမ်ယွင်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးက သူ၏ မျက်နှာ ဖြူဖျော့လျက် ထိတ်လန့်တကြား မေးလိုက်သည်။

အကြီးအကဲတစ်ဦးအနေနှင့် သူ၏ အဆင့်အတန်းမှာ မြင့်မားလှသော်လည်း၊ သူ၏ လက်ရှိ အသည်းငယ်နေပုံက သူ မည်မျှ ကြောက်ရွံ့နေသည်ကို ညွှန်ပြနေသည်။

ထိုအခါ ဟွမ်ယွင်ဂိုဏ်းချုပ်၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားရင်း ပြင်းထန်ပြီး မြင်ရခဲသော လူသတ်ရိပ်တစ်ခု လင်းလက်သွားကာ ၊သူက အက်ကွဲသော လေသံဖြင့် ဆိုလိုက်သည်။

"ဖုန်းဝူချန်က လာရဲတယ်ဆိုရင်၊ ငါတို့ဂိုဏ်းက သူ အသက်ရှင်လျက် ပြန်မထွက်သွားနိုင်အောင် သေချာ လုပ်ရမှာပေါ့။ ဟမ့်။"

"ဖုန်းဝူချန်ရဲ့ စွမ်းအားက အင်မတန် မြင့်မားပေမယ့် ငါတို့ ဟွမ်ယွင်ဂိုဏ်းကို ရှင်းပစ်ဖို့က သူ ထင်သလောက် ဘယ်လွယ်မလဲ၊ ဒါပေမဲ့ ဒီလူငယ်လေးရဲ့ ကျင့်ကြံမှု အရှိန်က အံ့အားသင့်စရာ ကောင်းလောက်အောင် မြန်တယ်။ သူ လှုပ်ရှားမှု မလုပ်ခင် ဒါမှမဟုတ် ပိုပြီး အင်အား မကြီးလာခင်မှာ ရှင်းပစ်ရမယ်။" တတိယ အကြီးအကဲက သူ၏ မျက်နှာတွင် မည်သည့် အမူအရာမှ မရှိဘဲ လေးနက်စွာ ကောက်ချက်ချလိုက်သည်။

"ငါနဲ့ အကြီးအကဲ သုံးယောက် ပေါင်းလိုက်ရင်၊ ဖုန်းဝူချန်ကို သတ်ဖို့ မခက်ခဲပါဘူး။" ဟု ဟွမ်ယွင်ဂိုဏ်းချုပ်ကလည်း အေးစက်စွာ ဆိုသည်။

သို့သော် ယခုချိန်မှာတော့ ထိုလူငယ်က ထျန်းယွမ်ဘုံ ပညာရှင်တစ်ယောက်ကို သတ်နိုင်သော စွမ်းအား ရှိပုံ မရသေးပါ။

'ယွမ်တန်ဘုံ သတ္တမ အလွှာ ကျင့်ကြံသူတစ်ယောက်က ထျန်းယွမ်ဘုံ ပညာရှင်တစ်ယောက်ကို သတ်နိုင်ခဲ့တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။' ဟွမ်ယွင်ဂိုဏ်းချုပ်သည် ဤအချက်ကို စိတ်ကူးဖြင့်ပင် တွေးတော၍ မရနိုင်အောင် ဖြစ်နေသည်။

----

ထိုက်ရွှီဂိုဏ်းနှင့် ဟွမ်ယွင်ဂိုဏ်းတို့သည် ဖုန်းဝူချန်ကို ရင်ဆိုင်ရန် ယုံကြည်မှု ရှိကြသော်လည်း၊ ဖုန်းလေဂိုဏ်းမှာမူ ထိုသို့ မဟုတ်နေပေ။

ရွှေယွဲ့အင်ပါယာ၏ အဓိက အင်အားစု တစ်ခုဟု သတ်မှတ်ခံထားရသော်လည်း၊ သူတို့၏ အင်အားမှာ ထိုက်ရွှီဂိုဏ်းနှင့် ဟွမ်ယွင်ဂိုဏ်း နှစ်ခုလုံးထက် များစွာ နိမ့်ကျလှသည် မဟုတ်ပါလော။

အကယ်၍ ဖုန်းဝူချန်က ဖုန်းလေဂိုဏ်းကို တိုက်ခိုက်ခဲ့ပါလျှင်၊ သူတို့ထဲမှ မည်သူမျှ သူ့ကို ခုခံနိုင်မည် မဟုတ်ပေ။

ဖုန်းလေဂိုဏ်းချုပ်သည် ဖုန်းဝူချန်ကို ထိပါးခဲ့မိသည့်အတွက် သူ၏ အူများပင် စိမ်းသွားမတတ် နောင်တရနေသည်။

သူ၏ မျက်နှာမှာ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ ရောယှက်နေပြီး၊ ခံ့ညားသော ဂိုဏ်းချုပ်တစ်ဦး၏ အသွင်အပြင်မှာ တစ်စိုးတစ်စိမျှ မကျန်တော့ပေ။

"ပြီးသွားပြီ။ ငါတို့ ဖုန်းလေဂိုဏ်းတော့ ပြီးသွားပြီ။" အကြီးအကဲ နှစ်ဦးက သူတို့၏ မျက်နှာများတွင် မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များဖြင့် ကြေကွဲစွာ ရေရွတ်လိုက်ကြသည်။

"ချက်ချင်း ပြန်ပြီး လက်ဆောင်တွေ ပြင်ဆင်ကြ။ ငါကိုယ်တိုင် ပြိုင်ဘက်ကင်းမြို့က ဖုန်းမိသားစုကို သွားပြီး တောင်းပန်မယ်။ ဖုန်းဝူချန်က ငါတို့ ဖုန်းလေဂိုဏ်းကို အသက်ချမ်းသာပေးဖို့ မျှော်လင့်ရုံပဲ။" ဖုန်းလေဂိုဏ်းချုပ်သည် ထိတ်လန့်တကြား ခိုင်းစေလိုက်သည်။

သူ၏ အမှားကို ဝန်ခံခြင်းမှလွဲ၍ အခြား မည်သည့် ဖြေရှင်းနည်းကိုမျှ စဉ်းစား၍ မရတော့ပါပေ။

ဖုန်းလေဂိုဏ်း ဒုက္ခရောက်ပါက ရွှေယွဲ့ တော်ဝင်မိသားစုက မိမိတို့ကို ကူညီရန် လာရောက်လိမ့်မည်ဟု ဖုန်းလေဂိုဏ်းချုပ်သည် တစ်စက္ကန့်မျှပင် မယုံကြည်ခဲ့ပေ။

မည်သူမျှ စကားတစ်ခွန်း မဆိုဝံ့၊ သို့မဟုတ် လှုပ်ရှားမှု မပြုဝံ့သည်ကို မြင်သောအခါ၊ ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။

"ဟွမ်ယန်၊ ညီအစ်ကိုတွေကို ပြိုင်ဘက်ကင်းမြို့ကို ပြန်ခေါ်သွားတော့။" ဖုန်းဝူချန်သည် လက်ဟန်ပြလိုက်ပြီး၊ ကိုးထပ် ချန်ခွန်း မျှော်စင်ကို သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်၏။ ထို့နောက် ရှောင်ရှောင်နှင့်အတူ တဟုန်ထိုး ပျံသန်း ထွက်ခွာသွားတော့သည်။

"အားလုံးပဲ ပြိုင်ဘက်ကင်းမြို့ကို ပြန်မယ်။"

ဟွမ်ယန် အော်ဟစ်လိုက်သည်နှင့် စစ်သည် ရာပေါင်းများစွာသည် သူတို့၏ ဆုတ်ခွာမှုကို စတင်လိုက်ကြသည်။

ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့၏ ပထမဆုံးအကြိမ် လူအများရှေ့ ထွက်ပေါ်လာမှုသည် ဧကရာဇ်များနှင့် နိုင်ငံအသီးသီးမှ အဓိက အင်အားစုများ၏ ရှေ့မှောက်တွင် ဖြစ်ပျက်ခဲ့လေရာ သူတို့၏ ပြင်းထန်သော စွမ်းအားနှင့် ထိတ်လန့်ဖွယ် လှုပ်ရှားမှု သိုင်းကွက်များကို ပြသလိုက်ခြင်းသည် လူတိုင်းကို သူတို့အပေါ် အလွန်အမင်း သတိထားသွားစေခဲ့သည်။

အကယ်၍ ဤ ထိပ်တန်း တပ်ဖွဲ့နှစ်ခု၏ ကျင့်ကြံမှုအဆင့်များ ထပ်မံ တိုးတက်လာခဲ့ပါလျှင်၊ အနည်းဆုံးတော့ ရွှေယွဲ့အင်ပါယာကိုပင် သတိထားသွားစေလောက်အောင် ခြောက်ခြားရသည့် ပြိုင်စံရှား တည်ရှိမှုတစ်ခု ဖြစ်လာမည်မှာ သေချာလှသည်။

All Chapters