ဖုန်းဝူချန်နှင့် ဝူခွန်းတို့ တိုက်ပွဲဝင်ကြခြင်း
Vol. 14 Ch. 208
~"ဖုန်းဝူချန်၊ ရပ်လိုက်"
"ဖုန်းဝူချန်၊ မင်း ငါတို့ ထျန်းဝူအင်ပါယာရဲ့ ဧကရာဇ်ကို သတ်ရဲသတ်ကြည့်။ ထျန်းဝူအင်ပါယာက မင်းကို ဘယ်တော့မှ အလွတ်မပေးဘူး”
နန်းတွင်းအကြံပေး ပုဂ္ဂိုလ် နှင့် စစ်သူကြီးချုပ်တို့က ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။
သို့သော် ဖုန်းဝူချန်က လုံးဝ ဂရုမစိုက်ခဲ့ပါ။
'ထိုသူတို့က ဘာမို့လို့လဲ’
သူ၏ လက်ရှိ လွှမ်းမိုးနိုင်သော အစွမ်းအစများဖြင့်၊ ဖုန်းဝူချန်က ထျန်းဝူအင်ပါယာ၏ ခြိမ်းခြောက်မှုများကို ဘယ်လိုလုပ် ကြောက်ရွံ့နေမှာလဲ။
ထျန်းဝူအင်ပါယာကို ကြောက်ရွံ့ဖို့ နေနေသာသာ၊ သူ၊ ဖုန်းဝူချန်က ရွှေယွဲ့အင်ပါယာကိုတောင်မှ နည်းနည်းလေးမှ ကြောက်ရွံ့နေခဲ့တာ မဟုတ်ပေ။
“ ဖုန်းဝူချန် ဘာလုပ်ချင်နေတာလဲ”
ထျန်းဝူဧကရာဇ်က အားယူပြီး မေးလိုက်ရသည်။
သူ၏ နှလုံးသားထဲမှာ ထိတ်ပျာနေခဲ့ပြီ ဖြစ်သည်။
ထျန်းယွမ်ဘုံ၏ အင်အားကြီး ပညာရှင်တစ်ယောက် ဖြစ်ပါလျက်နှင့်၊ ထျန်းဝူဧကရာဇ်သည် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် လုံးဝ အင်အားမရှိ ဖြစ်နေပြီး၊ နောက်ထပ် ခုခံဖို့တောင် မတွေးရဲတော့ပါ။
ယနေ့အခါမှာတော့၊ ဖုန်းဝူချန်က ပိုင်ရှန်းနှင့် တိုက်ခိုက်ခဲ့စဉ်ကထက် အများကြီး ပိုပြီး ကြောက်စရာကောင်း နေချေပြီ။
ဘယ်လောက်တောင်လဲ ဆိုတော့ ကိုးထပ် ချန်ခွန်း မျှော်စင်၏ ဖိနှိပ်မှုအောက်မှာ ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရလျှင်တောင် ၊ ဖုန်းဝူချန်မှာ တိုက်ခိုက်နိုင်စွမ်း ရှိနေပြီး၊ ထိုသူကို အနိုင်ယူနိုင်လောက်သည် အထိပင်။
"ထျန်းဝူဧကရာဇ်၊ ခင်ဗျားကို သတ်ဖို့က ကျွန်တော့်အတွက် လက်ဖဝါးလှန်လိုက်သလောက် လွယ်ပါတယ်" ဖုန်းဝူချန်က သွေးအေးစွာ မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။
"ဒါပေမဲ့၊ ကျွန်တော်က အင်ပါယာအသီးသီးနဲ့ ရန်သူတွေ ဖြစ်ပြီး စစ်ပွဲ စတင်ဖို့ အလိုမရှိဘူး။ ဒါက လူတိုင်းအတွက် မကောင်းဘူးလေ။ မဟုတ်လို့ရှိရင်၊ ခင်ဗျားကို အခုချက်ချင်း သတ်ပစ်လိုက်ဖို့ ဘာက တားဆီးနိုင်မှာလဲ။ ဒီလောက်လေးရှိတဲ့ ထျန်းဝူအင်ပါယာက ကျွန်တော့်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
ဒီလို ပြောလိုက်ပြီးနောက်၊ ဖုန်းဝူချန်က သူ၏ လက်ကို လွှတ်ပေးလိုက်ပြီး၊ သွေးအေးစွာ လှောင်ရယ်လိုက်ပြန်သည်။
"ဒါပေမဲ့ ထျန်းဝူဧကရာဇ်ကလည်း ကျွန်တော့်ရဲ့ ရန်သူ မဖြစ်လာဖို့၊ ကျွန်တော့်ရဲ့ ကိစ္စတွေထဲ ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်။ ဒီနေ့ကို သတိပေးချက်တစ်ခုလို့ သဘောထားလိုက်ပါ။ နောက်တစ်ခါ ထပ်ရှိလာခဲ့ရင် ခင်ဗျား အကျိုးဆက်ကို သိမှာပါ"
ထျန်းဝူဧကရာဇ်မှာ အလွန်အမင်း မကျေမချမ်း ဖြစ်နေသော်လည်း၊ သူ လုံးဝ အင်အားမရှိ ဖြစ်နေခဲ့သည်။
အင်ပါယာ တစ်ခုလုံးမှာ ဖုန်းဝူချန်နှင့် ယှဉ်ပြိုင်နိုင်လောက်အောင် အင်အားကြီးသော ပညာရှင်တစ်ယောက်မှ ရှာမတွေ့နိုင်တော့ပါ။
ထျန်းဝူဧကရာဇ်က လေးလံသော လေသံဖြင့် ဆိုလိုက်သည်။
"ကောင်းပြီ။ ငါ မင်းရဲ့ စည်းကမ်းချက်တွေကို သဘောတူတယ်"
ယခုတော့ သူ့မှာ သဘောတူလိုက်ရုံမှလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပါ။
ထျန်းဝူဧကရာဇ်ကတော့ ဒီလို အခြေအနေမျိုးမှာ ဖုန်းဝူချန်ကို ဒေါသထွက်အောင် မလုပ်ချင်တာ သေချာပါသည်။ အကယ်၍သာ သူက သတ်ဖြတ်ပွဲကြီးတစ်ခု စတင်လိုက်လျှင်၊ နောက်ဆုံးမှာတော့ ဒါက အင်ပါယာ၏ အင်အားကို ပြင်းပြင်းထန်ထန် အားနည်းသွားစေလိမ့်မည် မဟုတ်လား။
"ဒါ အကောင်းဆုံးပါပဲ" ဖုန်းဝူချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။ သူ၏ တောင်ပံများ အနည်းငယ် တုန်ခါသွားပြီးနောက်၊ ကောင်းကင်ယံသို့ ဖြည်းဖြည်းချင်း ပျံတက်သွားလေသည်။
ထို့နောက်၊ 'ဘုန်း' ဟူသော ကျယ်လောင်သည့် အသံကြီးနှင့်အတူ၊ သူသည် ကောင်းကင်အမြင့်သို့ ပျောက်ကွယ်သွားပြီး၊ အဖြူရောင် လမ်းကြောင်းရှည်ကြီး တစ်ခုကိုသာ ချန်ထားခဲ့တော့သည်။
ထိုကြောက်မက်ဖွယ် အမြန်နှုန်းက ထျန်းဝူအင်ပါယာ၏ အင်အားကြီး ပညာရှင်များစွာကို နောက်တစ်ကြိမ် ထပ်မံ တုန်လှုပ်သွားစေပြန်သည်။
ဖုန်းဝူချန်က ထျန်းဝူ တော်ဝင်မိသားစုကနေ ထွက်ခွာသွားပြီး အချိန်အတော်ကြာသည်အထိ၊ လူအုပ်ကြီးမှာ သူတို့၏ တုန်လှုပ်မှုထဲကနေ ပြန်လည် နိုးထနိုင်ခြင်း မရှိသေးပါ။
ထျန်းဝူဧကရာဇ် ကိုယ်တိုင်ပင်လျှင် ကြောက်ရွံ့နေသော မျက်နှာထားနှင့် ကျန်ရစ်ခဲ့သည်။
“မင်းကြီး”
နန်းတွင်းအကြံပေး ပုဂ္ဂိုလ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဖုန်းဝူချန်က ဒီငယ်သားတို့ အင်ပါယာအပေါ် သက်ရောက်စေခဲ့တဲ့ အရှက်တရားကို ခွင့်လွှတ်လို့ မရပါဘူး"။
ဖုန်းဝူချန်က ပိုပြီး ကြောက်စရာကောင်းလေလေ၊ သူ့ကို ဖယ်ရှားပစ်ဖို့ ပိုပြီး စိတ်ပိုင်းဖြတ်ထားလေလေ ဖြစ်သည်။
"နန်းတွင်းအကြံပေး ပုဂ္ဂိုလ် ပြောတာ မှန်ပါတယ်။ ဖုန်းဝူချန်က တဖြည်းဖြည်း ပိုပြီး မောက်မာလာပြီ ၊ အရှင့်ကိုလည်း လုံးဝ အလေးမထားတော့ဘူး။ သူ့ကို အလွတ်မပေးသင့်ဘူး"
ထိုသို့ နန်းတွင်း အဆင့်မြင့် အရာရှိကြီးများကလည်း သဘောတူညီစွာ ထောက်ခံကြသည်။
အင်ပါယာ၏ ဂုဏ်သိက္ခာကို နင်းခြေခံရတာကို ဘယ်သူကမှ သည်းခံနိုင်မည် မဟုတ်ပါ။
စစ်သူကြီးချုပ်ကလည်း ဒေါသတကြီး တောင်းဆိုလိုက်သည်။
"ဧကရာဇ် အကယ်၍သာ ရွှေယွဲ့အင်ပါယာနဲ့ လက်တွဲလိုက်မယ်ဆိုရင်၊ ဖုန်းဝူချန်ကို သေချာပေါက် နှိမ်နင်းနိုင်မှာပါ ။ အမိန့်သာ ပေးလိုက်ပါ။ ကျွန်တော်မျိုး ချက်ချင်း ရွှေယွဲ့အင်ပါယာဆီ ထွက်ခွာသွားပါ့မယ်"
ထျန်းဝူဧကရာဇ်ကတော့ ဒီစကားတွေကို မကြားသလိုမျိုး၊ တိတ်ဆိတ်စွာ နေမြဲနေပြီး၊ သူ၏ တုန်လှုပ်နေသော မျက်နှာထားမှာ တည်ကြည် လေးနက်မှုဖြင့် အစားထိုးသွားသည်။
ဖုန်းဝူချန်၏ ခွန်အားမှာ ဘယ်လောက် ကြောက်စရာကောင်းသလဲ ဆိုတာကိုတော့၊ ဒီနေရာမှာ ရှိနေတဲ့သူတွေထဲမှာ၊ ထျန်းဝူဧကရာဇ် ကိုယ်တိုင်က အသိဆုံး ဖြစ်လိမ့်မည်။
သူက ဖုန်းဝူချန်ကို မဖယ်ရှားချင်တာ မဟုတ်သလို၊ ရွှေယွဲ့အင်ပါယာနှင့် လက်တွဲဖို့ကိုလည်း ဆန့်ကျင်နေတာ မဟုတ်ပါ။
သို့သော်၊ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို ကြောက်ရွံ့မှုက ထျန်းဝူဧကရာဇ်ကို တားဆီးထားပြီး၊ ဖုန်းဝူချန်ကို ဆန့်ကျင်ဖို့တောင် မဝံ့ရဲ ဖြစ်နေသည့် အတိုင်းအတာအထိပင်။
"ဖုန်းဝူချန်ရဲ့ ကိစ္စတွေထဲကို ဘယ်တော့မှ ဝင်မစွက်ဖက်ကြနဲ့တော့" ဟု ထျန်းဝူဧကရာဇ်က အမိန့် ပေးလိုက်ပြီးနောက်၊ လျှပ်တပြက် ပျောက်ကွယ်သွားလေသည်။
"မင်းကြီး"
နန်းတွင်းအကြံပေး ပုဂ္ဂိုလ်၊ စစ်သူကြီးချုပ် နှင့် မရေမတွက်နိုင်သော အရာရှိများအားလုံး ဘာလုပ်ရမှန်းမသိ ဖြစ်ကျန်ခဲ့ကြသည်။
ထျန်းဝူဧကရာဇ်ထံမှ အမိန့်မရဘဲ၊ သူတို့လည်း မဆင်မခြင် မလှုပ်ရှားရဲကြပါ။ သူတို့ ဘယ်လောက်ပဲ မကျေမချမ်း ဖြစ်နေပါစေ၊ သူတို့၏ ခံစားချက်များကို အောင့်အည်း မြိုသိပ်ထားရုံသာ တတ်နိုင်တော့သည်။
ဖုန်းဝူချန်နှင့် တိုက်ပွဲကတော့ ထျန်းဝူဧကရာဇ်အတွက် ကြေမွသွားစေလောက်သည့် ရှုံးနိမ့်မှု တစ်ခုဟု ဖော်ပြနိုင်ပြီး၊ သူ့အပေါ် လေးလေးနက်နက် သက်ရောက်သွားစေခဲ့သည်။
ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့ နှင့် အလံနက်တပ်မတော်တို့သည် ဟွမ်ယွင်ဂိုဏ်း တည်ရှိရာ တောင်တန်းဆီသို့ ရောက်ရှိနေကြပြီဖြစ်ပြီး ၊ တောင်ခြေတွင် ဖုန်းဝူချန်ကို စောင့်ဆိုင်းနေကြသည်။
ဖုန်းဝူချန်ထံမှ အမိန့်မရဘဲ၊ သူတို့လည်း ကိုယ့်သဘောနှင့်ကိုယ် ဆုံးဖြတ်ချက် မချရဲကြပါ။
"စစ်သူကြီးချုပ် ဘာလုပ်နေတာလဲ။ သူ ထွက်သွားတာ ဒီလောက်တောင် ကြာနေပြီ။ ငါတော့ ဟွမ်ယွင်ဂိုဏ်းကို ဝင်တိုက်ချင်လွန်းလို့ မစောင့်နိုင်တော့ဘူး" လွမ်ရှန်းက စိတ်မရှည်တော့ဘဲ အံ့ဩတကြီး ညည်းညူလိုက်သည်။
ချီဟွမ်ကလည်း ထူးဆန်းနေသည်ဟု ခံစားရပြီး စိုးရိမ်စွာ ရေရွတ်လိုက်သည်။
"ဘာမှ အဆိုးကြီးတော့ မဖြစ်သွားဘူး မဟုတ်လား"
"စစ်သူကြီးချုပ်ရဲ့ လက်ရှိ အစွမ်းအစနဲ့ဆိုရင်၊ ထျန်းဝူအင်ပါယာ တစ်ခုလုံးမှာ သူ့ကို ယှဉ်နိုင်မယ့်သူ တစ်ယောက်မှ မရှိပါဘူးကွာ" ဟွမ်ယန်ကတော့ ခိုင်မာစွာ ယုံကြည်နေသည်။
ရွှယ်ဖုန်းက သူ၏ လက်နှစ်ဖက်ကို ဖြန့်ရင်း ပြုံးလိုက်၏။
"ဖြစ်နိုင်တာကတော့ စစ်သူကြီးချုပ် တခြားကိစ္စတစ်ခုနဲ့ ကြန့်ကြာနေလို့ နေမှာပါ။ စိတ်ပူနေစရာ မလိုပါဘူး"
"စစ်သူကြီးချုပ် လာပြီ" လူတိုင်း အံ့ဩနေကြစဉ်မှာပင်၊ သွမ့်ဝူချင်းက ရုတ်တရက် ဆိုလိုက်သည်။
သူက ကြောက်မက်ဖွယ် အရှိန်တစ်ခုနှင့် ပျံသန်းလာနေသော အားကောင်းသည့် တည်ရှိမှုတစ်ခုကို အာရုံခံမိလိုက်ပြီး ဖြစ်သည်။
'ထိုက်တန်ပါတယ် ၊အိမ်ရှေ့စံမင်းသားရယ်၊ ဒီလောက် အာရုံခံနိုင်စွမ်း ကောင်းရတာ'
ချီဟွမ်က စိတ်ထဲမှ ကြိတ်၍ အံ့ဩသွားသည်။
သူတို့နှစ်ယောက်လုံး ယွမ်တန်ဘုံ သတ္တမအလွှာ ဖြစ်နေသော်လည်း၊ သွမ့်ဝူချင်း၏ အာရုံခံနိုင်စွမ်းက ချီဟွမ်ထက် သာလွန်နေ ပေသည်။
"ဝှစ်"
ရွှေရောင် အလင်းတန်းတစ်ခု ရိပ်ခနဲ ဝေဝါးသွားပြီး ဟွမ်ယွင်ဂိုဏ်း၏ နန်းတော်များဆီသို့ တဟုန်ထိုး ပျံသန်းသွားသည်။
ထိုအခါ "သွားကြစို့”
ဟု ဟွမ်ယန်က အော်ဟစ်လိုက်ပြီး၊ တပ်ဖွဲ့များကို ဦးဆောင်ကာ ဟွမ်ယွင်ဂိုဏ်းဆီသို့ ချီတက်သွားတော့သည်။
ဟွမ်ယွင်ဂိုဏ်း၏ ခမ်းနားထည်ဝါသော နန်းတော်များမှ တပည့်များ အသီးသီး ထွက်ပေါ်လာကြသည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် တည်ရှိမှုက ဟွမ်ယွင်ဂိုဏ်း တစ်ခုလုံးကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပြီး ဖြစ်သည်။
ဟွမ်ယွင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဝူခွန်း နှင့် အကြီးတန်း အကြီးအကဲ သုံးဦးတို့ ပွဲထွက်လာကြပြီး ဖြစ်ကာ၊ တခြား အဆင့်မြင့် ပုဂ္ဂိုလ်များစွာလည်း လျင်မြန်စွာ လိုက်ပါလာကြသည်။
ဟွမ်ယွင်ဂိုဏ်း၏ အင်အားက အမှန်တကယ်ပင် ခိုင်မာလှသည်။ တပည့်ပေါင်း သောင်းနှင့်ချီ ရှိပြီး၊ သူတို့ထဲက ရာပေါင်းများစွာမှာ ယွမ်တန်ဘုံ တပည့်များနှင့် အကြီးအကဲအဆင့် ပညာရှင်များ ဖြစ်ကြသည်။ ထျန်းယွင်ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင်၊ သူတို့က ပိုသန်မာလျှင် သန်မာမည်၊ အားနည်းသည့်
ဘက်မှာတော့ မရှိပါ။
ရွှေရောင် အလင်းတန်းတစ်ခု လျှပ်တပြက် ရောက်ရှိလာသည်။ ကြောက်မက်ဖွယ် ကြီးကျယ်ခမ်းနားမှုတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး၊ ထိုခန့်ညားထည်ဝါသော အရှိန်အဝါက ဟွမ်ယွင်ဂိုဏ်း တပည့်များအားလုံးကို ကြောက်လန့်တကြား တုန်ယင်သွားစေသည်။
"ဖုန်းဝူချန် တကယ် လာရဲတယ်။ သူ တကယ်ပဲ ငါတို့ ဟွမ်ယွင်ဂိုဏ်းကို ဖျက်ဆီးဖို့ ကြံစည်နေတာလား"
"ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်လည်း ရောက်လာပြီ။ တောင်တန်းရဲ့ အပြင်ဘက်မှာ"
"ရှောင်လွှဲလို့မရတဲ့ ပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ခုတော့ ဖြစ်တော့မယ်။ ဖုန်းဝူချန်က လာရဲမှတော့၊ သူ့ကို ပြန်လမ်းမရှိအောင် လုပ်ပစ်လိုက်"
တပည့်များစွာ ဒေါသတကြီး အော်ဟစ်လိုက်ကြသော်လည်း၊ သူတို့ထဲက အများစုမှာတော့ အလွန်အမင်း ကြောက်ဒူးတုန်နေကြသည်။
ရောက်ရှိလာသူမှာ တခြားသူမဟုတ်၊ ဖုန်းဝူချန် ပင်တည်း။ သူ၏ ပုံရိပ်သည် ဟွမ်ယွင်ဂိုဏ်း အထက်တွင် ပျံဝဲနေပြီး၊ လွှမ်းမိုးနိုင်သည့် ဟန်ပန် ရှိလှသည်။
"ဂိုဏ်းချုပ်၊ ဖုန်းဝူချန်ရဲ့ ကျင့်ကြံမှု အဆင့်တွေ အများကြီး တိုးတက်လာတယ်" အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။ သူ၏ အိုမင်းသော မျက်လုံးများက ဖုန်းဝူချန်အပေါ် စူးစိုက်နေသည်။
"သူ ယွမ်တန်ဘုံ အဋ္ဌမအလွှာကို ချိုးဖြတ်သွားပုံရတယ်" နောက်ထပ် အကြီးအကဲတစ်ဦးက သုံးသပ်လိုက်သည်။ အကြီးအကဲ၏ အိုမင်းသော မျက်နှာမှာ အလွန်အမင်း အခက်တွေ့နေပုံ ပေါ်သည်။
ဝူခွန်း၏ မျက်နှာက အလွန် အရုပ်ဆိုးနေသည်။ သူကိုယ်တိုင်က ထျန်းယွမ်ဘုံ ပထမအလွှာ ဖြစ်သည့်အလျောက်၊ သူလည်း ဖုန်းဝူချန်၏ ကျင့်ကြံမှုက အဆင့်များစွာ ချိုးဖြတ်သွားခဲ့ပြီ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်စေသည်။
'ဒီကောင် ..ဒီကောင် တကယ်ပဲ လူစင်စစ်ရဲ့လား’
အကယ်၍သာ ဖုန်းဝူချန်မှာ အရည်အချင်း မရှိခဲ့ဘူးဆိုလျှင်၊ သူ ဟွမ်ယွင်ဂိုဏ်းကို ကျူးကျော်ဖို့ ဝံ့ရဲလိမ့်မည် မဟုတ်ပါ။
ဖုန်းဝူချန်က ဖြည်းဖြည်းချင်း အောက်သို့ ဆင်းသက်လာသည်။ သူ့မျက်လုံးများက ဝူခွန်းနှင့် တခြား ဟွမ်ယွင်ဂိုဏ်း အထက်ပိုင်း ပုဂ္ဂိုလ်များအပေါ် ဝေ့ဝဲသွားပြီး၊ မျက်နှာပေါ်တွင် အန္တရာယ်အငွေ့အသက် ပါသော သွေးအေးသည့် အပြုံး တစ်ခု ပေါ်ပေါက်လာသည်။
ဖုန်းဝူချန် လေထဲတွင် ပျံဝဲနေစဉ်၊ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့ နှင့် အလံနက်တပ်မတော်တို့၏ ထိပ်တန်း တပ်ဖွဲ့များ ဗြုန်းစားကြီး ပေါ်ထွက်လာပြီး၊ ဟွမ်ယွင်ဂိုဏ်း ရင်ပြင်တစ်ခုလုံးကို သံမဏိလို ထူထပ်သော လူသတ် အရှိန်အဝါဖြင့် ခြံလွှမ်းသွားစေသည်။
တပည့်များစွာမှာ ထိုထူထပ်ပြီး လေးလံသော သံမဏိသွေးသားတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါကြောင့် ကြောက်လန့်တကြား မျက်နှာများ ဖြူဖျော့သွားကြသည်။
ဝူခွန်းက ဖုန်းဝူချန်ကို စူးစိုက်ကြည့်ရင်း၊ အက်ကွဲသော အသံဖြင့် ပြောလိုက်၏။
"ဖုန်းဝူချန်၊ မင်း တော်တော် သတ္တိရှိတာပဲ။ တကယ်ပဲ ဟွမ်ယွင်ဂိုဏ်းထဲကို ကျူးကျော်လာ
ရဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ထိုအခါ၊ ဖုန်းဝူချန်က သွေးအေးစွာ လှောင်ရယ်ရင်း ချေပလိုက်သည်။
"ဟွမ်ယွင်ဂိုဏ်းက ကျုပ်အတွက် ဘာမှ မဟုတ်ဘူး။ ကြောက်စရာ ဘာရှိလို့လဲ"
"ဟွမ်ယွင်ဂိုဏ်းက ကြောက်စရာ ဘာမှမရှိဘူး ဟုတ်လား"
သူ့စကားကြောင့် ဝူခွန်း၏ မျက်နှာထားက ပုပ်သိုးသွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "ကြွားလုံးထုတ်နေလိုက်တာ။ ပိုင်ရှန်းကို သတ်ပြီး ကျီးရှင်းဂိုဏ်းကို ရှင်းလင်းနိုင်ခဲ့တာနဲ့ပဲ၊ ငါ့ဟွမ်ယွင်ဂိုဏ်းကို ဖျက်ဆီးနိုင်စွမ်း ရှိတယ်လို့ ထင်မနေနဲ့"
ဖုန်းဝူချန်က သွေးအေးစွာ လှောင်ရယ်ရင်း ပြန်ပြောလိုက်သည်။ "ဒါဆိုလည်း ခင်ဗျား ဘယ်လောက် စွမ်းဆောင်နိုင်လဲ ကြည့်ကြသေးတာပေါ့။ ပြီးတော့ ဟွမ်ယွင်ဂိုဏ်းက ကျီးရှင်းဂိုဏ်းထက် ဘယ်နေရာမှာ အတိအကျ သာလွန်နေလဲ ဆိုတာကိုပေါ့"
ပြောပြောဆိုဆိုပင် ဖုန်းဝူချန်က သူ၏ အစစ်အမှန်ယွမ်ကို လည်ပတ်စေလိုက်သည်။
တဆက်တည်း၌ ကျယ်ပြန့်လှသော စွမ်းအားများက အဆက်မပြတ်
ရုန်းကြွလာပြီးနောက် ဟွမ်ယွင်ဂိုဏ်း၏ ခမ်းနားထည်ဝါသော နန်းတော်များကို လှုပ်ခါသွားစေသည်။
"ဒါက ယွမ်တန်ဘုံ နဝမအလွှာပဲ"
"စစ်သူကြီးချုပ်က တကယ်ကြီး ယွမ်တန်ဘုံ နဝမအလွှာကို ရောက်နေတာဟ"
ချီဟွမ် ၊ ဟွမ်ယန်နှင့် တခြား စစ်သည်တော်များအားလုံး ချက်ချင်း ကြက်သေသေသွားကြသည်။
သူတို့က ဖုန်းဝူချန်ကို ယွမ်တန်ဘုံ အဋ္ဌမအလွှာ လောက်သာ ချိုးဖြတ်သွားလိမ့်မည်ဟု ထင်ထားခဲ့ကြသည်လေ။
သူတို့၏ စစ်သူကြီးချုပ်.. နဝမအလွှာအထိ တိုးတက်သွားလိမ့်မည်ဟု တစ်ကြိမ်မျှ မမျှော်မှန်းထားခဲ့ကြပါလေ။
ထိုကြောက်မက်ဖွယ် တိုးတက်မှုက သူတို့ကို ကြောက်လန့်သွားစေပြီး၊ သူတို့၏ မျက်လုံးများမှာ ပြုတ်ထွက်ကျတော့မလို ဖြစ်သွားကြသည်။
"ယွမ်တန်ဘုံ နဝမအလွှာ"
ဝူခွန်း၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး၊ တုန်လှုပ်လွန်း၍ မှင်တက်နေသော အမူအရာ ဖြစ်သွားသည်။
"ဖုန်းဝူချန်က တကယ်ပဲ ယွမ်တန်ဘုံ နဝမအလွှာကို ချိုးဖြတ်သွားခဲ့တာပဲ" အကြီးအကဲများအားလုံး ကြောက်လန့်လွန်း၍ နောက်ကျော၌ ဇောချွေးများ စိုရွှဲလာကြသည်။
'ဒါ ဘယ်လို ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှု အရှိန်နှုန်းမျိုးလဲ။'
ဟွမ်ယွင်ဂိုဏ်း တစ်ခုလုံးရှိ လူတိုင်း တုန်လှုပ်သွားကြပြီး၊ ဖြစ်ပျက်နေတာကို ယုံကြည်ဖို့ ခက်ခဲနေကြသည်။
ဖုန်းဝူချန်က တစ်လတည်းနှင့် ယွမ်တန်ဘုံ သတ္တမအလွှာ အထွတ်အထိပ်ကနေ နဝမအလွှာအထိ ချိုးဖြတ်သွားနိုင်လိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ။
‘နတ်ဆိုးတစ်ကောင်တောင်မှ ဒီလောက် ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှု အရှိန်နှုန်းမျိုး မရှိနိုင်ဘူးလေ’
ဝူခွန်း စိုးရိမ်ပူပန်လာသည်။ ယွမ်တန်ဘုံ နဝမအလွှာမှာ ရှိသည့် ဖုန်းဝူချန်က လွန်ခဲ့သော တစ်လကထက် သဘာဝကျကျ ပိုပြီး ကြောက်စရာ
ကောင်းနေမှာ သေချာသည်။
သတ္တမအလွှာ အထွတ်အထိပ်မှာတောင် ထျန်းယွမ်ဘုံ ပညာရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်လောက်အောင် ခွန်အားထက်နေခဲ့၏
ယခု၊ နောက်ထပ် အလွှာနှစ်ခု ချိုးဖြတ်လိုက်ပြီး၊ ဖုန်းဝူချန်၏ သဘာဝလွန် တိုက်ခိုက်ရေး စွမ်းရည်များနှင့်ဆိုလျှင်၊ ထျန်းယွမ်ဘုံ စစ်သည်တော်တစ်ယောက်ကို သတ်ဖို့က ဖုန်းဝူချန်အတွက် သူ့လက်ဖဝါးကို လှန်လိုက်သလောက် လွယ်ကူနေလောက်ပြီ။
"မင်းရဲ့ ကိုးထပ် ချန်ခွန်း မျှော်စင် ဘယ်မှာလဲ" ဟု ထိတ်လန့်နေသော ဝူခွန်းက မေးလိုက်သည်။
သူ၏ ပုံရိပ်က လေထုတွင်း ဖြည်းဖြည်းချင်း မြင့်တက်လာပြီး၊ သူ၏ အသံထဲတွင် ဒေါသများ ပြည့်နှက်နေကာ၊ ထျန်းယွမ်ဘုံ၏ ကြောက်မက်ဖွယ် အစစ်အမှန်ယွမ်များကို အပြည့်အဝ စတင် လှုံ့ဆော်လိုက်သည်။
ဖုန်းဝူချန်က ယွမ်တန်ဘုံ နဝမအလွှာကို ချိုးဖြတ်သွားခဲ့ပြီ ဖြစ်၍၊ ဝူခွန်း သူ့ကို လုံးဝ လျှော့တွက်၍ မရတော့ပါ။ ခွန်အားကုန် ထုတ်သုံးရမည် ဖြစ်ပြီး၊ နည်းနည်းလေးမှ အခွင့်အရေး မပေးရဲတော့ပါ။
ထိုစဉ် ဖုန်းဝူချန်က သွေးအေးစွာ လှောင်ရယ်ရင်း ပြန်ပြောလိုက်သည်။
"ဟား ..ခင်ဗျားကို ရင်ဆိုင်ဖို့အတွက်၊ ကျွန်တော့်မှာ ကိုးထပ် ချန်ခွန်း မျှော်စင်တောင် မလိုအပ်ဘူး"
ဒီစကားကို ကြားလိုက်ရသည့်အခါ၊ ဝူခွန်း၏ ဇရာ အရေးအကြောင်း ထင်ဟပ်နေသည့် မျက်နှာက နောက်တစ်ကြိမ် ထပ်မံ ရှုံ့မဲ့သွားပြန်သည်။ သူ၏ မျက်လုံးထဲက သတ်ဖြတ်လိုစိတ်များက ပိုပြီး ပြင်းထန်ကာ ကြောက်မက်ဖွယ် ကောင်းလာတော့သည်။
"ဝုန်း"
ဝူခွန်းက ပထမဆုံး စတင် တိုက်ခိုက်လိုက်သည်။ သူ၏ ပုံရိပ်က ဝေဝါးစွာ ပျောက်ကွယ်သွားပြီး၊ သူ၏ အမြန်နှုန်းက အံ့ဩစရာ ကောင်းလောက်အောင် လျင်မြန်လှသည်။
နောက်တစ်စက္ကန့်မှာတော့၊ ဝူခွန်းက ဖုန်းဝူချန်၏ ခေါင်းအထက်တွင် ပေါ်လာပြီး၊ ကြောက်မက်ဖွယ် စွမ်းအားနှင့်အတူ လက်သီးတစ်လုံး ထိုးချလိုက်၏။ ထိုလက်သီးချက်က ဓားသွားလို ထက်ရှသော လေများအဖြစ် ပြောင်းလဲပြီး ဝေ့ဝဲတိုက်ခတ်သွားသည်။
“ဘုန်း ဘုန်း”
ဖုန်းဝူချန်က နေရာမှာပင် မလှုပ်မယှက် ရပ်နေပြီး၊ ခေါင်းအထက်သို့ လက်သီးတစ်လုံး ပေါ့ပေါ့ပါးပါး ပင့်ထိုးလိုက်သည်။ ပေါက်ကွဲသံကြီး ထစ်ချုန်းလာပြီး၊ ဝူခွန်း၏ ခွန်အားကုန် တိုက်ခိုက်မှုကို လွယ်လင့်တကူ တားဆီးလိုက်သည်။ သူ၏ ရိုးရှင်းပုံရသော လက်သီးတစ်ချက်က ဟင်းလင်းပြင်ကြီး တစ်ခုလုံးကို တုန်ခါသွားစေသည်။
ဖုန်းဝူချန်ကို ခြေတစ်လှမ်း၏ တစ်ဝက်တောင်မှ မတုန်လှုပ်စေနိုင်ခဲ့သဖြင့်၊ ဝူခွန်း၏ မျက်နှာက တင်းကျပ်သွားပြီး၊ နောက်တစ်ကြိမ် ကြမ်းတမ်းသော တိုက်ခိုက်မှုများကို စတင်လိုက်သည်။
သူ၏ ခွန်အားထက်သော လှုပ်ရှားမှု သိုင်းကွက်ကို အသုံးပြုလျက်၊ ဝူခွန်းသည် အနက်ရောင် အလင်းတန်းများစွာ အဖြစ် ပြောင်းလဲသွားပြီး၊ ဖုန်းဝူချန်၏ ပတ်ပတ်လည် အရပ်မျက်နှာပေါင်းစုံမှ ဝင်ရောက် တိုက်ခိုက်နေသည်။
ဖုန်းဝူချန်ကတော့ နေရာမှာပင် ရပ်နေလျက်၊ လက်တစ်ဖက်တည်းဖြင့်သာ တန်ပြန် ခုခံနေပြီး၊ သူ၏ ကြောက်မက်ဖွယ် စွမ်းအားက ဟင်းလင်းပြင်ကို ဖျက်ဆီးနေတော့သည်။
ဖုန်းဝူချန်က တစ်လက်မလေးမှ မရွေ့လျားဘဲ၊ ဝူခွန်း၏ တိုက်ခိုက်မှုအားလုံးကို သူ၏ ညာလက် တစ်ဖက်တည်းဖြင့်သာ တားဆီးနေခဲ့သည်။ သူ၏ ကြီးမားလှသော အစွမ်းအစက ဟွမ်ယွင်ဂိုဏ်း တစ်ခုလုံး နှင့် ဟွမ်ယန်တို့အားလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ဖြစ်သည်။
သတိပြုရမှာက၊ ဖုန်းဝူချန် ရင်ဆိုင်နေရတာ ထျန်းယွမ်ဘုံက လူတစ်ယောက်၊ ယွမ်တန်ဘုံက လူ မဟုတ်ပေ။ ဟွမ်ယန်တို့ အပါအဝင် မည်သူကမှ ဖုန်းဝူချန် ဒီလောက် ကြောက်စရာကောင်းသော အစွမ်းအစကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပါ။
တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ပြီးနောက်၊ ဝူခွန်း အလွန်အမင်း တုန်လှုပ်သွားသည်။ ဖုန်းဝူချန်၏ ကာကွယ်မှုက အပြစ်အနာအဆာ လုံးဝမရှိ၊ ချို့ယွင်းချက် တစ်ခုမှ မရှိဘဲ၊ ဝူခွန်း၏ ပြင်းထန်သော တိုက်ခိုက်မှုအားလုံးကို သူ့ညာလက် တစ်ဖက်တည်းနှင့်သာ တားဆီးနေခဲ့သည်။
ဝူခွန်းအတွက်တော့၊ ဖုန်းဝူချန်က မယုံနိုင်လောက်အောင် သန်မာနေသည်ဟု ခံစားနေရသည်။
'မယုံနိုင်စရာပဲ။ ဒီကောင် တကယ်ပဲ ဒီလောက်တောင် သန်မာနေတာလား။'
"ဖုန်းဝူချန်က တကယ်ပဲ တစ်လတည်းနဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ အခြေအနေကို ရောက်သွားနိုင်တာလား" ဝူခွန်း သူ့အသက်သေသည်အထိတောင် ယုံကြည်ချင်စိတ် မရှိခဲ့ပါ။
ဟွမ်ယွင်ဂိုဏ်းဘက်က ဖုန်းဝူချန်ကို ရင်ဆိုင်ဖို့ မရေမတွက်နိုင်သော ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့သည်။
သို့သော် ယခု၊ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အစွမ်းအစကို မြင်လိုက်ရသည့်အခါ၊ ဝူခွန်း တစ်ယောက် ကျော်လွှား၍ မရနိုင်သော ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရပါတော့သည်။