ထျန်းဝူဧကရာဇ်အား ချေမှုန်းခြင်း
Vol. 14 Ch. 207
~ဖုန်းဝူချန်က တစ်ယောက်တည်း။ ဟုတ်သည်။ တစ်ယောက်တည်းနှင့် ထျန်းဝူအင်ပါယာ တစ်ခုလုံးကို သူ၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားကြီးနှင့် ဖိနှိပ်ထားလေသည်။ သူ ပြသလိုက်သည့် ပြင်းထန်ရက်စက်မှုက တကယ့်ကို ကြောက်စရာပါပင်။
ထိပ်တန်း ပညာရှင် တစ်ရာကျော် ဒဏ်ရာအပြင်းအထန် ရသွားသလို၊ ရာပေါင်းများစွာကလည်း ဝမ်းနည်းဖွယ် သေဆုံးခဲ့ရသည်။ ဒီလို ရက်စက်ကြမ်းကြုတ်သော နည်းလမ်းတွေကြောင့် ထျန်းဝူအင်ပါယာ၏ ပညာရှင်ပေါင်းများစွာဟာ ကြောက်လွန်း၍ တုန်တောင် တုန်ယင်နေကြလေပြီ။
လေထဲမှာ ပျံဝဲနေသော ဖုန်းဝူချန်ကတော့ ရှုံးနိမ့်ခြင်းမရှိသည့် စစ်နတ်ဘုရားတစ်ပါးနှယ်။
ထျန်းဝူအင်ပါယာ၏ ပညာရှင်တွေထဲက ဘယ်သူမှ ရှေ့ထပ်တိုးဖို့တောင် မလှုပ်ရဲကြတော့ပေ။
"လေးကြီးတွေကို ပစ်ကြ" စစ်သူကြီးချုပ်က ထိတ်လန့်တကြားနှင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
အသင့်ပြင်ထားသည့် ထျန်းဝူ စစ်သည်တော်များ၊ တိုက်ပွဲပေါင်းများစွာ ချပ်ဝတ်ဖောက် လေး ငါးထောင်လုံးက တစ်ချိန်တည်းမှာ ပစ်လွှတ်လိုက်ကြ၏။
"ဝှစ်"
ဧရာမ မြားကြီး ငါးထောင် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ စူးရှသော ပေါက်ကွဲသံနှင့်တကွ တားဆီးလို့မရနိုင်သည့် အင်အားတစ်ခုနှင့် ဖုန်းဝူချန်ဆီ ဦးတည်သွားကြတော့သည်။
မျှော်စင်ကို တိုက်ခိုက်လို့ မထိရောက်သည့်နောက်မှာတော့၊ သူတို့က ဖုန်းဝူချန်ကို ပစ်မှတ်ထား တိုက်ခိုက်လာကြတာ ဖြစ်သည်။
ထူထပ်သိပ်သည်းနေသော ဧရာမ မြားကြီးတွေက ဖုန်းဝူချန်ဆီ အရှိန်နှင့် တိုးဝင်လာသော မြင်ကွင်းက နှလုံးသားတွေကို တုန်လှုပ်သွားစေလောက်အောင် ကြောက်စရာကောင်းလှ၏။
'ဒီတစ်ခါတော့ မင်း ရှောင်လို့ မလွတ်တော့ဘူး။'
ထိမှန်သွားခဲ့လျှင်၊ ဖုန်းဝူချန်တစ်ယောက် ပျားအုံလို ဖြစ်သွားမှာ သေချာနေသည်။
"ဒီ သံတိုသံစတွေက ငါ့ကို တားနိုင်လိမ့်မယ်လို့ ထင်နေတာလား" ဖုန်းဝူချန်က သွေးအေးစွာ ကဲ့ရဲ့လိုက်သည်။ သူ့ဆီ ချိန်ရွယ်လာသည့် ဧရာမ မြားကြီးငါးထောင်ကို လုံးဝ ပမာမခန့် သဘောထားလျက်ပင်။
လူတိုင်းက ဖုန်းဝူချန်တစ်ယောက် မြားငါးထောင်ကြောင့် ပျားအုံလို ဖြစ်သွားတော့မည်ဟု မျှော်လင့်နေတုန်းမှာပဲ၊ တုန်လှုပ်စရာကောင်းသည့် မြင်ကွင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
မြားကြီးငါးထောင်လုံးဟာ ဖုန်းဝူချန်နှင့် တစ်မီတာအကွာမှာ ရပ်တန့်သွားကြသည်။ အချိန်တွေ ရပ်တန့်သွားသလိုမျိုး၊ လေထဲမှာ မလှုပ်မယှက် ရပ်တန့်နေကြတော့၏။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ လူတိုင်း ၏ မျက်နှာတွေ သိသိသာသာ ပြောင်းလဲသွားကြပြီး၊ ထျန်းဝူ စစ်သည်တော်များ၏ မျက်နှာတွေမှာတော့ ထိတ်လန့်မှုတွေနှင့် လွှမ်းခြုံသွားသည်။
"အား အားလုံး ရပ်ကုန်ပြီ"
"မြားကြီး ငါးထောင်တောင် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားနဲ့ဟာကို သူက ဘာအားစိုက်ထုတ်မှုမှ မရှိဘဲ လွယ်လွယ်ကူကူ တားလိုက်နိုင်တယ်"
"ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
စစ်သည်တွေအားလုံး အလွန်အမင်း ကြောက်လန့်သွားကြသည်။
အင်ပါယာက ဂုဏ်ယူရသည့် တိုက်ပွဲပေါင်းများစွာ ချပ်ဝတ်ဖောက် လေးကြီးတွေဟာ ဖုန်းဝူချန်၏ ရှေ့မှာ အမှိုက်လို ဖြစ်သွားလိမ့်မည်ဟု မည်သူကမှ မယုံနိုင်ကြပါ။
ဖုန်းဝူချန် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့်၊ ဧရာမ မြားကြီးငါးထောင်ဟာ အမိန့်ကို နာခံလိုက်သလိုမျိုး၊ နောက်ပြန်လှည့်ပြီး အောက်က ထျန်းဝူ စစ်သည်တော်တွေကို ပြန်ချိန်ရွယ်လိုက်တော့သည်။
"ဖုန်းဝူချန်၊ မင်းရဲ့ တိုက်ခိုက်မှုကို ရပ်လိုက်စမ်း"
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ထျန်းဝူအင်ပါယာ ဧကရာဇ်က ထိတ်လန့်တုန်လှုပ်သွားပြီး၊ အော်ဟစ်လိုက်သည်။
"ဟွန့်" ဖုန်းဝူချန်က သွေးအေးစွာ လှောင်ရယ်လိုက်၏။
မြားကြီးငါးထောင်ဟာ ပို၍ပင် ကြောက်စရာကောင်းသော အရှိန်အဝါနှင့် စွမ်းအားများဖြင့် အောက်သို့ ပြန်လည် ပစ်စိုက်ကျလာလေသည်။ လေကို ထိုးခွင်းလာသည့် အသံများက နားစည်ထဲသို့ စူးရှစွာ ထိုးဖောက်ဝင်ရောက်လာပြီး နာကျင်သွားစေတော့၏။
"ရှောင်ကြ မြန်မြန်..."
စစ်သူကြီးချုပ်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
ထျန်းဝူ စစ်သည်တော်များလည်း ကြောက်လွန်း၍ သွေးပျက်မတတ် ဖြစ်နေကြပြီး ပရမ်းပတာဖြင့် အရပ်ရပ်သို့ ထွက်ပြေးကြတော့သည်။
ထျန်းဝူ စစ်သည်တော်များမှာ ထျန်းဝူအင်ပါယာ၏ ထိပ်တန်းအင်အားစုများ ဖြစ်ကြ၏။ အကယ်၍သာ သူတို့ ဖုန်းဝူချန်ကြောင့် အပြင်းအထန် ထိခိုက်သွားခဲ့လျှင်၊ ဤသည်မှာ အင်ပါယာအတွက် အလွန်ဆိုးရွားလှသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားပေလိမ့်မည်။
အင်အားတစ်သောင်းရှိသော ထျန်းဝူ စစ်သည်တော် အင်အားစုကို လေ့ကျင့်ပျိုးထောင်နိုင်ရန် မည်မျှလောက်သော အရင်းအမြစ်များနှင့် အားထုတ်မှုများ လိုအပ်ခဲ့လိုက်ပါသနည်း။
တိုက်ပွဲပေါင်းများစွာ အသုံးခံခဲ့သော ချပ်ဝတ်ဖောက် လေးကြီးငါးထောင်ကိုလည်း ကုန်ကျစရိတ် အမြောက်အမြား အသုံးပြု၍ ပြုလုပ်ထားရခြင်း ဖြစ်သည်။ အကယ်၍သာ ဖျက်ဆီးခံလိုက်ရပါက၊ ပြန်လည် တည်ဆောက်ရန် အချိန်နှင့်ငွေ မည်မျှလောက် ကုန်ဆုံးဦးမည်ကို မသိနိုင်တော့ပါ။
ဖုန်းဝူချန်က လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။ ထျန်းဝူအင်ပါယာ ဧကရာဇ်သည်လည်း ဒေါသတကြီး ဖြစ်သွားခဲ့ပြီး၊ ဤအချိန်တွင်တော့ သူကိုယ်တိုင် ဝင်ရောက်ပါဝင်ရန် တွန်းအားပေးခံလိုက်ရတော့သည်။
ဧကရာဇ်သည် ထျန်းဝူ စစ်သည်တော်များ၏ တည်ရှိမှုကို အလွန်အမင်း အလေးထားသူဖြစ်ရာ၊ ဖုန်းဝူချန်အား သူ့သဘောအတိုင်း ဆက်လက် သတ်ဖြတ်ခွင့် ဘယ်သို့ ပေးနိုင်ပါမည်နည်း။
"ဝှစ်"
ထျန်းဝူဧကရာဇ်၏ ပုံရိပ်က လျှပ်တပြက် ပေါ်လာသည်။ သူ၏ အစစ်အမှန်ယွမ်ကို ပြင်းထန်စွာ လှုံ့ဆော်လိုက်ရာ၊ ကြောက်မက်ဖွယ် စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်လာပြီး၊ တော်ဝင်နန်းတော်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။
ထျန်းဝူဧကရာဇ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ ပြင်းထန်သော လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားများ စီးဆင်းသွားသည်။
အောက်ကို ဒိုင်ဗင်ထိုးကျလာသည့် မြားကြီးငါးထောင်ဟာ ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်မှာ ပိုပြီး ကြီးမားသော စွမ်းအားတွေ ပါဝင်နေပြီး၊ ထျန်းဝူဧကရာဇ်၏ ကြောက်မက်ဖွယ် အင်အားနှင့် တိုက်ရိုက် တိုးတိုက်မိတော့သည်။
မြားကြီးငါးထောင်လုံး ထျန်းဝူဧကရာဇ်၏ ကြောက်မက်ဖွယ် အင်အားနှင့် တိုက်မိသွားပြီး၊ ကြောက်မက်ဖွယ် အားလှိုင်း လေပွေများ တရကြမ်း ပျံ့နှံ့သွားသည်။ နောက်တစ်စက္ကန့်မှာတော့၊ မြားကြီးများအားလုံး လေထဲမှာတင် ပျောက်ကွယ်သွားကြတော့၏။
မျှော်လင့်ထားသည့် အတိုင်းပဲ ထျန်းယွမ်ဘုံ ပညာရှင်တစ်ယောက် ဆိုတာ ဒါမျိုးပင်။
ကိုးထပ် ချန်ခွန်း မျှော်စင်၏ ဖိနှိပ်မှုအောက်မှာတောင်၊ သူက ခုခံကာကွယ်နိုင်တုန်းပင်။
ထျန်းဝူ စစ်သည်တော်များလည်း သက်ပြင်းတစ်ချက် ချနိုင်သွားကြသည်။ ထျန်းဝူဧကရာဇ်သာ ဝင်မပါခဲ့လျှင်၊ သူတို့အားလုံး အသေအပျောက် အလွန်များပြားသွားကြမှာ ဖြစ်သည်။
ဖုန်းဝူချန်က "ထျန်းဝူ ဘုရင်ရဲ့ ကျင့်ကြံမှုက တကယ်ကို မြင့်လိုက်တာ၊ပိုင်ရှန်းထက်တောင် နည်းနည်း ပိုသန်မာသေးတယ်"
ဟု သွေးအေးစွာ မဲ့ပြုံးပြုံးရင်း ချီးကျူးလိုက်သည်။
သူ့မှာ ကြောက်ရွံ့သော အရိပ်အယောင် လုံးဝမရှိပေ။ မကြောက်ရွံ့သည့်အပြင်၊ ကိုးထပ် ချန်ခွန်း မျှော်စင်ကိုတောင် သူ့ခန္ဓာကိုယ်ထဲ ပြန်စုပ်ယူလိုက်သေးသည်။
ထျန်းဝူဧကရာဇ်၏ မျက်နှာက တည်ကြည်နေပြီး လေးလံစွာ ကဲ့ရဲ့လိုက်သည်။
"မင်း အခု ဘယ်လောက်တောင် သန်မာနေလဲ ဆိုတာကို ဒီဘုရင်ကိုယ်တိုင် ကြည့်ချင်သေးတယ်"
ဖုန်းဝူချန်က သွေးအေးစွာ လှောင်ရယ်လိုက်သော်လည်း ဘာမှတော့ ပြန်မပြောခဲ့ပါ။
သူ့စကားဆုံးသည်နှင့်၊ ထျန်းဝူဧကရာဇ်၏ ကြောက်မက်ဖွယ် စွမ်းအားများ တစ်ဖန် ပေါက်ကွဲထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က စူးရှတောက်ပသည့် အပြာရောင် အလင်းတန်းများ ထုတ်လွှတ်နေပြီး၊ ကောင်းကင်ပေါ်သို့ တဟုန်ထိုး တက်သွားရာ၊ သူ၏ ကြောက်မက်ဖွယ် စွမ်းအားက နန်းတော်ကြီးကို တုန်ခါသွားစေသည်။
"အုန်း"
လုံးဝ တုံ့ဆိုင်းမနေဘဲ၊ ထျန်းဝူဧကရာဇ်က ရှေ့သို့ ပေါက်ကွဲထွက်လာသည်။ မိုးကြိုး ဟိန်းသံလိုမျိုး အသံကြီးနှင့်အတူ အလွန် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး၊ သူ၏ အရှိန်အဟုန်က အလွန် ကြမ်းတမ်း ပြင်းထန်လှသည်။
ထျန်းဝူဧကရာဇ်က ချက်ချင်း ရောက်ရှိလာပြီး၊ ဖုန်းဝူချန်ဆီသို့ ပြင်းထန်သော လက်သီးတစ်လုံး ထိုးသွင်းလိုက်သည်။
ဖုန်းဝူချန်၏ မျက်နှာက အရောင်မပြောင်းသွားဘဲ၊ ရင်ဆိုင်ဖို့ လက်သီးတစ်လုံး ပြန်ထိုးထုတ်လိုက်သည်။
"အုန်း"
လက်သီးနှစ်လုံး ပြင်းထန်စွာ တိုက်မိသွားပြီး၊ ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် စွမ်းအားများ ဟာရီကိန်းမုန်တိုင်းလို ပျံ့နှံ့သွားသည်။ လေထုကြီးတစ်ခုလုံးတောင် လွင့်စင်သွားသလိုမျိုး၊ ဟင်းလင်းပြင်ကြီးတစ်ခုလုံး တဝီဝီ မြည်ဟည်းလျက် တုန်ခါနေတော့သည်။
ထျန်းဝူဧကရာဇ်၏ စွမ်းအားအပြည့် လက်သီးချက်နှင့်တောင်မှ၊ သူက ဖုန်းဝူချန်ကို ခြေတစ်လှမ်း၏ တစ်ဝက်တောင်မှ နောက်ဆုတ်သွားအောင် မလုပ်နိုင်ခဲ့ပါ။
ထျန်းဝူဧကရာဇ်က မျက်မှောင်ကို တင်းတင်းကျုံ့လိုက်ပြီး စိတ်ထဲက တွေးလိုက်သည်။ 'ဒီလူငယ်ရဲ့ ခွန်အားက ငါ့အောက် မနိမ့်တာ သေချာနေပြီ။ သူ သူ့စွမ်းအား အကုန်တောင် မထုတ်သုံးသေးဘူး'
ဖုန်းဝူချန်က လက်သီးတစ်လုံးတည်းနှင့် လွယ်လွယ်ကူကူ တန်ပြန်လိုက်တာကို မြင်လိုက်ရတော့၊ ထျန်းဝူဧကရာဇ်က ဖုန်းဝူချန်၏ ခွန်အားက သူ့အထက်မှာ ရှိနေပြီဆိုတာကို ခန့်မှန်းမိသွားသည်။
ထျန်းဝူဧကရာဇ်က ကြမ်းတမ်းသော တိုက်စစ်တစ်ခုကို ဖွင့်လိုက်သည်။ လှုပ်ရှားမှုတိုင်းက သတ်ဖြတ်ရန် ရည်ရွယ်ပြီး ပြင်းထန်လှ၏။ တော်ဝင်မြို့တော်ကြီး အထက်က ကောင်းကင်ကြီးတစ်ခုလုံး အဆုံးမရှိ တုန်ခါနေပြီး၊ ဧကရာဇ်မြို့တော်ကြီး အတွင်းက လူတိုင်း ထိတ်လန့်တကြား ကြည့်နေကြရသည်။
ပြင်းထန်လှသည့် အနီးကပ် တိုက်ပွဲကြီးက စက္ကန့်သုံးဆယ်လောက် ဆက်ဖြစ်နေခဲ့ပြီးနောက်၊ ဖုန်းဝူချန်က သူ၏ တန်ပြန်တိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်ပြီး၊ ဧကရာဇ်ကို သူ့အား တိုက်ခိုက်ခွင့် ပေးလိုက်သည်။ သို့သော်၊ ဧကရာဇ်၏ ကြမ်းတမ်းသော တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းကို ဖုန်းဝူချန်က တိမ်တိုက်များ နှင့် စီးဆင်းနေသော ရေများသဖွယ် လှပညက်ညောစွာ ရှောင်တိမ်းနေခဲ့သည်။
ထျန်းယွမ်ဘုံ ပညာရှင်တစ်ယောက်ကို ရင်ဆိုင်နေရတာတောင်၊ ဖုန်းဝူချန်က အံ့ဩစရာကောင်းလောက်အောင် ယုံကြည်မှု ပြည့်ဝနေသည်။
ဧကရာဇ်က တိုက်ခိုက်လေလေ၊ ဒေါသထွက်လေလေ ဖြစ်လာသည်။ သူက ဖုန်းဝူချန်ကို ထိအောင်တောင် မတိုက်ခိုက်နိုင်ခဲ့၊ အင်္ကျီလက်စကိုတောင် တို့ထိ၍ မရခဲ့ပါ။ ဧကရာဇ်၏ မျက်နှာသည် ဒေါသကြောင့် ကြောက်မက်ဖွယ် နီရဲလာသည်။ သူ့ကို အင်ပါယာ၏ လက်အောက်ခံ ပြည်သူပေါင်းများစွာ၏ အရှေ့မှာ ဖုန်းဝူချန်က လုံးဝ အလေးမထားဘဲ အရှက်ခွဲနေတာကို ခံလိုက်ရသည်။
ဧကရာဇ် ဒေါသထွက်လွန်း၍ အဆုတ်တွေတောင် ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။
"အဓိပ္ပာယ်မရှိလိုက်တာ"
ဧကရာဇ်က ဒေါသတကြီး အံကြိတ်လိုက်ပြီး၊ သူ၏ သတ်ဖြတ်လိုစိတ် အရှိန်အဝါများက ပိုပြီး ကြောက်စရာ ကောင်းလာတော့သည်။
ထျန်းဝူအင်ပါယာ၏ ပညာရှင်များအားလုံး ပါးစပ်အဟောင်းသားနှင့် တုန်လှုပ်စွာ ကြည့်နေကြသည်။
'ဒါ ဒါ တကယ်ဖြစ်နေတာလား'
ကိုးထပ် ချန်ခွန်း မျှော်စင်၏ ဖိနှိပ်မှု မရှိဘဲတောင်၊ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ခွန်အားက ဧကရာဇ် ကိုယ်တိုင်တောင် သူ့ကို ဘာမှ မတတ်နိုင်လောက်အောင် ဖြစ်နေသည်။
အကယ်၍သာ ဧကရာဇ်က မျှော်စင်၏ ဖိနှိပ်မှုကို ခံထားရဦးမည်ဆိုလျှင်၊ သူက ဖုန်းဝူချန်၏ ပြိုင်ဘက် လုံးဝ ဖြစ်နိုင်တော့မှာ မဟုတ်ပေ။
"ဝုန်း"
ဒေါသတကြီးနှင့်၊ ဧကရာဇ်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ဖုန်းဝူချန်က ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး၊ ကြောက်မက်ဖွယ် အင်အားကို လွယ်လွယ်ကူကူ ပျက်ပြယ်စေလိုက်သည်။
ဧကရာဇ်က သူ၏ လက်သီးကို ပြန်ရုပ်သိမ်းဖို့ ကြိုးစားခဲ့ပေမယ့်၊ သူ လုံးဝ ရုန်းမထွက်နိုင်တာကို တွေ့လိုက်ရသဖြင့် တစ်စက္ကန့်ပြီးတစ်စက္ကန့် ပိုပြီး တုန်လှုပ်လာသည်။
'ဖုန်းဝူချန်ရဲ့ ခွန်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အခြေအနေကို ရောက်သွားပြီလဲ။ ထျန်းယွမ်ဘုံ ဒုတိယအလွှာက လူတစ်ယောက်ကိုတောင် ယှဉ်နိုင်နေပြီလား။'
ဧကရာဇ်မှာ စိတ်တောင် မကူးရဲတော့ပါ။
"ထျန်းဝူဧကရာဇ်၊ ခင်ဗျား ကျွန်တော့်ကို သတ်ချင်နေတာ ဒါပေမဲ့ ခင်ဗျားရဲ့ လက်ရှိ ခွန်အားနဲ့တော့၊ ဒါက လုံးဝ မဖြစ်နိုင်ဘူး"
ဖုန်းဝူချန်က သွေးအေးစွာ ပြောလိုက်ပြီး၊ ဧကရာဇ်၏ လက်သီးကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။
အခွင့်အရေး ရသည်နှင့်၊ ဧကရာဇ်က ချက်ချင်း နောက်ဆုတ်လိုက်ပြီး၊ ဖုန်းဝူချန်နှင့် အကွာအဝေးကို ပညာရှိစွာ ခြားလိုက်သည်။
ဧကရာဇ်၏ မျက်နှာထားက ဒေါသအရိပ်အယောင်များ ပြည့်နှက်နေပြီး ခက်ထန်စွာ ဆိုလိုက်သည်။
“ဒီဘုရင်ကို အထင်သေးရဲတယ် ဟုတ်လား”
"ခင်ဗျား ကျွန်တော့်ရဲ့ ခွန်အားအမှန်ကို မြင်ချင်နေတာ မဟုတ်လား" ဖုန်းဝူချန်က သွေးအေးစွာ မဲ့ပြုံးပြုံးရင်း မေးလိုက်သည်။ သူ၏ မျက်လုံးထဲက ကြမ်းတမ်းမှုများ ပိုမို ပြင်းထန်လာသည်။
"ဝှစ်"
သူ့စကားဆုံးသည်နှင့်၊ ဖုန်းဝူချန်၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ ကြောက်မက်ဖွယ် အရှိန်တစ်ခုနှင့် ဧကရာဇ်ဆီသို့ တဟုန်ထိုး ပျံသန်းသွားသည်။
"မြန်လိုက်တာ" ဧကရာဇ်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ စဉ်းစားချိန်ပင် မရလိုက်ဘဲ၊ သူ၏ လက်များကို အလျင်အမြန် မြှောက်တင်ပြီး ကာကွယ်လိုက်ရသည်။
"အုန်း"
ချက်ချင်း ရောက်ရှိလာသည့် ဖုန်းဝူချန်က လက်သီးတစ်လုံး ထိုးသွင်းလိုက်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ရိုင်းစိုင်းပြီး မာန်မာနထောင်လွှားလှသည့် အင်အားက ဧကရာဇ်ကို အမှန်တကယ် လွင့်စင်သွားစေခဲ့သည်။
"ဒါ ဒါ ဘယ်လို စွမ်းအားမျိုးလဲ" ဧကရာဇ် အကြီးအကျယ် တုန်လှုပ်သွားသည်။ သူ၏ လက်များမှာ အရိုးများ ကျိုးကြေသွားတော့မလို ပြင်းထန်စွာ နာကျင်မှုကို ခံစားလိုက်ရသည်။
သူ့ရဲ့ ထျန်းယွမ်ဘုံ ပထမအလွှာ ကျင့်ကြံမှုနဲ့တောင်၊ ဖုန်းဝူချန်ရဲ့ လက်သီးတစ်ချက်ကို မခံနိုင်ဘူးဆိုတာကို ဧကရာဇ် ယုံတောင် မယုံနိုင်အောင် ဖြစ်သွားသည်။
"ဟူး…"
ဒီမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည့် အင်ပါယာ၏ ပြည်သူများအားလုံး ကြောက်လန့်တကြား အသက်ရှူလိုက်မိကြသည်။
"ဧကရာဇ်က ဧကရာဇ်က ဖုန်းဝူချန်ရဲ့ လက်သီးတစ်ချက်တောင် မခံနိုင်ဘူးတဲ့လား"
"သွားပြီ ပြီးဆုံးသွားပြီ။ ဧကရာဇ်တောင် အခွင့်အရေး မရှိတော့ဘူး သူ လက်သီးတစ်ချက်တောင် မတားနိုင်ခဲ့ဘူး"
နန်းတွင်းအကြံပေး ပုဂ္ဂိုလ်၊ စစ်သူကြီးချုပ် နှင့် အခြားသူများအားလုံး အလွန်အမင်း ထိတ်လန့်တကြား ဖြစ်သွားကြပြီး၊ အင်အားကြီး ပညာရှင်များစွာ ကြောက်လွန်းလို့ တုန်တောင် တုန်ယင်နေကြသည်။
ဧကရာဇ်က သူ့ကိုယ်သူ ပုံမှန်ဖြစ်အောင် ပြန်ထိန်းလိုက်ရုံ ရှိသေးသည်။ သူ ဖုန်းဝူချန်ဘက်ကို လှည့်တောင် မလှည့်ရသေးခင်မှာပဲ၊ ဖုန်းဝူချန်က သူ့နောက်ကျောဘက်ကို ရောက်နေပြီဆိုတာကို အာရုံခံမိလိုက်သည်။
ဧကရာဇ် နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်သည်။ 'ဒါ ဘယ်လို ကြောက်စရာကောင်းတဲ့ အမြန်နှုန်းမျိုးလဲ။ ငါ အချိန်မီတောင် သတိမထားလိုက်မိဘူး။'
"အုန်း"
"အား"
ဧကရာဇ် သတိထားမိလိုက်သည့် အချိန်မှာတော့၊ ဖုန်းဝူချန်က သူ၏ နောက်ကျောကို လက်သီးတစ်ချက် ထိုးချလိုက်ပြီး ဖြစ်သည်။ ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ၊ ကြောက်မက်ဖွယ် အင်အားကြောင့် ဧကရာဇ် သွေးများ အန်ထုတ်လိုက်ရပြီး၊ နောက်တစ်ကြိမ် လွင့်စင်သွားရပြန်သည်။
"မင်းကြီး…"
နန်းတွင်းအကြံပေး ပုဂ္ဂိုလ်၊ စစ်သူကြီးချုပ် နှင့် အရာရှိများစွာ သူတို့၏ တုန်လှုပ်မှုကို မထိန်းနိုင်ဘဲ အချက်ပေး အော်ဟစ်လိုက်ကြသည်။
ထျန်းယွမ်ဘုံ ပထမအလွှာ ပညာရှင်တစ်ယောက်ကို သွေးအန်သွားစေနိုင်တဲ့ လက်သီးတစ်ချက်။ 'ဒါ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးလဲ။'
"သေစမ်း" ဧကရာဇ်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ အစစ်အမှန်ယွမ်ကို လုံးဝ တုံ့ဆိုင်းမနေဘဲ ဖွင့်ထုတ်လိုက်ပြီး၊ သူ၏ လွင့်စင်နေသော ခန္ဓာကိုယ်ကို ဂရုမစိုက်တော့ဘဲ၊ လက်နှစ်ဖက်ကို လျင်မြန်စွာ ပုံဖော်လိုက်သည်။
"နက်နဲသော ဝိညာဉ် ကျောက်စိမ်း ဆွဲသီး" ဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး၊ အလယ်အလတ်တန်းစား ဝိညာဉ်လက်နက် တစ်ခုဖြစ်သော အပြာရောင် အလင်းတန်းများ ထုတ်လွှတ်နေသည့် ကျောက်စိမ်းဆွဲသီး တစ်ခုကို ဆင့်ခေါ်လိုက်သည်။
ထိုရတနာကို ဆင့်ခေါ်လိုက်ပြီး၊ ဧကရာဇ်၏ စွမ်းအားများ ထည့်သွင်းလိုက်သည်နှင့်၊ အပြာရောင် အလင်းတန်းများ ထိန်လင်းစွာ တောက်ပလာပြီး၊ ဧကရာဇ်၏ အရှိန်အဝါက လျင်မြန်စွာ တိုးတက်လာကာ၊ သူ၏ ခွန်အားက ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။
"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ။ ထျန်းဝူ နတ်ဘုရား လက်သီး"
ဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး၊ ဟင်းလင်းပြင်ဘက်သို့ လက်သီးတစ်လုံး ထိုးထုတ်လိုက်ရာ၊ အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာသည်။ မီတာ တစ်ဒါဇင်ကျော် ရှည်လျားသည့် ဧရာမ အပြာရောင် စွမ်းအင် လက်သီးပုံရိပ်ကြီးတစ်ခုက လေထုကို ဆွဲဖြဲလိုက်၏။ ၎င်း၏ တားဆီးမရနိုင်သော အရှိန်အဟုန်ကြောင့် အထက်က ကောင်းကင်ကြီးတစ်ခုလုံး လှိုင်းထသွားတော့သည်။
ကြောက်မက်ဖွယ် လက်သီးပုံရိပ်ကြီးကို သွေးအေးစွာ စိုက်ကြည့်ရင်း၊ ဖုန်းဝူချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"နတ်သတ် ဝိညာဉ်ဖြတ် လက်ညှိုး”
သူက ဟင်းလင်းပြင်ဘက်သို့ လက်ညှိုးထိုးလိုက်ရာ၊ လက်မောင်းတစ်ဖက်စာ လုံးပတ်ရှိသည့် ရွှေရောင် အလင်းတန်းတစ်ခု ပစ်ထွက်သွားသည်။ ကြယ်ပျံတစ်စင်းလိုမျိုး စူးရှသည့် အသံနှင့်အတူ တိုးဝင်သွား၏။
ရွှေရောင် အလင်းတန်းရှည်ကြီးသည် ဧကရာဇ်၏ လက်သီးပုံရိပ်ကြီးကို ဘာခံနိုင်ရည်မှ မရှိဘဲ မာန်မာနထောင်လွှားစွာ အဆင့် ချိုးဖြတ်သွားပြီး၊ ချက်ချင်းဆိုသလိုပင် ဧကရာဇ်၏ ပခုံးကို ဖြတ်သန်းသွားသည်။ ဧကရာဇ် နောက်တစ်ကြိမ် သွေးများ အန်ထုတ်လိုက်ရပြီး၊ အဆင့် ချိုးဖြတ်ခံလိုက်ရသည့် စွမ်းအင် လက်သီးပုံရိပ်ကြီးမှာလည်း ခဏအကြာတွင် ပေါက်ကွဲထွက်သွားတော့သည်။
"ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဧကရာဇ် အကြီးအကျယ် တုန်လှုပ်သွားသည်။ ရွှေရောင် အလင်းတန်း၏ ကြောက်မက်ဖွယ် စွမ်းအားက သူ့ကို ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားစေသည်။
"မင်းကြီး" နန်းတွင်းအကြံပေး ပုဂ္ဂိုလ် နှင့် စစ်သူကြီးချုပ်တို့ ပိုပြီးတောင် ထိတ်လန့်တကြား ဖြစ်သွားကြပြီး၊ ကြောက်လွန်းလို့ သူတို့၏ ဝိညာဉ်များ လွင့်ထွက်သွားတော့မလို ဖြစ်ကုန်ကြသည်။
အကယ်၍သာ ဧကရာဇ်တစ်ယောက် ဖုန်းဝူချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဆိုလျှင်၊ ထျန်းဝူအင်ပါယာလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ နောင်အနာဂတ်တွင် ကျဆုံး ပျက်စီးပြီး သိမ်းပိုက်ခြင်း ခံရဖို့သာ ရှိတော့သည်။
ထျန်းယွမ်ဘုံ ပညာရှင်တစ်ယောက် ဘယ်လောက် ကြောက်စရာကောင်းသလဲ ဆိုတာကို လူတိုင်း သိကြသည်။ သို့သော် ဒီလို ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်က ဖုန်းဝူချန်၏ တိုက်ခိုက်မှု တစ်ချက်တည်းနှင့် ချေမှုန်းခံလိုက်ရပြီး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။
ဖုန်းဝူချန်က လျှပ်တပြက် ပျောက်ကွယ်သွားပြီး၊ ချက်ချင်းဆိုသလို ဧကရာဇ်၏ လည်ပင်းကို ဆွဲကိုင်ကာ သူ့ကို လေထဲသို့ မြှောက်တင်လိုက်သည်။
ဧကရာဇ်မှာ ခုခံဖို့ အင်အား တစ်စက်မှ မရှိတော့ပါ။
"ဖုန်းဝူချန်၊ ရပ်လိုက်" ဒီမြင်ကွင်းကို မြင်လိုက်ရသည့် ထျန်းဝူအင်ပါယာ၏ အဆင့်မြင့် အရာရှိကြီးများအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
'နည်းနည်းလေးသာ ညှစ်လိုက်လျှင် ဧကရာဇ် သေမှာ သေချာနေပြီ။’