← Chapters

ဝူခွန်းအား သတ်ဖြတ်ခြင်း

Vol. 14 Ch. 209

ဝူခွန်းအား သတ်ဖြတ်ခြင်း

Vol. 14 Ch. 209

~“......”

ဟွမ်ယွမ်ဂိုဏ်း တစ်ခုလုံးသည် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်ငြိမ်သက် နေလေ၏။ ပတ်ဝန်းကျင် လေထုကပင် ထူးဆန်းစွာ ကြောက်မက်ဖွယ် ကောင်းနေသည်။

ထိုမြင်ကွင်းသည် ရပ်တန့်နေသော ရုပ်ပုံကားချပ် တစ်ခုအလားပင်။ လူတိုင်း ကြောက်လန့်တကြား မျက်လုံးများ ပြူးကျယ်လျက် ဖုန်းဝူချန်ကိုသာ စိုက်ကြည့်ရင်း မလှုပ်မယှက် တောင့်တင်း နေကြလေသည်။

ယွမ်တန်ဘုံ နဝမ အလွှာ သည် ထျန်းယွမ်ဘုံကို အပြည့်အဝ လွှမ်းမိုး နိုင်လောက်သည့် ကြောက်မက်ဖွယ် အတိုင်းအတာအထိ အမှန်တကယ် ရောက်ရှိ နိုင်သလော။

ဖုန်းဝူချန်သည် သူ၏ ညာလက် တစ်ဖက်တည်းဖြင့် ဝူခွန်းကို ယှဉ်နိုင်ခဲ့သည်။

ထျန်းယွမ်ဘုံ အောက်တွင် ဤသို့ စွမ်းဆောင်နိုင်သူ အခြား မည်သူ ရှိဦးမည်နည်း။

“ကိုးထပ် ချန်ခွန်း မျှော်စင်ကိုတောင် ထုတ်မသုံးသေးဘဲ သူက ထျန်းယွမ်ဘုံကို ချေမှုန်း နိုင်ခဲ့တယ်”

“စစ်သူကြီးချုပ်ရဲ့ လက်ရှိ တိုက်ခိုက်ရေး စွမ်းရည်က ထျန်းယွမ်ဘုံ အဆင့်ကို အမှန်တကယ် ရောက်သွားခဲ့ပြီပဲ”

“ဒါ့အပြင် စစ်သူကြီးချုပ်က အထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်ကို ချိုးဖြတ်ပြီးကတည်းက သူ့ရဲ့ ရုပ်ခန္ဓာက သူမတူ သန်မာနေပြီ ဝူခွန်းကို ဒီလိုမျိုး ဖိနှိပ် နိုင်တာ မဆန်းတော့ပါဘူး”

ချီဟွမ်နှင့် ဟွမ်ယန်တို့ နှစ်ဦးလုံး အံ့အားတုန်လှုပ် သွားကြပြီး စိတ်လှုပ်ရှားမှု တို့ကြောင့် ဘာပြောရမှန်း မသိအောင်ပင် ဖြစ်သွားကြသည်။

လျိုချင်းယန်၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး ကြောင်ငေးငေးဖြင့် မေးလိုက်သည်။

“ရှောင်ရှောင် .. အစ်ကိုကြီးဖုန်း ယွမ်တန်ဘုံ နဝမ အလွှာ ကို ရောက်သွားတာ ကြိုသိနေ ခဲ့တာလား”

“အင်း”

လင်ရှောင်ရှောင်က ခပ်ဖွဖွ ရယ်မောရင်း ခေါင်းညိတ်ပြလိုက်သည်။

သို့သော်လည်း လူအုပ်ကြီး မသိလိုက်သည်မှာ ဖုန်းဝူချန်သည် အထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားကို အသုံးမပြု ခဲ့သည့်တိုင် သူ၏ ခွန်အားရှိသမျှကို အမှန်တကယ် ထုတ်သုံး ထားခြင်း ဖြစ်သည်။

ထျန်းယွမ်ဘုံ၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။

အကယ်၍ ၎င်းသည် ဖုန်းဝူချန်၏ သွေးမျိုးဆက် စွမ်းအား တစ်ခုတည်း သာဆိုလျှင် သူ့အနေနှင့် ဝူခွန်းကို ယှဉ်နိုင်ခဲ့မည် မဟုတ်ပေ။

အထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားကို အသုံးမပြုဘဲ ဖုန်းဝူချန်က ဝူခွန်းကို ယှဉ်နိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ၏ ခွန်အားထက်သော ရုပ်ခန္ဓာ၊ ချီလင် ချပ်ဝတ်နှင့် သွေးမျိုးဆက် စွမ်းအားတို့ကြောင့်သာ ဖြစ်သည်။

ဤစွမ်းအား သုံးခု ပေါင်းစပ် လိုက်ခြင်းက ဖုန်းဝူချန်အား ထျန်းယွမ်ဘုံ၏ စွမ်းပကားကို ပေးအပ် ခဲ့လေသည်။

ထို့ပြင် ဤ ခွန်အားထက်သော စွမ်းပကားသည် ဝူခွန်း၏ စွမ်းအားထက် အနည်းငယ် ပို၍ပင် သန်မာ နေသေးသည်။

အကယ်၍သာ အထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်ကိုပါ အသက်သွင်း လိုက်မည်ဆိုလျှင် ဝူခွန်းကို သတ်ဖြတ်ရန်မှာ လုံးဝ ပြဿနာ ရှိမည် မဟုတ်ပေ။

ဖုန်းဝူချန်သည် ဝူခွန်း၏ အားကြီးသော တိုက်ခိုက်မှု အားလုံးကို လက်တစ်ဖက်တည်း ဖြင့် ခုခံ ခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် သူ၏ အမြင့်ဆုံးသော ကန့်သတ်ချက် တစ်ခုတွင် ရှိနေခဲ့ပြီး ဖြစ်သည်။

ဖုန်းဝူချန်၏ ရည်ရွယ်ချက်မှာ ဝူခွန်းနှင့် ဟွမ်ယွမ်ဂိုဏ်းကို ခြိမ်းခြောက်ရန်၊ သူတို့ကို ဖိအားပေးရန်၊ မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် အကူအညီမဲ့ခြင်း တို့ကို ခံစား စေရန် ဖြစ်လေသည်။

“ဟမ့်”

ဖုန်းဝူချန်က မဲ့ပြုံး ပြုံးလိုက်သည်။ သူ၏ အေးစက်သော အကြည့်တို့က ကြောက်ရွံ့ ထိတ်လန့်နေသော ဝူခွန်း အပေါ်သို့ ဝေ့ဝဲ ကြည့်လိုက်၏။ သူ၏ ဟန်ပန်မှာ ပုရွက်ဆိတ် တစ်ကောင်ကို ငုံ့ကြည့် နေသည့်အလား မထီမဲ့မြင် ပြုနေဟန် ဖြစ်သည်။

နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်သည် ဝူခွန်း၏ ရှေ့မှောက်သို့ အသံတိတ် ပျောက်ကွယ် ရောက်ရှိ လာရာ ဝူခွန်းမှာ ထိတ်လန့်တကြား ခြေလှမ်း အနည်းငယ် နောက်သို့ ဆုတ်သွား မိလေသည်။

“ဟွမ်ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက ဒီလောက်ပဲ တတ်နိုင် တာလား”

ဖုန်းဝူချန်က မထီတရီ ပြုံးကာ မေးလိုက်သည်။

ကြောက်ရွံ့ ထိတ်လန့်နေသော ဝူခွန်း၏ မျက်နှာသည် ပြင်းထန်စွာ ရှုံ့မဲ့ သွားပြီး နီရဲ တက်လာလေသည်။

“မင်း.. ”

ဝူခွန်း၏ မျက်နှာသည် ကြောက်မက်ဖွယ် ကောင်းအောင် ရှုံ့မဲ့ သွားသည်။

“ဝှီး”

ဒေါသတကြီးဖြင့် ဝူခွန်းသည် သူ၏ အစစ်အမှန်ယွမ် စွမ်းအင်ကို ရုတ်တရက် အသက်သွင်း လိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် လက်သန်များ ဖန်တီးလိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု ပြင်းထန်စွာ လှိုင်းထလာပြီး ၎င်း၏ အရှိန်အဟုန်မှာ လွှမ်းမိုး နိုင်လွန်းလှသည်။

“နက်နဲခြင်း အဆင့် အမြင့်စား သိုင်းပညာ ထျန်းလော် ရေခဲပြင် ပျက်သုဉ်းခြင်း ဓားချက်”

ဝူခွန်းက ဟိန်းဟောက် လိုက်ရင်း သူ၏ လက်ကို ပြင်းထန်စွာ ဝှေ့ယမ်း လိုက်သည်။ မီတာ (၁၀) ကျော်ကြီးမားသော ဓားချီတစ်ခုသည် စူးရှစွာ ထွက်ပေါ် လာ၏။

အသံကြောင့်

နားအူလှသောကြောင့် လူအုပ်ကြီးမှာ နားများ ပိတ်ထားကြရ၏။ ၎င်းက မည်သည့်အရာကမှ တားဆီး နိုင်မည် မဟုတ်သော ဧရာမ ယာဉ်ကြီး တစ်စီးကဲ့သို့ပင်။

“အဲ့ဒီ သိုင်းပညာရဲ့ စွမ်းအားလောက်က ကျုပ်ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး”

ဖုန်းဝူချန်က မဲ့ပြုံးဖြင့် ပြောလိုက်သည်။

“ခင်ဗျားမှာ ဒီထက် ပိုပြင်းတဲ့ သိုင်းပညာများ မရှိတော့ဘူးလား”

“လောကဖျက် ကောင်းကင်ဘုံ အပြစ်ဒဏ် ဓားချက်”

ပြောပြောဆိုဆိုပင် ဖုန်းဝူချန်က အေးစက်စွာ မာန်သွင်းလိုက်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ကြီးမားသော ရွှေရောင် ဓားချက်ကြီး တစ်ခုသည် အဆုံးအဖြတ် ပေးတော့မည့် အလား ဖျက်ဆီးခြင်း အရှိန်အဟုန်ကို သယ်ဆောင်ကာ ပျံသန်း ထွက်သွား လေသည်။

“ဘုန်း”

ချက်ချင်းပင် ဟွမ်ယွမ်ဂိုဏ်းမှ လူအားလုံး၏ တုန်လှုပ်နေသော မျက်လုံးများ ရှေ့တွင် စွမ်းအား နှစ်ခုသည် ကောင်းကင်ယံ၌ တိုက်ခတ် သွားကြသည်။ တိုက်မိသည်နှင့် တပြိုင်နက် ပေါက်ကွဲ သွားပြီး ထိုပေါက်ကွဲမှုသည် ပတ်ဝန်းကျင် တောင်တန်းများ အထိ ပဲ့တင် ထပ်သွား၏။ ထို့နောက် ဝူခွန်းသည် သွေးများ အန်ထုတ် လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ အဟုန်ပြင်းစွာ ပစ်လွင့်သွားရသည်။

“မြေကမ္ဘာအဆင့် သိုင်းပညာ”

ဝူခွန်းက အံကြိတ်ကာ ဟိန်းဟောက် လိုက်သည်။ နောက်ဆုံးတော့ ထိုစွမ်းအား၏ ကြောက်မက်ဖွယ် ကောင်းပုံကို သူ ကိုယ်တိုင် ခံစား လိုက်ရပြီ ဖြစ်သည်။

“ဝှီး”

ဖျက်ဆီးခြင်း လှိုင်းလုံးများသည် မုန်တိုင်းတစ်ခု အလား တိုက်ခတ် သွားပြီး ပတ်ဝန်းကျင်မှ တောင်များကို ကမ္ဘာမြေကြီး ကိုယ်တိုင် တုန်ခါ နေသကဲ့သို့ လှုပ်ခါ သွားစေသည်။

သူတို့၏ ပထမဆုံး ပြင်းထန်သော ထိတွေ့မှုတွင်ပင် ဝူခွန်း ဒဏ်ရာ ရရှိသွားခဲ့ပြီး စွမ်းအား ကွာဟမှုမှာ သိသိသာသာ ကွဲပြား နေကြောင်း ပြသ လိုက်သည်။

“ဂိုဏ်းချုပ်ကြီး”

ဟွမ်ယွမ်ဂိုဏ်း တစ်ခုလုံး ထိတ်လန့် တုန်လှုပ်ကာ ရေနွေးအိုးပေါ်က ပုဇွန်လုံးများလို ဖြစ်နေကြသည်။

ထျန်းဝူ အင်ပါယာ၏ စစ်သည်တော်များ နည်းတူ သူတို့သည်လည်း ဖုန်းဝူချန် တစ်လအတွင်း ဤမျှ ကြောက်မက်ဖွယ် ကောင်းသော အဆင့်သို့ ပြောင်းလဲ သွားလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ကြပေ။

“ဝှစ်”

“ဘုန်း”

ဝူခွန်း လွင့်စင် နေစဉ် သူ၏ ခန္ဓာကိုယ်မှာ ရွေ့လျား နေဆဲ ဖြစ်သော်လည်း ဖုန်းဝူချန်က ရ်ိပ်ခနဲ ရောက်ရှိလာပြီး ဝူခွန်း၏ ရင်ဘတ်သို့ နောက်ထပ် လက်သီး တစ်ချက် ထပ်ဆင့် ထိုးချ လိုက်သည်။ ၎င်းက ဝူခွန်းကို နောက်တစ်ကြိမ် တုန်ခါ သွားစေပြီး သွေးများ ထပ်မံ အန်ထုတ် လိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာ ဟွမ်ယွမ်ဂိုဏ်း၏ စုဝေးရာ ရင်ပြင်ပေါ်သို့ အမြောက်ဆံ တစ်ခုကဲ့သို့ ထိုးကျ သွားလေသည်။

ဟွမ်ယွမ်ဂိုဏ်း၏ တပည့်များ အားလုံး ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာ သွားကြသည်။ အကယ်၍ သူတို့သာ ထိမှန် မိပါက လူများစွာ သေဆုံး သွားမည်ကို စိုးရိမ် ကြသောကြောင့် ဖြစ်သည်။

“ဂျုန်း”

ရင်ပြင်ကြီး ပေါက်ကွဲ ထွက်သွားပြီး ကြီးမားသော တွင်းနက်ကြီး တစ်ခု နက်ရှိုင်းစွာ ချန်ရစ်ထားသည်။ မြေပြင်သည် အနည်းငယ် တုန်ခါ သွားပြီး တွင်းနက်ကြီး၏ အစွန်းမှ ရင်ပြင်၏ နယ်နိမိတ် အထိ အက်ကြောင်းများ ပျံ့နှံ့ သွား၏။ ဝူခွန်း၏ ခန္ဓာကိုယ်မှာ ထိုတွင်းနက်ကြီး အတွင်းမှ မြေဆီလွှာထဲသို့ လုံးလုံး မြှုပ်ဝင် သွားတော့သည်။

“ဂိုဏ်းချုပ်ကြီး”

ဟွမ်ယွမ်ဂိုဏ်း တစ်ခုလုံး အလွန်အမင်း ထိတ်လန့် တုန်လှုပ် နေကြသည်။ ဝူခွန်း၏ စွမ်းအားဖြင့်ပင် ဖုန်းဝူချန်ကို ခုခံနိုင်စွမ်း မရှိ ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့် မထားခဲ့ကြပေ။

ဤအခိုက်အတန့်တွင် လူတိုင်းက ထျန်းယွမ်ဘုံ စစ်သည်တော်များသည် သနားစဖွယ် အားနည်း လှသည်ဟု ခံစား လိုက်ကြရသည်။

ဟုတ်ပါသည်။ ၎င်းမှာ ထျန်းယွမ်ဘုံ စစ်သည်တော်များ အားနည်း ခြင်းကြောင့် မဟုတ်ဘဲ ဖုန်းဝူချန်၏ စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းနေ သောကြောင့် လူတိုင်း အပေါ်တွင် ထင်ယောင်ထင်မှား ဖြစ်စေခဲ့ခြင်း ဖြစ်သည်။

“ဘုန်း”

ရုတ်တရက် မရေမတွက် နိုင်သော ကျောက်စရစ်ခဲများ လွင့်စင်လာ၍ ဝူခွန်းသည် တွင်းနက်ထဲမှ ကောင်းကင်ယံသို့ ပေါက်ကွဲ ထွက်ပေါ် လာသည်။

ရုတ်တရက် သူက ကောင်းကင် အမြင့်သို့ နောက်တစ်ကြိမ် ပြန်ရောက် သွားလေပြီ။

“ခင်ဗျားရဲ့ ခုခံရေး ချပ်ဝတ်က သိပ်ကြာကြာ ခံတော့မှာ မဟုတ်ဘူး နော်”

ဖုန်းဝူချန်က ပြင်းထန်စွာ သတိပေးလိုက်သည်။ သူ၏ နှုတ်ခမ်းထက်မှာ အန္တရာယ် အငွေ့အသက် အပြုံးတစ်ခု ထပ်မံ ပွင့်လန်းလာသည်။

ဝူခွန်း၏ ဒဏ်ရာများမှာ မပြင်းထန်လှ။ အကြောင်းမှာ ကြိုတင် ပြင်ဆင်မှု အပြည့်ဖြင့် သူ၏ ခုခံရေး ချပ်ဝတ်ကို ဆင့်ခေါ် ထားပြီး ဖြစ်သော

ကြောင့်တည်း။

ဝူခွန်း၏ ပြင်းထန်သော အကြည့်များက ဖုန်းဝူချန် အပေါ်တွင် စူးစိုက် နေလျက် လက်များကို ပူးယှက် လိုက်သည်။ ကြီးမားသော အားလှိုင်း တစ်ခု လေထုထဲတွင် ဖြစ်တည်လာစဉ် သူ့ လက်များကို ဖြန့်လိုက်သည်နှင့် လက်ရာမြောက်စွာ ထုလုပ် ထားသော ဓားရှည် တစ်လက် အလိုအလျောက် ပေါ်ထွက်လာသည်။

ထိုဓားမှ ထက်ရှသော စွမ်းအင်များ ရစ်ဝဲ နေလေ၏။

ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ဖြစ်သည်။

ဝူခွန်းသည် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် တစ်ခုကို ဆင့်ခေါ် လိုက်ခြင်း ဖြစ်သည်။

ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ထွက်ပေါ် လာသည်နှင့် ဝူခွန်း၏ စွမ်းအင်လှိုင်းများမှာ တဟုန်ထိုး မြင့်တက်လာပြီး သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာ ပို၍ပင် ပြင်းထန်လာသည်။

“ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်”

ဖုန်းဝူချန်သည် ဝူခွန်း၏ လက်ထဲမှ ဓားရှည်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ဤသို့သော လက်နက်မျိုးက သာမန် အင်ပါယာ ငယ်လေး တစ်ခု အတွင်း၌ ပေါ်ထွက် လာနိုင်သည်ကို သူ မယုံနိုင်အောင် ဖြစ်သွားသည်။

“ ဟေး..အဲ့ဒီ အဘိုးကြီးက ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ကို ဘယ်က ရလာတာလဲ”

“ငါ မျက်စိ မှားနေတာလား ဒါက တကယ်ကြီး ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ဟုတ်လား”

“ဒါ့ရဲ့ စွမ်းအင်လှိုင်းက စစ်သူကြီးချုပ်ရဲ့ ဓားနဲ့တောင် ယှဉ်နိုင်တယ်၊ ထိပ်တန်းအဆင့် ဝိညာဉ် လက်နက် ဆိုတဲ့ နာမည်နဲ့ ထိုက်တန် ပါပေတယ်”

ချီဟွမ်နှင့် အခြားသူများ အလွန် အံ့အားသင့် တုန်လှုပ် သွားကြပြီး မမျှော်လင့် ထားသော အဖြစ်ကြောင့် အလွန် အံ့ဩ သွားကြသည်။

“ဖုန်းဝူချန် ၊ ဒီဂိုဏ်းချုပ်ကို အထင်မသေးနဲ့”

ဝူခွန်းက လေးနက်စွာ ဟိန်းဟောက် လိုက်ပြီး သူ၏ ပုံပန်းသဏ္ဌာန်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းသွားသည်။

ဤစကားကို ကြားသောအခါ ဖုန်းဝူချန်၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် လုံးဝ မရှိသေးဘဲ အေးစက်စွာ မဲ့ရွဲ့ လိုက်သည်။

“ချီဟွမ်က အခု နတ်ဘုရား လက်နက် တစ်ခု လိုအပ် နေတာနဲ့ အတော်ပဲ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် တစ်ခု လာပို့ ပေးတာကို ကျေးဇူးတင် ရမှာပေါ့ ပြီးတော့ ခင်ဗျားရဲ့ အလယ်အလတ်တန်းစား ဝိညာဉ်လက်နက် ချပ်ဝတ် ကလည်း ချီဟွမ်နဲ့ ဆိုရင် ကွက်တိပဲ ဖြစ်သွားမှာ”

“လက်ပေါက်ကပ်လိုက်တဲ့ ကောင်စုတ်”

ဖုန်းဝူချန်က ဤမျှလောက် မောက်မာ နေသေးပြီး သူ့ကို အလေးအနက် မထားသည်ကို မြင်သောအခါ ဝူခွန်း ဒေါသ အလွန် ထွက်သွားတော့သည်။

“လေအရိပ် ဓားသိုင်း အရိပ်တစ်ထောင် သတ်ဖြတ်ခြင်း”

ဟိန်းဟောက်သံ တစ်ချက်နှင့် အတူ ဝူခွန်းသည် သူ၏ ဓားသိုင်းကို ရုတ်တရက် ထုတ်ဖော် လိုက်ပြီး လျင်မြန်သော လှုပ်ရှားမှု သိုင်းကွက်များဖြင့် ဖုန်းဝူချန်ထံ ပြေးဝင် သွားသည်။ သူ၏ ဓားစိတ်ဆန္ဒမှာ အလွန် ပြင်းထန်ပြီး ခြိမ်းခြောက်မှု အပြည့် ဖြစ်နေသည်။

ဝူခွန်း အသုံးပြု လိုက်သော ဓားသိုင်းပညာသည် လေဓာတ်ကို အခြေခံ ထားပြီး သူ၏ လှုပ်ရှားမှု သိုင်းကွက်နှင့် ပေါင်းစပ် လိုက်သောအခါ သူ၏ အမြန်နှုန်းသည် နှစ်ဆမက တိုးမြင့် သွားလေသည်။

“နဂါးနတ်ဘုရား အရိပ်”

အဝေးမှပင် ဖုန်းဝူချန်သည် သူ၏ လှုပ်ရှားမှုကို ပြုလုပ် လိုက်ပြီး အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို မဆိုင်းမတွ ဆင့်ခေါ်ကာ ရှေ့သို့ ပြေးဝင် သွားသည်။

“ချွင် ချွင် ချွင်”

ဝူခွန်း၏ ခန္ဓာကိုယ်သည် လျှပ်စီးကြောင်းများ အလား ပျောက်ကွယ် သွားလိုက် ပြန်ပေါ် လာလိုက်ဖြင့် မြန်ဆန်လှသည်။ ပြင်းထန်သော တိုက်ခိုက်မှု ထိတွေ့မှုများက မီးပွားများ လွင့်စင် စေပြီး ဓားအလင်းတန်း ဝင်းလက်သွားကာ ခွန်အားထက်သော ဓားချီ လှိုင်းလုံးများ အရပ်

လေးမျက်နှာသို့ ရိုက်ခတ်သွားလေ၏။

တိုက်ခိုက်သူ နှစ်ဦးလုံး၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှသဖြင့် အောက်မှ ကြည့်ရှု နေသူများသည် ကျင့်ကြံမှု အဆင့်မြင့်မားသော ပညာရှင်များမှ လွဲ၍ သူတို့၏ ပုံရိပ်များကို မမြင်နိုင် ကြပေ။

ခွန်အားထက်သော ဓားသိုင်းပညာများ၊ ၎င်းတို့၏ အနှစ်သာရ အားလုံးကို အပြည့်အဝ ဖော်ထုတ် ပြသ နေကြပြီး အလွန် နက်နဲကာ သာမန် အဆင့်ထက် ကျော်လွန် နေလေသည်။

အမှန်စင်စစ် ဝူခွန်း၏ စွမ်းအားသည် ပိုင်ရှန်းနှင့် ထျန်းဝူ ဧကရာဇ်တို့ထက် များစွာ သာလွန် နေသည်။ အနည်းဆုံးတော့ သူသည် ဖုန်းဝူချန်နှင့် ယှဉ်ပြိုင် တိုက်ခိုက် နိုင်သေးသည်။

သို့သော်လည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွား နေသည်နှင့် အမျှ ဝူခွန်းသည် သူ၏ စွမ်းရည် အစစ်အမှန်များကို ထုတ်သုံး နေသော်လည်း တဖြည်းဖြည်း အရေးနိမ့် လာလေသည်။

ဝူခွန်းတွင် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ရှိသော်လည်း ဖုန်းဝူချန်၏ အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည် လည်း အားမနည်းပေ။ ထို့ပြင် သူ၏ ဓားသိုင်းပညာများက ပို၍ပင် ခွန်အားထက် လှသည်။ စွမ်းအား ဖြစ်စေ၊ အမြန်နှုန်း ဖြစ်စေ ဖုန်းဝူချန်က ဝူခွန်းကို ဖိနှိပ် ထားနိုင်ခဲ့သည်။

အရိပ်တစ်ထောင် သတ်ဖြတ်ခြင်း၏ အမြန်နှုန်းသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းသော်လည်း လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းနိုင် ပါမည်လော။

ဖုန်းဝူချန်၏ တိုက်ခိုက်မှုများမှာ အသံတိတ်ပြီး ကြိုတင် ခန့်မှန်း မရနိုင်ဘဲ ဝူခွန်းကို အစောင့်အကြပ် မရှိ မိသွား စေသည်။ သူ၏ စိတ်သည် လုံးဝ ဖရိုဖရဲ ဖြစ်နေပြီး ဖုန်းဝူချန်က မည်သည့် အရပ်မှ တိုက်ခိုက် လာမည်ကို မသိနိုင်တော့ပေ။ မိနစ် အနည်းငယ်ကြာ ပြင်းထန်စွာ တိုက်ခိုက် ပြီးနောက် သူ၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာ (၁၀) ခုထက်မနည်း ရရှိ နေခဲ့ပြီး ဖြစ်သည်။

ဝူခွန်းသည် တိုက်ခိုက် လေလေ ဒေါသ ထွက်လေလေ ဖြစ်ပြီး သူ၏ ခွန်အားကုန် ကြိုးပမ်းမှုများမှာ အချည်းနှီး ဖြစ်နေခြင်းက သူ့ကို အလွန် စိတ်ဓာတ် ကျစေသည်။

“စိတ်လိုက်မာန်ပါ နိုင်လွန်းပြီး အားနည်းချက်တွေ ပြည့်နေတာပဲ”

ဟု ဖုန်းဝူချန်က အေးစက်စွာ ကဲ့ရဲ့လိုက်သည်။

“ဝှစ် ဝှစ် ဝှစ်”

လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကို ဆက်တိုက် အသုံးပြု လိုက်ရာ ဖုန်းဝူချန် နေရာရွှေ့ လိုက်တိုင်း ဝူခွန်း၏ ကိုယ်ပေါ်တွင် ဓားဒဏ်ရာ တစ်ချက် ထပ်ရ သွားသည်။ ဝူခွန်း၏ အဝတ်အစားများမှာ သွေးများဖြင့် စိုရွှဲ နေပြီး သူ၏ ပုံစံမှာ အလွန် သနားစဖွယ် ကောင်းလှသည်။

“ဖုန်းဝူချန် မင်းမှာ ရှိနေတဲ့ ဒီလှုပ်ရှားမှု သိုင်းကွက်က တကယ်တမ်း ဘာ သိုင်းကွက်လဲ”

ဝူခွန်းက ခက်ထန်သည့် အမူအရာဖြင့် သိလိုစိတ်အား ထုတ်မေးလိုက်သည်။

အကယ်၍သာ သူ့ကို ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ် နေသည့် ထို နားမလည်နိုင်သော လှုပ်ရှားမှု သိုင်းကွက်သာ မရှိပါက သူက ဤမျှ ဆိုးရွားသော အခြေအနေသို့ ရောက်ခဲ့မည် မဟုတ်ပေ။

ထိုအခါ ဖုန်းဝူချန်က ခက်ထန်စွာ ပြန်ပြော လိုက်သည်။

“သေတော့မယ့် လူတစ်ယောက်က ဘာလို့ မေးခွန်းတွေ ဒီလောက် အများကြီး မေးနေဖို့ လိုသေးလို့လဲ”

“သေတော့မယ့်လူ ..ဟမ့်၊ သေရမှာက မင်းပဲ”

ဝူခွန်း ဒေါသတကြီး အော်ဟစ် လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကျန်ရှိ နေသေးသော အစစ်အမှန်ယွမ် စွမ်းအင် အားလုံးကို စုစည်းကာ ပြင်းထန်စွာ ဟိန်းဟောက် လိုက်သည်။

“လေအရိပ် ဓားသိုင်း ၊လေနတ်ဘုရားရဲ့ ဓား”

ဓားရှည်ကြီးသည် မျက်စိ ကျိန်းလောက်အောင် စူးရှသော အစိမ်းရောင် အလင်းတန်းများအဖြစ် ပေါက်ကွဲ ထွက်သွားပြီး လွှမ်းမိုး နိုင်သော ဓားစိတ်ဆန္ဒများဖြင့် ပြည့်နှက် နေသည်။ ထက်ရှသော ဓားအလင်းတန်း၏ စွမ်းအားက လူကို အသက်ရှူ မှားစေ လောက်သည်။

ထို့နောက်တွင် ဝူခွန်းသည် သူ၏ အသက်သွေး တစ်လုပ်စာကို ဓားရှည် အပေါ်သို့ ရုတ်တရက် ထွေးထုတ် လိုက်သည်။ ဓားရှည်သည် လှုံ့ဆော်ဆေး ထိုးသွင်း လိုက်သကဲ့သို့ ချက်ချင်းပင် ၎င်း၏ စွမ်းအားမှာ မိုးသို့ မြင့်တက်သွားပြီး ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။

“အသက်သွေး”

အကြီးအကဲများမှာ ပို၍ပင် ထိတ်လန့် တုန်လှုပ် သွားကြသည်။

ဂိုဏ်းချုပ်ကြီးသည် ဖုန်းဝူချန်ကို ရင်ဆိုင်ရန် သူ၏ ကိုယ်ပိုင် အသက်သွေး စွမ်းအားကိုပင် အသုံးပြု လိုက်လေပြီ။

“ဝှစ်”

ဝူခွန်းက သူ၏ ဓားရှည်ကို ဝှေ့ယမ်း လိုက်ရာ မီတာ ဆယ်ဂဏန်းမျှ ကြီးမားသော ဧရာမ ဓားအလင်းတန်းကြီး တစ်ခုသည် လျှပ်စီးကဲ့သို့ ပစ်ထွက် သွားပြီး မည်သည့်အရာကမှ တားဆီး နိုင်မည် မဟုတ်ပေ။

“အသက်သွေး စွမ်းအားက ဘာ အသုံးဝင် မှာမို့လို့လဲ”

ဖုန်းဝူချန်က မထီမဲ့မြင် ရှုတ်ချလိုက်သည်။

သူက အထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားကို အသက်သွင်း လိုက်၏။ ကိုယ်ပေါ်မှ ရွှေရောင် အလင်းတန်းများ ပျောက်ကွယ် သွားပြီး သွေးရောင် အလင်းတန်းများဖြင့် အစားထိုး သွားသည်။ ထူးဆန်းသော သွေးရောင် စွမ်းအင်လှိုင်း တစ်ခု သူ၏ တစ်ကိုယ်လုံးမှ ထိုးထွက် လာသည်။

အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခုသည် ဖုန်းဝူချန်ကိုယ်တွင်းမှ ပေါက်ကွဲ ထွက်ပေါ် လာပြီး လေဟာနယ်ကြီးသည် ပြင်းထန်သော လှိုင်းလုံးများ လိမ့်တက် လာသကဲ့သို့ တဝုန်းဝုန်း တုန်သွားသည်။

“ဝင်္ကပါ ဖျက်ဆီးခြင်း ဓားသိုင်း၊ နဝမ ကောင်းကင်၏ ဝင်္ကပါ ဖျက်ဆီးခြင်း”

အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည် ကောင်းကင်ယံတွင် ပျံဝဲနေသည်။ ဖုန်းဝူချန်၏ ခြေဖဝါးအောက်တွင် သွေးရောင် အလင်းတန်း အခင်းအကျင်း တစ်ခု ပေါ်ထွက် လာပြီး ပျံဝဲ နေသော ရှေးဟောင်း စာလုံးများသည်လည်း သွေးရောင် အလင်းများဖြင့် တောက်ပ နေသည်။ ထိုအခင်းအကျင်း ထဲမှ ထွက်ပေါ် လာသော ထက်ရှသည့် သွေးရောင် အလင်းတန်းများသည် ကောင်းကင်ယံသို့ ထိုးတက် သွား၏။

“ဝုန်း…”

ကြီးမားလှသော သွေးရောင် ဓားအလင်းတန်းကြီး တစ်ခုသည် တောင်များကို ပြိုကျ စေပြီး သစ်ပင်များကို ဆွဲနှုတ် နိုင်သည့် စွမ်းအားကို သယ်ဆောင်ကာ ပေါက်ကွဲ ထွက်လာသည်။ ၎င်းသည် လေဟာနယ်ကို နှစ်ပိုင်း ဖြတ်တောက် လိုက်သည့်အလား ကမ္ဘာမြေကြီးကို တုန်ခါ သွားစေသည်။

“ဘုန်း”

ချက်ချင်းပင် ဓားအလင်းတန်း နှစ်ခု တိုက်မိ သွားပြီး ဖျက်ဆီးခြင်း ဓားချီများ ပျံ့လွင့် သွားသည်။ ဝူခွန်းသည် သွေး တစ်ပွက် ထပ်မံ အန်ထုတ် လိုက်ရပြီး သူ၏ အစိမ်းရောင် ဓားအလင်းတန်းမှာ ချက်ချင်းပင် နှစ်ပိုင်း ကွဲကြေ သွားကာ ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။

သွေးရောင် ဓားအလင်းတန်းကြီးသည် ကြောက်မက်ဖွယ် ကောင်းသော အမြန်နှုန်းဖြင့် ဝူခွန်းထံ ဆက်လက် တိုးဝင် သွားရာ သူ့ကို ကျောက်ရုပ် တစ်ရုပ် အဖြစ်သို့ ပြောင်းလဲ သွားစေပြီး အကူအညီမဲ့ သွားစေသည်။ သူ၏ မျက်နှာသည် မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်း တို့ဖြင့် ပြည့်နှက် သွား၏။

ဟွမ်ယွမ်ဂိုဏ်းမှ လူများ အလွန် ကြောက်လန့် သွားကြပြီး လူတိုင်း ကြောက်လွန်း သဖြင့် မြေပြင်ပေါ်သို့ ပြိုလဲ ကျမတတ် ဖြစ်သွား ကြသည်။

“ဒါ ..ဒါ မဖြစ်နိုင်ဘူး”

ဝူခွန်းက တုန်တုန်ယင်ယင်ဖြင့် အရှိတရားကို ငြင်းဆန်လိုက်သည်။

ထိုအခိုက်အတန့်၌၊ သွေးရောင် ဓားအလင်းတန်းသည် မျက်စိ တစ်မှိတ်အတွင်း ရောက်ရှိ လာပြီး ဝူခွန်းကို ရက်စက်စွာ ဖြတ်ပိုင်း၍ နားကွဲ လောက်မတတ် ပေါက်ကွဲသံကြီး ထွက်ပေါ် လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားအလင်းတန်း၏ လှိုင်းလုံးများက ဝူခွန်းကို ချက်ချင်း ဝါးမြို သွားလေသည်။

ဤသို့လျှင်၊ ဝူခွန်းသည် သွေးမှုန်များ အဖြစ်သို့ ပေါက်ကွဲ ထွက်သွားပြီး

လုံးဝ ဥဿုံ ပျက်သုဉ်း သွားခဲ့လေ တော့သည်။

All Chapters